မန္တလေး မစိုးရိမ် တိုက်အုပ်ဆရာတော် ဦးဝီရသူ၏ Facebook အကောင့်မှာ တိုက်ခိုက်ခံရခြင်းမဟုတ်ကြောင်း၊ ဆရာတော်၏ ညွန်ကြားချက်အရ ပိတ်သိမ်းခဲ့တာ ဖြစ်ကြောင်း သတင်းရရှိပါတယ်။ 

အသိပေးကြေညာခြင်း

မန္တလေးမစိုးရိမ်တိုက်သစ် ဆရာတော် ဦးဝီရသူ၏ ညွန်ကြားချက်အရ

ဆရာတော်ဦးဝီရသူအနေဖြင့် အမျိုးဘာသာနှင့် သာသနာရေးဆောင်ရွက်ချက်များအပေါ် အာရုံစိုက်လုပ်ဆောင်သွားရန် ရည်သန်၍ ဆရာတော် အသုံးပြုလျှက်ရှိသော Facebook လူမှုကွန်ယက် အကောင့်အား ဆက်မလက်အသုံးပြုတော့မည် မဟုတ်ပါကြောင်း၊ ဆရာတော်အနေဖြင့် မိမိလုပ်ဆောင်ရန် ယုံကြည်သော အမျိး ဘာသာ သာသနာ ကိစ္စရပ်များတွင် အမြင်မတူသူများနှင့် အခြေတင် ပြောဆိုရန် ဆန္ဒမရှိပါကြောင်း၊ မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်လျှက်ရှိကြကုန်သော ဗုဒ္ဓဘာသာဝင်များ မိမိတို့ ဘာသာ သာသနာအား စောက်ရှောက် ထိန်းသိန်းနိုင်စေရန် အလို့ငှာ  တရားပွဲများ လက်ခံဟောပြောနေသည်ကို ဘာသာခြားများမှ ထိုသူတို့၏ ဘာသာတရားအား မြန်မာပြည်တွင် မရှိစေအောင် ဆရာတော်မှ ဟောပြောနေသယောင် ဝါဒဖြန့် မလိုမုန်းထားများ ရှိလာခြင်းများ အပေါ် များစွာ စိတ်မကောင်းဖြစ်ရကြောင်း၊ ထို့ကြောင့် ဆရာတော် အမည်ဖြင့် Facebook လူမှုကွန်ယက်တွင်  ဖော်ပြရေးသားနေသည်များအား ဆက်လက်ရေးသားတော့မဟုတ် တော့ပါကြောင်း၊ အကယ်၍ ဆရာတော်အမည်ဖြင့် အသုံးပြုလာလျှင်လည်း ဆရာတော် ဦးဝီယသူ အစစ်မဟုတ်ပါကြောင်း တပည့်ဒကာ ဒကာမ အပေါင်းသို့ အသိပေးနိုင်ရန် မိန့်ကြားခဲ့သဖြင့် အများသိစေရန် အသိပေးကြေငြာအပ်ပါသည်။
ဟူ၍ သတင်းစာတွင် ကြေငြာထားပါတယ်။
ဆရာတော် ဦးဝီရသူဟာ ဆန့်ကျင်ဘက် တိုက်ခိုက်သူအများစုမှ ရိုင်းစိုင်းသော တုန့်ပြန်မှုများကို ကြံ့ကြံ့ခံကာ လူသိရှင်ကြား Facebook သုံးပြီး ဖြေရှင်းနေသည့် ရှားပါး ပုဂိုလ်တစ်ဦးဖြစ်ပြီး မြန်မာနိုင်ငံတွင် အလွန်ရှားပါးလှသည်။ ယခု ဆရာတော် ၏ Facebook ပိတ်သိမ်းသဖြင့် ဦးရဲထွဋ်နှင့် ဦးဇော်ဌေးတို့လောက်သာ ကျန်တော့ကာ  မြန်မာ မီဒီယာ အယ်ဒီတာများနဲ့ ဂျာနယ်တိုက်အုပ်များ နဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အတိုက်အခံ အင်အားစုများကတော့ ဦးဝီရသူလို သတိရှိရှိ ဖြင့် Facebook သုံးကာ ဝေဖန်မှုမှန်သမျှကို ကြံ့ကြံ့ခံနိုင်ခြင်းမရှိပေ။ သို့သော် ဦးဝီရသူ၏ Facebook ပေါ်တွင် ရိုင်းစိုင်းသော စကားများ ရေးသားခြင်း၊ ညစ်ညမ်းသော ပုံများ တင်ခြင်းနဲ့ ဆရာတော်၏ ပုံများကို ဖြတ်ညှပ်ကပ် လုပ်သူများတွင် ဒေါ်အောင်ဆန်းစုကြည်နဲ့ နီးစပ်သူများ၊ NLD ပါတီဝင်များ၊ ဧရာဝတီ သတင်းဌာန နဲ့ အခြား မီဒီယာများမှ အယ်ဒီတာများ ပါဝင်ကြောင်း သတင်းရရှိပါတယ်။


.. www.MyanmarExpress.net

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

Arakan Media Group

Popular Posts

Blog Archive