Showing posts with label အမျိုးသားရေး. Show all posts
Showing posts with label အမျိုးသားရေး. Show all posts

ရာနှင့်ချီသော ရာဇီဒီ အမျိုးသားများ မွတ်စလင်အဖြစ် ကူးပြောင်းခံယူ နေသည့် ၀ါဒဖြန့် ဗီဒီယိုတစ် ခုကို IS များက အွန်လိုင်းပေါ် လွှင့်တင်ခဲ့သည်။
yazidi
ဘာသာကူးပြောင်းနေသူ ရာဇီဒီများ။

ဆီးရီးယားနှင့် အီရတ်နိုင်ငံများတွင် နယ်မြေများ သိမ်းယူထားသည့် အစ္စလမ်မစ် စစ်သွေးကြွ အဖွဲ့ IS နှင့် အီရတ်ရှိ ကာ့ဒ်တပ်များ တိုက်ပွဲဖြစ်ပွား နေကြရာ လူနည်းစု ဖြစ်သော ရာဇီဒီ လူမျိုးများ အနေဖြင့် ထွက်ပြေး တိမ်းရှောင်နေရပြီး စစ်သွေးကြွများ၏ ဖမ်းဆီးသတ်ဖြတ်ခြင်း ကိုလည်း ခံနေရသည်။ ရာဇီဒီများကို ဘာသာ ကူးပြောင်းခြင်းနှင့် သေခြင်း နည်းလမ်း နှစ်ခုအနက် ကြိုက် သည့် လမ်းကို ရွေးချယ်ရန် IS များက လူသိရှင်ကြား ခြိမ်းခြောက် ထားခဲ့ပြီး ယခု ဘာသာ ကူးပြောင်း ခဲ့သူများမှာလည်း IS တို့၏ သတ်ဖြတ်ခြင်း မခံရစေရန် ဘာသာ ကူးပြောင်း  ခြင်း ဖြစ်ကြောင်း ဒေးလီးမေးလ်က ဖော်ပြခဲ့သည်။

ယင်းကဲ့သို့ ဘာသာ ကူးပြောင်းခြင်း ပြုလုပ် နေစဉ်တွင် IS အဖွဲ့မှ အစွန်းရောက် တစ်ဦးက “ခင်ဗျားတို့ အခု လမ်းခုလပ်ကို ရောက်နေပြီ။ ဒီကူးပြောင်းခြင်း အစီအစဉ် ပြီးရင် ခင်ဗျားတို့ဟာ မွတ်ဆလင်တွေ ဖြစ်လာ မယ်။ ပြီးတော့ အခွင့်အရေးတွေလည်း ရလာမယ်။ နောက်က လိုက်ဆိုကြပါ”ဟု ယင်းဗီဒီယိုထဲတွင် ပြောခဲ့ သည်။

shake
ဘာသာကူးပြောင်းပြီးသူ ရာဇီဒီများကို IS များက နှုတ်ဆက်နေစဉ်။

ဆင်ဂျာတောင်တန်းများ အပေါ်တွင် နေထိုင်ကြသော လူနည်းစု ရာဇီဒီများသည် အီရတ် စစ်ပွဲအတွင်း ပိတ် မိနေခဲ့ပြီး အမေရိကန်က ၎င်းတို့ကို အစားအသောက်များ လေကြောင်းမှ တစ်ဆင့် ထောက်ပံ့ပေးနေခဲ့ သည်။ ရာဇီဒီ လူမျိုးစုများနှင့် မိန်းမများနှင့် ကလေးများကိုလည်း IS တို့က မကြာခဏ ဖမ်းဆီးခေါ်ဆောင် သွားလေ့ရှိပြီး ကျေးရွာများသို့လည်း ဘာသာကူးပြောင်းရန် ဖိအားပေးမှုများ ပြုလုပ်လေ့ ရှိသည်။ ယခင်က ဘာသာ ကူးပြောင်းရန် ငြင်းဆန်ခဲ့သူ ရာဇီဒီများကို IS များက ရက်ရက်စက်စက် သတ်ဖြတ်ပစ်ခဲ့ ဖူးသည်။

Ref: Daily Mail
Mizzima - News in Burmese
You might also like:

Read More

ရာနှင့်ချီသော ရာဇီဒီ အမျိုးသားများ မွတ်စလင်အဖြစ် ကူးပြောင်းခံယူ နေသည့် ၀ါဒဖြန့် ဗီဒီယိုတစ် ခုကို IS များက အွန်လိုင်းပေါ် လွှင့်တင်ခဲ့သည်။
yazidi
ဘာသာကူးပြောင်းနေသူ ရာဇီဒီများ။

ဆီးရီးယားနှင့် အီရတ်နိုင်ငံများတွင် နယ်မြေများ သိမ်းယူထားသည့် အစ္စလမ်မစ် စစ်သွေးကြွ အဖွဲ့ IS နှင့် အီရတ်ရှိ ကာ့ဒ်တပ်များ တိုက်ပွဲဖြစ်ပွား နေကြရာ လူနည်းစု ဖြစ်သော ရာဇီဒီ လူမျိုးများ အနေဖြင့် ထွက်ပြေး တိမ်းရှောင်နေရပြီး စစ်သွေးကြွများ၏ ဖမ်းဆီးသတ်ဖြတ်ခြင်း ကိုလည်း ခံနေရသည်။ ရာဇီဒီများကို ဘာသာ ကူးပြောင်းခြင်းနှင့် သေခြင်း နည်းလမ်း နှစ်ခုအနက် ကြိုက် သည့် လမ်းကို ရွေးချယ်ရန် IS များက လူသိရှင်ကြား ခြိမ်းခြောက် ထားခဲ့ပြီး ယခု ဘာသာ ကူးပြောင်း ခဲ့သူများမှာလည်း IS တို့၏ သတ်ဖြတ်ခြင်း မခံရစေရန် ဘာသာ ကူးပြောင်း  ခြင်း ဖြစ်ကြောင်း ဒေးလီးမေးလ်က ဖော်ပြခဲ့သည်။

ယင်းကဲ့သို့ ဘာသာ ကူးပြောင်းခြင်း ပြုလုပ် နေစဉ်တွင် IS အဖွဲ့မှ အစွန်းရောက် တစ်ဦးက “ခင်ဗျားတို့ အခု လမ်းခုလပ်ကို ရောက်နေပြီ။ ဒီကူးပြောင်းခြင်း အစီအစဉ် ပြီးရင် ခင်ဗျားတို့ဟာ မွတ်ဆလင်တွေ ဖြစ်လာ မယ်။ ပြီးတော့ အခွင့်အရေးတွေလည်း ရလာမယ်။ နောက်က လိုက်ဆိုကြပါ”ဟု ယင်းဗီဒီယိုထဲတွင် ပြောခဲ့ သည်။

shake
ဘာသာကူးပြောင်းပြီးသူ ရာဇီဒီများကို IS များက နှုတ်ဆက်နေစဉ်။

ဆင်ဂျာတောင်တန်းများ အပေါ်တွင် နေထိုင်ကြသော လူနည်းစု ရာဇီဒီများသည် အီရတ် စစ်ပွဲအတွင်း ပိတ် မိနေခဲ့ပြီး အမေရိကန်က ၎င်းတို့ကို အစားအသောက်များ လေကြောင်းမှ တစ်ဆင့် ထောက်ပံ့ပေးနေခဲ့ သည်။ ရာဇီဒီ လူမျိုးစုများနှင့် မိန်းမများနှင့် ကလေးများကိုလည်း IS တို့က မကြာခဏ ဖမ်းဆီးခေါ်ဆောင် သွားလေ့ရှိပြီး ကျေးရွာများသို့လည်း ဘာသာကူးပြောင်းရန် ဖိအားပေးမှုများ ပြုလုပ်လေ့ ရှိသည်။ ယခင်က ဘာသာ ကူးပြောင်းရန် ငြင်းဆန်ခဲ့သူ ရာဇီဒီများကို IS များက ရက်ရက်စက်စက် သတ်ဖြတ်ပစ်ခဲ့ ဖူးသည်။

Ref: Daily Mail
Mizzima - News in Burmese

Read More

Mg-Aye-Sai(နိရဉ္စရာ- ၁၂ သြဂုတ် ၂၀၁၄) / မောင်အေးမေးမြန်းတင်ပြသည်။
လာမယ့်သြဂုတ်လ ၁၃ ရက်နေ့ဆိုရင် ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ဆန်ရရှိဖို့အတွက် အစိုးရကို ဆန္ဒပြ တောင်းဆိုတဲ့အတွက် စစ်တပ်ကပစ်ခတ်လို့ လူရာနဲ့ချီ သေဆုံးခဲ့ရတဲ့ (၄၇) နှစ်ပြည့်တဲ့ နေ့ ဖြစ် ပါတယ်။  အဲဒီနေ့က စစ်တွေမြို့မှာ ဘာတွေဖြစ်ခဲ့သလဲ ဆိုတာကို သိရအောင် ဆန္ဒပြပွဲမှာ ကိုယ်တိုင်ပါဝင်ခဲ့ပြီး အခုလက်ရှိ ဘင်္ဂလာဒေ့ခ်ျနိုင်ငံ ကော့စ်ဘာဇားမြို့မှာ နေထိုင်လျှက်ရှိတဲ့ ဦးမောင်အေးချမ်းကို မေးကြည့် တဲ့အခါ သူကအခုလို စပြောပါတယ်။
-(ချမ်း) ၁၉၆၇ သြဂုတ်လ ၁၂ ရက်နေ့ကတည်းက စပါတယ်။ စစ်တွေမြို့မှာ ဆန်သိပ် ရှားပါးလာတဲ့အတွက် အစိုးရဆီက ဆန်ထုတ်ပေးဖို့တောင်းဆိုပေမဲ့ အစိုးရက လုံလုံလောက်လောက် ထုတ်မပေးဘူး။ စစ်တွေမြို့ မြူနီစပါယ်ရုံးမှာ ဌာနပေါင်းစုံအစည်းအဝေး လုပ်တဲ့အခါ ဆန်ကို ပြုတ်ဆန် ပေးရင်ရတယ်။ တနေ့ကို တစ်ဗူးပေးရင်ရတယ်။ မနက်ဗူးခွဲ ညဗူးခွဲပေးရင် ရတယ်လို့ လူကြီးတွေက တင်ပြကြတယ်။ အဲဒီသတင်းလူထုဆီကို ပေါက်ကြားလာတဲ့အခါ လူတွေ မခံမရပ်နိုင် ဖြစ်လာတယ်။ ဒီလောက်ဆန်ပေါများနေရက်သားနဲ့ ဘာကြောင့်ငါတို့ ဆန်ကို လုံလုံလောက်လောက် မရတာလည်းဆိုပြီး ပေါက်ကွဲ လာကြတယ်။ သြဂုတ်လ ၁၂ ရက်နေ့မှာ နိုင်ငံခြားကို ဆန်တင်ပို့နေတဲ့ အုန်းတပင်ရွာ နောက်  ဆတ်ရိုးကျ ချောင်းဘေးက ဆန်ဂိုဒေါင်ကို  လူအုပ်တစ်ခုက သွားပြီးလုကြတယ်။ အဲဒီဂိတ်မှာ ရဲသား ၄ယောက်ရှိ တယ်။ သူတို့ကလည်း လူထု အုံကြွမှုများလာတဲ့ အတွက် တားဆီးမှုမရှိခဲ့ဘူး။ ယူကြဆိုပြီး လက်ပြ အားပေးနေတာကို တွေ့ရ ပါတယ်။ အဲဒီအချိန်မှာ နိုင်ငံခြား သင်္ဘောတွေကို ဆန်သွားပို့တဲ့ တုံကင်း လှေပေါ်မှာ ဆန်တွေ တင်နေတဲ့ အတွက် အလွယ်တကူရနိုင်တယ်ဆိုပြီး လူကြီး၊လူငယ် မိန်းမတွေပါ မကျန်သွားပြီး လုကြတယ်။ ယူကြတယ်။
တချို့ ဆန်အိပ်တွေနဲ့ရေထဲကို ကျသွားတာကိုလည်း မြင်ခဲ့ရပါတယ်။ အဲဒီလိုဆန်ကိုယူလို့ပြီးရင် ညနေပိုင်းမှာ လူငယ်တချို့က လမ်းမတော်မှာ အစည်းအဝေးတခုလုပ်တာကို ကျွန်တော်ကိုယ်တိုင် တွေ့ခဲ့ရ ပါတယ်။ အဲဒီမှာ မောင်အေးသိန်းဆိုသူတစ်ယောက်က ခေါင်းဆောင်ပါတယ်။ သူတို့က ဘာပြောလည်းဆိုရင် ဒီလောက်ရခိုင်ပြည်မှာ ဆန်ပေါပါလျှက် ဆန်တစ်ဗူးဆိုရင် စားရတယ်လို့ တင်ပြ တဲ့ လူကြီးတွေကို ဒေါသထွက်ပြီး အဲဒီနေ့ညနေက တင်ပြခဲ့သြူ ဖစ်တဲ့ စစ်တွေမြို့ ညဈေးရပ်ကွက်၊ (မြ) ရုပ်ရှင်ရုံး အနီးက ဦးမောင်ဦးကျော်အိမ်သွားပြီး ခဲ့နဲ့ ပေါက်ကြပါတယ်။ အဲဒီအချိန်မှာ လူပေါင်း ၁၀၀ ခန့််ရှိပါတယ်။
အဲဒီအိမ်နောက်က ရူပရွာလမ်းဆုံကို ကြွေးကြော်သံတွေနဲ့ ကြွေးကြော်ပြီး ထွက်ကြတဲ့အခါ ဗိုလ်ချုပ်စောဖြူဦး ဆောင်တဲ့ စစ်ကား ၃ စီးခန့်ကိုတွေ့ပါတယ်။ အဲဒီမှာ ဗိုလ်ချုပ်စောဖြူက ဆန်ပြဿနာကို ရှင်းပေးမယ်။ ဒီကိစ္စကို ငါတာဝန်ယူတယ်။ ဖြေရှင်း ပေးမယ်။ မင်းတို့လူစုခွဲပြီး အိမ်ပြန်ကြလို့ပြောတယ်။ အဲဒီကနေ ကျွန်တော်တို့လူစုခွဲပြီးအပြန် လမ်းမှာ လူငယ်တွေ  ပြောကြတာက မနက်ဖန်ဆန္ဒပြမယ်။ ပြည်လုံးချမ်းသာ ဘုရားကြီးမှာ လူစုမယ်လို့ပြောပြီး သတ်မှတ် ထားခဲ့ကြတယ်။
နောက်တနေ့ မနက်ပိုင်း သြဂုတ်လ ၁၃ ရက်နေ့မှာ ကျွန်တော်တို့ ဘုရာကြီးကိုသွားတယ်။ အဲဒီမှာ လူငယ် ၃၀ ခန့်စုမိတယ်။ လူငယ်တချို့မှာ ဆိုင်းဘုတ်တခုပါလာတယ်။ အဲဒီဆိုင်းဘုတ်မှာ ဘာရေးထားလဲ ဆိုရင် (ဆန်ပြဿ နာဖြေရှင်းပေး၊ အရေးတော်ပုံအောင်ရမည်။) ဆိုပြီး ရေးထားပါတယ်။ အဲဒီကနေ ကျွန်တော်တို့ စီ တန်းပြီး ဆန္ဒပြဖို့ ထွက်ကြတယ်။ ပထမ ထွက်တဲ့အခါ လူကအနည်းပါတယ်။ အားလုံး ၃၀ ခန့်ရှိ တယ်။ အဲဒီနေ့က လပြည့်နေ့ ဖြစ်တဲ့ အတွက် ဥပုသ်သည်တွေလည်း သီးတင်းသုံးနေရာက ပူးပေါင်း လာကြပါတယ်။ လူငယ်တွေက ပါလာတဲ့ ပိုစတာကို ၀ါးနဲ့ချည်ပြီး လေထဲကို မြင့်တင်လိုက်ကြတယ်။ အဲဒီ ပိုစတာမှာ (ဆန်ပြသနာဖြေရှင်းပေး- အရေး တော်ပုံ အောင်ရမည်။ နေ၀င်းအစိုးရအလိုမရှိ။) ဆိုပြီး ကြွေးကြော်သံတွေနဲ့ ဒိုးဝန်းရွာဘက်က ပတ်ပြီး လမ်းတွေပေါ် ထွက်ခဲ့ကြပါတယ်။
အဲဒီကနေ မင်းဗာကြီးလမ်း၊ ကျေးပင်တန်းဘက်ကိုရောက်တဲ့အခါ နောက်ကို လှည့်ကြည့်ရင် လူအုပ် ဘယ်လောက် ရှည်သလဲဆိုတာ ခန့်မှန်းလို့မရတော့ဘူး။ လမ်းတလျှောက်လုံး လူတွေ အပြည့်ဘဲ။ အဲဒီလိုနဲ့ လှခိုင်ဆရာတော် ကျောင်းရှေ့ ကနေ ထောင်ရှေ့က ဖြတ်လို့ သွားကြပါတယ်။ လူငယ်တွေက ဆရာကြီး အေးကျော် လွတ်ပေးဆိုပြီး ထောင်ရှေ့မှာ  တောင်းဆိုတာတွေလည်း ကြားခဲ့ရပါတယ်။
အဲဒီကနေ ပလုတ်တောင် ရပ်ကွက်ကို ရောက်တဲ့အခါ လူတွေက ရေခွက်တွေ၊ ရေးအိုးတွေနဲ့ စောင့်နေကြပါ တယ်။ သူတို့က ဆန္ဒပြတဲ့သူတွေကို ရေလှူကြတာပါ။
အဲဒီလို ပြည်သူတွေပူးပေါင်းပါဝင်မှုနဲ့ မီးစက်လမ်းဆုံကနေ နာဇီရွာလမ်းကို ဆင်းပါတယ်။ နာဇီရွာကို အရောက်မှာ ကသဲရွာလမ်းဆုံ (မြ) ဆန်စက်ရှေ့မှာ သံဆူးကြိုးတွေကာပြီး စစ်ကားတွေနဲ့ စစ်တပ်က စောင့်နေတာကို တွေ့ရပါတယ်။
အဲဒီမှာ စစ်တပ်ကပြောတာက ခင်ဗျာတို့ကိုမြို့ထဲ အ၀င်မပေးတော့ဘူး။ ဒီမှာ ပုဒ်မ ၁၄၄ ထုတ် ထားတယ်လို့ပြောတယ်။ အဲဒီမှာ စစ်တပ်နဲ့ လူထုအခြေအတင် စကားများကြပါတယ်။ လူတွေ ကလည်း အတင်းထိုးဖောက်ပြီး ၀င်ဖို့ ကြိုးစားတဲ့ အခါ စစ်တပ်က သေနတ်နဲ့စပြီး ပစ်ပါ တော့တယ်။
အဲဒီမှာ သေတဲ့သူသေ၊ အနာရသူတွေတချို့လည်းရှိတယ်။ တချို့လည်း ဆတ်ရိုးကျချောင်းကို ခုန်ချ သွားကြတာကို တွေ့ရတယ်။ ချောင်းထဲမှာ ရေကူးနေတဲ့သူတွေကိုလည်း သေနတ်နဲ့ လှမ်းပစ် တာ တွေကိုလည်း တွေ့ခဲ့ရတယ်။
ဒဏ်ရာရသူတချို့ကို ကျွန်တော်တို့ဆေးရုံကိုပို့ခဲ့ပါသေးတယ်။ အဲဒီနောက် နောက်တနေ့ စစ်တွေမြို့ ကြေးနန်းရုံးရှေ့မှာ မဏ္ဍာပ်ထိုးပြီး အလောင်းတွေကို ပြထားတယ်။ သေတဲ့ အထဲမှာ ကျွန်တော်တို့နဲ့ ဆန္ဒအတူပြခဲ့တဲ့ ကျွန်တော်တို့မိတ်ဆွေ ကုလားချေ ဆိုသူတစ်ယောက်လည်းပါတယ်။ နောက် မခင်လှဆိုတဲ့ လမ်းသစ် လမ်းဆုံက အမျိုးသမီးလည်း ပါတယ်။ မခင်လှမှာတော့ ဆီးစမှာကျဉ်ထိပြီး သေသွားတာကိုလည်း တွေ့ခဲ့ ရပါတယ်။ အလောင်းက ၁၄ လောင်းပြထားတယ်။ အဲဒီအချိန်မှာ ကုလားချေ ဖခင်ဖြစ်သူ ရဲအ ရာရှိက သားအတွက် သေတမ်းစာဖတ်ရာမှာ “ ငါ့သားမင်းဟာ ရခိုင်ပြည်သူတွေ ၀မ်းဝဖို့၊ ရခိုင်ပြည် သူတွေအတွက် ဆန္ဒပြပြီး သေဆုံးသွားရတယ်။ မင်းအတွက် ငါဂုဏ်ယူတယ်။ ငါ့သား မင်း ကောင်းရာ သုဂတိ ရောက်ပါစေ”  လို့ သေတမ်းစာဖတ်တာကိုလည်း ၀မ်းနည်းစွာနဲ့ တွေ့ခဲ့ရပါတယ်။
အဲဒီ အလောင်းတွေကို သဂြိုလ်ဖို့ ကိုယ်ခံပညာအဖွဲ့ပေါင်းက တောင်းခဲ့တယ်။ စစ်တပ်က မပေးဘူး။ စစ်တပ်ကဘဲ ဦးဆောင်ပြီး သဂြိုလ်လိုက်ပါတယ်။ စစ်တွေမှာအားလုံး လူပေါင်း ၃၀၀ နီးပါး သေတယ် လို့ကြားရပါတယ်။ ထရပ်ကားတွေမှာ မသေသေးတဲ့သူတွေနဲ့ သေသူတွေကို ရောပြီးတင် ယူသွား တယ်။ ပြီးတော့ စစ်တွေမြို့ ပင်လယ်နားက အုန်းတောကြီးမှာ ကျင်းကြီးတွေတူး၊ ဓါတ်ဆီလောင်းပြီး မီးရှို့ အလောင်းတွေကို ဖျောက်ပစ်တယ်လို့လည်း နောက်မှ ကြားခဲ့ရပါတယ်။
(အခုလို ဆန်ပြဿနာနေ့မှာ သေဆုံးသွားရသူတွေအတွက် ဘယ်သူ့မှာ တာဝန်ရှိတယ်လို့ ထင်ပါသလဲ)
-(ချမ်း) ဗိုလ်ချုပ်နေ၀င်းက စစ်အုပ်ချုပ်ရေးနဲ့ အုပ်ချုပ်ပြီး ရခိုင်ပြည်က ထွက်သမျှ ဆန်၊ စပါးတွေကို နိုင်ငံခြားကိုရောင်းပြီး သူတို့အာဏာတည်မြဲဖို့အတွက်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို တိုက်ခိုက်ရာမှာ အသုံးပြုဖို့ လက်နက်ဝယ်ယူရေးကို အဓိက လုပ်နေတဲ့အတွက် ဒီလိုအဖြစ်မျိုး ပေါ်ပေါက်လာရတာဖြစ်တယ်။ ဒါကြောင့် ဗိုလ်ချုပ်နေ၀င်း ဦးဆောင်တဲ့အစိုးမှာ အဓိက တာ ၀န်ရှိပါတယ်။
(အခု အချိန်မှာလည်း ရခိုင်ပြည်သူတွေ ဆင်းရဲမွဲတည်မူ အပါအ၀င် ဘက်ပေါင်းစုံ အကျပ်အတည်းနဲ့ ရင်ဆိုင်နေကြရတယ်။ ဒါကြောင့် ဒီလိုအဖြစ်မျိုး နောက်ထပ်ဖြစ်ပေါ်လာနိုင်တယ်လို့ ထင်ပါလား)
-(ချမ်း) အခု အရပ်သားအစိုးရဆိုပြီး ကျေညာထားသလို တိုင်းပြည်အခြေအနေကို ပြောင်းလဲတိုးတက်နေတယ်လို့  သူတို့ ပြောနေတာတွေကို ကြားရပါတယ်။ ဒါပေမဲ့ ရခိုင်ပြည်နယ်ရဲ့ စီးပွါးရေးက ဘာမှမတိုးတက်လာသလို စက်ရုံ အလုပ်ရုံတွေဆိုတာလည်း မရှိဘဲ ဖြစ်နေတယ်။ ဒီစီးပွားရေး ဖွံ့ဖြိုးတိုးတက်မူကို ဦးစားပေးမလုပ်ရင် ရှေ့ဆက်ပြီး ဆန်ပြသနာ မဟုတ်ရင်တောင် တခြားအလုပ်လက်မဲ့ ပြသနာ၊ ဆင်းရဲမွဲမှုပြဿနာ အကျပ်အတည်းတွေနဲ့ ရင်ဆိုင် ရလိမ့်မယ်လို့ ထင်ပါတယ်။
( ဒီလို အဖြစ်ဆိုးမျိုး ရခိုင်ပြည်နယ်မှာ ထပ်ပြီးမဖြစ်လာရအောင် အာဏာပိုင်တွေဘက်က ဘာတွေလုပ် သင့်ပါလဲ)
-(ချမ်း) အရင် စစ်အစိုးရလက်ထက်က ဆန်စပါး ပေါများတဲ့ရခိုင်ပြည်မှာ ဒီလို ဆန်ပြဿ နာ ဖြစ်ခဲ့တာကို အာဏာပိုင်တွေ သင်ခန်းစာယူပြီး မိမိတို့အစိုးရလက်ထက်မှာ နောက်ထပ်မဖြစ်ရ အောင် ရခိုင်ပြည်နယ် တိုးတက်ရေး၊ ရခိုင်ပြည်နယ် လုံခြုံရေးတွေကို အာရုံစိုက်ပြီး လုပ်သင့်တယ်လို့ ကျွန်တော့်အနေနဲ့ တိုက်တွန်းလိုပါတယ်။
( ဖြစ်ပေါ်ခဲတဲ့ ဆန္ဒပြဿနာနေ့ကို ရခိုင်အမျိုးသားတွေအနေနဲ့ ဘယ်လို သင်ခန်းစာယူသင့်ပါသလဲ။)
-(ချမ်း) ၁၉၆၇ ခုနှစ် သြဂတ်လ ၁၃ ရက်နေ့မှာ ဆန်ပြသနာမျိုး နောက်ထပ်မဖြစ်ရအောင် ရခိုင်တွေအနေနဲ့ မျက်လုံးဖွင့် နားစွင့်ပြီး ကျွန်တော်တို့ရခိုင်တွေ ရသင့်ရထိုက် တာတွေကို တရား သောနည်းနဲ့ အာရုံစိုက်ပြီး အမှန်တရားဘက်က ရဲရဲရင့်ရင့် တိုက်ပွဲဝင်ကြပါလို့ ကျွန်တော့်အနေနဲ့ ပြောလိုပါတယ်။
 (ပြီး)

Read More

ဆော်ဒီအာရေးဘီးယား ဘုရင် Abdullah bin Abd al-Aziz Al Saud (Credit: Reuters) 
 ဆော်ဒီ အာရေး ဘီးယား ​အစိုးရ က ​ဆော်ဒီ အာရေး ဘီးယား နိုင်ငံသား တွေကို ​မြန်မာ နိုင်ငံက ​အမျိုးသမီး တွေနဲ့ ​လက်ထပ်ခွင့် ​ပိတ်ပင် လိုက်ပါတယ်။

မြန်မာ အမျိုးသမီး အပါအဝင်၊ ​ဘင်္ဂလားဒေ့ရှ်၊ ​ပါကစ္စတန်နဲ့ ​ချတ်တ် ​နိုင်ငံက ​အမျိုးသမီး တွေနဲ့ ​လက်ထပ် ထိမ်းမြားခွင့် ​ပိတ်ပင်လိုက်တာ ​ဖြစ်ပါတယ်။

အဲဒီ ​လေး ​နိုင် ​ငံက ​နိုင်ငံသား ​တွေဟာ ​ဆော်ဒီ ​အာရေး ​ဘီးယား ​နိုင်ငံမှာ ​လူဦးရေ ​၅၀၀၀၀ ​(ငါးသိန်း) ​ကျော်ရှိ ​သွားတဲ့ ​အတွက် ​လူဦးရေ ​ထပ်မပြန့် ​ပွားအောင် ​တားဆီးတာ ​ဖြစ်နိုင် ​တယ်လို့ ​ယူဆ ​နေကြပါတယ်။

ဒါ့အပြင် ​လက်ထပ် ​ထိမ်းမြားခြင်း ​ဥပဒေကို ​လည်း ​တင်းကြပ် ​လိုက်ပါတယ်။

နိုင်ငံခြားသူနဲ့ ​လက်ထပ် ​ထိမ်းမြား ​လိုတဲ့ ​အမျိုးသားဟာ ​အနည်းဆုံး ​အသက် ​၂၅ ​နှစ်ရှိရမှာဖြစ်ပြီး ​အကယ်လို့ ​လင်မယားကွဲသူတွေ ​ဖြစ်မယ် ​ဆိုရင် ​အနည်းဆုံး ​၆ ​လ ​စောင့်ပြီးမှ ​လက်ထပ် ​ထိမ်းမြား ​ခွင့် ​လျှောက်လွှာ ​တင်ရမယ်လို့ ​ပြောပါတယ်။

ဇနီးမယား ​ရှိနေတဲ့ကြားက ​နောက်တစ်ယောက်နဲ့ ​လက်ထပ်မယ်ဆိုရင် ​လက်ရှိ ​မယားမှာ ​ကင်ဆာရောဂါရှိကြောင်း၊ ​မသန်စွမ်းကြောင်း၊ ​ကလေး ​မမွေးနိုင်ကြောင်း ​သက်သေတွေ ​ပြရမယ်လို့ ​ဆိုပါတယ်။

ဆော်ဒီအာရေးဘီးယားနိုင်ငံရဲ့ ​အစ္စလာမ်မစ် ​ဥပဒေအရ ​အမျိုးသားတွေကို ​မိန်းမလေးယောက်အထိ ​လက်ထပ်ခွင့် ​ပြုထားပါတယ်။

ဆော်ဒီအာရေးဘီးယားနိုင်ငံမှာ ​လူဦးရေ ​၂၇ ​သန်းလောက်ရှိပြီး ​အဲဒီထဲက ​၃၀%ဟာ ​နိုင်ငံခြားသားတွေ ​ဖြစ်ကြပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese/2014-08-07/1353662

Read More

(နိရဉ္စရာ – ၁၀ သြဂုတ် ၂၀၁၄) / လင်းမြတ်
သံတွဲမြို့တွင် သြဂုတ်လ ၁၀ ရက်နေ့က ကျင်းပခဲ့သော နိုင်ငံတော် ဘာသာနေ့ အခမ်းအနား (ဓါတ်ပုံ- နိရဉ္စရာ/ နေဇော်)
သံတွဲမြို့တွင် သြဂုတ်လ ၁၀ ရက်နေ့က ကျင်းပခဲ့သော နိုင်ငံတော် ဘာသာနေ့ အခမ်းအနား (ဓါတ်ပုံ- နိရဉ္စရာ/ နေဇော်)
(၅၃) နှစ်မြောက် နိုင်ငံတော် ဘာသာနေ့ အထိမ်းအမှတ် အခမ်းအနားကို သံတွဲမြို့တွင် ယနေ့တွင် ကျင်းပခဲ့ရာ ဒေသခံ ပြည်သူ ငါးသောင်းကျော် ပါဝင် ဆင်နွှဲခဲ့သည်ဟု သတင်း ရရှိသည်။
ယင်းအထိမ်းအမှတ်နေ့သို့ သံဃာတော်ပေါင်း (၅၃၀) ပါး ကြွရောက်ခဲ့ပြီး လူပေါင်း ငါးသောင်းကျော် ပူးပေါင်းပါဝင်ခဲ့သည်ဟု သံတွဲမြို့ ပုလဲရတနာ ပရိယတ္တိစာသင်တိုက်ဆရာတော် ဦးဣန္ဒာစာရနှင့် မျက်မြင်များက နိရဉ္စရာသို့ ပြောသည်။
နိုင်ငံတော်ဘာသာနေ့ အထိမ်းအမှတ်အခမ်းအနားကို ဖေါ်ထုတ်ကျင်းပရခြင်း ရည်ရွယ်ချက်ကို ပုလဲရတနာ ဆရာတော်က ယခုလို မိန့်ကြားသည်။
“လိုအပ်မှုဆိုတဲ့ အချိန်တစ်ခုကို ရောက်လာပြီ။ အခုအချိန်မှာတော့ ဗုဒ္ဓဘာသာတွေက ဗုဒ္ဓဘာသာနေ့ကို သိထားမှ ဖြစ်တော့မယ်။ ဒါက နိုင်ငံတော်က တိတိကျကျ ခွင့်ပြုခဲ့တဲ့ ဗုဒ္ဓဘာသာနေ့ ဖြစ်တယ်။ ဒီလိုမှ မဆောင်ရွက်ကြဘူးဆိုရင် ပျောက်ကွယ်သွားရင် နောက်နောင် ပြန်လည်ဖော်ထုတ်ဖို့ ခက်လိမ့်မယ်။ ဗုဒ္ဓဘာသာတွေရဲ့ နှလုံးသားထဲမှာ ဒီနေ့ဟာ နိုင်ငံတော် ဗုဒ္ဓဘာသာနေ့ ဖြစ်တယ်လို့ သိထားဖို့ လိုတယ်။ ဒီအတွက် ကျင်းပခဲ့ကြတာဖြစ်တယ်” ဟု မိန့်သည်။
နိုင်ငံတော် ဘာသာနေ့ အခမ်းအနား အထိမ်းအမှတ်အဖြစ် ရဟန်တော်များကို ဒေသခံပြည်သူများက ဆွမ်းဆန်စိမ်းများ လောင်းလှူခဲ့ကြသည်ဟု သိရသည်။
အခမ်းအနားတွင် ကြွရောက်လာကြသော သံဃာတော်များကလည်း အန္တရာယ်ကင်း ပရိတ်တော်များကို ရွတ်ဆိုချီးမြှင့်ခဲ့ကြကြောင်း၊ ယနေ့သည် ဝါခေါင်လပြည့် မေတ္တာ အခါတော်နေ့ဖြစ်နေ၍ မေတ္တာသုတ် ပရိတ်တော်ကိုလည်း စုပေါင်း ရွတ်ဖတ်ပူဇော်ခဲ့ကြခြင်း ဖြစ်ကြောင်း ဆရာတော်က ဆက်လက် မိန့်ကြားသည်။
image-c3fd0378b70afd97da61eabf2bb92314274a320ce6924324b4372dc98425be8a-V
“ဒီနေ့က ဝါခေါင်လပြည့်နေ့ဆိုတော့ မေတ္တာအခါတော်နေ့လေ။ ဒါကြောင့် မေတ္တာသုတ် ပရိတ်တော်ကိုလည်းပဲ စုပေါင်းရွတ်ဆိုကြတယ်။ ပြီးတော့ ပွဲကို ရောက်လာတဲ့ လူတွေကို စည်းနဲ့ကမ်းနဲ့ နေကြဖို့၊ ပြောကြ ဆိုကြဖို့၊ ဘယ်ပြဿနာမှ မဖြစ်စေဖို့ ဝန်းရံပြီးတော့ ဆောင်ရွက်ကြတာပါ။ လုံခြုံရေးတွေကလည်း တင်းကျပ်စွာ တာဝန်ယူပေးပါတယ်” ဟု ဆရာတော်က မိန့်သည်။
အခမ်းအနားကို သံတွဲမြို့ရှိ လေးမျက်နှာကုန်းတော် ဓမ္မာရုံတွင် နေ့လည် (၁) နာရီအချိန်တွင် စတင် ကျင်းပခဲ့ပြီး ပရိတ်တရားတော်များနာကြား၍ အပြီးတွင် သံဃာတော်များက သံတွဲမြို့ စိတ္တသုခလမ်း၊ ရွှေဆံတော် ဘုရားလမ်း၊ တာဝတိံသာလမ်း၊ ဗိုလ်ချုပ်လမ်း၊ ရတနာလမ်း၊ ဘုရင့်နောင်လမ်း၊ မဟာမြိုင်လမ်းများသို့ ကြွရောက် ဆွမ်းဆန်စိမ်း အလှူခံခဲ့ကြပြီး ဗုဒ္ဓဘာသာဝင်များကလည်း ဆွမ်းဆန်များ၊ ဆီးမီးတိုင်၊ အမွှေးတိုင်များ အပါအဝင် လှူဖွယ်ဝတ္ထုများကို လှူဒါန်းခဲ့ကြသည်။
သံတွဲတွင် ဗုဒ္ဓဘာသာနေ့အထိမ်းအမှတ်အဖြစ် ဆွမ်းလောင်းလှူခြင်းမှာ ဒုတိယအကြိမ်ဖြစ်ပြီး ဤနေ့ကို ဗုဒ္ဓဘာသာဝင်များအနေဖြင့် မသိမဖြစ် သိထားရမည်ဟု ဆရာတော်က ဆက်လက် မိန့်ကြားသည်။

Read More

 မကြာသေးခင်က စတင်ရောင်းချခဲ့တဲ့ အော်ရီဒူး ဆင်းကတ်တွေကို ရေရှည်သုံးစွဲနိုင်ဖို့အတွက် မှတ်ပုံတင်ဖို့ လိုအပ်ပြီး မှတ်ပုံတင်ရာမှာ အဆင်မပြေမှုတွေ ရှိနေပါတယ်။

အော်ရီဒူးကုမ္ပဏီက ရောင်းချနေတဲ့ ဖုန်းဆင်းကတ်တွေကို သြဂုတ် ၁၄ ရက်နေ့အထိ မှတ်ပုံမတင်ဘူးဆိုရင် အလိုအလျောက် ပိတ်သွားဖို့ ရှိနေပါတယ်။

ဝယ်ယူသူရဲ့ မှတ်ပုံတင်နဲ့ ဆင်းကတ်ရဲ့ ဘားကုတ်ကို တွဲမှတ်တဲ့ စနစ်နဲ့ မှတ်ပုံတင်စာရင်းသွင်းတာဖြစ်ပြီး ရောင်းချတဲ့ ဆိုင်တွေက ဒါကို တာဝန်ယူလုပ်ဆောင်ပေးရမှာ ဖြစ်ပါတယ်။

ဒါပေမယ့် ဆင်းကတ်တွေကို မှတ်ပုံတင်ရာမှာ အခက်အခဲရှိနေပြီး ဒီနေ့အချိန်ထိ မှတ်ပုံမတင်ရသေးတဲ့ ဆင်းကတ် အများအပြားရှိနေပါသေးတယ်။

ဆင်းကတ်တွေ မှတ်ပုံတင်ဖို့အတွက် ကုမ္ပဏီက လိုအပ်တာတွေကို ထောက်ပံ့ထားတယ်လို့ ဖုန်းဆိုင်ပိုင်ရှင်တွေက ပြောပါတယ်။

ရန်ကုန်မြို့၊ ယုဇနပလာဇာမှာ ဖွင့်ထားတဲ့ ဖုန်းဆိုင် ပိုင်ရှင်တဦးက မှတ်ပုံတင်ရာမှာ ကြုံတွေ့ရတာကို အခုလို ပြောပါတယ်။

“ပထမကတော့ သူတို့ တိုက်ရိုက်ပေးထားတယ်။ အွန်လိုင်း register (မှတ်ပုံတင်) လုပ်ဖို့အတွက် ရုံးကို ပြန်ပို့နေရတယ်။ နောက်ပိုင်းတော့ အွန်လိုင်း register ပဲ ပြန်ချမယ်နဲ့တူပါတယ်။ လောလောဆယ်တော့ ရုံးကို ပြန်ပို့နေရတယ်။ မနေ့ကမှ စတယ်။ ရုံးကို ပို့လိုက်ပြီဆိုတော့ သူတို့ တာဝန်ဖြစ်သွားပြီ။ ၁၀ ကတ်လောက်ပဲလုပ်လိုက်တယ်။ နောက်ပိုင်း ၀င်လို့ မရတော့ဘူး။ ဆာဗာတွေ ဒေါင်းသွားလို့။ ကျနော်တယောက်တည်း ပြဿ နာ ဖြစ်နေတာမဟုတ်ဘူး။ ဆိုင် တော်တော်များများဖြစ်နေတော့ ရုံးကိုပြန်ပို့တဲ့အစီအစဉ်ပေါ့။ သူတို့လာကောက်သွားတယ်။”

ရန်ကုန်မြို့၊ ဆူးလေအနားက မိုဘိုင်းဖုန်းဆိုင် တာဝန်ရှိသူတဦးကတော့ ဆိုင်မှာရောင်းသမျှ ဆင်းကတ်တွေကို မှတ်ပုံတင်ပေးနေပြီး အင်တာနက်လိုင်း မကောင်းတာက အခက်အခဲ ရှိပါတယ်လို့ ပြောပါတယ်။

ဒါ့ပေမယ့် ဆင်းကတ် ၄၀၀ လောက်ကို မှတ်ပုံတင်ဖို့အတွက် အချိန် ၅ နာရီလောက် ပေးရတယ်လို့ သူက ဆက်ပြောပါတယ်။

အခုလို မှတ်ပုံတင်ရာမှာ အခက်အခဲကြုံတွေ့နေတာနဲ့ပတ်သက်ပြီး အော်ရီဒူး ကုမ္ပဏီရဲ့ လူမှုဆက်ဆံရေး အရာရှိ မသီရိကြာညိုက ဒီဗွီဘီကို အခုလို ပြောပါတယ်။

“မှတ်ပုံတင် လုပ်ဖို့ကလည်း အင်မတန်အရေးကြီးပါတယ်။ မှတ်ပုံလုပ်ပြီးမှလည်း ကိုယ့်ဖုန်းနဲ့ ကိုယ့်နာမည်နဲ့ ဖြစ်မှာပါ။ မှတ်ပုံတင်လုပ်တာလည်း အရမ်းလွယ်ပါတယ်။ ကျမတို့ရဲ့ အောရီဒူး ဆိုင်တွေမှာ သွားလုပ်လို့လည်း ရပါတယ်။ ပြည်တွင်းဖြစ်ထုတ်လုပ်ထားတဲ့ mobile application သုံးထားပါတယ်။ အဲဒီ mobile application နဲ့ပဲ သေသေချာချာ လုပ်ရပါတယ်။ အစ်မတို့တွေလည်း မှတ်ပုံတင်တာတွေ ကူလုပ်ပေးနေပါတယ်။”

ဝယ်ယူထားတဲ့ ဆင်းကတ်တွေ မှတ်ပုံတင်ပြီး မပြီး သိနိုင်ဖို့အတွက် ဆင်းကတ်ဘူးခွံမှာပါတဲ့ ၀န်ဆောင်မှုဌာနကို ဆက်သွယ်မေးမြန်းနိုင်မှာ ဖြစ်ပါတယ်။

အော်ရီဒူးကုမ္ပဏီက ဆင်းကတ်တွေကို သြဂုတ်လ ၂ ရက်နေ့မှာ တရားဝင် စရောင်းခဲ့ပြီး လိုသလောက်ရောင်းချသွားမယ်လို့ ကုမ္ပဏီတာဝန်ရှိသူတွေက ပြောပါတယ်။

By ပိုင်စိုး (ဒီဗွီဘီ)

Read More

........ 7Day


နိုင်ငံတကာအကူအညီ များအနေဖြင့် ဘင်္ဂါလီလူမျိုးများ ဘက်ကိုသာဦးတည်နေမည်ဆိုပါ က ဒေသခံရခိုင်တိုင်းရင်းသားများ နှင့်သဘောထားဆက်လက်ကွဲ ပြားနေမည်ဖြစ်ကြောင်း နိုင်ငံ တော်ဒုတိယသမ္မတဒေါက်တာ စိုင်းမောက်ခမ်းက ပြောကြား သည်။

သြဂုတ် ၈ ရက်က နေပြည်တော်တွင်ပြုလုပ်ခဲ့သော ရခိုင် ပြည်နယ်တည်ငြိမ်အေးချမ်းရေး နှင့် ဖွံ့ဖြိုးတိုးတက်မှုအကောင် အထည်ဖော်ရေးဗဟိုကော်မတီ အစည်းအဝေး၌ ယင်းကော် မတီဥက္ကဋ္ဌဒေါက်တာစိုင်းမောက် ခမ်းက အထက်ပါအတိုင်းထည့် သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ဘင်္ဂါလီကယ်ဆယ်ရေးစခန်းများသို့ နိုင်ငံတကာအလှူရှင်များ ၏ လူသားချင်းစာနာထောက်ထား မှုအကူအညီခေါင်းစဉ်ဖြင့်ပင် ထောက်ပံ့ပေးနေမည်ဆိုပါက၊ ဘင်္ဂါလီလူမျိုးများဘက်ကိုသာ ပိုမိုဦးတည်သွားပါက ဒေသခံ ရခိုင်လူမျိုးများနှင့် ဆက်လက် သဘောထားကွဲပြားနေမည်ဖြစ် ကြောင်း ဒေါက်တာစိုင်းမောက် ခမ်းကပြောကြားခဲ့သည်။

ကယ်ဆယ်ရေးစခန်းများ တွင် လူဦးရေတစ်သိန်းနှစ်သောင်း ကျော်ရှိပြီး ၎င်းတို့စားဝတ်နေရေး ကို မြန်မာနိုင်ငံတစ်နိုင်ငံတည်း အနေဖြင့် တာဝန်ယူရန်ခက်ခဲမည် ဖြစ်ကာ နိုင်ငံတကာအကူအညီ များဖြင့် ယာယီပံ့ပိုးပေးနိုင်သော် လည်း ရေရှည်တွင်သင့်လျော် သည့်အဖြေမဟုတ်ကြောင်း ဒု သမ္မတကဆက်လက်ပြောသည်။

လူသားချင်းစာနာမှုအကူ အညီများပေးအပ်နေသည်နှင့် တစ်ပြိုင်တည်း ရခိုင်ပြည်နယ်ဖွံ့ဖြိုး တိုးတက်ရေးနှင့် ရေရှည်တွင်နှစ် ဖက်လူ့အဖွဲ့အစည်း သဟဇာတ ဖြစ်လာစေရေးအထောက်အကူ ပြုလုပ်ငန်းများကို ဆောင်ရွက်ရ မည်ဖြစ်ကြောင်း ဒေါက်တာစိုင်း မောက်ခမ်းကထည့်သွင်းပြော ကြားသည်။

ရခိုင်ပြည်နယ်ပဋိပက္ခဖြစ် ပေါ်စေသည့်အခြေခံဇာစ်မြစ်တစ် ခုဖြစ်သော လက်ရှိဘင်္ဂါလီလူမျိုး များ တရားဝင်၊ မဝင်ခွဲခြားဖော်ပြ နိုင်ရန် ၁၉၈၂ ဥပဒေဖြင့် စိစစ် ခြင်းလုပ်ငန်းများကို မြေပုံမြို့နယ် တွင် ရှေးဦးစီမံချက်အဖြစ်ဆောင် ရွက်ခဲ့ပြီး ဘင်္ဂါလီလူမျိုး ၁၀၉၄ ဦးကို ပဏာမစိစစ်ပြီးစီးခဲ့ပြီး ဆက် လက်စိစစ်နေကြောင်း ၎င်းက ထည့်သွင်း ပြောကြားခဲ့သည်။

Read More

ဘင်္ဂါလီများ ကို ကျောက်ဖြူမှရန်ကုန်သို့တရား
မဝင်သယ်ဆောင်ရာတွင် ဖမ်းဆီး ခဲ့သည့်
ပဲပဒုံစစ်ဆေးရေးဂိတ်မှ ဝန်ထမ်းတချို့
အမည်မသိသူများ၏ ဖုန်းဖြင့်အသက်အန္တ
ရာယ်ခြိမ်းခြောက် မှုများပြုလုပ်ခံခဲ့ရကြောင်း


ရခိုင်ပြည် နယ်ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိရဲမှူး တစ်ဦးက ဒီမိုကရေစီတူဒေးသို့ ထုတ် ဖော်ပြောကြားလိုက်သည်။

ဇူလိုင်၂၃က ပဲပဒုံစစ်ဆေးရေး ဂိတ်ကို အမည်မသိအမျိုးသားတစ်ဦးက ဖုန်းလေးကြိမ်ခန့်ခေါ်ဆိုပြီး''မင်း တို့စစ်ဆေးရေးဂိတ်က ဝန်ထမ်းတွေ သတိထား။ သတ်ပစ်မယ်''ဟုဖုန်း ဖြင့်လေးကြိမ်ခန့် ခြိမ်းခြောက်ပြောဆို မှုများပြုလုပ်ခဲ့ကြောင်း၊ ယခုအခါခေါ် ဆိုသောဖုန်းနံပါတ်နေရာနှင့် ခေါ်ဆို သူကိုသိရှိစေရန် ရခိုင်ပြည်နယ်ရှိ ဆက်သွယ်ရေးစခန်းနှင့် ပူးပေါင်းကာ ဆောင်ရွက်နေကြောင်းသိရသည်။


ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှတာဝန် ရှိသူတစ်ဦးက''ဘင်္ဂါလီတွေတရား မဝင်သယ်ဆောင်လာတာကို ဖမ်းဆီး မိတဲ့အတွက် အခုလိုခြိမ်းခြောက်တာ ပါ။ ကျွန်တော်တို့မှာ အဲဒီလိုခြိမ်း ခြောက်မှုတွေနဲ့ပတ်သက်ပြီး တခြား သက်သေ အထောက်အထားတွေရှိ သေးတယ်။ ရဲလုပ်ငန်းအတိုင်းဖော် ထုတ်ဖို့ လုပ်ဆောင်နေပါတယ်''ဟု ပြောသည်။

ဘင်္ဂါလီများကိုတရားမဝင်တင် ဆောင်လာသည့် အငြိမ်းစားရဲမှူးကြီး၏ သားနှင့်သမီးတို့နှစ်ဦးကို အမ်းမြို့နယ်တွင် ဇွန်၂၇ရက်ကဖမ်းဆီး ရမိခဲ့ပြီး ဖမ်းဆီးရမိသူနှစ်ဦးမှာ ရဲ မှူးကြီးဦး....၏သမီးဖြစ်သူ နေ ပြည်တော်နေ မ ...နှင့် ဒရိုင် ဘာဦး....တို့ဖြစ်ပြီး ၄င်းတို့နှစ် ဦးသည် ကျောက်တော်မြို့နယ် အထက်ပိုက်သည်ရွာမှ ဘင်္ဂါလီကိုးဦး ကို ရန်ကုန်သို့ အခကြေးငွေယူ တင် ဆောင်လာခဲ့ရာမှ အမ်းမြို့နယ် ပဲပဒုံစစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးရ မိခဲ့ခြင်းဖြစ်ကြောင်း ယင်းက ဆက် လက်ပြောကြားသည်။

လူဝင်မှုကြီးကြပ်ရေးနှင့်အမျိုးသားမှတ်ပုံတင် ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်သန်းက ''ဖမ်း ဆီးရမိတဲ့ဘင်္ဂါလီတွေကို လဝက ဥပဒေအရ အပြစ်ပေးသွားမှာပါ'' ဟု ပြောသည်။
ယင်းကဲ့သို့ တရား မဝင် ဘင်္ဂါလီသယ်ဆောင်မှုများနှင့် ပတ်သက်ပြီး ဆက်စပ်သူများကို လည်း ထပ်မံစစ်ဆေးလျက်ရှိသည် ဟုသိရသည်။

အဆိုပါအမှုကို အမ်း ရဲစခန်းမှ(ပ)၃၂/၁၄ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ-၃၆၇အရ အမှုဖွင့်ကာ စစ်ဆေးနေကြောင်း သိရသည်။
KMZ
‪#‎Democracytoday‬

Read More

From : .. လေဒီအောင်အောင်

နိုင်ငံတစ်နိုင်ငံမှာ အရေးကြီးဆုံးကတော့ အချုပ်အခြာအာဏာလို့ မြင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အချုပ်အခြာ အာဏာမှမရှိရင် တိုင်းတစ်ပါးသားတွေ ဝင်ရောက်နှောက်ယှက်ဖျက်ဆီးနိုင်သလို ဓနအင်အားဖြင့်သော် လည်းကောင်း လက်နက်အင်အားဖြင့် သော်လည်းကောင်း ခြိမ်းခြောက်ပြီး အပြီးသတ်သိမ်းပိုက်နိုင်သည် အထိဖြစ်သွားနိုင်ပါတယ်။ အချုပ်အခြာအာဏာမရှိရင် အင်အားကြီးနိုင်ငံရဲ့ ဝါးမျိုတာခံရပါလိမ့်မယ်။ ဒါကြောင့် နိုင်ငံတစ်နိုင်ငံရဲ့ အချုပ်အခြာ အာဏာဟာ အင်မတန်မှ အရေးကြီးပါတယ်။ မြန်မာ့နိုင်ငံရေးလောကတွင် ထင်ရှားသော အတိုက်အခံ ပါတီတစ်ခုဖြစ် သည့် NLD ပါတီသည် ၂၀၁၄ခုနှစ်၊ မေလ (၂၇) ရက်နေ့မှ ဇူလိုင်လ (၁၉)ရက်နေ့အထိ ပုဒ်မ-၄၃၆ ပြင်ဆင်ရေး လက်မှတ် ကောက်ယူသည့် Capmpaign တစ်ခု ပြုလုပ်ခဲ့သည်ကို တွေ့ရမည်ဖြစ်သည်။

မူလအစကတော့ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးမဟုတ်ဘဲ ပုဒ်မ (၅၉) စ ပြင်ဆင်ရေးသာ ဖြစ်ပါတယ်။ ပုဒ်မ ၅၉ ဆိုသည်မှာ ရှင်းရှင်းပြောရသော် နိုင်ငံခြားသားများ သမ္မတဖြစ်ခွင့်ကို ကန့်သတ်ထားသည့် အမျိုးဘာသာ၊ သာသနာအတွက် အင်မ တန်မှ အရေးကြီးလှသော ပုဒ်မတစ်ခုဖြစ်ပါတယ်။ သို့သော် ထိုပုဒ်မကို ပြဌာန်းထား ခြင်းအားဖြင့်လည်း မည်သူ့ကိုမျှ ထိခိုက်မှာ မဟုတ်ပါဘူး။ သမ္မတဖြစ်ချင်သူနှင့်သာ သက်ဆိုင်နေပါတယ်။ ထိုကြောင့် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ သမ္မတ ဖြစ်နိုင်ခဲ့သည်ရှိသော် စဉ်းစားဖို့လိုပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ NLD ပါတီထဲမှာ မြန်မာလူမျိုတစ်ခုတည်း သီး သန့် မဟုတ်တဲ့အတွက်ကြောင့်ပါ။ ယခုအခါ NLD ပါတီ တွင်းတွင် မူဆလင်လူမျိုး မြို့နယ်တော်တော်များများမှာ နေရာ ယူထားကြတာကို တွေ့နေရလို့ပါပဲ။ ဒါကြောင့်မလို့ NLD ပါတီအနေနဲ့ အမှန်တကယ်ပြည်သူလူထုကို တိုးတက်စေချင် တယ်ဆိုရင် ပါတီတွင်း စီစစ်စေချင်ပါတယ်။ လက်ရှိကားမောင်းပေးနေသော ကားသမားမှစ၍ စီစစ်စေလိုပါတယ်။

မွတ်ဆလင်တစ်ဦးမှ ပိုင်ဆိုင်တဲ့ ခန်းမမှာ တွေ့ဆုံပွဲတွေ အစည်းအဝေး လုပ်နေတာကလည်း ပြည်သူတွေ အမြင်မှားနိုင်တဲ့ အချက်တစ်ချက်ပါပဲ။ ဒါဟာ NLD ပါတီ မွတ်ဆလင်များရဲ့ ထောက်ပံ့မှု ယူနေကြောင်း အမြင် လွှဲမှားနိုင်ပါတယ်။ သမ္မတ ဖြစ်သည် မဖြစ်သည်ထက် ပြည်သူတွေ အမှန်တကယ်လိုလားတဲ့ ဒီမိုကရေစီ နိုင်ငံတော်သစ်ကို တည်ဆောက်ရာမှာ လည်း တစ်ဖက်တစ်လှမ်းမှ ပါဝင်ကူညီဆောင်ရွက်နိုင်ပါတယ်။ သမ္မတဖြစ်မှ တိုင်းပြည်တိုးတက်အောင် လုပ်ဆောင်တာ ထက် သမ္မတနေရာမဟုတ်ပဲ တိုင်းပြည်တိုးတက် ကောင်းမွန်အောင် လုပ်ဆောင်ပေးလျှင် ပြည်သူလူထု အားလုံးပိုပြီး ဂုဏ်ယူ ဝမ်းသာပီတိရမှာဖြစ်ပါတယ်။

လက်ရှိအချိန်သည် လူမျိုးရေး ပြဿနာများလည်း မြို့နယ်များတွင် ဖြစ်ပွားနေတာကြောင့် မိမိ NLD ပါတီမှ မူဆလင် အကူအညီယူထားခြင်းမရှိကြောင်းကိုလည်း သက်သေပြနိုင်တဲ့ အခွင့်အရေး တစ်ခုဖြစ်ပါတယ်။ တိုင်းပြည် တည်ငြိမ် အေးချမ်းမှသာ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ နိုင်ငံတော်သစ်ဆီသို့ လျောက်လှမ်းနိုင်ပြီး ကမ္ဘာ့အလယ်မှာ တင့်တင့် တယ်တယ် နေထိုင်သွားနိုင်မှာဖြစ်ပါတယ်။ နှစ်ပေါင်းများစွာ စစ်အစိုးရ အုပ်ချုပ်မှု အောက်တွင် နေထိုင်လာသော ပြည်သူ များအတွက် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ရာထူးရေးထက် လူမျိုးရေး ကိုပိုပြီး လုပ်ဆောင်စေချင်ပါတယ်။ မတူကွဲပြား ဆက်ဆံသည်လို့မဆိုထား သို့ပေမယ့်လည်း မျိုးရိုးအဆက် ဆက် ဗုဒ္ဓဘာသာ စစ်စစ်များဖြစ်သည်နှင့် အညီ လူမျိုးခြားများ ပါတီတွင်း ဝင်ရောက်နေရာ ယူနေမှုများကို ပြည်လည်စီစစ်စေလိုပါတယ်။ ဒေါ်အောင်ဆန်းစုကြည် သမ္မတသမ်းတမ်း ၅ နှစ်အတွင်း လွှတ်တော်ထဲက အင်အားအများဆုံး NLD ပါတီဝင်များ စိတ်ကြိုက်ပြင်ဆင်အပြီး ၂၀၂၀ တွင် သမ္မတအရည် အချင်း ကန့်သက်ချက်မှာ မရှိသလောက် ဖြစ်သွားတာကြောင့် တရုတ်၊ ကုလား၊ မည်သူမဆို မြန်မာနိုင်ငံတွင် သမ္မတလုပ် ခွင့် ရတော့မည်ဖြစ်ပါတယ်။ လွှတ်လပ်ရေးရပြီး ၆၇ နှစ်အကြာ တိုင်းတပါးရဲ့ အုပ်ချုပ်မင်းလုပ်တာ ပြန်လည်ခံရတော့ မည်ဖြစ်ပါတယ်။
.. www.MyanmarExpress.net

Read More

ရခိုင်ပြည်သူ/သားမျာသည် မြန်မာနိုင်ငံ၏ အကြမ်းဘက်အခံရဆုံးသူများဖြစ်သည်။ မဟုတ်မမှန် အကြမ်းဘက်ခြင်း၊ ဗိုလ်လုခြင်း၊ ရခိုင်ပြည်ကို မူဆလင်ပြည်လုပ်လိုခြင်း၊ သို့တည်းမဟုတ် လူ့အခွင့်ရေးကိုဘမ်းပြ၍ လိမ်လည်လှည့်စားခြင်းများနှင့် သတင်းဌာနများ၏ဘက်လိုက်ခြင်းစသော ဆိုးကျိုးများကို အမြဲတမ်းခံနေကြရသည်။ ရခိုင်လူမျိုးများ၏ ထီးနန်းပျောက်ဆုံးခြင်းသည် နှစ်ပေါင်း ၂၂၇ ကျော်ပြီးဖြစ်သည်။ ထိုအချိန်မှစ၍ နဝတ၊ နအဖနှင့် လက်ရှိအထိ ရခိုင်လူမျိုး၏ ကံမ္မာသည်ကား ကြောက်စရာကောင်းသော အလားအလာကို ရင်ဆိုင်နေရဆဲဖြစ်သည်။ သို့သော်လည်း မြန်မာနိုင်ငံသား သတင်းဌာနများသည် ရခိုင်လူမျိုးဘက်မှ ငံ့ညာမှုမရှိဘဲ ငွေကိုစုံမက်ကာ နိုင်ငံတကာကို မျက်လှည်းပွဲအဖြစ် (ဘင်္ဂါဘီ မူဆလင်များကို) ရိုဟန်ဂျာဟု သတင်းအမည်တပ်ကာ မဟုတ်မမှန်ရေးသားတင်ပြနေခြင်းသည် ရခိုင်လူမျိုးကို မုန်းတီးနေခြင်းဖြစ်နိုင်သည့်ဟု သုံးသပ်မိသည်။
ဤသည်ပင်လျှင် ရခိုင်လူမျိုးများကို မုန်းတီးနာကျင်အောင် လုပ်နေခြင်းဖြစ်သည်။ မြန်မာနိုင်ငံတွင် ဗမာလူမျိုးများစတင်အုပ်ချုပ်စဉ်မှစ၍ လက်ရှိအချိန်ထိ မည်သည့်ဗမာခေါင်းဆောင်မျှ မကောင်းခဲ့သည်မှာ ထင်ရှားလျက်ရှိသည်။ မြန်မာနိုင်ငံတွင် နေထိုင်ကြသော အဖိနှိပ်ခံတိုင်းရင်းသားများ၏ အခွင့်ရေးကို ကြည့်မယ့်ကိုယ်စား အုပ်ချုပ်သူတိုင်း၏ တကိုယ်တကာယ ဗိုက်ပြည့်မှုကိုသာ ဦးစားပေးမှု့ကြောင်း ရခိုင်လူမျိုး၏ပြဿနာသည် နိုင်ငံတကာတွင် အဆိုးဝါးဆုံးအဖြစ် ကျရောက်ခြင်းဖြစ်သည်။ အစိုးရဝန်ထမ်းများအနေဖြင့် မည်သို့ပင် လာဒ်မစားဟုဆိုစေကာမှု အနောက်ဘက်မှ ဝင်လာသော မူဆလင်ကုလားများကို နိုင်ငံသားအဖြစ်ပေးခြင်း၊ ခိုးဝင်မှုများကို လာဒ်ယူ၍ နေထိုင်ခွင့်ပြုခြင်းများသည် ဒေါ်အောင်ဆန်းစိုးကြည် လုပ်နေသည့် တရားဥပဒေစိုးမိုးရေးကို စိန်ခေါ်နေခြင်းပင်ဖြစ်သည်။ ဒေါ်အောင်ဆန်းစိုးကြည် ကိုယ်တိုင်ကလည်း မူဆလင်များသာ အလေးအနက်အားပေးနေခြင်းကို တွေ့နေရသည်။
သူမအနေဖြင့် မည်မျှပင် တိုင်းရင်းသားများကိုချစ်ပါသည်ဟုဆိုစေ ဤပြယုဒ်သည် တိုင်းရင်သားများကို ဖိနှိပ်ချုပ်ရှည်နိုင်ရန် သို့တည်းမဟုတ် ရခိုင်တိုင်းရင်းသားများ၏ တိုးတက်လာရေးကို ပိတ်ပင်သောအားဖြင့် ရန်တိုက်နေခြင်းသာဖြစ်သည်ဟု သုံးသပ်မိပါသည်။ စာရေးသူသည် ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးတွင် ဒေါ်အောင်ဆန်းစိုးကြည် အိမ်ရှေ့ကိုသွား၍ ဆန္ဒပြပွဲတွင် ပါဝင်ခဲ့ဖူးသည်။ သူမကိုမြင်ရချိန်တွင် မျက်ရည်ကျမိခဲ့သည်။ သို့သော်လည်း သူမကို အားပေးခဲ့သော အားပေးမှုသည် အခုချိန်တွင် နာကြည်းမုန်းတီးစရာတခုအဖြစ်လာသည်။  သူမလုပ်နေသည့် တရားဥပဒေစိုးမိုးရေးသည် ဘာအတွက်လဲ မေးခွန်းများထုပ်စရာဖြစ်လာသည်။ ကျွန်တော်တို့မျှော်လင်းတောင်းတနေသည့် တရားဥပဒေစိုးမိုးရေး လုပ်ရပ်အဆင့်ဆင့်နှင့် တခြားစီ။
အခုချိန်တွင် မြန်မာနိုင်ငံ ၁၀၁၅ ရွေးကောက်ပွဲတွင် ဝင်ရောက်ချိန်ပြိုင်နိုင်ရန်ပါတီက အားတိုက်အားတိုက် ကြိုးစားနေသည်ကို မျက်ဝါထင်ထင်တွေ့မြင်နေရသည်။ သို့သော်လည်း ၂၀၁၅ ရွေးကောက်ပွဲမကျခင် လွတ်တော်မှလုပ်သင့်သော အရားများသည်ကား (၁၉၈၂) ခုနစ် နိင်ငံသားဥပဒေကို လက်တွေ့အကောင်အထည် ဖော်ဆောင်ခြင်းဖြစ်သည်။ (၁၉၈၂) နိင်ငံသားဥပဒေကို အကောင်ထည်ဖော်နိုင်ခဲ့ရင် နောက်လာမည့်ရွေးကောက်ပွဲအပြီးတွင် ယခုဖြစ်နေသည့်ပြဿနာမျိုး ဆက်လက်ဖြစ်နိုင်စရာအကြောင်းမရှိဟု စာရေးသူအနေဖြင့် သုံးသပ်မိသည်။ လွတ်တော်ထဲတွင်လည်း (၁၉၈၂)   ဥပဒေအရ နိုင်ငံသားမဟုတ်သူများလည်း ပါဝင်နေသည်ကို တွေ့မြင်နေရသည်။ သို့ဖြစ်ရပ်သည် အထင်တွင်ဖော်ပြခဲ့သည့်အတိုင်း ဗမာခေါင်း ဆောင်းများ၏ လုပ်နည်းလုပ်ဟန်အတိုင်း မိမိအားသာမှု့၊ အဖိနှိပ်ခံတိုင်းရင်းသားများကို နိုင်လိုမင်းထက်ပြုလိုမှု့၊ မိမိအာဏာရရှိမှု့ကို ဦးစားပေးခဲ့မှု့ကြောင်း မြန်မာနိုင်ငံတွင် ရိုဟန်ဂျာပြဿာကို ရင်ဆိုင်နေရဖြစ်သည်။
ရခိုင်လူမျိုး၏ လူမူရေး၊ ပညာရေး၊ ဘာသာရေးတိုးတက်လာမည့်အစား တရက်ထက်တရက် ဆုတ်ယုတ်ကာ ရုပ်ဆိုးအကျဉ်းတန်လွန်းသည်။ ရခိုင်ပြည်သည် သဘာဝသယံဇာတပေါကြည်ဝသောနေရာဖြစ်သည်။  သို့သော်လည်း ဒုတိယအဆင်းရဲဆုံး ပြည်နယ်ဖြစ်နေသည်မှာ နှစ်ပေါင်းများစွာရှိခဲ့ပြီး။ ထိုဆင်းရဲဒုက္ခသည် ရခိုင်ပြည်သူများကို လမ်းပန်းဆက်သွယ်ရေး မကောင်းခြင်း၊ ဆေးရုံဆေးခန်း မလုံလောက်ခြင်း၊ စီးပွါးရေးဖွံဖြိုးတိုးတက်ရန် စက်ရုံအလုပ်ရုံမရှိခြင်း၊ အစိုးရအဆက်ဆက်မှ ရခိုင်ပြည်သူများ၏ စီးပွါရေး၊ ကျန်မားရေး၊ ပညာရေး၊ လူမူရေးတို့ကို လျှစ်လျူရူထားခြင်း၊ အကျင့်ပျက် အစိုးရ၀န်ထမ်းအများစုတို့၏ ခိုးဝင်ဘင်္ဂလီများအား မတရား လာတ်ယူပြီး နိုင်ငံသားကဒ်ထုပ်ပေးခြင်းနေခြင်းကို တရားဥပဒေစိုးမိုးရေး တာဝန်ယူ လုပ်ဆောင်နေသည့် ဒေါ်အောင်ဆန်းစိုးကြည်ကလည်း မတုန်လှုပ်ထိုင်ကြည့်နေခြင်းဖြစ်သည်။ ဤ့လုပ်ရပ်သည် မြန်မာနိုင်ငံအတွင်း နေထိုင်ကြသော အဖိနှိပ်ခံတိုင်းရင်းသားများကိုဦးတည်ကာ မူဆလင်ပြဿနာများကြီးထွားလအောင် ဖန်တီးနေခြင်းသဘောဖြစ်သည်။ မြန်မာနိုင်ငံအတွင်း တရားမဝင်ခိုးဝင်လာသော အနာဂတ်ဘင်္ဂလီ မြန်မာနိုင်ငံပြဿနာရေးကို တွေးကြည့်မိတိုင်း ကြောက်နေရပြီး မြန်မာနိုင်ငံသည် နောင်နှစ်ပေါင်း (၃၀) လောက်ဆိုရင် မြန်မာနိုင်ငံတွင် ဘင်္ဂလီမူဆလင်များက(ရိုဟင်ဂျာ)အမည်ခံကာ စီးပွားရေး၊ လူမှု့ရေး၊ ပညာရေး၊ ဘာသာရေးများကို ကြီးစိုးလာမည်မှာ သေချာနိုင်သည်။ နိုင်ငံတိုင်းတွင် မိမိနိုင်ငံ၏ နယ်နိမိတ်အတွင်း တရားမ၀င်ခိုးဝင်လာသူများအား ပိတ်ပင်ခွင်ရှိပါသည်။ သို့အတွက်ကြောင်း ယခုလုပ်ဆောင်နေသော လွတ်တော်အတွင်း (၁၉၈၂)  နိင်ငံသားဥပဒေကို အကောင်ထည်ဖော်နိုင်ပြီး ငြိမ်းချမ်းသော ၂၀၁၅ ရွေးကောက်ပွဲကို ဦးတည်လျှောက်လှမ်းသင့်သည်။ ဤသို့ (၁၉၈၂)  နိင်ငံသားဥပဒေကို အကောင်ထည်မဖော်ဆောင်ပါက လာမည့် ၂၀၁၅ ရွေးကောက်ပွဲတွင် ဘင်္ဂါလီမူဆလင်များကို နိုင်ငံသားကာဒ်ပေးကာ နိုင်ငံရေးပါတီများ မေးဆွယ်ခြင်းများပြုလုပ်ပြီး မြန်မာနိုင်ငံတွင် တရားမဝင်ခိုးဝင်လာသော ဘင်္ဂါလီများကို (ရိုဟင်ဂျာ) အမည်ပေးကာ မြန်မာတိုင်းရင်းဖြစ်အောင် လုပ်ဆောင်းပေးမည့် သဘောရှိကြောင်းထင်ရှာသည်။ ယခုအချိန်တွင် မြန်မာနိုင်ငံသားများသည် တညီတညွတ်တည်းဖြင့် (၁၉၈၂)  နိင်ငံသားဥပဒေကို အကောင်ထည်ဖော်နိုင်အောင် တိုက်တွန်းသင့်ကြောင်း တင်းပြအပ်ပါသည်။


သီဟကိုကို

Read More

ဗမာခေါင်းဆောင်အဆက်ဆက် သူရဲကောင်းသတ္တိနှင့် ပြည့်စုံခဲ့သည်ဟု သမိုင်းတခေတ်တွင် ဖတ်ရူးရသည်။ ဗမာခေါင်းဆောင်တွေက အင်္ဂလိပ် ဂျပန်စသော ကိုလိုနီနယ်ချဲ့များကို မြန်မာပြည်မှ တိုက်ထုတ်ခဲ့ကြသည်ကို သမိုင်းတခေတ်တွင် အထင်ကရဖြစ်ခဲ့ကြသည်။ သို့အတွက်ကြောင်း မြန်မာနိုင်ငံဟု ကမ္ဘာ့အလည်တွင် ရှင်သန်နေဆဲပင်ဖြစ်သည်။
သို့သော်လည်း မသမာသော မြန်မာ့ခေါင်းဆောင်များကြောင်း မြန်မာနိုင်ငံတွင် အလေးအမြတ်ထားသော နိုင်ငံရေးဦးတည်ချက်များကို ပေါ်ပေါ်ထင်ထင် ဖျက်စီးနေကြသည်။ ဗမာ့ခေါင်းဆောင်များသည် တကိုယ်တည်းလွတ်မြောက်မှုအတွက် ကြိုးပမ်းလာကြသည်ကို ထင်ထင်မြင်မြင်တွေ့လာရသည်။ စစ်အာဏာအဆင်ဆင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို ရှေ့တမ်းတင်ပြီး တိုင်းရင်းသားအချင်းချင်းရန်တိုက်ပေးခဲ့သည်။ ဦးနုလက်ထက်မှလည်း သူတို့၏ အာဏာရရှိမှုအတွက်ကိုသာ ကြည်ရူးပြီး ရခိုင်ပြည်တွင် ဘင်္ဂါလီကုလားများကို ဦးစားပေးခဲ့သည်။
ဗမာသူခေါင်းအဆက်ဆက်သည် တိုင်းရင်းတို့အပေါ်အဖိနှိပ်ခံလူမျိုးအဖြစ် ကျင့်သုံးလားသည်မှာ လက်ရှိအတိုင်းထိဖြစ်သည်။ ကိုယ့်အသက် ကိုယ့်ခန္ဓာကိုယ်ကို မငဲ့ကွက်ပဲ အသေခံ၊ ထောင်အကျခံပြီး ဒီမိုကရေစီရေးအတွက် ဖိနှိပ်ရက်စက်တဲ့ စစ်အာဏာရှင်တွေကို ရဲရဲတောက် တိုက်ပွဲဝင်ခဲ့ကြတဲ့ရခိုင်ခေါင်းဆောင်းတွေကို အရာရာနှိပ်ကွက်ပြီး ကုလားနှင့်တခြားတိုင်းရင်းသား များကိုသာ ဦးစားပေးစနစ်ကျင့်သုံးလာသည်။
ရခိုင်လူမျိုးတွေဟာ စစ်အာဏာရှင်အဆက်ဆက်တွေရဲ့ ကြမ်းတမ်းဖိနှိပ်မှုများကို ကြံ့ကြံ့ခံ ရင်ဆိုင်ရင်း ဒီမိုကရေစီရရေးအတွက် တိုက်ပွဲဝင်တဲ့နေရာ ရခိုင်ပြည်သူလူထုတွေလည်း အသက်ပေးသွားကြတာ မနည်းတောပြီး။ NLD အတွက်လည်း ဘယ်လောက်များ ရခိုင်ပြည်သူလူထုတွေက ထောင်နားစံခဲ့ကြလည်းမသိတော့ဘူး။ ဒါတွေကိုကြည့်ခြင်းအားဖြင့် ရခိုင်လူမျိုးတွေဟာ မိမိရခိုင်လူမျိုးအတွက်သာမဟုတ်ပဲ မြန်မာတပြည်လုံး ဒီမိုကရေစီရရှိရေးအတွက် လုပ်ဆောင်းခြင်းဖြစ်သည်ကို ကိုယ်ချင်းစာတရားဖြင့် သုံးသပ်စေချင်သည်။
ရခိုင့်နိုင်ငံရေးတွက် ဒီမိုကရေစီရရှိရေး၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး၊ ရခိုင်ပြည်နယ် တည်ငြိမ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ရခိုင်တွေပညာတတ်ရေးကို မျက်ကွယ်ပြုပြီး အရာအားလုံးကို စီးပွားရေးမျက်လုံးပိတ်လိုက်တော့ ရခိုင်တွေကိုယ့်ပြည်ကိုစွန့်ပြီး တခြားဌာနေမဟုတ်သော တိုင်းတပါးမှာ အလုပ်လုပ်နေရတယ်။ ရခိုင်တိုင်းရင်းသားတွေရဲ့ပညာရေးကလည်း အဆင့်ဆင့် နှိမ့်ကျလာတယ်။
ဒီလိုပဲ မြန်မာ့နိုင်ငံရေးအဆင်ဆင့်တိုးတက်ပြောင်းလဲလာသည်နှင့်အမျှ နိုင်ငံတကာဖိအားကြောင်း မလုပ်မဖြစ် ရွေးကောက်ပွဲလုပ်ရလာသည်။ ဗမာလူမျိုးတွေကို ကိုယ့်ထိုင်ခုံကိုယ်ပြန်ရရှိရေးရအတွက် ဦးစားပေးတတ်သူအဖို့ပီပီ “နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ”ပါ White Card ခေါ် ယာယီ သက်သေခံလက်မှတ် ကိုင်ဆောင်သူတွေ နိုင်ငံရေးပါတီ တည်ထောင်နိုင်၊ မဲပေးနိုင်တယ် ဆိုတဲ့ အချက်ကို ကိုင်စွဲပြီး ၁၀ နီပါး အင်အားရှိတဲ့ ဘင်္ဂလီတွေကို စည်းရုံးလိုက်တယ်။ ဘင်္ဂလီ တွေကလည်း ကိုယ့်အမျိုးဖြစ်ထွန်းအတွက် ပြည်ခိုင်ဖြိုးကို ထောက်ခံကြပါတယ်။
ဒီနေရာမှာ နည်းနည်းလောက် သုံးသပ်မိတယ်။ ရခိုင်တိုင်းသားများတိုးတက်ရေးပါတီဟာ ကုလားတွေကို နိုင်ငံသား White Card ကို အကြောင်းပြုပြီး မေးဆွယ်လိုက်တော့ ရခိုင်းသားပါတီက ဘယ်နေရာမျိုးမှာ ဝင်ဆံ့တော့မလဲဆိုတာပါပဲ။ ကုလားနေရာမှာ ဗမာတိုင်းရင်းသားတွေဖြစ်ခဲ့မယ် ဆိုရင်ရော ဘယ်နေရာကို ရွေးချယ်မလဲဆိုတာကို သုံးသပ်စေချင်တယ်။
ဒါပေမယ့် ပါးစပ်နိုင်ငံရေးသမားတွေရဲ့အကျင့်စရိုက်လို့ဆိုရမလားမသိဘူး “စည်သူအောင်မြင့်ဆိုသူ ဧရာဝတီသတင်းဌာနမှာ” ရခိုင်လူမျိုးတွေကို ရစရာမရှိအောင် အပုတ်ချပြီးရေးသွားတယ်။ ဗမာလူမျိုးတွေရဲ့အကျင့်စရိုက်က ဌာနေတိုင်းရင်းသားတွေကို မကြည့်ဘဲ တခြားကုလားကို ဦးစားပေးစနစ်လုပ်သွားတာ တော်တော်ရင်လေးစရာပါ။ ရခိုင်လူမျိုးတွေရဲ့နေရာမှာ ဗမာလူမျိုးဖြစ်ခဲ့မယ်ဆိုရင် ဗမာတွေက ဘာတွေလုပ်မှာလဲဆိုတဲ့မေးခွန်းကို ဧရာဝတီသတင်းဌာနမှာ ရခိုင်သူရဲကောင်း အလိုရှိသည်ဟု ရေးသားတဲ့ဆောင်းပါးရှင် စည်သူအောင်မြင့်ဖြေဆိုရလိမ့်မည်။
ရခိုင်တိုင်းရင်းသားတွေဟာ လူမျိုးစွဲ၊ ဘာသာစွဲ အမုန်းတရားစွဲရှိခဲ့မယ်ဆိုရင် ကုလားတွေရခိုင်မှာမနေနိုင်တာကြာလောက်နေပြီး။ နိုင်ငံရေးအရအကျိုးအဖြတ်ရစေခြင်း၊  မတူကွဲပြားတဲ့အုပ်စုတွေကြား အမုန်းတရားပွားစေခြင်းကိုများကို တိုးသထက်တိုးလာအောင် ဗမာတွေကပဲ ကိုယ်ကျိုအတ္တကိုကြည့်ပြီး စစ်အစိုးရက White Card ၊ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေကို စွဲကိုင်ပြီး ရခိုင်လူမျိုးတွေ နေရာမဝင်အောင် အကျိုးယုတ်အောင်၊ မျက်နှာပန်းမလှအောင် မျက်ကန်မျိုးချစ်ဗမာနိုင်ငံရေးသမားတွေကပဲ အနုနည်းနဲ့ ရန်တိုက်ပေးခဲ့တယ်ဆိုကို ရခိုင်ရက်ရက်စက်စက်ခံလိုက်ရတယ်ဆိုတာပဲ။

 နိုင်ငံတနိုင်ငံရဲ့ဥပဒေကို မလေးစားမလိုက်နာပဲ မထိမဲ့ပြင်နှင့် ရခိုင်သူရဲကောင်းများ အလိုရှိသည်ဆိုပြီး ရခိုင်တွေကို အပုတ်ချရေးသွားတာ တော်တော်မိုက်ရိုင်းတဲ့ အရေးသားတခုပါ။ မြန်မာနိုင်ငံသားမဖြစ်ပဲ နိုင်ငံသားမှတ်ပုံတင်မရှိပဲ တခြားနိုင်ငံသားတစ်ယောက်အနေနဲ့ ဘယ်နိုင်ငံမှာ မြေပိုင်ဆိုင်မှု၊ လယ်ပိုင်ဆိုင်မှုစတဲ့ ပိုင်ဆိုင်မှုတွေရှိလဲ။ ဒါတွေကို ကြည့်ခြင်းအားဖြင့် ဗမာလူမျိုးတွေဟာ အရေးကြုံရင် ကြုံသလိုရခိုင်တွေနဲ့ကုလားတွေကို မျက်လှည်ပြသွားမယ်တဲ့ဆိုတဲ့သဘောပါပဲ။
နောက်ပိုင်း ရခိုင်တိုင်းရင်းသားတွေဟာ လူဆိုးကြီးဖြစ်သွားရတာပါပဲ။ ဒုက္ခသည်တွေကို ကူညီနေတဲ့ “MSF” နိုင်ငံတကာ အကူအညီပေးရေး သွေးခွဲလာတယ်။ ဌာနေတိုင်းရင်းသားကို နေရာပေးမယ့်ကိုယ်စား ကုလားတွေကို နေရာပေးတယ်။ သူတို့က မြန်မာတိုင်းရင်းသားမဟုတ်သလို မြန်မာနိုင်ငံသားလည်းမဟုတ်ဘူးဆိုတာပါပဲ။ ဒါတွေကိုမကြည့်ပဲ ဌာနေတိုင်းရင်းသား နောက်မှာထားပြီး ကုလားတွေကို ဦးစားပေးစနစ်ကျင့်သုံးလာတယ်။ မခံမရပ်နိုင်တဲ့ ရခိုင်လူမျိုးတချို့က  အင်န်ဂျီအိုတွေ ထွက်သွား၊ အင်န်ဂျီအိုတွေကို လက်ခံထားတဲ့ နေရာတွေကိုပါ သပိတ်မှောက်လာကြတယ်။ ဒါပေမယ့် ဗမာအစိုးရရဲ့ မလိမ့်တပါတ်အသုံးတော်ပြန်ခံလိုက်တာပါပဲ။ ဒီနေရာ ဗမာတိုင်းရင်းသားတွေသာ ရခိုင်တွေလိုဖြစ်ခဲ့ရင် စည်သူအောင်မြင့်ဆိုသူဟာ ဧရာဝတီသတင်းဌာနမှာ ဗမာသူရဲကောင်းအလိုရှိသည်လို့ရေးမှာလား။
ရခိုင်တိုင်းရင်းသားရေးရာ ၀န်ကြီး ဒေါက်တာ ဇော်အေးမောင်က “ ရခိုင်တိုင်းရင်းသားများ အနေနဲ့ အရပ်ဘက် အဖွဲ့အစည်းများအား ဆန့်ကျင်နေမည့်အစား ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုးအတွက် အားလုံးနှင့် လက်တွဲပူးပေါင်း ဆောင်ရွက်ရန် လိုကြောင်း” ဆိုပြီးပြောကြားလိုက်တယ်။ ဒီလိုစကားကို မပြောခင်ကတည်းက ရခိုင်တွေဟာ တခြားအရပ်ဘက်အဖွဲ့စည်းတွေနဲ့ ပူပေါင်းနေခိုင်တာကို စာရေးသူ စည်သူအောင်မြင့်သိပုံမပေါ်ဘူးထင်တယ်။ ဒီလိုတခြားတိုင်းရင်းသားတွေနဲ့ မပူးပေါင်းဘူးပဲ စစ်ဆင်ရေးတွေ လုပ်နေမယ်ဆိုရင် ဆိုရင် ရခိုင်တွေဒီလို ရခိုင်လူမျိုးဆိုတဲ့ ဂုဏ်တခုမရှိတာကြာလှပြီးထင်တယ်။
သူရဲကောင်းဆိုတာ အမှန်တရားအတွက် ကိုယ့်လူမျိုး၊ ကိုယ့်တိုင်းပြည်အတွက် ကိုယ်ကျိုးမငဲ့၊ ဝေဖန်ခံရမှာ မကြောက် အသက်စွန့်ရမှာ မကြောက်၊ ရဲရဲတောက် လုပ်ကိုင်ဆောင်ရွက်သူတွေကို ခေါ်တာပါလို့ စည်သူအောင်မြင့်က ဧရာဝတီသတင်းဌာနကြီးတခုမှာ ရခိုင်သူရဲကောင်းများ အလိုရှိသည်လို့ ရေးသားခဲ့တာကို ကျွန်တော်အရမ်းလက်ခံတယ်။
အခုမြန်မာနိုင်ငံမှာ ခေတ်စားနေတဲ့ ဗိုလ်ချုပ်သမီး ဒေါ်အောင်ဆန်းစုကြည့်နှင့် မြန်နိုင်ငံရဲ့ သမတစတဲ့ မြန်မာနိုင်ငံရေးအုပ်ချုပ်နေတဲ့ ဗမာလူမျိုးတွေကတော့ရော တိုင်းပြည်အတွက် ကိုယ်ကျိုးမငဲ့သူ၊ ဝေဖန်ခံရမှာ မကြောက်သူ၊ တိုင်းပြည်နှင့်လူမိုးအတွက် အသက်စွန့်ရဲသူ၊ အမှန်တရားတွက် ရဲရဲတောက်တောက် လုပ်ရဲသူ၊ မြန်မာနိုင်ငံသားတွက် မသထာရေးစာ စားရရေးမှာ ပုံမှန်စားနိုင်အောင် လုပ်သူ၊ ပြည်သူလူထုတိုးတက်ရေး၊ ပညာတတ်ရေး၊ တမျိုးသားလုံးစိတ်ဓါတ်နှင့် အကျင့်စာရိတ္တမြင့်မာရေး၊ အမျိုးဂုဏ် ဇာတိဂုဏ်မြင့်မားရေးစတဲ့၊ ဒိုးတာဝန်ရေသုံးတွေကို ဘေးဖယ်ပြီး တိုင်းရင်းသားလက်နက်ကိုင်အချင် ရန်တိုက်နေတဲ့ ဗမာခေါင်းဆောင်များကို နိုင်ငံရေးပါးစပ်ဟ မျက်ကန်းသတင်းဌာနမှာ ရခိုင်သူရဲကောင်းများအလိုရှိသည်ဆောင်းပါးကို ရေးသားတဲ့ စည်သူအောင်မြင့်အနေနဲ့  သူတို့တွေကိုရော မြန်မာနိုင်ငံရဲ့ သူရဲကောင်းများလို့ ခေါ်ထိုက်ပါသလား။
ခေတ်အဆက်ဆက်အုပ်ချုပ်လာခဲ့တဲ့ဗမာလူမျိုးတွေက ခင်ဗျာပြောခဲ့တဲ့ သူရဲကောင်းစိတ်ဓါတ် ရှိခဲ့မယ်ဆိုရင် မြန်မာနိုင်ငံမှာ လူမျိုးရေးအဓိကရုန်းဖြစ်စရာတွေ၊ ဗမာ၊ ကရင်၊ ကချင်၊ ရှမ်း၊ ရခိုင်၊ ဝ၊ မွန်စတဲ့ တိုင်းရင်းသားစစ်တပ်တွေရှိမယ်မထင်ဘူးနော်။ ဒါပေမယ့် ခင်ဗျာလို့ သူရဲကောင်း တစ်ယောက်ရဲ့ အရည်အသွေးကိုနှင့် သူရဲကောင်းတစ်ယောက်ရဲ့ အရည်အချင်းကို နားမလည်တတ်သေးတာကိုတော့ ကျွန်တော့်အရမ်းဝမ်းနည်းမိတယ်။ ခင်ဗျာရဲ့ မျက်ကန်းမျိုးချစ်စားရေးသူတွေ တို့မြန်မာနိုင်ငံမှာ များလာမယ်ဆိုရင် မြန်မာနိုင်ငံဟာ ဖာနိုင်ငံဖြစ်လာမယ်ဆိုတာ ကျွန်တော်တော်ရဲရဲကြီး အာမခံရဲတယ်။

မြတ်ခိုင် (လခြမ်းမြီ)

Read More

From : .. ဒီဘိတ်


၁။ အရမ်းသမ္မတဖြစ်ချင်နေတဲ့ စိတ်က သူမအပေါ်မှာလွှမ်းမိုးနေတာကို တွေ့ ရပါတယ်။ သမ္မတနေရာရောက် မှ တိုင်းပြည်အတွက် အလုပ်လုပ်မှာလား? ဒါဆိုရင်တော့ ကလေးဆိုးတချို့ လို `မင်းမုန့် ငါ့ကျွေးမှ ငါမင်းနဲ့ ဆော့မယ်´ဆိုတဲ့ပုံစံကြီးမဖြစ်နေဘူးလား?

သူမကနေ နဲ့ လက်ရှိမှာ သမ္မတကြီးဦးသိန်းစိန်ထက်ပိုပြီး ပြည်သူအများစုအပေါ် လွှမ်းမိုးထားနိုင်ပါတယ်။(ဒါကလည်းဗိုလ်ချုပ်သမီး၊နိုဘယ်ဆုများပိုင်ရှင်၊နိုင်ငံတကာနှင့်ဝင်ဆန့် လို့ ဆိုတဲ့အချက်
တွေအပြင် ကျွန်တော်တို့ လူမျိုးတွေရဲ့  `သူရဲကောင်းဝါဒ´အစွဲတွေကလဲ အဓိကနေရာယူထားပါတယ်) ဥပမာ။ ။သမ္မတကြီးကနွား နို့ သောက်ပါ လို့ ပြည်သူတွေကိုပြောတာကိုလှောင်တဲ့ လူတွေရှိရင်ရှိလိမ့်မယ်၊ သူမ ပြောရင်တော့ နွားနို့ က မြန်မာနိုင်ငံမှာရောင်းအားအကောင်းဆုံးပစ္စည်းတစ်ခုဖြစ်ချင်ဖြစ်သွားပါ လိမ့်မယ်။ အဲဒီလိုအခြေအနေမျိုးမှာကိုမှ သူမက ဘာဗျူဟာကိုမှ ထိထိရောက်ရောက် အကောင်အထည်မဖော်နိုင်ခဲ့ပါဘူး။

၂။ ကလေးဆန်ပါတယ်။ ဆတ်ဆတ်ထိမခံ၊တစ်ခုခုဆို စိတ်ကောက်သလို၊စိတ်ဆိုးသလို နဲ့ လုပ်တာတွေက သူမရဲ့  အနေအထားနဲ့ မဖြစ်သင့်ပါဘူး။ သမ္မတ လုပ်ချင်နေသူ အဖို့ တိုင်းပြည်မျက်နှာ ကိုသာကြည့်ရမယ်လို့ တော့ကျွန်တော်မြင်ပါတယ်။ကိုယ်ရေးကိုယ်တာ ကိစ္စတွေနဲ့ ရောမချသင့်ပါဘူး။
(သမ္မတကြီးဦးသိန်းစိန်ဆိုရင် သူမ ထက်ပိုပြီး မကောင်းပြောခံရပါတယ်။

(ကာတွန်းနဲ့ တစ်မျိုး၊ ဆောင်းပါးနဲ့ တစ်ဖုံ ဂျာနယ်တွေက ဖွပေမဲ့ ဆတ်ဆတ်ထိမခံ မတုန့် ပြန်ခဲ့ပါဘူး)

၃။စကားကို မတင်မကျပြောတာတွေ၊ မပြတ်မသားပြောနေတာတွေ၊
မပြောသင့်တဲ့ စကားတွေပြောနေတာတွေ ကလဲသူမရဲ့ အကြီးမားဆုံး အားနည်းချက်ပါပဲ။ ဥပမာ။ ။ထိပ်တိုက်တွေ့ ဆုံရေး၊ အလုံးစုံပျက်သုဉ်းရေးတို့ ။တပ်မတော်သားတွေက အခွင့်ထူးခံလူတန်းစားတွေ ဆိုတာမျိုး(အန်တီစုရေ ကြမ်းကျွံရင် နှုတ်လို့ 
ရပါတယ်။ စကားကျွံရင်တော့...............)

၎။ ၂၀၀၈ ဖွဲ့ စည်းပုံအခြေခံဥပဒေထဲက ပုဒ်မ၄၃၆ ကို ပြင်ဖို့ တော်တော်လေးကို တက်တက်ကြွကြွ လုပ်ဆောင်နေတာကိုတွေ့ ရပါတယ်။(အဲဒီနေရာမှာ တိုင်းပြည်အတွက်၊ ပြည်သူတွေအတွက် အကျိုးရှိမယ့် ကိစ္စတစ်ခုခုကို အခုလို အားကျိုးမာန်တက် နဲ့ ဆောင်ရွက်ရင်ပိုမကောင်းဘူးလားဗျာ။)
ခြေ/ဥ ကိုပြင်ဖို့ အတင်းကြီး လက်မှတ်လိုက် ထိုးခိုင်းနေတာကလဲ စိတ်ပျက်စရာပါ။
အဆိုတော်တွေ၊ သရုပ်ဆောင်တွေ၊ ဘုန်းကြီးတွေ ပါမကျန် လက်မှတ်အတင်းထိုးခိုင်းပြီးတော့ ပြည်သူ့ ဆန္ဒ လို့ အော်နေတာက သိပ်တော့သဘာဝမကျပါဘူး။(လူထုကသာ အမှန်တကယ် ၄၃၆ ကိုပြင်ချင်တယ်ဆိုရင် အတင်းလက်မှတ်လိုက်ထိုးခိုင်းစရာမလိုပါဘူး)

၅။တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ဆိုတဲ့အချက်ကိုလည်း သူမက သိပ်ပြီးတော့ အလေးထားဟန်မတူပါဘူး။ပြည်သူတွေကို ချစ်ပါတယ်ဆိုတဲ့ သူမက ရခိုင်ပြည်အရေးမှာလက်ရှောင်နေတာတွေ၊ အစိုးရနဲ့  ၄ပွင့်ဆိုင်တွေ့ မယ်ဆိုပြီး ကျန်တဲ့ အင်အားသေးပါတီတွေကိုဂရုမစိုက်သလို လုပ်နေတာတွေက လည်း တိုင်းရင်းသားစည်းလုံးညီညွတ်မှု အတွက် အက်ကွဲကြောင်းတွေ ပေးနေသလိုပါပဲ။

၆။မြန်မာနိုင်ငံ ရဲ့  သမ္မတလုပ်ချင်သူက သူမ ပါတီဝင်တွေကိုတောင် နိုင်အောင်မထိန်းနိုင်ရှာပါဘူး။ အကုန်လုံးကလဲ သူ့ ထက်ငါ လူစွမ်းကောင်းတွေပါပဲ( ရိုက်မလား၊နှက်မလား၊ ဆူအောင်လုပ်မလား၊ မိုးမွှန်အောင်ဆဲမလား...ကြိုက်တဲ့ဖက်က စမ်းလို့ ရပါတယ်။) ဒါကလည်း ပါတီထဲမှာလူများရင်ပြီးရော ဆိုပြီး အရည်အချင်းထက် အရည်အတွက်ကို ဦးစားပေးခဲ့လို့ nld ပါတီထဲမှာ အရည်အချင်းရှိသူတွေက မဆိုသလောက်သာရှိနေပြီး အုတ်ရောရော၊ကျောက်ရောရော တွေ၊ ယောင်နေသူတွေ၊ ငါတို့ ကနိုင်ငံရေးသမားတွေကွ ဆိုပြီး ပေါ်ပင်ဖြစ်ချင်နေသူတွေကတော့ ဒင်းကြမ်းပါပဲ။ အဲဒီတော့ သူမသာ သမ္မတဖြစ်ခဲ့ရင် သူမနောက်လိုက်တွေကအရင်အာဏာရှင်တွေထက် လက်သံပိုပြောင်မယ်ဆိုတာ
တွေးကြည့်ရုံနဲ့ တင်ကြက်သီးထမိပါသည်။

၇။သူမ အကျယ်ချုပ်က လွတ်လာတာ ကြာနေပါပြီ။ အခုထိ တိုင်းပြည်အတွက်၊ ပြည်သူတွေအတွက် အကျိုးရှိတာ ဘာတွေများလုပ်ပေးခဲ့သလဲ? ကျွန်တော်သိတာကတော့ သူမ သမ္မတဖြစ်ရေးကို ပဲလုပ်ဆောင်နေပါတယ်။(သူမ မှာလုပ်ပိုင်ခွင့်မရှိဘူးလို့ တော့မပြောကြပါနဲ့ ဗျာ။ )

၈။ငါနဲ့ မတူ ငါ့ရန်သူဆိုတဲ့စိတ်ထားလေးကလဲ အန်တီစုမှာရှိတယ်ဗျ။

ဆက်ရေးရရင် စစ်တပ်နဲ့ ပြည်သူတွေကိုထိပ်တိုက်တွေ့ ခိုင်းတာတွေ၊ အနောက်နိုင်ငံ
တွေပိုင်တယ်တယ်ဆိုပြီး ထစ်ခနဲဆို ဟိုအရေးယူ၊ဒီအရေးယူ လုပ်ခိုင်းတာတွေ၊ မြန်မာတစ်နိုင်ငံလုံးလေးစားတဲ့ ဗိုလ်ချုပ်ကို cover ယူတာတွေ၊ လမ်းပေါ်လူတွေထုတ်ပြီးရင် ဘာဆက်လုပ်မယ်၊ ဘယ်လိုတာဝန်ယူမယ်ဆိုတဲ့ Target မရှိတာတွေ၊ ......................................................................................................................................
စသည့်အချက်တွေကြောင့်ဒေါ်အောင်ဆန်းစုကြည် သမ္မတမဖြစ်သင့်ပါကြောင်း ၀င်ရောက်ဆွေးနွေးလိုက်ပါသည်။

.. www.MyanmarExpress.net

Read More
Posted by Unknown on Tuesday, June 24, 2014

တကယ်တော့ စင်ကာပူမှာ မွတ်စလင်နဲ့ အခြားဘာသာဝင်တွေကို လက်ထပ်ခွင့် ပေးမထားပါဘူး။ စင်ကာပူမှာ လက်ထပ်မော်ကွန်းရုံးကြီး ၂ ရုံးရှိပါတယ်။
(၁) လက်ထပ်မော်ကွန်းရုံး Registry of Marriages (ROM)http://app.rom.gov.sg/index.asp

(၂) မွတ်စလင် လက်ထပ်မော်ကွန်းရုံး Registry of Muslim Marriages (ROMM) http://app.romm.gov.sg/index.asp
ဆိုပြီး ရုံး ၂ ရုံး ထားရှိပါတယ်။

ပထမ ROM လက်ထပ်မော်ကွန်းရုံးက မွတ်စလင်မှ လွဲလို့ အခြားသော ဘာသာဝင်တွေအားလုံးကို လွတ်လပ်စွာ လက်ထပ်ပေးတဲ့ တရားရုံးပဲဖြစ် ပါတယ်။ ဗုဒ္ဓဘာသာ အချင်းချင်းသော်လည်းကောင်း၊ ဗုဒ္ဓဘာသာ နဲ့ ခရစ်ယာန်သော်လည်းကောင်း၊ ခရစ်ယာန်နဲ့ ဟိန္ဒူကိုသော်လည်းကောင်း ... ကျန်ဘာသာတွေအားလုံး လွတ်လွတ်လပ်လပ် လက်ထပ်ခွင့် ရှိပါတယ်။

Women’s Charter http://www.scwo.org.sg/index.php/resources အတိုင်းဆောင်ရွက်ကာ တစ်လင်တစ်မယားစနစ် ဥပဒေကို ပြဌာန်းတယ် ဆိုပါတော့ဗျာ။ အခြားဘာသာဝင်အားလုံး တစ်လင်တစ်မယားစနစ်ပဲ ကျင့်သုံးခွင့်ပေးထားပါတယ်။ ဒါပေမယ့် ဒီတရားရုံးမှာ လက်ထပ်မယ်ဆိုရင် မိမိဟာ မွတ်စလင်မဟုတ်ကြောင်း ထွက်ဆိုရပါတယ်။ မောင်နှံ နှစ်ယောက်စလုံး တစ်ယောက်မှ မွတ်ဖြစ်လို့ မရပါဘူး။ မွတ်အ၀င် မခံဘူးလို့ အလွယ်ပြောလို့ရပါတယ်။ ဒုတိယ ROMM မွတ်စလင်လက်ထပ်မော်ကွန်းရုံး ကတော့ မွတ်စလင်အချင်းချင်းကိုပဲ လက်ထပ်ပေးပါတယ်။ အခြား ဘာသာဝင်အမျိုးသမီး ခေါ်လာလို့ မရဘူးပေါ့ဗျာ။ (ဒီလင့်မှာလည်း http://en.wikipedia.org/wiki/Matrimonial_law_of_Singapore လေ့လာနိုင်ပါတယ်။)

ဒါဆိုရင် .. ဆိုပါတော့ .. မွတ်တစ်ယောက်က ဗုဒ္ဓဘာသာအမျိုးသမီး တစ်ယောက်ကို လက်ထပ်ချင်ရင်ဘယ်လိုလုပ်မလဲ .. ?
အဖြေက 'လက်ထပ်ခွင့် မရှိ'တဲ့.. ။ ဒါကိုမှ လက်ထပ်ချင်ရင် နည်း ၂ နည်းတော့ ရှိပါတယ်။

(၁) မွတ်က ဗုဒ္ဓုဘာသာကိုပြောင်းပြီး ပထမ ROM လက်ထပ်မော်ကွန်းရုံးမှာ လက်ထပ်ရမယ်။ (သို့မဟုတ်)

(၂) ဗုဒ္ဓုဘာသာအမျိုးသမီးက မွတ်ဘာသာကို ၀င်ပြီး ဒုတိယ ROMM မွတ်စလင်လက်ထပ်မော်ကွန်းရုံးမှာ လက်ထပ်ရမယ်။

.. ဟာ ... ဒါဆိုဘာထူးမှာလဲကွာ .. မွတ်က ဗုဒ္ဓုဘာသာအမျိုးသမီးကို မွတ် ဘာသာထဲ ၀င်ခိုင်းပြီး လက်ထပ်မှာပေါ့ကွာ လို့ စောဒကတက်နိုင်ပါတယ်။ .. ဒီလိုရှိပါတယ် ..။ ကျွန်တော်တို့ ဆီမှာ ကျတော့ မွတ်က မြန်မာမ တစ်ယောက် ကို ''လူကိုပဲယူပါ။ ယူပြီး မင်းလည်းမင်းဘာသာကို ကိုးကွယ်၊ ငါလည်း ငါ့ဘာသာကို ဆက်ကိုးကွယ်မယ်'' ဆိုပြီး လက်ထပ်ပါတယ်။ ယူပြီးနည်းနည်း ကြာမှ နည်းမျိုးစုံးသုံးပြီး မွတ်ဘာသာထဲ ၀င်ခိုင်းတယ်ပေါ့ဗျာ။ ဒီအချိန်မှာ နှိပ်စက်ရင် တရားရုံးမှာ တိုင်နိုင်တယ်ဆိုပေမယ့် ... ဒီအခြေအနေရောက် မှတော့ တိုင်ပါတော့မလား ...။

တိုင်လိုက်လို့ ဖမ်းပြီဆိုရင်တောင် သူ့ရဲ့ ပကတိအပျိုစင်ဘ၀ကို ပြန်ရပါဦး မလား? ဒီတော့ ဒီအခြေအနေရောက်မှတော့ မတိုင်တော့ဘူးပေါ့ဗျာ... သူတို့ဘာသာထဲပဲ ၀င်လိုက်တော့တာပေါ့။ တကယ်တော့ မွတ်စလင်အမျိုးသား တစ်ယောက်က သူ့အမျိုးသမီးက အခြားဘာသာ ဖြစ်နေရင် မွတ်ဘာသာထဲကို ရအောင်သွတ်သွင်းရပါတယ် .. မသွင်းနိုင်ရင် သူဟာတာဝန်မကျေဘူးပေါ့ဗျာ။

ဒီသဘောကို ကောင်းကောင်းနောကြေတဲ့ စင်ကာပူသားတွေက လိမ်ယူပြီး သူတို့အိမ်ရောက်မှ ဘာသာပြောင်းခိုင်းမယ့် အစား အစကတည်းက ရအောင်ပြောင်းခိုင်းနိုင်မှ ယူခွင့်ပြုပါတယ်။ … မယူခင်ဘာသာပြောင်းခိုင်းဖို့ ဆိုတာကြတော့ မွတ်အိမ်ထဲရောက်မှ ဘာသာပြောင်းခိုင်းရတာလောက် မလွယ်တော့ဘူးဗျ။ မိန်းကလေးဘက်က အလိုလိုနေရင်းစဉ်းစားစရာပို များသွားစေပါတယ်။
လူလည်းယူရမယ်? ..
ဘာသာလည်းပြောင်းရမယ်? ။
ဒီလိုဆိုတော့ မိဘတွေ၊ အသိုင်းအ၀ိုင်းတွေဘက်ကလည်း ပိုအချိန်ရသွား တာပေါ့ဗျာ။ ဒါကို အချိန်ဆွဲနိုင်ဖို့ စင်ကာပူသားတွေက ဒီနေရာမှာ တစ်ဆင့်ခံ ထားပြန်သေးသဗျ။ ဘာသာပြောင်းမယ်ဆိုရင်တောင် ချက်ချင်းပြောင်းလို့ မရဘူး။ အခြေခံ မွတ်ဘာသာသင်တန်းတွေ .. ဘာတွေတက်ခိုင်းသေးတယ် .. အဓိပ္ပါယ်က သူတို့ဘာသာကို အသေအချာမြည်းကြည့်ပြီး၊ ပြန်စဉ်းစားပြီးမှ၊ ကိုယ့်ဘာသာနဲ့ သေသေချာချာနှိုင်းယှဉ် စဉ်စားပြီးမှ ၀င်ပါဆိုတဲ့ သဘောပါ။ .. ဒီမှာတင် သတို့သမီးတစ်ချို့က ပြန်စိတ်ပြောင်းသွားတာပေါ့ဗျာ။

ဒီတော့ ဒီမှာလို သူတို့ဘာသာထဲ မ၀င်ဝင်အောင်ရိုက်နှက်ရတာတို့၊ ဘုရားပုံတော်ကို နင်းပြီး ပြောင်းခိုင်းရတာတို့ ဆိုတဲ့ ဖြစ်ရပ်မျိုးတွေ စင်ကာပူ မှာ မဖြစ်တော့ဘူးပေါ့ဗျာ။ ကိုယ့်ဘာသာကို စွန့်ခွာပြီး မွတ်ဘာသာကို ပြောင်းကာ မွတ်ကုလားနဲ့ သွားလက်ထပ်တယ်ဆိုတဲ့ စင်ကာပူ ဗုဒ္ဓုဘာသာ အမျိုးသမီး အရေအတွက်ဟာ အင်မတန်နည်းပါတယ်။ ဒီနေရာမှာတော့ ဥပဒေကြောင့် အပြင် နဂိုကတည်းက လူမျိုး၊ ဘာသာချစ်စိတ် အခြေခံကောင်း တဲ့ စင်ကာပူ တရုတ်အမျိုးသမီးတွေကိုလည်း ချီးကျူးရမှာပေါ့ဗျာ။

မွတ်တစ်ချို့ကတော့ အမျိုးသမီးကို စည်းရုံးလို့ မရတဲ့အခါမှာ သူတို့ကိုယ်သူတို့ အခြားဘာသာပါလို့ လိမ်ညာပြီး ROM လက်ထပ်ရုံးမှာ လက်ထပ်တာ ရှိပါတ ။ .. ဒါဆိုကော ဘာထူးသေးလဲကွာ .. ဆိုရင် .. မတူတဲ့ အချက်က အဲဒီအမျိုးသမီး ကို မွတ်ဘာသာထဲ ၀င်ခိုင်းလို့ မရတော့ပါဘူး။ အတင်းအကြပ် ၀င်ခိုင်းခဲ့ရင် သူ့ကိုယ်သူ အခြားဘာသာပါလို့ ရုံးတော်မှာလိမ်ငြာ ထွက်ဆို တာက တစ်မှု၊ မွတ်ဘာသာထဲကို အတင်းအကြပ်ဝင်ခိုင်းတာက တစ်မှုဆိုတော့ အမှုနှစ်မှု ဖြစ်မယ်ပေါ့ဗျာ။ ဒီအပြင် ROM လက်ထပ်ရုံးမှာ လက်ထပ်လိုက်ပြီ ဆိုတာနဲ့ နောက်တစ်ယောက်တော့ လုံးလုံးလျားလျားယူလို့ မရတော့ပါဘူး။ အမွေဆက်ခံမှုတွေက အစ မွတ်ထုံးစံကို လိုက်လို့မရတော့ပါဘူး။

ဒါဆို .. ဟုတ်ပါပြီ .. မွတ်အချင်းချင်း ၄ယောက်ယူပြီး လူနဲ့ မျိုမယ်ဆိုရင်ကော ?? … ဆိုတော့လည်း .. အလွယ်တကူ နောက်တစ်ယောက်ထပ်ယူလို့ မရအောင် ဥပဒေကို ပညာသားပါပါ ပြဋ္ဌာန်းတားမြစ်ထားပါတယ်။ ဒီနေရာမှာ ROMM မွတ်စလင်လက်ထပ်မော်ကွန်းရုံးကို MUSLIM LAW ACT နဲ့ အုပ်ချုပ်ပါတယ်။ မွတ်တွေကို ၄ ယောက်ယူခွင့်ပေးတယ်ပေါ့ဗျာ ... ဒါပေမယ့် တကယ်ယူဖို့ မလွယ်ဘူး။ နောက်တစ်ယောက်ယူချင်တယ်ဆိုတာနဲ့ နောက် တစ်ယောက်ကို ကျွေးနိုင်လောက်အောင်ချမ်းသာကြောင်း ပိုင်ဆိုင်မှုတွေ အကုန်ပြရပါတယ်။ ဒါဟာ ဘာကို တားလိုက်တာလည်း ဆိုတော့ သာမာန် လူတန်းစားနဲ့ ဆင်းရဲသားမွတ်တွေ နောက်မိန်းမယူခွင့် မရှိဆိုတာကို သွယ်ဝိုက်သောနည်းနဲ့ တားလိုက်တာပါ။ ယူခွင့်ရှိတဲ့ မွတ်အရေအတွက် အလိုအလျောက်နည်းသွားတာပေါ့ဗျာ။

ဒါဆိုသူဋ္ဌေးမွတ်တွေ လွတ်လွတ်လပ်လပ်ယူမှာပေါ့ ဆိုပြန်တော့လည်း ... ဒီလို ‘ထစ်’ထားပြန်တယ်။ နောက်တစ်ယောက်ယူမယ်ဆိုတာနဲ့ တရားရုံးမှာ လျှောက်ရပါတယ်။ ဒီအခါမှာ တရားရုံးက ဘာလုပ်သလဲဆိုတော့.. Kadi လို့ ခေါ်တဲ့ အရာရှိက .. ပထမ မိန်းမရော၊ နောက်ယူမယ့် မိန်းမကော နှစ်ယောက်စလုံးကို သီးခြားစီခေါ်ယူတွေ့ဆုံပြီး အသေးစိတ် အင်တာဗျုးပါတယ်။

လက်ရှိမိန်းမကို အဓိကမေးတာက နောက်တစ်ယောက်ယူတာကို မင်းသဘောတူရဲ့လား? လက်ခံနိုင်ရဲ့လား?

နောက်တစ်ယောက်ရောက်လာရင် မင်းစိတ်ချမ်းသာမှာ သေချာရဲ့လား ? ခြိမ်းခြောက်ထားလို့ သဘောတူနေရတာလား?

ဆိုတာတွေကို ခရေစေ့တွင်းကျ မေးတယ်ပေါ့ဗျာ။ သူက ‘NO’ ဆိုရင်ယူခွင့် မရှိပါဘူး ... ဘယ်လိုလဲ? မွတ်မတွေ သိပ်သဘောထားကြီးမယ်ထင်သလား? ကျွန်မယောက်ျား နောက်မိန်းမတစ်ယောက်ထပ်ယူမှာကို သိပ်ပျော်တာပဲလို့ ဖြေမယ်ထင်သလား? ...

အိုစမာဘင်လာဒင်ကို ခြေရာခံမိသွားတာဟာ သူ့ရဲ့ ပထမ မယားကြီးရဲ့ သတင်းပေးချက်ကြောင့်ပါလို့ စီအိုင်အေအရာရှိတစ်ဦးက ၀န်ခံ ပြောဆိုသွား ခဲ့ပါတယ်။ အငယ်ဆုံးမိန်းမကို ဂရုစိုက်လွန်းတာကို သည်းမခံနိုင်တော့လို့ ကိုယ့်ယောက်ျားကို သတ်မယ့်သူကိုတောင် မိတ်ဖွဲ့နိုင်တာကို ကြည့်လိုက်ရင် မွတ်စလင် အမျိုးသမီးတွေ မယားကြီး၊ မယားငယ်လုပ်ရတာကို မပျော်ပိုက်ကြဘူးဆိုတာ ထင်ရှားပါတယ်။ ဒါကို အသေအချာနားလည်တဲ့ စင်ကာပူသားတွေက မင်းတို့ရဲ့ ‘မယားကြီးရဲ့ သဘောတူလက်ခံမှု’ ရရင် နောက်မိန်းမတစ်ယောက်ထပ်ယူပါဆိုတာဟာ 'မယူနဲ့’ လို့ ပညာသားပါပါ တားထားတဲ့ ဥပဒေတစ်ရပ်ပဲ ဖြစ်ပါတယ်။

အခြားအသေးစိတ် အချက်အလက်တွေကို ဒီလင့်မှာ [http://policy.mofcom.gov.cn/english/flaw!fetch.action?id=bfd32cf9-e1e7-4378-8455-beb6d4f28c16&pager.pageNo=7#934446910-002016] ဖတ်ကြည့်နိုင်ပါတယ်။

၁၉၆၆ မှာ စတင်ပြီး တင်းကျပ်စွာရေးဆွဲကာ ကျပ်ကျပ်မတ်မတ်ဆောင် ရွက်လိုက်တာ ၁၉၇၀ နဲ့ ၁၉၇၄ အကြားမှာ လက်ထပ်ကြတဲ့ မွတ်အတွဲပေါင်း ၁၃,၁၂၃ မှာ ၃၅ ယောက်ပဲ မိန်းမတစ်ယောက်ထက်ပိုယူပါတော့တယ်။ ယနေ့အခါမှာ တော့ မိန်းမတစ်ယောက်ထက်ပိုယူတဲ့ စင်ကာပူမွတ်စလင် ဆိုတာ မရှိသလောက်တောင် ရှားသွားပြီ ဖြစ်ပါတယ်။

နောက်တစ်ခါ .. ဟုတ်ပါပြီ .. မိန်းမတစ်ယောက်ယူပြီး ကလေး တစ်ဒါဇင်လောက်မွေးနေရင်ရောလို့ စောဒကတက်နိုင်ပါသေးတယ်။ ဒါကိုလည်း သမ္မတကြီး လီကွမ်ယုက ၁၉၇၀ ခုနှစ်မှာ ‘Stop at Two’ ဆိုတဲ့ မူဝါဒကို ချမှတ်အကောင်အထည်ဖော်ခဲ့ပါတယ်။ မွတ်အပါအ၀င် မိသားစု အားလုံး ကလေး ၂ယောက်ထက်ပို မွေးခွင့်မရှိဘူးပေါ့ဗျာ။

ဒီလိုဆိုတော့ မွတ်တွေအနေနဲ့ မိန်းမကလည်း တစ်ယောက်ထက်ပို မယူရ၊ ကလေးကလည်း ၂ယောက်ထက်ပို မယူရဆိုတော့ သူတို့ ရဲ့ လူမျိုစီမံကိန်းကြီး လုံးဝရပ်ဆိုင်းသွားလေသတည်းပေါ့ဗျာ။ [ယခုအချိန်မှာတော့ စင်ကာပူဟာ ချမ်းသာနေပြီမို့ Stop at two ပေါ်လစီကို ဆက်လက် မကျင့်သုံးတော့ပါဘူး။ ကလေးပြန်မွေးခိုင်းပါပြီ။ ဒါပေမယ့် လူဦးရေအချိုးကိုတော့ သေသေချာချာ စောင့်ကြည့်နေပါတယ်။] ကျွန်တော့်တို့မြန်မာတော်တော်များများက မွတ်ဆိုရင် ကလေးယူနှုန်းတားခွင့်မရှိလို့ ပဲ သိကြတဲ့သူများပါတယ်။

တကယ်တော့ မဟုတ်ပါဘူး။ မိန်းမ ၄ ယောက်ယူသလိုပါပဲ။ တန်းတူထား ရင်ယူခွင့်ရှိတယ် လို့ပဲ ပြောထားတာပါ။ ကလေးမွေးတဲ့ကိစ္စလည်း ဒီသဘောပါပဲ ။ သူတို့ဘာသာမှာ ကလေးများများယူတာကို အားပေးတယ်ပဲ ပြောထားပါတယ်။ လုံးဝတားမြစ်ခွင့်မရှိလို့ ပိတ်ပင်ထားတာမဟုတ်ပါဘူး။ ဒါကြောင့်လည်း အခုအခါမှာ မွတ်စလင်နိုင်ငံ တော်တော်များများမှာ သားဆက်ခြား စီမံကိန်းတွေကို ဆောင်ရွက်လာနေကြပါပြီ။

ဒီနေရာမှာ ကျွန်တော်တို့နိုင်ငံမှာ လက်ရှိဆောင်ရွက်နေတဲ့ သားဆက်ခြား စီမံကိန်းအကြောင်း အနည်းငယ် ဝေဖန်ဆွေးနွေးချင်ပါတယ်။ ကျွန်တော်တို့ ဆီမှာ တစ်မိသားစု ကလေး ဘယ်နှစ်ယောက်လို့ အတိအကျသတ်မှတ် လိုက်ပြီလို့တော့ မကြားမိသေးပါဘူး။ ကျေးရွာတွေမှာ ဆရာဝန်၊ ဆရာမတွေ က ရွာသူရွာသားတွေကို သားဆက်ခြားဖို့ နားချကြပါတယ်။ မြန်မာတွေရဲ့ ထုံးစံအတိုင်း ပြောတဲ့စကားကို နားထောင်ကြတဲ့ အတွက် တားဆေးသုံးလာ ကြပါပြီ။ ဒါပေမယ့် မွတ်ရွာတွေမှာကျတော့ သူတို့ဘာသာက မတားခိုင်းဘူး ဆိုပြီး သိပ်မသုံးကြပါဘူး။

ဒီအတိုင်းဆက်သွားကြရင် တစ်ချိန်မှာ မြန်မာတွေနည်းပြီး မွတ်တွေများတဲ့ အနာဂတ်မြန်မာနိုင်ငံ ဖြစ်လာနိုင်ပါတယ်။ တစ်မိသားစု ကလေး ၄ ယောက်ဆို ၄ ယောက် .... စသဖြင့် တိတိကျကျ သတ်မှတ်ဖို့ လိုပါတယ်။ ဆရာဝန်၊ ဆရာမတွေရဲ့ အပြစ်တော့ မဟုတ်ပါဘူး။ ဒါပေမယ့် အုပ်ချုပ်သူတွေနဲ့ နိုင်ငံရေး သမားများအားလုံး သေသေချာချာ လေးလေးနက်နက် စဉ်းစားချင့် ချိန်ပြီး တိကျတဲ့ မူဝါဒတွေချမှတ်ဖို့ လိုပါတယ်။ ရှေးယခင်ကာလတွေတုန်းက ‘အိမ်ထောင်၊ သားမွေး’ဆိုတာ လူမှုရေးကိစ္စသက်သက် ဖြစ်ခဲ့ပေမယ့် ယခု အခါမှာတော့ လူမျိုးရေး၊ ဘာသာရေး၊ နိုင်ငံရေးမက တိုင်းပြည်ရဲ့ အချုပ်အခြာ အာဏာနဲ့ပါ သက်ဆိုင်နေပြီဆိုတာကို သတိထားမိဖို့ လိုပါတယ်။

လက်ရှိကျွန်တော်တို့ နိုင်ငံမှာ ထွန်းကားလာတဲ့ အမျိုးသားရေးစိတ်ဓါတ်နဲ့ ပတ်သက်လို့လည်းဆွေးနွေးချင်ပါတယ်။ တကယ်တော့ ဒီအမျိုးသားရေး ၀ါဒဟာ ၁၉ ရာစုနဲ့ ၂၀ ရာစုမှာ အကြီးအကျယ်ထင်ရှားခဲ့ပါတယ်။ ဒီမျိုးချစ် စိတ်တွေပြင်းထန်ခဲ့တဲ့အတွက် ဥရောပသားတွေဟာ သူတို့လူမျိုးကောင်းစား ဖို့အတွက် ကမ္ဘာကို ကျွန်ပြုခဲ့တယ်ဆိုပါတော့။

ဟစ်တလာလို သိပ်အစွန်ရောက်သူတွေပေါ်လာတော့ ကမ္ဘာစစ်ကြီးတွေဖြစ်ပြီး ပြာကျခဲ့ကြပါတယ်။ စစ်ကြီးတွေပြီးတော့မှ ပြန်စဉ်းစားကျတော့ .. အော် မျိုးချစ်စိတ်တွေကြောင့် ငါတို့တွေ စစ်ဖြစ်ခဲ့ကြတာလို့ တွေးမိပြီး မျိုးချစ်စိတ်တွေ ကို အပြစ်မြင်ကာ ပြန်လျှော့ချကြတယ်ပေါ့ဗျာ။ ဒီနေရာမှာ ကျွန်တော်တို့ မြန်မာတွေ သံယောင်မလိုက်မိဖို့ လိုပါတယ်။ ကျွန်တော်တို့ နဲ့ သူတို့နဲ့က သမိုင်းကြောင်းချင်း မတူပါဘူး။

မြန်မာပြည်ဟာ သီပေါမင်းလက်ထက်မှာ ပါတော်မူတယ်ဆိုပေမယ့် အဓိကတာဝန်ရှိတာ မင်းတုန်းမင်းပါ။ သူလက်ထက်မှာ ပြင်ဆင်ဖို့ အချိန်ရပေ မယ့် တရားဝင်မိဖုရား ၆၀ အပြင် မောင်းမမိဿံ၊ မိဖုရားငယ်အပါအ၀င် မိန်းမ ၁၀၀ ကျော်နဲ့ အပျော်ကျုးနေတော့ တိုင်းပြည်အတွက် ပြင်ဆင်ဖို့ သတိမရနိုင် ဘူးပေါ့ဗျာ။ မင်းတုန်းမင်းသာ ကနောင်မင်းသားကြီး တစ်ဝက်လောက် တိုင်းပြည် အတွက် စိတ်ဝင်စားခဲ့ရင်၊ အမျိုးသားရေး ပေါ့ပေါ့မတွေးခဲ့ရင် သီပေါလို အရည်အချင်းမရှိသူ ဘုရင်တက်ဖြစ်ပြီး ပါတော်မမူနိုင်ဘူးပေါ့ဗျာ။

လက်နက်ချင်းကွာလို့သက်သက် ရှုံးတာမဟုတ်ပါဘူး။ [သီပေါမင်းသား ၁၆ နှစ်မှာ မင်းဖြစ်သလို အိမ်နီးချင်း ထိုင်းနိုင်ငံမှာ ချူလာလောင်ကောင် မင်းသားဟာ အသက် ၁၄နှစ် နဲ့ သီပေါဘုရင်နဲ့ မရှေးမနှောင်းမှာ ဘုရင်ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် တိုင်းပြည်ကို အပြည့်အ၀စိတ်ဝင်စားပြီး အသေအချာ ဥာဏ်ကစားနိုင်ခဲ့တော့ ပြင်သစ်လက်ကလွတ်သလို အဂ๎လိပ်လက်ကလည်း လွတ်ခဲ့ပါတယ်။] ဒီတော့ ဥရောပသားတို့က မျိုးချစ်စိတ်ပြင်ထန်ခဲ့လို့ နယ်ချဲ့တွေဖြစ်ခဲ့ချိန်မှာ ကျွန်တော်တို့က အမျိုးသားရေးပေါ့ပေါ့တွေးခဲ့ကြလို့ သူ့ကျွန်ဖြစ်ခဲ့ကြပါတယ်။ ဗိုလ်မင်းရောင်တို့၊ ၀န်းသိုစော်ဘွားကြီးတို့၊ ဗိုလ်ချုပ်အောင်ဆန်းတို့ ဦးဆောင်ခဲ့တဲ့ ကျွန်တော်တို့ ဘိုးဘွားတွေသာ ‘မဟာလူသားဆန်ဝါဒ’ ကျင့်သုံးပြီး British လည်းလူပဲ၊ မြန်မာလည်းလူပဲ .. လူ လူချင်းအုပ်ချုပ်တာ အရေးမကြီးဘူးလို့ တွေးခဲ့ကြရင် ကျွန်တော်တို့ အခုထိတောင် လွတ်လပ်ရေး ရဦးမှာ မဟုတ်သေးပါဘူး။

ဒါကြောင့် ဥရောပသားတွေအတွက် မျိုးချစ်စိတ်ဟာ အဆိပ်ဖြစ်ခဲ့တယ် ဆိုရင်တောင် ကျွန်တော်တို့အတွက် ကတော့ ဆေးလို့ပဲ ယုံကြည်ပါတယ်။ တကယ်တော့ သူတို့တတွေက မျိုးချစ်စိတ်များလွန်းနေတာ ဖြစ်ပြီး၊ ကျွန်တော်တို့တတွေက နည်းလွန်းနေတာပါ။ ဒီနေရာမှာ ဆရာတော်များက အမျိုးသားရေးစိတ်ဓါတ်များ မွေးကြဖို့၊ ကိုယ့်လူမျိုး၊ ဘာသာဝင်အချင်းချင်းချစ်ကြဖို့ ဆုံးမတာကို ခါးခါးသီးသီး ဖြစ်ကြတဲ့ မြန်မာတွေကို တွေ့လို့ အံ့အားသင့်မိပါတယ်။

ဆန့်ကျင်ပြောဆိုသူတွေကိုချည်းပဲ အံ့သြတာ မဟုတ်ပါဘူး။ ကျွန်တော်တို့ မြန်မာတွေရဲ့ နားမှာ မျိုးချစ်စိတ်ဆိုတာကို အင်မတန်စိမ်းနေကြတာကို တွေ့မိလို့ပါ။ (အစွန်းရောက် မျက်ကန်းမျိုးချစ်မျိုးကို အားမပေးသလို ကောက်ရိုးမီး မျိုးချစ်စိတ်မျိုးကိုလည်း အားမပေးပါ။) မျိုးချစ်စိတ်ဆိုတာ ကျွန်တော်တို့ တစ်နိုင်ငံတည်းများ ကွက်ပြီး ပျောက်ဆုံးနေသလားလို့တောင် စဉ်းစားမိပါတယ်။ တကယ်တော့ ဘာသာခြား၊ လူမျိုးခြား တော်တော်များများ ဟာ ကလေးဘ၀ကတည်းက ကိုယ့်လူမျိုးကို ချစ်ကြဖို့၊ စည်းလုံးကြဖို့ သွန်သင်ခံခဲ့ကြရပါတယ်။ သူတို့လူမျိုးသူတို့ ချစ်ရမယ်ဆိုတာကို ဘယ်သူကမှ ကြီးလာမှ တစ်ကူးတစ်က ထပ်ပြီးသင်နေစရာ မလိုအောင်ကို သိကြပါတယ်။ စင်ကာပူမှာလည်း ဒီအတိုင်းပါပဲ။ စင်ကာပူ တရုတ်အမျိုးသမီးတွေဟာ သူတို့ နဲ့လူမျိုးတူ၊ ဘာသာတူတွေကို ပဲ ယူကြတာများပါတယ်။

သေသေချာချာပြန်စဉ်းစားကြည့်ရင် စင်ကာပူဆိုတာ မြို့သေးသေးလေးပါဗျာ။ မလေးရှားနဲ့ အင်ဒိုနီးရှားလို မွတ်စလင်နိုင်ငံကြီး ၂ နိုင်ငံရဲ့ အလယ်နားမှာ နေရတဲ့ မြို့လေးတစ်မြို့ပါ။ ‘မွတ်စလင်ပတ်လည် ၀န်းရံနေသောမြို့ကို စင်ကာပူဟုခေါ်သည်’ လို့တောင် ပြောလို့ ရပါတယ်။ တကယ်လို့များ ...
- စင်ကာပူသားတွေသာ သူတို့ခြံစည်းရိုးကို အသေအချာမကာရံခဲ့ကြရင် ...
- စင်ကာပူအစိုးရကသာ မွတ်တွေရဲ့ မျိုးပွားနှုန်းထိမ်းချုပ်တဲ့ ဥပဒေတွေကို ပညာသားပါပါ မပြဋ္ဌာန်းထားခဲ့ရင် …

- စင်ကာပူတရုတ်အမျိုးသမီးတွေသာ လင်ယူပက်စက်ခဲ့ကြရင် …
....... ''Islamic Republic of Singapore'' ဆိုတဲ့ နိုင်ငံသစ်တစ်နိုင်ငံဟာ ဒီကမ္ဘာမြေမှာ ပေါ်ထွန်းလာခဲ့တာ အတော်လေးတောင်ကြာနေလောက်ပါပြီ။ စင်ကာပူမှာ လက်ရှိမွတ်စလင် ၁၅ % ရှိပါတယ်။ ၁၉၆၅ မှာ လွတ်လပ်ရေး ရခဲ့တဲ့ စင်ကာပူဟာ လွတ်လပ်ရေးရခါစတုန်းကလည်း မွတ်စလင် ၁၅% ၊ အခုလည်း ၁၅% ပါ။ မွတ်ရာခိုင်နှုန်းတွေလုံးဝ တိုးမလာပါဘူး။

စင်ကာပူသားတွေဟာ အခုလိုကမ္ဘာကတောင် လေးစားရအောင် ချမ်းသာ ကြီးပွား တိုးတက်အောင် ဆောင်ရွက်နိုင်ရုံမက မွတ်စလင်တွေရဲ့ လူမျိုတိုက်စစ်အောက်မှာ ၀ါးမျိုမှုကို မခံခဲ့ကြရဘူးဆိုတာဟာ အစိုးရနဲ့ ပြည်သူ လက်တွဲညီညီ ဆောင်ရွက်နိုင်ခဲ့လို့ပါ။ အစိုးရက လိုအပ်တဲ့ ဥပဒေပြဋ္ဌာန်း ကာကွယ်နေချိန်မှာ ပြည်သူတွေကလည်း ကိုယ့်လူမျိုးတူ၊ ဘာသာတူချင်း အားပေးခဲ့ကြ၊ လက်ထပ်ခဲ့ကြပါတယ်။

ဒါကြောင့်မို့လို့ ကျွန်တော်တို့ နိုင်ငံမှာလည်း လူမျိုး၊ ဘာသာ၊ သာသနာ မကွယ်ပျောက်ရလေအောင် ပြည်သူပြည်သားတွေဘက်ကလည်း အမျိုးသားရေးစိတ်ဓါတ်တွေ ပြန်လည်နိုးကြားကြဖို့ လိုသလို အစိုးရအနေ နဲ့လည်း ကိုယ့်လူမျိုး၊ ဘာသာ၊ သာသနာကို ရေရှည်တည်တံ့အောင် ထိမ်းသိမ်းကာကွယ်ပေးနိုင်မယ့် လက်တွေ့ကျတဲ့ ဥပဒေအသစ်တွေ ပြဌာန်းပေးနိုင်ပါစေလို့ နှစ်သစ်ဦးမှာ ဆုမွန်ကောင်းတောင်းလိုက်ရပါတယ်။

လူမျိုး၊ ဘာသာ၊ သာသနာ အဓွန့်ရှည်တည်တံ့ပါစေလို့ ဆန္ဒပြုလျက် -
ဘယ်ဘာသာကိုမှ စော်ကားတိုက်ခိုက်ဖို့ မရည်ရွယ်ပါ။ ကိုယ့် လူမျိုး ၊ ဘာသာ၊ သာသနာ မကွယ်ပျောက်ရန် ထိန်းသိမ်းစောင့်ရှောက်ဖို့သာ ရည်ရွယ်ပါသည်။



Read More
Posted by Unknown on Monday, June 16, 2014

ကုလားများ စီးပွားရေးလက်ဝါးကြီးအုပ်မှု
မောင်တောမြို့၏ ကုန်စည်စီးဆင်းမှုအားလုံးကို ကုလားများက ချုပ်ကိုင်မိသွားပြီ ။
ယခင်က ရခိုင် လက္ကားသမားများထံမှတဆင့် စီးဆင်းမှုကို ကုလားများဖြတ်တောက်လိုက်ကြပြီ ။
မန္တလေး ၊ ရန်ကုန် ၊ ပြည် တို့ရှိ ကုန်စည်ဒိုင်များမှ ပစ္စည်းများကို ကုလားများက တိုက်ရိုက်ချိတ်ဆက် ရောင်းဝယ်ကြသည် ။ ၀မ်းနည်းစရာကောင်းသည့်အချက်က တစ်ချို့ကုန်စည်ဒိုင်ရှင် ရခိုင်များက ယခင်ပို့နေကျ
မောင်တောရခိုင်ကုန်သည်များအစား ကုလားနဲ့တိုက်ရိုက်ရောင်းဝယ် ကြကြောင်းသိရှိရသည် ။
( မော်ဂေး ဒ၀ိုင်လဲ နော်ဇိုင်ဂေ ) ရခိုင်သားဆိုင်မှ ဈေးမ၀ယ်ကြဖို့ မော်လ၀ီ နှင့် ကုလားကြီးများစကားကို သူတို့အတိအကျလိုက်နာကြသည် ။
ရခိုင်ပိုင်ဆိုင်ထက် အမြဲတမ်း ဈေးလျှော့ရောင်းသဖြင့်
လက်တစ်ဆုတ်စာ ရခိုင်များကလည်း ကုလားဆိုင်တွင် ၀ယ်ယူကြရာ ရခိုင်ဆိုင်သည်တို့ စီးပွားရေး နလံမထူနိုင်တော့ ။

# ကုလားလူဦးရေ မတန်တဆ လျင်မြန်စွာတိုးတက်လာမှု

၂၀၁၂ ပဋိပက္ခနောက်ပိုင်း မောင်တောမြို့သို့ စားသုံးကုန် ၊ လူသုံးကုန် ပစ္စည်းတင်သွင်းလာမှုသည် ယခင်ကထက် နှစ်ဆလောက်များပြားလာသည်ကို ကြည့်ခြင်းအားဖြင့် ၊ မောင်တောတွင် လူဦးရေ မည်မျှတိုးပွားလာသည်ကို ခန့်မှန်းကြည့်နိုင်သည် ။
မောင်တောရခိုင်များပြောစကားရ ရခိုင်စကား လုံးဝနားမလည်သော မျက်နှာစိမ်းကုလားများကို နေရာတိုင်းတွင်တွေ့ရှိလာရသည် ။
နစက ခေတ်မှာကဲ့သို့ အကန့်အသတ်မရှိတော့သဖြင့် မောင်တောမြို့နယ်၌ တစ်ရက်တွင် ကုလားမင်္ဂလာဆောင် ၅၀ ခန့်ရှိကြောင်းသိရှိရသည် ။ သူတို့၏ ပေါက်ဖွားနှုန်းအရ ယင်းလမ်းကြောင်းမှလည်း လူဦးရေမည်မျှတိုးလာနိုင်သည်ကို ခန့်မှန်းနိုင်ပါသည် ။

# ကုလားများ ခြိမ်းခြောက်အကြမ်းဖက် နှင်ထုတ်နယ်ချဲ့ခြင်း

မောင်တောကျေးလက်( အထူးသဖြင့် မြောက်ပိုင်း )များရှိ ရခိုင်အပါအ၀င် မျိုးနွယ်စုများသည် လယ်ယာလုပ်ငန်း ၊ တောင်ယာလုပ်ငန်း ၊ ၀ါးခုတ် တောခုတ် လုပ်ငန်းများ လုပ်ကိုင်စားသောက်ခဲ့ကြသည်။
သို့သော် ရခိုင်တို့သည် ရွာနှင့်အနီးငယ်ဝေးသော လယ်ကွင်းများတွင်ပင် ကုလားများဝိုင်းဝန်း ခြိမ်းခြောက်မှုကြောင့် ထွန်ယက်ခြင်းမပြုနိုင်ကြတော့ ။
တောင်ယာ ထင်းခုတ် လုပ်စားသော ရခိုင်မျိုးနွယ်စု များသည်လည်း တစ်ယောက်တည်းသွားလျင် ကုလားများသတ်ဖြတ်မှုကြောင့် အကောင်ပျောက်ခြင်းများ ဖြစ်လာသောကြောင့် သက်မွေးဝမ်းကျောင်းမှု မပြုနိုင်ကြတော့ပေ ။
စီးပွားရေးကျပ်တည်းလာမှုနှင့် အသက်အန္တရယ် မလုံခြုံမှုတို့ကြောင့်
နေရပ်စွန့်ခွာမှုများလာကြသည် ။
ထိုနေရာများသို့ ကုလားတို့ အသာအယာပင် အလွယ်တကူဝင်ရောက်နေရာယူလာကြသည် ။

# ( အာရကန်ဒေ့ရှ် အာရဒေ့ရှ် )

မောင်တောမြို့ယ်တစ်ခုလုံးကို ဘက်ပေါင်းစုံက ကုလားတို့ ထိန်းချုပ်ကြိုးကိုင်လာကြရာ ရခိုင်တို့က မိမိတို့မြေကို မည်မျပင်ချစ်သည်ဆိုစေကာမူ အနေကျုံ့ အန္တရာယ်များလာသဖြင့် တဖြည်းဖြည်းနှင့် နေရပ်စွန့်ခွာမှု များလာကြသည် ။ ထိုတစ်ချိန်တည်းတွင်ပင် ကုလားတို့က
“ အာရကန်ဒေ့ရှ် အာရဒေ့ရှ် ” ( အာရကန်မြေ သည် ငါတို့မြေ ) ဟု
ကြွေးကြော်ပြီး အိုးသစ်အိမ်သစ်များ ၊ တိုက်ကြီးတာကြီးများ ၊ နန်းတော်တမျှကြီးကျယ်သော အိမ်ကြီးအိမ်ကောင်းများ
ဆောက်လုပ်နေထိုင်လျက်ရှိလာကြပြီး သူတို့အချင်းချင်း
မောင်တောမြေကို “ ဒုတိယဘင်္ဂလာ ” ဟု ခေါ်တွင်လာကြကြောင်း ဘင်္ဂလီစကားနားလည်သော မောင်တောမြို့ခံရခိုင်သားများ မှတဆင့်ကြားသိရသည် ။

*** ရခိုင်သားများအတွက် မောင်တောမြေကိုစွန့်လွှတ်လိုက်ရပြီလား ။
သို့မဟုတ် အုပ်ချုပ်သူ ပြည်ထောင်စု ပြည်နယ်အစိုးရတို့ မောင်တောရခိုင်သားတို့၏ ခံစားရမှု ၊ ခံပြင်းရမှု ၊ အံကြိတ်ရမှု ၊ အားတင်းထားမှု တို့ကို
လျစ်လျူ ရှု ဥပက္ခာပြုလိုက်ပြီလားလို့ မေးခွန်းထုတ်စရာပင် ။

( Than Tun Than )

Read More

ပဲပုတ်တခြမ်း တောင်တတန်းနဲ့ ငါစားရလည်း ငါ့လူမျိုးတွေ တန်းတူညီမျှအခွင့် အရေး အမှန်တစ်ကယ် ရရှိဖို့ အတွက်မို့ ငါကျေနပ်တယ် စိုင်းရယ်..

ပန်းကန်မပါဇွန်းမပါ ဖက်ရွက်ပေါ်မှာပုံကာစားလည်းငါ့လူမျိုးတွေ တန်းတူညီမျှအခွင့် အရေး အမှန်တစ်ကယ် ရရှိဖို့ အတွက်မို့ ငါကျေနပ်တယ် စိုင်းရယ်..

ဆီနဲ့မကြော်ရေနဲ့လှော်တဲ့ အသားကြော်ပဲ ငါစားရလည်း ငါ့လူမျိုးတွေ တန်းတူညီမျှအခွင့် အရေး အမှန်တစ်ကယ် ရရှိဖို့ အတွက်မို့ ငါကျေနပ်တယ် စိုင်းရယ်..

မင်းရဲ့ရင်ခွင်ငါရှိချင်လည်း ငါ့လူမျိုးတွေ တန်းတူညီမျှအခွင့် အရေး အမှန်တစ်ကယ် ရရှိဖို့ အတွက်မို့ ငါတို့ဝေးလည်း ငါကျေနပ်တယ် စိုင်းရယ်…

ငါ့လူမျိုးတွေ တန်းတူညီမျှအခွင့် အရေး အမှန်တစ်ကယ် ရရှိဖို့ အတွက်မို့ ငါပေးဆပ်ဖို့ ငါဟာငါမဟုတ်ဘူး စိုင်းရယ်…

By: နန်းဆိုင်နိုင်း
(ဗိုလ်ချုပ်အောင်ဆန်း တည်ထောင်ခဲ့တဲ့ ဖက်ဒရယ်ပြည်ထောင်စု စစ်စစ် အမှန်တစ်ကယ် ဖြစ်ပေါ်လာဖို့ အတွက်နဲ့ ၁၉၄၇ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ချုပ်ဆိုခဲ့တဲ့ တောင်တန်းပြည်မ ပူးပေါင်းရေး စာချုပ် နဲ့ ပင်လုံညီလာခံ စာချုပ်ပါ အချက်၁ ချက်ဖြစ်တဲ့ တန်းတူညီမျှ အခွင့် အရေး ရှိရမည် ဆိုတဲ့ အချက်ကို ရှမ်းလူမျိုးနဲ့ ရှမ်းပြည်နယ် တွက် အမှန်တစ်ကယ် ရရှိနိုင်ဖို့ ဘ၀တစ်ခုလုံး ပုံအောပေးဆပ်ထားရဲတဲ့ ရှမ်းပြည်တပ်မတော် တောင်ပိုင်း RCSS/SSAဋ္ဌာနချုပ် လွယ်တိုင်းလျဲန်း မှ မျိုးချစ် ပြည်ချစ်တဲ့ ရှမ်း စစ်သမီးလေးပါ)


Read More
Posted by Unknown on Thursday, June 12, 2014

From : .. I

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ဒေါ်အောင်ဆန်းစုကြည် သမ္မတအဖြစ် တာဝန်ထမ်းဆောင်ခွင့် မရရှိစေရန် တားဆီး နေသော ပုဒ်မ ၅၉ (စ) ပါ ပြဋ္ဌာန်းချက်များကို မပြင်ဆင်ရန် ပြည်ထောင်စုလွှတ်တော်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင် နိုင်ရေး အကောင်အထည်ဖော်မှု ကော်မတီက ဇွန်လ ၆ ရက်နေ့တွင် ဆုံးဖြတ် လိုက်ပြီ ဖြစ်ကြောင်း သိရှိရသည်။

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ လွှတ်တော်ကိုယ်စားလှယ် အများစု ပါဝင်သော လွှတ်တော် ကိုယ်စားလှယ် ၃၁ ဦးပါ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အကောင်အထည် ဖော်မှု ကော်မတီက ဇွန်လ ၆ ရက်နေ့တွင် ကျင်းပ သော အခြေခံဥပဒေ ပြင်ဆင်ရေး အစည်းအဝေးတွင် ပုဒ်မ ၅၉ (စ) မပြင်ဆင်ရန် မဲခွဲ ဆုံးဖြတ် အတည်ပြု လိုက်ခြင်း ဖြစ်သည်ဟု သိရှိရသည်။

“ပုဒ်မ ၅၉ (စ) လုံး ပြင်ဖို့၊ မပြင်ဖို့ မဲခွဲဆုံးဖြတ် တယ်။ ပုဒ်မ ၅၉ (စ) ပြင်ဖို့ ထောက်ခံမဲက ၅ မဲပဲရှိတယ်။ မပြင်ဆင်ဖို့ မဲပေး တာက တော်တော်များ တယ်။ မပြင်ဆင်ဖို့မဲက အသာရသွားတော့ ၅၉ (စ) ပြင်ဆင်ဖို့ကတော့ ဒီလွှတ်တော် သက်တမ်း အတွင်း မှာ ဘယ်လိုမှမဖြစ်နိုင်တော့ဘူး” ဟု ဖွဲ့စည်းပုံ ပြင် ဆင်ရေး လွှတ်တော် ကော်မတီတွင် ပါဝင်သော လွှတ်တော် ကိုယ်စားလှယ်တဦးက ဧရာဝတီသို့ ပြော ဆိုသည်။

အဖွဲ့ဝင် ၃၁ ဦး ပါဝင်သော ဖွဲ့စည်းပုံပြင်ရေး လွှတ်တော်ကော်မတီတွင် တပ်မတော်သား လွှတ်တော်ကိုယ်စား လှယ် ၇ ဦး ပါဝင်ရာ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် အားလုံးက ပုဒ်မ ၅၉ (စ) ပြင်ဆင်ရေးအဆိုကို ပြင်းပြင်းထန်ထန် ကန့်ကွက်မှု များရှိခဲ့သည်ဟု ဧရာဝတီက စုံစမ်းသိရှိရသည်။

ပုဒ်မ ၅၉ (စ) သည် နိုင်ငံတော် သမ္မတ ဖြစ်ခွင့်ရှိရေး အရည်အချင်း သတ်မှတ်ပြဋ္ဌာန်းချက် ဖြစ်ပြီး သမ္မတအဖြစ် ရွေးချယ် တင်မြှောက်ခံရမည့် သူသည် မိမိကိုယ်တိုင်သော် လည်းကောင်း၊ မိမိ၏ ဇနီး သို့မဟုတ် ခင်ပွန်းသော် လည်းကောင်း၊ မိမိ၏ တရားဝင် သားသမီးတဦးဦးသော် လည်းကောင်း၊ ထို တရားဝင် သားသမီးတဦးဦး၏ ဇနီးနှင့် ခင်ပွန်း သည် နိုင်ငံခြား အစိုးရ ၏ ကျေးဇူးသစ္စာတော်ကို ခံယူစောင့်ရှောက် ရိုသေသူ သို့မဟုတ် နိုင်ငံခြား အစိုးရ၏ လက်အောက်ခံသို့မဟုတ် တိုင်းတပါး၏ နိုင်ငံသားဖြစ်သူများ မဖြစ်စေရ ၊ ထိုသူများသည် နိုင်ငံခြား အစိုးရ၏ လက်အောက်ခံ ဖြစ်သူသော် လည်း ကောင်း၊ တိုင်းတပါး၏ နိုင်ငံသားသော်လည်းကောင်း ခံစားရသော အခွင့်အရေးများနှင့် ကျေးဇူး ခံစားခွင့်များကို ခံစား နိုင်ခွင့် ရှိသူများ မဖြစ်စေရဟု ဖော်ပြထားပြီး ယင်းသတ် မှတ်ချက်သည် နိုင်ငံခြားသား ၂ ဦးရှိနေသော ဒေါ်အောင်ဆန်း စုကြည် ကို သမ္မတဖြစ်ခွင့် မရှိစေရန် တားဆီးထားခြင်းဖြစ်သည်။

ကြံ့ခိုင်ရေးပါတီမှ ရွှေပြည်သာမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်လည်းဖြစ်၊ ဖွဲ့စည်းပုံပြင်ရေး လွှတ်တော် ကော်မတီဝင်လည်းဖြစ်သူ ဗိုလ်မှူး ကြီးဟောင်း ဦးတင်မောင်ဦးက ပုဒ်မ ၅၉ (စ) ပြင် ဆင်ဖွယ်ရှိ သည်ဟု ဧရာဝတီသို့ မေလတွင် ပြောဆိုခဲ့ သော်လည်း လွှတ်တော်ကော်မတီက ပုဒ်မ ၅၉ (စ) မပြင်ဆင်ရန် ဆုံးဖြတ်မှုကိုမူ တိတိကျကျ ဖြေဆို ခြင်းမပြုဘဲ တိမ်းရှောင်ဖြေဆိုသွားသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး လွှတ် တော်ကော်မတီတွင် ကြံ့ခိုင်ရေး လွှတ်တော်ကိုယ်စား လှယ် ၁၄ ဦး၊ တပ်မတော်သား လွှတ်တော် အမတ် ၇ ဦး၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ လွှတ်တော်အမတ် ၂ ဦး၊ အခြား နိုင်ငံရေး ပါတီများမှ လွှတ်တော် အမတ် ၈ ဦး စုစုပေါင်း ၃၁ ဦး ပါဝင်သည်။

.. www.MyanmarExpress.net

Read More


ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို မပြင် ရဘူး။ ပြင်စရာ မလိုဘူးလို့ သမ္မတကော ကာချုပ်ကော နိုင်ငံရေး ပါတီများ ကရော ပြည်သူ အားလုံး ကကော ဘယ်သူ ကမှ မပြောပါ။ ဒါပေမယ့် ဒီမိုကရေစီ ဆိုတာ မူ ရှိရ ပါတယ်။ အာဏာရှင် စနစ်လို အာဏာရှင် အလိုကျ ချက်ခြင်း ပြင်စေ ဆိုတာနဲ့ ပြင် မရပါဘူး။ ချက်ခြင်း ဥပဒေ ထုတ် ဆိုပြီးလည်း ထုတ်ချင်တိုင်း ထုတ်လို့ မရပါဘူး။ သတ်မှတ်ထားတဲ့ Procedure အတိုင်း လုပ်ကြရတာပါ။ အခြေခံ ဥပဒေကို ပြင်ပေး လို့ ဘယ်လောက် အော်အော် ပြင်ဆင် နိုင်ရေး နည်းလမ်း မှန်မှန် မဆောင်ရွက် နိုင်ရင်တော့ ပြင်တဲ့ အဆင့် ကနေ အရှိန်လွန်ပြီး အဖျက်ခံရတဲ့ အဆင့် ရောက် သွား နိုင် ပါတယ်။

ဘယ် ဒီမိုကရေစီ နိုင်ငံ မဆို ကိုယ် ပြဌာန်းချင်တဲ့ ဥပဒေ ပြဌာန်းနိုင်ဘို့ လွှတ်တော်မှာ အမတ် အများစု နိုင်ပြီးမှ ပြဌာန်းလို့ ရတာ။ အခု USDP လွှတ်တော် နဲ့ USDP အစိုးရ လက်ထက် မှာ ကိုယ် ကြိုက်သလို ခြေဥပြင် ချင်ပါတယ် ဆိုတာ ဘယ်မူနဲ့ ပြောနေတယ် ဆိုတာ နားမလည် ပါဘူး။ အန်တီစုက တပ်ချုပ် သဘောတူရင် အခြေခံ ဥပဒေ တရက်ထဲ ပြင်လို့ ရတယ် ပြင်ပေးပါ ဆိုတာ သူ ကိုယ်တိုင် ဒီမိုကရေစီကို နား မလည် တာလား။ NLD အာဏာရလို့ ပြင်ချင်တဲ့ ဥပဒေ ရှိရင် တဦးထဲ သဘောနဲ့ ပြင်၊ အသစ် ထုတ်ပြန် ချင်တဲ့ ဥပဒေ ဆို အသစ်ရေး ပြီး ချက်ခြင်း ထုတ်ပြန် ဆိုတဲ့ အာဏာရှင် စနစ်ကို နောက်ကြောင်း ပြန်ချင် လို့လား။

မြန်မာပြည်မှာ ဒီမိုကရေစီ စနစ် ထွန်းကာအောင် ကြိုးစားနေတာ NLD တပါတီထဲ မဟုတ်သလို NLD ပါတီထဲက လူတွေ ချည်းပဲ လုပ်နေ တာလည်း မဟုတ် ပါဘူး။ အခြား ပါတီများနှင့် နိုင်ငံရေး အင်အားစုများ၊ စစ်တပ် ကိုယ်စားလှယ်များ သည်လည်း မြန်မာနိုင်ငံ အကျိုးကို လိုလားတဲ့ မြန်မာ နိုင်ငံသားတွေ ဆိုတာ အသိအမှတ် ပြု ပြီး မြန်မာနိုင်ငံ ဖွံ့ဖြိုး တိုးတက်ရေး အတွက် NLD အနေနဲ့ အပြုတ်တိုက် အပြတ်ဖြတ်ရေး လမ်းစဉ်ကို စွန့်လွှတ်၍ ရန်သူလို သဘော မထားပဲ ပူးပေါင်း ဆောင်ရွက် ရန် မစည်းရုံး နိုင်ဘူးလား။ လွှတ်တော်မှာ တိုက်ရိုက် ထိတွေ့ဆက်ဆံနေ ရတဲ့ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် တွေ ကိုတောင် အပြန်အလှန် နားလည်မှု ရအောင် မစည်းရုံး နိုင်ရင် တပ်မတော် တခုလုံးကို ဘယ်လို စည်းရုံးမှာလဲ။ ကျွန်မ ဖေဖေ တည်ထောင်ခဲ့တဲ့ တပ်မတော် ဆိုတဲ့ စကားလုံးလောက် နဲ့တော့ တပ်ကို အလုံးစုံ စည်းရုံး၍ ရနိုင်မည် မထင်ပါ။

ဒီမိုကရေစီ ကို လိုလားရင် ကိုယ်တိုင်လည်း ဒီမိုကရေစီ လုပ်ထုံး လုပ်နည်းများ ကို လိုက်နာဘို့ လိုပါတယ်။

Moe Hein Kyaw
03-06-2014

Read More
Posted by Unknown on Wednesday, June 11, 2014



NLD ပါတီဟာ တဖြေးဖြေးနဲ့ အာဏာရှင်ဆန်လာယုံမျှမကဆိုးဝါးမှုတွေ ဆက်တိုက်ဖြစ်လာပြီ ။အစပိုင်းမှာ တပ်မတော်နဲ့ NLDပါတီဝင်မဟုတ်သူတွေကို အမျိုးမျိုးအပုတ်ချတယ် ၀ါဒဖြန့်ချိတယ် နောက်ပိုင်းမှာ သံဃာတော်တွေကိုပါ စော်ကားတဲ့အဆင့်ရောက်လာတယ် ။အခုတလောမှာတော့ အမျိုးသား
ရေး ၀ါဒီများကို ပေါ်ပေါ်ထင်ထင်ထိခိုက်ပုတ်ခတ်လာယုံမျှမက အမျိုးသားရေး ဟောပြောပွဲတွေကို တရားစွဲဆိုဖို့ပါ ကမ်းတက်လာတဲ့အထိ ဖြစ်လာပြီ ။

ပြီးခဲ့တဲ့ ပွင့်ဖြူမြို့ အမျိုးသားရေး ဟောပြောပွဲကို တရားရားစွဲဆိုဖို့ NLD ဗဟိုက ဆုံးဖြတ်ပြီး ပွင့်ဖြူမြို့နယ် ပါတီဝင်အချို့နဲ့ ယင်းတို့ဘက်တော်သားတွေက ဂျာနယ်တွေကတဆင့်ဝါဒဖြန့်ကြတယ် ။တကယ်လဲတရားစွဲဆိုခဲ့ပေမယ့် မအောင်မြင်ခဲ့ဘူးလို့သိရတယ် ။NLD အနေနဲ့ ပြည်သူအချို့ရဲ့ ထောက်
ခံမှုကိုမရလို့ ရန်လိုအမုန်းပွါးလာမှုတွေဟာ နေ့စဉ်နဲ့အမျှတွေ့ကြုံနေရတယ် ။ဒီပုံစံအတိုင်းသာ ဆက်လက်ရပ်တည်နေလျှင် နိုင်ငံရေးဟာ ကောင်းလာနိုင်စရာမရှိဘူး ။အရပ်ဖက်အဖွဲ့အစည်းအချို့နဲ့
နိုင်ငံရေး လေ့လာသူ သုတေသီများကလဲမြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေးကာလနဲ့ အခြားနိုင်ငံများရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကိုနှိုင်းယှဉ်ပြထားတာတွေအခုရက်ပိုင်းမှ ပေါ်ထွက်
လာခဲ့တယ် ။ပုဒ်မ၄၃၆လို နိုင်ငံတော်အတွက် အသက်တမျှအရေးကြီးတဲ့ ပုဒ်မမျိုးဟာလွှတ်တော်တွင်း
မှာသာ ပြင်မှရမယ်လို့ ပုဒ်မ ၄၃၃မှာ ညွှန်းဆိုထားတာ NLD အနေနဲ့ သိမှာပဲ ။ခက်နေတာက ဥပဒေနဲ့အညီပြင်ဆင်ခြင်း အသစ်ရေးဆွဲခြင်းတွေကိစ္စတွေကို လွှတ်တော်တွင်းမှာ မဆုံးဖြတ်ပဲ အဆင့်ကျော်ပြီး ပြည်သူ့ဆန္ဒခံယူနေတာဟာ တိုင်းပြည်ကို မငြိမ်းချမ်းအောင် ၊ဆူပူမှုတွေဖြစ်လာအောင်
ဖန်တီးနေသလိုဖြစ်နေပြီ ။

ပြည်သူတွေအနေနဲ့ အခြေခံဥပဒေမှာပါတဲ့ ပုဒ်မတွေရဲ့အဓိပ္ပါယ်တွေကို NLD ပါတီဝင်တွေ ပြောသလောက်သာ သိရတာမို့ ၅၉ စလိုပုဒ်မမျိုး ၄၃၆ ၊၄၃၃ ရဲ့ အဓိပ္ပါယ်တွေကို အပြည့်အ၀နားမလည်ကြဘူးဆိုတာ သေခြာတယ် ။၎င်းပါတီဥက္ကဌကိုယ်တိုင် ခြေ/ဥပါ ပုဒ်
မတွေကို သေသေခြာခြာ ကြေညက်အောင်လေ့လာထားခြင်းရှိမရှိသံသယဖြစ်စရာအချက်တွေတွေ့ရှိလာရ
တယ် ။NLD ပါတီဟာအစပိုင်းမှာ ၅၉(စ)နဲ့ ဘာမှမဆိုင်တဲ့ ၅၉(ဃ)ကိုပြင်ဆင်ရေး စည်းရုံး
ဝါဒဖြန့်တာကိုကြည့်လျှင် သိနိုင်ပါတယ် ။နောက်တစ်ချက်က ၄၃၆ကိုပြင်ဖို့ NLD ကစခဲ့တာမဟုတ်ပါဘူး နိုင်ငံရေးအရံအင်အားစုဖြစ်တဲ့ သာမန်ပြည်သူတွေ့စခဲ့တာပါ ။နောက်ပိုင်းမှ 88အဖွဲ့တွေနဲ့NLD ပါတီက ၄၃၆ဘက်ကိုမြှားဦးလှည့်ခဲ့တာပါ ။ဒါကြောင့်လည်းတပ်ကုန်းက အဖိုးအိုနဲ့တွေ့တဲ့အခါမှာ ခြေ/ဥကိုကျွမ်းကျင်ပိုင်နိုင်မှုမရှိလေတော့ အရှက်ကွဲခဲ့ရတာဟာ သံသယဖြစ်ယုံမျှမက သိပ်မသိသေးဘူးဆိုတာကို မီးမောင်းထိုးပြလိုက်တာပါပဲ ။အခုတစ်လော
NLD ပါတီနဲ့ 88တို့ပူးပေါင်းပြီး ၄၃၆ကိုပြင်ဆင်ဖို့ နိုင်ငံတစ်ဝှမ်းလုံးလှုပ်လှုပ်ရှားရှားဖြစ်အောင် လှုံ့ဆော်မှုတွေပိုများပြားနေတာတွေ့လာရတော့ ဝေဘန်သူတွေလဲအများအပြားပေါ်ထွက်လာတာကိုပါ
တွေ့နေရပါတယ် ။NLD ရဲ့ရန်သူပါတီ(သူတို့အခေါ်)ကြံ့ခိုင်ရေးပါတီကိုရော တပ်မတော်ကိုပါ ပြင်းပြင်းထန်ထန်တိုက်ခိုက်လာတာတွေရှိပါတယ် ။ပိုဆိုးတာက ပြည်သူစစ်စစ်ဖြစ်တဲ့ အမျိုးသားရေးအင်အားစုများ ၊ရဟန်းသံဃာတော်များ ၊NLDပါတီအားမထောက်ခံသူ မည်သူ့
ကိုမဆို ရန်သူလိုသဘောထားပြီး ဆက်ဆံလာတာတွေဟာ ၄င်းတို့ပါတီရဲ့ ရပ်တည်ချက်လို့တောင် ထင်လာမိပါတယ် ။

NLD ပါတီရဲ့ လုပ်ဆောင်ချက်တိုင်းဟာ တိုင်းပြည်ကိုအကျိုးမပြုပဲ ၊ပါတီအရေး ပါတီခေါင်းဆောင်အရေးလောက်သာ လုပ်ဆောင်ကျိုးပမ်းနေကြပြီး အမြင်မတူသူတို့အပေါ် ရန်သူလိုဆက်ဆံနေအုံးမယ်ဆိုရင်တော့ တိုင်းပြည်ရဲ့ အန္တရာယ်တစ်ခုအဖြစ်သက်မှတ်ပြီး နိုင်ငံသားတိုင်း
ကခြေမှုန်းပြစ်ရပါလိမ့်မယ် ။ဖြိုခွဲ ဖျက်ဆီးပြစ်ရပါလိမ့်မယ် ။ခြေ/ဥပြင်ဆင်ရေးအတွက် NLD နဲ့ ယင်းပါတီ၏ အရိပ်အမြွက် ကျေးဇူးခံကျေးဇူးထားမကင်းသည့်ပါတီများပူးပေါင်းပြီး မဟာမိတ်ဖြစ်လာပြီဆိုရင်တော့
ထိုပါတီအစုအဝေးကြီးဟာ အင်အားကြီး အန္တရာယ်ကြီးလာပြီး အချုပ်အခြာအာဏာကိုပါထိပါးလာပါလိမ့်မယ် ။ထိုသို့အချုပ်အခြာအာဏာထိပါးလာနိုင်ခြေရှိလျှင် တပ်မတော်ဘက်ကလဲ လုံးဝ သီးခံအလျော့ပေးလိမ့်မည်မဟုတ်ပါ ။ထိုသို့ဖြစ်လာခဲ့လျှင် မြေဇာ
ပင်ဖြစ်ရမည့် ပြည်သူတို့ဘ၀များသာ နစ်နာပေလိမ့်မည် ။တိုင်းလည်း ဘယ်သောအခါမှ
နားလန်ထူတော့မည်မဟုတ်ပေ သံသရာလည်မည့် ရန်မီးအညှိုးအတေးတို့နှင့် ကျိန်စာသင့်နိုင်ငံပမာ သွေးမော်ကွန်းတွေချည်းထိုးနေရလိမ့်မည် ။

ထို့ကြောင့် မိမိကိုယ်တိုင် NLD ပါတီဝင်ဖြစ်စေ ၊မိမိ၏မိတ်ဆွေ သားချင်းများ ပါတီဝင်ဖြစ်နေပါက နိုင်ငံ့အရေးထက် ပါတီအရေးကို ဇောင်းမပေးသင့်ကြောင်း ၊မြန်မာလူမျိုးတို့၏ ယဉ်ကျေးမှု ဓလေ့စရိုက်နှင့် ကိုက်ညီသော ဒီမိုကရေစီ စံချိန်စံညွှန်းများကိုသာ လိုလားနှစ်သက်သင့်ကြောင်း
ပါတီအပေါ်ထားသော ရည်မှန်းချက်များထက် တိုင်းပြည်နှင့်လူမျိုးအပေါ်၌သာ အရှည်မျှော်မှန်းသည့် ရည်ရွယ်ချက် ရည်မှန်းချက်များထားရှိသင့်ကြောင်း ၊ငြိမ်းချမ်းရေးလမ်းစဉ်နှင့် ဆန့်ကျင်သည့် မည်သည့် စည်းရုံးဟောပြောမှု ၀ါဒဖြန့်မှု မတူကွဲပြားမှုမျိုးကိုမှ မပြုလုပ်သင့်ကြောင်း ဟောပြောစည်းရုံးသင့်သည်မှာ NLD ပါတီဝင်တိုင်း၏ တာဝန်ဖြစ်သည် ။ပါတီဝင်တိုင်းသည် ဆန့်ကျင်ဘက်ပါတီများ ၊မိမိတို့နှင့်အယူသဘောထားမတူသူ ပြည်သူပြည်သားခြင်းအပေါ် အကောင်းမြင်သောစိတ် ၊စာနာထောက်
ထားတက်သော နှလုံးသား အရှည်မျှော်မှန်းတက်သော ဥာဏ်မျက်စိတို့နှင့်သာ ကြည့်သင့်ပြီး ပါတီအရေးထက် တိုင်းပြည်အရေးကိုသာ ဦးထိပ်ထားဆောင်ရွက်သင့်ကြောင်း တိုက်တွန်းပါသည် ။သို့မဟုတ်ပါက ငါနှင့်မတူငါ့ရန်သူ ၊ငါတို့ကိုမထောက်ခံသူ ဘုံရန်သူဟု စွတ်စွဲ ရန်လိုနေပါက အမိ
နိုင်ငံတော်၏အနာဂါတ်သည် မတွေးဝံ့တော့သလို NLD ပါတီဝင်တို့သည်လည်း တိုင်းရင်းသားတစ်ရပ်လုံး၏ ချေမှုန်းသုတ်သင်ခြင်းကို တစ်နေ့နေ့မုချဧကံခံရလိမ့်မည်ဖြစ်ပါကြောင်း
စေတနာဖြင့်အသိပေးပါရစေတော့ ။

ညီသုတ(ပြည်)

Read More

အောင်ဟိဏ်း(ကျိုက်ထော်)http://drlunswe.blogspot.com

Read More
Posted by Unknown on Saturday, June 7, 2014

ရခိုင်တိုင်းရင်းသား လူမျိုးစုများ အနေဖြင့် မြန်မာနိုင်ငံ၏ အချုပ်အခြာ အာဏာကို ကာကွယ်ရန် လိုအပ်ပါက ပါဝင်သွားရန် အသင့်ရှိသည်ဟု ဘူးသီးတောင် မြို့နယ်မှ ဒေသခံများက ပြောကြားခဲ့သည်။

ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းမှာ ယခုရက်ပိုင်းအတွင်း ထွက်ပေါ်လာသော ဘင်္ဂလားဒေ့ နိုင်ငံမှ မြန်မာနိုင်ငံအား စစ်ကြေငြာသည်ဆိုသည့် သတင်းအပေါ် ဒေသခံများမှ ပြောကြားခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ အနေနဲ့ နိုင်ငံအတွက် လိုအပ်မယ်ဆိုရင်၊ မြန်မာနိုင်ငံရဲ့ အချုပ်အခြာ အာဏာကို ကာကွယ်ဖို့ လိုအပ်တယ်ဆိုရင် အချိန်မရွေး ပါဝင်သွားဖို့ အသင့်ရှိနေပါတယ်”ဟု မောင်တောမြို့နယ်မှ ဦးထွန်းအောင်သိန်းက ပြောသည်။

ယခုလက်ရှိ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် တပ်အင်အားများ တိုးမြှင့်ထားမှုနှင့် လုံခြုံရေး သတိရှိစေရန် တပ်လှန်ထားသလို မြန်မာနိုင်ငံ ဘက်မှာလည်း လုံခြုံရေး အင်အားများ ထပ်မံ တိုးမြှင့်ပြီးချထား ရခြင်းမှာ မိမိတို့ စည်းရိုးလုံခြုံရေး အရ ချထားခြင်း ဖြစ်ကြောင်းနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ မဟုတ် မမှန်သော သတင်းများ တင်ခြင်းများလည်း ရှိနေကြောင်း သိရသည်။

“တစ်ဖက်နိုင်ငံနဲ့ တစ်ဖက်နိုင်ငံ ပစ်ခတ်မယ် ဆိုရင်လည်း စီးပွားရေး အရတော့ မဟုတ်ဘူး၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံက RSOဆိုတဲ့ အကြမ်းဖက် သမားတွေကို လက်ခံထားတယ် ကျွန်တော်တို့ မြန်မာနိုင်ငံက RSO ဆိုတဲ့ အကြမ်းဖက် သမားတွေကို လက်မခံထားဘူး အဲ့ဒီအတွက် ကြားထဲကနေ အဲ့ဒီအဖွဲ့က ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာနိုင်ငံ စစ်မဖြစ်ဖြစ်အောင် လှုံဆော်နေတာကြောင့် ခုလို နှစ်နိုင်ငံ ပြဿနာ ဖြစ်ရတာပါ”ဟု ဒေသခံတစ်ဦးက သုံးသပ်သည်။

Tomorrow Journal

Read More
Related Posts Plugin for WordPress, Blogger...

Arakan Media Group

Popular Posts

Blog Archive