၉၆၉ လှုပ်ရှားမှုများသည် အစိုးရသာသနာရေးဝန်ကြီးဌာန အပါအဝင် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့တို့နှင့်  မသက်ဆိုင်ကြောင်း ဦးဝီရသူမှ ပြောကြားလိုက်ပါတယ်။  မြန်မာနိုင်ငံတွင်းရှိ သံဃာ ငါးသိန်း ကျော်အားလုံးက ၉၆၉ ကို ထောက်ခံကြောင်း ဦးဝီရသူက ဆိုပါတယ်။

၉၆၉ အမှတ်တံဆိပ်နဲ့ ၉၆၉ သံဃာကွန်ရက်တွေဟာ ဗုဒ္ဓဘုရားရှင်ရဲ့ အမှတ်အသားကို ကိုယ်စားမပြုသလို မဟန အဖွဲ့ချုပ်ရဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့ မညီဘူးလို့ နိုင်ငံတော် သံဃာ့မဟာနာယကအဖွဲ့၏ ဆုံးဖြတ်ချက်အပေါ် ဦးဝီရသူက အခုလို ဖြေရှင်းလိုက်တာပါ။ 

ဦးဝီရသူရဲ့ အခုလို ပွင့်လင်းမြင်သာ စွာ ပြောဆိုမှုကြောင့် အစိုးရ နှင့် ၉၆၉ စပ်ဆက်မှု ရှိကြောင်း အတိုက်အခံ အချို့ နဲ့ မီဒီယာ အချို့ရဲ့ စွပ်စွဲမှုကို သံသယ ရှင်းသွားခဲ့တဲ့ အပြင် ကုလားအရေးလှုပ်ရှားသူများအတွက် အစိုးရကို အပြစ်တင်ရန် အခက်တွေ့သွားကြကြောင်း သိရပါတယ်။ 

ဦးဝီရသူဟာ ၂၀၀၇ စက်တင်ဘာ အရေးအခင်းမှာ အစိုးရကို ဆန့်ကျင်ခဲ့တာကြောင့် မီဒီယာများ နဲ့ အတိုက်အခံ ဒီမိုကရေစီ အင်အားစုများကြာမှာ သူရဲကောင်း သံဃာတစ်ပါး ဖြစ်ခဲ့သော်လည်း ၂၀၁၂ ခုနှစ်မှာ အမျိုး နဲ့ သာသနာကို ကာကွယ်မှုကြောင့်  အဆိုပါ အတိုက်အခံ ဒီမိုကရေစီ အင်အားစုများ နဲ့ မီဒီယာများက အကြမ်းဖက်သမား အဖြစ် စွပ်စွဲခံထားရသူဖြစ်ပါတယ်။
 
From:Wira Thu

www.mmdailystar.com

Posted by Unknown on Tuesday, September 10, 2013

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

Arakan Media Group

Popular Posts

Blog Archive