Showing posts with label 969 အပိုင်းများ. Show all posts
Showing posts with label 969 အပိုင်းများ. Show all posts





 မျိုးစောင့်ဥပဒေ ကန့်ကွက်သူများ ခြိမ်းခြောက်ခံရသည် ဆိုတုန်းက လူ့အခွင့်အရေးဖြင့် အကြောင်းပြက စိုးရိမ်ကြောင်း ပြောခဲ့တဲ့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး ဒဲရစ်မစ်ချယ်လ် နဲ့ တရားဥပဒေစိုးမိုးရေး ကော်မတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်တို့မှ စိုးရိမ်ကြောင်း ပြောကြားခဲ့ပေမယ့် ဒေါ်ခင်ဝိုင်းကြည်၊ ဆရာတော် ဦးဝီရသူ နဲ့ ဦးဆန်းလွင်တို့ ဥပဒေမဲ့ ခြိမ်းခြောက်ခံနေရတာကိုတော့ ဒေါ်စုနဲ့ ဒဲရစ်မစ်ချယ်တို့ နှုတ်ပိတ်နေကြကြောင်း တွေ့ရပါတယ်။

 လာမည့်ရွေးကောက်ပွဲမှာ အချိုးကျကိုယ်စားပြု (PR) စနစ်ကျင့်သုံးဖို့ အမျိုးသားလွှတ်တော်မှာ အဆိုတင်သွင်းခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည် ခြိမ်းခြောက်ခံနေရပါတယ်။

ဒေါ်ခင်ဝိုင်းကြည်ကို တယ်လီဖုန်းနဲ ဆက်သွယ်ခြိမ်းခြောက်တာ၊ လွှတ်တော် အတွင်းမှာ စောင်းမြောင်း ပြောဆိုတာ၊ မီဒီယာတွေမှာလဲ သမိုင်း တရားခံအဖြစ် ရေးသားဖော်ပြမှုတွေ ကြုံတွေ့နေရတယ် လို့ အမျိုးသားဒီမိုကရေစီ အင်အားစု (NDF) ပါတီက ဇွန်လ ၂၃ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်လိုက်ပါတယ်။

NDF ပါတီဝင် တစ်ဦးဖြစ်တဲ့ ဒေါ်ခင်ဝိုင်းကြည်က ခြိမ်းခြောက်ခံနေရတဲ့အတွက် စိုးရိမ်တဲ့အကြောင်း အခုလို ရင်ဖွင့်လာပါတယ်။ “ဖုန်းကနေတစ်ဆင့် ကိုယ်ရေးကိုယ်တာတွေ မိသားစု အရေး ကိစ္စတွေအထိ မေးမြန်းနှောက်ယှက်တာတွေ ကြုံရတယ်။ အန်တီက နေပြည်တော်မှာ ရှိနေပေမဲ့ ရန်ကုန်က မိသားစုကို စောင့်ကြည့်နေတဲ့ပုံစံမျိုးအထိ ဖြစ်လာတော့ နည်းနည်းတော့ စိုးရိမ်တာပေါ့”
 

အဆိုပါ ကိစ္စနဲ့ ပတ်သက်ပြီး ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ကတော့ အရင်ကလို့ ဥပဒေစိုးမိုးမှု ရှိဖို့လိုအပ်ကြောင်း မပြောခဲ့ပါဘူး။ ဒေါ်ခင်ဝိုင်းကြည် မတိုင်ခင်ကတည်းက ဒေါ်အောင်ဆန်းစုကြည်ကို အရှက်ရစေခဲ့တဲ့ တပ်ကုန်းမှ ဦးဆန်းလွင်ကို နေအိမ်ရှေ့ထိ လာရောက် အော်ဟစ် ဆဲဆိုခြိမ်းခြောက်မှုတွေရှိနေပြီး ဆရာတော်ဦးဝီရသူကိုလည်း  မွတ်ဒေါင်း ပါတီလို့ မိန့်ခဲ့စဉ်က ခြိမ်းခြောက်မှုတွေ ဆက်တိုက်ကြုံခဲ့ရကြောင်း သိရပါတယ်။ 

မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ရပြီဆိုသော်လည်း ဒေါ်အောင်ဆန်းစုကြည်ကို အခက်တွေ့အောင် PR စနစ် လွှတ်တော်မှာတင်သူ၊ အရှက်ရအောင်လုပ်သူ နဲ့ မွတ်ဒေါင်းဟု ပြောဆိုသူများ ခြိမ်းခြောက်ခံနေရခြင်းဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စေခိုင်းမှုကြောင့် ဖြစ်နိုင်တယ်လို့ လူအများက ယုံကြည်နေကြပါတယ်။

.. www.MyanmarExpress.net

Read More
Posted by Unknown on Tuesday, June 24, 2014

ပီနန်ဆရာတော် ဦးပညာဝံသနဲ့ နိုင်ငံတော် သံဃာ့ မဟာနာယက အဖွဲ့တို့ကြား အငြင်းပွားနေတဲ့ မဟာသန္တိသုခ ဘုန်းကြီး ကျောင်းကို အစိုးရက ချိတ်ပိတ်တဲ့ညမှာ အဖမ်းခံခဲ့ရတဲ့၊ ပီနန်ဆရာတော်ရဲ့ တပည့်ရင်း လန်ဒန် သာသနာ့ ရံသီဝိဟာရ ဆရာတော် ဦးဥတ္တရ လွတ်မြောက်ရေး အတွက် ဖြစ်နိုင်ခြေ အားလုံးကို စဉ်းစား လုပ်ဆောင်သွားမယ် လို့ လန်ဒန်မြို့ Southwark နယ်မြေက ပါလီမန်အမတ် Simon Hughes က ပြောပါတယ်။

ဆရာတော် ဦးဥတ္တရဟာ၊ မစ္စတာ ဟျူးရဲ့ မဲဆန္ဒ နယ်မြေထဲမှာ တည်ရှိတဲ့
ဆရာတော် ဦးဥတ္တရ
စိန့်သောမတ်စ် အန် ဂိုင်းစ် ဆေးရုံမှာ ဘာသာပေါင်းစုံ လူနာတွေကို တရားပြပေးနေသူ ဖြစ်ပါတယ်။ အဲဒီ့ ဆေးရုံဟာ ဗြိတိန်နိုင်ငံရဲ့ ပါလီမန် အဆောက်ဦကြီးရဲ့ အနီးတည်ရှိပြီး၊ အင်မတန် ထင်ရှားတဲ့ ဆေးရုံကြီး ဖြစ်ပါတယ်။

ဆရာတော် လွတ်မြောက်ရေးမှာ ဗြိတိန် အစိုးရအနေ နဲ့ ကူညီနိုင်ဖို့ ဗြိတိန် နိုင်ငံခြားရေး ဌာနကို သွားရောက်ပြီး၊ နိုင်ငံခြားရေး ဝန်ကြီး နဲ့ တွေ့ဆုံခဲ့သလို၊ နိုင်ငံခြားရေး ဌာနက အတွင်းဝန်တွေနဲ့လဲ တွေ့ဆုံခဲ့တယ် လို့ မစ္စတာဟျူး က ဆိုပါတယ်။

ဒီလို သံဃာတွေကို ဖမ်းဆီးပြီး၊ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ အင်းစိန်ထောင် ကို ပို့လိုက်တဲ့ လုပ်ရပ်ကြောင့်၊ လက်ရှိ မြန်မာ အာဏာပိုင်တွေ ရဲ့ သဘောထားကို သိမြင်လိုက်ရတဲ့ အတွက်၊ ဗြိတိန်နိုင်ငံဘက်က အသိုင်းအဝိုင်းတွေထဲ မှာ စိုးရိမ်မှုတွေ ဖြစ်လာရတယ် ဆိုပြီးတော့လည်း ဆိုင်မွန် ဟျူးက ပြောပါတယ်။

ဒီအရေးနဲ့ ပတ်သက်ပြီး၊ ဗြိတိန် နိုင်ငံခြားရေးရုံးရဲ့ မြန်မာနိုင်ငံအရေး ကိုင်တွယ်တဲ့ ဌာနနဲ့ နေ့စဉ် အဆက်အသွယ် လုပ်နေကြောင်းလည်း သူက ပြောပါတယ်။ ဒါပေမယ့် အချုပ်အခြာ အာဏာပိုင် နိုင်ငံတစ်ခု ရဲ့ ပြည်တွင်းရေး ကိစ္စတွေ မှာ နိုင်ငံတကာ သံရုံးတွေ အနေနဲ့၊ ဝင်ပါဖို့ ခက်ခဲတဲ့ အနေထားမျိုး ဖြစ်တယ် ဆိုတာကိုလည်း မစ္စတာ ဟျူးက သုံးသပ်ပါတယ်။

ဒီလိုခက်ခဲတဲ့ အခြေအနေတွေ ကြားထဲကပဲ၊ အခု အဖမ်းအဆီး ခံထားရတဲ့ သံဃာတွေဟာ၊ မြန်မာနိုင်ငံရဲ့ လုံခြုံရေးနဲ့ တည်ငြိမ် အေးချမ်းရေးကို ထိခိုက်စေမယ့်သူတွေ မဟုတ်ဘူးဆိုတာကို မြန်မာအာဏာပိုင်တွေ လက်ခံလာပြီး ပြန်လွှတ် ပေးဖို့အတွက် ဖြစ်နိုင်ခြေ အားလုံးကို စဉ်းစားပြီး လုပ်ဆောင်သွားမယ် ဆိုပြီးတော့လည်း မစ္စတာ ဟျူးက ပြောပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

Read More

 ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥပဒေအရ  ကြားဖြတ် ရွေးကောက်ပွဲတွင် သံဃာတော်များကို မဲပေးခွင့်ပြုမည် မဟုတ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ထံမှ သတင်းရရှိသည်။ သံဃာတော်တွေ ဆန္ဒမဲ ပေးပိုင်ခွင့် နဲ့ ပတ်သက်ပြီး ကော်မရှင်ကို လာတင်တာ        ကျွန်တော်တော့ မတွေ့ရဘူး။ တကယ်လို့ လာတင်လည်း ကော်မရှင်အနေနဲ့ ကလည်း လုပ်ပိုင်ခွင့်၊ ဆုံးဖြတ်ပိုင်ခွင့် မရှိဘူး။ တကယ်လို့ လိုချင်ရင် လွှတ်တော်မှာ တင်ပြ၊ လွှတ်တော်က ဆုံးဖြတ်ပေး လိမ့်မယ် ဟု ပြည်ထောင်စု ရွေးကောက် ပွဲကော်မရှင် မှ ညွှန်ကြားရေးမှူးချုပ် ဦးသောင်းလှိုင်က The Messenger သတင်းစာသို့ ပြောသည်။ လက်ရှိ တည်ဆဲဥပဒေများ အရ ဆန္ဒမဲပေးပိုင်ခွင့်   မရှိသူများတွင် ဘာသာရေးနှင့်  သက်ဆိုင်သော ပုဂ်္ဂိုလ်များ ပါဝင်ကြောင်း ၎င်း က ဆက်ပြောသည်။ ရွေးကောက်ပွဲ များတွင် သံဃာတော်များ မဲပေးခွင့်ရရှိရေးအတွက် မကွေးကျောင်းတိုက် ဆရာတော် ဥူးပါမောက္ခ က သံဃာတော်များ ထံမှ သဘောထားဆန္ဒ ကောက်ခံသွားမည် ဖြစ်ပြီး၊ လွှတ်တော်သို့ တင်ပြသွား မည်ဖြစ်ကြောင်း ပြောကြားထားသည်။

                 နအဖ လက်ထက်တုန်းက သာသနာရေးနဲ့ ဘာသာရေးကို ခွဲခြားထားတယ်။ သမိုင်းကြောင်း ပြန်ကြည့်ရင် မြန်မာ့နိုင်ငံရေးမှာ သံဃာတွေမပါ ခဲ့တာ မရှိဘူး။ သံဃာဆိုတာ ကလည်း မိုးပေါ်ကကျလာတာ မဟုတ်ဘူး။ စစ်ဗိုလ်ချုပ်တွေ ကလည်း မိုးပေါ်က ကျလာတာမဟုတ်ဘူး။ လူတွေထဲက လာ တာ။ အဲဒီတော့ မဲပေးသင့်တယ်။ နိုင်ငံရေး၊ သာသနာရေး၊ စီးပွားရေး၊ လူမှုရေးဆိုတာ အကုန် ဆက်စပ်နေတယ် ဟု  သာသနာ့ရောင်ခြည် ကျောင်းတိုက် ဆရာတော်ဦးပဏ္ဍိတ က The Messenger သတင်းစာသို့ မိန့်သည်။

                ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ ဖြိုးရေး ပါတီ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦးက နိုင်ငံရေးနှင့် ဘာသာရေး ရောထွေး၍ မရသဖြင့် သံဃာတော်များ မဲပေးပိုင်ခွင့်ကို ၎င်း အနေဖြင့် လက်မခံနိုင်ကြောင်း  မီဒီယာများကို ပြောကြားထားသည်။ သံဃာတော်များ ဆန္ဒမဲပေးပိုင်ခွင့်နှင့် ပတ်သက်၍ နိုင်ငံရေး နယ်ပယ်မှ ပုဂ်္ဂိုလ်များ အကြား သဘောထား ကွဲလွဲမှုများ ရှိနေသည်။

ဆုမင်းကို
The Messenger သတင်းစာ

Read More
Posted by Unknown on Thursday, May 29, 2014

ယနေ့ထုတ်သတင်းစာတွင် ပြည်သူအများစိတ်ဝင်စားနေသော ကိုးကွယ်ရာ ဘာသာကူးပြောင်းခြင်းဆိုင်ရာ ဥပဒေ (မူကြမ်း) ထွက်ပေါ်လာခဲ့ပြီးအဆိုပါဥပဒေ (မူကြမ်း) သည် စင်ကာပူနှင့် နိုင်ငံတကာတွင်
ကျင့်သုံးနေသော ဥပဒေများကဲ့သို့ဖြစ်ပြီး ဘာသာတစ်ခုမှ အခြားဘာသာတစ်ခုသို့ ခြိမ်းခြောက်ခြင်း၊ စည်းရုံးခြင်းများမပါဝင်ပဲ မည်သည့်ဘာသာဝင်မဆို မိမိတို့ ကိုးကွယ်ရာဘာသာအား လွတ်လပ်စွာ
ကိုးကွယ်နိုင်ခွင့်ရှိပြီး ဘာသာခြားအားလုံး ငြိမ်းချမ်းစွာ အတူ ယှဉ်တွဲနေထိုင်နိုင်ရေးအတွက် ရေးဆွဲထားသော ဥပဒေ (မူကြမ်း) ဖြစ်ကြောင်း သိရှိရသည်။



Read More


"မျိုးစောင့်ဥပဒေ အတည်ပြုပြဌာန်းရေးအား အဖွဲ့ပေါင်း ၁၃၉ ဖွဲ့မှ ထောက်ခံကြောင်း ကြေညာချက်ထုတ်ပြန်"  ဟူသော ခေါင်းစဉ်ဖြင့် သတင်းတစ်ခုကို မေလ ၃၀ ရက်နေ့ထုတ် အောင်ဇေယျတု ဂျာနယ်တွင် ဖော်ပြထားခြင်းဖြစ်သည်။ အမျိုးစောင့်ဥပဒေကို အဖွဲ့အစည်း ( ၉၇) ခုက ကန့်ကွက်တယ်ဆိုပြီး ယခုလအတွင်းမှာပင် မီဒီယာများက ဝေဝေဆာဆာ ဖော်ပြကြပြီး အဆိုပါ အဖွဲ့အစည်း (၉၇) တွင် 

၁၆။ Good Sleep
၁၇။ Rainbow
၁၉။ Color Rainbow
၂၀။ Kings and queen
၂၁။ ပေါင်းကူး
၂၂။ burma partnership
၂၃။ Friendship
၂၄။ DNH Alumni Network
၂၅ ။ CDCE Alumni Network
၂၉။ Generation Waves ( NLD အမတ် ဇေယျာသော်၏ အဖွဲ့ )
၃၃။ Sunflower Group Social Enterprise
၃၄။ Charity Oriented Myanmar
၃၅။ ပြည်ကြီးခင်(Pyi Gyi Khin)
၃၈။ ရတနာ့မေတ္တာ
၃၉။ ComReg
၄၁။ Ninu
၄၆။ Myanmar Mobile Training Team
၄၇။ အလင်းစေတမာန်
၄၈။ Safety Net
၄၉။ ပဒေသာမိုး
၅၀။ ပျိုးခင်းသစ် မအူပင်
၅၃။ Point
၅၄။ Youth Circle
၆၂ ။ Chapter-8
၆၃။ Twig
၆၅။ Women for Justice
၈၈။ Green Light ( စစ်ကိုင်း)
၈၉ ။ တာကပေါ ( ထားဝယ်)
၉၆။ Women Galaxy
၉၇။ Sex Workers Network in Myanmar
 
တို့ ပါဝင်ခဲ့ကြပါတယ်။ တစ်ခါမှ မကြားဖူးတဲ့ အဖွဲ့တွေ ဖြစ်ပြီး ဆိုပါအဖွဲ့များ ရှိလို့ရှိမှန်းတောင် မြန်မာပြည်သူများ မသိရပါတာကြောင့် လူထုက မကျေမနပ်ဖြစ်ခဲ့ရပါတယ်။

 ဒါ့အပြင် ပြည်ပအခြေစိုက် မြန်မာသတင်းဌာမများက အင်္ဂလိပ်ဘာသာနဲ့ ရေးသားမှုကြောင့် အမျိုးစောင့်ဥပဒေကို မြန်မာအဖွဲ့အစည်း ၁၀၀ လောက်က ကန့်ကွက်တယ်ဆိုတဲ့ သတင်းက ပျံ့နှံ့နေပြီး အမျိုးစောင့်ဥပဒေ နှင့် ဆရာတော်များအပေါ် အထင်အမြင်လွှဲမှားစေခဲ့ပါတယ်။ 

အမျိုးစောင့်ဥပဒေဟာ ဘယ်ဘာသာကိုမှ ထိခိုက်ခြင်းမရှိပဲ၊ ဒုက္ခပေးခြင်းမရှိပဲ အနာဂါတ် မြန်မာအမျိုးသမီးငယ်များ နှင့် ထေရဝါဒဗုဒ္ဓဘာသာ မြန်မာနိုင်ငံ၏ အမျိုး၊ ဘာသာ၊ သာသနာ ကို ဥပဒေအရ ကာကွယ်နိုင်ရန်အတွက်သာဖြစ်ကြောင်း မဘသ မှ တုန့်ပြန်ပြောဆိုထားပါတယ်။  လောလောဆယ် မျိုးစောင့်ဥပဒေကို ၁၉၃ ဖွဲ့မှ ထောက်ခံကြောင်း သိရပြီး နောက်ထပ် စာရင်ပေးမယ့် အဖွဲ့အစည်းတွေလည်း ရှိသေးတယ်လို့ သိရပါတယ်။

ယနေ့အထိ မျိုးစောင့်ဥပဒေ ထောက်ခံသူ လူဦးရေ ၆ သန်းကျော် ရရှိနေပြီဖြစ်ကြောင်း သိရပြီး ပြည်သူတစ်ရပ်လုံး ထောက်ခံနေသည့် မျိုးစောင့်ဥပဒေ ကို NLD ပါတီနှင့် ၈၈ မျိုးဆက် ကျောင်းသားများက ကန့်ကွက်ထားကြောင်း သတင်းရရှိပါတယ်။ 

www.MyanmarExpress.net

Read More

တစ်နိုင်ငံလုံးရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်
အလိုက် အမျိုးဘာသာ သာသနာ
 စောင့်ရှောက်ရေး လုပ်ငန်းစဉ် အခက်အခဲများ
ကို ညှိနှိုင်း ဖြေရှင်းရန်အတွက် အမျိုးဘာသာ
 သာသနာ စောင့်ရှောက်ရေးအဖွဲ့ ညီလာခံကို


ဇွန်လအတွင်း ပြုလုပ်သွားမည် ဖြစ်ကြောင်း အဆိုပါအဖွဲ့ မှတ်တမ်းနှင့် သုတေသနဌာန ဗဟိုအလုပ်အမှုဆောင် ဦးအောင်မြိုင်က ပြောကြားသည်။

အဆိုပါ ညီလာခံကို ဇွန်လ ၂၁ ရက် နှင့် ၂၂ ရက်တို့တွင် ပြုလုပ်မည် ဖြစ်ပြီး အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (ဗဟို) ဥက္ကဋ္ဌ အင်းစိန်ရွာမ ပရိယတ္တိစာသင်တိုက် ဆရာတော် တိလောကဘိဝံသ အပါအဝင် သံဃာတော် ခုနစ်ပါးဖြင့် ညီလာခံ ကျင်းပရေး ဦးဆောင်ကော်မတီကို မေလ ၂၃ ရက်နေ့တွင် ဖွဲ့စည်းလိုက်ကြောင်း ၎င်းက ရှင်းပြသည်။

“တစ်မြို့နယ်ကို ဆရာတော် နှစ်ပါးစီ ညီလာခံမှာ တက်ရောက် ဆွေးနွေးဖို့ ဖိတ်ကြားသွားမှာပါ။ ညီလာခံအတွက် အသေးစိတ်ကိစ္စကို ထပ်မံ ဆွေးနွေးရဦးမှာပါ” ဟု ၎င်းကဆိုသည်။

ထို့အပြင် အဆိုပါ ညီလာခံတွင် သီတဂူဆရာတော် အရှင်ဉာဏိဿရထံမှ အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့က သြဝါဒ ခံယူမည် ဖြစ်ကြောင်း အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (ဗဟို) ထံမှ သိရသည်။

အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့က တိုက်တွန်း တောင်းဆိုမှုကြောင့် ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလအတွင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ကိုးကွယ်ခြင်း၊ ဘာသာကူးပြောင်းခြင်းဆိုင်ရာ ဥပဒေ၊ လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ ဥပဒေ၊ တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေနှင့် လူဦးရေ တိုးပွားနှုန်း ထိန်းညှိခြင်းဆိုင်ရာ ဥပဒေများကို ပြဋ္ဌာန်းပေးရေး သုံးသပ် စဉ်းစားပေးရန် ပြည်ထောင်စုလွှတ်တော် နာယကထံ သဝဏ်လွှာ ပေးပို့ခဲ့သည်။

ထို့အပြင် အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့၏ လုပ်ငန်းစဉ်များသည် သာသနာတော် တည်တံ့ပြန့်ပွားရေးကို အထောက်အကူပြု ဆောင်ရွက်ခြင်း ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ကမ္ဘာအေးကုန်းမြေ မဟာပါသာဏ လိုဏ်ဂူတော်အတွင်း မေလ ဒုတိယပတ်အတွင်း ပြုလုပ်သော သတ္တမအကြိမ် နိုင်ငံတော် ဗဟိုသံဃာ့ ဝန်ဆောင်အဖွဲ့ ဒုတိယ အထူးအစည်းအဝေးတွင် သာသနာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့်က ပြောကြားထားသည်။

The Voice Weekly

Read More


ဦးသိန်းစိန်နဲ့ ဦးရွှေမန်း ကို မဲပေးရမယ် ၊
ဒေါ်အောင်ဆန်းစုကြည် ကို မဲပေးမိရင် ကုလားနိုင်ငံဖြစ်သွားမယ် ၊
ကုလားပါတီဖြစ်သွားမယ် ၊
ကုလားလွှတ်တော်ဖြစ်သွားမယ် ၊

ဒီလို ဗုဒ္ဓဘာသာသည်းခြေကြိုက် စကားလုံးတွေ ၊ ဖက်ခွက်စား စကားလုံးတွေကို မသုံးစမ်းပါနဲ့ ကွာ ၊
ဒါနိုင်ငံရေးကို ဘုန်းကြီးတွေဖြစ်ပြီးတော့ ဘုရားသားတော်တွေဖြစ်ပြီးတော့ နိုင်ငံရေးကို ကြောင်တောင်နိုက်စကားလုံးတွေ မသုံးစမ်းပါနဲ့ ၊
အဲ့ဒါမျိုးကျ ငါကြည့်မရဘူး ၊ နားထဲလည်း မ၀င်ဘူးကွ ။

ဒါမျိုးမလုပ်ပါနဲ့ 

ငါတို့ ထိန်းကျောင်းရမှာ ဘုရားနည်းအတိုင်း ထိန်းကျောင်းရမှာ ။
နောင်တက်လာမယ့်အစိုးရ ၂၀၁၅ ဘယ်သူနိုင်နိုင် ၊ ဘယ်သူတက်တက် တက်တဲ့အစိုးရ ဟုတ်ရင်ဟုတ် မဟုတ်ရင် ထောက်ပြမယ် ၊ ဒါ ငါတို့ လုပ်သင့်တယ် ၊
 
မြတ်စွာဘုရားလည်း လုပ်ခဲ့တယ်နော် ။
ဇေတ၀န်ကျောင်းအနီး တိတ္ထိတက္ကတွန်းတွေကို ကောသလမင်းကြီးက လာဒ်တစ်သိန်းစားပြီးတော့ ဇေတ၀န်ကျောင်းနဲ့ အနီးဆုံးမှာ မြေကွက်တွေ ပေးပစ်တာ ၊
အဲ့ဒီလိုပေးပြီး ဆူညံပွက်လောရိုက်တဲ့အခါကျတော့ မြတ်စွာဘုရားက ရှင်သာရိပုတ္တရာတို့ ရှင်မောဂ္ဂလန်တို့ ရှင်အာနန္ဒာတို့ ကို ကောသလမင်းကြီးဆီ စေလွှတ်တယ် ၊ လွှတ်တဲ့အခါ ဟိုကတွေ့ ခွင့်မပေးဘူး ၊

သူမဟုတ်တာ လုပ်ထားပြီလေ ၊ မဟုတ်တာ လုပ်ထားတာကို မြတ်စွာဘုရားက လက်ဝဲတော်ရံ လက်ယာတော်ရံကြီးတွေ လွှတ်ပြီးပြောခိုင်းတယ် ၊ မင်း မဟုတ်တာ မလုပ်ပါနဲ့ ၊မင်း ဘာသာရေးကို ရောထွေးယှက်တင် မလုပ်ပါနဲ့ ။ ပြောလည်းပြောပြီး ရော မရတော့ မြတ်စွာဘုရားကိုယ်တော်တိုင် ကြွသွားတာ ၊

ကိုယ်တိုင်ကြွပြီး ဟောတော့မှ ကောသလမင်းကြီး အဲ့ဒီတိတ္ထိတက်ကတွန်းတွေကို မြတ်စွာဘုရားရဲ့ ဇေတ၀န်ကျောင်းတော်နဲ့ ဝေးရာကို မောင်းထုတ်လိုက်တာ ။ ဒါ ဘာလည်းဆိုတော့ နိုင်ငံရေးနဲ့ ဘာသာရေးကို ခုတုံးလုပ်ပြီး အသုံးမချပါနဲ့ ၊ အဲ့ဒါဆို ဘုရားကိုယ်တိုင် မနေဘူး ။

ဒါ အပွင့်လင်းဆုံးပြောတာ ၊
ငါနဲ့ ဘယ်ဘုန်းကြီးဖြစ်ဖြစ် ဆွေးနွေးလို့ ရတယ် ၊
ငါဥာဏ်ရည်မမှီလို့ ဆွေးနွေးနိုင်တဲ့ ဥာဏ်ရည်မရှိဘူးဆို ထိုင်ဦးချပြီး အရှုံးပေးသွားမယ် ၊
မဟုတ်က ဟုတ်ကတော့ လာမလုပ်စမ်းနဲ့ ။

(messenger
ဂျာနယ်ပါ ရွှေည၀ါဆရာတော်နှင့် တွေ့ ဆုံလျှောက်ထားခြင်း မှ ကောက်နုတ်ဖေါ်ပြပါသည်)
င်ငံရေးကို ကြောင်တောင်နိုက်စကားလုံးတွေ မသုံးစမ်းပါနဲ့  - See more at: http://www.dawnmanhon.com/2014/05/blog-post_20.html#sthash.i4BditPJ.dpuf

Read More

မန္တလေး မစိုးရိမ် တိုက်အုပ်ဆရာတော် ဦးဝီရသူ၏ Facebook အကောင့်မှာ တိုက်ခိုက်ခံရခြင်းမဟုတ်ကြောင်း၊ ဆရာတော်၏ ညွန်ကြားချက်အရ ပိတ်သိမ်းခဲ့တာ ဖြစ်ကြောင်း သတင်းရရှိပါတယ်။ 

အသိပေးကြေညာခြင်း

မန္တလေးမစိုးရိမ်တိုက်သစ် ဆရာတော် ဦးဝီရသူ၏ ညွန်ကြားချက်အရ

ဆရာတော်ဦးဝီရသူအနေဖြင့် အမျိုးဘာသာနှင့် သာသနာရေးဆောင်ရွက်ချက်များအပေါ် အာရုံစိုက်လုပ်ဆောင်သွားရန် ရည်သန်၍ ဆရာတော် အသုံးပြုလျှက်ရှိသော Facebook လူမှုကွန်ယက် အကောင့်အား ဆက်မလက်အသုံးပြုတော့မည် မဟုတ်ပါကြောင်း၊ ဆရာတော်အနေဖြင့် မိမိလုပ်ဆောင်ရန် ယုံကြည်သော အမျိး ဘာသာ သာသနာ ကိစ္စရပ်များတွင် အမြင်မတူသူများနှင့် အခြေတင် ပြောဆိုရန် ဆန္ဒမရှိပါကြောင်း၊ မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်လျှက်ရှိကြကုန်သော ဗုဒ္ဓဘာသာဝင်များ မိမိတို့ ဘာသာ သာသနာအား စောက်ရှောက် ထိန်းသိန်းနိုင်စေရန် အလို့ငှာ  တရားပွဲများ လက်ခံဟောပြောနေသည်ကို ဘာသာခြားများမှ ထိုသူတို့၏ ဘာသာတရားအား မြန်မာပြည်တွင် မရှိစေအောင် ဆရာတော်မှ ဟောပြောနေသယောင် ဝါဒဖြန့် မလိုမုန်းထားများ ရှိလာခြင်းများ အပေါ် များစွာ စိတ်မကောင်းဖြစ်ရကြောင်း၊ ထို့ကြောင့် ဆရာတော် အမည်ဖြင့် Facebook လူမှုကွန်ယက်တွင်  ဖော်ပြရေးသားနေသည်များအား ဆက်လက်ရေးသားတော့မဟုတ် တော့ပါကြောင်း၊ အကယ်၍ ဆရာတော်အမည်ဖြင့် အသုံးပြုလာလျှင်လည်း ဆရာတော် ဦးဝီယသူ အစစ်မဟုတ်ပါကြောင်း တပည့်ဒကာ ဒကာမ အပေါင်းသို့ အသိပေးနိုင်ရန် မိန့်ကြားခဲ့သဖြင့် အများသိစေရန် အသိပေးကြေငြာအပ်ပါသည်။
ဟူ၍ သတင်းစာတွင် ကြေငြာထားပါတယ်။
ဆရာတော် ဦးဝီရသူဟာ ဆန့်ကျင်ဘက် တိုက်ခိုက်သူအများစုမှ ရိုင်းစိုင်းသော တုန့်ပြန်မှုများကို ကြံ့ကြံ့ခံကာ လူသိရှင်ကြား Facebook သုံးပြီး ဖြေရှင်းနေသည့် ရှားပါး ပုဂိုလ်တစ်ဦးဖြစ်ပြီး မြန်မာနိုင်ငံတွင် အလွန်ရှားပါးလှသည်။ ယခု ဆရာတော် ၏ Facebook ပိတ်သိမ်းသဖြင့် ဦးရဲထွဋ်နှင့် ဦးဇော်ဌေးတို့လောက်သာ ကျန်တော့ကာ  မြန်မာ မီဒီယာ အယ်ဒီတာများနဲ့ ဂျာနယ်တိုက်အုပ်များ နဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အတိုက်အခံ အင်အားစုများကတော့ ဦးဝီရသူလို သတိရှိရှိ ဖြင့် Facebook သုံးကာ ဝေဖန်မှုမှန်သမျှကို ကြံ့ကြံ့ခံနိုင်ခြင်းမရှိပေ။ သို့သော် ဦးဝီရသူ၏ Facebook ပေါ်တွင် ရိုင်းစိုင်းသော စကားများ ရေးသားခြင်း၊ ညစ်ညမ်းသော ပုံများ တင်ခြင်းနဲ့ ဆရာတော်၏ ပုံများကို ဖြတ်ညှပ်ကပ် လုပ်သူများတွင် ဒေါ်အောင်ဆန်းစုကြည်နဲ့ နီးစပ်သူများ၊ NLD ပါတီဝင်များ၊ ဧရာဝတီ သတင်းဌာန နဲ့ အခြား မီဒီယာများမှ အယ်ဒီတာများ ပါဝင်ကြောင်း သတင်းရရှိပါတယ်။


.. www.MyanmarExpress.net

Read More




ဖေဖော်ဝါရီလ ၂၇ ရက်မှစတင်၍ နိုင်ငံရေးပါတီကြီးတစ်ခု၏ အစည်းအဝေးအတွင်း ပြောကြားချက် ဟု ယူဆရသော အသံဖိုင်တစ်ခု ပြန့်နှံ့လာခဲ့ရာ ဗုဒ္ဓဘာသာရဟန်းတော်များ၊ အမျိုးသားရေး အင်အားစုများကို တိုက်ခိုက်ထိုးနှက်သည့် အစီအစဉ်များ ပါဝင်နေကြောင်း သိရှိရသည်။

ယင်းအသံဖိုင်တွင် ဥက္ကဌကြီးကို တိုင်တည်၍ ရှင်းလင်းတင်ပြနေမှုများတွင် လွန်စွာမှပင် အန္တရာယ်ကြီးမားလှသော အစီအစဉ်များ ပါဝင်နေပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးကိစ္စရပ်များပါ ပါဝင်နေသဖြင့် NLD ပါတီ အစည်းအဝေးတစ်ခုမှ ပေါက်ကြားလာခြင်း ဖြစ်နိုင်ဖွယ်ရာ ရှိကြောင်း လေ့လာသူများက ယူဆလျက်ရှိသည်။

အချိန်အားဖြင့် ၂ မိနစ်ခန့်သာ ကြာမြင့်သော ယင်းအသံဖိုင်တွင် " ၉၆၉ နဲ့ မြို့ဝင် မြို့ထွက်တွေ ရဲ့လှုပ်ရှားမှုတွေ တိုင်းကို ကျွန်တော်တို့ စောင့်ကြည့်နေပါတယ်။ သူတို့ လုပ်နေတဲ့ အဖွဲ့တွေတိုင်းမှာ ကျွန်တော်တို့ပါတီဝင်တွေဖြစ်သွားအောင်၊ ကျွန်တော်တို့ ပါတီဝင် အင်အားစုတွေကို ကျွန်တော်တို့ တာဝန် ပေးထားပါတယ်" ဟူ၍ ပါရှိရာ ၉၆၉ လှုပ်ရှားမှုများအတွင်း စိမ့်ဝင်ထိုးဖောက်၍ လွှမ်းမိုးမည့် နိုင်ငံရေးပါတီတစ်ခု၏ လျှို့ဝှက်ဆောင်ရွက်ချက်များ ဖြစ်နေကြောင်း သိရှိရသည်။


၎င်းအပြင် အမျိုး ဘာသာ သာသနာရေးကို ဦးဆောင်လှုပ်ရှားလျက် ရှိသည့် ဆရာတော် ဦးဝီရသူနှင့် ပတ်သက်၍လည်း "ဦးဝီရသူ တို့အဖွဲ့ကို ၊ ဖေ့ဘုတ်နဲ့ အွန်လိုင်းပေါ်မှာ ဖိနှိပ် ထားနိုင်ဖို့ အတွက်ကတော့ ၊ ကျွန်တော်တို့အနေနဲ့ လုပ်ဆောင်နေတာလေးတွေက တော်တော်လေးတွေ ခရီးပေါက်နေပါပြီ" ဟု ထည့်သွင်းတင်ပြသွားကြောင်း သိရှိရသည်။ ယင်းတင်ပြချက်အရ လူမှုကွန်ရက်နှင့် အွန်လိုင်းစာမျက်နှာများတွင် ဦးဝီရသူနှင့် အမျိုးသားရေး အင်အားစုများကို တိုက်ခိုက်နေမှုများမှာ စနစ်တကျ စီစဉ်ဆောင်ရွက်နေသည့် နိုင်ငံရေးပါတီကြီးတစ်ခု၏ လုပ်ဆောင်ချက် ဖြစ်နေကြောင်း အံ့အားသင့်ဖွယ်ရာ တွေ့ရှိရသည်။

အလားတူ ယခုနောက်ဆုံး NLD ပါတီနှင့် ၈၈ မျိုးဆက် ပွင့်လင်းလူ့အဖွဲ့အစည်းတို့ အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်လျက် ရှိသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးလှုပ်ရှားမှုများနှင့် ပတ်သက်၍လည်း "ပုဒ်မ ၄၃၆ ကို ပြင်နိုင်ဖို့ ကတော့ မြို့တိုင်းမှာ ရှိတဲ့ ကျွန်တော်တို့ ပါတီဝင်တွေက နေပြီးတော့ ကျွန်တော်တို့ လူထု ကို စည်းရုံးလှုံ့ဆော်မှုကို ဒီ aရးတာ ဖြန့်တာလေးတွေ လုပ်ဖို့ အတွက်လည်း ကျွန်တော်တို့ ညွှန်ကြားထားပြီး ဖြစ်ပါတယ်" ဟု ထည့်သွင်းတင်ပြသွားခဲ့သည်။ 

အမျိုးသားရေးအင်အားစုများ၏ ဆောင်ရွက်ချက်များကိုလည်း သံဃာတုများ ဟူ၍ သတ်မှတ်ခေါ်တွင်ကာ တင်ပြသွားပြီး ၂၀၀၇ ခုနှစ် ရွှေဝါရောင် တော်လှန်ရေး ဟု မှတ်တမ်းဝင်ခဲ့သော လှုပ်ရှားမှုကို သံဃာတုများဖြင့် ယင်းပါတီက လုပ်ဆောင်ခဲ့သည့်အချက်အလက်များ ပါဝင်နေသည်။ အသံဖိုင်တွင် "ဦးဝီရသူတို့ အဖွဲ့က ၉၆၉ ကို သူတို့ အင်အားကြီး လာအောင်(၂၀၀၇) သံဃာ့ အရေးအခင်းတုန်းက ကျွန်တော်တို့လုပ်ခဲ့တဲ့ ပုံစံ အတိုင်းပဲ သူတို့ ဘုန်းကြီး အတုတွေကို သုံးပြီး သူတို့ လုပ်ဆောင်နေကြပါတယ်" ဟူ၍ ပါရှိလာခြင်း ဖြစ်သည်။ 

လက်ရှိပြန့်နှံ့လျက် ရှိသော အသံဖိုင်ပါ ပြောကြားချက်များအရ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးကို ဦးတည်၍ လူထုစည်းရုံးလှုံ့ဆော်မှုများ ဆောင်ရွက်နေသော နိုင်ငံရေးပါတီဖြစ်ခြင်း၊ ၉၆၉ နှင့် ဦးဝီရသူတို့ကို ဖိနှိပ်လိုသော ဆောင်ရွက်ချက်များ ပါရှိခြင်း၊ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးတွင် သံဃာအတုများ သုံး၍ ဆောင်ရွက်ခဲ့သည့် ပါတီဖြစ်ခြင်း စသည့် အကြောင်းခြင်းရာများအရ NLD ပါတီဟု အများစုက ယူဆလျက် ရှိကြောင်း သိရှိရသည်။

ယင်းအသံဖိုင်နှင့်ပတ်သက်၍ "ဒီအသံဖိုင်ကို နားထောင်ရတဲ့အတွက် ကျွန်တော်တို့အနေနဲ့ အတော်ကြီးကို စိတ်မကောင်းဖြစ်ရပါတယ်။ ပြီးတော့ ကြောက်စရာလည်း ကောင်းပါတယ်။ နိုင်ငံရေးပါတီတွေဟာ အာဏာရဖို့ အမျိုးမျိုးလုပ်ကြပါတယ်။ ဒီလိုလုပ်တဲ့အခါမှာ အမျိုး ဘာသာ သာသနာကို ချနင်းပြီး လုပ်တာမျိုးကတော့ ဘယ်ပါတီပဲ ဖြစ်ဖြစ် မလုပ်သင့် မလုပ်ထိုက်တဲ့ ကိစ္စ လို့ပဲ ယူဆပါတယ်။ သမိုင်းကြောင်းမှာ ဘာသာရေးကို အမှုန့်ချေပစ်လိုတဲ့ ကွန်မြူနစ်ပါတီ ဆိုတာ ရှိခဲ့ပါတယ်။ ဒီနေ့ခေတ် လူငယ်တွေကတော့ ဒါတွေ မသိနိုင်ပေမယ့်လည်း ကြောက်စရာကောင်းပါတယ်။ အခု အသံဖိုင်မှာ ပါတဲ့ ပါတီဟာ ၉၆၉ ကို တိုက်ခိုက် အကြမ်းဖက် ခေါင်းစဉ် အောက် ကို သွင်းပြီး ရည်ရွယ်ချက် ရှိရှိ အပုပ်ချခဲ့တဲ့၊ သာသသနာတော် သိက္ခာကို ရစရာမရှိအောင် လုပ်ဆောင်ခဲ့တဲ့ ယုတ်မာရက်စက်အကြံအစည်တွေ လုပ်နေတယ် ဆိုတဲ့ ကြောက်စရာကောင်းလှတဲ့ အဖြစ်မှန်ကို ဖော်ပြလိုက်တာပါပဲ။ ဒီနေရာမှာ ကျွန်တော်တို့ ပြန်စဉ်းစားဖို့ လိုလာပြီ။ ဦးဝီရသူကို တိုင်းမ်လိုမဂ္ဂဇင်းကြီး အဖုံးမှာ ပါလာအောင်၊ ဗုဒ္ဓဘာသာကို နိုင်ငံတကာက အထင်အမြင်လွဲမှားအောင် ဘယ်သူတွေ လုပ်ခဲ့ သလဲ ဆိုတာလည်း အထင်အရှား ပေါ်ထွက်လာခဲ့ပြီ လို့ ပြောနိုင်ပါတယ်။ အာဏာ ရရှိဖို့ ဘာသာ သာသနာနဲ့ သံဃာတော်တွေကို ဒီလို လုပ်သင့်သလား။ ရတနာသုံးပါးကို ဘာဖြစ်လို့ ဒီလောက်အထိ ရက်ရက် စက်စက် ယုတ်ယုတ်မာမာ လုပ်ခဲ့ကြသလဲ။ လုပ်နေကြသလဲ။ ဒါဟာ သာမန် အစီအစဉ် မဟုတ်တော့ပါဘူး။ ကျွန်တော်တို့ ကိုးကွယ်တဲ့ ရတနာသုံးပါးဟာ နိုင်ငံရေးပါတီကြီးတစ်ခုရဲ့ စနစ်တကျ အကွက်ချ ယုတ်မာ ရက်စက်မှုကို ရင်ဆိုင်နေရပြီ ဆိုတာ အားလုံး နားလည်သဘောပေါက်ကြဖို့ ကောင်းပြီ။ မယုံကြည်နိုင်စရာ သိပ်ကောင်းတဲ့ ယုတ်မာမှုတွေပါ" ဟု အမျိုး ဘာသာ သာသနာ ကာကွယ်စောင့်ရှောက်ရေး အဖွဲ့ တက်ကြွလှုပ်ရှားသူ ပုဂ္ဂိုလ်တစ်ဦးက ပြောဆိုသည်။ 

၎င်းအပြင် လူမှုကွန်ရက်နှင့် အွန်လိုင်းစာမျက်နှာများတွင် ရတနာသုံးပါးကို တိုက်ခိုက် ဖိနှိပ်သည့် ၀ါဒဖြန့်ချိမှုများကို ပါတီကြီးတစ်ခုက စီစဉ်ဆောင်ရွက် နေခြင်းသည် ကြောက်မက်ဖွယ်ရာကောင်းကြောင်း၊ ၂၀၀၇ ခုနှစ် ရွှေဝါရောင် တော်လှန်ရေးတွင် ပါတီကြီးတစ်ခုမှ သံဃာတုများဖြင့် စည်းရုံးလှုံ့ဆော်ပြီး ပြည်သူလူထုနှင့် သံဃာတော်များကို နိုင်ငံရေးအရ အသုံးချခဲ့သည့် ဖြစ်ရပ်မှန်များမှာ အော့နှလုံးနာစရာ ဖြစ်နေကြောင်း ၄င်းက ပြောကြားသည်။ 

"ဘုန်းကြီးတို့အနေနဲ့ အမျိုး ဘာသာ သာသနာအတွက် လုပ်သင့်လုပ်ထိုက်တာတွေကို လုပ်ဆောင်ရာမှာ ဘယ်ပါတီ ဘယ်အဖွဲ့အစည်းရဲ့ အကျိုးအတွက်မှ လုပ်ဆောင်နေတာ မဟုတ်ပါဘူး။ ဒီကနေ့ သံဃာတော်တွေက သဗ္ဗေသတ္တာ ကမ္မသကာ ဆိုပြီး သဘောထားလိုက်ရင် အနာဂတ်နိုင်ငံတော်ရဲ့ ရတနာသုံးပါးအတွက် စိုးရိမ်စရာ ကောင်းတယ် ဆိုတာကို သိမြင်လို့ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ ဒီအသံဖိုင်မှာ ပါတဲ့ အချက်အလက်တွေအရ စဉ်းစားကြည့်မယ် ဆိုရင် ဆရာတော်ဦးဝီရသူနဲ့ ဗုဒ္ဓဘာသာကို အကြမ်းဖက် ပုံရိပ်အဖြစ် ပုံဖော်ခဲ့ခြင်းရဲ့ နောက်ကွယ်မှာ စနစ်တကျ ကြိုးကိုင်နေတဲ့ နိုင်ငံရေးပါတီကြီး တစ်ခု ရှိနေတယ် ဆိုတာ ထင်ရှားနေပြီ။ ဘုန်းကြီးတို့ သံဃာတွေ သိက္ခာကျအောင် အတုအယောင်တွေ ၀င်ပူးပြီး စနစ်တကျ လုပ်ဆောင်နေတာဟာ သာသနာအတွက် သိပ်ကို ကြောက် စရာကောင်းတဲ့ ဓမ္မန္တရာယ်ကြီး ဖြစ်နေတယ်။ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လုပ်နေတဲ့ နိုင်ငံရေးပါတီ ဆိုတာ ဒီနိုင်ငံမှာ တစ်ပါတီတည်းပဲ ရှိတယ်။ အခြား စဉ်းစားစရာ မလိုပါဘူး။ ဘုန်းကြီးတို့ သံဃာနဲ့ ဒါယကာ ပိုပြီး စည်းလုံး ညီညွတ်မှ ဖြစ်တော့မယ်။ ဒီအကြံအစည်တွေကို အချိန်မီ သိလိုက်ရတာ ဘုန်းကြီးတို့ သာသနာတော်အတွက် သိပ်ကို ကံကောင်းပါတယ်။ ကံကြီးပေလို့ ဆိုပြီး မှတ်ယူရမှာပဲ။ ပစ္စုန်ပ္ပန်ရော အနာဂတ်အတွက်ပါ ကောင်းမျိုး ချမ်းသာ ပေးမှာ မဟုတ်တဲ့ ဒီလို လုပ်ရပ်မျိုးဟာ ဒီနေ့ခေတ်မှာ ရှိနိုင်မယ်တောင် မထင်ထားပါဘူး။ ဘုန်းကြီးအနေနဲ့ အရမ်းကို တုန်လှုပ်မိပါတယ်" ဟု အမျိုးဘာသာသာသနာ ကာကွယ်စောင့်ရှောက်ရေး ဦးဆောင်သံဃာတော်တစ်ပါးက မိန့်သည်။

"ကျွန်တော်တို့ မယုံကြည်နိုင်လောက်အောင်ကို ကြောက်ရွံ့တုန်လှုပ်ရပါ တယ်။ လူ့အခွင့်အရေးတွေ နိုင်ငံတကာစံနှုန်းတွေ မျက်နှာဖုံးတပ်ပြီး ယုတ်မာလှတဲ့ အကြံအစည်တွေနဲ့ ကြိုတင်စီစဉ် တိုက်ခိုက်နေတဲ့ တိုက်ခိုက်မှု အောက်မှာ တစ်နိုင်ငံလုံး ရောက်ရှိနေပြီ။ ကျွန်တော်တို့နိုင်ငံ ကျွန်တော်တို့ သာသနာတော်ကို စနစ်တကျ တိုက်ခိုက်နေတာ နိုင်ငံတကာက အဖွဲ့အစည်းတွေ မဟုတ်ဘူး။ ကျွန်တော်တို့ ယုံကြည်လေးစားထောက်ခံတဲ့ ပါတီကြီး ဖြစ်နေတာကို ကျွန်တော် အံ့သြမိတာပါ။ ယုံကြည်မှုကို သစ္စာဖောက်ဖျက်ခံရတာ၊ ရတနာသုံးပါးကို ချိုးဖျက်ခံရတာ။ ဘာကြောင့် ကမ္ဘာက ဗုဒ္ဓဘာသာကို ပြစ်တင်ဝေဖန်လာကြတာလဲ၊ ဘာကြောင့် ဦးဝီရသူနဲ့ သံဃာတော်တွေကို ပြည်သူတွေက မကောင်းမြင်လာအောင် လုပ်နေကြတာလဲ၊ တရားခံက ကိုယ့်နိုင်ငံထဲက အသားထဲက လောက်တွေ။ ကိုယ့်ပါတီ အာဏာရဖို့ ဘာသာ သာသနာကို ဒီလို လုပ်စရာ လိုသလား။ ဗိုလ်ချုပ်အောင်ဆန်း ဆိုရင် ဒီလိုလုပ်မှာတဲ့လား။ စဉ်းစားမိတိုင်း သိပ်ကြောက်ဖို့ ကောင်းတယ်။ သိပ်စိုးရိမ်စရာ ကောင်းတဲ့ အခြေအနေတစ်ခုကို ကျွန်တော်တို့ တစ်နိုင်ငံလုံး ရောက်ရှိနေပြီ၊ ကျွန်တော်တို့ ဒီအန္တရာယ်ကြီးကို နားလည်သဘောပေါက်ပြီး သံဃာနဲ့ ပြည်သူ ကျောချင်းကပ်ထားရမယ့် အချိန်အခါကို ရောက်ရှိနေပြီ လို့ပဲ ပြောချင်တယ်" ဟု မန္တလေးမြို့ မြန်မာအမျိုးသားကွန်ရက်မှ ကိုယ်စားလှယ်တစ်ဦးက ပြောဆိုသည်။ 

လက်ရှိအချိန်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၆ တစ်ခုတည်းကို ပြင်ဆင်နိုင်ရေးကိုသာ ဦးတည်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းတို့က ပူးတွဲထုတ်ပြန်ကြေညာချက်တစ်ရပ်ကို မကြာသေးခင်ကပင် ထုတ်ပြန်ထားကြောင်း သိရှိရသည်။

နှစ်မိနစ်ခန့်ရှိသော အစည်းအဝေးအသံဖိုင်ကိုhttps://soundcloud.com/uyinkyae/mp3 တွင် နားထောင်နိုင်ကြောင်း သိရှိရသည်။  
 
ပြည်သူ့ အာဏာ

Read More

From : ..hot news


ယနေ့မြန်မာနိုင်ငံတွင်မျိုးစောင့်ဥပဒေ နှင့်ပတ်သက်၍ဟောကြ၊ ပြောကြ၊ ဆိုကြ နှင့်ဝေဖန်ကန့်ကွက် သံတွေညံနေကြပါပြီ။ ထိုဝေဖန်ကန့်ကွက်ပြော ဆိုသူများသည် နိုင်ငံရေးပါတီများမှပုဂိ္ဂုလ်များအဖွဲ့အစည်း များမှ ပုဂိ္ဂုလ်များ၊ ခေတ်ပညာတတ်နှင့် လူတန်းစားအလွှာအသီးသီးမှပုဂိ္ဂုလ်များ ဖြစ်ပြီး၊ ၎င်းတို့သည်ဗုဒ္ဓဘာသာဝင်အများ ဆုံးဖြစ်ပါသည်။ ထိုဝေဖန်ကန့်ကွက်သူ များသည် မိမိတို့ဗုဒ္ဓဘာသာ၏လုပ်ဆောင်မှု တစ်ခုတည်းကိုကြည့်ပြီး လူ့အခွင့်အရေး ပေတံကြီးနှင့်တိုင်း ၍ပြောဆိုဝေဖန်နေကြ ခြင်းသည် အခြားဘာသာများကိုလေ့လာ ခြင်းမရှိသည်မှာသေချာပါသည်။ အခြား ဘာသာများမှာ ဘာသာမတူသူနှင့်လက်ထပ် ခွင့်ကိုလုံးဝပိတ်ပင်ထားပါသည်။ မိမိတို့ ဘာသာကိုဝင်မှတရားဝင်လက်ထပ်ထိန်း မြားခွင့်ရှိပါသည်။ မိမိတို့ဘာသာကိုမ ပြောင်းလျှင် တရားဝင်ဇနီးဟုမသတ်မှတ် ပါ။ အပျော်မယားအဖြစ်သတ်မှတ်ပြီး အမွေဆက်ခံခွင့်လုံးဝမပေးပါ။ ထိုထိုကိစ္စ မျိုးကြတော့ လူ့အခွင့်အရေးပေတံကြီး ကိုင်ထားသူများဘာကြောင့်ဝေဖန်ပြောဆို မှုမပြုလုပ်ကြပါသနည်း။

၁၉၅၄ ခုနှစ် မြန်မာမိန်းမများအထူး ထိန်းမြားမှုနှင့်အမွေဆက်ခံမှုအက်ဥပဒေ ၁၉၅၄ ခုနှစ်အက်ဥပဒေအမှတ် (၃၂)ကို ပြဌာန်းထားပါသည်။ ထိုဥပဒေမှာ ““ဤ ဥပဒေပြဌာန်းချက်များသည် အခြားတည်ဆဲ ဥပဒေများဥပဒေကဲ့သို့အာဏာရှိသော ဓလေ့ထုံးတမ်းများမည်သို့ဆန့်ကျင်စေကာမူ ဗုဒ္ဓဘာသာဝင်မြန်မာမိန်းမနှင့်ထိုမိန်းမ၏ ဗုဒ္ဓဘာသာဝင်မဟုတ်သောလင်ယောက်ျား တိုင်းအပေါ်၌အာဏာ သက်ရောက်စေရ မည်။ ပုဒ်မ (၂၅)တွင်ချွင်းချက်ရှိပါသည်။ အကယ်၍ဘာသာခြားယောက်ျားဖြစ်သူ သည် မိမိမယားကိုဘာသာရေးကြောင့် ကွာရှင်းလိုလျှင် (သို့မဟုတ်)ကိုယ်ထိလက် ရောက် ညှင်းပန်းနှိပ်စက်လျှင်ဖြစ်စေ၊ ရက်စက်သည့်အပြုအမူအားဖြင့်စိတ်ဆင်းရဲ အောင်ပြုလျှင်ဖြစ်စေ-
(က) ထိုယောက်ျားသည်နှစ်ဦးပိုင် ပစ္စည်းမှမိမိရထိုက်သော အစုကိုစွန့်ရမည်။ ထို့အပြင် ထိုမိန်းမအားလျှော်ကြေးပေးရ မည်။

(ခ) မိန်းမသည်သားသမီးအားလုံးကို ထိန်းသိမ်းခွင့်ရှိသည်။
(ဂ) ထိုသူသည်အရွယ်မရောက်သေး သည့် ကလေးများအတွက်ကလေးစရိတ် ပေးရမည်။

ဤအက်ဥပဒေအရထိန်မြားကြသူ တို့၏ (သို့မဟုတ်)ထိန်းမြားခဲ့သည်ဟုမှတ် ယူခြင်းခံရသူ၏အမွေ ဆက်ခံမှုနှင့်စပ်လျဉ်း သည့် ကိစ္စအားလုံးကို ထိုသူနှင့်ထိုသူတို့၏ မိသားစုအားလုံးသည် ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးချည်းဖြစ်ဘိသကဲ့သို့ ဗုဒ္ဓ ဘာသာဓမ္မသတ်အတိုင်းဆုံးဖြတ်ရမည်”” ဟု ပြဆိုထားပါသည်။

ယနေ့ခေတ်အခါအခြေအနေအရ ထိုဥပဒေများနှင့်မလုံလောက်တော့ပါ။ မျိုးချစ်စိတ်ကင်းမဲ့သည့်မြန်မာ မိန်းကလေးများ စည်းမဲ့ကမ်းမဲ့ဘာသာခြားများကို လက်ထပ်ယူပြီးမိမိတို့ကိုးကွယ်သည့် ဗုဒ္ဓ ဘာသာကိုစွန့်၍ ၎င်းယူသည့်လင်ယောက်ျား ၏ ဘာသာကိုကူးပြောင်းသွားကြပါသည်။ ထိုထိုမိန်းကလေးများသည် အခါကြီးရက် ကြီးများ၌မိမိ၏မိဘ၊ ဆရာသမားများအား ပြန်လည်ကန်တော့ခွင့်တောင်မရှိတော့ပါ။ ထိုဘာသာခြားနှင့်အိမ်ထောင်ရေးပဋိပက်္ခ ဖြစ်လျှင် မိန်းကလေးဘက်ကထိခိုက်နစ် နာမှုတွေရှိလာတော့မှ သက်ဆိုင်ရာသို့ တိုင်ကြ၊ တောကြဖြေရှင်းကြရပါသည်။

ဘုရားရှင်လက်ထက်က သာဓက တစ်ခုရှိပါသည်။ ပသနဒီကောသလမင်း သည် ဘုရားရှင်ကိုကြည်ညိုလွန်းသဖြင့် ဘုရားနှင့်ဆွေမျိုးတော်စပ်လိုခြင်းကြောင့် သာကီဝင်မင်းမျိုးထံမှ သမီးကညာ တောင်းရာ အမျိုးပျက်မည်စိုးသဖြင့် သာကီဝင်မင်းမျိုးထဲမှ ကျွန်မနှင့်သင့်သော မိန်းကလေးကိုပေးလိုက်ပါသည်။ ဘာသာ တူသော်လည်းအမျိုးပျက်မည်စိုးသဖြင့် အမျိုးကို အထူးစောင့်ရှောက်ကြောင်း ဗုဒ္ဓ ဘာသာဝင်တိုင်းသိကြလိမ့်မည်ဖြစ်ပါသည်။

အမျိုးဘာသာ သာသနာကိုအထူး စောင့်ရှောက်သောမင်းတစ်ပါးရှိခဲ့ပါသည်။ ထိုမင်းမှာ ပုဂံခေတ်ကကျန်စစ်သားမင်း ဖြစ်ပါသည်။ ထိုသမိုင်းကိုပြန်လည်သုံးသပ် ကြည့်မည်ဆိုလျှင် အေဒီ ၁၀၄၄ ခုနှစ်တွင် အနော်ရထာမင်းနန်းတက်ချိန် သုဝဏ္ဏ ဘုမိ္မခေါ် သထုံတွင်လည်းမနူဟာမင်း နန်းတက်ချိန်နှင့်ခေတ်ပြိုင်ဖြစ်ပါသည်။ သထုံမြို့သည်ပင် လယ်ဆိပ်ကမ်းမြို့ဖြစ် သည်။ တစ်နေ့သထုံကမ်းခြေသို့သင်္ဘော ပျက်သဖြင့် ဗျတ်ကြီးကိုဖက်တွယ်ပြီးပင်လယ် ဘက်မှမျောလာသော အနောက်မဇိ္ဇျမမှ ကလေးငယ်နှစ်ယောက်ကိုသထုံဆရာတော် သည် ဗုဒ္ဓဘာသာဘုန်းတော်ကြီးပီပီ မေတ္တာရှေ့ထားသနားကရုဏာသက်သဖြင့် မိမိကျောင်း သို့ခေါ်၍ကျွေးမွေးစောင့်ရှောက် ပြီး ဗျတ်ဝိ၊ ဗျတ္တ ဟုခေါ်တွင်စေခဲ့ပါသည်။

တစ်နေ့တွင် သထုံဆရာတော်သည် တောထဲသို့ကြွစဉ်ဇော်ဂျီဖိုဝင်သားကိုတွေ့ ရှိရာ အစွမ်းထက်မှန်းသိသဖြင့်မိမိ၏ ကျောင်းသို့ယူဆောင်လာ၍ကျက်သရေခန်း ထဲတွင် လုံခြုံစွာထားပြီး သထုံဘုရင်ထံသို့ အကျိုးအကြောင်းမိန့်ကြားရန်ကြွသွားစဉ် ကျောင်းမှာကျန်ရစ်ခဲ့သော ဗျတ်ဝိ၊ ဗျတ်္တ ညီအစ်ကိုနှစ်ယောက်သည်ကျက်သရေခန်း ဖျက်ဆီး၍ ဇော်ဂျီသားကိုခိုးစားပြီး အားအင်ပြည့်ဖြိုးကာ အစွမ်းများထက်  လာသဖြင့် အကျင့်ယုတ်သည့်လူမျိုးပီပီ ဘုရားရုပ်ပွားတော်များကို ဖျက်ဆီးပြီး ကျောင်းကိုဇောက်ထိုးလုပ်လိုက်ပါတော့ သည်။ အရိပ်နေနေ၊ အခက်ချိုးပြီး ကျေးဇူးတရားနားမလည် သူများပီပီ အမျိုးဘာသာသာသနာကိုစော်ကား ခြင်းသည် ထိုခေတ်အခါကတည်းက ရှိခဲ့ကြောင်း သတိပြုသင့်ပါသည်။

ထို့နောက် သထုံဘုရင်မှအကျိုး အကြောင်းကိုသိ၍ အမျိုးယုတ် နှစ်ကောင်ကိုဖမ်းရာအကြီးကောင်ဗျတ်ဝိ ကိုသာမိသဖြင့် လည်မျိုကိုတုတ်နှင့်ရိုက်ပြီး ကွပ်မျက်လိုက်ရာ အငယ်ကောင်ဗျတ္တမှာ သထုံမှထွက်ပြေးပြီး ပုဂံဘုရင်အနော် ရထားမင်းထံဒုက္ခသည်အဖြစ်သနားစဖွယ် ပြောကာ ခိုလှုံခစားခွင့်တောင်းရာ အနော်ရထာဘုရင်မှလည်းသနားသဖြင့် သားအဖြစ်သတ်မှတ်၍ခိုလှုံခွင့်ပြုလိုက် ပါသည်။ ထိုလူမျိုးခြားအငယ်ကောင် ဗျတ္တမှာ လူမျိုးကွဲဘာသာကွဲဖြစ်သော ကြောင့် မိမိအနားတွင်ခစားခွင့်မပြုဘဲ ရာဇပရိယာယ်ဖြင့် ပုပ္ပါးနှင့်ပုဂံကိုနေ့စဉ် ပန်းဆက်ရသည့် ပန်းတော်ဆက်တာဝန် ပေးလိုက်ပါသည်။

သို့သော်ထိုလူမျိုးခြားဗျတ္တမှာပုပ္ပါးသူ ပန်းရောင်းစားသည့်မယ်ဝဏ္ဏနှင့်ညားပြီး ကလေးနှစ်ယောက် ရရှိချိန်မှာပန်းတော် ဆက်တာဝန်ပျက်ကွက်မှုဖြင့် သားတော် ကြီးကျန်စစ်သားအား ရွှေဖော့ရိုးဖြင့်ဆုံးမ ခိုင်းလိုက်ရာ ရာဇပရိယာယ်နားလည်သည့် ကျန်စစ်သားကဗျတ္တအားလည်မျိုကိုတုတ်ဖြင့် ရိုက်သတ်လိုက်ပါတော့သည်။ လင် ယောက်ျားရာဇ၀တ်သင့်ကြောင်းကြားသိ သဖြင့် ပုပ္ပါးသူမယ်ဝဏ္ဏသည်ကလေး နှစ်ယောက်ကိုခေါ်ပြီး ပုဂံသို့လိုက်လာရာ အနော်ရထာဘုရင်မှသိသဖြင့် သနားပြီး မြေးအဖြစ်သတ်မှတ်၍မွေးစားလိုက်ရာ ““ရွှေဖျဉ်းကြီး၊ ရွှေဖျဉ်းလေး”” ဟုခေါ်တွင်ခဲ့ ပါသည်။ ထိုရွှေဖျဉ်းညီနောင်မှာအရွယ် ရောက်လာချိန်တွင် ဘုရင့်မြေးတော်များ ဟု မာန်တက်ပြီး မည်သူ၏ဆိုဆုံးမမှုကိုမျှ မနာခံဘဲ အရက်သောက်၊ ထန်းရေ သောက်၊ ကြက်တိုက် မူးလာလျှင်သူများ သားပျို သမီးပျိုများနှင့်လင်ရှိမယားပါ မရှောင် အမျိုးယုတ်မျိုးဖျက်သမားပီပီ ဖျက်ဆီးပါတော့သည်။

တစ်နေ့ အနော်ရထာဘုရင်သည် ဂန္ဓာလရာဇ်တိုင်းမှစွယ်တော်ပင့်ပြီးပြန် လာရာ ဖောင်တော်ဦးစေတီတည်ရန် အတွက် မင်းမှုထမ်းများအားလုံးအုတ် တစ်ချပ်စီ ကုသိုလ်ပြုလုပ်အားပေးရမည်ဟု အမိန့်တော်မှတ်သဖြင့် မင်းမှုထမ်းအားလုံး လိုက်နာဆောင် ရွက်ကြသော်လည်း ရွှေဖျဉ်း ညီနောင်ကုလားနှစ်ကောင်မှာ ဘုရင့်အမိန့် ကိုမနာခံဘဲ၊ အရက်သောက်၊ ထန်းရေ သောက်၊ ကြက်တိုက်ခြင်းနှင့်လင်ရှိမယား မရွှေဥကိုကျူးလွန်၊ ကြံစည်ရန်ကြိုးစား နေခြင်းကြောင့် အုတ်နှစ်ချပ်လပ်ပြီး တာဝန် ပျက်ကွက်သဖြင့် အနော်ရထာဘုရင်မှ သားတော်ကျန် စစ်သားအားရွှေဖျဉ်းညီ နောင်ကို ရွှေဖော့ရိုးဖြင့်ဆုံးမခိုင်းလိုက်ရာ ရာဇပရိယာယ်ကို နားလည်သည့် ကျန်စစ် သားက အမျိုးဖျက်နှစ်ကောင်ကိုလည်မျို   ကိုတုတ်နှင့်ရိုက်၍အဆုံးစီရင်လိုက်ပါသည်။

သို့သော် ထိုမျိုးဖျက်အန္တရာယ်မှာ ဇာတ်မသိမ်းသေးပါ။ အနော်ရထာနတ် ရွာစံပြီး စောလူးမင်းနောက် တစ်ဆက် ကျန်စစ်သားမင်းနန်းတက်ရာ ကျန်စစ် သား၏သမီးတော်ရွှေအိမ်စည်ကိုအ၀တ် အထည်အလှကုန်ပစ္စည်းရောင်းသည့် ပရိက်္ခရားဆိုသည့်လူမျိုးခြားကစည်းရုံး   သိမ်းသွင်း၍ ရယူရန်ကြိုးစားသည်ကို ကျန်စစ်သားမှသိသဖြင့် သမီးတော် ရွှေအိမ်စည်ကို တူတော်စောယွန်းနှင့် လက်ထက်ထိန်းမြားပေးလိုက်ပါသည်။ ပရိက္ခရား၏အကြံအစည်မှာသေသေ ချာချာပြန်လည် သုံးသပ်ကြည့်မည်ဆိုလျှင် မြန်မာနိုင်ငံအတွက်အလွန်အန္တရာယ် ကြီးမားပါသည်။ ဘုရင့်သမီးတော်ကို ယူလျှင်ဘုရင်သားမက်ဖြစ်မည်။ ဘုရင် သားမက်ဖြစ်ပြီဆိုလျှင် ပုဂံထီးနန်းကို သိမ်းပိုက်ရန် သိပ်မခက်ခဲတော့ပါ။ ထို ပရိက်္ခရားသည်လည်း အခြေအနေ မကောင်းမှန်းသိသဖြင့် ထွက်ပြေးရာ ချောက်ထဲသို့ကျပြီး ၀ါးရုံတော၌ခေါင်း ညပ်၍မျိုးဖျက်မည့်ယုတ် ဇာတ်သိမ်းသွား ပါတော့သည်။

ထိုဖြစ်စဉ်သမိုင်းကိုပြန်လည်သုံးသပ် ကြည့်မည်ဆိုလျှင် ကျန်စစ်သားသည် ဉဏ်အမျှော် အမြင်ကြီးမားစွာဖြင့် တိုင်း ပြည်နှင့်အမျိုးကိုအထူးစောင့်ရှောက်ကြောင်း သိသာထင်ရှားလှပါသည်။ အကြောင်းအရာတစ်ခုကိုအခြေပြု၍ လူ့အခွင့်အရေးပေတံကြီးကို ကိုင်ပြီး အော်နေသူများ သမိုင်းကိုလေ့လာပါ။ အခြားဘာသာများကိုလည်းလေ့လာပါ။ မိမိသည်ဘာလူမျိုးလဲ၊ ဘာ ဘာသာ   ကိုးကွယ်သလဲဆိုတာပြန်လည်သုံးသပ် ပါဟု တိုက်တွန်းရေးသားသတိပေးရင်း သမိုင်းကပြောသည့် ကျန်စစ်သားမင်း၏ မျိုးစောင့်စိတ်ဓာတ်ကိုဖော်ပြ၍ မျိုးစောင့် ဥပဒေကိုကြိုဆိုထောက်ခံရေးသားလိုက်ရ ပါသည်။
မျိုးချစ်စိတ်ရှိသူတိုင်းနှင့်အမျိုးဘာသာ သာသနာကိုချစ်သူတိုင်း အသိတရားနှင့် သတိထားဆင်ခြင်နိုင်ကြပါစေ။

Read More
Posted by Unknown on Friday, November 8, 2013

From : ..YPI



မျိုးစောင့်ဥပဒေထွက်ပေါ်လာရေးအတွက် ထောက်ခံလက်မှတ်တစ်သန်းကို ယခုလထဲတွင် ပြည်သူ့လွှတ်တော် ဥပဒေ ကြမ်းကော်မတီသို့ ထပ်မံပေးပို့သွားမည်ဖြစ်ကြောင်း အဆိုပါဖြစ်မြောက်ရေးအတွက် ဦးဆောင်ဦးရွက်ပြုနေသော အမျိုးဘာ သာ၊ သာသနာထိန်းသိမ်းစောင့်ရှောက်အရေးအဖွဲ့ ရုံးအဖွဲ့မှူးဆရာတော် အရှင်စန္ဒာသီရိက မော်ကွန်းသို့ ပြောသည်။

အဆိုပါအဖွဲ့အနေဖြင့် မျိုးစောင့်ဥပဒေဖြစ်မြောက်အရေးအတွက် ထောက်ခံလက်မှတ်များကို ယခုနှစ် မတ်လကတည်းက ကောက်ခံစုစည်းလာရာ ယခင်လများက ပေးပို့ထားသော လက်မှတ်ပေါင်း သုံးသန်းနှင့် ယခုပေးပို့မည့် လက်မှတ်တစ်သန်းကို ပေါင်းလိုက်လျှင် ထောက်ခံလက်မှတ်ပေါင်း လေးသန်း အထိရှိခဲ့ပြီဖြစ်သည်။

မျိုးစောင့်ဥပဒေနှင့်ပတ်သက်ပြီး လူ့အခွင့်အရေးလှုပ်ရှားသူများ၊ အမျိုးသမီးများ၊ နိုင်ငံရေးပါတီများနှင့် လွှတ်တော် ကိုယ် စားလှယ်များအကြားတွင်လည်း သဘောထားကွဲလွဲမှုများရှိနေသော်လည်း အဆိုပါဥပဒေဖြစ်မြောက်ရေးအတွက်  ထောက် ခံလက်မှတ်များကောက်ခံရာတွင် NLD(အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)၊ NDF(အမျိုးသားဒီမိုကရေစီအင်အားစု)၊ ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ စသဖြင့် ပါတီအသီးသီးမှ ပါတီဝင်များကလည်း ကောက်ခံပေးမှုများရှိနေသည်ဟု ဆရာတော်က ယခုလိုပြောပါသည်။

“ပါတီအနေနဲ့ ကောက်ခံပြီးလာပေးတာကတော့ တောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီပဲရှိပါသေးတယ်။ ကျန်တာ တွေကတော့ ပါတီဝင်အနေနဲ့ ကောက်ကြတယ်။ ပါတီအနေနဲ့ပေးတာတော့ မဟုတ်ဘူး။ NLD ပါတီဝင်တွေလည်း ကောက် ခံပြီး လာပေးကြတာပဲ။ ပြည်ခိုင်ဖြိုးပါတီဝင်တွေလည်းလာပေးကြတာပဲ။NDFပါတီဝင်တွေလည်းကောက်ပြီးပေးကြပါတယ်”

မျိုးစောင့်ဥပဒေနှင့်ပတ်သက်ပြီး ပြည်သူ့လွှတ်တော်ကိုယ် စားလှယ်ဒေါ်လဲ့လဲ့ဝင်းဆွေကို သြဂုတ်လအတွင်းက မော်ကွန်းမဂ္ဂဇင်းမှမေးမြန်းရာ ၎င်းက “ဆရာတော်ကြီးတွေကိုလည်း အဲဒီဥပဒေရေးဆွဲပေးတဲ့အတွက်ကြောင့် စိတ်ထဲမှာ ကျေးဇူး တင်လျက်ရှိပါတယ်။(ကိုလိုနီခေတ်အပါအ၀င်) ခေတ်ကြီးသုံးခေတ်ကို ဖြတ်သန်းခဲ့ရတဲ့ မြန်မာအမျိုးသမီးတွေရဲ့ သုခနဲ့ဒုက္ခ များကို အခြေံခံပြီးပြော တာပါ”ဟု ဆိုခဲ့သည်။

မျိုးစောင့်ဥပဒေကို ကန့်ကွက်ဆန့်ကျင်နေသော သူများ၊ နိုင်ငံတော်အစိုးရအဖွဲ့၏ သက်ဆိုင်ရာတာဝန်ရှိသူများအားလုံးနှင့် လွှတ်တော်များမှ တာဝန်ရှိသူများအနေဖြင့် မျိုးစောင့်ဥပဒေပြဌာန်းခြင်းအားဖြင့် တကယ်ရရှိလာမည့် အကျိုးကျေးဇူး များကို အသေအချာလေ့လာစေချင်ကြောင်း အရှင်စန္ဒာသီရိက ဆိုပါသည်။            ။

.. www.MyanmarExpress.net

Read More


၉၆၉ လှုပ်ရှားမှုများသည် အစိုးရသာသနာရေးဝန်ကြီးဌာန အပါအဝင် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့တို့နှင့်  မသက်ဆိုင်ကြောင်း ဦးဝီရသူမှ ပြောကြားလိုက်ပါတယ်။  မြန်မာနိုင်ငံတွင်းရှိ သံဃာ ငါးသိန်း ကျော်အားလုံးက ၉၆၉ ကို ထောက်ခံကြောင်း ဦးဝီရသူက ဆိုပါတယ်။

၉၆၉ အမှတ်တံဆိပ်နဲ့ ၉၆၉ သံဃာကွန်ရက်တွေဟာ ဗုဒ္ဓဘုရားရှင်ရဲ့ အမှတ်အသားကို ကိုယ်စားမပြုသလို မဟန အဖွဲ့ချုပ်ရဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့ မညီဘူးလို့ နိုင်ငံတော် သံဃာ့မဟာနာယကအဖွဲ့၏ ဆုံးဖြတ်ချက်အပေါ် ဦးဝီရသူက အခုလို ဖြေရှင်းလိုက်တာပါ။ 

ဦးဝီရသူရဲ့ အခုလို ပွင့်လင်းမြင်သာ စွာ ပြောဆိုမှုကြောင့် အစိုးရ နှင့် ၉၆၉ စပ်ဆက်မှု ရှိကြောင်း အတိုက်အခံ အချို့ နဲ့ မီဒီယာ အချို့ရဲ့ စွပ်စွဲမှုကို သံသယ ရှင်းသွားခဲ့တဲ့ အပြင် ကုလားအရေးလှုပ်ရှားသူများအတွက် အစိုးရကို အပြစ်တင်ရန် အခက်တွေ့သွားကြကြောင်း သိရပါတယ်။ 

ဦးဝီရသူဟာ ၂၀၀၇ စက်တင်ဘာ အရေးအခင်းမှာ အစိုးရကို ဆန့်ကျင်ခဲ့တာကြောင့် မီဒီယာများ နဲ့ အတိုက်အခံ ဒီမိုကရေစီ အင်အားစုများကြာမှာ သူရဲကောင်း သံဃာတစ်ပါး ဖြစ်ခဲ့သော်လည်း ၂၀၁၂ ခုနှစ်မှာ အမျိုး နဲ့ သာသနာကို ကာကွယ်မှုကြောင့်  အဆိုပါ အတိုက်အခံ ဒီမိုကရေစီ အင်အားစုများ နဲ့ မီဒီယာများက အကြမ်းဖက်သမား အဖြစ် စွပ်စွဲခံထားရသူဖြစ်ပါတယ်။
 
From:Wira Thu

www.mmdailystar.com

Read More
Posted by Unknown on Tuesday, September 10, 2013
Related Posts Plugin for WordPress, Blogger...

Arakan Media Group

Popular Posts

Blog Archive