Showing posts with label ဘာသာရေး. Show all posts
Showing posts with label ဘာသာရေး. Show all posts

ရာနှင့်ချီသော ရာဇီဒီ အမျိုးသားများ မွတ်စလင်အဖြစ် ကူးပြောင်းခံယူ နေသည့် ၀ါဒဖြန့် ဗီဒီယိုတစ် ခုကို IS များက အွန်လိုင်းပေါ် လွှင့်တင်ခဲ့သည်။
yazidi
ဘာသာကူးပြောင်းနေသူ ရာဇီဒီများ။

ဆီးရီးယားနှင့် အီရတ်နိုင်ငံများတွင် နယ်မြေများ သိမ်းယူထားသည့် အစ္စလမ်မစ် စစ်သွေးကြွ အဖွဲ့ IS နှင့် အီရတ်ရှိ ကာ့ဒ်တပ်များ တိုက်ပွဲဖြစ်ပွား နေကြရာ လူနည်းစု ဖြစ်သော ရာဇီဒီ လူမျိုးများ အနေဖြင့် ထွက်ပြေး တိမ်းရှောင်နေရပြီး စစ်သွေးကြွများ၏ ဖမ်းဆီးသတ်ဖြတ်ခြင်း ကိုလည်း ခံနေရသည်။ ရာဇီဒီများကို ဘာသာ ကူးပြောင်းခြင်းနှင့် သေခြင်း နည်းလမ်း နှစ်ခုအနက် ကြိုက် သည့် လမ်းကို ရွေးချယ်ရန် IS များက လူသိရှင်ကြား ခြိမ်းခြောက် ထားခဲ့ပြီး ယခု ဘာသာ ကူးပြောင်း ခဲ့သူများမှာလည်း IS တို့၏ သတ်ဖြတ်ခြင်း မခံရစေရန် ဘာသာ ကူးပြောင်း  ခြင်း ဖြစ်ကြောင်း ဒေးလီးမေးလ်က ဖော်ပြခဲ့သည်။

ယင်းကဲ့သို့ ဘာသာ ကူးပြောင်းခြင်း ပြုလုပ် နေစဉ်တွင် IS အဖွဲ့မှ အစွန်းရောက် တစ်ဦးက “ခင်ဗျားတို့ အခု လမ်းခုလပ်ကို ရောက်နေပြီ။ ဒီကူးပြောင်းခြင်း အစီအစဉ် ပြီးရင် ခင်ဗျားတို့ဟာ မွတ်ဆလင်တွေ ဖြစ်လာ မယ်။ ပြီးတော့ အခွင့်အရေးတွေလည်း ရလာမယ်။ နောက်က လိုက်ဆိုကြပါ”ဟု ယင်းဗီဒီယိုထဲတွင် ပြောခဲ့ သည်။

shake
ဘာသာကူးပြောင်းပြီးသူ ရာဇီဒီများကို IS များက နှုတ်ဆက်နေစဉ်။

ဆင်ဂျာတောင်တန်းများ အပေါ်တွင် နေထိုင်ကြသော လူနည်းစု ရာဇီဒီများသည် အီရတ် စစ်ပွဲအတွင်း ပိတ် မိနေခဲ့ပြီး အမေရိကန်က ၎င်းတို့ကို အစားအသောက်များ လေကြောင်းမှ တစ်ဆင့် ထောက်ပံ့ပေးနေခဲ့ သည်။ ရာဇီဒီ လူမျိုးစုများနှင့် မိန်းမများနှင့် ကလေးများကိုလည်း IS တို့က မကြာခဏ ဖမ်းဆီးခေါ်ဆောင် သွားလေ့ရှိပြီး ကျေးရွာများသို့လည်း ဘာသာကူးပြောင်းရန် ဖိအားပေးမှုများ ပြုလုပ်လေ့ ရှိသည်။ ယခင်က ဘာသာ ကူးပြောင်းရန် ငြင်းဆန်ခဲ့သူ ရာဇီဒီများကို IS များက ရက်ရက်စက်စက် သတ်ဖြတ်ပစ်ခဲ့ ဖူးသည်။

Ref: Daily Mail
Mizzima - News in Burmese
You might also like:

Read More

ရာနှင့်ချီသော ရာဇီဒီ အမျိုးသားများ မွတ်စလင်အဖြစ် ကူးပြောင်းခံယူ နေသည့် ၀ါဒဖြန့် ဗီဒီယိုတစ် ခုကို IS များက အွန်လိုင်းပေါ် လွှင့်တင်ခဲ့သည်။
yazidi
ဘာသာကူးပြောင်းနေသူ ရာဇီဒီများ။

ဆီးရီးယားနှင့် အီရတ်နိုင်ငံများတွင် နယ်မြေများ သိမ်းယူထားသည့် အစ္စလမ်မစ် စစ်သွေးကြွ အဖွဲ့ IS နှင့် အီရတ်ရှိ ကာ့ဒ်တပ်များ တိုက်ပွဲဖြစ်ပွား နေကြရာ လူနည်းစု ဖြစ်သော ရာဇီဒီ လူမျိုးများ အနေဖြင့် ထွက်ပြေး တိမ်းရှောင်နေရပြီး စစ်သွေးကြွများ၏ ဖမ်းဆီးသတ်ဖြတ်ခြင်း ကိုလည်း ခံနေရသည်။ ရာဇီဒီများကို ဘာသာ ကူးပြောင်းခြင်းနှင့် သေခြင်း နည်းလမ်း နှစ်ခုအနက် ကြိုက် သည့် လမ်းကို ရွေးချယ်ရန် IS များက လူသိရှင်ကြား ခြိမ်းခြောက် ထားခဲ့ပြီး ယခု ဘာသာ ကူးပြောင်း ခဲ့သူများမှာလည်း IS တို့၏ သတ်ဖြတ်ခြင်း မခံရစေရန် ဘာသာ ကူးပြောင်း  ခြင်း ဖြစ်ကြောင်း ဒေးလီးမေးလ်က ဖော်ပြခဲ့သည်။

ယင်းကဲ့သို့ ဘာသာ ကူးပြောင်းခြင်း ပြုလုပ် နေစဉ်တွင် IS အဖွဲ့မှ အစွန်းရောက် တစ်ဦးက “ခင်ဗျားတို့ အခု လမ်းခုလပ်ကို ရောက်နေပြီ။ ဒီကူးပြောင်းခြင်း အစီအစဉ် ပြီးရင် ခင်ဗျားတို့ဟာ မွတ်ဆလင်တွေ ဖြစ်လာ မယ်။ ပြီးတော့ အခွင့်အရေးတွေလည်း ရလာမယ်။ နောက်က လိုက်ဆိုကြပါ”ဟု ယင်းဗီဒီယိုထဲတွင် ပြောခဲ့ သည်။

shake
ဘာသာကူးပြောင်းပြီးသူ ရာဇီဒီများကို IS များက နှုတ်ဆက်နေစဉ်။

ဆင်ဂျာတောင်တန်းများ အပေါ်တွင် နေထိုင်ကြသော လူနည်းစု ရာဇီဒီများသည် အီရတ် စစ်ပွဲအတွင်း ပိတ် မိနေခဲ့ပြီး အမေရိကန်က ၎င်းတို့ကို အစားအသောက်များ လေကြောင်းမှ တစ်ဆင့် ထောက်ပံ့ပေးနေခဲ့ သည်။ ရာဇီဒီ လူမျိုးစုများနှင့် မိန်းမများနှင့် ကလေးများကိုလည်း IS တို့က မကြာခဏ ဖမ်းဆီးခေါ်ဆောင် သွားလေ့ရှိပြီး ကျေးရွာများသို့လည်း ဘာသာကူးပြောင်းရန် ဖိအားပေးမှုများ ပြုလုပ်လေ့ ရှိသည်။ ယခင်က ဘာသာ ကူးပြောင်းရန် ငြင်းဆန်ခဲ့သူ ရာဇီဒီများကို IS များက ရက်ရက်စက်စက် သတ်ဖြတ်ပစ်ခဲ့ ဖူးသည်။

Ref: Daily Mail
Mizzima - News in Burmese

Read More

(နိရဉ္စရာ – ၁၀ သြဂုတ် ၂၀၁၄) / လင်းမြတ်
သံတွဲမြို့တွင် သြဂုတ်လ ၁၀ ရက်နေ့က ကျင်းပခဲ့သော နိုင်ငံတော် ဘာသာနေ့ အခမ်းအနား (ဓါတ်ပုံ- နိရဉ္စရာ/ နေဇော်)
သံတွဲမြို့တွင် သြဂုတ်လ ၁၀ ရက်နေ့က ကျင်းပခဲ့သော နိုင်ငံတော် ဘာသာနေ့ အခမ်းအနား (ဓါတ်ပုံ- နိရဉ္စရာ/ နေဇော်)
(၅၃) နှစ်မြောက် နိုင်ငံတော် ဘာသာနေ့ အထိမ်းအမှတ် အခမ်းအနားကို သံတွဲမြို့တွင် ယနေ့တွင် ကျင်းပခဲ့ရာ ဒေသခံ ပြည်သူ ငါးသောင်းကျော် ပါဝင် ဆင်နွှဲခဲ့သည်ဟု သတင်း ရရှိသည်။
ယင်းအထိမ်းအမှတ်နေ့သို့ သံဃာတော်ပေါင်း (၅၃၀) ပါး ကြွရောက်ခဲ့ပြီး လူပေါင်း ငါးသောင်းကျော် ပူးပေါင်းပါဝင်ခဲ့သည်ဟု သံတွဲမြို့ ပုလဲရတနာ ပရိယတ္တိစာသင်တိုက်ဆရာတော် ဦးဣန္ဒာစာရနှင့် မျက်မြင်များက နိရဉ္စရာသို့ ပြောသည်။
နိုင်ငံတော်ဘာသာနေ့ အထိမ်းအမှတ်အခမ်းအနားကို ဖေါ်ထုတ်ကျင်းပရခြင်း ရည်ရွယ်ချက်ကို ပုလဲရတနာ ဆရာတော်က ယခုလို မိန့်ကြားသည်။
“လိုအပ်မှုဆိုတဲ့ အချိန်တစ်ခုကို ရောက်လာပြီ။ အခုအချိန်မှာတော့ ဗုဒ္ဓဘာသာတွေက ဗုဒ္ဓဘာသာနေ့ကို သိထားမှ ဖြစ်တော့မယ်။ ဒါက နိုင်ငံတော်က တိတိကျကျ ခွင့်ပြုခဲ့တဲ့ ဗုဒ္ဓဘာသာနေ့ ဖြစ်တယ်။ ဒီလိုမှ မဆောင်ရွက်ကြဘူးဆိုရင် ပျောက်ကွယ်သွားရင် နောက်နောင် ပြန်လည်ဖော်ထုတ်ဖို့ ခက်လိမ့်မယ်။ ဗုဒ္ဓဘာသာတွေရဲ့ နှလုံးသားထဲမှာ ဒီနေ့ဟာ နိုင်ငံတော် ဗုဒ္ဓဘာသာနေ့ ဖြစ်တယ်လို့ သိထားဖို့ လိုတယ်။ ဒီအတွက် ကျင်းပခဲ့ကြတာဖြစ်တယ်” ဟု မိန့်သည်။
နိုင်ငံတော် ဘာသာနေ့ အခမ်းအနား အထိမ်းအမှတ်အဖြစ် ရဟန်တော်များကို ဒေသခံပြည်သူများက ဆွမ်းဆန်စိမ်းများ လောင်းလှူခဲ့ကြသည်ဟု သိရသည်။
အခမ်းအနားတွင် ကြွရောက်လာကြသော သံဃာတော်များကလည်း အန္တရာယ်ကင်း ပရိတ်တော်များကို ရွတ်ဆိုချီးမြှင့်ခဲ့ကြကြောင်း၊ ယနေ့သည် ဝါခေါင်လပြည့် မေတ္တာ အခါတော်နေ့ဖြစ်နေ၍ မေတ္တာသုတ် ပရိတ်တော်ကိုလည်း စုပေါင်း ရွတ်ဖတ်ပူဇော်ခဲ့ကြခြင်း ဖြစ်ကြောင်း ဆရာတော်က ဆက်လက် မိန့်ကြားသည်။
image-c3fd0378b70afd97da61eabf2bb92314274a320ce6924324b4372dc98425be8a-V
“ဒီနေ့က ဝါခေါင်လပြည့်နေ့ဆိုတော့ မေတ္တာအခါတော်နေ့လေ။ ဒါကြောင့် မေတ္တာသုတ် ပရိတ်တော်ကိုလည်းပဲ စုပေါင်းရွတ်ဆိုကြတယ်။ ပြီးတော့ ပွဲကို ရောက်လာတဲ့ လူတွေကို စည်းနဲ့ကမ်းနဲ့ နေကြဖို့၊ ပြောကြ ဆိုကြဖို့၊ ဘယ်ပြဿနာမှ မဖြစ်စေဖို့ ဝန်းရံပြီးတော့ ဆောင်ရွက်ကြတာပါ။ လုံခြုံရေးတွေကလည်း တင်းကျပ်စွာ တာဝန်ယူပေးပါတယ်” ဟု ဆရာတော်က မိန့်သည်။
အခမ်းအနားကို သံတွဲမြို့ရှိ လေးမျက်နှာကုန်းတော် ဓမ္မာရုံတွင် နေ့လည် (၁) နာရီအချိန်တွင် စတင် ကျင်းပခဲ့ပြီး ပရိတ်တရားတော်များနာကြား၍ အပြီးတွင် သံဃာတော်များက သံတွဲမြို့ စိတ္တသုခလမ်း၊ ရွှေဆံတော် ဘုရားလမ်း၊ တာဝတိံသာလမ်း၊ ဗိုလ်ချုပ်လမ်း၊ ရတနာလမ်း၊ ဘုရင့်နောင်လမ်း၊ မဟာမြိုင်လမ်းများသို့ ကြွရောက် ဆွမ်းဆန်စိမ်း အလှူခံခဲ့ကြပြီး ဗုဒ္ဓဘာသာဝင်များကလည်း ဆွမ်းဆန်များ၊ ဆီးမီးတိုင်၊ အမွှေးတိုင်များ အပါအဝင် လှူဖွယ်ဝတ္ထုများကို လှူဒါန်းခဲ့ကြသည်။
သံတွဲတွင် ဗုဒ္ဓဘာသာနေ့အထိမ်းအမှတ်အဖြစ် ဆွမ်းလောင်းလှူခြင်းမှာ ဒုတိယအကြိမ်ဖြစ်ပြီး ဤနေ့ကို ဗုဒ္ဓဘာသာဝင်များအနေဖြင့် မသိမဖြစ် သိထားရမည်ဟု ဆရာတော်က ဆက်လက် မိန့်ကြားသည်။

Read More



ပုဂံမြို့ရှိ စေတီပုထိုးဂူ ကျောင်းများတွင် အသုံးပြုပြီး သောကွန်ဒုံးများတွေ့ရှိနေခြင်း ကြောင့် ဖယ်ရှားရှင်းလင်းရန် ပုဂံ မြို့ရှေးဟောင်းသုတေသနဦးစီး ဌာနသို့ ညွှန်ကြားထားကြောင်း ယဉ်ကျေးမှုဦးစီးဌာန၊ ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက် ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ချုပ်ဦးသိန်းလွင်ကပြောသည်။

ပုဂံမြို့ရှိ စေတီပုထိုးဂူ ကျောင်းများတွင် အသုံးပြုပြီးသောကွန်ဒုံးများတွေ့ရှိနေမှုကို သတင်းမီဒီယာများတွင် ဖော်ပြခံရပြီးနောက် ယင်းကဲ့သို့ဖယ်ရှား ရှင်းလင်းရန် ညွှန်ကြားလိုက်ခြင်းဖြစ်သည်။

‘‘ဘုရားအကုန်လုံးမှာရှိတာ မဟုတ်ပါဘူး။ တချို့စေတီငယ် တွေမှာပဲရှိတာပါ။ အဲဒါတွေကို ရှင်းလင်းဖယ်ရှားဖို့ညွှန်ကြားထား ပါတယ်’’ဟု ဦးသိန်းလွင်ကပြော သည်။

ပြီးခဲ့သည့်ရက်ပိုင်းအတွင်း 7 Day ကပုဂံဒေသသို့သွားရောက်စုံစမ်းလေ့လာရာတွင် စေတီပုထိုး ဂူကျောင်းများတွင် အသုံးပြုပြီး သောကွန်ဒုံးများ၊ အရက်ပုလင်း ကွဲများတွေ့ရှိခဲ့ပြီး အချို့စေတီ များအနီးတွင် အတွင်းခံများပါ တွေ့ရှိခဲ့သည်။

ပုဂံ၊ ညောင်ဦးမြို့ရှိ လူမှုအ သင်းအဖွဲ့အစည်းများကလည်းအဆိုပါ ကွန်ဒုံးများရှင်းလင်းရန် အတွက် ပုဂံမြို့ရှိ ဧည့်လမ်းညွှန် အသင်းမှ ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း ပုဂံဒေသ တွင်းဧည့်လမ်းညွှန်များအသင်း ဥက္ကဋ္ဌ ဦးဇော်ဝင်းချိုက ပြော သည်။

‘‘ဒီဟာတွေကိုရှင်းလင်းဖို့ ဌာနဆိုင်ရာတွေပါ ပါဝင်အောင် လုပ်ဆောင်သွားမယ်။ ဘုရားတွေ ကြားမှာ ဒီဟာတွေရှိနေတာ လူ ကြားလို့တောင်မကောင်းပါဘူး။ ပုဂံဒေသလည်း ပုံရိပ်တွေထိခိုက် တယ်။ ဘုရားတွေကြားထဲမှာ ဒါ တွေရှိနေတယ်ဆိုတာ ခုတော် တော်များများသိနေကြပြီ။ အဲဒါ ကြောင့် ဒါတွေကိုအမြန်ဆုံးရှင်း လင်းမှရမယ်’’ဟု ပုဂံချစ်သူများ အသင်းမှ ကိုမင်းနိုင်အောင်က ပြောသည်။

ပုဂံစေတီပုထိုးများကြား စွန့်ပစ်ထားသည့်ကွန်ဒုံးများကို တွေ့ရစဉ်(ဓာတ်ပုံ − ခိုင်ထွန်း)
7Day Daily

Read More


မြန်မာနိုင်ငံသားတိုင်း တန်ဖိုးထားဂုဏ်ယူရသည့် ရှေးဟောင်းမြို့တော်ပုဂံ [ဓာတ်ပုံ−ဂျေမောင်မောင်(အမရပူရ)]
လွန်ခဲ့သော နှစ်ပေါင်းတစ်ထောင်နီးပါးကတည်းက တည်ရှိခဲ့သည့် ရှေးဟောင်းမြို့တော် ပုဂံသည် မြန်မာနိုင်ငံသားများအတွက် ဂုဏ်ယူစရာအကောင်းဆုံးများထဲမှ တစ်ခုဖြစ်သည်။ ပထမမြန်မာနိုင်ငံတော်မှာ ထေရဝါဒဗုဒ္ဓဘာသာကို မြန်မာနိုင်ငံတွင် အဦးဆုံးမျိုးစေ့ချရာဖြစ်ပြီး ဒဏ္ဍာရီဆန်သော သမိုင်းကြောင်း၊ အံ့ဩဖွယ်ရာ ဗိသုကာလက်ရာများ၊ အနုပညာများမှာ နှောင်းလူသားတို့အတွက် လေ့လာသင်ယူစရာ မကုန်နိုင်အောင် ရှိနေသော ရှေးဟောင်းမြို့တော် ဖြစ်သည်။ မျက်မှောက်ကာလတွင် အံ့ဩစိတ်ပျက်စရာ ကြုံရလေလေ၊ အတိတ်က ဂုဏ်ယူစရာခေတ်ကာလများကို ပြန်တွေးသောအခါ ရှေးဟောင်းစေတီပုထိုးများ ပေါများလှသော ပုဂံက မပါမဖြစ်ပေ။

ထို့ကြောင့် မြန်မာများသာမက တစ်ကမ္ဘာလုံးမှ ခရီးသွားများ ရှေးဟောင်းမြို့တော်သို့ တကူးတက လာရောက်လေ့လာကြခြင်း ဖြစ်၏။

သို့သော် ယခုအခါ ရှေးဟောင်းယဉ်ကျေးမှုမြို့တော်တွင် စိန်ခေါ်မှုကြီးတစ်ခု ကြုံနေရပြီဖြစ်သည်။ ထိုအရာက ခရီးသွားများအတွက် ကြီးစွာသော စိတ်အနှောင့်အယှက်ဖြစ်စေပြီး ရှေးဟောင်းမြို့တော်၏ ထည်ဝါလှသော ပုံရိပ်ကို ထိခိုက်စေနိုင်သည်။

ရှေးလူတို့ ဝတ်ပြုဆုတောင်းမှုပြုရာ၊ ကိုးကွယ်ယုံကြည်မှုဆိုင်ရာ ဘာသာရေးအဆောက်အအုံများဖြစ်သည့် ပုဂံရှိစေတီပုထိုး ဂူကျောင်းအချို့သည် ယနေ့ခေတ်တွင်တော့ ချစ်တင်းနှောရာ နေရာတစ်ခု ဖြစ်လာခြင်းဖြစ်သည်။

ပြီးခဲ့သည့်ရက်များအတွင်း 7Day က ပုဂံဒေသသို့ သွားရောက်စုံစမ်းလေ့လာရာတွင် အသုံးပြုပြီးသော ကွန်ဒုံးအများအပြားကို စေတီပုထိုးများနှင့် ဝတ်ကျောင်းတော်များတွင် စွန့်ပစ်ထားသည်ကို တွေ့ရှိခဲ့သည်။


(ရှေးဟောင်းမြို့တော် ပုဂံရှိ ချောင်ကျပြီး လူသူအရောက်အပေါက်နည်းသော စေတီပုထိုးအချို့ကို စုံတွဲအချို့ကို ချစ်တင်းနှောရာနေရာအဖြစ် အသုံးချနေသည်။ ရှေးဟောင်းစေတီပုထိုးအနီး စွန့်ပစ်ထားသော ကွန်ဒုံးအခွံများ/ဓာတ်ပုံ−ထွန်းခိုင်)

ဘုရားအမှတ် ၁၀၆၉ မှ စတင်ပြီး ၁၀၇၀ အထိ စေတီဝတ်ကျောင်းအများအပြား တစုတဝေးတည်းရှိရာ နေရာတစ်ခုတည်းတွင်ပင် အသုံးပြုပြီးသား ကွန်ဒုံးခုရေ ၁၀၀ ထက်မနည်း စွန့်ပစ်ထားသည်ကို တွေ့ရှိခဲ့ရသည်။ အချို့မှာ ဟောင်းနွမ်းနေပြီး အချို့မှာ မကြာသေးမီရက်ပိုင်းအတွင်းကမှ စွန့်ပစ်ထားကြသည့်ပုံစံများဖြစ်သည်။

အလားတူပင် ချောင်ကျပြီး လူသူအရောက်အပေါက်နည်းရာ ပုဂံဘုရားအများအပြားတွင်လည်း အသုံးပြုပြီးသား ကွန်ဒုံးများ စွန့်ပစ်ထားသည်ကို တွေ့ရှိခဲ့ရသည်။

အချို့သော ဘုရားပုထိုးများတွင် အတွင်းခံဘောင်းဘီများ၊ တစ်စစီခွဲထားသည့် ဘီယာပုလင်းခွံများ၊ မွေ့ရာဟောင်းများကိုလည်း စွန့်ပစ်ထားသည့် ကွန်ဒုံးများနှင့်အတူ တွေ့ရသည်။

အဆိုပါအဖြစ်အပျက်များသည် ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ရန် ကြိုးပမ်းနေသည့် ပုဂံ၊ တစ်နှစ်တစ်နှစ် ကမ္ဘာလှည့်ခရီးသည် သိန်းချီလာရောက်လည်ပတ်နေသည့်ပုဂံ၊ မြန်မာနိုင်ငံ၏ အသည်းနှလုံးအဖြစ် တင်စားခေါ်ဝေါ်ကြသည့် ပုဂံဒေသအတွက် စိတ်ကသိကအောက်ဖြစ်စရာ စိန်ခေါ်မှုဖြစ်သည်။

ပျူမြို့ဟောင်းသုံးမြို့သည် မြန်မာတွင် ယူနစ်စကို၏ ပထမဆုံး ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်ဒေသအဖြစ် သတ်မှတ်ခံရပြီး နောက်ထပ်ခြေလှမ်းတစ်ခုအဖြစ် ပုဂံအပါအဝင် ယဉ်ကျေးမှုမြို့ဟောင်းအချို့ကို ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းတွင် ထည့်သွင်းနိုင်ရန် မြန်မာအစိုးရက ကြိုးစားလျက်ရှိသည်။

ယင်းကဲ့သို့သော အခြေအနေမျိုးတွင် ပုဂံဘုရားပုထိုးများ၌ ချစ်တင်းနှောသည့်ကိစ္စများ၊ စွန့်ပစ်ကွန်ဒုံးများမှာ အတားအဆီးတစ်ခုဖြစ်လာနိုင်ကြောင်း ပုဂံဒေသတွင် ရှေးဟောင်းသုတေသနပညာရှင်အဖြစ် ဆယ်စုနှစ်ပေါင်းများစွာ တာဝန်ထမ်းဆောင်ခဲ့သည့် ဦးအောင်ကြိုင်ကပြောသည်။

‘‘အခုလည်း ကုလသမဂ္ဂပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ UNESCO တင်သွင်းဖို့ လုပ်နေတယ်။ ဒါတွေရှိရင် မကောင်းဘူးပေါ့’’ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်ဦးလည်းဖြစ်သူ ဦးအောင်ကြိုင်က မှတ်ချက်ပေးသည်။

ပညာရှင်များ၏ အဆိုအရ ပုဂံခေတ်ကောင်းစဉ်ကာလများဖြစ်သော ၇ ရာစုမှ ၁၃ ရာစုအထိ နှစ်ပေါင်း ၆၀၀ ကျော် (အချို့ကား ၇ ရာစုထက် စောနိုင်သည်ဟု ဆိုသည်) အတွင်း တည်ဆောက်ခဲ့သည့် ရှေးဟောင်းအဆောက်အအုံများတည်ရှိရာ ပုဂံဒေသသည် ကမ္ဘာလှည့်ခရီးသွားများအကြား သွားရောက်လည်ပတ်ရန် တစ်နေ့တခြား စိတ်ဝင်စားမှုမြင့်တက်လာသည့် ဒေသတစ်ခုလည်းဖြစ်သည်။

ရာစုနှစ်ပေါင်းများစွာ မပြုပြင်ဘဲထားသဖြင့် ထိခိုက်ပျက်စီးမှုများ၊ ငလျင်ကဲ့သို့သော သဘာဝဘေးအန္တရာယ်များ၊ မူလလက်ရာများ ထိန်းသိမ်းခြင်းမဟုတ်ဘဲ တပ်မတော်အစိုးရလက်ထက်တွင် အသစ်ပြန်လည်ပြုပြင်ခြင်းကဲ့သို့သော လူတို့ကြောင့် ရှေးဟောင်းလက်ရာများ ပျက်စီးမှုများရှိခဲ့သည့်တိုင်အောင် ပုဂံဒေသသည် ကမ္ဘာလှည့်ခရီးသွားများကို ဆွဲဆောင်နိုင်နေဆဲဖြစ်သည်။

ကမ္ဘာတစ်ဝန်း စီးပွားရေးအကျပ်အတည်းများနှင့် ရင်ဆိုင်နေရသည့်ကြားမှပင် အစိုးရသစ်လက်ထက်တွင် ပုဂုံဒေသသို့ ကမ္ဘာလှည့်ခရီးသွားအရေအတွက်မှာ တရိပ်ရိပ်တက်လျက်ရှိသည်။

ပြီးခဲ့သည့် ၂၀၁၃ ခုနှစ်အတွင်း ပုဂံဒေသသို့ ကမ္ဘာလှည့်ခရီးသည် နှစ်သိန်းခန့် လာရောက်ခဲ့သည်။ အဆိုပါအရေအတွက်သည် တစ်နှစ်အတွင်း မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ခဲ့သည့် ခရီးသွားစုစုပေါင်း၏ ၁၀ ပုံတစ်ပုံခန့်ဖြစ်သည်။ ယင်းစာရင်းဇယားအရ ကမ္ဘာလှည့်ခရီးသည် ၁၀ ဦးလာတိုင်း တစ်ဦးမှာ ပုဂံကိုသွားနေခြင်းဖြစ်သည်။

ပုဂံဒေသသို့ လာရောက်ကြသည့် ခရီးသည်အရေအတွက်သည် တစ်နှစ်လျှင် ၅၀ ရာခိုင်နှုန်း ထပ်မံတိုးတက်လာမည်ဟု ခန့်မှန်းထားပြီး ယခုနှစ်တွင် ခရီးသွားသုံးသိန်းအထိ လာရောက်မည်ဟု မှန်းထားကြသည်။

အဆိုပါနိုင်ငံခြားသားခရီးသွားများကြောင့် မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်း ရာပေါင်းများစွာ အလုပ်ဖြစ်ခဲ့ပြီး ထောင်သောင်းချီသော နိုင်ငံသားများ အလုပ်အကိုင်အခွင့်အရေးများ ရလျက်ရှိသည်။

ခရီးသွားများကြောင့် နိုင်ငံအတွက်လည်း ဝင်ငွေဖြောင့်ခဲ့သည်။ ပြီးခဲ့သည့် ၂၀၁၃ ခုနှစ်အတွင်း ဇုန်ဝင်ကြေးတစ်ခုတည်းပင် ဒေါ်လာသုံးသန်းနီးပါး ရရှိခဲ့သည်။ ယင်းပမာဏသည် ကမ္ဘာလှည့်ခရီးသည်များအတွက် မဖြစ်မနေပေးဆောင်ရသည့် ဇုန်ဝင်ကြေးတစ်ခုတည်းအတွက်ဖြစ်ပြီး ခရီးသွားများ၏ အသုံးစရိတ်များ ထည့်သွင်းတွက်ချက်ပါက ယင်းပမာဏထက် များစွာပိုမည်ဖြစ်သည်။

မီးခိုးမထွက်သည့်စက်ရုံအဖြစ် နှစ်ပေါင်းများစွာကြာအောင် မြန်မာနိုင်ငံအတွက် အကျိုးပြုခဲ့သည့် ပုဂံခရီးသွားလုပ်ငန်းအတွက်လည်း စွန့်ပစ်ကွန်ဒုံးများနှင့် ဘုရားစေတီများအကြား ချစ်တင်းနှောမှုများမှာ အတိုင်းအတာတစ်ခုအထိ ရိုက်ခတ်လျက်ရှိသည်။

‘‘Package Toure (ကြိုတင်သတ်မှတ်ထားတဲ့အစီအစဉ်နဲ့ လာသည့်ခရီးသွား)ဆိုရင် ပြဿနာမရှိဘူး။ နာမည်ကြီးတဲ့ဘုရားတွေကို လိုက်ပို့ပေးရုံပဲ။ တခြားဘုရားတွေကို သွားချင်တဲ့ခရီးသွားတွေဆိုရင်တော့ ရှောင်ပြီးပို့ပေးရတာပေါ့’’ဟု ပုဂံဧည့်လမ်းညွှန်အသင်းဥက္ကဋ္ဌ ဦးဇော်ဝင်းချိုက ပြောသည်။

အဆိုပါမြင်ကွင်းများကို နာမည်ကျော်ကြားသည့် ဘုရားများသို့ သွားရောက်လည်ပတ်သည့် ခရီးသွားများ ရှောင်လွဲနိုင်မည်ဖြစ်သော်လည်း စက်ဘီး၊ ဆိုင်ကယ်များဖြင့် ဘုရားတိုင်းနီးပါး သွားရောက်လည်ပတ်ကြသည့် ခရီးသွားများအတွက်တော့ ထိပ်တိုက်တွေ့မြင်ရမည်မှာမလွဲ။

ယခုနောက်ပိုင်းနှစ်များတွင် နိုင်ငံခြားသားခရီးသွားများ အရောက်အပေါက်များလာသည့် မထင်မရှားဘုရားများတွင် စွန့်ပစ်ထားသည့် ကွန်ဒုံးများ၊ အသုံးအဆောင်ပစ္စည်းများကို ကမ္ဘာလှည့်ခရီးသွားများမတွေ့စေရန် မြင်းလှည်းမောင်းသူများက ကိုယ်ပိုင်အစီအစဉ်ဖြင့် ရှင်းလင်းမှုများ ပြုလုပ်လျက်ရှိကြောင်း ပုဂံအခြေစိုက် ခရီးသွားလမ်းညွှန်များက ပြောသည်။

ပုဂံဒေသရှိ ဘုရားပုထိုးများတွင် ချစ်တင်းနှောခြင်းက ယခုမှစသည်တော့မဟုတ်။ ကာလရှည်ကြာ မကုဘဲထားသည့် ဝေဒနာတစ်ခုသည် ရောဂါရင့်မာလာသကဲ့သို့ပင် ယခင်ကတည်းကရှိခဲ့သည့် ယင်းဓလေ့သည် ယခုအခါတွင် ပိုမိုများပြားလာခြင်းသာဖြစ်သည်။

7Day မှ တွေ့ဆုံမေးမြန်းခဲ့သူတစ်ဦးက ဘုရားများတွင် ချစ်တင်းနှောနေခြင်းကို ၁၉၆၀ ဝန်းကျင်ကတည်းက မြင်တွေ့ဖူးကြောင်း ပြောသည်။ ထိုကာလထက်စောသည့် အချိန်ကတည်းက ယင်းအပြုအမူသည် ပုဂံဒေသတွင် ရှိနိုင်ကြောင်း ၎င်းကပြောသည်။

လာရောက်ချစ်တင်းနှောကြသူများထဲတွင် ပုဂံမြို့နှင့်အနီးတစ်ဝိုက်မှ ဒေသခံများ လူငယ်သဘာဝ ပျော်ပါးကြသည်များရှိသလို အခကြေးငွေပေးကာ ပျော်ပါးကြသူများလည်းရှိကြောင်း ဒေသခံများကပြောသည်။ တစ်ခါတစ်ရံတွင် နိုင်ငံခြားသားခရီးသွားအချို့လည်း ပါဝင်ကြောင်း ၎င်းတို့ကပြောသည်။

7Day မှ တွေ့ဆုံမေးမြန်းခဲ့သူများထဲတွင် ပုဂံဒေသနှင့်အနီးတစ်ဝိုက်မှ ဒေသခံလူငယ်များလည်း ပါဝင်ခဲ့ပြီး ၎င်းတို့ထဲမှ အချို့သည် ကိုယ်တိုင်ချစ်တင်းနှောဖူးသူများ၊ အခြားသူများ ချစ်တင်းနှောသည်ကို တွေ့မြင်ခဲ့ဖူးသူများ ပါဝင်သည်။

၎င်းတို့၏ ပြောစကားများအရ ပုဂံဒေသသည် ရန်ကုန်အပါအဝင် အခြားမြို့များကဲ့သို့ လူငယ်များတွေ့ဆုံရန် ပန်းခြံ၊ ရုပ်ရှင်ရုံကဲ့သို့သော အပန်းဖြေနိုင်သည့် နေရာများမရှိခြင်းကြောင့် ချောင်ကျသည့် ဘုရားစေတီများသည် လူငယ်များ၊ သမီးရည်းစားစုံတွဲများ အချိန်းအချက်ပြုလုပ်သည့် တစ်ခုတည်းသော နေရာများဖြစ်လာသည်ဟု ဆိုသည်။

‘‘မြို့က အရမ်းကျဉ်းတော့ လူငယ်တွေချိန်းတွေ့ရင် သတင်းက ချက်ချင်းပြန့်သွားတယ်။ ရန်ကုန်လို ပန်းခြံတွေ၊ ဘာတွေလို လွတ်လွတ်လပ်လပ်တွေ့ဖို့လည်း အဆင်မပြေဘူး။ ဒီက ဟိုတယ်တွေ၊ တည်းခိုခန်းတွေကျတော့လည်း ဒီဒေသခံတွေပဲ အလုပ်လုပ်နေကြတော့ မျက်နှာသိတွေမို့ ဘယ်သူမှမသွားကြဘူး။ အဲဒါကြောင့် ချိန်းတွေ့ရင် ဘုရားပဲသွားနေကြတယ်’’ဟု အမည်မဖော်လိုသည့် အသက်(၂၅)နှစ်ခန့်အရွယ် ပုဂံမြို့မှ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

တစ်နယ်တစ်ကျေးမှ လာရောက်သူများနှင့် စာဖတ်သူတို့အကြားတွင် အထူးအဆန်းသဖွယ် ဖြစ်နေသော်လည်း ဒေသခံအချို့တို့အဖို့တော့ နှစ်ရှည်လများကြုံတွေ့နေရသည့် အထက်ပါအဖြစ်အပျက်များက အထူးအဆန်းမဟုတ်တော့။

ဘုရားပုထိုးများတွင် ချစ်တင်းနှောနေသည့် ဖြစ်စဉ်များ တွေ့ပါက ဟန့်တားခြောက်လှန့်ခြင်းမျိုးထက် စောင့်ကြည့်ကြခြင်း၊ အဝေးသို့ထွက်သွားခြင်းမျိုးဖြင့်သာ တုံ့ပြန်မှုများက ပိုများကြောင်း ပုဂံဒေသတွင် နှစ်ပေါင်း ၂၀ နီးပါး ဧည့်လမ်းညွှန်အဖြစ် လုပ်ကိုင်နေသည့် ဦးကျော်ဆွေကပြောသည်။

‘‘စုံတွဲတွေက အဖော်တွေနဲ့ လာတာလည်းရှိတယ်။ လာဟန့်တဲ့သူက တစ်ယောက်တည်းလာလို့ရှိရင် အန္တရာယ်ပြုလွှတ်တာတွေလည်းရှိတယ်’’ဟု ဧည့်လမ်းညွှန်ဦးကျော်ဆွေက ပြောသည်။

ခေတ်အဆက်ဆက် အာဏာပိုင်များကလည်း ယင်းပြဿနာကို တားဆီးရန် ကြိုးပမ်းခဲ့ကြသည်။ ရှေးဟောင်းသုတေသနဦးစီးဌာနမှ အရာရှိများ၊ ဒေသခံရဲတပ်ဖွဲ့ဝင်များက ဘုရားပုထိုးများသို့ သွားရောက်စစ်ဆေး၊ စောင့်ကြည့်ခြင်းဖြင့် ယင်းပြဿနာကို ထိန်းချုပ်ရန် ကြိုးပမ်းခဲ့ဖူးကြောင်း ရှေးဟောင်းသုတေသနအရာရှိဟောင်းအချို့က ပြောသည်။

သို့သော်လည်း စေတီပုထိုးများ၊ ဝတ်ပြုဆုတောင်းကျောင်းများ ထောင်နှင့်ချီပြီးတည်ရှိသည့် ပုဂံဒေသတွင် နေရာတိုင်း၊ အချိန်တိုင်းတော့ မည်သူမျှစောင့်မကြည့်နိုင်။ ၁၉၆၈ က ကောက်ယူထားသည့် စာရင်းများအရ ပုဂံဘုရားအရေအတွက်သည် ၂၂၁၇ ဆူရှိသည့်အတွက် ယင်းနေရာများကို အခါမလပ်စောင့်ကြည့်ရန် ၈ နာရီတစ်ဆိုင်း တာဝန်ယူမည့် ဝန်ထမ်းပေါင်း ၆,၆၀၀ ကျော် လိုအပ်မည် ဖြစ်သည်။

လက်ညှိုးထိုးမလွဲ နေရာမလပ်ရှိနေသည့် ပုဂံစေတီပုထိုးများအတွင်း ယင်းအပြုအမူမျိုး ပပျောက်သွားရန် ပညာပေးစည်းရုံးသည့် လှုံ့ဆော်မှုတစ်ရပ်ပြုလုပ်ခြင်းက အထိရောက်ဆုံးဖြစ်မည်ဟု ယူဆကြောင်း ပုဂံဧည့်လမ်းညွှန်အသင်းဥက္ကဋ္ဌ ဦးဇော်ဝင်းချိုကပြောသည်။

‘‘ပညာပေးလှုံ့ဆော်ရေးအစီအစဉ် လုပ်မှရမယ်။ နေရာကကျယ်လွန်းတော့ ပညာပေးလှုံ့ဆော်ရေးအစီအစဉ်လုပ်တာ အကောင်းဆုံးပဲ’’ဟု ဦးဇော်ဝင်းချိုကပြောသည်။

ပုဂံဒေသတွင် အဆိုပါအပြုအမူမျိုးပပျောက်ရန် အပါအဝင် ပုဂံဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရမဟုတ်သော အဖွဲ့အစည်း (NGO)တစ်ခု ဖွဲ့စည်းပြီး ဖြေရှင်းရန်ကြိုးစားနေကြောင်း ပုဂံမြို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တစ်ဦးလည်းဖြစ်သူ ဦးအောင်ကြိုင်က ပြောသည်။

လွန်ခဲ့သော နှစ်ပေါင်း ၁,၀၀၀ ခန့်ကတည်းက မြို့ပြနိုင်ငံအဖြစ် ဖွံ့ဖြိုးနေသည့် ပုဂံသည် စစ်ပွဲများ၊ သဘာဝဘေးအန္တရာယ်များနှင့် လူလုပ်အဖျက်အဆီးများကို ကြံ့ကြံ့ခံရင်း တစ်ချိန်က သူ၏ကျော်ကြားမှုနှင့် ဂုဏ်ပကာသနတို့ကို ပြန်လည်ရရှိရန် အခွင့်အရေးတစ်ခုလမ်းပွင့်လာပြီ ဖြစ်သည်။

အစိုးရသစ်လက်ထက်တွင် နိုင်ငံရေးပွင့်လင်းမှုနှင့်အတူ သမိုင်းတွင် မည်သည့်အချိန်ကမှ မရှိခဲ့ဖူးသည့် အရေအတွက်မျိုးဖြင့် ကမ္ဘာ့နိုင်ငံအနှံ့မှ ခရီးသွားများသည် ပုဂံ၏ခံ့ညားထည်ဝါမှုကို လာရောက်ကြည့်ရှုနေကြသည်။

ကမ္ဘာက စိတ်ဝင်စားသည်မှာ ရှေးမြန်မာတို့၏ ခမ်းနားပုံများသာ ဖြစ်လိမ့်မည်။ အသုံးပြုပြီးသား ကွန်ဒုံးများ၊ စွန့်ပစ်အတွင်းခံများ၊ တစ်စစီကွဲကြေနေသည့် ဘီယာပုလင်းခွံများနှင့် မွေ့ရာဟောင်းများကို ကြည့်ရှုရန်အတွက်တော့ မိုင်ပေါင်းထောင်ချီကာ လေယာဉ်စီးပြီး မည်သူမျှလာလိမ့်တော့မည်မဟုတ်။

အဆိုပါစိန်ခေါ်မှုကို မြန်မြန်ဆန်ဆန် အဖြေရှာရမည်ဖြစ်သည်။


ဓာတ်ပုံ−ငြိမ်းချမ်း
7Day Daily









Read More

(နိရဉ္စရာ – ၆ သြဂုတ် ၂၀၁၄)/လင်းမြတ်
Dhammazedi_Bell
(ဓါတ်ပုံ ပန်းချီ- အင်တာနက်)
ရန်ကုန်မြစ်-ပဲခူးမြစ်-ပုဇွန်တောင်ချောင်းတို့ဆုံရာ အလယ်တွင် တွင် နှစ်ပေါင်းရာနှင့်ချီ၍ နှစ်မြုပ်လျှက်ရှိသော ဓမ္မစေတီခေါင်းလောင်းကြီးအား ဦးဆောင် ဆယ်ယူမည့် ရခိုင်လူမျိုး ဦးစံလင်း အနေဖြင့် အင်တာဗျူးလုပ်လိုသူများပြားမူကြောင့် အလုပ်ထိခိုက်နေ၍​ လောလောဆယ်တွင် အင်တာဗျူး ပေးခြင်းကို ခေတ္တရပ်နားထားမည်ဟု ဆိုသည်။
ရခိုင်အမျိုးသား တစ်ဦးဖြစ်သူ သုဓမ္မမဏိဇောတဓရ ဦးစံလင်းအား နိရဉ္စရာမှ ဓမ္မစေတီတီ ခေါင်းလောင်ကြီး ပြန်လည်ဆယ်ယူမည့် ကိစ္စနှင့် ပတ်သက်ပြီး မေးမြန်းရာ အင်တာဗျူး လုပ်သူများကြောင့် အလုပ်ထိခိုက်နေ၍ လောလောဆယ် အင်တာဗျူး လုပ်ခြင်းကို ရပ်နားထားကြောင်း ပြောဆိုသည်။
“ အခု ကျွန်တော်က လုပ်ငန်း မစရသေးဘူး။ ခဏနေ တစ်ယောက်၊ ခဏနေ တစ်ယောက် ဖုန်းထဲကနေ အင်တာဗျူးလုပ်တာတွေ၊ မေးမြန်းတာတွေများနေတဲ့ အတွက် အလုပ်က ဘာမှလုပ်လို့ မရ ဖြစ်နေတယ်။ ဒါကြောင့် လောလောဆယ်မှာ အင်တာဗျူး မလုပ်ဖို့ ဆုံးဖြတ်ထားပါတယ်” ဟု ဆိုသည်။
ဦးစံလင်းအား ယမန်နေ့က အခြား သတင်းဌာနတစ်ချို့မှ အင်တာဗျူး ပြုလုပ်ပေးရန် ကမ်းလှမ်းခဲ့သော်လည်း အလားတူ ငြင်းဆိုထားကြောင်း သူက ဆက်လက်ပြောဆိုသည်။
“ မနေ့ကလည်း ဘီဘီစီ သတင်းဌာန အပါအ၀င် သတင်းဌာနတွေ စိတ်ဝင်စားသူတွေ မေးမြန်ကြတယ်။ အင်တာဗျူး မလုပ်နိုင်ဘူးလို့ ငြင်းလိုက်တယ်။ အခြား သတင်းဌာနတွေလည်း ဆက်သွယ်တယ်၊ ဘာတစ်ခုမှ ပြန်မဖြေနိုင်တော့ဘူးလို့ ပြောပြလိုက်တယ် ” ဟု ဆိုသည်။
ယင်းပြင် ဦးစံလင်းက “ခု ချိန်မှာ ဘာအင်တာဗျူးမှ မလုပ်နိုင်ပါဘူး။ ကျေးဇူးတင်တယ်၊ ဟိုကမေး ဒီကမေးနဲ့ တစ်ရက်တစ်ရက်ကို ကိုယ့်အလုပ်ကို မလုပ်ရဘူးဖြစ်နေတယ်။ တစ်ချို့ကိစ္စတွေ မပြီးနိုင်ဖြစ်နေတယ်။ ဒါကိုတော့ သည်းခံပေးကြပါ” ဟု ပြောဆိုသည်။
ဦးစံလင်း ဦးဆောင်သော အဖွဲ့သည် ဓမ္မစေတီ ခေါင်းလောင်းကြီးအား သြဂုတ်လ (၉) ရက်နေ့ စတင်ကာ ဆယ်ယူတော့မည် ဖြစ်သည်။
ကော့သောင်မြို့တွင်နေထိုင်သူ ဦးစံလင်း ဦးဆောင်သည့် အဖွဲ့အား ခေါင်းလောင်းကြီး ဆယ်ယူနိုင်ရန် ဇူလိုင်လ (၁၄) ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ တရားဝင်ခွင့်ပြုခဲ့သည်။
ဦးစံလင်းမှာ ၁၉၉၇ ခုနှစ်မှ စတင်ကာ ဓမ္မစေတီခေါင်းလောင်းကြီးအား ရေထဲမှ ဆယ်ယူ ပူဇော်ရန် ကြိုးပမ်းနေသူ ဖြစ်ပြီး ယခုတစ်ကြိမ်တွင် (၄၅) ရက် အထိ လုပ်ကိုင်သွားမည် ဖြစ်ကြောင်း ၊ ခေါင်းလောင်းကြီး တူးဖော်ရာတွင် ကုန်ကျစရိတ် မြန်မာ ကျပ်ငွေ သိန်း ၂၀၀၀ ခန့် အထိ ကုန်ကျမည်ဟု ခန့်မှန်းထားကြောင်း ဧရာဝတီသတင်းဌာနက ရေးသား ဖော်ပြထားသည်။
ဓမ္မစေတီ ခေါင်းလောင်းတော်ကြီးမှာ ကြေးပိဿာချိန် (၁၈၀၀၀၀) ခန့်ရှိပြီး ဟံသာဝတီဘုရင် ဓမ္မစေတီမင်းကြီးမှ ရွှေတိဂုံစေတီတော်တွင် တင်လှူရန်အတွက် ၁၄၈၄ ခုနှစ်တွင် ရွှေ၊ ငွေ၊ ကြေး၊ ဘော် သတ္တုလေးမျိုးဖြင့် သွန်းလုပ်ခဲ့ခြင်းဖြစ်ပြီး လက်ရှိ ရေအောက်ထဲတွင် ၄၅ ဒီဂရီစောင်းနေပြီး အဝမှာ အပေါ်တွင် ရှိနေသော်လည်း နှစ်ပေါင်းလေးရာကျော် နစ်မြှပ်နေ၍ ပါဝင်သည့် သတ္တုဓာတ်ပြုမှုကြောင့် ခေါင်းလောင်းတော်ကြီးတွင် ကြိုးတပ်သည့် ကွင်းပင်မရှိတော့ဟု ဆယ်ယူသူ အဖွဲ့ဝင်အချို့က ဆိုကြောင်း Democracy Today တွင် ဖေါ်ပြသည်။
ထိုခေါင်းလောင်းကြီးကို ပေါ်တူဂီလူမျိုး ငဇင်ကာက သင်္ဘောဖြင့် ယူဆောင်ချိန်တွင် မြစ်သုံးစင်းဆုံရာ နေရာ၌ နစ်မြှပ်ခဲ့ခြင်းဖြစ်သည်။
ခေါင်းလောင်းကြီးအား ဆယ်ယူရာတွင် မြန်မာ့နည်း မြန်မာ့ဟန်များဖြင့် ဂမ္ဘီရဆန်ဆန် ဆယ်ယူမည်ဟု သတင်းများထွက်ပေါ်နေသဖြင့် လူအများက စိတ်ဝင်စားလျှက်ရှိသည်။

Read More

From : .. YMG

ရန်ကုန်၊ ဗုဒ္ဓဘာသာနေ့မှ ပြောင်းလဲသတ်မှတ်ခဲ့သည့် (၅၃)နှစ်မြောက် နိုင်ငံ တော်ဘာသာနေ့ အခမ်းအနားများကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သုံး ရက်ကြာကျင်းပ သွားမည်ဖြစ်ကြောင်း ဝံသာနုရက္ခိတအဖွဲ့မှ သိရသည်။

အဆိုပါနိုင်ငံတော်ဘာသာနေ့အား ယမန်နှစ်က စတင်ကျင်းပခဲ့ခြင်း ဖြစ်ပြီး တစ်နိုင်ငံလုံးအတိုင်းအတာအားဖြင့် ပြုလုပ်နိုင်ခဲ့ခြင်းမရှိခဲ့ဘဲ ယခုအခါ တွင်မူ တစ်နိုင်လုံး အတိုင်းအတာဖြင့် ပြုလုပ်ရန်စီစဉ်ထားကြောင်း ဝံသာနုရက္ခိတ အဖွဲ့ ဥက္ကဋ္ဌ ဓမ္မစက္ကဦးမောင်မောင်ကပြောသည်။

ယခုပြုလုပ်မည့် အခမ်းအနားသည် ဒုတိယအကြိမ်မြောက်ဖြစ်သော် လည်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပြုလုပ်ခြင်းသည် ပထမဆုံးအကြိမ် ဖြစ်ကာ အခမ်းအနားနေ့များတွင် ဘာသာရေးနှင့် ပတ်သက်သည့် လုပ်ဆောင် မှုများ၊ တရားတော်များ၊ ဓမ္မစကြာရွတ်ဖတ်ခြင်းများ ပြုလုပ်သွားမည်ဖြစ် ကြောင်းသိရသည်။

''အခမ်းအနားကျင်းပတဲ့နေ့တွေမှာ သာသနာ့အလံတွေ လွှင့်ထူသွား မယ်''ဟု ဦးမောင်မောင်က ပြောသည်။ နိုင်ငံတော်ဘာသာနေ့ အခမ်းအနားများကို လာမည့် ဝါခေါင်လဆန်း ၁၄ရက်၊ ၁၅ရက်(လပြည့်နေ့)၊ ဝါခေါင်လပြည့်ကျော် ၁ ရက်(သြဂုတ် ၉၊ ၁ဝ၊ ၁၁)ရက်များတွင် ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

အမျိုးဘာသာစောင့်ရှောက်ရေးမှ ဒေါက်တာဓမ္မပီယက ''နိုင်ငံတော် အစိုးရအနေနဲ့ တစ်နိုင်ငံလုံး လုပ်တယ်ဆိုရင်တော့ သက်ဆိုင်တဲ့အဖွဲ့အစည်း တွေ အကုန်သိဖို့လိုတယ်။ အသင်းအဖွဲ့တစ်ခုအနေနဲ့ လုပ်တယ်ဆိုရင်တော့ သူ့ခံယူချက်နဲ့သူလုပ်တဲ့အတွက် ဘာမှမပြောလိုပါဘူး''ဟု ပြောသည်။

ယခုကဲ့သို့ ဝါခေါင်လပြည့်နေ့တွင် ပြုလုပ်ရခြင်းသည် ဗုဒ္ဓဘာသာနေ့မှ နိုင်ငံတော်ဘာသာနေ့အဖြစ် ပြောင်းလဲသတ်မှတ်ခဲ့သည့် ၁၉၆၁ခုနှစ် သြ ဂုတ်၂၆ရက်၊ ဝါခေါင်လပြည့်နေ့တွင် ပြောင်းလဲသတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်း၊ ယခုသတ်မှတ်သည့်နေ့များတွင် ပြုလုပ်ကြောင်း သိရသည်။

အဆိုပါနေ့အား ထေရဝါဒဓမ္မကွန်ရက်မှ ဦးဆောင်ကျင်းပခြင်းဖြစ်ပြီး ၁၉၆၂ခုနှစ် စစ်တပ်အာဏာသိမ်းခဲ့ပြီးသည့်အချိန်မှ ပျောက်ကွယ်လုဖြစ် ခဲ့သည့် ယင်းနေ့အား ဂုဏ်ယူစရာကောင်းသည့်နေ့တစ်နေ့အဖြစ် သမိုင်း ပြန်လည်သိရန် ရည်ရွယ်လုပ်ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။

.. www.MyanmarExpress.net

Read More
Posted by Unknown on Friday, August 1, 2014

ကောသလမင်း အိမ်မက်(၁၆)ချက် အား မေးလာတဲ့အတွက် ဗဟုတုတ ရစေကြခြင်း အကျိုးငှာ
ရှာဖွေတင်ပြလိုက်ပါသည်။ (ဘုရားဟော နိမိတ်များ ဖြစ်ပါသည်)

(၁) အရပ်လေးမျက်နှာမှ လေးခုသော နွားလား ဥသဘတို့သည် လာလတ်၍ မင်းရင်ပြင်၌ ဝှေ့မည်ဟု တွန်မြည် ကြုံးဝါးလျက် မဝှေ့ပဲသာလျှင် ဖဲလေကုန် သည်ဟု မြင်မက်ပါသည်။

- နောင်အခါ တရားမစောင့်သော မင်းတို့ လက်ထက်၌ အရပ်လေးမျက်နှာမှ မိုးတို့သည် ရွာအံသကဲ့သို့ ထစ်ကြိုးလျက် မရွာပဲသာလျှင် ပျောက်ပျက် ကုန်လတ္တံ့။ ထိုအခါ ...ကောက်ပဲသီးနှံတို့ ပျက်ဆီး၍ လူတို့၌ အစာရေစာ ရှားပါး ငတ်မွတ်ခြင်း ဖြစ်လတ္တံ့။

(၂) နုနယ်သေးငယ်စွာသော အပင်တို့သည် ပွင့်ကြ သီးကြသည်ကို မြင်မက် ပါသည်။

- နောင်အခါ ဆုတ်ယုတ်သောကာလ လူတို့ အသက်တန်း တိုသော ကာလ ၌ ယောင်္ကျား မိန်းမတို့သည် ထက်သန် ပြင်းသော ရာဂ ရှိကုန်သည် ဖြစ်၍ ငယ်ရွယ်စဉ် အခါ၌ပင် အိမ်ထောင်ပြုခြင်း၊ သားမွေးခြင်း တို့ကို ပြုကုန်လတ္တံ့။

(၃) နွားမကြီးတို့သည် မိမိတို့ မွေးစဖြစ်သော နွားမငယ်တို့၏ နို့ကို စို့သည် ဟု မြင်မက်ပါသည်။

- နောင်အခါ ကြီးသောသူတို့အား အရိုအသေပြုခြင်း ပျောက်ကွယ်သော ကာလ၌ အမိအဖ၊ ယောက္ခမ စသူတို့သည် ကိုးကွယ်ရာ မရှိကုန်သည် ဖြစ် သဖြင့် မိမိတို့၏ သားသမီး သားမက် ချွေးမ စသူတို့ထံ၌ ကပ်ရပ်၍ ငြိုငြင် ညှိုးငယ်စွာ အသက်မွေးရကုန်လတ္တံ့။

(၄) လှည်းတို့၌ ဝန်ကို ဆောင်နိုင်သော နွားကြီးတို့ကို မကမူ၍ နွားငယ်တို့ ကိုသာ ကစေကုန်၏။ နွားငယ်တို့လည်း ဝန်ကို မနိုင်၍ လှည်းတို့ကိုလည်း ဆွဲခြင်းငှာ မတတ်နိုင်သည်ကို မြင်မက်ပါသည်။

- နောင် တရားမစောင့်သော မင်းတို့ လက်ထက်၌ အသက်ကြီး ဝါကြီး ပညာရှိကုန်သော သူတို့အား အမတ်၊ တရားသူကြီး စသော ရာထူးစည်း စိမ်တို့၌ မခန့်ထားမူ၍ အသက်၊ ဝါ၊ ပညာ ငယ်ကုန်သော လူငယ်တို့အားသာ ခန့်ထားကြလတ္တံ့။ ထိုအခါ အခွင့်အရေးမသိ၊ မတော် မမှန်ဖြစ်၍ အမှု မပြီး၊ အကျိုးမပြီး ရှိသောအခါ လူငယ်တို့သည် မိမိတို့၏ ရာထူး စည်းစိမ်ကို စွန့်ကြ လတ္တံ့။ လူကြီးတို့သည်လည်း ငါတို့မှာ ပြင်ပကသာ ဖြစ်၏ဟု လျစ်လျှုပြု ၍ နေကြလကုန်လတ္တံ့။ သို့ဖြစ်၍ တရားမစောင့် အမှုမပြီးကြသည်နှင့် မင်းနှင့် တကွ တိုင်းပြည်ပါ ဆုတ်ယုတ် ပျက်ဆီးကြလတ္တံ့။

(၅) ခံတွင်း နှစ်ခုရှိသော မြင်းသည် ကျွေးလာသော မုယောစပါး စသည်တို့ ကို ခံတွင်းနှစ်ခုဖြင့်ပင် စားသည်ဟု မြင်မက်ပါသည်။

- နောင် တရားမစောင့်သော မင်းတို့လက်ထက်၌ တရားမစောင့်သော တရားသူကြီးတို့သည် နှစ်ဖက်သော အမှုသည်တို့မှ ပေးသော တံစိုးလက်ေ ဆာင်တို့ကို စား၍ အမှုတို့ကို မမှန်မကန် ဆုံးဖြတ်ကြကုန်လတ္တံ့။

(၆) အဖိုးတသိန်း ထိုက်သော ရွှေခွက်ကို မြေခွေးဖိုအား ကျင်ငယ်စွန့် ရန် ပေး၏။ မြေခွေးလည်း ထိုရွှေခွက်၌ကျင်ငယ်စွန့်သည်ဟု မြင်မက်ပါသည်။

- နောင် တရားမစောင့်သော မင်းတို့ လက်ထက်၌ အမျိုးမြတ်သော သူတို့ သည် အချီးအမြှောက် မခံရ၊ ဆင်းရဲကြ၍ အမျိုးယုတ်သော သူတို့ အစိုးတ ရ ကြွယ်ဝ ချမ်းသာကြလတ္တံ့။ ထိုအခါ အမျိုးမြတ်တို့ အသက် မွေးခြင်းငှာ မတတ်နိုင်ကုန်သည် ဖြစ်၍ မိမိတို့ သမီးတို့ကို အမျိုးယုတ်တို့အား ပေး၍ အသက်မွေး ကြကုန်လတ္တံ့။

(၇) တယောက်သော ယောင်္ကျားသည် အင်းပျဉ်၌ ထိုင်လျက် လွန်ကို ကျစ်၍ ခြေရင်း၌ ထား၏။ ထို အင်းပျဉ်အောက်၌ရှိသော ဆာလောင်ေ သာ မြေခွေးမသည် ထိုယောင်္ကျား မသိစဉ်လျှင် ထိုလွန်ကို စား၏ ဟု မြင် မက်ပါသည်။

- နောင်အခါ မိန်းမတို့သည် အစားအသောက်၊ အဝတ်၊ အနေအထိုင် စသည်တို့၌ လော်လည်ခြင်း ရှိ၍ မိမိတို့ လင်ယောင်္ကျားသည် ဆင်းရဲငြို ငင်စွာ ရှာဖွေ စုဆောင်းအပ်သော ဥစ္စာ ပစ္စည်းတို့ကို အဝတ်အစား၊ အစား အသောက် တို့၌ လည်းကောင်း၊ သောက်စား ကစားခြင်းတို့၌ လည်းကောင်း၊ အပျော်အပါးတို့၌ လည်းကောင်း၊ သဘောက် လင်ငယ်
ထားခြင်း တို့၌ လည်းကောင်း အရမ်းမဲ့လျှင် ဖြုန်းတီးလေလတ္တံ့။ ခွေးမသည် မသိ စဉ်းစား သကဲ့သို့ အိမ်သူ မိန်းမတို့သည် ဤသို့ တိတ်တဆိတ် ဖြုန်းတီး ခိုးစားကြလတ္တံ့။

(၈) ရေမရှိသော အိုးတို့ဖြင့် ခြံရံအပ်သော ရေပြည့်အိုးကြီး တလုံးကို မြင်ရ ၏။ လူတို့သည် အရပ် ၈ မျက်နှာမှ ရေကို ယူလာကြ၍ ထိုရေပြည့်အိုးကြီး အတွင်းသို့သာလျှင် လောင်းထည့်ကြ၏။ လောင်းထည့်သော ရေတို့သည် ပြည့်လျှံ၍ ကျကုန်၏။ ဤသို့လျှင် အဖန် တလဲလဲ ရေပြည့်အိုးသို့သာ လောင်း လျှက် ရေမရှိသော အခြံအရံ အိုးတို့ အတွင်းသို့ကား မည်သူမျှ မလောင်း မထည့်ပဲ နေသည်ကို မြင်မက်ပါသည်။

- နောင်အခါ မကောင်းသော မင်းတို့ လက်ထက်၌ မင်းနှင့်တကွ လူတို့ တရားပျက်ကွက်၊ သြဇာညံ့ဖျင်း၊ ဆင်းရဲခြင်းသို့ ရောက်ကြကုန်လတ္တံ့။ ထိုအခါ မင်းအစိုးရတို့သည် ဆင်းရဲသားတို့အား မင်း၏ အကျိုးစီးပွား အတွက်ကိုသာ လုပ်ကိုင်စေအံ။ ဆောင်ရွက် စေအံ။ ထမ်းရွက်စေအံ။ သို့ဖြစ်ရကား မင်းတို့၌သာ ပြည့်စုံ အကျိုးခံစားကြရ၍ ဆင်းရဲသားတို့ မှာ ရေမရှိသော အိုးတို့ပမာ တစုံတရာ မရှိ ငတ်မွတ် ခေါင်းပါးခြင်းသို့ ရောက်ကုန်လတ္တံ့။

(၉) နက်ရှိုင်း ကျယ်ဝန်းသော ရေကန်ကြီး တခုတွင် သတ္တဝါတို့ ဆင်း၍ ရေေ သာက်ကြ၏။ ကန်၏ အလယ် ရေနက်ရာ၌ ရေသည် နောက်၍ ကန်နားဝန်း ကျင် ရေတိမ်ရာ သတ္တဝါတို့ နင်းရာ၌ ရေသည် ကြည်လင်၏ဟု မြင်မက်ပါ သည်။

- နောင်အခါ တရားမစောင့်သော မင်းတို့သည် မတရား အုပ်စိုးခြင်း၊ တံစိုးစားခြင်း၊ လော်လည်ခြင်း၊ သနားညှာတာ ဂရုဏာ မဲ့ခြင်း၊ ကြမ်းကြုတ် ရက်စက်ခြင်းတို့ ရှိလျှက် လူတို့အပေါ်၌ အထူးထူး အပြားပြားသော အချင်းအရာဖြင့် အခွန်အတုတ်တို့ကို ခွဲခန့် ကောက်ယူလတ္တံ့။ ထိုအခါ လူတို့မှာ တစ်စုံတစ်ရာ မပေးဆောင်နိုင် ပင်ပန်းဆင်းရဲလျက် မြို့ကြီးရပ် ကြီးတို့၌ မနေနိုင်ပဲ ရပ်စွန် ပြည်နားသို့ သွားရောက်နေကြရသည် ဖြစ်လတ္တံ့။ ကန်အလယ်တွင်နောက်၍ ကန်ဘေးတွင် ကြည်သကဲ့သို့ မြို့လယ်ရွာလယ်၌ တိတ်ဆိတ်၍ ရပ်စွန်ပြည်နား၌ လူစည်ကားလတ္တံ့။

(၁၀) တစ်လုံးတည်းသော အိုးဖြင့် တချိန်တည်းချက်သော ထမင်းသည် အချို့ပျော့၏၊ အချို့ မနပ်၊ အချို့နပ်၏။ ဤသို့ မြင်မက်ပါသည်။

- နောင် တရား မစောင့်သော မင်းတို့ လက်ထက်၌ မိုးကွက်ကြား ရွာလတ္တံ့။ ထိုအခါ အချို့နေရာ၌ မိုးရွာလွန်း၍ ကောက်ပဲသီးနှံ ပျက်အံ။ အချို့နေရာ၌ မရွာ၍ ပျက်အံ။ အချို့နေရာ တွင်ကား မိုးမှန်၍ ကောင်းအံ။ ဤသို့လျှင် ထမင်းအိုးတွင် မြင်သော ထမင်းကဲ့သို့ ကောက်ပဲသီးနှံ သုံးထွေ ပြားလတ္တံ့။

(၁၁) အဖိုးတသိန်းထက်သော စန္ဒကူးနှစ်ကို ယက်တက်ပုပ်ရည်ဖြင့် ရောင်း စားသည်ကို မြင်မက်ပါသည်။

- နောင်အခါ ငါဘုရား၏ သာသနာတော် ဆုတ်ယုတ်သော ကာလ ** တွင် လော်လည်၍ လာဘ်လာဘကို မက်မော ကုန်သော ရဟန်းအလဇ္ဇီ လူအလဇ္ဇီတို့သည် ဆွမ်း၊ ဆေး၊ ကျောင်း၊ သင်္ကန်း ဥစ္စာပစ္စည်း စသည် တို့ကို အလိုရှိကုန်သည် ဖြစ်၍ လမ်းခရီးဆုံ၊ အိမ်ဝ၊ အိမ်ကြို အိမ်ကြားတို့၌ ငါဘုရား၏ တရားတော်ကို ဟောကြားလတ္တံ့။ နိဗ္ဗာန် အလို့ငှာ ဟောတော် မူအပ်သော အလွန် မွန်မြတ်သော တရားတော်ကို တစ်ပဲ၊ တစ်မူး၊ တစ်ကျပ် စသည်တို့ အကျိုးငှာ ရောင်းစား ဟောပြော ကြသည် ဖြစ်၍ တသိန်း ထိုက်သော စန္ဒာကူးနှစ်ကို ယက်တက်ပုပ်ရည်ဖြင့် ရောင်းစား သကဲ့ သို့ ဖြစ်ကုန်လတ္တံ့။

(၁၂) ဘူးတောင်းတို့သည် ရေ၌ နစ်သည်ဟု မြင်မက်ပါသည်။

- နောင်အခါ တရား မစောင့်သော မင်းတို့ လက်ထက်၌ အမျိုးယုတ်သော သူတို့ကိုသာ ရာထူး စည်းစိမ် ပေးသည် ဖြစ်၍ အမျိုးယုတ်တို့ တန်ခိုး အာဏာ ကြီးမား ထင်ပေါ် အရာရာတွင် တွင်ကျယ်လျက် ၄င်းတို့ စကားသာလျှင် ဘုးတောင်း နစ်သကဲသို့ နစ်၍ တည်ကုန်လတ္တံ့။

(၁၃) ကျောက်ဖျာကြီး ရေတွင်ပေါ်သည်ဟု မြင်မက်ပါသည်။

- နောင်အခါ တရား မစောင့်သော မင်းတို့ လက်ထက်၌ တော်မှန် လိမ္မာ ပညာရှိသော သူတို့၏ စကားသည် မည်သည့် အရာ၌ မဆို လေးေ သာ ကျောက်ဖျာ ရေတွင် ပေါ်သကဲ့သို့ နစ်တည် ခြင်းမရှိ၊ မခိုင်မမြဲ ရှိကြကုန် လတ္တံ့။

(၁၄) ဖားငယ်မ တို့သည် ကြီးစွာသော မြွေဟောက်ကြီးများကို စားမြိုသည် ဟု မြင်မက်ပါသည်။

- နောင်အခါ လူတို့သည် ပြင်းသော ရာဂ ရှိကုန်သည် ဖြစ်၍ ကိလေသာ အလိုသို့ လိုက်လျက် ငယ်ရွယ်ကုန်သော မယားတို့၏ အလိုသို့ လုံးဝ လိုက်ကြကုန် လတ္တံ့။ အလုပ်အကိုင်မှု၊ ဥစ္စာ ပစ္စည်းမှု၊ ကျေးကျွန်မှု၊ စီမံခန့်ခွဲမှု စသော အရပ်ရပ်တို့၌ လင်ပေါ်တွင် လွှမ်းမိုး အုပ်စိုးခြင်းကို ပြုကြ မည် ဖြစ် ရကား ဖားငယ်မသည် အဆိပ်လျင်သော မြွေကို စားမျိုသကဲ့သို့ ဖြစ်ကုန် လတ္တံ့။

(၁၅) မည်းနက် ရုပ်သွင်၊ အဆင်း ဆိုးဝါးသော ကျီးတို့ကို ရွှေ၏ အဆင်းနှင့် တူသော ရွှေဟင်္သာ တို့က ခြံရံ နေကြသည်ကို မြင်မက်ပါသည်။

- နောင်အခါ အားနည်းသော မင်းတို့ လက်ထက်၌ ထိုမင်းတို့သည် ဆင်စီး မြင်း စီး စသော အတတ်တို့၌ မလိမ္မာ၍ စစ်ထိုးခြင်း၌ မရဲရင့် ဘဲ ဖြစ်ကြကုန် လတ္တံ့။ ထိုအခါ တိုင်းပြည် နိုင်ငံ ဆုံးရှုံးမည်ကို စိုး၍ တူသော ဇာတ်ရှိသော သူကောင်းသား တို့အား အစိုးရခြင်းကို မပေးမူ၍ မိမိတို့ထံ၌ ခစား ကြကုန် သော အမျိုး ယုတ်သော ကျေးကျွန်တို့အားသာ ပေးကုန်လတ္တံ့။ သို့ဖြစ်၍ အမျိုးကောင်းသားတို့ ကိုးကွယ်ရာ မရှိပဲ အစိုးရခြင်း၌ တည်ကုန်သော အမျိုးယုတ်တို့ထံ၌ ခစားကြကုန် လတ္တံ့။

(၁၆) ဆိတ်တို့သည် သစ်ကို သတ်စားကြသဖြင့် သစ်တို့ သည် ကြောက် လန့်လျက် ဆိတ်တို့ကို အဝေးမှ မြင်လျှင်ပင် တောချုံရှိရာ သို့ ပြေးကြ သည်ကို မြင်မက်ပါသည်။

- နောင်အခါ တရား မစောင့်သော မင်းတို့ လက်ထက်၌ အမျိုးယုတ်သော သူတို့ အစိုးရ ကုန်သည် ဖြစ်၍ အမျိုးမြတ်သူတို့ မထင်ရှား ဖြစ်လတ္တံ့။ အမျိုးယုတ် သူတို့မှာ မင်းကျွမ်းဝင်သည် ဖြစ်၍ တရားရုံးတို့၌ သြဇာအာဏာ လွှမ်းမိုးလျက် အမျိုးမြတ်သူတို့၏ ဘိုးဘပိုင် လယ်မြေ ဥစ္စာ အရပ်ရပ်တို့ကို ငါတို့ လယ်မြေဥစ္စာ ဖြစ်သည်ဟု သိမ်းယူကြ၍ တရားတဘောင် ဖြစ်လျှင် တန်ခိုးမဲ့သူတို့အား ဖိနှိပ်ပုတ်ခတ် ခြိမ်းခြောက် နှင်ထုတ်လျက် အနိုင်ကျင့် ကြကုန်လတ္တံ့။ ထိုအခါ အမျိုးမြတ်သူတို့ ကြောက်လန့် စက်ဆုတ်ကုန် သည် ဖြစ်၍ လယ်ယာ ဥစ္စာတို့ကို ပေးအပ်ကုန်လျက် အိမ်သို့ပြန်၍ အိပ်နေကြ ကုန်အံ။ ထိုမှ တပါးလည်း အကျင့်သီလရှိသော ရဟန်းတို့သည် အကျင့်သီလ မဲ့သော ရဟန်းတို့က ချုပ်ချယ် ဖိနှိပ်ကြလေသဖြင့် တော သို့ ပြေးဝင် ပုန်းအောင်း ကြကုန်လတ္တံ့။ ဤသို့လျှင် အမျိုးကောင်း၊ သူတော်ကောင်း တို့လည်း လွတ်ရာ ကျွတ်ရာ တောတောတောင်တောင် တို့ကို ပြေးပုန်း ကြကုန် လတ္တံ့။

The Express Times

Read More
Posted by Unknown on Tuesday, July 29, 2014





 မျိုးစောင့်ဥပဒေ ကန့်ကွက်သူများ ခြိမ်းခြောက်ခံရသည် ဆိုတုန်းက လူ့အခွင့်အရေးဖြင့် အကြောင်းပြက စိုးရိမ်ကြောင်း ပြောခဲ့တဲ့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး ဒဲရစ်မစ်ချယ်လ် နဲ့ တရားဥပဒေစိုးမိုးရေး ကော်မတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်တို့မှ စိုးရိမ်ကြောင်း ပြောကြားခဲ့ပေမယ့် ဒေါ်ခင်ဝိုင်းကြည်၊ ဆရာတော် ဦးဝီရသူ နဲ့ ဦးဆန်းလွင်တို့ ဥပဒေမဲ့ ခြိမ်းခြောက်ခံနေရတာကိုတော့ ဒေါ်စုနဲ့ ဒဲရစ်မစ်ချယ်တို့ နှုတ်ပိတ်နေကြကြောင်း တွေ့ရပါတယ်။

 လာမည့်ရွေးကောက်ပွဲမှာ အချိုးကျကိုယ်စားပြု (PR) စနစ်ကျင့်သုံးဖို့ အမျိုးသားလွှတ်တော်မှာ အဆိုတင်သွင်းခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည် ခြိမ်းခြောက်ခံနေရပါတယ်။

ဒေါ်ခင်ဝိုင်းကြည်ကို တယ်လီဖုန်းနဲ ဆက်သွယ်ခြိမ်းခြောက်တာ၊ လွှတ်တော် အတွင်းမှာ စောင်းမြောင်း ပြောဆိုတာ၊ မီဒီယာတွေမှာလဲ သမိုင်း တရားခံအဖြစ် ရေးသားဖော်ပြမှုတွေ ကြုံတွေ့နေရတယ် လို့ အမျိုးသားဒီမိုကရေစီ အင်အားစု (NDF) ပါတီက ဇွန်လ ၂၃ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်လိုက်ပါတယ်။

NDF ပါတီဝင် တစ်ဦးဖြစ်တဲ့ ဒေါ်ခင်ဝိုင်းကြည်က ခြိမ်းခြောက်ခံနေရတဲ့အတွက် စိုးရိမ်တဲ့အကြောင်း အခုလို ရင်ဖွင့်လာပါတယ်။ “ဖုန်းကနေတစ်ဆင့် ကိုယ်ရေးကိုယ်တာတွေ မိသားစု အရေး ကိစ္စတွေအထိ မေးမြန်းနှောက်ယှက်တာတွေ ကြုံရတယ်။ အန်တီက နေပြည်တော်မှာ ရှိနေပေမဲ့ ရန်ကုန်က မိသားစုကို စောင့်ကြည့်နေတဲ့ပုံစံမျိုးအထိ ဖြစ်လာတော့ နည်းနည်းတော့ စိုးရိမ်တာပေါ့”
 

အဆိုပါ ကိစ္စနဲ့ ပတ်သက်ပြီး ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ကတော့ အရင်ကလို့ ဥပဒေစိုးမိုးမှု ရှိဖို့လိုအပ်ကြောင်း မပြောခဲ့ပါဘူး။ ဒေါ်ခင်ဝိုင်းကြည် မတိုင်ခင်ကတည်းက ဒေါ်အောင်ဆန်းစုကြည်ကို အရှက်ရစေခဲ့တဲ့ တပ်ကုန်းမှ ဦးဆန်းလွင်ကို နေအိမ်ရှေ့ထိ လာရောက် အော်ဟစ် ဆဲဆိုခြိမ်းခြောက်မှုတွေရှိနေပြီး ဆရာတော်ဦးဝီရသူကိုလည်း  မွတ်ဒေါင်း ပါတီလို့ မိန့်ခဲ့စဉ်က ခြိမ်းခြောက်မှုတွေ ဆက်တိုက်ကြုံခဲ့ရကြောင်း သိရပါတယ်။ 

မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ရပြီဆိုသော်လည်း ဒေါ်အောင်ဆန်းစုကြည်ကို အခက်တွေ့အောင် PR စနစ် လွှတ်တော်မှာတင်သူ၊ အရှက်ရအောင်လုပ်သူ နဲ့ မွတ်ဒေါင်းဟု ပြောဆိုသူများ ခြိမ်းခြောက်ခံနေရခြင်းဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စေခိုင်းမှုကြောင့် ဖြစ်နိုင်တယ်လို့ လူအများက ယုံကြည်နေကြပါတယ်။

.. www.MyanmarExpress.net

Read More
Posted by Unknown on Tuesday, June 24, 2014

Photo: ဘာသာကြီး ၄-ရပ်ရဲ့ လက်ထပ်ထိမ်းမြားခြင်း ဆိုင်ရာများ  ဟိန္ဒူ === ဟိန္ဒူဓလေ့ထုံးတမ်းဥပဒေအရ ဟိန္ဒူဘာသာဝင်အချင်းချင်းပင် ဇာတ်မတူပါက ထိမ်းမြားခြင်းမပြုနိုင်သဖြင့် ဗုဒ္ဓဘာသာဝင်တစ်ဦးနှင့် ထိမ်းမြားခြင်းမပြုနိုင်ပေ။ ဟိန္ဒူဘာသာတွင် (၁)ဗြဟ္မဏ (၂)ခတ္တိယ (၃)ဝေဿ (၄)သုဒ္ဓဟူ၍ (၄)မျိုးရှိရာ ထို(၄)မျိုးတွင် ဟိန္ဒူဘာသာဝင်များနှင့် ဗုဒ္ဓဘာသာဝင်များ တရားဝင်ထိမ်းမြားရန် မဖြစ်နိုင်ဟု စီရင်ထုံးဟောင်းများက ပြဆိုထားသည်။  ခရစ်ယာန် ====== ခရစ်ယာန်ထိမ်းမြားခြင်းဥပဒေပုဒ်မ-၄အရ ခရစ်ယာန်နှင့်ခရစ်ယာန်မဟုတ်သူတစ်ဦး ထိမ်းမြားခြင်းပြုနိုင်သည်။  သို့ရာတွင် ထိမ်းမြားခြင်းကို ခရစ်ယာန်ဘုရားရှိခိုးကျောင်းတွင်လည်းကောင်း,ထိမ်းမြား ခြင်းမှတ်ပုံတင်အရာရှိရှေ့တွင်လည်းကောင်း ထုံးပုံနည်းလမ်းတကျထိမ်းမြားမှသာလျှင် တရားဝင်သည်။အခြားနည်း ထိမ်းမြားမှုများ တရားမဝင်၊ ဥပဒေကို မလိုက်နာလျှင် ထောင်ဒဏ်ငွေဒဏ် သတ်မှတ်နိုင်သည်။ နမူနာအားဖြင့် ပုဒ်မ-၆ဝ ဤဥပဒေပုဒ်မ-၅ အရ ထိမ်းမြားပေးပိုင်ခွင့်ရှိသူမဟုတ်ဘဲ ခရစ်ယာန်(၂)ဦး သို့မဟုတ်(၁)ဦး ခရစ်ယာန်လက်ထပ်ပေးပါက ထောင်ဒဏ်(၁ဝ)နှစ်အထိ အပြစ်ပေးနိုင်သည်။  ***လူအခွင့်အရေးဆိုပြီးမျက်စိမှိတ်စွတ်အော်နေသူများ ကြပ်ကြပ်သတိထားလေ့လာပါရန်  အစ္စလာမ် ====== ဘာသာကွဲနှင့် လုံးဝလက်ထပ်ခွင့်မပြု၊ ဘာသာမတူသူဖြစ်ပါက အစ္စလာမ်ဘာသာသို့ တရားဝင်ကူးပြောင်းပြီးသည့်အခါမှသာ လက်ထပ်ခွင့်ရှိသည်။ သူတို့ကျမ်းစာကို စော်ကားပါက သေဒဏ်အထိချမှတ်နိုင်သည်။ အိမ်ထောင်ရေးဖောက်ပြားပါက လူအများရှေ့တွင် လူတိုင်းက ခဲနှင့်ထုသတ်ခြင်း၊ လူတိုင်းက မေထုန်ကျင့်နိုင်ခြင်း အပြစ်များပေးပါသည်။   ဗုဒ္ဓဘာသာ ====== မည်သည့်ဘာသာခြားကမဆို ၄င်းတို့ ဘာသာကို စွန့်လွှတ်ရန်မလိုဘဲ ထိမ်းမြား လက်ထပ်ခြင်းကို ခွင့်ပြုထားသည်။ ဘာသာခြားများက ဗုဒ္ဓဘာသာဝင် ပြည်ထောင်စုဖွား တိုင်းရင်းသားများကို ၄င်းတို့ဘာသာကို စွန့်လွှတ်ရန်မလိုဘဲ ထိမ်းမြားလက်ထပ်ခွင့်ပြုထားသည်။ အလွန်သဘောကောင်းသော အလွန်ရက်ရောသောဥပဒေဖြင့် ကာကွယ်ထားခြင်းမရှိသော ဒလဟောခွင့်ပြုထားသော ဘာသာဖြစ်နေပါတယ်။  အလွန်ဝမ်းနည်းဖွယ်ရာ အလွန်ရှက်စရာကောင်းတဲ့ အနေအထားကို အတိုင်းသားတွေ့မြင်ပါတယ်။ ဗုဒ္ဓဘာသာဝင် အမျိုးသမီးများကို အုတ်ကြားမြက်လောက်မှ တန် ဖိုးမထားဘာသာခြားများက အလွယ်တကူ စော်ကားဖို့ ခွင့်ပြုထားသလို ဖြစ်နေပါတယ်။ --------- ပြည့်သူ့တရားသူကြီးအဖွဲ့ (အငြိမ်းစား)၊ သံအမတ်ကြီး(အငြိမ်းစား) ဦးဘမော်(B.A Hons B.l)ရေးတဲ့ မြန်မာနိုင်ငံအိမ်ထောင်ခန်းများ(Marriage  Laws of Myanmar)စာအုပ်မှ ဘာသာကြီး ၄-ရပ်ရဲ့ လက်ထပ်ထိမ်းမြားခြင်း ဆိုင်ရာများဟိန္ဒူ
===
ဟိန္ဒူဓလေ့ထုံးတမ်းဥပဒေအရ ဟိန္ဒူဘာသာဝင်အချင်းချင်းပင် ဇာတ်မတူပါက ထိမ်းမြားခြင်းမပြုနိုင်သဖြင့် ဗုဒ္ဓဘာသာဝင်တစ်ဦးနှင့် ထိမ်းမြားခြင်းမပြုနိုင်ပေ။
ဟိန္ဒူဘာသာတွင် (၁)ဗြဟ္မဏ (၂)ခတ္တိယ (၃)ဝေဿ (၄)သုဒ္ဓဟူ၍ (၄)မျိုးရှိရာ ထို(၄)မျိုးတွင် ဟိန္ဒူဘာသာဝင်များနှင့် ဗုဒ္ဓဘာသာဝင်များ တရားဝင်ထိမ်းမြားရန် မဖြစ်နိုင်ဟု စီရင်ထုံးဟောင်းများက ပြဆိုထားသည်။

ခရစ်ယာန်
======
ခရစ်ယာန်ထိမ်းမြားခြင်းဥပဒေပုဒ်မ-၄အရ ခရစ်ယာန်နှင့်ခရစ်ယာန်မဟုတ်သူတစ်ဦး ထိမ်းမြားခြင်းပြုနိုင်သည်။
သို့ရာတွင် ထိမ်းမြားခြင်းကို ခရစ်ယာန်ဘုရားရှိခိုးကျောင်းတွင်လည်းကောင်း,ထိမ်းမြား
ခြင်းမှတ်ပုံတင်အရာရှိရှေ့တွင်လည်းကောင်း ထုံးပုံနည်းလမ်းတကျထိမ်းမြားမှသာလျှင် တရားဝင်သည်။အခြားနည်း ထိမ်းမြားမှုများ တရားမဝင်၊ ဥပဒေကို မလိုက်နာလျှင် ထောင်ဒဏ်ငွေဒဏ် သတ်မှတ်နိုင်သည်။ နမူနာအားဖြင့် ပုဒ်မ-၆ဝ ဤဥပဒေပုဒ်မ-၅
အရ ထိမ်းမြားပေးပိုင်ခွင့်ရှိသူမဟုတ်ဘဲ ခရစ်ယာန်(၂)ဦး သို့မဟုတ်(၁)ဦး ခရစ်ယာန်လက်ထပ်ပေးပါက ထောင်ဒဏ်(၁ဝ)နှစ်အထိ အပြစ်ပေးနိုင်သည်။

***လူအခွင့်အရေးဆိုပြီးမျက်စိမှိတ်စွတ်အော်နေသူများ ကြပ်ကြပ်သတိထားလေ့လာပါရန်

အစ္စလာမ်
======
ဘာသာကွဲနှင့် လုံးဝလက်ထပ်ခွင့်မပြု၊ ဘာသာမတူသူဖြစ်ပါက အစ္စလာမ်ဘာသာသို့ တရားဝင်ကူးပြောင်းပြီးသည့်အခါမှသာ လက်ထပ်ခွင့်ရှိသည်။
သူတို့ကျမ်းစာကို စော်ကားပါက သေဒဏ်အထိချမှတ်နိုင်သည်။
အိမ်ထောင်ရေးဖောက်ပြားပါက လူအများရှေ့တွင် လူတိုင်းက ခဲနှင့်ထုသတ်ခြင်း၊ လူတိုင်းက မေထုန်ကျင့်နိုင်ခြင်း အပြစ်များပေးပါသည်။

ဗုဒ္ဓဘာသာ
======
မည်သည့်ဘာသာခြားကမဆို ၄င်းတို့ ဘာသာကို စွန့်လွှတ်ရန်မလိုဘဲ ထိမ်းမြား လက်ထပ်ခြင်းကို ခွင့်ပြုထားသည်။ ဘာသာခြားများက ဗုဒ္ဓဘာသာဝင် ပြည်ထောင်စုဖွား တိုင်းရင်းသားများကို ၄င်းတို့ဘာသာကို စွန့်လွှတ်ရန်မလိုဘဲ ထိမ်းမြားလက်ထပ်ခွင့်ပြုထားသည်။
အလွန်သဘောကောင်းသော အလွန်ရက်ရောသောဥပဒေဖြင့်
ကာကွယ်ထားခြင်းမရှိသော ဒလဟောခွင့်ပြုထားသော ဘာသာဖြစ်နေပါတယ်။
အလွန်ဝမ်းနည်းဖွယ်ရာ အလွန်ရှက်စရာကောင်းတဲ့ အနေအထားကို အတိုင်းသားတွေ့မြင်ပါတယ်။
ဗုဒ္ဓဘာသာဝင် အမျိုးသမီးများကို အုတ်ကြားမြက်လောက်မှ တန်
ဖိုးမထားဘာသာခြားများက အလွယ်တကူ စော်ကားဖို့ ခွင့်ပြုထားသလို ဖြစ်နေပါတယ်။
---------
ပြည့်သူ့တရားသူကြီးအဖွဲ့ (အငြိမ်းစား)၊ သံအမတ်ကြီး(အငြိမ်းစား) ဦးဘမော်(B.A Hons B.l)ရေးတဲ့ မြန်မာနိုင်ငံအိမ်ထောင်ခန်းများ(Marriage
Laws of Myanmar)စာအုပ်မှ ဘာသာကြီး ၄-ရပ်ရဲ့ လက်ထပ်ထိမ်းမြားခြင်း ဆိုင်ရာများ

Read More
Posted by Unknown on Monday, June 16, 2014

မဟာ သန္တိသုခ ကျောင်းတော်ကြီးမှ
 လန်ဒန် ဆရာတော် ဥူးဥတ္တရ အပါအ၀င်
သံဃာတော် ငါးပါးအား လူဝတ်လဲ ရုံး
ထုတ်မည့် ကိစ္စနှင့် ပတ်သက်၍ ရုံးထုတ်
ချိန် မတိုင်မီ တစ်စုံတစ်ရာ တုံ့ပြန် သွားမည်



 ဖြစ်ကြောင်း အမျိုး၊ ဘာသာ၊ သာသနာ စောင့်ရှောက်ရေး အဖွဲ့ (မ.ဘ.သ) ဦးဆောင် ဆရာတော် တစ်ပါး ဖြစ်သူ မကွေးကျောင်းတိုက် ဆရာတော် ဦးပါမောက္ခ က The Messenger သတင်းစာ သို့ မိန့်ကြားသည်။

ယင်းသို့ တုံ့ပြန်သွားနိုင်ရန် အတွက် ရွှေည၀ါ ဆရာတော် ဥူးပညာဝံသ၊ မစိုးရိမ်တိုက်သစ် ဆရာတော် ဦးဝီရသူ နှင့် ရွှေဝါရောင် တော်လှန်ရေး ဆရာတော်များ နှင့် တိုင်ပင် ဆုံးဖြတ် သွားမည် ဖြစ်ကြောင်း သိရသည်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ရွှေည၀ါ ဆရာတော်၊ ဦးဝီရသူ နဲ့ ဘုန်းဘုန်းတို့က သဘောထား အတူတူပဲ။ အခုချိန်မှာက ပြောရမှာ စောသေးတယ်။ အကြံပြု တင်ပြထားတယ်။ အဖြေမရ သေးလို့ စောင့်နေတာ ဟု ဆရာတော် ဦးပါမောက္ခ က ဆက်လက် မိန့်ကြားသည်။

ယမန်နေ့ က ယင်းဖြစ်စဉ်များနှင့် ပတ်သက်၍ ရန်ကုန်မြို့တော်ဝင် နှင်းဆီ စားသောက်ဆိုင်တွင် သတင်းစာ ရှင်းလင်းပွဲပြု လုပ်၍ တိုင်းသံဃာ့ မဟာနာယက အဖွဲ့နှင့် နိုင်ငံတော် သမ္မတ သာသနာရေး အကြံပေး ဦးအံ့မောင် အား ဖြုတ်ချပေးရန် တောင်းဆို သွားမည်ဆို သော်လည်း သတင်းစာ ရှင်းလင်းပွဲပြု လုပ်နိုင်ခဲ့ခြင်း မရှိကြောင်း သိရသည်။

လန်ဒန် ဆရာတော် တပည့် သာဝကတွေက အထက်ပိုင်း နည်းလမ်းနဲ့ သွားချင်တယ်။ သူတို့ကလည်း သူတို့ နည်းလမ်းနဲ့ လုပ်ချင်တော့ ဘုန်းဘုန်းတို့ က နောက်ဆုတ်ပေးလိုက်တဲ့ သဘောရှိတယ်။ ပြီးတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဒကာ၊ ဒကာမတွေက ကြောက်နေတဲ့ သဘောလည်းရှိတယ် ဟု ဆရာတော် က ထပ်လောင်း မိန့်ကြားသည်။

ယခုလ (၁၀) ရက်နေ့၊ နံနက် (၁) နာရီ အချိန်တွင် ပီနန်ဆရာတော် ဥူးပညာဝံသ၏ မဟာသန္တိသုခ ကျောင်းတော်ကြီးအား နိုင်ငံတော် သံဃာ့ နာယက အဖွဲ့၏ ညွှန်ကြားချက်ဖြင့် တိုင်းသံဃာ့ နာယက အဖွဲ့မှ တာဝန်ရှိသူများ၊ စည်းကမ်း ထိန်းသိမ်းရေး သံဃာတော်များ၊ ရဲတပ်ဖွဲ့ အင်အားများဖြင့် အင်အားသုံး ဖယ်ရှားခဲ့ပြီး ယင်းကျောင်းတော်ကြီးတွင် သီတင်းသုံး နေထိုင်သော သံဃာ (၇) ပါးအား ခေါ်ဆောင်သွား ခဲ့သည်။

အခုချိန်ထိတော့ ဆက်သွယ်ထားတာ မရှိသေးဘူ။ ဒီကိစ္စမှာ ပူးပေါင်းသွားမယ်။ ဒါမတရားခံရတဲ့ ကိစ္စ၊ ရှေ့ကနေ မားမားရပ်တည်ပေးသွားမယ် ဟု ရွှေည၀ါ ဆရာတော် ဦးပညာသီဟက The Messenger သတင်းစာသို့ မိန့်ကြားသည်။ မဟာ သန္တိသုခ ကျောင်းတော်ကြီးမှ အင်အားသုံး ခေါ်ဆောင် သွားသော သံဃာ ခုနစ်ပါးမှ လန်ဒန် ဆရာတော် ဦးဥတ္တရ အပါ ငါးပါးအား ယခု လ(၁၃) ရက်နေ့တွင် လူဝတ်လဲ၍ တာမွေမြို့မ ရဲစခန်းမှ တစ်ဆင့် တာမွေမြို့နယ် တရားရုံးတွင် တိုင်းသံဃာ့ နာယက အဖွဲ့မှ ဦးတိုက် လျှောက်ထားပြီး အင်းစိန် အကျဉ်းထောင်သို့ ပို့ဆောင်ခဲ့ကြောင်း သတင်းများ ထွက်ပေါ်ခဲ့သည်။ ၎င်း တို့အား ယခုလ (၂၀) ရက် နေ့တွင် တာမွေမြို့နယ် တရားရုံးတွင် ရုံးထုတ် စစ်ဆေးမည် ဖြစ်ဖြစ်ကြောင်း ပြည်တွင်း သတင်း မီဒီယာများတွင် ဖော်ပြခဲ့သည်။ ဆရာတော် ဦးဝီရသူ အနေဖြင့်လည်း လူဝတ်လဲ ဖမ်းဆီးခံထားရသော သံဃာတော်များ၏ အခြေအနေအား စောင့်ကြည့် နေကြောင်း နှင့် ပြန်လည် မလွှတ်ပေးပါက ဆန္ဒထုတ်ဖော် သွားမည် ဖြစ်ကြောင်း The Messenger ဂျာနယ် အင်တာဗျူးတွင် မိန့်ကြားထားသည်။

Messenger News Daily

Read More

(နိရဉ္စရာ – ၁၆ ဇွန်လ ၂၀၁၄)/အေးသွယ်လှိုင်
monastry
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် အမျိုးဘာသာသာသနာစောင့်ရှောက်ရေး သံဃာတော်များ၏ နှစ်ပတ်လည် အစည်းအဝေးတစ်ရပ်ကို ကျောက်ဖြူမြို့တွင် ကျင်းပခဲ့ကြောင်း သတင်း ရရှိသည်။
ယင်းအစည်းအဝေးကို ကျောက်ဖြူမြို့ ယပ်လှဲကျောင်းတွင် ဇွန်လ(၁၃)ရက်နေ့ နေ့လည်(၂)နာရီတွင် စတင် ကျင်းပခဲ့ရာ ကျောက်ဖြူမှ ရဟန်းရှင်လူ(၅၀)ကျော် တက်ရောက်လာကြကြောင်း သိရသည်။
အစည်းအဝေးတွင် မင်းကျောင်းဆရာတော်ကြီးအား သဘာပတိဆရာတော်အဖြစ် တင်မြှောက်ခဲ့သည်။
သဘာပတိဆရာတော်ကြီးနှင့် သံဖြူကျောင်းဆရာတော်ကြီးတို့မှ တက်ရောက်လာသော ရဟန်းရှင်လူ ပရိသတ် များအား သြဝါဒများမိန့်ကြားခဲ့ကြသည်။
ယင်းနောက် ကျောက်ဖြူမြို့နယ် မဘသဥက္ကဌ၊ မူလာရာမဆရာတော်နှင့် ကျောက်မြောင်း ဆရာတော်တို့မှ မဘသ၏ လုပ်ဆောင်ချက်များကိုရှင်းလင်းခဲ့ကြပြီး အစည်းအဝေးဆုံးဖြတ်ချက် (၅) ခုကို ချမှတ်ခဲ့ကြကြောင်း သိရ သည်။
ယင်းဆုံးဖြတ်ချက်များမှာ——–
၁။ နှစ်ပတ်လည်အမျိုးဘာသာသာသနာစောင့်ရှောက်ရေးအဖွဲ့(ဗဟို)အစည်းအဝေးကိုထောက်ခံသွားရန်။
၂။ အမျိုးဘာသာသာသနာစောင့်ရှောက်ရေးဗဟိုအဖွဲ့ဝင်၏   တစ်နှစ်ပတ်လုံးလုပ်ဆောင်ချက်များကိုထောက်
ခံသွားရန်။
၃။ မျိုးစောင့်ဥပဒေပြဌာန်းရေးကိစ္စကို ထောက်ခံသွားရန်။
၎ ။ဘယ်သူ တရားပျက်ပျက် ကိုယ့်ဘက်မှတရားမပျက်ဘဲ အမျိုးဘာသာသနာ(နယ်မြေ)ကို စောင့်ရှောက်သွား ရန်။
၅။ ဗလငါးတန်ပြည့်စုံရန်အတွက် လာမည့်နှစ်တွင် ဆရာ၊ ဒကာလက်တွဲ၍ဆောင်ရွက်သွားကြရန် တို့ဖြစ်ကြောင်း သိရှိရသည်။

Read More

အခုရက်ပိုင်းအတွင်း ဗုဒ္ဓဘာသာဝင် ပြည်
သူတွေအကြားမှာရော၊ ရဟန်းသံဃာနဲ့
 နိုင်ငံရေး အသိုင်းအ၀ိုင်းအကြားမှာပါ
အလွန်ဂယက်ရိုက်ခတ်သွားတဲ့ ပြဿနာ တစ်ခု
က မဟာသန္တိသုခကျောင်းတိုက်က


ပီနန်ဆရာတော်ဘုရားကြီးရဲ့တပည့် အင်္ဂလန်ဆရာတော် ဦးဥတ္တမအပါအ၀င် သံဃာငါးပါးကို ရန်ကုန်တိုင်း သံဃမဟာနာယကအဖွဲ့က အတင်းအကျပ် လူဝတ်လဲစေပြီး၊ တရားစွဲဆို အင်းစိန်ထောင်ပို့လိုက်တဲ့ ကိစ္စပါ။

 ဒါဟာ ပီနန်ဆရာတော်ကြီး သီတင်းသုံးတော်မူတဲ့ တာမွေနတ်ချောင်းက မဟာသန္တိသုခကျောင်းတော်ကြီးကို ဆရာတော်ကြီး ဂျပန်ပြည်ကြွနေခိုက် သာသနာရေးဝန်ကြီးဌာနက ပုဂ်္ဂိုလ်တွေ၊ ရဲတွေနဲ့သံဃာတချို့ ပူးပါင်းပြီး ညအချိန်မတော် ၀င်ရောက်စီးနင်း သိမ်းပိုက်ချိတ်ပိတ်လိုက်ပြီး နောက်ဆက်တွဲ အရေးယူမှုတွေထဲက တစ်ခုပါ။

 မြန်မာနိုင်ငံဟာ အရင်စစ်အာဏာရှင်တွေ ခေတ်တုန်းကလိုပဲ အာဏာပိုင်တွေနဲ့ မသင့်မြတ်တဲ့၊ ဒါမှမဟုတ် နိုင်ငံတော် သံဃမဟာနာယက “မဟန” လို အဖွဲ့မျိုးနဲ့ မသင့်မြတ်တဲ့ ရဟန်းသံဃာတွေအပေါ် ခုလိုပဲ ကျောင်းတိုက်တွေကို ၀င်စီး၊ သံဃာတော်တွေကို အတင်းအကျပ်လူဝတ်လဲ၊ အကျဉ်းထောင်ပို့တဲ့ခေတ် မကုန်သေးဘူးလားလို့ မေးစရာဖြစ်လာပါတယ်။ ဒီကနေ့ ဒီအကြောင်း ဆွေးနွေးသွားပါ့မယ်။

ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး မဟန၊ သာသနာရေးဝန်ကြီးဌာန၊ ပြည်ထဲရေးနဲ့ ရန်ကုန်တိုင်း အစိုးရတာဝန်ရှိသူတွေကတော့ ကျောင်းလုတဲ့ ပုံစံဖြစ်အောင် သရုပ်ဖော်ကြပါတယ်။ မဟာသန္တိသုခကျောင်းတိုက်ကြီးကို ပီနန် ဆရာတော်ကြီးနဲ့ ဘယ်လိုမှ ပတ်သက်မှုမရှိသယောင် ပုံဖော်ပါတယ်။ ဒါပေမဲ့ ဒါဟာ မှန်ကန်မှုမရှိဘူးဆိုတာ ရဟန်းရှင်လူပြည်သူတွေ သိကြပါတယ်။ နိုင်ငံတကာရောက် မြန်မာတွေ၊ ရဟန်းတော်တွေအားလုံး သိကြပါတယ်။

ပီနန်ဆရာတော်ကြီးဆီမှာ အဓိကကျတဲ့ မြေကြီးကို ပိုင်ဆိုင်ကြောင်း အထောက်အထား ရှိနေသလို ဒီကျောင်းတိုက်ကြီးကို ဆရာတော်ကြီး ဦးဆောင် ကမကထလုပ်ပြီး တည်ထောင်ခဲ့တယ်ဆိုတာကလည်း ဘယ်လိုမှ ငြင်းကွယ်လို့မရတဲ့ အချက်ပါ။

ဒါနဲ့ပတ်သက်ရင် အရာရာကို နှိုင်းနှိုင်းချိန်ချိန် ပြောတတ်တဲ့၊ ပြည်တွင်းပြည်ပ မြန်မာနိုင်ငံသားအားလုံး ကြည်ညိုကြတဲ့၊ နိုင်ငံတကာနဲ့ ဘာသာခြားတွေကတောင် လေးစားကြတဲ့ သီတဂူဆရာတော် အရှင်ဉာဏိဿရရဲ့ သတင်းမီဒီယာတွေကို မိန့်တဲ့မှတ်ချက် စကားက မှတ်သားလောက်ပါတယ်။ လက်ကိုင်ထား ကိုးကားသမှုပြုနိုင်ပါတယ်။

ဆရာတော်ကြီးမိန့်တာက “နိုင်ငံတော်ရဲ့ တည်ငြိမ်အေးချမ်းရေးမှာ သာသနာရေးတို့ နိုင်ငံတော် သံဃမဟာနာယကတို့က ထိန်းပေးရမယ်။ သာသနာရေးဌာနတို့၊ သံဃမဟာနာယကတို့က ချိတ်ပိတ်တာကို သူတို့က ထိန်းတယ်လို့ ဒီလိုထင်ပုံရတယ်။ ချိတ်ပိတ်လိုက်တာ ထိန်းသိမ်းရာ မရောက်ဘူး။ လူတွေရဲ့ စိတ်နှလုံးကို ဆူပူအောင် လှုံ့ဆော်ရာရောက်တယ်။

 နောက်တစ်ချက်က ဒီလိုကျောင်းတိုက်တွေကို သူပိုင်ငါပိုင် အငြင်းပွားကြတဲ့ကိစ္စမှာ ဘုရားဟောပါဠိတော်ထဲမှာပါတဲ့အတိုင်း မျက်နှာချင်းဆိုင် တွေ့ဆုံပြီးတော့ ဆွေးနွေး ဖြေရှင်းရမယ့်ကိစ္စမှာ ပီနန်ဆရာတော်ကြီး နိုင်ငံခြားခရီးထွက်နေတဲ့အခိုက် တိတ်တဆိတ် သန်းခေါင်ယံမှာ ၀င်ပြီးတော့ ချိတ်ပိတ်လိုက်တဲ့ကိစ္စဟာလည်း တော်တော်မသင့်လျော်တဲ့ကိစ္စဖြစ်တယ်” လို့ ဆိုပါတယ်။

“ပီနန်ဆရာတော်ကြီးဟာ ဒီကျောင်းတိုက်ကြီး တည်ထောင်ပြီး နိုင်ငံခြားထွက်သွားပြီး “သံဃာ့ဥသျှောင်” ဆိုတဲ့ အဖွဲ့ကြီးဖွဲ့ပြီးတော့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ကို အပြင်ကနေ အပြင်းအထန်တိုက်ခိုက်တဲ့ အလုပ်တွေ လုပ်ခဲ့ဖူးတယ်။

အဲဒါတွေကို အညှိုးထားပြီး ရန်ငြိုးတွေနဲ့လုပ်နေတယ်ဆိုတဲ့ အဓိပ္ပာယ်မျိုး ရောက်သွားမှာကို အလွန်စိုးရိမ်တယ်။ လက်နက်ကိုင်သောင်းကျန်းသူတွေကိုတောင် လက်နက်ကိုင်သောင်းကျန်းသူလို့ မခေါ်တော့ဘူး။

လက်နက်ကိုင်အဖွဲ့လို့ ခေါ်တယ်။ တိုင်းရင်းသားတွေနဲ့ နှစ်ပေါင်း ၆၀ လောက် တိုက်ခိုက်လာတာ အခုစားပွဲဝိုင်းမှာ ဆွေးနွေးနေကြပြီ။ နိုင်ငံတော်ရဲ့ ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုး တိုးတက်ရေးအတွက် ဆွေးနွေးနေကြပြီ။ သာသနာရေးဝန်ကြီးဌာနက ဒါကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ မဖြေရှင်းနိုင်သေးတာဟာ အလွန်ဝမ်းနည်းစရာကောင်းတဲ့ အဖြစ်တစ်ခုပဲ။

လူတွေတောင် စားပွဲဝိုင်းမှာ ဆွေးနွေးနိုင်သေးရင် သံဃာတော်တွေ၊ သာသနာရေးဝန်ကြီးဆိုသူတွေက စားပွဲဝိုင်းမှာ အေးအေးဆေးဆေး ဖြေရှင်းလိုက်ရင် နိုင်ငံအတွက် အေးချမ်းသွားမှာ”လို့ မိန့်တော်မူပါတယ်။

ဆရာတော်ကြီးရဲ့ မိန့်ကြားချက်ကို ကြည့်ရင် မဟနအဖွဲ့ကြီးဟာ ပီနန်ဆရာတော်ကြီးကို ဘာကြောင့် အညှိုးအတေးထားရသလဲ ပေါ်လွင်နေပြီ ဖြစ်ပါတယ်။ တကယ်တော့ ၁၉၈၈ အာဏာသိမ်းပြီး တက်လာတဲ့ စစ်အစိုးရက ပြည်သူတွေကို မတော်မတရား ဖိနှိပ်တဲ့အခါ အဲဒီအချိန်က ရဟန်းလောကမှာ သက်တော်အငယ်ဆုံး ပဉ္စမမြောက် တိပိဋကဆရာတော် ဦးသုမင်္ဂလဦးဆောင်ပြီး သံဃာတော်တွေက အာဏာပိုင်တွေကို ပတ္တနိက္ကုစ္စန ကံဆောင်ခဲ့ပါတယ်။

အာဏာပိုင်တွေ ကပ်တဲ့ ဆွမ်းကွမ်း၊ ၀တ္တုအလှူမခံဘဲ သပိတ်မှောက်တာမျိုးပါ။ ဒီအတွက် အာဏာပိုင်တွေဟာ ဆရာတော်ဦးသုမင်္ဂလနဲ့ သံဃာအတော်များများကို အတင်းအကျပ် လူဝတ်လဲ၊ ရက်ရက်စက်စက်ထောင်သွင်း အကျဉ်းချထားခဲ့ပါတယ်။

ဒီလိုကိစ္စမျိုး အဲဒီအချိန်က မဟနအဖွဲ့ဟာ သံဃာတော်တွေဘက်က ရပ်တည်တာ မရှိခဲ့ပါဘူး။ အလားတူ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေး ဖြစ်ပွားတော့လဲ အာဏာပိုင်တွေဟာ သံဃာတော်တွေ ငြိမ်းချမ်းစွာ စီတန်းကြွချီ မေတ္တာပို့တာကို လက်နက်နဲ့ အကြမ်းဖက်နှိမ်နင်းခဲ့ပါတယ်။

ခုလိုပဲ ညအချိန် စစ်ဖိနပ်တွေ မချွတ်ဘဲ ကျောင်းတိုက်တွေ ၀င်စီး၊ သံဃာတော်တွေကို ရက်ရက်စက်စက် ရိုက်နှက်၊ ဖမ်းဆီး၊ လူဝတ်လဲ ထောင်ချခဲ့ပါတယ်။ ကျောင်းတိုက်တွေကို ချိတ်ပိတ်ခဲ့ပါတယ်။

အဲဒီအချိန်ကလည်း မဟနအဖွဲ့ဟာ သံဃာထုဘက် ပြည်သူတွေဘက်ရပ်တည်တာ မရှိခဲ့ပါဘူး။ ဒီလိုအခြေအနေအောက်မှာ ပြည်ပရောက်နေတဲ့ ပီနန်ဆရာတော်ကြီး ဦးဆောင်ပြီး “သာသနာ့ဥသျှောင်” လို့ခေါ်တဲ့ “အပြည်ပြည်ဆိုင်ရာ မြန်မာရဟန်းတော်များ အဖွဲ့ချုပ်” တည်ထောင်ပြီး အာဏာရှင်တွေ အလိုကျလုပ်နေတဲ့ မဟနအဖွဲ့ကြီးကို ဝေဖန်ခဲ့ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် လက်ရှိမဟနအဖွဲ့ရဲ့ ပီနန်ဆရာတော်ကြီးအပေါ် သဘောထားဟာ အငြိုးအတေး အာဃာတတွေနဲ့ လုပ်ဆောင်နေတာ အလွန်ထင်ရှားပါတယ်။ ဒီအပေါ် သာသနာရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာနနဲ့ ရန်ကုန်တိုင်းအစိုးရအဖွဲ့တို့က ပူးပေါင်းအကောင်အထည်ဖော် ပေးလိုက်တဲ့အခါ အရင်စစ် အစိုးရခေတ်က လုပ်နည်းလုပ်ဟန်တွေနဲ့ တစ်ထပ်တည်းလို ရုပ်လုံးပေါ်လာပါတယ်။

ဒီလုပ်ရပ်အပေါ် ဝေဖန်သုံးသပ်ကြည့်ရင် မြန်မာနိုင်ငံဟာ ဒီမိုကရေစီ အကူးအပြောင်းကာလ ရောက်ဖို့ နေနေသာသာ အာဏာရှင်ခေတ်ထဲမှာပဲ ရှိနေသေးတယ်ဆိုတာ သတိရကြစေဖို့ မီးမောင်းထိုးပြလိုက်သလို ဖြစ်နေပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။


စည်သူအောင်မြင့်
Mizzima News

Read More

ဇွန် ၁၁၊ ဗုဒ္ဓဟူးနေ့က ဆော်ဒီလူမျိုး
တစ်ယောက်သည် ဂျပန်နိုင်ငံ၊ တိုကျိုမြို့တော်၊
ဆန်စို-ဂျီဗုဒ္ဓဘာသာဘုရားကျောင်းရှိ
 နှစ်ပေါင်း ၃၀၀ သက်တမ်းရှိသော

ရှေးဟောင်းဗုဒ္ဓဆင်းတုတော်များအား ဖျက်ဆီးသွားခဲ့သည်။

ဆန်စို-ဂျီ ဘုရားကျောင်းသည် ဗုဒ္ဓဘာသာကျောင်းတော်တစ်ခုဖြစ်ပြီး တိုကျို၊ တိုင်တို၊ အဆာကူဆာ၌ တည်ရှိသည်။ ၎င်းဘုရားကျောင်းသည် တိုကျိုမြို့တော်၌ တည်ရှိသော ဘုရားကျောင်းများအနက် ရှေးအကျဆုံးဖြစ်ပြီး တိုကျိုမြို့၏ အထင်ကရ နေရာတစ်ခုလည်း ဖြစ်သည်။

အဆိုပါ ဆော်ဒီနိုင်ငံသားအား တိုကျိုရဲဌာနမှ ဖမ်းဆီးထားပြီး ၎င်းလုပ်ရပ်၏ နောက်ကွယ်မှ ရည်ရွယ်ချက်ကို စစ်ဆေးလျက်ရှိသည်။

မျိုးမင်းသက်
ဘာသာပြန်ဆိုသည်။

မူရင်းလင့်
http://www.shwemyanmarmediagroup.org

Read More

အစိုးရကရေးဆွဲထားတဲ့ ကိုးကွယ်ရာဘာသာ ကူးပြောင်းခြင်းဆိုင်ရာ ဥပဒေမှုကြမ်းဟာ အဓိက ဘာသာကြီးလေးခုရဲ့ အဆိုဆုံးမတွေနဲ့ ကိုက်ညီမှုမရှိဘူးလို့ ရန်ကုန်မြို့ရှိ ဘာသာရေးခေါင်းဆောင်တွေက ဒီကနေ့ ပြောကြားလိုက်ပါတယ်။

ချက်ထရီယမ်ဟိုတယ်မှာကျင်းပတဲ့ ကိုးကွယ်ရာဘာသာ ကူးပြောင်းခြင်းဆိုင်ရာ ဥပဒေမှုကြမ်းနဲ့ ပတ်သက်တဲ့ ဆွေးနွေးပွဲမှာ ဘာသာပေါင်းစုံ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးနဲ့ ပတ်သက်ပြီး ရွှေညဝါဆရာတော် ဦးပညာသီဟက အခုလို မိန့်ကြားပါတယ်။

"ဗြဟ္မစိုရ်တရား ၄ ပါးထဲက မုဒိတာဗြဟ္မစိုရ် တတိယဗြဟ္မစိုရ် တော်တော်ခေါင်းပါးတယ်၊ တတိယဗြဟ္မစိုရ်ဆိုတာ ဘယ်သူ့ကိုမှမကြည်ဖြူတဲ့ မည်းညစ်တဲ့နှလုံးသားကို ဖယ်ရှားပြီးတော့ ဖြူစင်တဲ့နှလုံးသားနဲ့ လောကကိုကြည့်တဲ့အမြင်ပါ၊ ဝမ်းမြောက်ပေးတဲ့အမြင်၊ သာဓုခေါ်ပေးတဲ့အမြင်ပါ၊ အင်မတန်သိမ်မွေ့တဲ့ ညင်သာတဲ့ တတိယဗြဟ္မစိုရ်ကို အမျိုးသားရေးစရိုက်အဖြစ် ကျင့်သုံးသွားနိုင်မယ်ဆိုရင် ဘယ်ဘာသာဝင်တွေနဲ့မဆို ယှဉ်တွဲပြီးတော့ နေထိုင်နိုင်မှာပါ"

မြန်မာနိုင်ငံမှာ ဒီလို ဥပဒေမျိုး ပြဌာန်းစရာမလိုပဲ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးကသာ အဓိကကျတယ်လို့လည်း ဘာသာရေးခေါင်းဆောင်တွေက ပြောကြပါတယ်။

ဒီနေ့ဆွေးနွေးပွဲမှာ ခရစ်ယာန်ဓမ္မတက္ကသိုလ် ပါမောက္ခ ဒေါက်တာ စောလှိုင်ဘွား၊ အစ္စလာမ်ဘာသာရေး ခေါင်းဆောင် ဦးသောင်းလွင်အောင်နဲ့ ဟိန္ဒူ တရားဟောဆရာ ဦးစန်းမြင့်လှိုင် တို့ကလည်း ကိုးကွယ်ရာဘာသာကူးပြောင်းခြင်းနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကလည်း ကိုးကွယ်ရာဘာသာ ကူးပြောင်းခြင်းဆိုင်ရာ ဥပဒေမှုကြမ်းကို ရုပ်သိမ်းပေးဖို့ အမေရိကန်ပြည်ထောင်စုရဲ့ နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့်ဆိုင်ရာကော်မရှင်နဲ့ တခြား နိုင်ငံတကာအဖွဲ့အစည်း ၈ဝ ကျော်က တောင်းဆိုထားပါတယ်။

ကိုးကွယ်ရာဘာသာ ကူးပြောင်းခြင်းဆိုင်ရာဥပဒေကို ပြဌာန်းပေးဖို့ အမျိုးဘာသာသာသနာ ကာကွယ်စောင့်ရှောက်ရေးအဖွဲ့က နိုင်ငံတော်သမ္မတထံ ပြီးခဲ့တဲ့ ဇူလိုင်လ ၉-ရက်နေ့က စာရေးသားတောင်းဆိုခဲ့တာ ဖြစ်ပါတယ်။

RFA Burmese

Read More

ဖမ်းဆီးခံရသော သံဃာတော်များသည်
 ခေတ္တလာရောက်တည်းခိုသော အာဂန္တုများ
သာဖြစ်ပြီး စစ်ဆေးမှုမရှိဘဲ လူဝတ်လဲ
ဖမ်းဆီးခြင်းများသည် တရားတော်၊


ဝိနည်းတော်၊ သံဃာတော်ဥပဒေများနှင့် ဆန့်ကျင်ကြောင်း ဇွန် ၁၄ ရက်တွင် The Daily Eleven သတင်းစာအား ပီနန်ဆရာတော်ကြီးက မိန့်ကြားခဲ့သည်။


 ပီနန်ဆရာတော်ကြီးက မြန်မာနိုင်ငံသို့ ပြန်လည်ကြွရောက်မည်ဖြစ်ပြီး တိုင်းသံဃာ့မဟာနာယကအဖွဲ့၏ လုပ်ဆောင်ချက်များကို စောင့်ကြည့်ဖြေရှင်းသွားမည်ဟုလည်း ဆက်လက်မိန့်ကြားသည်။

“ တိုင်းသံဃ့ာနာယကအဖွဲ့က အာဏာရှိတဲ့သူတွေဆိုတော့လုပ်ကြပေါ့။ ဘုန်းဘုန်းက ဘာအာဏာမှမရှိတော့ သူတို့ရဲ့ လုပ်ဆောင်ချက်တွေကိုပဲ စောင့်ကြည့်ပြီးတော့ ဖြေရှင်းမယ်။ မြန်မာနိုင်ငံကိုလည်း ဒီပြသနာတွေ ဖြေရှင်းဖို့အတွက် ပြန်ကြွလာမှာပါ။

ဘယ်နေ့ပြန်ကြွမလဲဆိုတာတော့ အတိအကျ ပြောလို့မရသေးဘူး။ မနက်ဖြန်လည်း ဖြစ်ရင်ဖြစ်မယ်၊ ဘယ်နေ့ဆိုတာပြောဖို့ခက်တယ်” ဟုဆရာတော်ဦးပညာဝံသ(ပီနန်ဆရာတော်)က မိန့်ကြားခဲ့သည်။   ဖမ်းဆီးထိန်းသိမ်းခံ သံဃာတော်များမှာ ဦးဥတ္တရ(အင်္ဂလန်ဆရာတော်)၊ ဦးသုန္ဒရ၊ ဦးပညာဝရ (လန်ဒန်ဆရာတော်)၊ ဦးနန္ဒိယ၊ ရခိုင်ဆရာတော်တစ်ပါး (ဘွဲ့အမည်မသိရသေး) တို့ဖြစ်ကြပြီး ဆရာတော်ငါးပါးစလုံး မှာ အာဂန္တုအနေဖြင့် လာရောက်သီတင်းသုံးသည့် သံဃာတော်များသာဖြစ်ကြောင်း ပီနန်ဆရာတော်က မိန့်ကြားသည်။

 သံဃာ့မဟာနာယကအဖွဲ့မှ ယခုကဲ့သို့ ပီနန်ဆရာတော်ကြီး၏ တပည့်ရင်းဆရာတော် ဦးဥတ္တရအပါအ၀င် သံဃာငါးပါးအား လူဝတ်လဲကာ အင်းစိန်ထောင်သို့ ပို့ခြင်းနှင့်ပတ်သက်၍ ပီနန်ဆရာတော်က မိန့်ကြားရာတွင် “သံဃာ့ဝိနိစ္စရုံးက ဒီအမှုကို လူဝတ်လဲသင့်သလား၊ မလဲသင့်လားဆိုတာကို စိစစ်ရမယ်။

အခုလို မစိစစ်ဘဲလုပ်လိုက်တာက တရားတော်ဝိနည်းတော်၊ သံဃာ့တော်ဥပဒေတွေနဲ့လည်း ဆန့်ကျင်တယ်။ အခုလိုလုပ်ရပ်က ပြည်တွင်း ပြည်ပဗုဒ္မဘာသာဝင်တွေအတွက် နှလုံးမသာမယာ ဖြစ်ခဲ့ရတယ်။ ပြီးတော့ သူတို့ရဲ့ အမိန့်က သံဃာငါးသိန်းကို ကိုယ်စားပြုတဲ့ (၄၇) ပါးရဲ့ အမိန့်ဆိုတော့ ၄၇ပါးသော သံဃာများရဲ့ သဘောထား တကယ် ဟုတ်၊ မဟုတ်ဆိုတာကိုလည်း တပည့်တော်အနေနဲ့ လျှောက်ထားလိုပါတယ် ဘုရား”ဟု မိန့်ကြားခဲ့သည်။

 မဟာသန္တိသုခကျောင်းတိုက်တွင် သီတင်းသုံးသည့် ပီနန်ဆရာတော် ဦးပညာဝံသ၏ တပည့်ရင်းဦးဥတ္တရ(အင်္ဂလန်ဆရာတော်) အပါအ၀င် သံဃာတော်ငါးပါးကို တိုင်းသံဃာ့နာယကအဖွဲ့၏ ညွှန်ကြားချက်အရ ၂၀။၉၀၊ ပုဒ်မ-၂၉၅(က)ဖြင့် လူဝတ်လဲကာ တာမွေတရားရုံးတွင် တရားစွဲဆိုထားပြီး လက်ရှိတွင် အင်းစိန်ထောင်သို့ ပို့ဆောင်ထားကြောင်း ဇွန် ၁၃ ရက်တွင် သိရသည်။

 ယင်းဖြစ်စဉ်နှင့်ပတ်သက်ပြီး သာသနာရေးဦးစီးဌာနမှ ရှင်းလင်းပြောကြားရာတွင် အဆိုပါသံဃာတော်များမှာ ၀ိနည်းတော်နှင့် အညီ နေထိုင်ခြင်း မဟုတ်ကြောင်း၊ ကျူးကျော်နေထိုင်သည့်အတွက် ရှင်းလင်းရခြင်းဖြစ်ကြောင်း ဇွန် ၁၁ ရက်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ သမ္မတရုံးအကြံပေး ဦးအံ့မောင်က ပြောကြားသည်။   “လူဝတ်လဲပြီးတော့ ဖမ်းဆီးထားတဲ့ ဆရာတော်တွေက အာဂန္တုအနေနဲ့ပဲ နေကြတာပါ။

ဆရာတော် ဦးဥတ္တရ(လန်ဒန်)ဆရာတော်ကလည်း ဒီမှာအမြဲနေတာမဟုတ်ဘဲ လန်ဒန်ကို ပြန်ကြွလိုက်၊ မြန်မာပြည်ကို ပြန်လာလိုက်နဲ့ အာဂန္တုအနေနဲ့ နေတာပါ။ဦးပညာဝရ(လန်ဒန်)ကလည်း သူ့ရဲ့ဆရာတော် ပျံတော်မူလို့ မြန်မာပြည်ကို ခဏလာတာပါ။  ဦးသုန္ဒရကကျတော့ ဆရာတော်ကြီးကို ကူညီဖို့ကြွလာတာပါ။ သူကတော့ သွားလိုက်လာလိုက်ပေါ့။

ဆရာတော်ဦးနန္ဒိယက ကျတော့ ဆရာတော်ကို ပြုစုဖို့ခေါ်ထားတာပါ။ တစ်လလောက်ပဲ ရှိပါသေးတယ်။နောက်တစ်ပါးကကျတော့ ရခိုင်ကိုယ်တော်တစ်ပါးကလည်း ခဏကြွလာတဲ့ ဆရာတော်ပါပဲ။ အကုန်လုံးကတော့ အာဂန္တုအနေနဲ့ လာကြတာပါပဲ။ ဆရာတော် ခရီးကြွနေတုန်း ဆရာတော်ကြီးရဲ့ တာဝန်ပေးချက်အရ ၀ိုင်းကူစောင့်ရှောက်ပေးတာပါ”ဟု ဂျပန်နိုင်ငံသို့ ရောက်ရှိသီတင်းသုံးနေသည့် ဆရာတော် ဦးပညာဝံသက မိန့်ကြားသည်။

 ပီနန်ဆရာတော် မြန်မာနိုင်ငံသို့ ပြန်လည်ကြွရောက်မည်ဆိုပါက ပြန်လည်ကြွရောက်နိုင်ပြီး ဗီဇာပိတ်ထားခြင်းမရှိကြောင်း သာသနာရေးဦးစီးဌာနက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ယခုလက်ရှိတွင် ပီနန်ဆရာတော်ကြီးမှာ ဂျပန်နိုင်ငံသို့ သာသနာပြုရန် သွားရောက်နေစဉ် အတွင်းတွင် ယခုကဲ့သို့ အင်အားသုံးကာ ဖြေရှင်းခဲ့သည့်အတွက် အများပြည်သူအကြားတွင် မေးခွန်းထုတ်စရာဖြစ်နေပြီး ယင်းလုပ်ရပ်အပေါ် ကန့်ကွက်ကြောင်း ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းကလည်း ကြေညာချက်ထုတ်ပြန်ခဲ့သည်။


 ယခုကဲ့သို့ မဟာသန္တိသုခကျောင်းတိုက်ကို ညအချိန်တွင် အင်အားသုံး ၀င်ရောက်စီးနင်း၍ ချိပ်ပိတ်ခဲ့ပြီး အင်္ဂလန်ဆရာတော်အပါအ၀င် သံဃာငါးပါးကို ခေါ်ဆောင်၍ လူဝတ်လဲကာ ဖမ်းဆီးထိန်းသိမ်းခဲ့မှုကို အဓိကညွှန်ကြားသူဟု သတင်းထွက်ပေါ်လျက်ရှိသော တိုင်းသံဃနာယကအဖွဲ့ ဥက္ကဋ္ဌဆရာတော် ဦးဣဒ္ဓိဗလသည် သင်္ဃန်းကျွန်း  Junction ဇ၀န အနီး မူလဆယ်တောင်ပြည့်ကျောင်းတိုက်တွင် သီတင်းသုံးနေထိုင်လျက်ရှိကြောင်း သိရသည်။

   “ညီတော်၊ နောင်တော်တွေက သတ္တိရှိရှိနဲ့ သမိုင်းကြောင်းရေးပါ။ နိုင်ငံတော် သံဃမဟာနာယကပိုင်တဲ့ကျောင်းကို မကာကွယ်ရင် ဘယ်သူ့ကျောင်း ကာကွယ်မလဲ။ အရှင်ဘုရားတို့ ကိုယ်ကျရာတာဝန်ကို ပြတ်ပြတ်သားသားလုပ်ပါ။ သတ္တိရှိရှိနဲ့လုပ်ဖို့ အထူးမှာချင်ပါတယ်။

ကမ္ဘာကစိတ်ဝင်စားတဲ့ သန္တိသုခကို ဒီနေ့မှတ်တမ်းတင်မှာပဲ”ဟု အဆိုပါ ဥက္ကဋ္ဌဆရာတော် ဦးဣဒ္ဓိဗလက ထပ်မံတိုက်တွန်းကြောင်း The Voice Weekly က သီးသန့်ရရှိထားသော အသံဖိုင်အရသိရသည် ဟူ၍ ဇွန် ၁၆-၂၂၊ ၂၀၁၄ ရက်စွဲပါ The Voice Weekly  ဂျာနယ်တွင် ရေးသားဖော်ပြခဲ့သည်။  

ထို့အပြင် “ပါလာတဲ့ကားတွေ အပြင်(တိုင်းရုံး)မှာ ထားခဲ့ပါ။ မှန်လုံကားနဲ့ သွားမယ်။ နိုင်ငံခြားဧည့်သည်သဘောမျိုးနဲ့ ၀င်မယ်။ သတ္တိရှိရှိနဲ့ သတိထားဆောင်ရွက်ပါ။

အဲဒီမှာရှိတဲ့ ကိုယ်တော်တွေက ငယ်ဖြူတွေ မဟုတ်ဘူး။ မြ၀တီ၊ ကော့သောင်းဘက်က အလင်းဝင်တဲ့ကောင်တွေကို ၀တ်ပေးထားတယ်လို့ ကြားတယ်”ဟု ရှေ့တန်းထွက်မည့် တပ်သားများကို စစ်ဆင်ရေးအသေးစိတ်အား အထပ်ထပ်ရှင်းလင်းမှာကြားနေသည့်အလား တိုင်းဥက္ကဋ္ဌဆရာတော်က မိန့်ကြားနေသည်ဟူ၍လည်း The Voice Weekly ဂျာနယ်တွင် ရေးသားဖော်ပြခဲ့သည်။   -

Eleven Media Group

Read More



 

* ဦးစောမြင့်သည် အကျိုးဆောင်တစ်ဦးအနေဖြင့် ကျောင်းတော်ကြီးဆောက်လုပ်ရန် သင့်လျော် လျောက်ပတ်သည့် မြေနေရာရရှိရေးအတွက် သာသနာ့မြေဂရန်ချပေးပါရန် ရန်ကုန်မြို့တော် စည်ပင် သာယာရေးအဖွဲ့သို့ လျှောက်ထားခဲ့ပါသည်။ ထိုအချိန်က ရန်ကုန်မြို့တော်တွင် ကျူးကျော်နေအိမ် များကို မြို့သစ်များ၌ နေရာချထားပေးလျက်ရှိရာ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ တာမွေမြို့နယ်၊နတ်ချောင်းရပ်ကွက်၌ မြေနေရာရွေးချယ်ပေးခဲ့သည်။ စောင့်ရှောက်ထိန်းသိမ်းရန် ဂေါပက
ဥက္ကဋ္ဌအမည်ဖြင့် မြေဂရန်ချထားပေးခြင်းဖြစ်ရာ ၁၉၉၅-ခုနှစ်၊ အောက်တိုဘာလ ၃၁ ရက်စွဲပါရှိသည့် မြေတိုင်းရပ်ကွက်အမှတ် ၃၄ F၊ မြေကွက်အမှတ် ၈၀၇/၁-၂ ၊ မြေဧရိယာ ၂.၀၀၀ဧကကို တိပိဋကနိကာယ သာသနာပြု ဥပဋ္ဌာကအဖွဲ့ ဥက္ကဋ္ဌ၊ ဦးစောမြင့်က ဂရန်စာချုပ်လက်မှတ်ရေးထိုး၍ ထုတ်ယူပေးခဲ့ပါသည်။ ကျောင်းတော်ကြီးအမည်နာမ မသတ်မှတ်ရသေးသောကြောင့်
မြေဂရန်၌ ကျောင်းအမည်ကို စင်္ကာပူပီနန်ကျောင်းတိုက်ဟူ၍ အမည်ထည့်ခဲ့သည်ဆို၏။ တဖန် ၁၄-၁၂-၂၀၀၁ ရက်စွဲပါ မြေယာအပိုင် ပတ္တာစာချုပ်ကိုလည်း မြေဧရိယာ .၂၆၇ ဧကတိုး၍ စုစုပေါင်း ၂.၂၆၇ ဧကကို အခွန်လွတ်သာသနာ့မြေအဖြစ် ပြည်ထဲရေးဝန်ကြီးဌာန ၉-၅-၂၀၀၁ ရက်စွဲပါစာအမှတ်၊ ၂၀၀/ ၂-၇/ ဦး ၁ အမိန့်ကြေငြာစာကို ကိုးကား၍ မဟာသန္တိသုခ (စင်္ကာပူပီနံ) ကျောင်းအမည်ဖြင့် ထပ်ဆင့်ချထား ပေးခဲ့ပါသည်။ << ပုံ-၁ ၊ ၂ ၊ ၃ >>
--------------------------------------
* နိုင်ငံတော်ကကြီးမှူး၍ ကျောင်းတော်ကြီးတည်ဆောက်ရာ၌ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ကျပ်သိန်း-၁၀၀၀၊ မြို့ရွာနှင့်အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနက ကျပ်သိန်း-၁၀၀၀၊ အေးရှားဝေါ ကုမ္ပဏီက ကျပ်သိန်း-၁၄၀၀၊ နိုင်ငံတော်က ကြီးမှူးအလှူခံပေးသဖြင့် ပြည်တွင်းပြည်ပမှ စေတနာရှင် များက ကျပ်သိန်း ၂၁၀၀-ခန့်၊ ဆောက်လုပ်ရေးပစ္စည်းလှူဒါန်းမှု ကာလပေါက်ဈေး ကျပ်သိန်း ၁၅၀၀-ခန့်နှင့် ပီနန်ဆရာတော်ကြီး၏ နိုင်ငံခြားမှ ဒါယကာ၊ ဒါယိကာမများက ကျပ်သိန်း-၁၀၀၀၊ စုစုပေါင်း ကျပ်သိန်း ၈၀၀၀-ခန့် အလှူခံရရှိငွေဖြင့် ဆောက်လုပ်ခဲ့ပါသည်။ ကျောင်းတော်ကြီး၏ မြေနေရာတန်ဖိုး မပါသေးဘဲ အဆောက်အဦဆောက်လုပ်မှု ကုန်ကျငွေမှာ ကျပ်သိန်းပေါင်း ၁၀၀၀၀-ခန့် ဖြစ်သဖြင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ စိုက်ထုတ်ငွေ ကျပ်သိန်း-၂၀၀၀ ချေးယူခဲ့ရပါသည်။ ယင်းချေးယူငွေ ကျပ်သိန်း-၂၀၀၀ ကိုလည်း မဟာသန္တိသုခကျောင်းတော်ကြီး အောင်မြင်ပြီးနောက် လစဉ်အလှူငွေဖြင့် အလီလီ ပြန်လည်ပေးဆပ်ခဲ့ရာ နှစ်ပေါင်း ၁၀-နှစ်တိုင် ပေးဆပ်ခဲ့ရပြီး ၁၆-၃-၂၀၁၂ ရက်နေ့တွင်မှ အကြွေးအားလုံး အကျေဆပ်နိုင်ခဲ့ပါသည်။ ဤသည်ကိုကြည့်လျှင် တစ်ဦးတစ်ဖွဲ့တည်းက လှူဒါန်းခြင်း မဟုတ်သကဲ့သို့ ပုဂ္ဂိုလ်တစ်ဦးတည်းသို့ ရည်ရွယ်လှူဒါန်းခြင်းလည်း မပြုပါဘဲ အဘယ်ကြောင့် တစ်ဦးတည်းပိုင် ဟု ရည်ညွှန်းပြောဆိုကြပါသလဲဟု မေးစရာဖြစ်နေပါသည်။ << ပုံ-၄ >>
-------------------------------------------
* နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်၂-ခု (ရန်ကုန်) (မန္တလေး)နှင့် ရန်ကုန်မြို့ စွယ်တော်မြတ် အနီးရှိ အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြု တက္ကသိုလ်ကြီးတို့ကို နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့၏ ကြီးကြပ်မှုအောက်တွင် သာသနာရေးဝန်ကြီးဌာနက ဥပတ္ထမ္ဘကအဖြစ် အနီးကပ်ပံ့ပိုးမှု ပြုလျက်ရှိပါသည်။ ထိုနည်းအလားတူ မဟာသန္တိသုခကျောင်းတော်ကြီး၏ ပြည်ပသာသနာပြုလုပ်ငန်း များ ဆောင်ရွက်နိုင်ရေး ထိန်းသိမ်းကြီးကြပ်မှု လိုအပ်သဖြင့် ၂၅-၁၁-၂၀၀၂ ရက်နေ့တွင် မဟာ သန္တိသုခကျောင်းတော်ကြီး တည်ဆောက်လှူဒါန်းရေး နာယကဖြစ်သည့် နိုင်ငံတော်အေးချမ်းသာယာ ရေးနှင့် ဖွံ့ဖြိုးရေးကောင်စီအတွင်းရေးမှူး(၁)ကိုယ်တိုင် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့အား အပ်နှံလှူဒါန်းခဲ့ပါသည်။ ထိုအခမ်းအနားသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ အကျိုးတော်ဆောင် အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဘဒ္ဒန္တကုမာရ မကွေးဆရာတော်ကြီး အမှူးပြုသည့် သြဝါဒါစရိယဆရာတော်များ၊ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ အတွင်းရေးမှူး(၁)နှင့်၊ ရန်ကုန်တိုင်း အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဋ္ဌ၊ တိုင်းမှူးနှင့် ဥပတ္ထမ္ဘကအဖွဲ့ဝင်များ၊ အလှူရှင်များ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြပြီး အခမ်းအနား ကျင်းပပုံများကို ၂၆-၁၁-၂၀၀၂ ရက်နေ့ထုတ် သတင်းစာများတွင် အပြည့်အစုံပါရှိသည်ကို လေ့လာ တွေ့ရှိနိုင်ပါသည်။
<< ပုံ- ၅ မှ ၈ >>
---------------------http://www.oppositeyes.info--------------

Read More

မဟာသန္တိသုခ ကျောင်းတိုက်။ (ဓာတ်ပုံ မဟာသန္တိသုခနဲ့ နိုင်ငံတော် မဟန ဖဘ)
လန်ဒန်မြို့ သာသနာ့ရံသီ ဝီဟာရကျောင်းတိုက် ကျောင်းထိုင်ဆရာတော် ဦးဥတ္တရကို မြန်မာနိုင်ငံမှာ လူဝတ်လဲပြီး သာသနာတော် ညစ်နွမ်းစေမှုနဲ့ တရားစွဲထားတဲ့ အပေါ်မှာ အင်မတန် ထိတ်လန့် အံသြရတယ်လို့ သာသနာ့ရန်သီ တိုက်အုပ်ဆရာတော် ဦးသိလိဠက မိန့်ကြားပါတယ်။ ယူကေနိုင်ငံမှာ
မြန်မာတွေသာသမက နိုင်ငံခြားသားတွေကြားမှာပါ ဗုဒ္ဓရဲ့ တရားတော်တွေကို ပြန့်ပွားအောင် ဆောင်ရွက်နေတဲ့ ဘုန်းကြီးတပါးကို ခုလို ပုဒ်မတွေတပ် တရားစွဲတာကိုလည်း မယုံကြည်နိုင်ဖြစ်ရတယ်လို့ မိန့်ပါတယ်။ ဦးဥတ္တရ ပြန်လည် လွတ်မြောက်ရေးအတွက် ယူကေအစိုးရရဲ့ အကူအညီအပြင်တတ်နိုင်တဲ့ နည်းလမ်းတွေနဲ့ ကြိုးပမ်းနေကြပါတယ်။ အပြည့်အစုံကို မစုမြတ်မွန်က ဆက်လက် တင်ပြပေးထားပါတယ်။

သံင်္ဃာ့မဟာနာယကအဖွဲ့ရဲ့ အမိန့်နဲ့ တာမွေမြို့နယ်ထဲက မဟာသန္တိသုခ ဘုန်းကြီးကျောင်းတိုက်ကို ဂျွန်လ ၁၀ ရက်နေ့က အာဏာပိုင်တွေ ဝင်ရောက် ချိတ်ပိတ်ခဲ့ပြီးနောက် ဘုန်းကြီးကျောင်းထဲမှာ သီတင်းသုံးနေတဲ့ သံင်္ဃာတချို့ကို ထိန်းသိမ်းခဲ့ပါတယ်။ အဲဒီထဲကမှ ယူကေနိုင်ငံလန်ဒန်မြို့ သာသနာ့ရန်သီ ဝိဟာရကျောင်းထိုင်ဆရာတော် ဦးဥတ္တရအပါအဝင် သံင်္ဃာ ၅ ပါးကို လူဝတ်လဲစေပြီး တရားစွဲထားပါတယ်။ ဒီလိုလုပ်လိုက်တဲ့အပေါ် အင်မတန် ထိတ်လန့် မယုံကြည် နိုင်အောင်ဖြစ်ရတယ်လို့ သာသနာ့ရန်သီဝီဟာရ တိုက်အုပ်ဆရာတော် ဦသီဠိဋ္ဌက VAO မြန်မာပိုင်းကို မိန့်ပါတယ်။

“လူဝတ်လဲတယ်ဆိုတဲ့အခါကျတော့ ဘုန်းဘုန်းတို့က တအားထိတ်လန့်သွားတာ။ ဘုန်းကြီးတွေအကုန်လုံး ကြားတဲ့ကိုယ်တော်တွေတိုင်း ထိတ်လန့်တာ။ လူဝတ်လဲတယ်ဆိုတဲ့အဓိပ္ပာယ်က ပါရာဇိကကျမှ ဘုန်းကြီးတွေက လူဝတ်ရတာ။ ဘုန်းဘုန်းတို့ ဝိနည်းနဲ့လုပ်တယ်ဆိုလို့ရှိရင် အဲဒီ ဝိနည်းတရားကိုတော့ တအားအံ့သြသွားတာပေါ့နော်။ တကယ်လည်း ထိတ်လန့်သွားတာပေါ့။ တကယ်တော့ ဒီဟာတွေဟာ တိုင်းသူပြည်သားတွေကို ဝိနည်းအမှားတွေကိုပေး၊ ဝိနည်းတွေကို ကိုယ်လိုရာကိုယ်ဆွဲပြော၊ ဘုရားဝိနည်းနဲ့နေတယ်ဆိုလို့ရှိရင် ဒီလိုဖြစ်စရာအကြောင်း ရှိကို မရှိဘူးပေါ့နော်။”
ဆရာတော်ဦးဥတ္တရကို သံသနာညစ်နွမ်းစေမှု ပုဒ်မ ၂၉၅ (က)၊ သံင်္ဃာ့အဖွဲ့အစည်းဆိုင်ရာ ဥပဒေ ပုဒ်မ ၂၀/၉၀ စတဲ့ ပုဒ်တွေတပ်ပြီး တရားစွဲထားတာပါ၊ ဦးဥတ္တရဟာ ယူကေမှာ လူနာတွေကို တရားပြနှစ်သိမ့်ပေးတဲ့ ပထမဆုံး ဗုဒ္ဓဘာသာဘုန်းကြီးတပါးဖြစ်ပြီး လန်ဒန်တော်မြို့တော်က နာမည်ကြီး St. Thomas’ ဆေးရုံမှာ တရားပြ နှစ်သိမ့်ပေးသူ Chaplain အဖြစ် ဆောင်ရွက်နေသူဖြစ်ပါတယ်။ ဒါ့အပြင် ဥရောပနိုင်ငံတွေမှာတင်မက ကမ္ဘာ့နိုင်ငံ တော်တော်များများမှာ လှည့်လည် သာသနာပြုနေတဲ့ ဆရာတော်တပါးဖြစ်တာမို့ မြန်မာနိုင်ငံမှာ သာသနာညစ်နွမ်းစေမှုနဲ့ တရားစွဲတဲ့အပေါ် မယုံနိုင်အောင် ဖြစ်ရတယ်လို့ ဦသီဠိဋ္ဌက မိန့်ပါတယ်။

“ဦးဥတ္တရက အားလုံး ကမ္ဘာသားတွေလည်း သိတယ်။ အင်္ဂလန်မှာဆိုလို့ရှိရင် အခု Chaplain ဒါရိုက်တာတွေက spritual ပေါ့နော်- စိတ်နဲ့ပတ်သက်လို့ လူတွေကို ချမ်းသာအောင်လုပ်ပေးနေတယ်။ မွတ်ဆလင်ကခေါ်လည်း သူက လိုက်သွားတယ်။ ခရစ်ယာန်ကခေါ်ရင်လည်း လိုက်သွားတယ်။ ဗုဒ္ဓဘာသာကခေါ်ရင်တော့ ပြောစရာမရှိတော့ဘူး။ ဟိန္ဒူကခေါ်လည်း လိုက်သွားတယ်။ အဲလိုလုပ်နေတဲ့ ပုဂ္ဂိုလ်တစ်ယောက်။ တချို့ဆိုလို့ရှိရင် ဆေးရုံပေါ်မှာ သင်္ကန်းဝတ်နဲ့ မြင်တာနဲ့ ဟာ…sruprise ပဲ။ ဦးဥတ္တရလုပ်ကာစကဆို အဲဒီလို၊ နိုင်ငံတကာမှာ ဂုဏ်ယူလောက်အောင် လုပ်တဲ့ပုဂ္ဂိုလ်ဆိုလို့ ပထမဆုံးတွေ့နေရတာက အင်္ဂလန်မှာ ပထမဦးဆုံး သူ့ကိုတွေ့ရတာ။ နောက်တခါကျတော့ အင်္ဂလိပ်ကလည်း လေးစားတယ်။ အခု မွတ်ဆလင်ကလည်း လေးစားတယ်။ ဟိန္ဒူကလည်း လေးစားတယ်။ အဲဒါတင်မကဘူး၊ ဦးဥတ္တရက ဘုန်းဘုန်းနဲ့အတူတူပဲ။ ၂၀၀၄ ခု၊ ၂၀၀၆ ခုကတည်းက ဂျာမနီမှာ ကျောင်းထောင်တယ်၊ ဒိန်းမတ်မှာကျောင်းထောင်တယ်။ ဖင်လန်မှာ ကျောင်းထောင်တယ်။ အဲဒီလို ပြုနေတဲ့ဆရာတော်ပေါ့။ ပြင်သစ်တို့၊ နယ်သာလန်တို့၊ ဂျာမနီတို့၊ နောက် အမေရိကားတို့၊ ဘုန်းဘုန်းတို့ မစိုးရိမ်ဆရာတော်ကြီး တည်ထောင်ထားတဲ့ ကျောင်းတိုက်ရှိတဲ့ အမေရိကားတို့၊ ဂျပန်တို့၊ ဟောင်ကောင်တို့ … ဦးဥတ္တရက အကုန်လုံးသွားပြီးတော့ သာသနာပြုနေတဲ့ပုဂ္ဂိုလ်၊ တကမ္ဘာလုံး သိနေတဲ့ ဘုန်းကြီးတစ်ပါးဖြစ်တယ်။ အဲဒီကျတော့ သူက သာသနာ ညှိုးနွမ်းအောင် လုပ်သလား၊ မလုပ်သလားဆိုတာ အဲဒီမှာ ထင်ရှားတယ်ပေါ့။ ဘာမှ ပြောစရာကိုမရှိဘူး။ ပြည်ပမှာ အဲဒီလို ပုဂ္ဂိုလ်၊ ပြည်တွင်းမှာကျတော့ ဆရာသမားရဲ့ သြဝါဒကို နာခံလို့၊ ပီနန်ဆရာတော်ကြီးကိုယ်တိုင်က - အေး.မင်းလာနေမှ ဖြစ်မယ်၊ မင်းကတော့ ငါပြောတာကို နားလည်တယ်။ အဲဒီတော့ ငါဖြစ်ချင်တဲ့အတိုင်း မင်းလုပ်ပေးပါကွာ-ဆိုလို့ သူက သွားနေရတာ။ သူဖာသာသူ ကျူးကျော်ပြီးတော့ သွားနေတာလည်း မဟုတ်ဘူး။”

ဦးဥတ္တရရော သူနဲ့အတူ လူဝတ်လဲ ဖမ်းဆီးခံထားရတဲ့ ဦးပညာစာရတို့ဟာဆိုရင် ယူကေက မြန်မာမိသားစုတွေ စည်းလုံးမှုရှိဖို့ မြန်လူငယ်တွေကို ဘာသာရေးနဲ့ ယဉ်ကျေးမှုအကြောင်း သိရှိသဘောပေါက်အောင် သင်ကြား ပြသပေးတဲ့အကြောင်းကိုလည်း မိခင်တယောက်ဖြစ်သူ မနှင်းနှင်းခိုင်က ပြောပြပါတယ်။

“ဘုန်းဘုန်းဦးဥတ္တရ ဦးဆောင်တဲ့၊ ဘုန်းဘုန်းဦးပညာရော ဒီ နှစ်ပါးလုံးက မြန်မာပြည်မှာရှိတဲ့ ယဉ်ကျေးမှုတွေ၊ အနုပညာတွေကို မပျက်စီးအောင်ဆိုပြီး ကလေးတွေကို ဗမာစာသင်တာတို့၊ ဗုဒ္ဓဘာသာသင်တန်းတွေပေးတာတို့ ကျမတို့ အပတ်တိုင်းလိုလိုသွားတယ်။ ဒီက ကလေးတွေဟာဆိုရင် ဘုန်းဘုန်း ဦးဥတ္တရတို့၊ ဦးပညာတို့ သင်ပေးလိုက်တဲ့အတွက် ကျမတို့ကလေးတွေဟာ ဗုဒ္ဓဘာသာ ကဗျာတွေ၊ စာတွေ တော်တော်များများကို ရလို့ ရန်ကုန်ပြန်တဲ့အခါ ကျမတို့ အမေတွေက ဒီကလေးတွေကို အရမ်းကို အံ့သြပါတယ်။ ဒီကလေးတွေက ဒီမှာမွေးပြီး ဒီမှာကြီးတာ။ နိုင်ငံခြားသားတွေနဲ့ပဲ အပေါင်းအသင်းလုပ်လာရတာ။ တချို့ဆိုလို့ရှိရင် အဲဒီဘုန်းကြီးကျောင်းကိုရောက်ပြီးမှ ဗမာစကားတတ်သွားတဲ့ ကလေးလေးတွေက ဒုနဲ့ဒေးပါပဲ။”

ယူကေနိုင်ငံသားတယောက်ဖြစ်တဲ့ ဦဥတ္တရလွတ်မြောက်ရေးအတွက် ယူကေအစိုးရက အကူအညီပေးဖို့ ယူကေနိုင်ငံခြားရေးဝန်ကြီးဌာနကို အကူအညီ တောင်းခံထားပြီး မြန်မာမိသားစုတွေက တတ်နိုင်တဲ့ဘက်ကနေ ကြိုးပမ်းနေတယ်လို့ စီစဉ်ဆောင်ရွက်နေသူတယောက်က ပြောပါတယ်။

“ဗမာမိသားစုတွေအနေနဲ့ ဘုန်းဘုန်းက ဒီ ယူကေနိုင်ငံသား တစ်ယောက်ဖြစ်နေတဲ့အတွက်ကြောင့်မို့လို့ Foreign Office ကနေတဆင့် မြန်မာပြည်မှာရှိတဲ့ အင်္ဂလန်သံရုံးကနေပြီးတော့ ဘုန်းဘုန်းအတွက် ဘယ်လို အကူအညီတွေ ပေးနိုင်မလဲဆိုတာ အမတို့ ဆက်သွယ်ဆောင်ရွက်နေကြပါတယ်။ နောက်တခုက ဒီမှာ ဗမာမိသားစုတွေ၊ ဘုန်းဘုန်းရဲ့ တကာ၊ တကာမတွေ သိပ်ပေါများပြီး အားလုံးလည်း စိတ်နှလုံး မချမ်းမသာ ဖြစ်နေကြတဲ့အတွက်ကြောင့် ညနေတိုင်း ဘုန်းဘုန်းတို့အတွက်ကို ဘုန်းဘုန်းတို့ စိတ်ချမ်းသာ၊ ကိုယ်ချမ်းသာရှိဖို့ရယ်၊ လွတ်မြောက်ရေးအတွက်ရယ်ပေါ့ ဒီမှာ မိသားစုတွေ ဝတ်ပြု ဆုတောင်းပွဲ ညနေတိုင်းပြုလုပ်ဖို့ ဒီမှာ စီစဉ်ထားပါတယ်။”

မဟာသန္တိသုခ ဗုဒ္ဓသာသာနာပြုကျောင်းတိုက်ကို နိုင်ငံတကာမှာ လှည့်လည်သာသနာပြုနေတဲ့ ပီနန်ဆရာတော် ဦးပညာဝံသ တည်ထောင်ထားခဲ့တာ ဖြစ်ပေမယ့် နိုင်ငံတော် သံင်္ဃာ့မဟာနာယက အဖွဲ့ကို လှူဒါန်းခဲ့ပါတယ်။ ပီနန်ဆရာတော် နိုင်ငံခြားကနေ ပြန်ရောက်လာချိန်မှာ ပီနန်ဆရာတော်နဲ့
သံင်္ဃာ့ မဟာနာယကအဖွဲ့ကြား ကျောင်းတိုက်ပိုင်ဆိုင်မှု အငြင်းပွားခဲ့ကြပါတယ်။

ပိုင်ဆိုင်မှုပြဿနာ ဖြေရှင်းဖို့ စီစဉ်ထားချိန်မှာပဲ သက်ဆိုင်ရာက ကျောင်းတိုက်ထဲကို အချိန်မတော်ကြီး ဝင်ရောက်စီးနင်းပြီး ချိတ်ပိတ်ခဲ့တာ ဖြစ်ပါတယ်ရှင်၊

စုမြတ်မွန် (ဗွီအိုအေ)

Read More

ပီနန်ဆရာတော် ဦးပညာဝံသနဲ့ နိုင်ငံတော် သံဃာ့ မဟာနာယက အဖွဲ့တို့ကြား အငြင်းပွားနေတဲ့ မဟာသန္တိသုခ ဘုန်းကြီး ကျောင်းကို အစိုးရက ချိတ်ပိတ်တဲ့ညမှာ အဖမ်းခံခဲ့ရတဲ့၊ ပီနန်ဆရာတော်ရဲ့ တပည့်ရင်း လန်ဒန် သာသနာ့ ရံသီဝိဟာရ ဆရာတော် ဦးဥတ္တရ လွတ်မြောက်ရေး အတွက် ဖြစ်နိုင်ခြေ အားလုံးကို စဉ်းစား လုပ်ဆောင်သွားမယ် လို့ လန်ဒန်မြို့ Southwark နယ်မြေက ပါလီမန်အမတ် Simon Hughes က ပြောပါတယ်။

ဆရာတော် ဦးဥတ္တရဟာ၊ မစ္စတာ ဟျူးရဲ့ မဲဆန္ဒ နယ်မြေထဲမှာ တည်ရှိတဲ့
ဆရာတော် ဦးဥတ္တရ
စိန့်သောမတ်စ် အန် ဂိုင်းစ် ဆေးရုံမှာ ဘာသာပေါင်းစုံ လူနာတွေကို တရားပြပေးနေသူ ဖြစ်ပါတယ်။ အဲဒီ့ ဆေးရုံဟာ ဗြိတိန်နိုင်ငံရဲ့ ပါလီမန် အဆောက်ဦကြီးရဲ့ အနီးတည်ရှိပြီး၊ အင်မတန် ထင်ရှားတဲ့ ဆေးရုံကြီး ဖြစ်ပါတယ်။

ဆရာတော် လွတ်မြောက်ရေးမှာ ဗြိတိန် အစိုးရအနေ နဲ့ ကူညီနိုင်ဖို့ ဗြိတိန် နိုင်ငံခြားရေး ဌာနကို သွားရောက်ပြီး၊ နိုင်ငံခြားရေး ဝန်ကြီး နဲ့ တွေ့ဆုံခဲ့သလို၊ နိုင်ငံခြားရေး ဌာနက အတွင်းဝန်တွေနဲ့လဲ တွေ့ဆုံခဲ့တယ် လို့ မစ္စတာဟျူး က ဆိုပါတယ်။

ဒီလို သံဃာတွေကို ဖမ်းဆီးပြီး၊ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ အင်းစိန်ထောင် ကို ပို့လိုက်တဲ့ လုပ်ရပ်ကြောင့်၊ လက်ရှိ မြန်မာ အာဏာပိုင်တွေ ရဲ့ သဘောထားကို သိမြင်လိုက်ရတဲ့ အတွက်၊ ဗြိတိန်နိုင်ငံဘက်က အသိုင်းအဝိုင်းတွေထဲ မှာ စိုးရိမ်မှုတွေ ဖြစ်လာရတယ် ဆိုပြီးတော့လည်း ဆိုင်မွန် ဟျူးက ပြောပါတယ်။

ဒီအရေးနဲ့ ပတ်သက်ပြီး၊ ဗြိတိန် နိုင်ငံခြားရေးရုံးရဲ့ မြန်မာနိုင်ငံအရေး ကိုင်တွယ်တဲ့ ဌာနနဲ့ နေ့စဉ် အဆက်အသွယ် လုပ်နေကြောင်းလည်း သူက ပြောပါတယ်။ ဒါပေမယ့် အချုပ်အခြာ အာဏာပိုင် နိုင်ငံတစ်ခု ရဲ့ ပြည်တွင်းရေး ကိစ္စတွေ မှာ နိုင်ငံတကာ သံရုံးတွေ အနေနဲ့၊ ဝင်ပါဖို့ ခက်ခဲတဲ့ အနေထားမျိုး ဖြစ်တယ် ဆိုတာကိုလည်း မစ္စတာ ဟျူးက သုံးသပ်ပါတယ်။

ဒီလိုခက်ခဲတဲ့ အခြေအနေတွေ ကြားထဲကပဲ၊ အခု အဖမ်းအဆီး ခံထားရတဲ့ သံဃာတွေဟာ၊ မြန်မာနိုင်ငံရဲ့ လုံခြုံရေးနဲ့ တည်ငြိမ် အေးချမ်းရေးကို ထိခိုက်စေမယ့်သူတွေ မဟုတ်ဘူးဆိုတာကို မြန်မာအာဏာပိုင်တွေ လက်ခံလာပြီး ပြန်လွှတ် ပေးဖို့အတွက် ဖြစ်နိုင်ခြေ အားလုံးကို စဉ်းစားပြီး လုပ်ဆောင်သွားမယ် ဆိုပြီးတော့လည်း မစ္စတာ ဟျူးက ပြောပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

Read More

ယခုအခါ မြန်မာ့နိုင်ငံရေးတွင် ဥပဒေ ပြင်ဆင်ရေးအတွက် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကြိုးပမ်းမှုနှင့် ဥပဒေ ပြဌာန်းရေး ကြိုးပမ်းမှုများ မြင့်တက်လာနေပြီ ဖြစ်သည်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် နှင့် ၈၈ မျိုးဆက် (ငြိမ်းချမ်းရေး နှင့် ပွင့်လင်း လူ့အဖွဲ့အစည်း)တို့ ပူးပေါင်း၍ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ကြိုးပမ်းမှုများ ပြုလုပ်လျက်ရှိသကဲ့သို့ တစ်ဖက်တွင်လည်း မျိုးစောင့်ဥပဒေ ပေါ်ပေါက်လာရေး အတွက် လုံးပမ်းနေရသည်။ ယခုအခါ ဥပဒေ ပြင်ဆင်ရေး အတွက် ကြိုဆိုသံများ ကြားနေရသော်လည်း မျိုးစောင့် ဥပဒေ ပြဌာန်းရေး အတွက် အခက်အခဲများ၊ ကန့်ကွက်မှုများ ကြုံတွေ့နေရသည်။ ထို့ကြောင့် မျိုးစောင့် ဥပဒေ ပြဌာန်းရေး ဆောင်ရွက်ချက် ဘာလဲ၊ ဘယ်လဲ သိရှိစေရန်အတွက် ၎င်းဥပဒေ ပေါ်ပေါက်ရန် ကြိုးပမ်းနေသည့် ဆရာတော် ဦးဝီသူရနှင့် ယခုလို ဆက်သွယ်မေးမြန်းဖြစ်ခဲ့ပါသည်။

မေး။ ။ မျိုးစောင့် ဥပဒေ ပေါ်ပေါက်ရေးအတွက် ကြိုးပမ်းနေတာ ယခုလက်ရှိ ဘယ်အခြေနေသို့ ရောက်ရှိနေပြီလဲ။

ဖြေ။ ။ မျိုးစောင့် ဥပဒေနဲ့ ပတ်သက်လို့ မနေ့ကတော့ အင်းစိန်မြို့နယ် အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့မှ ဥပဒေ အကြံပြု အစည်းအဝေး ထိုင်ပါတယ်။ ညွန်ကြားချက်တွေ မှာပါတဲ့ အချက်တွေကို ဖြစ်သင့်တာတွေ ဖြစ်အောင်၊ ပြဋ္ဌာန်းသင့်တာတွေကို ပြဋ္ဌာန်းနိုင်အောင်၊ လူ့အခွင့်ရေး နဲ့လည်း ညီအောင်၊ နိုင်ငံရေး အနေနဲ့လည်း အကောင်းဆုံး ဖြစ်အောင်၊ အကြံပြုနေပါတယ်။ ဒီအတွက်ကြောင့် မူကြမ်းရေးဆွဲတဲ့ နေရာမှာ ဖြစ်ချင်တာတွေ ဖြစ်အောင် လုပ်နေရတဲ့ အတွက် အချိန်တော့ အနည်းငယ် ယူရပါတယ်။

မေး။ ။ မျိုးစောင့် ဥပဒေ ဖြစ်ပ်ါလာရေး ကြိုးပမ်းမှုအပေါ် နိုင်ငံရေး အသိုင်းအ၀ိုင်းက ဦးဇင်းတို့ မဘသ အဖွဲ့ကို အစိုးရက အနောက်ကနေ ကြိုးကိုင်းနေတယ် လို့ပြောနေတယ် ဟုတ်ပါသလား။

ဖြေ။ ။ အဲဒါတွေကတော့ မဟုတ်ပါဘူး။ ဦးဇင်းတို့ အဖွဲ့ကို မနာလိုတဲ့ သူတွေက ပြည်သူတွေနဲ့ အထင်လွဲအောင် မနာလိုတဲ့ သဘောတွေနဲ့ ပြောနေကြတာပါ။ အမှန်တော့ လုံးဝမဟုတ်ပါဘူး။ အစိုးရ ခိုင်းလို့ ဦးဇင်းတို့လုပ်တာ ဘာတစ်ခုမှ မရှိဘူး။ ဦးဇင်းတို့ခိုင်းလို့ အစိုးရက လုပ်နေတာပဲရှိတယ်။ ဒါ့ကြောင့် အစိုးရအဖွဲ့က ဦးဇင်းတို့ကို နောက်ကနေ ကြိုးကိုင်နေတယ်ဆိုတာ လုံးဝမဟုတ်ပါဘူး။

မေး။ ။ မျိုးစောင့် ဥပဒေ ပေါ်ပေါက်ရေးအပြင် တစ်ခြားနိုင်ငံရေး အနေနဲ့ရော ဦးဇင်းတို့ အဖွဲ့က ဘာတွေ လုပ်ဆောင်နေပါသလဲ။

ဖြေ။ ။ ဦးဇင်းတို့ အဖွဲ့က မြန်မာနိုင်ငံမှာရှိတဲ့ အမျိုးသမီးတွေနဲ့ အမျိုးဘာသာ သာသနာ အတွက် အဓိကထားတဲ့ အနေနဲ့ မျိုးစောင့် ဥပဒေ ပေါ်ပေါက်ရေးကိုသာ အဓိက ကြိုးစား လုပ်နေတာပါ။ နိုင်ငံရေးကို အဓိကထားပြီး လုပ်ဆောင်နေတာတော့ မရှိပါဘူး။ ဒါပေမယ့်လည်း အမျိုးသား အကျိုးစီးပွားကို ထိခိုက်လာနိုင်မယ် ဆိုရင်တော့ ထောက်ပြပေးတယ်။ အမျိုးသား အကျိုးစီးပွားကို ရှေးရှုမယ်ဆိုရင်တော့ ဘယ်အဖွဲ့အစည်းကိုမဆို ထောက်ခံပေးဖို့ ဦးဇင်းတို့ရဲ့ စိတ်ထဲမှာ အမြဲ ရှိနေပါတယ်။

မေး။ ။ အခုလက်ရှိ ရန်ကုန် မန္တလေးအပြင် အခြားမြို့နယ်တွေမှာပါ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ ၈၈ တို့ပူးပေါင်းပြီး ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ကြိုးပမ်းနေတဲ့ အပေါ် ဦးဇင်းတို့ မဘသ အဖွဲ့ အနေနဲ့ ကြိုဆိုပါသလား။

ဖြေ။ ။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ ၈၈ အဖွဲ့တို့ ပူးပေါင်းပြီး ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ဖို့ကို ဦးဇင်းတို့တင် မကဘူး။ ဦးဇင်းတို့ မဘသ တစ်နိုင်ငံလုံး အနေနဲ့ ကြိုဆိုပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အခြေခံ ဥပဒေ ဆိုတာ ဒီမိုကရေစီ စံချိန်စံညွန်းနဲ့ ညီအောင် လုပ်နေတာ မှန်သမျှကို လိုလိုလားလားနဲ့ ထောက်ခံနေတာကို ကြိုဆိုပါတယ်။ ကန့်ကွက်မှုလည်း လုံးဝ မရှိပါဘူး။ ၅၉(စ)ကိုသာ ဦးဇင်းက စိုးရိမ်မှုရှိတာပါ။ အဲဒီဟာကလည်း တစ်နိုင်ငံလုံးရဲ့ အမျိုးသား စီးပွား ထိခိုက်နိုင်မှာဖြစ်လို့ပဲ အဲဒါကို တစ်ဦးတစ်ယောက် အတွက်ပဲ ပြင်မယ်ဆိုရင်တော့ တစ်ဦး တစ်ယောက်တည်းကပဲ ဦးဆောင် ပြင်ပြီးတော့ အခြားသူတွေ ပါဝင်ခွင့်မရအောင် ကန့်သတ်ထားတဲ့ အတွက် အဲဒါကိုတော့ ပြင်ဖို့လိုလားပါတယ်။

မေး။ ။ မဘသရဲ့ မျိုးစောင့် ဥပဒေ ကန့်ကွက်တဲ့ အဖွဲ့တွေကို အမျိုးသား သစ္စာဖောက် အဖြစ် ကြေညာခဲ့တယ်။ သာသနာရေး ၀န်ကြီးကလည်း ဒီကြေညာချက်ကို ထောက်ခံတယ်။ ဒါကြောင့် မျိုးစောင့် ဥပဒေ ပေါ်ပေါက်ရေး အတွက် သာသနာရေး ၀န်ကြီးဌာနရဲ့ ဘယ်လို အကူအညီမျိုးရရှိ ထားပါသလဲ။

ဖြေ။ ။ ဦးဇင်းတို့ မဘသ အဖွဲ့က ရေးဆွဲတဲ့ မျိုးစောင့် ဥပဒေနဲ့ ပတ်သက်ပြီး ကန့်ကွက်တဲ့သူတွေကို ဦးဇင်းတို့ မဘသအဖွဲ့ သစ္စာဖောက်အဖြစ် ကြေညာခဲ့တာ မှန်ပါတယ်။ ဒီကြေညာချက်ကိုလည်း သာသနာရေး ၀န်ကြီးဌာနက တကယ်ပဲထောက်ခံခဲ့ပါတယ်။ မျိုးစောင့် ဥပဒေ ပေါ်ပေါက်ရေး အတွက် သာသနာရေး ၀န်ကြီးဌာနရဲ့ ကူညီမှုကိုလည် ယူခဲ့ရပါတယ်။ အဲဒါကတော့ ဘာသာကူးပြောင်းရေး ဆိုင်ရာ မူကြမ်းကိုတော့ သာသနာရေး ၀န်ကြီးဌာနက ရေးဆွဲပေးခဲ့တာပါ။ ကျန်တဲ့ အချက်အလက်တွေ ကတော့ ဦးဇင်းတို့ မဘသ အဖွဲ့ကပဲ ရေးဆွဲခဲ့တာပါ။

မေး။ ။ ဦးဇင်းတို့ မဘသ အနေနဲ့ မျိုးစောင့် ဥပဒေနဲ့ ပတ်သက်ပြီး ပြည်သူတွေကို ဘယ်လို အကြံပြု ပြောချင်ပါသေးလဲ။

ဖြေ။ ။ ဦးဇင်းတို့ မဘသ အဖွဲ့က အမျိုးဘာသာ သာသနာ ကိစ္စတွေအပြင် တိုင်းပြည်အတွက်၊ လူမျိုးအတွက်၊ တိုင်းရင်းသား ပေါင်းစုံရဲ့ အမျိုးဘာသာ သာသနာတွေကို လုံခြုံအောင်၊ မမျှတတဲ့ ဥပဒေတွေကို မျှတအောင်၊ မတရားတဲ့ ဥပဒေတွေကို တရားအောင်၊ လူအခွင့်အရေးနဲ့ မညီဘူး ဆိုရင် ညီအောင်၊ မပြည့်စုံဘူးထင်ရင် ပြည့်စုံအောင် ပြည်သူတွေ အနေနဲ့ ၀ိုင်းပြီးတော့ ဦးဇင်းတို့ အဖွဲ့ကို အကြံပေးစေချင်ပါတယ်။ ဦးဇင်းတို့အဖွဲ့က အမျိုးဘာသာ သာသနာကို လုံခြုံအောင် လုပ်နေတဲ့ အဖွဲ့ဆိုတော့ ပြည်သူတွေရဲ့ လိုအပ်ချက်တွေကို အဓိက လုပ်ဆောင်နေတဲ့ အဖွဲ့ပါလို့ပြောချင် ပါတယ်။

တွေ့ဆုံမေးမြန်းသူ ပိုင်လေး

Tomorrow

http://www.tomorrow.com.mm/?q=articles%2F621

Read More
Related Posts Plugin for WordPress, Blogger...

Arakan Media Group

Popular Posts

Blog Archive