Showing posts with label လုံခြုံရေး. Show all posts
Showing posts with label လုံခြုံရေး. Show all posts

ကိုဆိုဗိုရဲတပ်ဖွဲ့က အစ္စလာမ္မစ် တိုက်ခိုက်ရေးသမားတွေလို့ သံသယရှိသူ ၄၀ ကို သြဂုတ် ၁၁ ရက်နေ့က ဖမ်းဆီးလိုက်ပါတယ်။

ဆီးရီးယားနဲ့ အီရတ်နိုင်ငံမှာ စစ်သွေးကြွတွေနဲ့ ပူးပေါင်း တိုက်ခိုက်နေသူတွေလို့ သံသယရှိသူတွေကို ဖမ်းဆီးလိုက်တာဖြစ်ကြောင်း ဘောလ်ကန်ဒေ သ နိုင်ငံငယ်လေးရဲ့ အာဏာာပိုင်တွေက ပြောပါတယ်။

ဖောက်ခွဲရေးပစ္စည်းတွေ၊ လက်နက်တွေနဲ့ ခဲယမ်းမီးကျောက်တွေကိုလည်း ဖမ်းမိတယ်လို့ ဆိုပါတယ်။

ကိုဆိုဗိုမှာ အများစုဟာ အစ္စလာမ်ဘာသာဝင်တွေ ဖြစ်ပေမယ့် လူနေမှုပုံစံကတော့ အများအားဖြင့် အလယ်အလတ်သဘော ရှိပါတယ်။

တိုင်းပြည်လုံခြုံရေးကို ခြိမ်းခြောက်တဲ့အတွက် အမျိုးသား အယောက် ၄၀ ကို စစ်ဆေး မေးမြန်းနေတယ်လို့ ရဲအဖွဲ့ရဲ့ ကြေညာချက်က ဆိုပါတယ်။

ဒေသသတင်းတွေအရ ကိုဆိုဗိုအရှေ့ပိုင်းမှာ နေထိုင်တဲ့ အသက် ၁၈ အရွယ် လူငယ်တယောက်ဟာ အရင်တပတ်က ဆီးရီးယား စစ်ပွဲအတွင်း သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ ဒါကြောင့် အီရတ်နဲ့ ဆီးရီးယားမှာ တိုက်ခိုက်ရင်း သေဆုံးသွားသူ ၁၆ ယောက်အထိ ရှိသွားပြီလို့ သတင်းက ဆိုပါတယ်။

ကိုဆိုဗို ထောက်လှမ်းရေးတွေရဲ့ အဆိုအရ ဆီးရီးယားနဲ့ အီရတ်စစ်ပွဲမှာ ကိုဆိုဗိုနိုင်ငံသား ၁၀၀ ကနေ ၂၀၀ လောက် တိုက်ခိုက်နေကြတယ်လို့ ဆိုပါတယ်။

ဒီလို နိုင်ငံရပ်ခြား သူပုန်ထမှုတွေမှာ ကိုဆိုဗိုနိုင်ငံသားတွေ ပူးပေါင်းတိုက်ခိုက်တာ ပိတ်ပင်တဲ့ ဥပဒေကို ကိုဆိုဗိုလွှတ်တော်က မကြာခင် ထုတ်ပြန်မယ်လို့ သိရပါတယ်။

ဥရောပနိုင်ငံတွေမှာလည်း ဗြိတိန်၊ ပြင်သစ်နဲ့ နယ်သာလန်အပါအ၀င် နိုင်ငံ အတော်များများမှာလည်း ဆီရီးယားနဲ့ အီရတ်စစ်ပွဲမှာ တိုက်ခိုက်နေတဲ့ သူတို့ နိုင်ငံသားတွေကို ဖမ်းဆီးနေပါတယ်။

ဒီလို တိုက်ခိုက်ရေးသမားတွေဟာ ဥရောပကို ပြန်လာရင် လုံခြုံရေး အန္တရာယ် ဖြစ်လာနိုင်တာကို စိုးရိမ်နေကြပါတယ်။

ကိုဆိုဗိုနိုင်ငံဟာ ဖွံ့ဖြိုးမှု နောက်ကျပြီး စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေ မရှိတာနဲ့ အဂတိလိုက်စားမှုတွေ ထူပြောတာကို အကြောင်းပြုလို့ ၁၉၉၀ ပြည့်လွန်နှစ်တွေမှာ သွေးထွက်သံယို အုံကြွမှု ဖြစ်ခဲ့ပြီး ၂၀၀၈ ခုနှစ်မှာ ဆာဘီးယားနိုင်ငံကနေ ခွဲထွက်ပြီး လွတ်လပ်ရေးရခဲ့တာ ဖြစ်ပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no/archives/62149

Read More



အီရတ်မြောက်ပိုင်း ဒေသများကို သိမ်းပိုက်ထားသည့် ISIS စစ်သွေးကြွ တပ်ဖွဲ့များကို အမေရိကန် စစ်တပ်က ဗုံးကြဲတိုက်ခိုက်မှုများ စတင် လုပ်ဆောင်နေပြီ ဖြစ်သည်။

အမေရိကန် သမ္မတ ဘာရတ်အိုဘားမားက ISIS တို့ကို တိုက်ခိုက်ရန် ပစ်မှတ်များ သတ်မှတ် အတည်ပြုပေးခဲ့ပြီးနောက် (၉)နာရီအကြာ၊ ဩဂုတ်(၈)ရက်မှ စတင်ပြီး အမေရိကန် တိုက်လေယာဉ်များ၊ မောင်းသူမဲ့ လေယာဉ်များက စစ်ဆင်ရေး စတင်ခဲ့ခြင်း ဖြစ်သည်။

အီရတ်မြောက်ပိုင်း အာဘီလ်မြို့တွင် ISIS တို့၏ ယာဉ်တန်းကို အမေရိကန် လေယာဉ်များက ဗုံးကြဲ တိုက်ခိုက်ခဲ့သည်။ ISIS တို့၏ စစ်ဘက်ဆိုင်ရာ ပစ်မှတ်များကို အမေရိကန်က လေကြောင်းစစ်ဆင်ရေး အနည်းဆုံး (၂)ကြိမ် ပြုလုပ်ကာ ပစ်မှတ်ထား ချေမှုန်းခဲ့ပြီးဖြစ်ကြောင်း သိရသည်။

ISIS တို့သည် ဆီးရီးယားနှင့် အီရတ်မြောက်ပိုင်း ဒေသများကို သိမ်းပိုက်ကာ အစ္စလာမ်မစ် နိုင်ငံတော်အဖြစ် အမည်ပြောင်းလဲ ထူထောင်ထားသည်။ ပင်တဂွန် စစ်ဌာနချုပ်က ဆွန်နီအစ္စလာမ်မစ် စစ်သွေးကြွ အဖွဲ့များအပေါ် လေကြောင်းမှ စစ်ဆင်ရေးနှစ်ရပ် ပြုလုပ်ခဲ့ပြီး စစ်သွေးကြွ အဖွဲ့ဝင် အများအပြားကို သုတ်သင်နိုင်ခဲ့သလို ယာဉ်တန်းမှ မော်တော်ယာဉ် (၇)စီးထက်မနည်း ပျက်စီးသွားကြောင်း ကြေညာခဲ့သည်။

“လေကြောင်းထိုးစစ်က စစ်သွေးကြွတွေ စီစဉ်ထားတဲ့ လမ်းကြောင်းနှစ်ခုကို ဖျက်ဆီးပစ်လိုက်နိုင်ပါတယ်။ လေယာဉ်တစ်စီးစီက လေဆာလမ်းညွှန်စနစ် ဗုံးတစ်လုံးစီ ကြဲချပြီး ယာဉ်တန်းကို ဖျက်ဆီးပစ်ခဲ့တာပါ။ စုစုပေါင်း ဗုံး(၈)လုံး ကြဲချခဲ့ပါတယ်”ဟု ပင်တဂွန်မှ ပြောရေးဆိုခွင့်ရ အရာရှိ တစ်ဦးက ဆိုသည်။ ယင်းမတိုင်မီက အာဘီလ်မြို့ အနီးတွင် လေဆာလမ်းညွှန်စနစ် ပါရှိသည့် ပေါင်(၅၀၀) ဗုံးနှစ်လုံးကို အမေရိကန် လေယာဉ်များက ကြဲချခဲ့သေးသည်။

ဩဂုတ်(၈)ရက် နံနက်အစောပိုင်းက ပင်လယ်ကွေ့တွင် ရှိနေသည့် လေယာဉ်တင် သင်္ဘောပေါ်မှ ပျံတက်လာသည့် F/A-18 တိုက်လေယာဉ် နှစ်စီးသည် သတ်မှတ်ထားသည့် ပစ်မှတ်နေရာကို ဗုံးများကြဲသွားခဲ့သည်။ ပစ်မှတ်သည် ISIS တို့၏ ရွေ့လျားလက်နက်ကြီး ယူနစ်များဖြစ်ကြောင်း သိရသည်။ အမေရိကန်သည် အီရတ်စစ်တပ်ကို အကြံပေး ကူညီမှုများ ပြုလုပ်နေရာ ISIS တို့အတွက် ရန်သူသဖွယ် ဖြစ်လာသည်။

“သမ္မတရဲ့ အတွေးအမြင်က အရမ်းရှင်းပါတယ်။ ISIS ရဲ့ ရပ်တည်ချက်က အမေရိကန် စစ်သည်တွေနဲ့ စစ်ဘက်ဆိုင်ရာ ပစ္စည်းတွေကို ပစ်မှတ်ထား တိုက်ခိုက်ဖို့ ဦးတည်နေသ၍ အမေရိကန်က သူတို့ကို တိုက်ရိုက် အရေးယူသွားမှာ ဖြစ်ပါတယ်”ဟု အိမ်ဖြူတော် ပြန်ကြားရေး အရာရှိ ဂျွန်ကာဘီက ဆိုသည်။ အိုဘားမားက ISIS တို့ကို လေကြောင်းမှ ထိုးစစ်ဆင်ခြင်းသည် အမေရိကန်က နောက်ထပ် အီရတ်စစ်ပွဲတစ်ရပ် ဆင်နွှဲခြင်း မဟုတ်ဟု ရုပ်မြင်သံကြား မိန့်ခွန်းတစ်ခုတွင် ကတိပြု ပြောကြားထားခဲ့သည်။

“လေကြောင်းထိုးစစ် ဆင်နွှဲခြင်းဟာ အမေရိကန် စစ်သည်တွေကို အကာအကွယ်ပေးဖို့၊ စစ်သွေးကြွတွေရန်က တိမ်းရှောင်ရင်း တောင်တန်းဒေသတွေမှာ ပိတ်မိနေတဲ့ ထောင်နဲ့သောင်းနဲ့ချီတဲ့ အီရတ်ပြည်သူတွေကို လူသားချင်း စာနာတဲ့ အနေနဲ့ ကူညီဖို့ပဲ ရည်ရွယ်ပါတယ်။ အဲဒီလို တိမ်းရှောင်နေရတဲ့ ပြည်သူတွေဟာ အစာရေစာ ပြတ်လပ်ပြီး အသက်အန္တရာယ်အတွက် စိုးရိမ်နေရပါတယ်”ဟု အိုဘားမားက ဆိုသည်။ ၎င်းက “ကျွန်တော်တို့ဟာ အကြမ်းဖက်သမားတွေကို တိုက်ခိုက်မှုမှာ အီရတ်နိုင်ငံကို ထောက်ပံ့ ကူညီသွားမှာပါ။ ဒါပေမဲ့ အီရတ်မှာ တိုက်ပွဲဝင်ဖို့အတွက်တော့ အမေရိကန် စစ်သည်တွေ ပြန်သွားမှာ မဟုတ်ပါဘူး”ဟုလည်း အတည်ပြုခဲ့သည်။

ကျွမ်းကျင်သူများက အမေရိကန်၏ မြေပြင်တိုက်ခိုက်ရေး တပ်ဖွဲ့များ၏ ပူးပေါင်းပါဝင်မှု မရှိဘဲ လေကြောင်းမှ တိုက်ခိုက်ပေးရုံ သက်သက်ဖြင့် ISIS တို့ ချုပ်ထိန်းထားသည့် ဒေသများကို အီရတ်စစ်တပ်များ ပြန်လည် သိမ်းယူနိုင်ဖွယ် မရှိကြောင်း ဝေဖန်ထောက်ပြထားသည်။ လတ်တလောတွင် ဗြိတိန်ကလည်း အမေရိကန်နှင့်အတူ ISISတို့ကို လေကြောင်းထိုးစစ် ဆင်နွှဲရန် အလေးအနက် စဉ်းစားနေကြောင်း သိရှိရသည်။

_Ref: Xinhuanet

Read More

From : .. ဒီဘိတ်


၁။ အရမ်းသမ္မတဖြစ်ချင်နေတဲ့ စိတ်က သူမအပေါ်မှာလွှမ်းမိုးနေတာကို တွေ့ ရပါတယ်။ သမ္မတနေရာရောက် မှ တိုင်းပြည်အတွက် အလုပ်လုပ်မှာလား? ဒါဆိုရင်တော့ ကလေးဆိုးတချို့ လို `မင်းမုန့် ငါ့ကျွေးမှ ငါမင်းနဲ့ ဆော့မယ်´ဆိုတဲ့ပုံစံကြီးမဖြစ်နေဘူးလား?

သူမကနေ နဲ့ လက်ရှိမှာ သမ္မတကြီးဦးသိန်းစိန်ထက်ပိုပြီး ပြည်သူအများစုအပေါ် လွှမ်းမိုးထားနိုင်ပါတယ်။(ဒါကလည်းဗိုလ်ချုပ်သမီး၊နိုဘယ်ဆုများပိုင်ရှင်၊နိုင်ငံတကာနှင့်ဝင်ဆန့် လို့ ဆိုတဲ့အချက်
တွေအပြင် ကျွန်တော်တို့ လူမျိုးတွေရဲ့  `သူရဲကောင်းဝါဒ´အစွဲတွေကလဲ အဓိကနေရာယူထားပါတယ်) ဥပမာ။ ။သမ္မတကြီးကနွား နို့ သောက်ပါ လို့ ပြည်သူတွေကိုပြောတာကိုလှောင်တဲ့ လူတွေရှိရင်ရှိလိမ့်မယ်၊ သူမ ပြောရင်တော့ နွားနို့ က မြန်မာနိုင်ငံမှာရောင်းအားအကောင်းဆုံးပစ္စည်းတစ်ခုဖြစ်ချင်ဖြစ်သွားပါ လိမ့်မယ်။ အဲဒီလိုအခြေအနေမျိုးမှာကိုမှ သူမက ဘာဗျူဟာကိုမှ ထိထိရောက်ရောက် အကောင်အထည်မဖော်နိုင်ခဲ့ပါဘူး။

၂။ ကလေးဆန်ပါတယ်။ ဆတ်ဆတ်ထိမခံ၊တစ်ခုခုဆို စိတ်ကောက်သလို၊စိတ်ဆိုးသလို နဲ့ လုပ်တာတွေက သူမရဲ့  အနေအထားနဲ့ မဖြစ်သင့်ပါဘူး။ သမ္မတ လုပ်ချင်နေသူ အဖို့ တိုင်းပြည်မျက်နှာ ကိုသာကြည့်ရမယ်လို့ တော့ကျွန်တော်မြင်ပါတယ်။ကိုယ်ရေးကိုယ်တာ ကိစ္စတွေနဲ့ ရောမချသင့်ပါဘူး။
(သမ္မတကြီးဦးသိန်းစိန်ဆိုရင် သူမ ထက်ပိုပြီး မကောင်းပြောခံရပါတယ်။

(ကာတွန်းနဲ့ တစ်မျိုး၊ ဆောင်းပါးနဲ့ တစ်ဖုံ ဂျာနယ်တွေက ဖွပေမဲ့ ဆတ်ဆတ်ထိမခံ မတုန့် ပြန်ခဲ့ပါဘူး)

၃။စကားကို မတင်မကျပြောတာတွေ၊ မပြတ်မသားပြောနေတာတွေ၊
မပြောသင့်တဲ့ စကားတွေပြောနေတာတွေ ကလဲသူမရဲ့ အကြီးမားဆုံး အားနည်းချက်ပါပဲ။ ဥပမာ။ ။ထိပ်တိုက်တွေ့ ဆုံရေး၊ အလုံးစုံပျက်သုဉ်းရေးတို့ ။တပ်မတော်သားတွေက အခွင့်ထူးခံလူတန်းစားတွေ ဆိုတာမျိုး(အန်တီစုရေ ကြမ်းကျွံရင် နှုတ်လို့ 
ရပါတယ်။ စကားကျွံရင်တော့...............)

၎။ ၂၀၀၈ ဖွဲ့ စည်းပုံအခြေခံဥပဒေထဲက ပုဒ်မ၄၃၆ ကို ပြင်ဖို့ တော်တော်လေးကို တက်တက်ကြွကြွ လုပ်ဆောင်နေတာကိုတွေ့ ရပါတယ်။(အဲဒီနေရာမှာ တိုင်းပြည်အတွက်၊ ပြည်သူတွေအတွက် အကျိုးရှိမယ့် ကိစ္စတစ်ခုခုကို အခုလို အားကျိုးမာန်တက် နဲ့ ဆောင်ရွက်ရင်ပိုမကောင်းဘူးလားဗျာ။)
ခြေ/ဥ ကိုပြင်ဖို့ အတင်းကြီး လက်မှတ်လိုက် ထိုးခိုင်းနေတာကလဲ စိတ်ပျက်စရာပါ။
အဆိုတော်တွေ၊ သရုပ်ဆောင်တွေ၊ ဘုန်းကြီးတွေ ပါမကျန် လက်မှတ်အတင်းထိုးခိုင်းပြီးတော့ ပြည်သူ့ ဆန္ဒ လို့ အော်နေတာက သိပ်တော့သဘာဝမကျပါဘူး။(လူထုကသာ အမှန်တကယ် ၄၃၆ ကိုပြင်ချင်တယ်ဆိုရင် အတင်းလက်မှတ်လိုက်ထိုးခိုင်းစရာမလိုပါဘူး)

၅။တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ဆိုတဲ့အချက်ကိုလည်း သူမက သိပ်ပြီးတော့ အလေးထားဟန်မတူပါဘူး။ပြည်သူတွေကို ချစ်ပါတယ်ဆိုတဲ့ သူမက ရခိုင်ပြည်အရေးမှာလက်ရှောင်နေတာတွေ၊ အစိုးရနဲ့  ၄ပွင့်ဆိုင်တွေ့ မယ်ဆိုပြီး ကျန်တဲ့ အင်အားသေးပါတီတွေကိုဂရုမစိုက်သလို လုပ်နေတာတွေက လည်း တိုင်းရင်းသားစည်းလုံးညီညွတ်မှု အတွက် အက်ကွဲကြောင်းတွေ ပေးနေသလိုပါပဲ။

၆။မြန်မာနိုင်ငံ ရဲ့  သမ္မတလုပ်ချင်သူက သူမ ပါတီဝင်တွေကိုတောင် နိုင်အောင်မထိန်းနိုင်ရှာပါဘူး။ အကုန်လုံးကလဲ သူ့ ထက်ငါ လူစွမ်းကောင်းတွေပါပဲ( ရိုက်မလား၊နှက်မလား၊ ဆူအောင်လုပ်မလား၊ မိုးမွှန်အောင်ဆဲမလား...ကြိုက်တဲ့ဖက်က စမ်းလို့ ရပါတယ်။) ဒါကလည်း ပါတီထဲမှာလူများရင်ပြီးရော ဆိုပြီး အရည်အချင်းထက် အရည်အတွက်ကို ဦးစားပေးခဲ့လို့ nld ပါတီထဲမှာ အရည်အချင်းရှိသူတွေက မဆိုသလောက်သာရှိနေပြီး အုတ်ရောရော၊ကျောက်ရောရော တွေ၊ ယောင်နေသူတွေ၊ ငါတို့ ကနိုင်ငံရေးသမားတွေကွ ဆိုပြီး ပေါ်ပင်ဖြစ်ချင်နေသူတွေကတော့ ဒင်းကြမ်းပါပဲ။ အဲဒီတော့ သူမသာ သမ္မတဖြစ်ခဲ့ရင် သူမနောက်လိုက်တွေကအရင်အာဏာရှင်တွေထက် လက်သံပိုပြောင်မယ်ဆိုတာ
တွေးကြည့်ရုံနဲ့ တင်ကြက်သီးထမိပါသည်။

၇။သူမ အကျယ်ချုပ်က လွတ်လာတာ ကြာနေပါပြီ။ အခုထိ တိုင်းပြည်အတွက်၊ ပြည်သူတွေအတွက် အကျိုးရှိတာ ဘာတွေများလုပ်ပေးခဲ့သလဲ? ကျွန်တော်သိတာကတော့ သူမ သမ္မတဖြစ်ရေးကို ပဲလုပ်ဆောင်နေပါတယ်။(သူမ မှာလုပ်ပိုင်ခွင့်မရှိဘူးလို့ တော့မပြောကြပါနဲ့ ဗျာ။ )

၈။ငါနဲ့ မတူ ငါ့ရန်သူဆိုတဲ့စိတ်ထားလေးကလဲ အန်တီစုမှာရှိတယ်ဗျ။

ဆက်ရေးရရင် စစ်တပ်နဲ့ ပြည်သူတွေကိုထိပ်တိုက်တွေ့ ခိုင်းတာတွေ၊ အနောက်နိုင်ငံ
တွေပိုင်တယ်တယ်ဆိုပြီး ထစ်ခနဲဆို ဟိုအရေးယူ၊ဒီအရေးယူ လုပ်ခိုင်းတာတွေ၊ မြန်မာတစ်နိုင်ငံလုံးလေးစားတဲ့ ဗိုလ်ချုပ်ကို cover ယူတာတွေ၊ လမ်းပေါ်လူတွေထုတ်ပြီးရင် ဘာဆက်လုပ်မယ်၊ ဘယ်လိုတာဝန်ယူမယ်ဆိုတဲ့ Target မရှိတာတွေ၊ ......................................................................................................................................
စသည့်အချက်တွေကြောင့်ဒေါ်အောင်ဆန်းစုကြည် သမ္မတမဖြစ်သင့်ပါကြောင်း ၀င်ရောက်ဆွေးနွေးလိုက်ပါသည်။

.. www.MyanmarExpress.net

Read More
Posted by Unknown on Tuesday, June 24, 2014



Wednesday, June 11, 2014

မောင်တော၊ ဇွန် ၁၀- မောင်တော မြို့နယ်မြောက်ပိုင်း မကျည်းချောင်း အတွင်း မေ ၂၉ရက် နံနက် ၉နာရီ က ရေချိုးနေ သည့် မော်လဝီဖွေရိဒ် အာလောင်နှင့် ဇာဖောတို့နှစ်ဦးအား သတင်းအရ ခမောင်းဆိပ်ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် အရန်မီးသတ် တပ်ဖွဲ့ဝင်များက သွားရောက်ရှာဖွေခဲ့ ရာ ၎င်းတို့နှစ်ဦးမှာ ထွက်ပြေးလွတ် မြောက်သွားကြောင်း သိရသည်။

ယင်းတို့၏ကျန်ရစ်သည့်ပစ္စည်း များ ကို စစ်ဆေးရာ ဇာဖောဆောင်း သည့် အစ္စလာမ်ဘာသာရေးသုံး ဦး ထုပ်(ထောက်ကျာ)ထဲမှ တရားမဝင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသုံး မိုဘိုင်းဖုန်း တစ်လုံးကိုသိမ်းဆည်းရမိခဲ့ပြီး အဆို ပါမိုဘိုင်းဖုန်းအား သက်ဆိုင်ရာသို့ ပေးပို့၍ RSO လက်နက်ကိုင်သောင်း ကျန်းသူအဖွဲ့နှင့် ဆက်သွယ်မှုရှိမရှိ စစ်ဆေးနေကြောင်း သိရသည်။
အဆိုပါ ဘင်္ဂလားဒေ့ရှ်မိုဘိုင်း ဖုန်းသိမ်းဆည်းရမိခြင်းနှင့်စပ်လျဉ်း ၍ ရှာဖွေသိမ်းဆည်းရာတွင် ပါဝင် သူ အရန်မီးသတ်တပ်ဖွဲ့ဝင်အား ဇာဖောက ထမင်းဝအောင်စားထား ဟု ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း အရန်မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။
ရှာဖွေသိမ်းဆည်းရာတွင် ပါ ဝင်ခဲ့သူတစ်ဦးဖြစ်သည့် အရန်မီး သတ်တပ်ဖွဲ့ဝင် မာမတ်အာယုပ်သည် ယင်းနေ့ မွန်းလွဲ ၁နာရီတွင် ရွာအ နီးရှိ မင်္ဂလာဆောင်သို့ သွားရောက် ခဲ့ပြီး အပြန်တွင် သတ်ဖြတ်ခြင်းခံခဲ့ ရသည်။ အရန် မီးသတ် တပ်ဖွဲ့ ဝင် မာ မတ်အာယုပ်အသတ်ခံရခြင်းနှင့် ပတ် သက်၍ ဆွေမျိုးတော်စပ်သူ တစ်ဦး အား မေးမြန်းခဲ့ရာ အငြိုးအတေး ကြောင့် အသတ်ခံရခြင်း ဖြစ် နိုင် ကြောင်း ပြောကြား ခဲ့သည်။

၎င်းဖြစ်စဉ်ဖြစ်ပြီး နောက်တစ် ရက်တွင် ခမောင်းဆိပ်ကျေးရွာထံ သို့ ဖုန်းတစ်လုံး မှဆက်သွယ်ကာ အ ရန်မီးသတ်တပ်ဖွဲ့ဝင် မာမတ်အာယုပ် ၏အလောင်း ရှိသည့်နေရာနှင့် အ လောင်းကို လာယူရန်ပြောကြားခဲ့သ ဖြင့် သက်ဆိုင်ရာ တာဝန်ရှိသူများက သွားရောက်ရှာဖွေခဲ့ရာ မတွေ့ရှိခဲ့ ကြောင်း၊ နောက်တစ်ရက် တွင်လည်း အလောင်းရှိသည့်နေရာနှင့် အလောင်း ကိုလာယူရန် ထပ်မံဖုန်း ဆက်ပြော ကြားသည့်အတွက် သွားရောက်ရှာ ဖွေခဲ့ကြရာ ငါးရန့်ချောင်းကျေး ရွာ တောင်ကြားတွင် ဒဏ်ရာများဖြင့် သေဆုံးနေသည့် အလောင်းတစ် လောင်း ကိုရှာဖွေတွေ့ရှိခဲ့သည်။
အဆိုပါအလောင်းအား ဇွန် ၃ ရက်က နယ်ခြားစောင့်ရဲတပ်ဖွဲ့ ငါး ရန့်ချောင်း စခန်းမှူး ဒုရဲမှူးအေးထွန်း မောင်က မောင်တော မြို့နယ် ပြည် သူ့ ဆေးရုံသို့ပေး ပို့ကာ ဆေးစစ်ချက် ရယူခဲ့သည်။ တရားမဝင်ဘင်္ဂလားဒေ့ရှ်နိုင်ငံ သုံး မိုဘိုင်းဖုန်း ကိုင်ဆောင်သူ ဇာ ဖောနှင့် မော်လဝီဖွေရိဒ်အာလောင် တို့နှစ်ဦးမှာ ဖမ်းဆီးရ မိခြင်းမရှိသေး ဘဲ ထွက်ပြေးလွတ်မြောက်နေကြောင်း သိရသည်။

NT [--Democracy today Daily Newspaper--]
Yangon Media Group

Read More

ကရင်ပြည်နယ်တဖက်ကမ်း ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ မြန်မာရွှေ့ပြောင်း အလုပ်သမား ၁၆၃ ဦးကို ထိုင်းစစ်တပ်က ဖမ်းဆီးပါတယ်။

မဲဆောက်အခြစိုက် စစ်တပ်၊ မြို့နယ်အုပ်ချုပ်ရေးမှူးအဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးနဲ့ နယ်ခြားစောင့်ရဲ တပ်ဖွဲ့တွေ ပါဝင်တဲ့ ပူးပေါင်းတပ်ဖွဲ့ဟာ ဒီမနက်အရုဏ်မတက်ခင်မှာ  မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ အများဆုံးနေထိုင်ကြတဲ့ မဲဆောက်မြို့ ဘန့်ဆောင်ခွဲရပ်ကွက်ထဲမှာ ၀င်ရောက်ရှာဖွေပြီး တရားမ၀င်နေထိုင်သူတွေကို  ဖမ်းဆီးသွားတာပါ။

ဖမ်းဆီးခံရသူ စုစုပေါင်း  ၁၆၃ ဦးထဲမှာ မြန်မာနိုင်ငံသား ကျား ၄၉၊ မ ၅၉ နဲ့ ကလေး ၅၅ ယောက်  ပါဝင်ပါတယ်။

ဖမ်းဆီးထားသူတွေကို နယ်ခြားသောင်းရင်းမြစ်မှတဆင့် မြန်မာနိုင်ငံ မြ၀တီဘက်ကို ပြန်လည်ပို့ဆောင်သွားမှာဖြစ်ပြီး သူတို့ကိုလက်ခံထားတဲ့ ထိုင်းအိမ်ပိုင်ရှင်တွေနဲ့ နေထိုင်ခွင့်ပြုထားတဲ့ မြေပိုင်ရှင်တွေကို ဥပဒေအရ အရေးယူသွားမယ်လို့ ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။

အလားတူ ဖမ်းဆီးမှုတွေကို တခြားရပ်ကွက်တွေမှာ ပြုလုပ်သွားဦးမယ်လို့ ထိုင်းအုပ်ချုပ်ရေးပိုင်းက ပြောပါတယ်။ မဲဆောက်မြို့နယ်အတွင်း မြန်မာနိုင်ငံသား ၂ သိန်းလောက် နေထိုင်ကြတယ်လို့ မြန်မာအလုပ်သမားအရေး ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေရဲ့ စစ်တမ်းအရ သိရပါတယ်။

By ဒီဗွီဘီ

Read More

ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့ဝင်တစ်ဦး၏ ရုပ်အလောင်းအား ပြန်လည်လွှဲပြောင်းပြီးနောက် နှစ်နိုင်ငံလုံခြုံရေး တာဝန်ရှိသူများအား တွေ့ရစဉ်


မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်စပ်တွင် RSO သောင်းကျန်းသူအဖွဲ့ ဝင်ရောက်လှုပ်ရှားလျက်ရှိကြောင်း သတင်းရရှိသည့်အတွက် မိမိနယ်မြေခံလုံခြုံရေးတပ်ဖွဲ့များက နယ်မြေရှင်းလင်းရေးဆောင်ရွက်လျက်ရှိရာ မေ ၂၈ ရက် နံနက် ၉ နာရီ ၅ မိနစ်တွင် RSO သောင်းကျန်းသူအဖွဲ့မှဟုယူဆရသော လက်နက် ကိုင် ဆောင်ထားသူ နှစ်ဦးသည် မိမိနိုင်ငံနယ်နိမိတ်အတွင်းသို့ ဝင်ရောက်လာခဲ့သဖြင့် လုံခြုံရေး ဆောင်ရွက် နေသော နယ်မြေခံလုံခြုံရေးတပ်ဖွဲ့နှင့် ထိတွေ့မှုဖြစ်ပွားခဲ့ရာ အဝါရောင်ပြောက်ကျား ယူနီ ဖောင်းဝတ် အလောင်းတစ်လောင်း၊ ၄င်းကိုင်ဆောင်သောသေနတ်တစ်လက်နှင့် ခဲယမ်းအချို့တို့ကို သိမ်းဆည်း ရမိခဲ့ကြောင်းသိရသည်။

မေ ၂၉ ရက်တွင် ဘင်္ဂလားဒေ့ရှ် စစ်သံရုံး (ရန်ကုန်)မှ အကြောင်းကြားချက်အရ ၄င်းတို့နယ်ခြားစောင့် တပ်ဖွဲ့မှ အဖွဲ့တစ်ဖွဲ့သည် လှည့်ကင်းတာဝန်ထမ်းဆောင်နေစဉ် ၄င်းတို့တပ်ဖွဲ့ဝင်တစ်ဦး ပျောက်ဆုံး လျက်ရှိကြောင်း၊ မြန်မာနိုင်ငံဘက်မှ ထိန်းသိမ်းထားရှိပါက ပြန်လည်လွှဲပြောင်းပေးစေလိုကြောင်း၊ သေဆုံး ပါကလည်း အလောင်းကို ပြန်လည်ပေးအပ်စေလိုကြောင်း ညှိနှိုင်းအကြောင်းကြားလာခဲ့သည်။ မိမိဘက်မှ လည်း အဝါရောင်ပြောက်ကျား ယူနီဖောင်းဝတ်အလောင်းတစ်လောင်းကို နယ်စပ်မှတ်တိုင်(၅၂)အနီး၊ မိမိနိုင်ငံနယ်မြေအတွင်းတွင် တွေ့ရှိထားကြောင်းနှင့် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့မှ တပ်ဖွဲ့ဝင် အလောင်း မှန်ကန်ပါက ဖြစ်စဉ်ဖြစ်ပွားခဲ့သည့် နယ်စပ်မှတ်တိုင်(၅၂)အနီးတွင် ပြန်လည်လွှဲပြောင်းပေး အပ်မည်ဖြစ်ကြောင်း အကြောင်းပြန်ကြားခဲ့သည်။

မေ ၃၁ ရက် ညနေ ၅ နာရီ ၅ မိနစ်တွင် အမှတ်(၃၁)ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်မှ ဒုတိယတပ်ရင်း မှူး ဗိုလ်မှူးကာရပ်ဖ်ဦးစီးအဖွဲ့ နယ်စပ်မှတ်တိုင်(၅၂)အနီးသို့ ရောက်ရှိလာခဲ့ရာ မိမိလုံခြုံရေးတပ်ဖွဲ့ တာဝန် ရှိသူ များက ဖြစ်စဉ်နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီးသေဆုံးသူအလောင်းကို စိစစ်ခဲ့ရာ အမှတ်(၃၁) ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်မှ ၄င်းတို့တပ်ဖွဲ့ဝင်ဖြစ်သည်မှာ မှန်ကန်ကြောင်း၊ တပ်ကြပ်အဆင့်ရှိ မာဇမ်ဆိုသူဖြစ်ကြောင်း၊ ၄င်းသည် နယ်မြေရှင်းလင်းဆောင်ရွက်စဉ် လူစုကွဲ ပျောက်ဆုံး သွားခဲ့သူဖြစ်ကြောင်း၊ နှစ်နိုင်ငံနယ်နိမိတ်နယ်စပ်ဒေသတွင် လိုက်နာလုပ်ဆောင်ရမည့် အချက်များကို ဆောင်ရွက်ခဲ့ခြင်းမရှိသဖြင့် မြန်မာနိုင်ငံ နယ်နိမိတ်အတွင်းဝင်ရောက်သွားစဉ် လုံခြုံရေး အဖွဲ့များနှင့်ထိတွေ့ပြီး ယခုကဲ့သို့ဖြစ်စဉ်ဖြစ်ပွားရခြင်းဖြစ်ကြောင်း၊ ယခုဖြစ်စဉ်နှင့်ပတ်သက်၍ ပြဿနာ မရှိပါကြောင်း၊ ၄င်းတို့အနေဖြင့်ဘယ်လိုမှစိတ်ထဲမှာ မထားကြောင်း၊ မြန်မာဘက်အနေဖြင့်လည်း စိတ်ထဲ တွင် မည်သို့မျှ မထားရန်နှင့် ယခုကဲ့သို့ အပြည့်အဝ ကူညီပေးသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ ၄င်းတို့အထက်ဌာနမှလည်း ကျေးဇူးတင်နေပါကြောင်း၊ ၄င်းတို့ဘက်တွင်အခြားပြဿနာများရှိပါက ပြောကြား ရန်နှင့် လိုအပ်ပါက ကူညီပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် မိမိလုံခြုံရေးတပ်ဖွဲ့တာဝန်ရှိသူကလည်း ဖြစ်စဉ်နေရာကို လိုက်လံပြသခြင်း၊ ဖြစ်စဉ်ဖြစ်ပွားပုံကို ရှင်းလင်းပြောကြားခြင်း၊ နယ်စပ်လုံခြုံရေး ဆောင်ရွက်ခြင်းနှင့်ပတ်သက်၍ စောင့်ထိန်းလိုက်နာရမည့် အချက်များကို အလေးထားဆောင်ရွက်ပေးစေလိုကြောင်း ပြန်လည်ပြောကြားခဲ့ပြီး ရုပ်အလောင်းကို စနစ်တကျ လက်မှတ်ရေးထိုးလွှဲပြောင်းပေးအပ်ခဲ့သည်။

ညနေ ၅နာရီခွဲတွင် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့များသည် ရုပ်အလောင်းကို လက်ခံယူပြီး နောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းသို့ပြန်လည်ထွက်ခွာသွားခဲ့သည်။ အထက်ပါ နယ်စပ်ဒေသတွင် ဖြစ်ပွားခဲ့ သည့် ဖြစ်စဉ်နှင့်ပတ်သက်၍နှစ်နိုင်ငံအကြားဆက်ဆံရေး၊ ယုံကြည်မှုနှင့် ချစ်ကြည်ရင်းနှီးမှုတို့ကို ဆက် လက်ထိန်းသိမ်းဆောင်ရွက်နိုင်ရေး၊ နှစ်နိုင်ငံနယ်စပ်ဒေသတွင် RSO သောင်းကျန်းသူများ အခြေမခံ နိုင်ရေး၊ မလိုလားအပ်သော နယ်စပ်ပြဿနာ များ မပေါ်ပေါက်စေရေးတို့အတွက် လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်နိုင်ရန်နှစ်နိုင်ငံအလံတင်အစည်းအဝေးကို မကြာမီရက်ပိုင်းအတွင်း ကျင်းပ သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

Read More

ဗေဒါပျံ

ဘူးသီးတောင်မြို့နယ်တွင်၊ ဧပြီလအတွင်း ဖြစ်ပွါးခဲ့သောရခိုင်တိုင်းရင်းသားမောင်နှမနှစ်ဦးကိုဘင်္ဂလီများကအုပ်စုဖွဲ့ ရန်ရှာတိုက်ခိုက်ခဲ့သည့် ဖြစ်ရပ်တွင် ပါဝင်သော တရားခံများအားမှုခင်းဖြစ်ပွားပြီးတစ်လအကြာဘူးသီးတောင် မြို့နယ်တရားရုံးတွင် (၂၉-၅-၂၀၁၄)နေ့တွင် တရားစွဲဆိုလိုက်သည်။

ဖြစ်စဉ်မှာဘူးသီးတောင်မြို့နယ်၊ ကင်းချောင်းအုပ်စု သဘောက်ချောင်း ကျေးရွာနေ၊ မောင်ကျော်သိန်းလှိုင်နှင့် နှမဖြစ်သူ မညွန့်ညွှန့်သိန်းတို့ နှစ်ဦးသည် ၂၈-၅-၂၀၁၄နေ့ နံနက် ၆း၀၀နာရီခန့်တွင် ဂြိတ်ချေခရုရောင်းရန် ဈေးသို့ ထွက်လာခဲ့ရာအလယ်ချောင်းအုပ်စု၊ လသာကုလားရွာအနီးသို့ အရောက်တွင် ဘင်္ဂလီများ ၀ိုင်းရံလာပြီး ရန်မူတိုက်ခိုက်သဖြင့် မောင်ကျော်သိန်းလှိုင်၏ ခြေထောက်တွင် ဒဏ်ရာရရှိခဲ့ပြီးဆိုင်ကယ်ပျက်စီးသွားခဲ့သည်။

၎င်းကိုဘူးသီးတောင်မြို့နယ်ရဲစခန်းတွင် ကာယကံရှင်ကိုယ်တိုင်ကအမှုဖွင့်တိုင်ကြားခဲ့ခြင်းဖြစ်သည်။
အဆိုပါ အမှုတွင် ပါဝင်သောတရားခံ (၇)ဦးအနက် (၅)ဦးဖြစ်သောမာလိတ်တူဆောင်း၊ အဒူရော်ရှီး၊ အဒူမာဆောင်း၊ မာမောက်တာမိန်နှင့် အာရသွန်ဘီဘီတို့ကို ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၂၇၉(က)/ ၂၉၄ / ၃၃၇ / ၃၀၇ အရရမန်ယူစစ်ဆေးခဲ့သော်လည်း၂၉-၅-၂၀၁၄နေ့တွင် မြို့နယ်တရားရုံးသို့ တရားစွဲဆိုတင်ပို့သည့်အခါတွင်မူ ပုဒ်မ၂၉၄/ ၁၄၈ / ၅၀၆ / ၃၂၃ / ၄၂၇ / ၁၁၄ အရစတင်စစ်ဆေးနေပြီဖြစ်ကြောင်းသိရသည်။

သို့ရာတွင် ပထမယမန်ယူစစ်ဆေးစဉ်က ပုဒ်မများအစား တရားစွဲဆို တင်ပို့သည့်အခါ ပြောင်းလဲစွဲဆိုသောပုဒ်မများသည် အာမခံပေးနိုင်သောပုဒ်မများဖြစ်နေသဖြင့် တရားခံများသည် အာမခံရရှိအောင် နည်းမျိုးစုံဖြင့် ကြိုးပမ်းနေကြောင်း သိရှိရပြီး တရားလိုများအားလည်း အမှုပွဲစားများမှတစ်ဆင့် ငွေကြေးပေးပြီး အမှုရုပ်သိမ်းစေရန် ဆောင်ရွက်နေကြောင်း တရားလိုနှင့် နီးစပ်သူများထံမှ သိရှိရပြီးတရားလိုမောင်ကျော်သိန်းလှိုင်ကလည်းထိုကဲ့သို့ စည်းရုံးမှုများရှိကြောင်း ၀န်ခံပြောကြားသည်။

အဆိုပါ အမှုကိုယခုကဲ့သို့ပုဒ်မပြောင်းကာစွဲဆိုခြင်းသည် အဂတိလိုက်ခြင်း ဖြစ်နိုင်ကြောင်းပြောဆိုမှုများရှိနေပြီးတစ်မြို့နယ်လုံးမှ စိတ်ဝင်စားစွာ စောင့်ကြည့်နေလျှက်ရှိသည်။

အမှုကိုအနီးကပ်လေ့လာစုံစမ်းနေသူ တစ်ဦးက က `အမှုဖြစ်စကတည်းကလေ့လာနေတာပါ။ ဖြစ်တုန်းကကုလားတွေကသူတို့ကိုတမင်ရည်ရွယ်ချက်ရှိရှိ `ရခိုင်တွေ သတ်ပစ်၊ သတ်ပစ်´ ဆိုပြီးလိုက်သတ်တာ။ ဒါဟာတမင်သက်သက် မတည်မငြိမ်ဖြစ်အောင် ရည်ရွယ်ပြီးရန်စတဲ့ လုပ်ရပ်သာ ဖြစ်ပါတယ်။ ဒါကိုထိရောက်တဲ့ အပြစ်မရပဲလွတ်သွားမယ်၊ ပြေငြိမ်းလိုက်မယ်ဆိုရင် သူတို့ရဲ့ လုပ်ရပ်ကမပေါ်လွင်တော့ပဲနောက်ထပ်လည်းဒီလိုပြဿနာမျိုးတွေ ထပ်ဖြစ်နေဦးမယ်။ နောက်ဆုံးဒီတိုင်းရင်းသားရွာတွေမှာ ကျူးကျော် ရန်စမှုတွေ များလာရင် ဆက်ပြီးတည်မြဲနေဖို့ဆိုတာအခက်အခဲဖြစ်လာနိုင်ဖွယ်ရှိပါတယ်။ ဒီကနေ့ အခြေအနေနဲ့ ဆက်စပ်ကြည့်ရင် ဒါဟာသာမန်ထက်ပိုပြီးနက်နဲတဲ့ အမှုဆိုတာ မြင်နိုင်ပါလိမ့်မယ်။ ပြည်ပကအကြမ်းဖက်အဖွဲ့အစည်းတွေနဲ့ ဒီတရားခံတွေ ဆက်စပ်နေတယ်လို့ ပေါ်လွင်နေပါတယ်။ဒီပြဿနာမှာတရားခံတွေ အပြစ်မရပဲလွတ်သွားမယ်ဆိုရင် တိုင်းရင်းသားတွေဘက်ကလည်းမလုံခြုံမှု၊ မကျေနပ်မှုတွေ ဖြစ်လာနိုင်သလိုတစ်ဘက်ကလည်းပိုပြီးလက်မထောင် ရန်စလာနိုင်ပါတယ်။ ပြည်ပကလှုပ်ရှားမှုတွေနဲ့ ဒီတရားခံတွေရဲ့ လှုပ်ရှားမှုတွေဟာဆက်နွယ်မှုရှိနိုင်ပါတယ်။ နောက်ပြီးတရားခံတွေထဲက နှစ်ယောက်ကိုလွတ်မြောက်သွားအောင် တမင်လွှတ်ပေးလိုက်တယ်လို့ ယူဆနိုင်စရာတွေရှိပါတယ်။ဒါတွေဟာတမင်ရည်ရွယ်ချက်ရှိရှိအကွက်ကျကျ လုပ်နေတယ်လို့ ထင်မြင်ပါတယ်။´ဟုပြောသည်။

အဓိက ပြစ်မှုကျူးလွန်သူများဖြစ်သာအီနုစ်နှင့် အီဆလင်ဆိုသူညီအစ်ကိုနှစ်ဦးကို ယင်းနေ့တွင်ပင် ထွက်ပြေးလွတ်မြောက်သွားအောင် အလယ်ချောင်းဥက္ကဌအပါအ၀င် အပေါင်းပါများ ကဆောင်ရွက်ပေးခဲ့ကြောင်းတရားလို၏ မိခင်ကပြောပြခဲ့သည်။

ယခုအခါ အဖက်ဖက်မှ ခြိမ်းခြောက်ခြင်းနှင့် ငွေမက်လုံးပြကာ ဖိအားပေးမှုများကြောင့် တရားလိုဖြစ်သူမှာ တွေဝေထိတ်လန့်လျှက်ကြောင်းနှင့် အမှုပွဲစားများဖြစ်သော ရခိုင်တချို့က ကုလားဘက်မှ လိုက်ကာအမှုကို ရုတ်သိမ်းပေးစေရန် ဆောင်ရွက်နေကြောင်းသိရသည်။

ပေးပို့သူ
ဗေဒါပျံ
CAN
Coral Arakan News ( သတင်း)

Read More

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ကြည်း၊ ရေ၊ လေ တပ်များအားလုံး အမြင့်ဆုံးသောအခြေအနေအထိ အရေးပေါ်တပ်လှန့်ထားရှိပြီး ဘင်္ဂလားဒေ့ရှ်လွှတ်တော်မှ မြန်မာနိုင်ငံအား တရားဝင် စစ်ကြေငြာလိုက်ပြီဖြစ်ကြောင်း ကြားသိရသည့်အတွက် သေချာမှုရှိအောင် မေးမြန်းရာ 

- အောက်ပါအချက်အလက်များသည် အတည်အဖြစ်သိရှိရပါသည်။

ဘင်္ဂလားဒေ့ရှ်တွင် တပ်များအားလုံးကို အရေးပေါ်အခြေအနေသို့ တပ်လှန့်ထားရှိပြီး မြန်မာပိုင် အုန်းကျွန်းအနီး (၃) ဖာလုံခန့်အကွာတွင် ဘင်္ဂလားဒေ့ရှ်ရေတပ်မှ ဖရီးဂိတ်များ နှင့် ဖျက်သင်္ဘောများ (၅) စီး လာရောက်တပ်စွဲထားသည်။ မြန်မာဖက်မှလည်း အုန်းကျွန်းအနီးတွင် ရေတပ်သင်္ဘော (၅)စီး ထိပ်ဆိုင်၍ တပ်ချထားသည်။

ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်နှင့် ကြေးတပ် အင်အား (၅၀၀၀)ခန့် နယ်စပ်တွင် ၀င်ရောက်နေရာယူထားပြီး မြန်မာဖက်မှ အင်အား (၉၀၀၀) ခန့် ၀င်ရောက်နေရာယူထားသည်။

ဘင်္ဂလီ ရေဒီယိုသတင်းများအားလုံးကို ဘာသာပြန်များဖြင့် နားထောင်နေပြီး၊ မြန်မာ့ရေတပ်မတော် အုပ်စုတစ်စု နယ်စပ်သို့ဦးတည်ထွက်ခွာလာနေကြောင်း၊ မိတ္ထီလာ လေတပ်စခန်းအားလည်း အမြင့်ဆုံးအခြေအနေသို့တပ်လှန့်ထားကြောင်း ကြားသိရပါသည်။
 
အခုနောက်ဆုံးသတင်းအရ မြန်မာဖွဲ့များသို့ BGB တပ်များက ဖုန်းဆက်လာကြောင်း ကျနော် တို့ BGB တပ်သားငါးယောက် ဒီကနေ့ ပျောက်ဆုံးနေကြောင်းသိရတယ် ဒါကြောင်း ကျနော်တို့ BGB တပ်သားများ လိုက်ရှာနေကြောင်း ဓါတ်မီးများဖြင့် ထိုးလျှက် အဲဒီ BGB တပ်ဟု ဟန်ဆောင်ပြီး မြန်မာနယ်စပ်ထဲသို့ ၀င်ခွင့်တောင်းဆိုခဲ့ကြောင်းသိရသည်။ ဒါကို မြန်မာတပ်ဖွဲ့ဝင်များ မယုံနိုင်စရာဟု သုံးသပ်ပါသည်။ 

RSO ကုလားဆိုးများ စိန်ခေါ်ထားကြောင်း ၈.၆.၂၀၁၄ ရက်နေ့ တွင် မင်းတို့ မြန်မာတပ်မတော်နှင့်ငါတို့ RSO ကုလားဆိုးများက တိုက်ပွဲခေါ်သံဟု စိန်ခေါ်ထားကြောင်းသိရသည် ဒါကြောင်း တပ်ရင် ၅၃၅ တပ်ရင် နှင့် ၅၆၅ တပ်ရင် နှစ်ရင် ကို ဦးဆောင်တဲ့ ဒုဗိုလ်မှူးကြီး ဇင်ဝင်းလတ် နှင့် ဒုဗိုလ်မှူးကြီး ကျော်စိန်ထွန်းတို့ ဒီကနေ့ ည ၄း၀၀ နာရီအချိန်တွင် ချီတက်သွားကြောင်း သတင်းရရှိပါသည်။

 .. www.MyanmarExpress.net

Read More

 မောင်တောနယ်စပ်မှတ် တိုင်အနီးတွင် မေလ ၂၈ ရက်က မြန်မာစစ်တပ်နှင့် ပစ်ခတ်မှုဖြစ်ပြီး ကျဆုံးသွားသည့် လက်နက်ကိုင် တပ်ဖွဲ့ဝင်မှာ RSO အဖွဲ့မှ မဟုတ်ဘဲ ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့် တပ်(BGB) မှ ဟု ပြောဆိုနေသောကြောင့် နှစ်နိုင်ငံနယ်စပ်လုံခြုံရေး တပ်ဖွဲ့ဝင်များကြား တင်းမာမှု များဖြစ်ပွားနေကြောင်း သတင်းရရှိသည်။

မေလ ၂၈ ရက် နံနက်က မြန်မာပိုင်နက်နယ်စပ်မှတ်တိုင် အနီးသို့ အ၀ါရောင်ပြောက်ကျား ယူနီဖောင်းဝတ်ဆင်ထားသည့် လက်နက်ကိုင်တပ်ဖွဲ့ဝင် နှစ်ဦးခိုးဝင်လာသောကြောင့် ကင်းပုန်းဝပ်လုံခြုံရေးစောင့်နေသည့် ခမရ(၃၅၂)က သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ ခိုးဝင်လာသော နှစ်ဦးအနက် တစ်ဦးကျဆုံးကာ သေနတ်တစ်လက်ကိုပါ မြန်မာစစ်တပ်က သိမ်းဆည်းနိုင်ခဲ့သည်။

‘‘သူတို့က အ၀ါရောင်ယူနီ ဖောင်းသာဝတ်ထားပြီး ဘာတံ ဆိပ်မှ တပ်မထားဘူး။ ဘာပဲဖြစ် ဖြစ် နယ်စပ်ခြံစည်းရိုးအနားကို ခိုးဝင်လာတဲ့အတွက် ပစ်တာပါ။ နယ်စပ်လုံခြုံရေးအရ လုပ်ခဲ့တာ။ ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ် က သူတို့တပ်ဖွဲ့ဝင်ပါလို့ အ ကြောင်းကြားတဲ့အတွက် မကျေ လည်မှုတွေတော့ဖြစ်နေတယ်’’ ဟု နယ်ခြားစောင့် လုံခြုံရေးရဲတပ် ဖွဲ့မှ ဒုတိယရဲမှူးကြီးအဆင့်ရှိ ရဲ အရာရှိကပြောသည်။

မေလ ၂၉ ရက်တွင် မောင် တောနယ်စပ်၌ မြန်မာစစ်တပ်နှင့် RSO လက်နက်ကိုင်တပ်ဖွဲ့တိုက် ပွဲဆက်ဖြစ်ကာ RSO အဖွဲ့မှ သုံး ဦးကျဆုံးခဲ့ပြီး လက်နက်အချို့ သိမ်းဆည်းနိုင်ခဲ့ကြောင်း သတင်းများထွက်ပေါ်ခဲ့သော်လည်း မဟုတ်မှန်ကြောင်း မောင်တောနယ်စပ်လုံခြုံရေးအဓိက တာဝန်ယူထားသည့် အမှတ် (၁) နယ်ခြားစောင့်ရဲတပ်ရင်းမှူး ဒုတိယရဲမှူးကြီး သီဟန်ကပြောသည်။

‘‘ဒီနေ့ဘာမှ ဆက်မဖြစ် ဘူး။ နယ်စပ်တစ်လျှောက်တော့ စစ်တပ်ရော ရဲပါ လုံခြုံရေးကို အ ချိန်ပြည့်စောင့်နေပါတယ်’’ဟု ဒု တိယရဲမှူးကြီး သီဟန်ကပြော သည်။

နှစ်နိုင်ငံနယ်ခြားစောင့်တပ်

ဖွဲ့ကြား မေလ ၂၁ ရက်က အလံတင်ဆွေးနွေးပွဲတွင် RSO တပ်ဖွဲ့၏ ပစ်ခတ်မှုကြောင့် မြန်မာတပ်ဖွဲ့

ဝင်လေးဦး ကျဆုံးခဲ့မှုနှင့် ပတ်သက်၍ ဆွေးနွေးတောင်းဆိုစဉ် အခြေအနေတင်းမာမှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

Author:  အောင်ခိုင်၊ အောင်သစ်လွင်
7DAY DAILY
မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ ရခိုင်ပြည်နယ်စစ်တွေမြို့တွင် စစ်ရေးလေ့ကျင့်နေသည်ကို မေလ ၂၉ ရက်ကတွေ့ရစဉ် (ဓာတ်ပုံ − ညွန့်ဝင်း/အီးပီအေ )

Read More

29m8စံခလပူရီ၊ မဇ္ဈိမ။            ။ ထိုင်းနိုင်ငံ ဘန်ကောက်မြို့လယ်ရှိ လွတ်လပ်ရေး ကျောက်တိုင်၌ လူများစုဝေး၍ ဆန္ဒပြမှုကို ရပ်ဆိုင်းရန်နှင့် ဆက်လက် ဆန္ဒပြမည် ဆိုပါက အင်အားသုံး၍ ဖြေရှင်းသွားမည်ဟု ရဲဗိုလ်ချုပ် ဆွမ်ယွတ် ဖွန်ဖမ်မောင်က မေလ ၂၉ ရက်တွင် ကြေငြာလိုက်သည်။
နေစဥ့် အာဏာသိမ်း စစ်အစိုးရအား ဆန္ဒပြရန် လွပ်လပ်ရေး ကျောက်တိုင်အား ဗဟိုပြု၍ ညနေ ၄နာရီ နောက်ပိုင်း လူစု၍ ဆန္ဒပြခြင်းကို နေ့စဉ် ပြုလုပ်လျက် ရှိနေသည့် အပေါ် ရပ်ဆိုင်းရန် ပြောကြား လိုက်ခြင်း ဖြစ်သည်။ ထို့ပြင် လွပ်လပ်ရေး ကျောက်တိုင်သို့ ဝင်ရောက် နိုင်မည့် အဓိက လမ်းမကြီး များကိုလည်း ပိတ်ပင် လိုက်ပြီ ဖြစ်သည်။
ပြီးခဲ့သည့် ထိုင်းစံတော်ချိန် ညနေ (၄) နာရီ ခန့်မှ စ၍ ထိုင်းစစ်တပ်နှင့် ရဲအင်အား ရာဂဏန်းများစွာ ချထားပြီး လွတ်လပ်ရေး ကျောက်တိုင် ပတ်ဝန်းကျင်အား ဝင်ရောက် နေရာယူ၍ လုံခြုံရေး ယူထားပါသည်။ အချုပ်ကားပေါင်း ၁၄ စီးကျော် အဆင်သင့် စောင့်ဆိုင်းလျက် ရှိသည်။
လက်ရှိ အာဏာသိမ်း အဖွဲ့အား ဆန့်ကျင် ဆန္ဒပြရန် လှုံ့ဆော် နေသူများမှ ဆန္ဒပြသူများကို အခကြေးငွေပေး၍ ဆန္ဒပြပွဲတွင် ဝိုင်းဝန်းပါဝင်ရန် လှုံ့ဆော်မှု ပြုနေကြောင်း အာဏာသိမ်း အဖွဲ့၏ ဒုတိယ ပြောရေး ဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး နတ်ထဝါဒ် ဂျန်းစရိမ်းက မေလ ၂၆ ရက် ညတွင် ကြေငြာချက် ထုတ်ပြန်ခဲ့သည်။
“ နောက်ကွယ်က နေပြီးတော့ လူထုတွေ အုံကြွမှု ဖြစ်အောင်၊ ပါဝင် ဆန္ဒပြအောင် လှုံ့ဆော် နေမှုတွေကို ကျွန်တော်တို့ စုံစမ်း သိရှိထားရ ပါတယ်၊ အခကြေးငွေ အဖြစ် ဆန္ဒပြသူ တစ်ဦးကို ထိုင်းဘတ်ငွေ ၄ဝဝ ကနေ ၁ဝဝဝ အထိ ပေးနေတာ ရှိပါတယ်၊ ရံပုံငွေ စနစ်တကျ စုဆည်းပြီး လှုံ့ဆော်မှုတွေ ပြုနေတာကို တွေ့နေရပါတယ်” ဟု ဒုတိယ ပြောရေး ဆိုခွင့် ရှိသူ ဗိုလ်မှူးကြီး နတ်ထဝါဒ် ဂျန်းစရိမ်းက အာဏာသိမ်း အဖွဲ့အား ကိုယ်စားပြု၍ ၂၆ ရက်နေ့က ကြေငြာချက် ထုတ်ပြန်ခဲ့သည်။
လှုံ့ဆော်သူများ အနေဖြင့် ထိုင်းနိုင်ငံတွင် ပြည်သူလူထုများ အသုံးများသည့် Facebook နှင့် LINE ကဲ့သို့သော လူမှု ကွန်ယက်များကို အသုံးပြု၍ အချင်းချင်း ချိတ်ဆက် ဆက်သွယ်ကာ ဆန္ဒပြရန် လှုံ့ဆော်မှု ပြုကြကြောင်း ဆိုသည်။
ထို့ကြောင့် ထိုင်းပြည်သူများ အနေဖြင့် အဆိုပါ လှုံ့ဆော်သူများ၏ နိုင်ငံရေး သားကောင်အဖြစ် အသုံးချ မခံရ စေရန် သတိပြုသင့်ကြောင်း ထုတ်ပြန် သတိပေးထားပြီး ဖြစ်သည်။


Mizzimaburmese News

Read More

ဘူးသီးတောင်နှင့် မောင်တောနယ်စပ်လုံခြုံရေး
အသုံးပြုရန်အတွက် ရဲလုပ်ငန်းသုံးကားအစီးရေ
 (၄၅)စီးတိုးမြှင့် ချထားပေးကြောင်း မြန်မာနိုင်ငံ
 ရဲတပ်ဖွဲ့ဌာနချုပ်၊ ရဲတပ်ရင်းများ ကွပ်ကဲမှု
ဦးစီးဌာနမှ သတင်းရရှိသည်။



‘‘နယ်စပ်လုံခြုံရေးအတွက် ဖွဲ့စည်းပုံအတိုင်းပြည့်မီအောင် ထောက်/ကူပစ္စည်းတွေချထား ပေးတာပါ။   ပြီးခဲ့တဲ့နှစ်ပတ် လောက်က နယ်စပ်မှာဖြစ်ခဲ့တဲ့ အခြေအနေတွေကြောင့်လည်း လုံခြုံရေးကိုတိုးမြှင့်ချထားပါတယ်’’ဟု ရဲတပ်ရင်းများကွပ်ကဲမှုဦးစီးဌာနမှ ရဲအရာရှိတစ်ဦးက ပြောသည်။

 ဘူးသီးတောင်နှင့်မောင် တောနယ်စပ်လုံခြုံရေးဆောင် ရွက်ရန် နယ်ခြားစောင့်လုံခြုံရေးရဲတပ်ဖွဲ့ဌာနအောက်တွင်တပ် ရင်းလေးရင်းဖြင့်ဖွဲ့စည်းထားပြီး နယ်စပ်ခြံစည်းရိုးတစ်လျှောက် ၂၄ နာရီကင်းလှည့်နေကြောင်း အမှတ်(၁)နယ်ခြား စောင့်ရဲတပ် ရင်းများမှသတင်းရရှိသည်။

 နယ်ခြားစောင့်လုံခြုံရေးရဲ တပ်ဖွဲ့အတွက် Myanmar Double Cab နှင့် Myanmar Single Cab အမျိုးအစား (၄၅)စီး လက်ခံရန်ရှိသော်လည်း မေလ ၂၇ ရက်အထိ ၃၉စီးသုံးစွဲနေပြီ ဖြစ်ကြောင်း အမှတ်(၁)နယ်ခြားစောင့်ရဲတပ်ရင်းမှ ရဲအရာရှိတစ်ဦးက ပြောသည်။

7 Day News Daily

Read More

အမေရိကန် သမ္မတ အိုဘားမား၏ ပေါ်လစီအသစ်သည် အာရှပစိဖိတ် စိုးမိုးရေးဖြစ်သည်။ အာရှပစီဖိတ်စိုးမိုးရေးအတွက် အမေရိကန်အနေဖြင့် နိုင်ငံရေး၊ စစ်ရေးအရ လွှမ်းမိုးချုပ်ကိုင်နိုင်ရန်လိုလာသည်။ သို့အတွက် မဟာမိတ်နိုင်စာချုပ်နိုင်ငံများ ကို ပြုလုပ်ခဲ့သည်။ သို့သော်ငြားလည်း စစ်အေးခေတ်ကာလအတွင်းနှင့် စစ်အေးခေတ်လွန်ဆယ်စုနှစ်အတွင်းတွင် အမေရိကန်သည် အာရှ-ပစိဖိတ်ဆိုင်ရာမဟာဗျူဟာကို အကောင်အထည်မဖော်နိုင်ခဲ့။ သူ့အတွက် မမျှော်လင့်ဘဲ လက်သီးချက်ပြင်းပြင်းမိသွားခဲ့သည်။ ထိုလက်သီးချက်မှာ 9/11 အရေးအခင်းဖြစ်လေသည်။ ထို့ကြောင့် War on Terror ဟုကြေငြာကာ အရှေ့အလယ်ပိုင်းနှင့်အာဖဂန်သို့ အာရုံလှည့်သွားခဲ့သည်။ ထိုဆယ်စုနှစ်နှစ်စုနီးပါးအတွင်းတွင် တိန့်ရှောင်ပင်၏ ပေါ်လစီနှင့်အတူ နိုးထလာခဲ့သောတရုတ်နဂါးကြီးက တဖြည်းဖြည်း ကြီးထွားလာခဲ့ပေသည်။

အိန္ဒိယနှင့် Strategic Partnership ကို ထူထောင်ထားနိုင်သော်လည်း အာရှပစိဖိတ်စိုးမိုးရေးအတွက် အဓိက ကျသော နေရာဖြစ်သည့် ဘင်္ဂလားပင်လယ်အော်နှင့် ကမ်းရိုးတန်းဒေသကို အမေရိကန် ဝင်မစွက်နိုင်သေးဘဲ ဖြစ်နေသည်။ ထိုအတွက် အမေရိကန်သမ္မတ အိုဘားမား တက်လာချိန်တွင် မဟာဗျူဟာမြောက် မျဉ်းကြောင်းဖြစ်သည့် အိန္ဒိယ-ဘင်္ဂလားဒေ့ရှ်-မြန်မာ တို့အတွက် နိုင်ငံရေးအရ ချဉ်းကပ်မှု ပြောင်းလဲ ရန်ကြိုးစားလာပါသည်။ တရုတ်အပေါ် ကြွေးမှီတင်မှု များပြားနေသော ဘင်္ဂလားဒေ့ရှ်နှင့် ပိုမိုထိတွေ့ဆက်ဆံလာခဲ့သည်။ ဘင်္ဂလားဒေ့ရှ်မှာ အိန္ဒိယ၊ ပါကစ္စတန်တို့ရန်မှ တွန်းလှန်ရန် တရုတ်ကို စစ်ရေး၊ စီးပွားရေးအရများစွာ မှီခိုအားထားနေရသည်။ ထိုကိစ္စကို အမေရိကန်က မနှစ်မြို့လှချေ။ အဘယ်ကြောင့်ဆိုသော် အမေရိကန် ရေတပ် ကျက်စားလျှင် များစွာ စစ်ရေးအရ အသာစီးရနိုင်သည့် ဘင်္ဂလားပင်လယ်အော်ကို စိုးမိုးရန်မှာ ဘင်္ဂလားဒေ့ရှ်-မြန်မာတို့နှင့် ပိုမို နီးကပ်ထိစပ်သော ဆက်ဆံရေးရှိမှ သာဖြစ်လာနိုင်ပေမည်။ထိုအချိန်တွင် ဘင်္ဂလားဒေ့ရှ်တွင် ဘာသာရေးအစွန်းမေ၇ာက်သော ရှိတ်ဟာစီနာ၏ အစိုးရအဖွဲ့တက်လာသည်။ ထိုအချက်သည် အမေရိကန်အတွက် လမ်းစများကို ပွင့်သွားစေသည်။ သို့၇ာတွင် လိပ်ခဲတည်းလဲ ဖြစ်နေသော ကိစ္စရပ်မှာကား မြန်မာ၏ ခေါင်းမာသော စစ်ဗိုလ်ချုပ်များပင်တည်း။

မြန်မာသည် ပထဝီအရ ကိုလိုနီခေတ်ကပင် အလွန်အရေးပါခဲ့သည်။ ဗြိတိန်တို့သည် ရခိုင်နှင့် တနင်္သာရီကမ်းရိုးတန်းကို ဝင်ရောက်သိမ်းပိုက်ခဲ့ခြင်းမှာ ၄င်းတို့ ကိုလိုနီလုပ်ထားသော အရှေ့အိန္ဒိယကို ကာကွယ်ရန်အတွက် ကမ်းရိုးတန်းနှင့် ရေလမ်းကို ထိန်းချုပ်လိုက်ခြင်းဖြစ်သည်။ ထို့ပြင် တရုတ်ပြည်သို့ ဂျပန်များကျူးကျော်လာသောအခါ မြန်မာနိုင်ငံသည် ချန်ကေရှီတ်အစိုးရကို အနောက်အစိုးရများ အထောက်အကူပေးရန် အဓိကနေရာဖြစ်လာကြောင်း ပိုမိုထင်ရှားလာရသည်။ ဆိုလိုသည်မှာ အာရှပင်မကုန်းမြေသို့ ဆက်သွယ်ထားသော လမ်းကြောင်းမှန်သမျှကို မြန်မာနိုင်ငံထဲမှ အကောင်အထည်ဖော်ဆက်သွယ်နိုင်သည်။သို့အတွက် ဂျပန်က မရမက မြန်မာပြည်ကို သိမ်းပိုက်ရန်အားထုတ်လာရပေသည်။ ထို့သို့အရေးပါသော နေရာကို လက်ဦးမှုရယူထားနိုင်ရန်အတွက် အက်တလီခေတ် ဗြိတိန်ကာကွယ်ရေးဝန်ကြီးက မင်္ဂလာဒုံလေဆိပ်နှင့် မြန်မာ့ သင်္ဘောဆိပ်များကို ဗြိတိန်ပိုင် စစ်လေယာဉ်၊ ရေယာဉ်များ ဝင်ထွက်သွားလာခွင့်ရ၇ှိနိုင်ရေး ကြိုးစားခဲ့ဖူးသည်။ လွတ်လပ်ရေး၇ပြီးခေတ်တွင်လည်း ကွန်မြူနစ်သူပုန်ထသည့်အချိန်တွင် ကွန်မြူနစ်တစ္ဆေကိုကြောက်သည့် အနောက်ပါဝါနိုင်ငံများသည် ရန်ကုန်အစိုးရ (ဦးနုအစိုးရ) အား များစွာ ထောက်ပံ့ပေးခဲ့ကြသည်။ မြန်မာသည် ဗီယက်နမ်နှင့် တစ်ကြောတည်း အရေးကြီးသည့် နိုင်ငံအဖြစ် ဒိုမီနိုသီဝရီတွင် တွက်ဆခြင်းခံခဲ့ရပေသည်။အဘယ်ကြောင့်ဆိုသော်မြန်မာပြိုသွားပါက တရုတ်အတွက် မြန်မာပြည်မြောက်ပိုင်းမှ အာသံအထိ လွယ်ကူစွာ ချေမှုန်းနိုင်သည့်အပြင် မလက္ကာရေလက်ကြားကို အလွယ်တကူ ခြိမ်းခြောက်လာနိုင်သောကြောင့် မြန်မာနိုင်ငံကို ကျဆုံးခံ၍ မဖြစ်ခြင်းဖြစ်သည်ဟု မဟာဗျူဟာ ဂရုများက ရှုမြင်ကြလေသည်။ ဤတွင် မြန်မာ၏ အရှေ့အနောက် အိုင်ဒီယိုလိုဂျီပဋိပက္ခများနှင့် စစ်ရေး၊ စီးပွားရေးအားပြိုင်မှုများကြား မည်မျှ အန္တရာယ်ကြီးသည်ကို ရှုမြင်နိုင်ပေပြီ။ထိုသို့သော အရေးပါမှုအားလုံးသည် ဦးနေဝင်း၏ တံခါးပိတ်စီးပွားရေးဝါဒအောက်တွင် မှေးမှိန်သွားခဲ့ပါသည်။

တရုတ်အတွက် မြန်မာသည် အလွန်အရေးပါသောနေရာတစ်ခုဖြစ်နေသည့်အချိန်တွင် အိန္ဒိယအတွက်လည်း အရေးကြိးသော နိုင်ငံဖြစ်နေသည်။ မြန်မာ့ရေပိုင်နက်တွင် တရုတ်သင်္ဘောများကျက်စားပါက အိန္ဒိယများစွာ အခက်ကြုံနိုင်သည်။ မြန်မာသည် အရှေ့တောင်အာရှနှင့် တရုတ်ပြည်တောင်ပိုင်းပြည်နယ်များအတွက် Buffer Zone သဖွယ်ကြားခံပေးထားသော နိုင်ငံဖြစ်နေသည်။ ထို့ပြင် အိန္ဒိယအတွက် ဒုတိယမြောက်အကြီးဆုံး အိမ်နီးချင်းနိုင်ငံလဲဖြစ်နေသည်။ မြန်မာကို တရုတ်လက်သို့ပါ၍ မရချေ။ ထိုသိုံ့ဖြစ်သွားလျှင် ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်၊ မြန်မာ၊ သီရိလင်္ကာ၊ နီပေါလ်တို့နှင့် ဆက်စပ်ကာ တရုတ်သည် အိန္ဒိယကို ပတ်ချာလည် ဝိုင်းရံထားပေလိမ့်မည်။ သို့အတွက်ကြောင့် ၁၉၈၈ အုံကြွမှုအပြီး နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေးကောင်စီခေတ်တွင် မြန်မာစစ်တပ်သည် ယခင်နှင့်မတူ သူ၏ တိုင်းပြည်အစွန်အဖျားများကိုပါ ထိထိရောက်ရောက်ချုပ်ကိုင်လာနိုင်ခဲ့သောကြောင့် အိန္ဒိယအနေဖြင့် ထိတွေ့ဆက်ဆံမှုပြုလုပ်လာခဲ့ရပါသည်။

ထိုသို့သောအနေအထားတွင် မြန်မာသည် တရုတ်ဖက်ယိမ်းမည်လော၊ အနောက်ဖက်ယိမ်းမည်လောဟူသည့် မေးခွန်းမှာ စကော်လာများအတွက် အတွေးပွားစရာဖြစ်ခဲ့သည်။ သို့သော် မငြင်း၊နိုင်သည်က မြန်မာအစိုးရ၏ လက်ထဲတွင်သာ အဖြေရှိသည်ဟူ၍ ဖြစ်ပါသည်။ ထိုမှန်းဆချက်များမှာ လွန်ခဲ့သော ဆယ်နှစ်ကျော်ကဖြစ်သည်။ ယခုအချိန် ယခုအစိုးရသစ်လက်ထက်တွင် အနည်းငယ်ဖွင့်ဟလိုက်သောအခါ မြန်မာ၏ မဟာဗျူဟာအရ အရေးပါမှုအတွက် လက်ဦးမှုရယူရန် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးလာရောက်ခဲ့သည်ကို တွေ့ရှိနိုင်ပေသည်။

အိန္ဒိယ၏ အမျိုးသားလုံခြုံရေး၊ တရုတ်၏ စွမ်းအင်လုံခြုံရေးနှင့် မလက္ကာရေလက်ကြားအန္တရာယ်၊ ဘင်္ဂလားပင်လယ်အော်ကို စိုးမိုးရလျှင် အရှေ့အာရှကုန်းမြေကို ခြိမ်းခြောက်နိုင်မည့် အခွင့်အလမ်း စသည်တို့ကို တွက်ချက်စဉ်းစားကြည့်လျှင် ၇ခိုင်ကမ်းမြောင်ဒေသနှင့် ထားဝယ်ရေနက်ဆိပ်ကမ်းကိစ္စများသည် လေးလေးနက်နက်စဉ်းစားချင်စရာများဖြစ်လာပါသည်။ ရခိုင်ကမ်းမြောင်ဒေသ မတည်မငြိမ်ဖြစ်လျှင် လူ့အခွင့်အရေးနှင့်ပတ်သက်၍ အမေရိကန်မှ အကြောင်းပြ၍ ရနိုင်ပါသည်။ မတည်မငြိမ်ဖြစ်နေသော ဒေသသည် ဆက်ဆံရေးတိုးမြှင့်လာသော မြန်မာ-အမေရိကန် သံတမန်အခင်းအကျင်းတွင် မျက်စပစ်စရာနေရာကောင်းတစ်ခုဖြစ်နေသည်မဟုတ်ပါလော။

မွတ်စလင်များကို ထိ၍ အကြမ်းဖက်သမားများက ခြိမ်းခြောက်သည်။ အကြမ်းဖက်သမားများက ခြိမ်းခြောက်ရုံမျှမက ဝင်ရောက်ဖောက်ခွဲလျှင် အမေရိကန်အတွက် ပို၍ပင် ကောင်းဦးမည်။ အဘယ်ကြောင့်ဆိုသော် အမေရိကန်၏ War on Terror မှာ ပြီးဆုံးသေးသည်မှ မဟုတ်ဘဲ။ ထိုအခါ အကြမ်းဖက်နှိမ်နင်းရေးဟု ကြွေးကြော်လျက် မြန်မာအစိုးရနှင့် ပူးပေါင်းလိုသည်ဟု အကြောင်းပြကာ ရခိုင်နှင့် တနင်္သာရီကမ်းရိုးတန်းကို ဝင်ရောက်နိုင်မည်မဟုတ်လား။ မြန်မာအစိုးရကရော ဒီလို အကြမ်းဖက်နှီမ်နင်းရေးတွင် အတွေ့အကြုံရှိသည်မှမဟုတ်ဘဲ။ အမေရိကန်နှင့်ပူးပေါင်းဖို့သာ များမည်။ ဒီလိုဆိုရင် ကြားထဲက ဖိညှပ်သေရမည့်သူများမှာ ရခိုင်များသာ ဖြစ်လိမ့်ဦးမည်။

မွတ်စလင်များကို မည်သို့ နှိပ်ကွပ်ရမည်ဟု စစ်ကျောင်းများတွင် သင်ကြားသော အမေရိကန်သည် မွတ်စလင်အခွင့်အရေးကို စိတ်ဝင်စားသည်မဟုတ်။ စိတ်ဝင်စားမည်လည်းမဟုတ်။ သို့သော် ဒုတိယကမ္ဘာစစ်၊ ဗီယက်နမ်စစ်ကတည်းက ပထဝီအရ မဟာဗျူဟာမြောက်နေသော မြန်မာကိုကား အလွန်စိတ်ဝင်စားသည်။ အဘယ်ကြောင့်ဆိုသော် ခဲတစ်လုံးတည်းနှင့် ငှက်နှစ်ကောင်ပစ်ခွင့်ရမည့်အေ၇းဖြစ်သည်။ မဟာမိတ်အိန္ဒိယနှင့် ၇န်ဖြစ်ရန်မလိုသော်လည်း လာမည့်အနှစ်နှစ်ဆယ်တွင် ဂျီဒီပီသူ့ကို ကျော်တက်သွားနိုင်သော အိန္ဒိယအပေါ် စစ်ရေးအရလည်း သြဇာလွှမ်းထားနိုင်မည်။ တရုတ်ကိုတော့ ချောင်ပိတ်နိုင်မည်။
မွတ်စလင်နိုင်ငံများက မြန်မာကို ခြိမ်းခြောက်သည်။ ရယ်တော့ရယ်ရသည်။ အရှေ့အာရှကုန်းမြေကြီးကို ချိတ်ဆက်ထားသော မျဉ်းကြောင်း ဖြတ်သန်းသွားသည့် မြန်မာကို တရုတ်နှင့် အိန္ဒိက အထိမခံ။ ထိုနည်းတူ အမေရိကန်ကလည်း အထိမခံ။ ထိုအနေအထားသည် အတိမ်းအစောင်းလည်းမခံ။ အချိန်မရွေး စစ်မြေပြင်ဖြစ်သွားနိုသည်ကိုလည်း သတိထားရမည်ဖြစ်သည်။ မွတ်စလင်နိုင်ငံများမှ သင်္ကြန်အမြှောက်ထုသည်ကိုကား ကြောက်ရန်မလို။ ကြောက်ရန်လိုသည်ကား မွတ်စလင်ကမ္ဘာနှင့်ရန်ဖက် အမေရိကန်နှင့် မြန်မာအကြောင်း မြန်မာများထက်ပိုသိသော ဗြိတိန်၊ပြင်သစ်တို့ ရိုဟင်ဂျာကိစ္စ အဘယ်ကြောင့် အလွန်အမင်း စိတ်ဝင်စားနေသနည်း ဟူသည့် အချက်ပင်ဖြစ်ပါသည်။

မျိုးဆက်

ကိုးကား

http://www.southasiaanalysis.org/%5Cpapers2%5Cpaper197.htm
http://asiafoundation.org/pdf/wp13.pdf
http://www.southasiaanalysis.org/%5Cpapers51%5Cpaper5040.html


http://myosetlinn.blogspot.co.uk 

Read More


ကျနော့်ရင်တွေပူနေပါတယ်။ ကျနော်အခု ထိုင်နေသောနေရာတွင် အေးစက်နေသော မိုးရေများ ကျဆင်းနေပါသည်။ သို့သော် မိုင်ပေါင်းထောင်နှင့်ချီ၍ ဝေးသော အမိမြန်မာနိုင်ငံမှ ရခိုင်ဒေသအတွက် အများကြီးစိတ်ပူနေပါသည်။
ဘင်္ဂလားများဘာကြောင့် ဒီလို ထကြွသောင်းကျန်းရသနည်း။ အသတ်ခံရသော မွတ်စလင်ဆယ်ဦးကိုယ်စား မကျေနပ်၍ လား။ ကျနော်ကတော့ ဤမျှ ရိုးစင်းမည်မထင်ပါ။
ကျနော်တို့ တတ်နိုင်လျှင် ၁၉၄၈ ခုနှစ်မှစ၍ ရခိုင်ပြည်နယ်အတွင်း ရခိုင်လူမျိုးများ ပျံ့နှံတည်ရှိပုံနှင့် ယနေ့ ၂ဝ၁၂ ခုနှစ် တွင် ရခိုင်လူမျိုးများ၊ ကျေးရွာများ ပျံ့နှံ့တည်ရှိပုံများကို နှိုင်းယှဉ်ဖော်ပြစေချင်သည်။ မိမိသိသလောက်က ရခိုင်များသည် တစ်ဖြေးဖြေး ဆုတ်ခွာလာခဲ့ရလေပြီ။

တိုးပွားလာသော လူဦးရေ၊ တရားမဝင်ခိုးဝင်မှုနှင့်တကွ အကာအကွယ်မဲ့ ရခိုင်များသည်အစိုးရ၏ ဖေးမခြင်းကို မရသည့် အပြင် တဖက်မှ ခိုးဝင်သူ ဘင်္ဂလားနွယ်များ၏ ကျူးလွန်ခြင်းကို ခံနေခဲ့ရသည်မှာ ဆယ်စုနှစ်များစွာ ကြာခဲ့လေပြီ။
ပါကစ္စတန်၊ ဘင်္ဂလား စစ်ရေးဖိုရမ်များတွင် သူရို့ဆွေးနွေးကြလေ၏။ မြန်မာပြည်လူဦးရေက ဘင်္ဂလားထက်သုံးဆနည်း၍ အကျယ်အဝန်းက သုံးဆပိုကြီးသည်။ ထိုအနေအထားက မက်လောက်စရာ ဖြစ်သည်။ တကယ့်တကယ် တိုင်းပြည်တခု သည် စိုက်ပျိုးစရာမြေမရှိလျှင် မလွယ်လှ။ ငွေမည်မျှပင်ရှိစေကာမူ ရေရှည်တွင် အခြားနိုင်ငံများမှ အစားအသောက်ဝယ် ယူနေရပါက ကီးမကိုက်လှချေ။ ထို့ကြောင့် စိုက်ပျိုးမြေများပြားကြွယ်ဝသော မြန်မာပြည်၊ နိုင်ငံတကာနှင့် ဆက်ဆံရာတွင် အစိုးရကြောင့် ပစ်ပယ်ခြင်းခံထားရသော မြန်မာပြည်၊ ပြည်တွင်းစစ်မီးလျှံများ၊ ဆန္ဒပြပွဲများဖြင့် အချိန်ပြည့် ဗဟိုအုပ်ချုပ် ရေးကို စိန်ခေါ်ခြင်းခံနေရသော မြန်မာပြည်အတွက် ရခိုင်နယ်ကို ကျူးကျော်ရေးသည် ထိုသူတို့အတွက် စိတ်အေးလက် အေး အကွက်ချခဲ့ဖို့ အချိန်ရပေမည်။ ထိုသို့အကွက်အကွင်းများထဲမှ ယနေ့ မီဒီယာများကို ကြိုးကိုင်နေခြင်း နောက်ကွယ် အကြောင်းများကို ဉာဏ်မီသလောက် တွေးတောကြည့်မိလေသည်။

မြန်မာပြည်ကို ကျွန်ပြုခဲ့သော အင်္ဂလိပ်နှင့် ယနေ့စူပါ ပါဝါ အမေရိကန်တို့သည် ရိုဟင်ဂျာအရေးကို အရေးဆိုရာတွင် ထိပ် တန်း ဖြစ်နေကြသည်။ အမေရိကန် စီအိုင်အေနှင့် အင်္ဂလိပ် MI5 တို့သည်ကား လက်စောင်းထက် ထိပ်တန်းထောက် လှမ်းရေးများ ဖြစ်ကြသည်။ ထိုသူတို့သည် ရိုဟင်ဂျာနှင့် အယ်လ်ခေးဒါး အဆက်အစပ်ကို ဘာတီးလင်တ်နာလို သတင်း ထောက်တစဦးထက်တော့ လျော့၍ သိဖွယ်မရှိချေ။ ပို၍သာသိနေမည်။ ထို့ပြင် မြန်မာပြည် သန်းခေါင်စာရင်းကိုကောက် ယူခဲ့သော၊ လူမျိုးစာရင်းကို ပြုစုခဲ့သော အင်္ဂလိပ်များက ပို၍ သိပေမည်။ ထိုသို့သိလျက်နှင့်င်္ အဘယ်ကြောင့် မြန်မာနိုင်ငံ ရခိုင်ဒေသရှိ ရိုဟင်ဂျာအရေးကို အရေးဆိုနေရပါသနည်း။ ရိုဟင်ဂျာများသည် မြန်မာတိုင်းရင်းသားများ မဟုတ်မှန်း သိ လျက်နှင့် အဘယ်ကြောင့် အရေးဆိုနေကြပါသနည်း။

ထိုအခါ ပထမဆုံး မိမိအတွေးထဲ ဝင်လာသည်မှာ မြန်မာနိုင်ငံ၏ ပထဝီဝင်ပင်ဖြစ်သည်။ မြန်မာနိုင်ငံသည် ယနေ့ ကြီး ထွားဆဲပါဝါများဟု တင်စားကြသော တရုတ်နှင့် အိန္ဒိယတို့အကြားတွင် တည်ရှိနေပြီး အရှေ့တောင်အာရှနှင့် တိုက်ရိုက် ဆက်စပ်ပေးထားသည့် လမ်းဆုံလမ်းခွသဖွယ် ဖြစ်သည်။ အင်္ဂလိပ်သည် ကြီးမားကျယ်ပြောလှသော တရုတ်ဈေးကွက် ကြီးကို လက်ဦးမှုရယူရန် မြန်မာသို့ အရင်ဝင်လာခဲ့သည်ဟု သမိုင်းပညာရှင် ဒေါက်တာသန့်မြင့်ဦးက ဆို၏။ ထိုသို့ပထဝီဝင်အရ အရေးပါလှသော မြန်မာနိုင်ငံသည် ယနေ့ ပါဝါအပြောင်းအရွှေ့ခေတ်ကြီး (ဝါ) အမေရိကားလွန်ခေတ် (Post American World)တွင် အာရှပစိဖိတ်ဒေသ၏ ထိပ်တန်း ဒေသတခု ဖြစ်လာနေပေသည်။ ထိုဒေသအား နိုင်ငံရေး၊ စစ်ရေးအရ လွှမ်းမိုးမှု၊ လက်ဦးမှု ရယူထားနိုင်ခြင်းသည် ယခုရာစုနှစ်၏ အနာဂါတ်မဟာဗျူဟာ မဖြစ်နိုင်သလောဟု မေး လျှင် မည်သူမျှ ယတိပြတ်ငြင်းနိုင်မည်မထင်ပေ။
အဓိက ကျသော အချက်တစ်ချက်မှာကား တရုတ်၏ လက်ကုန်မဟုတ်သေးသော ဖွံ့ဖြိုးမှုပင်တည်း။ တရုတ်၏ အတိုင်း အဆမဲ့ ကြီးထွားလာနေသော စီးပွားရေးအင်အားနှင့် တိုးချဲ့လာနေသော စစ်ရေးအင်အားတို့က အမေရိကန် ပေါ်လစီ မဂ္ဂဇင်းများတွင် နေ့စဉ်အချက်ပေးခေါင်းလောင်းသံများကို မြည်နေစေသည်။ Mixed Economy ဟုဆိုသော်လည်း အ နောက်ကမ္ဘာများနှင့် ကမ္ဘာ့ရန် ဆိုဗီယက်ကြီးနှင့် အလွမ်းသင့်နေဆဲ တရုတ်သည် အနောက်၏ ယနေ့နံပတ်တစ် ရန်သူ ဖြစ်ကြောင်းကိုတော့ ယနေ့အခင်းအကျင်းများကို တီးခေါက်သူအများစု သတိမူမိကြပေမည်။
ထိုအခါ ထိုတရုတ်ကြီး၏ အရေးအခင်းမှန်သမျှအား အနီးကပ် မျက်စိဒေါက်ထောက် ကြည့်နေရသည့်အပြင် ပါဝါစင်တာ များကို တရုတ်ပတ်ချာလည် တည်ဆောက်ခြင်းအားဖြင့် တရုတ်၏ စစ်ရေးအရ အာရှအတွင်းလွှမ်းမိုးလာနိုင်မှုကို အမေရိ ကန် ဦးဆောင်သော အနောက်ကမ္ဘာက ပြုလုပ်ခဲ့ကြပါသည်။ ကံအားလျော်စွာ တရုတ်၏ မပျော့ပြောင်းသော နိုင်ငံခြား ရေးမူဝါဒနှင့် အနိုင်ကျင့်လိုမှုတို့ကြောင့် အရှေ့အာရှနှင့်် အရှေ့တောင်အာရှ နိုင်ငံများသည် အမေရိကန်ကို လိုလိုလား လားပင် ဖိတ်ခေါ်ခဲ့ကြပေသည်။ ထို့ပြင် တရုတ်အား နိုင်ငံရေးအရ ဖိအားပေးရန် တရုတ်မှ လူ့အခွင်င့်္အရေး လှုပ်ရှားသူ များအား ချီးမြှောက်ခြင်း၊ တိဗက်မှ ဒလိုင်လားမားအား အရေးတယူ ဆက်ဆံခြင်းတို့ဖြင့် Diplomatic Pressure ပေးခဲ့ပေ သည်။ အိန္ဒိယနှင့် အပေးအယူတည့်ခြင်းအားဖြင့် တရုတ်အပေါ် ဖိအား သိသိသာသာ ကျရောက်စေခဲ့လေသည်။

နိုင်ငံတခုတွင်၊ အထူးသဖြင့် စက်မှုနိုင်ငံများတွင် စွမ်းအင်သည် အသက်သွေးကြောဖြစ်၏။ စွမ်းအင်ဖူလုံရေးအတွက် စစ် ပွဲများပင် ဖြစ်ကြရသည်။ ထို့ထက်ဆိုရလျှင်ယနေ့ကမ္ဘာအခင်းအကျင်းများသည် စွမ်းအင်ဖူလုံရေးနှင့် ဆက်စပ်သော အ ခင်းအကျင်းများ ဖြစ်နေကြကြောင်းမှာ အထူးငြင်းစရာလိုမည်မထင်ပါ။ ထိုအခါ တရုတ်အား ထိန်းချုပ်ရန် သူ၏ စွမ်းအင် စီးဆင်းရာလမ်းကြောင်းကို ခြေရာခံကြည့်ဖို့လိုလာလေသည်။ ယနေ့တရုတ်ပြည်ကြီးသည် ကမ္ဘာတွင်လောင်စာဆီ ထုတ် လုပ်သူများအနက် ကြီးကြီးမားမား ထုတ်နိုင်သူဖြစ်သော်လည်း ၁၉၉ဝ ခုနှစ်မှစ၍ သူ၏ လောင်စာဆီ ပြည်တွင်းသို့တင်ပို့ နှုန်း မြင့်မားလာခဲ့သည်။ ဤတွင် တရုတ်ပြည်၏ စွမ်းအင်ဖူလုံရေးအတွက် ပစိဖိတ်သမုဒ္ဒရာရေပြင်တွင် သူ၏ လောင်စာ ဆီတင် သင်္ဘောများလွတ်လပ်စွာ သွားလာခွင့်ရရှိရေးအတွက် ရေတပ်အင်အားတိုးချဲ့လာခဲ့သည်ကို သိသိသာသာတွေ့ ရပေမည်။ ထိုသို့ရေတပ်များ တိုးချဲ့ရလာခြင်းသည် အမေရိကန်၏ သြစတေးလျနှင့် ပူးပေါင်းစစ်ရေးလေ့ကျင့်ခြင်းတို့်ကို သိသာစွာ ဖြစ်လာစေခဲ့ပါသည်။

တရုတ်၏ ရေနံတင်သင်္ဘောများကို စစ်ေ၇းအရ ခြိမ်းခြောက်ခြင်းခံရနိုင်သော ပွိင့်မှာ မလက္ကာရေလက်ကြားဖြစ်သည်။ ထိုအန္တရာယ်ကို ရှောင်ကွင်းရန် တရုတ်သည် ပိုက်လိုင်းစီမံကိန်းလေးခုကို စဉ်းစားရပါတော့သည်။ ထိုအထဲတွင် မြန်မာ နိုင်ငံကို ခါးလည်မှ ဖြတ်သန်းသွားသော ကူမင်း-ကျောက်ဖြူ ရေနံပိုက်လိုင်း သည်လည်း အပါအဝင်ဖြစ်သည်။ ထိုစီမံ ကိန်းလေးခုအတွင်းတွင် မြန်မာသည်ကား တရုတ်နှင့် နိုင်ငံရေးတင်းမာမှု အနည်းဆုံးဟုပင်ဆို၍ ရနိုင်သည်။ထိုပိုက်လိုင်း သည် ရခိုင်ကမ်းလွန်ပင်လယ်ပြင်မှ သဘာဝဓါတ်ငွေ့ကုဗမီတာ ၁၂ သန်းကို တင်ပို့သွားမည်ဖြစ်သည်။ထိုပိုက်လိုင်းသည် ယနေ့ အရေးအခင်းဖြစ်သော ကျောက်ဖြူမြို့အနီးတွင် ရှိလေသည်။
မိမိ အလွန် စိတ်ကူးယဉ်နေခြင်းလော။ ဆက်စပ်ရလျှင် မြန်မာနိုင်ငံသည် တိုင်းရင်းသားအမျိုးစုံ နေထိုင်သော ထူးခြား သည့် ဒေသဖြစ်သည်။ ထို့ပြင် အင်္ဂလိပ်တို့၏ နာမည်ကျော် Divide and Rule ပေါ်လစီအရ ဗုဒ္ဓဘာသာ တိုင်းရင်းသား များမှာ အနှိမ်ခံခဲ့ရပြီး ခရစ်ယာန်တိုင်းရင်းသားများမှာ အင်္ဂလိပ်တပ်ရင်းများထဲတွင် နေရာရခဲ့ကြသည်။ လွတ်လပ်ရေးရပြီး သောအခါ ထိုပေါ်လစီအရိပ်မည်းနှင့် ထိုခေတ်နိုင်ငံရေးခေါင်းဆောင်များ၏ မပါးနပ်မှုကြောင့် တိုင်းရင်းသားအရေးသည် မြန်မာပြည်အပေါ်ထားသော နိုင်ငံကြီးများ၏ နိုင်ငံခြားရေးပေါ်လစီတွင် အရေးပါသည့် ဖဲချပ်တချပ် ဖြစ်လာခဲ့ပါသည်။

ယနေ့ ရိုဟင်ဂျာဘင်္ဂါလီဟု ခေါ်သောသူများသည် သိသိသာသာ အင်အားကောင်းနေသည်။ ကျောက်ဖြူမြို့ အနီးသို့ လည်း အလွယ်တကူ ခြိမ်းခြောက်နိုင်စွမ်း ရှိနေပါသည်။ ထိုအစုအဖွဲ့ကလည်း တိုင်းရင်းသားဖြစ်သည်ဟု တောင်းနေ သည်။ တိုင်းရင်းသားအခွင့်အရေးတည်းဟူသော ဖဲချပ်သည် မြန်မာ့နိုင်ငံရေးတွင် အတော်ပင် အရေးပါနေသည်။ ထိုသို့ သောအချက်အလက်များကို တရုတ်ကြီး၏ စွမ်းအင်မွတ်သိပ်ဆာလောင်မှုကို သွေးကြောဖြတ်တောက် ထိန်းကြောင်းနေ လိုသော အမေရိကန်နှင့် အနောက်ကမ္ဘာအတွက် ကျောက်ဖြူပိုက်လိုင်းကို အနှောက်အယှက်ပေးရန်အလို့ငှာ ဆက်စပ် ကြည့်သင့်ပေသည်။ ဖဲချပ်တွင် သေရေးရှင်ရေး အရေးပါသော ဖဲချပ်တချပ်အဖြစ်ကား ရိုဟင်ဂျာကို မမြင်မိချေ။ ခေါ်ဖဲ တချပ်ဟုသာ မြင်သည်။
ထိုအရေးအခင်းသည် အမေရိကန်နှင့် မြန်မာတို့ ဆက်ဆံရေးပြေလည်သွားလျှင် ပိုမို မှေးမှိလျှက် ပြေလည်သွားနိုင်ဖွယ် ရှိသည်။ သို့သော် အမေရိကန်သည် သူမွေးသောမျောက်ကို သူမနိုင်သည့်အခါများ ရှိခဲ့ဖူးသည်။ ပင်လယ်ကွေ့စစ်ပွဲနှင့် သူမနိုင်သော ဘင်လာဒင်သည် သူမွေးသည့်မျောက် ပြန်ခြောက်ခြင်းပင် မဟုတ်ပါလော။ ယနေ့ အယ်လ်ခေးဒါးနှင့် ရို ဟင်ဂျာတို့ ဆက်စပ်ကြောင်း အမေရိကန်သံရုံး ကေဘယ်လ်များတွင် အခိုင်အမာဆိုထားသည့်ပြင် ဆက်စပ်သတင်း သက်သေခံများကိုလည်း ဖမ်းဆီးသိမ်းမိကြောင်း ဆက်တိုက်ထွက်လာသည်။

ချုပ်ရလျှင် ကျောက်ဖြူ-ကူမင်း ပိုက်လိုင်းကို မလုပ်ဖြစ်ရန် သို့မဟုတ် မြန်မာအစိုးရအပေါ် Bilateral Policy ဖြင့် အမေရိ ကန် သွားနေစဉ် အမေရိကန်က မြန်မာ့တိုင်းရင်းသား အခွင့်အရေး၏ Vitality (သေရေးရှင်ရေး အရေးပါမှု) အပေါ် အ မြတ်ထုတ်ကာ တရုတ်ကို နားရင်းအုပ်ရန် ရိုဟင်ဂျာကို ပစ်ဖဲခေါ်လိုက်ခြင်း ဖြစ်နိုင်သည်။ သူတို့အတွက် အစားခံရသော် လည်း အရေးမကြီးသည့် နယ်ရုပ်မှာ ရိုဟင်ဂျာ ဖြစ်သော်လည်း ကျွန်ုပ်တို့ မြန်မာနိုင်ငံ၏ အနောက်ဘက် လုံခြုံရေးတံ တိုင်းမှာ ဘူးသီးတောင်၊ မောင်တောဒေသ ဖြစ်နေသည်။ ထို့ကြောင့် မြန်မာအနေဖြင့် ထိုကိစ္စကို ဒေသတွင်းဖြစ်စဉ် သက် သက်သာမက၊ နောက်ပိုင်း နိုင်ငံရေးလုပ်ကြံမှု ဖြစ်စဉ်များအထိပါ ထည့်သွင်းတွက်ချက်စေလိုသည်။ ရိုဟင်ဂျာသည် အ မေရိကန်နှင့် အင်္ဂလန်မွေးသော မျောက်ဖြစ်လာပါစေဦး.. သူတို့အတွက် အနေသာကြီးပင် ဖြစ်သည်။ ထိုအချက်ကို လေး လေးနက်နက် ဆင်ခြင်စေလိုသည်။
သူတို့အတွက် ဘာမျှမဟုတ်သည်ထားဦး၊ ဒေသတွင်းရခိုင်များအတွက် သေရေးရှင်ရေးပင် ဖြစ်လေသည်။ ဤအချက် များကို ဒေါ်အောင်ဆန်းစုကြည် လည်း တွေးမိကောင်းတွေးမိပေမည်။ မိမိနိုင်ငံသားများ၏ အကျိုးစီးပွားသည်သာ ပဓာန ဟု တွေးလျှင် ဤရိုဟင်ဂျာကိစ္စသည် အစိုးရနှင့် အဓိကအတိုက်အခံ ဒေါ်အောင်ဆန်းစုကြည်တို့ လုပ်ရန်များများစားစား မရှိလှပါ။ ခပ်ရှင်းရှင်း ကိုင်တွယ်ဖြေရှင်းပေးလိုက်ရုံသာ ရှိပါသည်။

ကိုးကား
http://www.chinapost.com.tw/china/national-news/2011/09/07/315879/Chinese-pipeline.htm
http://pennyforyourthoughts2.blogspot.co.uk/2010/05/china-expands-navy-to-protect-oil.html
http://www.bakerinstitute.org/publications/chinas-growing-energy-dependence-the-costs-and-policy-implications-of-supply-alternatives

http://www.ucm.es/info/eid/pb/BusteloWPoil05eng.pdf

By Myo Set

http://myosetlinn.blogspot.com 

Read More

From : ..Tomorrow

ရှမ်းလူမျိုးများ အပေါ် ဆက်လက် ဖိနှိပ်ဆက်ဆံနေမှုများအား ရှမ်းလူမျိုးစု အနေဖြင့် သည်းခံတော့မည် မဟုတ်ကြောင်း ကချင် ပြည်နယ်တွင် နေထိုင်သော ဒေသခံ ရှမ်းလူမျိုးများမှ ကေအိုင်အေ (ဒု) စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော်ထံသို့ မေလ တတိယပတ်တွင် ကြေညာလိုက်သည်။

မြစ်ကြီးနားမြို့ မနောကွင်းတွင် ဗိုလ်ချုပ်ဂွမ်မော်မှ ဒေသခံ လူထုများနှင့် တွေ့ဆုံခဲ့ရာ ကချင် ပြည်နယ် အတွင်းမှာရှိတဲ့ ကချင် လူမျိုးများနှင့် ကချင်ပြည်နယ် အတွင်းမှာရှိတဲ့ ရှမ်းလူမျိုးများ အပေါ် ထားရှိတဲ့ သဘောထားနဲ့ ပတ်သက်ပြီး ရှမ်းလူမျိုးများသည် ဖိနှိပ်ခံရမှုများ ရှိနေသည့် အတွက် ဒေသခံ ရှမ်းများမှ မကျေနပ်၍ ယခုလို ကြေညာရခြင်း ဖြစ်ကြောင်း သိရသည်။

“ကချင်နဲ့ ရှမ်းလူမျိုးတွေက အတူတကွ လက်တွဲပြီးတော့ တော်လှန်မယ်ဆိုတဲ့ စကားကို လက်မခံဘူး။ ကေအိုင်အေက ကျွန်တော်တို့ ရှမ်းလူမျိုးတွေကို ကချင်နဲ့အတူ တန်းတူ အခွင့်အရေး မပေးခဲ့သလို လက်နက် အားကိုးနဲ့ အနိုင်ကျင့် ဆက်ဆံနေပါတယ်။ ရှမ်းတွေကိုလည်း လူသစ်စုတာထက် အတင်းအဓမ္မ ဖမ်းဆီး ခေါ်ဆောင်တယ် ဆိုရင် ပိုမှန်တယ်။ ကျွန်တော်တို့ ရှမ်းတွေဆီကလည်း လက်နက် အားကိုးနဲ့ ရိက္ခာတွေ တောင်းတယ်။ ယောက်ျား၊ မိန်းမ မရွေး အသက်ကြီးငယ် ဖမ်းဆီး ခေါ်ဆောင် သွားတာဟာ ဗိုလ်ချုပ် ဂွမ်မော် အနေနဲ့ အရှက်မရှိတဲ့ မျက်နှာနဲ့ မျက်နှာ ပြောင်တိုက်ပြီး ရှမ်းလူမျိုးတွေကို လူသစ်စုတာနဲ့ ပတ်သက်ပြီး ပြောသွားတဲ့ စကားဟာ ရှေ့နောက်မညီပါဘူး”ဟု ရှမ်းလူမျိုးစု ရေးရာ အဖွဲ့မှ ဦးစိုင်းထွန်းရင်က ပြောသည်။

ယခုကိစ္စနဲ့ ပတ်သက်ပြီး ကချင်ပြည်နယ်ရှိ စည်းလုံး ညီညွတ်သော ဒီမိုကရေစီ (ကချင်) ပါတီမှ ဦးဗတ်ထိန်နန်က “ကချင်ပြည်နယ်ရှိ ရှမ်းလူမျိုးတွေက ဗိုလ်ချုပ် ဂွမ်မော်ကို သတိပေးလိုက်တယ် ဆိုတာကို ကြားတော့ ကြားတယ်။ သူတို့ ဘာတွေ ပြောတယ်ဆိုတာတော့ ကျွန်တော် မသိဘူး။ ဒီကိစ္စကို ကျွန်တော့် အနေနဲ့ သုံးသပ်ရရင်လည်း ကချင်နဲ့ ရှမ်းဆိုတာက ဘိုးဘွား လက်ထက် ကတည်းက အတူနေထိုင်ပြီး တရေတည်း သောက်လာတဲ့ ညီအစ်ကိုတွေပါ။ အခု ကိုယ့်နိုင်ငံထဲမှာ ပဋိပက္ခ ဖြစ်နေတဲ့ အထဲမှာ ကျွန်တော့် အနေနဲ့ လောလောဆယ် သုံးသပ်ဖို့ကတော့ ခက်ခဲပါတယ်။ ကျေးလက်တွေမှာ အခုပြည်သူတွေ ပြောတဲ့အတိုင်း မှန်ကန်နေရင်တော့ မကောင်းဘူး။ အားလုံး ငြိမ်းချမ်းပြီး ညီညွတ်နေရင် ပိုကောင်းမှာပါ”ဟု ပြောသည်။

 .. www.MyanmarExpress.net

Read More

မေခ

ရန်ကုန်တိုင်း ဒေသကြီး အတွင်း ပဋိပက္ခ ဖြေရှင်းနိုင်ရေး အတွက် ရဲအင်အား ၅၀၀ ခန့် ဖွဲ့စည်းထားရှိမည် ဖြစ်ကြောင်း ရန်ကုန် တိုင်း ဒေသကြီး တိုင်းဦးစီး ဌာနမှ သိရသည်။

“ရန်ကုန်တိုင်း ဒေသကြီးမှာ လူစုလူဝေး ထိန်းဖို့ အကူအနေနဲ့ ထပ်ပြီး ဖွဲ့လိုက်တာပါ။ ထိန်းသိမ်းရေး တပ်ခွဲ စတာတွေနဲ့ လုပ်ဆောင် နေပါတယ်၊ အနီးစပ်ဆုံး ထားတာပါ”ဟု ရန်ကုန်တိုင်း ဒေသကြီး တိုင်းဦးစီး ဌာနမှ ရဲမှူးက ပြောသည်။

ရန်ကုန်တိုင်း ဒေသကြီး မင်္ဂလာတောင်ညွှန့် မြို့နယ်တွင် ရဲတပ်ဖွဲ့ဝင်များ၏ လုပ်ငန်း တာဝန်များကို ပြည်သူများ နားလည်စေ ရန်အတွက် မေ ၂၅ ရက်က မင်္ဂလာတောင်ညွှန့် ရဲစခန်းတွင် ပြုလုပ်သည့် ပြည်သူများသို့ ရှင်းလင်းပွဲ (Open Day)၌ ၎င်းက ထိုသို့ ပြောဆိုခြင်း ဖြစ်သည်။

ပဋိပက္ခ ဖြေရှင်းနိုင်ရေးအတွက် ဖွဲ့စည်းထားသော အဖွဲ့မှာ ပဋိပက္ခ ထိန်းသိမ်းရန်မဟုတ်ဘဲ ကျန်ရှိသည့် ရဲလုပ်ငန်း တာဝန်များကိုပါ လုပ်ဆောင်မည် ဖြစ်ပြီး သီးခြား တာဝန်တခု အနေဖြင့်သာ ဖွဲ့ထားခြင်း ဖြစ်ကြာင်း သိရသည်။

“ရဲ တာဝန်တွေ ရှိပါတယ်၊ ဥပမာ လှည့်ကင်းလဲ လုပ်ရမယ်၊ မူခင်းလဲစစ် ရမယ်၊ အကုန် လုပ်ရမှာပါ။ ဒီတာဝန် တခုတည်းကို သီးခြား ယူမှာတော့ မဟုတ်ပါဘူး”ဟုလည်း ရန်ကုန်တိုင်း ဒေသကြီး တိုင်းဦးစီး ဌာနမှ ရဲမှူး က ပြောဆိုသည်။

လက်ရှိတွင် အဆိုပါ ရဲအဖွဲ့များကို ဥရောပ သမဂ္ဂနိုင်ငံများ(EU) နှင့် ပေါင်းပြီး လူစုလူဝေး ထိန်းသိမ်းရန် အတွက် သင်တန်းများ ပေးလျက် ရှိကြောင်း၊ သင်တန်းသား ဦးရေ ၃၀၀၀ ခန့် ကို သင်တန်းပေးပြီး ဖြစ်ကြောင်း သိရသည်။

“သင်တန်းက ခုဆို အပတ်စဉ် ၅ ရောက်ပါပြီ၊ သင်တန်းက ၄ အထိ ဆင်းပြီးပါပြီ၊ မှုခင်းတွေ တအားများတဲ့ သန်လျင်တို့ လှိုင် သာယာ တို့မှာလည်း သင်တန်းတွေ ဖွင့်မယ်။ သင်တန်း ဆင်းပြီးတာနဲ့ သက်ဆိုင်ရာ ဌာနတွေမှာ ပြန်ပြီး တာဝန်ယူမှာပါ”ဟု အထက်ပါ တိုင်းဦးစီးဌာန ရဲမှူးက ပြောသည်။

လက်ရှိတွင် လုံခြုံရေး တာဝန်များနှင့် ပဋိပက္ခ ဖြေရှင်းရာတွင် အဆင့် ၃ ဆင့် ခွဲကာ တာဝန်ယူထားသည်ဟု သိရပြီး၊ ပထမ အဆင့်တွင် ဒိုင်းကာ မပါ နံပါတ်တုတ် ကိုင်ဆောင် တာဝန်ယူသည့် အဆင့်၊ အဆိုပါ အဆင့်မှ လူစုလူဝေး ပိုများလာပါက ဒုတိယ အဆင့် အဖြစ် ဒူးကာ၊ ခေါင်းကာ၊ ဒိုင်းကာ စသည့်ဖြင့် ဒုတိယ အဆင့် ဖြစ်ပြီး၊ နောက်ဆုံး အဆင့် သတ်မှတ်ချက်မှာ ဒူးကာ၊ ဒိုင်းကာ၊ ခေါင်းကာ စသည့် ပစ္စည်း ၅ မျိုးပါ အကာအကွယ် ဝတ်စုံပြည့်ဖြင့် ကာကွယ်သည့် အဆင့်သို့ အဆင့်ဆင့် တာဝန်ယူမည် ဖြစ်ကြောင်း သိရသည်။

“လူအုပ် ပမာဏနဲ့ ပြောရတာက ပထမ အဆင့် လူစုလူဝေးက ဘာလက်နက်မှ မပါရင် ကျနော်တို့က ပထမ အဆင့် ဘာ အကာအကွယ်မှ မပါတဲ့ ထိန်းသိမ်းမှုနဲ့ ထိန်းပါမယ်။ ဒီကနေတဆင့် လူစုလူဝေးများ လာတယ်၊ နောက်လက်နက်တွေ ပါရင် ဒုတိယ အဆင့်ကို သုံးပါမယ်၊ နောက်ဆုံး လူစုလူဝေးက လက်နက် အားကိုးလာရင် ဆူပူလာရင် နောက်ဆုံးအဆင့် သုံးမှာပါ၊ နောက်တခုက နိုင်ငံတကာ စံနှုန်းအတိုင်းပဲ ကျနော်တို့ ထိန်းသိမ်းမှာပါ။ လူစုလူဝေးပဲ ဘာမှအန္တရာယ် မရှိဘူး ဆိုရင် ကျနော် တို့က ပထမအဆင့်ပဲနဲ့ ထိန်းမှာပါ”ဟု တပ်ဖွဲ့ခွဲမှုး မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ခွဲ အမှတ်(၈)မှ ဒုရဲအုပ် ကြည်ဇော်ထွေးက ဆိုသည်။

လက်ရှိတွင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် EU ပူးပေါင်းကာ သင်တန်း ပေးခြင်း၊ အကာကွယ် ပစ္စည်းများ ထောက်ပံ့ခြင်း တို့ကို လုပ်ဆောင် ပေးလျက် ရှိကြောင်း၊ လှည့်ကင်း ဆောင်ရွက်ရာတွင် ယခင် ခြေလျင်ထက် စက်ဘီးဖြင့် လှည်ပတ်နိုင်ရေး အတွက် EU မှ ထောက်ပံ့ ပေးထားကြောင်း သိရသည်။

“စမ်းချောင်းနဲ့ မင်္ဂလာတောင်ညွှန့် စတဲ့ စခန်း တခုကို သူတို့က စက်ဘီး (၂၀) ထောက်ပံ့တယ်၊ စုစုပေါင်း လေ့ကျင့်တာနဲ့ ဆို သူတို့ဘက်က အစီး ၆၀ ထုတ်ပေး ထားပါတယ်၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကလည်း ထပ်ပြီး မှာယူထားတာ ရှိပါတယ်။ ကျနော်တို့ဆီကို ဒိုင်းကာတွေလည်း အီးယူဘက်က အခု ၄၀၀ ထောက်ပံ့ ထားပါတယ်”ဟု ရန်ကုန်တိုင်း ဒေသကြီး တိုင်းဦးစီး ဌာနမှ ရဲမှူးက ဆက်ပြောသည်။

လက်ရှိဖြစ်ပေါ်ခဲ့သည့် ပဋိပက္ခများတွင် ရဲတပ်ဖွဲ့မှ ဖြေရှင်း ကိုင်တွယ်မှု အားနည်းလျက် ရှိကြောင်း ဝေဖန်မှုများ ရှိသလို ရဲ တပ် ဖွဲ့ စွမ်းဆောင်ရည်ပိုင်းကို ပြည်သူများက စိတ်ချ ယုံကြည်နိုင်ဖွယ် မရှိသေးကြောင်း သုံးသပ်မှုများလည်း ရှိသည်။

“ပြည်သူတွေ အတွက် လုပ်နေတယ်၊ သင်တန်းတွေ ပေးနေတယ် ဆိုပေမယ့် သူတို့ ပြောင်းလဲသလား မေးရင် ပြောရ ခက် သေးတယ်၊ အားကိုးထိုက်တဲ့ အနေအထားတော့ မရောက်သေးပါဘူး။ လူစုလူဝေး ဖြစ်ရင် ရဲက နောက်မှ ရောက်တယ်။ အပြစ်မဲ့ ပြည်သူတွေ ခံရတာတွေက များနေသေးတယ်။ အခုချိန်ထိ ကျနော်တို့ စိတ်ထဲ မယုံနိုင်သေးဘူး၊ အခုလို နိုင်ငံတကာ စံ နဲ့အညီ လုပ်ဆောင်နေတာတော့ ကောင်းပါတယ်”ဟု မင်္ဂလာတောင်ညွှန့် မြို့နယ်တွင် နေထိုင်သူ ဦးဝင်းဇော်လတ်က ပြော သည်။

ယခုအချိန်ထိ မြန်မာနိုင်ငံတွင် ရဲတပ်ဖွဲ့ဝင် တဦးလျှင် ပျမ်းမျှ လူ ၁၀၀၀ ခန့်ကို တာဝန်ယူ စောင့်ရှောက် နေရကြောင်း သိရသည်။ ယင်းအခြေအနေကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ တိုင်းဒေသကြီးမှ တိုင်းဒေသ လွှတ်တော်တွင် တင်ပြထားပြီး ထိန်းသိမ်းမှု လုပ်ငန်းများတွင် ထိရောက်သည့် ထိန်းသိမ်းမှု လုပ်နိုင်ရန် အားနည်းနေကြောင်း ရန်ကုန်တိုင်း ဒေသကြီး နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီး ဒု ဗိုလ်မှူးကြီး တင်ဝင်းက တိုင်းဒေသကြီး လွှတ်တော်တွင် ပြောဆိုခဲ့သည်။

“လုံခြုံရေးပိုင်း အတွက် ကျနော်တို့ လူအင်အား စုဆောင်းမှုတွေ လုပ်နေပါတယ်၊ တဆက်တည်း အကောင်းဆုံး လုပ်ဆောင်နိုင်ဖို့ကိုလည်း သင်တန်း ပေးပါတယ်။ လူအင်အားက လက်ရှိ ထိန်းနိုင် ထိန်းသင့်တဲ့ ပမာဏထက် လျော့နည်း နေသေးပေ မယ့် ကြိုးစား လုပ်ဆောင် နေပါတယ်။ လုံခြုံရေးပိုင်းကို အကောင်းဆုံး လုပ်ဆောင် နေပါတယ်”ဟု ၎င်းက ဧရာဝတီကို ပြော သည်။

ယင်းသို့ ရဲအင်အား မလုံလောက်ခြင်းသည် ရဲတပ်ဖွဲ့သို့ ဝင်ရောက်ရာတွင် အခြေခံ ခံစားခွင့်ရရှိမှု နည်းခြင်း၊ ပြည်သူများဘက်မှ ယုံကြည်မှု ရရှိရန် ဆောင်ရွက်မှု မရှိခြင်းတို့ကြောင့် ဖြစ်ကြောင်း ပြောဆိုမှုများလည်း ရှိသည်။

“ရဲတယောက် ထိခိုက်ပြီဆို ရလာတဲ့ဟာက မလုံလောက်ဘူးလေ၊ နောက်တခုက တချို့သော တပ်ဖွဲ့ဝင်တွေကြောင့် လူတွေက ရဲ ဆို အမြင်မကြည်ဘူး၊ ငိုစားရယ်စား အလုပ်ဆိုပြီး တော်ရုံ မလုပ်ချင်ကြဘူး၊ ရဲဝန်ထမ်း သားသမီးတောင် ရဲအလုပ်ကို မကြိုက်တာတွေ ရှိနေတယ်”ဟု လုံခြုံရေး တပ်ခွဲ တခုမှ ရဲအရာရှိ တဦးက ပြောဆိုသည်။

Read More

From : ..DT
ရန်ကုန်၊ မေ ၂၅- ၂၀၀၈ဖွဲ့စည်းပုံ အခြေခံဥပဒေသည် ပြည်သူများ၏ ဆန္ဒနှင့် အညီ ပြည်သူများအတွက် သာပြောင်းလဲရ မည်ဖြစ်ပြီး ကိုယ် သမ္မတဖြစ်ရန် တစ်ခု တည်းဖြင့် ပြောင်း လဲရမည်မဟုတ်ဟုအမျိုးသား ဒီမိုကရေစီပါတီသစ် ဥက္ကဋ္ဌပြည် သူ့လွှတ် တော်ကိုယ်စားလှယ်ဦးသိန်းညွန့်က ပြောသည်။
မေ၂၄ရက်တွင် အမျိုးသား ဒီမိုကရေစီပါတီသစ်ရုံးတွင်ပြုလုပ်သည့် ၂၀၀၈ဖွဲ့စည်း ပုံ အခြေခံဥပဒေ ပြင်ဆင်ရေး အခြေအနေများ အပေါ် ဦးသိန်းညွန့်မှ သုံးသပ်ပြီး မီဒီယာရှင်းလင်းပွဲတွင် ပြောကြားခဲ့ခြင်း ဖြစ်ကာ ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ-၄၃၆ ပြင်ဆင်ရေးပူးပေါင်းလှုပ် ရှားနေသည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နှင့် ၈၈မျိုးဆက်ငြိမ်းချမ်းရေး နှင့် ပွင့်လင်းလူ့အဖွဲ့အစည်း) တို့၏ဆောင်ရွက်နေမှုများအပေါ် ယင်း၏ အမြင်များ အား အထက်ပါအတိုင်း ပြောဆိုခဲ့ခြင်း ဖြစ်သည်။

''ကျွန်တော်တို့တိုင်းပြည်မှာ သွေးချောင်းစီးမှုအနည်းဆုံး၊ အဖိတ် အစင် အနည်း ဆုံး၊ အထိအခိုက်အနည်း ဆုံးနဲ့ ဒီမိုကရေစီပြုပြင်ပြောင်း လဲရေး လုပ်ဖို့ အတွက် အမျိုးသားပြန်လည် သင့်မြတ်ရေးကို မရမနေကြိုးစားမှ ရမယ်''ဟု အမျိုးသားဒီမိုကရေစီပါတီ သစ်ဥက္ကဋ္ဌနှင့်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဦးသိန်းညွန့်က ပြော သည်။
ယင်းကဲ့သို့ကြိုးစားဆောင်ရွက် ရာတွင် ဖက်ဆစ်တော်လှန်ရေးအတွင်း အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ် အောင်ဆန်း၏ ဦးဆောင်မှုအောက် တွင် နိုင်ငံရေးပါတီ၊ တိုင်းရင်းသား ခေါင်းဆောင်များနှင့် တပ်မတော် အင်အားသုံး ခုပေါင်းပြီး အမျိုးသား အင်အားစုနဲ့ဖက်ဆစ်တော်လှန်ရေး ကိုဆင်နွှဲခဲ့ခြင်း၊ လွတ်လပ်ရေးတိုက် ပွဲအားဆင်နွှဲပြီး လွတ်လပ်ရေး ရရှိ အောင်စွမ်းဆောင် ခဲ့သလို ကြိုးစား ရမည်ဖြစ်ကြောင်းလည်း ဦးသိန်းညွန့် ကပြောသည်။

အမျိုးသားပြန်လည်သင့်မြတ် ရေး၊ ရင်ကြားစေ့ရေးကြိုးစားမည် ဟုဆိုသော် လည်း ဖွဲ့စည်းပုံပြင်ဆင် ရေးအတွက် တပ်မတော် အားစိန် ခေါ်သည့် စကားလုံးများသုံးစွဲခြင်း သည် အမျိုးသားရင်ကြားစေ့ရေး အား ထိခိုက်စေ နိုင်ကြောင်း ဦးသိန်းညွန့် က ပြောသည်။
ယင်းကဆက်လက်၍''တပ်မ တော်မပါရင်၊ တပ်မတော်ကို ကျွန်တော်တို့က မသိမ်းသွင်းနိုင်ရင်၊ သို့မဟုတ်တပ်မတော်နဲ့ နားလည်မှု မယူနိုင်ရင် ဒီမိုကရေစီပြုပြင်ပြောင်း လဲရေးရှေ့တိုးတဲ့အခါမှာ အခက်အခဲ တွေ အများကြီးတွေ့ရ ပါလိမ့်မယ်''ဟု ပြောသည်။
မြန်မာနိုင်ငံရေးလေ့လာသူ ဦးကျော်လင်းဦးက မြန်မာ့နိုင်ငံရေးတွင် တပ်မတော်၏ပါဝင်မှုနှင့် ပတ်သက်၍ ''အတိုက်အခံတွေက လက်ရှိမြန်မာ့ နိုင်ငံရေးမှာစစ်တပ်ရဲ့ ပါဝင်မှုအခန်း ကဏ္ဍကို လျှော့ချချင်တယ်။ စစ်တပ် ပါဝင်မှုမရှိရင် ပြည်သူတွေအတွက် ပိုကောင်းမယ်လို့စဉ်းစားတယ်။ စစ် တပ်ကိုနိုင်ငံရေးထဲက ဖယ်ထုတ်ဖို့ စဉ်းစားတယ်။ ဒါကနေ့ချင်းညချင်း လုပ်လို့မရ ဘူး။ စစ်တပ်ဘက်မှာလဲ စိုးရိမ်မှုတွေရှိတယ်။ အရင်ကအမှား တွေ ကိုပြန်ပြီးတော့ အရေးယူမှာလား။ စစ်တပ်ရဲ့အကျိုးစီးပွား ကို ထိန်းချုပ် သွားမှာလားဆိုတာ စိုးရိမ်ပုံရတယ်။ ဒါကိုနှစ်ဘက်စလုံးက နားလည်တဲ့ အဖြေကိုရှာမှရမယ်''ဟုပြောသည်။

တပ်မတော်နှင့်နားလည်မှု မရ နိုင်ပါက မြန်မာ့နိုင်ငံရေးသည် ထိုင်း နိုင်ငံကဲ့သို့ စစ်တပ်မှအာဏာသိမ်းယူ သကဲ့သို့ မြန်မာ့ နိုင်ငံရေးနောက် ကြောင်း ပြန်လှည့်မည်ကိုစိုးရိမ်ရ ကြောင်း ဦးကျော်လင်းဦးကပြောသည်။
အမျိုးသားဒီမိုကရေစီအင်အား စုပါတီဥက္ကဋ္ဌဦးခင်မောင်ဆွေ က''နိုင်ငံ ရေးတည်ငြိမ် မှု ကင်းမဲ့သွားအောင်၊ ၂၀၁၄ရွေးကောက်ပွဲ ပျက်စီးသွား အောင်၊ ၂၀၁၅ရွေးကောက်ပွဲလုပ် လို့မရအောင်ဆိုတဲ့ ထင်မြင်ယူဆချက် တွေရှိလာရင် အာဏာသိမ်းမှု ဆိုတာ ဖြစ်လာမှာပဲ။ တပ်ကိုအာဏာသိမ်း ပါလို့သိမ်းနိုင်အောင် လုပ်ကိုင်ပေးတဲ့ အဆင့်တွေပေါ် လာရင်ပေါ်လာအောင် လုပ်တဲ့သူကတရားခံပဲလေ''ဟုဒီမို ကရေစီတူဒေး သတင်းစာ အားပြော သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင် ရေးအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ၏လုပ်ဆောင် မှု များနှင့် ပတ်သက်၍ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ၏ပြောရေး ဆိုခွင့် ရှိသူ ဦးဉာဏ်ဝင်းက ''တိုင်းပြည်ဆူဆူပူပူဖြစ်မယ့်ကိစ္စကို ဘယ်သူမှမနှစ်သက်ပါဘူး။ ဒါကြောင့် မို့အမြဲတမ်းအမျိုးသားရင်ကြားစေ့ ရေး လို့ ကျွန်တော်တို့ပြောနေတာပေါ့။ တိုင်းပြည်ဆူဆူပူပူမဖြစ်ဘူးလို့တော့ ဘယ်သူမှ အာမမခံနိုင်ဘူး။ ကျွန်တော် တို့လုပ်နေတာလဲ ဆူဖို့ပူဖို့အတွက် လုပ်နေတာမဟုတ်ဘူး။ ဥပဒေနဲ့ အညီလုပ်နေတာ။ ဒါပဲပြောနိုင်တယ်။ ဆူတာပူတာကျွန်တော်တို့လုပ်မှာ မဟုတ်တဲ့အတွက် တခြား တစ်ယောက် ယောက် ကလုပ်သွားရင် ကျွန်တော် တို့တာဝန်မခံနိုင်ဘူး။ တာဝန်မယူ နိုင်ဘူး''ဟုပြောသည်။

.. www.MyanmarExpress.net

Read More


"မျိုးစောင့်ဥပဒေ အတည်ပြုပြဌာန်းရေးအား အဖွဲ့ပေါင်း ၁၃၉ ဖွဲ့မှ ထောက်ခံကြောင်း ကြေညာချက်ထုတ်ပြန်"  ဟူသော ခေါင်းစဉ်ဖြင့် သတင်းတစ်ခုကို မေလ ၃၀ ရက်နေ့ထုတ် အောင်ဇေယျတု ဂျာနယ်တွင် ဖော်ပြထားခြင်းဖြစ်သည်။ အမျိုးစောင့်ဥပဒေကို အဖွဲ့အစည်း ( ၉၇) ခုက ကန့်ကွက်တယ်ဆိုပြီး ယခုလအတွင်းမှာပင် မီဒီယာများက ဝေဝေဆာဆာ ဖော်ပြကြပြီး အဆိုပါ အဖွဲ့အစည်း (၉၇) တွင် 

၁၆။ Good Sleep
၁၇။ Rainbow
၁၉။ Color Rainbow
၂၀။ Kings and queen
၂၁။ ပေါင်းကူး
၂၂။ burma partnership
၂၃။ Friendship
၂၄။ DNH Alumni Network
၂၅ ။ CDCE Alumni Network
၂၉။ Generation Waves ( NLD အမတ် ဇေယျာသော်၏ အဖွဲ့ )
၃၃။ Sunflower Group Social Enterprise
၃၄။ Charity Oriented Myanmar
၃၅။ ပြည်ကြီးခင်(Pyi Gyi Khin)
၃၈။ ရတနာ့မေတ္တာ
၃၉။ ComReg
၄၁။ Ninu
၄၆။ Myanmar Mobile Training Team
၄၇။ အလင်းစေတမာန်
၄၈။ Safety Net
၄၉။ ပဒေသာမိုး
၅၀။ ပျိုးခင်းသစ် မအူပင်
၅၃။ Point
၅၄။ Youth Circle
၆၂ ။ Chapter-8
၆၃။ Twig
၆၅။ Women for Justice
၈၈။ Green Light ( စစ်ကိုင်း)
၈၉ ။ တာကပေါ ( ထားဝယ်)
၉၆။ Women Galaxy
၉၇။ Sex Workers Network in Myanmar
 
တို့ ပါဝင်ခဲ့ကြပါတယ်။ တစ်ခါမှ မကြားဖူးတဲ့ အဖွဲ့တွေ ဖြစ်ပြီး ဆိုပါအဖွဲ့များ ရှိလို့ရှိမှန်းတောင် မြန်မာပြည်သူများ မသိရပါတာကြောင့် လူထုက မကျေမနပ်ဖြစ်ခဲ့ရပါတယ်။

 ဒါ့အပြင် ပြည်ပအခြေစိုက် မြန်မာသတင်းဌာမများက အင်္ဂလိပ်ဘာသာနဲ့ ရေးသားမှုကြောင့် အမျိုးစောင့်ဥပဒေကို မြန်မာအဖွဲ့အစည်း ၁၀၀ လောက်က ကန့်ကွက်တယ်ဆိုတဲ့ သတင်းက ပျံ့နှံ့နေပြီး အမျိုးစောင့်ဥပဒေ နှင့် ဆရာတော်များအပေါ် အထင်အမြင်လွှဲမှားစေခဲ့ပါတယ်။ 

အမျိုးစောင့်ဥပဒေဟာ ဘယ်ဘာသာကိုမှ ထိခိုက်ခြင်းမရှိပဲ၊ ဒုက္ခပေးခြင်းမရှိပဲ အနာဂါတ် မြန်မာအမျိုးသမီးငယ်များ နှင့် ထေရဝါဒဗုဒ္ဓဘာသာ မြန်မာနိုင်ငံ၏ အမျိုး၊ ဘာသာ၊ သာသနာ ကို ဥပဒေအရ ကာကွယ်နိုင်ရန်အတွက်သာဖြစ်ကြောင်း မဘသ မှ တုန့်ပြန်ပြောဆိုထားပါတယ်။  လောလောဆယ် မျိုးစောင့်ဥပဒေကို ၁၉၃ ဖွဲ့မှ ထောက်ခံကြောင်း သိရပြီး နောက်ထပ် စာရင်ပေးမယ့် အဖွဲ့အစည်းတွေလည်း ရှိသေးတယ်လို့ သိရပါတယ်။

ယနေ့အထိ မျိုးစောင့်ဥပဒေ ထောက်ခံသူ လူဦးရေ ၆ သန်းကျော် ရရှိနေပြီဖြစ်ကြောင်း သိရပြီး ပြည်သူတစ်ရပ်လုံး ထောက်ခံနေသည့် မျိုးစောင့်ဥပဒေ ကို NLD ပါတီနှင့် ၈၈ မျိုးဆက် ကျောင်းသားများက ကန့်ကွက်ထားကြောင်း သတင်းရရှိပါတယ်။ 

www.MyanmarExpress.net

Read More



၂၀၁၃ ခုနှစ်အကုန်မှာ ကမ္ဘာတစ်ဝှမ်း လစဉ်အသုံးပြုသူ ၁.၂၃ ဘီလီယံ ရှိခဲ့တဲ့ Facebook ဟာ ကမ္ဘာပေါ်မှာ လူသုံးအများဆုံး လူထုဆက်သွယ်ရေးကွန်ယက်တစ်ခုဖြစ်ပါတယ်။ ဒီဇင်ဘာ ၃၁ ရက်၊ ၂၀၁၃ ခုနှစ်က ကောက်ယူခဲ့တဲ့ စာရင်းအချက်အလက်အရ နေ့ စဉ်ဝင်ရောက်အသုံးပြုသူ လူဦးရေပေါင်း ၇၅၇ သန်း ရှိတယ် လို့  သိရပါတယ်။ Facebook နဲ့ ပက်သတ်ပြီး သင်မသိသေးလောက်တဲ့ စိတ်ဝင်စားစရာ အချက်အလက် (၈) ခုကို ဖော်ပြပေးလိုက်ပါတယ်။

၁။ နေ့ စဉ်နေ့ တိုင်း Facebook accounts တွေကို ဖောက်ထွင်းဖို့ ကြိုးစားမှုပေါင်း ခြောက်သိန်း ကျော် ရှိပါတယ်။

၂။ သင့် Facebook အကောင့်ရဲ့ ဘာသာစကားကို ‘ ပင်လယ်ဓားပြ ဘာသာစကား’ အဖြစ် ပြောင်းလဲ အသုံးပြု နိုင်ပါတယ်။





၃။ မင်းသားကြီး Al Pacino ဟာ Facebook ပင်မစာမျက်နှာမှာ ပထမဦးဆုံးဖော်ပြခံခဲ့ရပါတယ်။ Facebook ဟာ ဒါကို ၂၀၀၇ ခုနှစ်မှာ ဖယ်ရှားခဲ့တာဖြစ်ပြီး ဒီဂျစ်တယ်သင်္ကေတ 0 , 1 တွေနဲ့ Al Pacino ပုံ ဖော်ထားတာဖြစ်ပါတယ်။



၎။ သင် ဘယ် နေရာတွေကို ၀င်ရောက်ကြည့်ရှုသလဲ ဆိုတာကို Facebook က ခြေရာခံလိုက်ပါတယ်။ တကယ်လို့ သင့် အကောင့်ကို Sign Out လုပ်ထားပြီးရင်တောင် Facebook က ခြေရာခံလိုက်နိုင်ပါတယ်။



၅။ လေ့လာမှုတစ်ခုအရ Facebook ကို ၀င်ရောက်ကြည့်ရှုပြီးနောက် လူ သုံးပုံတစ်ပုံဟာ သူတို့ ရဲ့ ဘ၀ကို ပိုပြီး စိတ်မကျေမနပ် ဖြစ်ကြတယ်လို့ ဆိုပါတယ်။



၆။ Facebook ပေါ်မှာ သေဆုံးပြီးသူ users ပေါင်း သန်း ၃၀ ခန့် ရှိပါတယ်။



၇။ ၂၀၀၉ ခုနှစ်စပြီး Facebook အပါအ၀င် Twitter နဲ့ The New York Times တို့ ကို တရုတ်နိုင်ငံမှာ အသုံးပြုခွင့် ပိတ်ပင်ထားပါတယ်။



၈။ သန်းတစ်ထောင်ကျော် အသုံးပြုသူတွေ ဘယ်သူကိုမဆို Block နိုင်ပေမယ့် Mark Zuckerberg ကိုတော့ သင် Block လုပ်လို့ မရပါဘူး။



Ref: factslides.com

Trend Myanmar

Read More
Posted by Unknown on Friday, May 23, 2014



၁။ ထိုင်းစစ်တပ်ဟာ သူမထောက်ခံတဲ့ အစိုးရကို မကူညီပဲပစ်ထားတယ်

နောက်ဆုံး ဝန်ကြီးချုပ်ရင်လက် ပြုတ်ကျတဲ့အထိ မသိမသာ ကန်ပိန်းလုပ်တယ်

ထိုင်းနိုင်ငံမှာ ဆန္ဒပြနေတာ ကြာလှပြီဖြစ်ပြီး ဝန်ကြီးဌာနတွေ၊ ဝန်ကြီးချုပ်အိမ်တွေထိ ဝင်ဆီးမှုတွေ ဖြစ်ခဲ့ချိန်မှာ ထိုင်းစစ်တပ် မသိချင်ဟန် ဆောင်နေခဲ့တယ်

ဝန်ကြီးချုပ် ရင်လက်လုံးဝ ပြုတ်သွားမှ စစ်အုပ်ချုပ်ရေးပြဌန်းပြီး မြို့ထဲစစ်တပ်တွေဝင်လိုက်တယ်

မြန်မာစစ်တပ်အနေနဲ့လည်း ကိုယ်မကြိုက်တဲ့ အစိုးရတက်လာရင် ဒီနည်းကို ကျင့်သုံးအတုယူသင့်ပါတယ်။

၂။ အစိုးရကို ထောက်ခံရင်တော့ နဲနဲလေးဆန္ဒပြတာနဲ့ မြို့ထဲဝင်ပြီး ဆန္ဒပြတဲ့လူတွေကို ဆော်ထည့်လိုက်တယ်။ မြန်မာစစ်တပ် အခုချိန်လုပ်ရင် အကောင်းဆုံး။

၃။ စစ်အုပ်ချုပ်ရေး ပြဌန်းချိန်မှာလည်း မီဒီယာအားလုံးကို ပိတ်လိုက်ပြီး စစ်တပ်ပိုင်မီဒီယာတစ်ခုပွဲဖွင့်ထားကာ စစ်သားတွေနဲ့ ပြည်သူတွေ သိပ်ချစ်ကြောင်း ပျံ့နှံ့စေပါတယ်
မြန်မာစစ်တပ်အနေနဲ့လည်း ထိုင်းစစ်တပ်ကိုအတုယူပြီး မြဝတီ မှလွဲ၍ ကျန်မီဒီယာ အားလုံးကို ပိတ်သိမ်းကာ လိုချင်တဲ့ အပိုင်းတွေပဲ ထုတ်ပြသင့်ပါတယ်။

၎။ လက်နက်နဲ့ ကျည်ဆံအပြည့်ထင်ထားတဲ့ ကားအကောင်းစားတွေ၊ လက်နက်အကောင်းစားတွေ မြို့လယ် လမ်းဆုံတွေမှာ ချထားတယ်။ မြန်မာမှာ လမ်းပေါ်ချဖို့ ကားကောင်းတွေမရှိသေးရင် ၂၀၁၄ အရေးအခင်းကျရင် ကားအိုကြီးတွေနဲ့ မြို့ထဲဝင်နေရမယ်.. အခုတည်းက ဘက်ဂျက်အမြန်တိုးပြီး ဝယ်တော့..

၅။ ထိုင်းစစ်တပ်က နောက်က ရိက္ခာမလာရင် စစ်မတိုက်ဘူး။ ဒါကိုလည်းအတုယူပြီး ထိုင်းစစ်တပ်ရဲ့ ဘက်ဂျက်ကိုမှီအောင် အတုယူရေးဆွဲသင့်တယ်။

.. www.MyanmarExpress.net

Read More

Photo: ရခိုင်ပြည်နယ်တွင် ပြည်သူ့စစ်များ ယုံကြည်စွာဖွဲ့စည်းပေးရန် ဒုသမ္မတထံ တောင်းဆို   ဒေသလုံခြုံရေးအတွက် ရခိုင်ပြည်နယ် တွင် ပြည်သူ့စစ် များကို ယုံကြည်စွာဖြင့် ဖွဲ့ စည်း ပေးရန် နိုင်ငံတော်ဒုတိယသမ္မတ  ဒေါက်တာစိုင်းမောက်ခမ်းနှင့် တွေ့ဆုံစဉ်  စစ်တွေမြို့မိမြို့ဖများ ကတောင်းဆိုခဲ့ကြောင်း သတင်း ရရှိသည်။  မေလ ၁၈ ရက်က စစ်တွေ မြို့တွင် ပြုလုပ်သော ဒုတိယ သမ္မတနှင့် တွေ့ဆုံပွဲ၌ ယင်းကဲ့ သို့ တင်ပြတောင်းဆိုခြင်းဖြစ် ကြောင်း မြို့မိမြို့ဖအဖွဲ့ဝင် ဦး သန်းထွန်းကပြောသည်။  ‘‘ပြည်သူ့စစ်တွေကို ယုံယုံ ကြည်ကြည်နဲ့ ဖွဲ့ပေးဖို့ လူကြီးတွေလာရင် ဘင်္ဂါလီရွာတွေသာမက ရခိုင်ကျေးရွာတွေကိုလည်း ၀င် ကြည့်ပေးဖို့နဲ့ ပြဿနာပြေလည်ဖို့ အတွက် ရခိုင်တိုင်းရင်းသားတွေ နဲ့ ယုံယုံကြည်ကြည်ဆွေးနွေးဖို့ ဒါတွေကို တင်ပြခဲ့ပါတယ်’’ဟု ဦးသန်းထွန်းကဆိုသည်။  ထို့အပြင်စစ်တွေမြို့မိမြို့ဖ ဦးသာပွင့်နှင့် ဦးမောင်ထွန်းကျော် တို့ကလည်း တရားဥပဒေစိုးမိုး ရေးထိရောက်စွာ မဆောင်ရွက် နိုင်မှုကြောင့်  ဆွဲတင်စစ်ကဲ့သို့ လုပ်ငန်းများတွင် ဘင်္ဂါလီလူမျိုး တို့၏ အကြမ်းဖက်တိုက်ခိုက်မှု ခံရခြင်း၊ လွှတ်တော်ထဲသို့ရောက်ရှိနေသော ဘင်္ဂါလီလူမျိုးကိုယ် စားလှယ်များကို စိစစ်၍ နိုင်ငံ သားဥပဒေအရ အရေးယူပေးရန် စသည့်အချက်များ တင်ပြတောင်း ဆိုခဲ့သည်။  ရခိုင်ပြည်နယ်သို့ရောက်ရှိ နေသော နိုင်ငံတော်ဒုတိယသမ္မ တသည် UN နှင့် နိုင်ငံတကာ အဖွဲ့အစည်းများ၊ ပြည်နယ်အ ဆင့် ECC အဖွဲ့မှ ကိုယ်စားလှယ် များနှင့်လည်း မေလ ၁၈ ရက်က စစ်တွေမြို့တွင် တွေ့ဆုံဆွေးနွေး ခဲ့ကြောင်း သတင်းရရှိသည်။  7 Day News Dailyဒေသလုံခြုံရေးအတွက် ရခိုင်ပြည်နယ်
တွင် ပြည်သူ့စစ် များကို ယုံကြည်စွာဖြင့် ဖွဲ့
စည်း ပေးရန် နိုင်ငံတော်ဒုတိယသမ္မတ
ဒေါက်တာစိုင်းမောက်ခမ်းနှင့် တွေ့ဆုံစဉ်

စစ်တွေမြို့မိမြို့ဖများ ကတောင်းဆိုခဲ့ကြောင်း သတင်း ရရှိသည်။

မေလ ၁၈ ရက်က စစ်တွေ မြို့တွင် ပြုလုပ်သော ဒုတိယ သမ္မတနှင့် တွေ့ဆုံပွဲ၌ ယင်းကဲ့ သို့ တင်ပြတောင်းဆိုခြင်းဖြစ် ကြောင်း မြို့မိမြို့ဖအဖွဲ့ဝင် ဦး သန်းထွန်းကပြောသည်။

‘‘ပြည်သူ့စစ်တွေကို ယုံယုံ ကြည်ကြည်နဲ့ ဖွဲ့ပေးဖို့ လူကြီးတွေလာရင် ဘင်္ဂါလီရွာတွေသာမက ရခိုင်ကျေးရွာတွေကိုလည်း ၀င် ကြည့်ပေးဖို့နဲ့ ပြဿနာပြေလည်ဖို့ အတွက် ရခိုင်တိုင်းရင်းသားတွေ နဲ့ ယုံယုံကြည်ကြည်ဆွေးနွေးဖို့ ဒါတွေကို တင်ပြခဲ့ပါတယ်’’ဟု ဦးသန်းထွန်းကဆိုသည်။

ထို့အပြင်စစ်တွေမြို့မိမြို့ဖ ဦးသာပွင့်နှင့် ဦးမောင်ထွန်းကျော် တို့ကလည်း တရားဥပဒေစိုးမိုး ရေးထိရောက်စွာ မဆောင်ရွက် နိုင်မှုကြောင့် ဆွဲတင်စစ်ကဲ့သို့ လုပ်ငန်းများတွင် ဘင်္ဂါလီလူမျိုး တို့၏ အကြမ်းဖက်တိုက်ခိုက်မှု ခံရခြင်း၊ လွှတ်တော်ထဲသို့ရောက်ရှိနေသော ဘင်္ဂါလီလူမျိုးကိုယ် စားလှယ်များကို စိစစ်၍ နိုင်ငံ သားဥပဒေအရ အရေးယူပေးရန် စသည့်အချက်များ တင်ပြတောင်း ဆိုခဲ့သည်။

ရခိုင်ပြည်နယ်သို့ရောက်ရှိ နေသော နိုင်ငံတော်ဒုတိယသမ္မ တသည် UN နှင့် နိုင်ငံတကာ အဖွဲ့အစည်းများ၊ ပြည်နယ်အ ဆင့် ECC အဖွဲ့မှ ကိုယ်စားလှယ် များနှင့်လည်း မေလ ၁၈ ရက်က စစ်တွေမြို့တွင် တွေ့ဆုံဆွေးနွေး ခဲ့ကြောင်း သတင်းရရှိသည်။

7 Day News Daily

Read More
Related Posts Plugin for WordPress, Blogger...

Arakan Media Group

Popular Posts

Blog Archive