From : ..hot news


ယနေ့မြန်မာနိုင်ငံတွင်မျိုးစောင့်ဥပဒေ နှင့်ပတ်သက်၍ဟောကြ၊ ပြောကြ၊ ဆိုကြ နှင့်ဝေဖန်ကန့်ကွက် သံတွေညံနေကြပါပြီ။ ထိုဝေဖန်ကန့်ကွက်ပြော ဆိုသူများသည် နိုင်ငံရေးပါတီများမှပုဂိ္ဂုလ်များအဖွဲ့အစည်း များမှ ပုဂိ္ဂုလ်များ၊ ခေတ်ပညာတတ်နှင့် လူတန်းစားအလွှာအသီးသီးမှပုဂိ္ဂုလ်များ ဖြစ်ပြီး၊ ၎င်းတို့သည်ဗုဒ္ဓဘာသာဝင်အများ ဆုံးဖြစ်ပါသည်။ ထိုဝေဖန်ကန့်ကွက်သူ များသည် မိမိတို့ဗုဒ္ဓဘာသာ၏လုပ်ဆောင်မှု တစ်ခုတည်းကိုကြည့်ပြီး လူ့အခွင့်အရေး ပေတံကြီးနှင့်တိုင်း ၍ပြောဆိုဝေဖန်နေကြ ခြင်းသည် အခြားဘာသာများကိုလေ့လာ ခြင်းမရှိသည်မှာသေချာပါသည်။ အခြား ဘာသာများမှာ ဘာသာမတူသူနှင့်လက်ထပ် ခွင့်ကိုလုံးဝပိတ်ပင်ထားပါသည်။ မိမိတို့ ဘာသာကိုဝင်မှတရားဝင်လက်ထပ်ထိန်း မြားခွင့်ရှိပါသည်။ မိမိတို့ဘာသာကိုမ ပြောင်းလျှင် တရားဝင်ဇနီးဟုမသတ်မှတ် ပါ။ အပျော်မယားအဖြစ်သတ်မှတ်ပြီး အမွေဆက်ခံခွင့်လုံးဝမပေးပါ။ ထိုထိုကိစ္စ မျိုးကြတော့ လူ့အခွင့်အရေးပေတံကြီး ကိုင်ထားသူများဘာကြောင့်ဝေဖန်ပြောဆို မှုမပြုလုပ်ကြပါသနည်း။

၁၉၅၄ ခုနှစ် မြန်မာမိန်းမများအထူး ထိန်းမြားမှုနှင့်အမွေဆက်ခံမှုအက်ဥပဒေ ၁၉၅၄ ခုနှစ်အက်ဥပဒေအမှတ် (၃၂)ကို ပြဌာန်းထားပါသည်။ ထိုဥပဒေမှာ ““ဤ ဥပဒေပြဌာန်းချက်များသည် အခြားတည်ဆဲ ဥပဒေများဥပဒေကဲ့သို့အာဏာရှိသော ဓလေ့ထုံးတမ်းများမည်သို့ဆန့်ကျင်စေကာမူ ဗုဒ္ဓဘာသာဝင်မြန်မာမိန်းမနှင့်ထိုမိန်းမ၏ ဗုဒ္ဓဘာသာဝင်မဟုတ်သောလင်ယောက်ျား တိုင်းအပေါ်၌အာဏာ သက်ရောက်စေရ မည်။ ပုဒ်မ (၂၅)တွင်ချွင်းချက်ရှိပါသည်။ အကယ်၍ဘာသာခြားယောက်ျားဖြစ်သူ သည် မိမိမယားကိုဘာသာရေးကြောင့် ကွာရှင်းလိုလျှင် (သို့မဟုတ်)ကိုယ်ထိလက် ရောက် ညှင်းပန်းနှိပ်စက်လျှင်ဖြစ်စေ၊ ရက်စက်သည့်အပြုအမူအားဖြင့်စိတ်ဆင်းရဲ အောင်ပြုလျှင်ဖြစ်စေ-
(က) ထိုယောက်ျားသည်နှစ်ဦးပိုင် ပစ္စည်းမှမိမိရထိုက်သော အစုကိုစွန့်ရမည်။ ထို့အပြင် ထိုမိန်းမအားလျှော်ကြေးပေးရ မည်။

(ခ) မိန်းမသည်သားသမီးအားလုံးကို ထိန်းသိမ်းခွင့်ရှိသည်။
(ဂ) ထိုသူသည်အရွယ်မရောက်သေး သည့် ကလေးများအတွက်ကလေးစရိတ် ပေးရမည်။

ဤအက်ဥပဒေအရထိန်မြားကြသူ တို့၏ (သို့မဟုတ်)ထိန်းမြားခဲ့သည်ဟုမှတ် ယူခြင်းခံရသူ၏အမွေ ဆက်ခံမှုနှင့်စပ်လျဉ်း သည့် ကိစ္စအားလုံးကို ထိုသူနှင့်ထိုသူတို့၏ မိသားစုအားလုံးသည် ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးချည်းဖြစ်ဘိသကဲ့သို့ ဗုဒ္ဓ ဘာသာဓမ္မသတ်အတိုင်းဆုံးဖြတ်ရမည်”” ဟု ပြဆိုထားပါသည်။

ယနေ့ခေတ်အခါအခြေအနေအရ ထိုဥပဒေများနှင့်မလုံလောက်တော့ပါ။ မျိုးချစ်စိတ်ကင်းမဲ့သည့်မြန်မာ မိန်းကလေးများ စည်းမဲ့ကမ်းမဲ့ဘာသာခြားများကို လက်ထပ်ယူပြီးမိမိတို့ကိုးကွယ်သည့် ဗုဒ္ဓ ဘာသာကိုစွန့်၍ ၎င်းယူသည့်လင်ယောက်ျား ၏ ဘာသာကိုကူးပြောင်းသွားကြပါသည်။ ထိုထိုမိန်းကလေးများသည် အခါကြီးရက် ကြီးများ၌မိမိ၏မိဘ၊ ဆရာသမားများအား ပြန်လည်ကန်တော့ခွင့်တောင်မရှိတော့ပါ။ ထိုဘာသာခြားနှင့်အိမ်ထောင်ရေးပဋိပက်္ခ ဖြစ်လျှင် မိန်းကလေးဘက်ကထိခိုက်နစ် နာမှုတွေရှိလာတော့မှ သက်ဆိုင်ရာသို့ တိုင်ကြ၊ တောကြဖြေရှင်းကြရပါသည်။

ဘုရားရှင်လက်ထက်က သာဓက တစ်ခုရှိပါသည်။ ပသနဒီကောသလမင်း သည် ဘုရားရှင်ကိုကြည်ညိုလွန်းသဖြင့် ဘုရားနှင့်ဆွေမျိုးတော်စပ်လိုခြင်းကြောင့် သာကီဝင်မင်းမျိုးထံမှ သမီးကညာ တောင်းရာ အမျိုးပျက်မည်စိုးသဖြင့် သာကီဝင်မင်းမျိုးထဲမှ ကျွန်မနှင့်သင့်သော မိန်းကလေးကိုပေးလိုက်ပါသည်။ ဘာသာ တူသော်လည်းအမျိုးပျက်မည်စိုးသဖြင့် အမျိုးကို အထူးစောင့်ရှောက်ကြောင်း ဗုဒ္ဓ ဘာသာဝင်တိုင်းသိကြလိမ့်မည်ဖြစ်ပါသည်။

အမျိုးဘာသာ သာသနာကိုအထူး စောင့်ရှောက်သောမင်းတစ်ပါးရှိခဲ့ပါသည်။ ထိုမင်းမှာ ပုဂံခေတ်ကကျန်စစ်သားမင်း ဖြစ်ပါသည်။ ထိုသမိုင်းကိုပြန်လည်သုံးသပ် ကြည့်မည်ဆိုလျှင် အေဒီ ၁၀၄၄ ခုနှစ်တွင် အနော်ရထာမင်းနန်းတက်ချိန် သုဝဏ္ဏ ဘုမိ္မခေါ် သထုံတွင်လည်းမနူဟာမင်း နန်းတက်ချိန်နှင့်ခေတ်ပြိုင်ဖြစ်ပါသည်။ သထုံမြို့သည်ပင် လယ်ဆိပ်ကမ်းမြို့ဖြစ် သည်။ တစ်နေ့သထုံကမ်းခြေသို့သင်္ဘော ပျက်သဖြင့် ဗျတ်ကြီးကိုဖက်တွယ်ပြီးပင်လယ် ဘက်မှမျောလာသော အနောက်မဇိ္ဇျမမှ ကလေးငယ်နှစ်ယောက်ကိုသထုံဆရာတော် သည် ဗုဒ္ဓဘာသာဘုန်းတော်ကြီးပီပီ မေတ္တာရှေ့ထားသနားကရုဏာသက်သဖြင့် မိမိကျောင်း သို့ခေါ်၍ကျွေးမွေးစောင့်ရှောက် ပြီး ဗျတ်ဝိ၊ ဗျတ္တ ဟုခေါ်တွင်စေခဲ့ပါသည်။

တစ်နေ့တွင် သထုံဆရာတော်သည် တောထဲသို့ကြွစဉ်ဇော်ဂျီဖိုဝင်သားကိုတွေ့ ရှိရာ အစွမ်းထက်မှန်းသိသဖြင့်မိမိ၏ ကျောင်းသို့ယူဆောင်လာ၍ကျက်သရေခန်း ထဲတွင် လုံခြုံစွာထားပြီး သထုံဘုရင်ထံသို့ အကျိုးအကြောင်းမိန့်ကြားရန်ကြွသွားစဉ် ကျောင်းမှာကျန်ရစ်ခဲ့သော ဗျတ်ဝိ၊ ဗျတ်္တ ညီအစ်ကိုနှစ်ယောက်သည်ကျက်သရေခန်း ဖျက်ဆီး၍ ဇော်ဂျီသားကိုခိုးစားပြီး အားအင်ပြည့်ဖြိုးကာ အစွမ်းများထက်  လာသဖြင့် အကျင့်ယုတ်သည့်လူမျိုးပီပီ ဘုရားရုပ်ပွားတော်များကို ဖျက်ဆီးပြီး ကျောင်းကိုဇောက်ထိုးလုပ်လိုက်ပါတော့ သည်။ အရိပ်နေနေ၊ အခက်ချိုးပြီး ကျေးဇူးတရားနားမလည် သူများပီပီ အမျိုးဘာသာသာသနာကိုစော်ကား ခြင်းသည် ထိုခေတ်အခါကတည်းက ရှိခဲ့ကြောင်း သတိပြုသင့်ပါသည်။

ထို့နောက် သထုံဘုရင်မှအကျိုး အကြောင်းကိုသိ၍ အမျိုးယုတ် နှစ်ကောင်ကိုဖမ်းရာအကြီးကောင်ဗျတ်ဝိ ကိုသာမိသဖြင့် လည်မျိုကိုတုတ်နှင့်ရိုက်ပြီး ကွပ်မျက်လိုက်ရာ အငယ်ကောင်ဗျတ္တမှာ သထုံမှထွက်ပြေးပြီး ပုဂံဘုရင်အနော် ရထားမင်းထံဒုက္ခသည်အဖြစ်သနားစဖွယ် ပြောကာ ခိုလှုံခစားခွင့်တောင်းရာ အနော်ရထာဘုရင်မှလည်းသနားသဖြင့် သားအဖြစ်သတ်မှတ်၍ခိုလှုံခွင့်ပြုလိုက် ပါသည်။ ထိုလူမျိုးခြားအငယ်ကောင် ဗျတ္တမှာ လူမျိုးကွဲဘာသာကွဲဖြစ်သော ကြောင့် မိမိအနားတွင်ခစားခွင့်မပြုဘဲ ရာဇပရိယာယ်ဖြင့် ပုပ္ပါးနှင့်ပုဂံကိုနေ့စဉ် ပန်းဆက်ရသည့် ပန်းတော်ဆက်တာဝန် ပေးလိုက်ပါသည်။

သို့သော်ထိုလူမျိုးခြားဗျတ္တမှာပုပ္ပါးသူ ပန်းရောင်းစားသည့်မယ်ဝဏ္ဏနှင့်ညားပြီး ကလေးနှစ်ယောက် ရရှိချိန်မှာပန်းတော် ဆက်တာဝန်ပျက်ကွက်မှုဖြင့် သားတော် ကြီးကျန်စစ်သားအား ရွှေဖော့ရိုးဖြင့်ဆုံးမ ခိုင်းလိုက်ရာ ရာဇပရိယာယ်နားလည်သည့် ကျန်စစ်သားကဗျတ္တအားလည်မျိုကိုတုတ်ဖြင့် ရိုက်သတ်လိုက်ပါတော့သည်။ လင် ယောက်ျားရာဇ၀တ်သင့်ကြောင်းကြားသိ သဖြင့် ပုပ္ပါးသူမယ်ဝဏ္ဏသည်ကလေး နှစ်ယောက်ကိုခေါ်ပြီး ပုဂံသို့လိုက်လာရာ အနော်ရထာဘုရင်မှသိသဖြင့် သနားပြီး မြေးအဖြစ်သတ်မှတ်၍မွေးစားလိုက်ရာ ““ရွှေဖျဉ်းကြီး၊ ရွှေဖျဉ်းလေး”” ဟုခေါ်တွင်ခဲ့ ပါသည်။ ထိုရွှေဖျဉ်းညီနောင်မှာအရွယ် ရောက်လာချိန်တွင် ဘုရင့်မြေးတော်များ ဟု မာန်တက်ပြီး မည်သူ၏ဆိုဆုံးမမှုကိုမျှ မနာခံဘဲ အရက်သောက်၊ ထန်းရေ သောက်၊ ကြက်တိုက် မူးလာလျှင်သူများ သားပျို သမီးပျိုများနှင့်လင်ရှိမယားပါ မရှောင် အမျိုးယုတ်မျိုးဖျက်သမားပီပီ ဖျက်ဆီးပါတော့သည်။

တစ်နေ့ အနော်ရထာဘုရင်သည် ဂန္ဓာလရာဇ်တိုင်းမှစွယ်တော်ပင့်ပြီးပြန် လာရာ ဖောင်တော်ဦးစေတီတည်ရန် အတွက် မင်းမှုထမ်းများအားလုံးအုတ် တစ်ချပ်စီ ကုသိုလ်ပြုလုပ်အားပေးရမည်ဟု အမိန့်တော်မှတ်သဖြင့် မင်းမှုထမ်းအားလုံး လိုက်နာဆောင် ရွက်ကြသော်လည်း ရွှေဖျဉ်း ညီနောင်ကုလားနှစ်ကောင်မှာ ဘုရင့်အမိန့် ကိုမနာခံဘဲ၊ အရက်သောက်၊ ထန်းရေ သောက်၊ ကြက်တိုက်ခြင်းနှင့်လင်ရှိမယား မရွှေဥကိုကျူးလွန်၊ ကြံစည်ရန်ကြိုးစား နေခြင်းကြောင့် အုတ်နှစ်ချပ်လပ်ပြီး တာဝန် ပျက်ကွက်သဖြင့် အနော်ရထာဘုရင်မှ သားတော်ကျန် စစ်သားအားရွှေဖျဉ်းညီ နောင်ကို ရွှေဖော့ရိုးဖြင့်ဆုံးမခိုင်းလိုက်ရာ ရာဇပရိယာယ်ကို နားလည်သည့် ကျန်စစ် သားက အမျိုးဖျက်နှစ်ကောင်ကိုလည်မျို   ကိုတုတ်နှင့်ရိုက်၍အဆုံးစီရင်လိုက်ပါသည်။

သို့သော် ထိုမျိုးဖျက်အန္တရာယ်မှာ ဇာတ်မသိမ်းသေးပါ။ အနော်ရထာနတ် ရွာစံပြီး စောလူးမင်းနောက် တစ်ဆက် ကျန်စစ်သားမင်းနန်းတက်ရာ ကျန်စစ် သား၏သမီးတော်ရွှေအိမ်စည်ကိုအ၀တ် အထည်အလှကုန်ပစ္စည်းရောင်းသည့် ပရိက်္ခရားဆိုသည့်လူမျိုးခြားကစည်းရုံး   သိမ်းသွင်း၍ ရယူရန်ကြိုးစားသည်ကို ကျန်စစ်သားမှသိသဖြင့် သမီးတော် ရွှေအိမ်စည်ကို တူတော်စောယွန်းနှင့် လက်ထက်ထိန်းမြားပေးလိုက်ပါသည်။ ပရိက္ခရား၏အကြံအစည်မှာသေသေ ချာချာပြန်လည် သုံးသပ်ကြည့်မည်ဆိုလျှင် မြန်မာနိုင်ငံအတွက်အလွန်အန္တရာယ် ကြီးမားပါသည်။ ဘုရင့်သမီးတော်ကို ယူလျှင်ဘုရင်သားမက်ဖြစ်မည်။ ဘုရင် သားမက်ဖြစ်ပြီဆိုလျှင် ပုဂံထီးနန်းကို သိမ်းပိုက်ရန် သိပ်မခက်ခဲတော့ပါ။ ထို ပရိက်္ခရားသည်လည်း အခြေအနေ မကောင်းမှန်းသိသဖြင့် ထွက်ပြေးရာ ချောက်ထဲသို့ကျပြီး ၀ါးရုံတော၌ခေါင်း ညပ်၍မျိုးဖျက်မည့်ယုတ် ဇာတ်သိမ်းသွား ပါတော့သည်။

ထိုဖြစ်စဉ်သမိုင်းကိုပြန်လည်သုံးသပ် ကြည့်မည်ဆိုလျှင် ကျန်စစ်သားသည် ဉဏ်အမျှော် အမြင်ကြီးမားစွာဖြင့် တိုင်း ပြည်နှင့်အမျိုးကိုအထူးစောင့်ရှောက်ကြောင်း သိသာထင်ရှားလှပါသည်။ အကြောင်းအရာတစ်ခုကိုအခြေပြု၍ လူ့အခွင့်အရေးပေတံကြီးကို ကိုင်ပြီး အော်နေသူများ သမိုင်းကိုလေ့လာပါ။ အခြားဘာသာများကိုလည်းလေ့လာပါ။ မိမိသည်ဘာလူမျိုးလဲ၊ ဘာ ဘာသာ   ကိုးကွယ်သလဲဆိုတာပြန်လည်သုံးသပ် ပါဟု တိုက်တွန်းရေးသားသတိပေးရင်း သမိုင်းကပြောသည့် ကျန်စစ်သားမင်း၏ မျိုးစောင့်စိတ်ဓာတ်ကိုဖော်ပြ၍ မျိုးစောင့် ဥပဒေကိုကြိုဆိုထောက်ခံရေးသားလိုက်ရ ပါသည်။
မျိုးချစ်စိတ်ရှိသူတိုင်းနှင့်အမျိုးဘာသာ သာသနာကိုချစ်သူတိုင်း အသိတရားနှင့် သတိထားဆင်ခြင်နိုင်ကြပါစေ။

Posted by Unknown on Friday, November 8, 2013

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

Arakan Media Group

Popular Posts

Blog Archive