Showing posts with label ဖြေရှင်းချက်. Show all posts
Showing posts with label ဖြေရှင်းချက်. Show all posts

 နိုင်ငံ့ဝန်ထမ်းတွေထဲမှာ လာဘ်ပေးလာဘ်ယူမှုတွေနဲ့ အဂတိလိုက်စားမှုတွေ ရှိနေဆဲ ဖြစ်တယ်လို့ သမ္မတဦးသိန်းစိန်က ၀န်ခံပြောဆိုလိုက်ပါတယ်။

 သြဂုတ် ၂၀ ရက်နေ့က နေပြည်တော်မှာ ကျင်းပတဲ့ သမ္မတဦးသိန်းစိန်အစိုးရအဖွဲ့ရဲ့ ၂၀၁၄-၁၅ ခုနှစ် ပထမ ၄ လပတ် အစည်းအဝေးမှာ နိုင်ငံတော်သမ္မတက ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

ဒီအတွက် လာဘ်ပေးလာဘ်ယူမှု ပပျောက်ဖို့ ၀န်ထမ်းတွေရဲ့ စိတ်ဓာတ်ကအစ ပြောင်းလဲ ပစ်ဖို့ လိုအပ်တဲ့အကြောင်း၊ အစိုးရအဖွဲ့ရဲ့ ကျန်ရှိနေတဲ့ သက်တမ်းကာလအတွင်း လာဘ်ပေး လာဘ်ယူမှု လျော့နည်းပပျောက်ရေးလုပ်ငန်းကို အရှိန်အဟုန် မြှင့်တင်ပြီး ဆောင်ရွက်ကြဖို့ အစိုးရအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီးတွေနဲ့ နိုင်ငံဝန်ထမ်း အရာရှိကြီးတွေကို သမ္မတဦးသိန်းစိန်က တိုက်တွန်းပြောကြားပါတယ်။

မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ အဂတိလိုက်စားမှု အများဆုံးနိုင်ငံ ဖြစ်တဲ့အတွက် အဂတိ လိုက်စားမှု နှိမ်နင်းရေးကို ထိထိရောက်ရောက် မလုပ်ဘူးလို့ ပြည်တွင်းနဲ့ နိုင်ငံတကာက ဝေဖန်မှုကို အမြဲတစေ ခံနေရပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no/archives/62931

Read More

........ 7Day


နိုင်ငံတကာအကူအညီ များအနေဖြင့် ဘင်္ဂါလီလူမျိုးများ ဘက်ကိုသာဦးတည်နေမည်ဆိုပါ က ဒေသခံရခိုင်တိုင်းရင်းသားများ နှင့်သဘောထားဆက်လက်ကွဲ ပြားနေမည်ဖြစ်ကြောင်း နိုင်ငံ တော်ဒုတိယသမ္မတဒေါက်တာ စိုင်းမောက်ခမ်းက ပြောကြား သည်။

သြဂုတ် ၈ ရက်က နေပြည်တော်တွင်ပြုလုပ်ခဲ့သော ရခိုင် ပြည်နယ်တည်ငြိမ်အေးချမ်းရေး နှင့် ဖွံ့ဖြိုးတိုးတက်မှုအကောင် အထည်ဖော်ရေးဗဟိုကော်မတီ အစည်းအဝေး၌ ယင်းကော် မတီဥက္ကဋ္ဌဒေါက်တာစိုင်းမောက် ခမ်းက အထက်ပါအတိုင်းထည့် သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ဘင်္ဂါလီကယ်ဆယ်ရေးစခန်းများသို့ နိုင်ငံတကာအလှူရှင်များ ၏ လူသားချင်းစာနာထောက်ထား မှုအကူအညီခေါင်းစဉ်ဖြင့်ပင် ထောက်ပံ့ပေးနေမည်ဆိုပါက၊ ဘင်္ဂါလီလူမျိုးများဘက်ကိုသာ ပိုမိုဦးတည်သွားပါက ဒေသခံ ရခိုင်လူမျိုးများနှင့် ဆက်လက် သဘောထားကွဲပြားနေမည်ဖြစ် ကြောင်း ဒေါက်တာစိုင်းမောက် ခမ်းကပြောကြားခဲ့သည်။

ကယ်ဆယ်ရေးစခန်းများ တွင် လူဦးရေတစ်သိန်းနှစ်သောင်း ကျော်ရှိပြီး ၎င်းတို့စားဝတ်နေရေး ကို မြန်မာနိုင်ငံတစ်နိုင်ငံတည်း အနေဖြင့် တာဝန်ယူရန်ခက်ခဲမည် ဖြစ်ကာ နိုင်ငံတကာအကူအညီ များဖြင့် ယာယီပံ့ပိုးပေးနိုင်သော် လည်း ရေရှည်တွင်သင့်လျော် သည့်အဖြေမဟုတ်ကြောင်း ဒု သမ္မတကဆက်လက်ပြောသည်။

လူသားချင်းစာနာမှုအကူ အညီများပေးအပ်နေသည်နှင့် တစ်ပြိုင်တည်း ရခိုင်ပြည်နယ်ဖွံ့ဖြိုး တိုးတက်ရေးနှင့် ရေရှည်တွင်နှစ် ဖက်လူ့အဖွဲ့အစည်း သဟဇာတ ဖြစ်လာစေရေးအထောက်အကူ ပြုလုပ်ငန်းများကို ဆောင်ရွက်ရ မည်ဖြစ်ကြောင်း ဒေါက်တာစိုင်း မောက်ခမ်းကထည့်သွင်းပြော ကြားသည်။

ရခိုင်ပြည်နယ်ပဋိပက္ခဖြစ် ပေါ်စေသည့်အခြေခံဇာစ်မြစ်တစ် ခုဖြစ်သော လက်ရှိဘင်္ဂါလီလူမျိုး များ တရားဝင်၊ မဝင်ခွဲခြားဖော်ပြ နိုင်ရန် ၁၉၈၂ ဥပဒေဖြင့် စိစစ် ခြင်းလုပ်ငန်းများကို မြေပုံမြို့နယ် တွင် ရှေးဦးစီမံချက်အဖြစ်ဆောင် ရွက်ခဲ့ပြီး ဘင်္ဂါလီလူမျိုး ၁၀၉၄ ဦးကို ပဏာမစိစစ်ပြီးစီးခဲ့ပြီး ဆက် လက်စိစစ်နေကြောင်း ၎င်းက ထည့်သွင်း ပြောကြားခဲ့သည်။

Read More


မဟာသန္တိသုခကျောင်းနှင့်ပတ်သက်၍ သတင်းစာရှင်းလင်းပွဲကို ၂၀၁၄ ခုနှစ် ဇွန်လ ၁၁ ရက်နေ့တွင် သာသနာရေးဝန်ကြီးဌာန၌ နေ့လည် ၂ နာရီအချိန်တွင် ကျင်းပခဲ့ရာ သတင်းစာရှင်းလင်းပွဲ၌ သာသနာတော်ထွန်းကားပြန့်ပွားရေး ဦးစီးဌာနညွှန်ကြာရေးမှူးချုပ်၊ သာသနာရေးဦးစီးဌာနမှ ညွှန်ကြာရေးမှူး ဦးခိုင်အောင်(ယာယီ)မှ မဟာသန္တိသုခကျောင်းကို ၁၉၉၆ ခုနှစ် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးလက်ထက်တွင် နာယကအဖွဲ့ (၅)ဦး၊ တည်ဆောက်ရေးကော်မတီဥက္ကဋ္ဌ ဆောက်လုပ်ရေးဝန်ကြီးဌာန၀န်ကြီး၊ မြို့ရွာနှင့် အိုးအိမ်ဦးစီးဌာနညွှန်ကြားရေးမှူးချုပ် အတွင်းရေးမှူးအပါအ၀င် အဖွဲ့ဝင် (၁၃)ဦး စုစုပေါင်း ၁၅ ဦးဖြင့် ဖွဲ့စည်းခဲ့ပြီး ကျောင်းတော်ကြီးကို ကျပ်သိန်းပေါင်း ၈၅၀၀ ကုန်ကျခဲ့ကြောင်း၊ ကျောင်းတော်ကြီးတည်ဆောက်စဉ်မှ ပြီးဆုံးသည်အထိ နိုင်ငံတော်အစိုးရမှ ဦးဆောင်စီမံကွပ်ကဲဆောင်ရွက်ခဲ့ပြီး ဗုဒ္ဓဘာသာဝင်အများပြည်သူလှူဒါန်းငွေဖြင့် မတည်ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ မဟာသန္တိသုခကျောင်းဖွင့်ပွဲအခမ်းအနားကို ၁၉၉၉၊ ၁၂လ၊ ၁၇ ရက်နေ့တွင် ကျင်းပပြီး၊ ရေစက်ချအခမ်းအနားကို (၁၈)ရက်နေ့တွင် ကျင်းပခဲ့ရာ နိုင်ငံတော် အကြီးအကဲများကိုယ်တိုင် တက်ရောက်၍ လှူဒါန်းခဲ့ သည်။

 လှူဒါန်းပြီးနောက် ပီနန်ဆရာတော်ကြီးမှ မိမိသဘောဖြင့် ကျောင်းတော်ကြီးကို လက်လွှဲရယူရန် ကြိုးစားသဖြင့် ဗိုလ်မှူးကြီးစောမြင့် (ငြိမ်း) ၂၀၀၂၊ ၇ လပိုင်း ၄ ရက်နေ့တွင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီက ကျောင်းတော်ကြီးကို နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ်ကြီးများကဲ့သို့ပင် နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့၏ စီမံကွပ်ကဲမှုအောက်၌သာ ထားသင့်ကြောင်းထောက် ထားကာ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့အား ကျောင်းတော်ကြီးကို လွှဲပြောင်းလှူဒါန်းခဲ့ကြောင်း ပြောကြားခဲ့သည်။

ရန်ကုန်မြို့၊ ကမ္ဘာအေးရှိ ရန်ကုန်တိုင်းသာသနာရေးဦးစီးဌာနရုံးအဆောက်အအုံတွင် ယနေ့ ကျင်းပသော သတင်းစာ ရှင်းလင်းပွဲတွင် သာသနာရေးဝန်ကြီးဌာနက ယင်းသို့ ရှင်းလင်းပြောဆိုသည်။

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၏ ညွှန်ကြားချက်အရ မဟာသန္တိသုခကျောင်းတိုက်ကြီးကို ဇွန်လ ၁၀ ရက်နေ့ ညပိုင်းတွင် စည်းကမ်းထိန်းသိမ်းရေး ဘုန်းကြီး ၂၈၁ ပါး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ သာသနာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူ များဖြင့် ကျောင်းတိုက်ကို ၀င်ရောက်စီးနင်းခဲ့ပြီး ကျောင်းမှ သံဃာတော် ၇ ပါးကို ထိန်းသိမ်းထားကြောင်း သိရှိရသည်။

မဟာ သန္တိသုကျောင်းတိုက်ကြီးသည် နိုင်ငံတော် အစိုးရက သံဃနာယကအဖွဲ့ထံသို့ ရေစက်ချ လှူဒါန်းပြီးဖြစ်၍ ၀ိနည်း အရ ပီနန်ဆရာတော်ကြီး ဦးပညာဝံသထံသို့ ပြန်လည် လွှဲပြောင်းရန် လုံးဝ မဖြစ်နိုင်ကြောင်း ၊ နိုင်ငံတော် သံဃ မဟာ နာယက အဖွဲ့က ပီနန်ဆရာတော်အား ကျောင်းတိုက်ကြီးမှ ထွက်ခွားပေးရန် အကြိမ်ကြိမ် စာထုတ်ခဲ့သော်လည်း လိုက်နာ မှု မရှိသောကြောင့် ဓမ္မစက်ကိုအာဏာစက်ဖြင့် တရားဝင်အောင် သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများက ပူးပေါင်း ဆောင်ရွက်ပေးရခြင်း ဖြစ်ကြောင်း သတင်းစားရှင်လင်းပွဲတွင်သာသာနာရေး ၀န်ကြီးဌာန တာဝန်ရှိသူများက ပြောဆိုသည်။

“နိုင်ငံတော်အစိုးရမှ သံဃာတော်အား ရည်မှန်း၍ သာသနိက ကျောင်း အဖြစ် လှူဒါန်းခဲ့သဖြင့်ပီနန်ဆရာတော်ကြီး ဦးပညာဝံသအား လှူဒါန်းတာ မဟုတ်တဲ့အတွက်ပီနန်ဆရာတော်ကြီး ဦးပညာဝံသမှာ ပုဂ္ဂလိကအနေဖြင့် ပိုင်ဆိုင်ခွင့် မရှိကြောင်း ထင်ရှားစွာ တွေ့မြင်ရမှာ ဖြစ်ပါတယ်။ ထိုစဉ်က အခမ်းအနားမှူးအဖြစ် ဆောင်ရွက်ခဲ့သူမှာ ယခုလက်ရှိ နိုင်ငံတော် သမ္မတရုံး အကြံပေး ပုဂ္ဂိုလ် ဦးအံ့မောင် ကိုယ်တိုင်ပါဝင် ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။” ဟု သာသနာရေး ဦးစီး ဌာန ဒုညွှန်ချုပ် ဦးဇာနည်ဝင်းက ပြောကြားသည်။

မဟာသန္တိသုခကျောင်း ပိုင်ဆိုင်မှု အငြင်းပွားမှုနှင့် ဆက်စပ်၍ သံဃာတော် အပါး ၂၀ ကို ထိန်းသိမ်းထားပြီး ဥပဒေနှင့်အညီ စိစစ်ဆောင်ရွက်နေကြောင်း၊ လူပုဂ္ဂိုလ် ၃၂ ဦးကိုလည်း ၀န်ခံကတိလက်မှတ်ထိုးခိုင်းပြီး ပြန်လည် လွှတ်ပေး လိုက်ကြောင်းရန်ကုန်တိုင်း သာသနာရေး ဦးစီးဌာန ဦးစီးမှူး ဦးစိန်မော်က ပြောကြားသည်။

ပီနန်ဆရာတော်ကြီးက မဟာသန္တိသုခ ကျောင်း ပိုင်ဆိုင်မှု အငြင်းပွားမှုကို ဥပဒေကြောင်းအရ တရားရုံးတွင် ဖြေရှင်းသွား မည်ဟု ပြောဆိုထားသော်လည်း ယင်းပြောဆိုမှုသည် တရားရုံးတွင် ဖြေရှင်းရန်မလိုဘဲ နိုင်ငံတော် သံဃ မဟာနာယက အဖွဲ့ သည် သံဃာထု၏ အမြင့်ဆုံးအဖွဲ့အစည်း ဖြစ်သည့်အတွက် ယင်းအဖွဲ့၏ အဆုံးအဖြတ်သည်သာ အတည် ဖြစ်ကြောင်း သာသနာရေး ၀န်ကြီးဌာန အကြံပေး ဦးအံမောင်က ပြောကြားသည်။

   
"သာသနာပိုင် အဆောက်အအုံ၊ သာသနာပိုင်မြေ ဟူ၍သာ ရှိပါသည်.. ဘုန်ကြီးပိုင် အဆောက်အအုံ၊ ဘုန်းကြီးပိုင်မြေ ဟူ၍မရှိ"
http://www.myanmarexpress.net/2014/06/blog-post_11.html
   
မဟာသန္တိသုခ ကျောင်း ဖြစ်ရပ်မှန်
http://www.myanmarexpress.net/2014/06/blog-post_9411.html
 
.. www.MyanmarExpress.net

Read More
Posted by Unknown on Wednesday, June 11, 2014



ဘင်္ဂလီတွေရဲ့ နာမည်တု ရိုဟင်ဂျာ ဆိုတာကို တိုင်းရင်းသားအဖြစ် လက်ခံဖို့ အမေရိကန်အမတ်တွေက တိုက်တွန်းသွားတယ်လို့ VOA မြန်မာပိုင်းက ကိုကျော်ကျော်သိန်းက သတင်းခေါင်းစီးတပ်ပြီး ရေးသားသွားပါတယ်။ သန်းခေါင်စာရင်းကြောင့် ဘင်္ဂလီကိစ္စဟာ ရေပူမှတ်ကို ရောက်နေပြီးသားပါ။ အခု VOA ဆောင်းပါးကြောင့် ပြဿနာဟာ ပိုမိုရှုပ်ထွေးတင်းမာနိုင်ပြီး မြန်မာအသိုင်းအ၀ိုင်းကြားမှာ ပွလောရိုက်ကုန်နိုင်ပါတယ်။ တကယ်တော့ ဗီအိုအေရဲ့ ရေးသားချက်ဟာ အထောက်အထားကင်းမဲ့နေပါသေးတယ်။ ဗီအိုအေက တိုင်းရင်းသားအဖြစ်တိုက်တွန်းတယ်လို့ ရေးသားသွားပေမယ့် အမေရိကန်အောက်လွှတ်တော်ရဲ့ ဘင်္ဂလီကိစ္စနဲ့ထုတ်ပြန်တဲ့ House Resolution 418 မူရင်းမှာ တိုင်းရင်းသားဆိုတာကို မရေးထားပါဘူး။ နိုင်ငံသားဖြစ်ဖို့ကိုပဲ ရေးထားပါတယ်။ House Resolution 418 ရဲ့အပြည့်အစုံကို အောက်ပါလင့်မှာ ဖတ်သားနိုင်တယ်။ (http://beta.congress.gov/113/bills/hres418/BILLS-113hres418ih.pdf) အဲဒီဆုံးဖြတ်ချက်ကို အခုဖြည့်စွက်ချက်ပြန်ထည့်ထားပါတယ်။ အဲဒီမှာ ပါမပါကို ထွက်လာမဲ့ Full text မှာမှ စောင့်ဖတ်ရအုံးမှာပါ။

တကယ်တော့ နိုင်ငံတကာ အသိုင်းအ၀ိုင်းမှာ တိုင်းရင်းသားဖြစ်ရေးမဖြစ်ရေးကို အဓိပ္ပာယ်ဖွင့်ပုံခြင်း မတူကြပါဘူး။ အင်္ဂလိပ်အသုံးအနှုန်းမှာ Ethnic ဆိုတဲ့ စကားလုံးနဲ့ indigenous ဆိုတဲ့ အသုံးအနှုန်းနှစ်ခုဟာ ကွဲပြားပါတယ်။ ဥပမာ- အမေရိကန်ပြည်ထောင်စုမှာ Ireland က ပြောင်းရွေ့နေထိုင်လာကြတဲ့ Irish လူမျိုးတွေ ရှိကြတယ်။ အဲဒါကို အင်္ဂလိပ်လို ရေးရင် There are so many ethnic Irish people in U.S. အမေရိကန်ပြည်ထောင်စုမှာ အိုင်ယာလန်မျိုးနွယ်စုဝင်တွေ ရှိကြတယ်လို့ပဲ ဆိုလိုတယ်။ အိုင်းရစ်တွေဟာ တိုင်းရင်းသားတွေ၊ တိုင်းဦးသားတွေလို့ မဆိုလိုပါဘူး။ Red Indians တွေပဲ အမေရိကန်ုရဲ့ တိုင်းဦးသားပါ။ သူတို့ကို နှင်ထုတ်ပြီး လူဖြူတွေက လာရောက်နေထိုင်အုပ်ချုပ်နေခဲ့ကြတာပါ။

House Resolution 418 မှာလည်း Indigenous ဆိုတဲ့ စကားလုံးတစ်လုံးမှာ မပါပါဘူး။ Ethnic ဆိုတဲ့ စကားလုံးကို တစ်ခါပဲ သုံးထားပါတယ်။ ဘယ်လိုသုံးထားလဲဆိုတော့..
“…over 800,000 Rohingya ethnic minority live in Burma, mostly in the western Rakhine state;”.
လူနည်းစုရိုဟင်ဂျာမျိုးနွယ်ဝင် ၈ သိန်းကျော်ဟာ မြန်မာနိုင်ငံတွင် နေထိုင်ကြသည်။ အထူးသဖြင့် အနောက်ဘက် ရခိုင်ပြည်နယ်တွင် နေထိုင်ကြသည်။

ဒါကြောင့် အထက်ပါ ဗီအိုအေ ဆောင်းပါးဟာ ဘင်္ဂလီကိစ္စကဲ့သို့ ထိလွယ်ရှလွယ်တဲ့ ကိစ္စကို ရေးသားရာမှာ ဘာအထောက်အထားကို အခြေခံပြီး ဒီလိုရေးသားရလဲ ဆိုတာ စဉ်းစားစရာပါ။ သတင်းရေးသူရဲ့ အမှားပဲလား၊ ဘာသာပြန်မှုရဲ့ ညံ့ဖျင်းမှုကြောင့်လား၊ ဒါမှမဟုတ် တခြားနောက်ကွယ်က အကြောင်းအရာတွေ ရှိနေလား ဆိုတာကတော့ စောင့်ကြည့်ကြရပါလိမ့်မယ်။
 
 
Kyaw Htoo Aung

http://myanmar.wontharnu.com
 

Read More


မေလ ၃၁ ရက် ၂၀၁၄ ခုနှစ်

သမ္မတဦးသိန်းစိန်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ နိုင်ငံရေးဆွေးနွေးပွဲ ရလာဒ်တွေ ထွက်ပေါ်လာမှ ဖွဲ့စည်းပုံပြင်ဖို့ လုပ်သင့်တယ်လို့ ပြောကြားလိုက်ပါတယ်။


မေလ ၃၁ ရက် သူ့ရဲ့ လစဉ် တိုင်းပြည်ကိုပြောကြားတဲ့ ရေဒီယိုမိန့်ခွန်းမှာ အခုလို ပြောကြား လိုက်တာဖြစ်ပါတယ်။

“ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ဆက်လျဉ်းပြီး ကျနော့်ရဲ့ သဘောထား ရပ်တည်ချက်ကို ထပ်လောင်းပြောကြားလိုပါတယ်။ ပထမအချက်ကတော့ ငြိမ်းချမ်းရေး ဖြစ်စဉ်ကို အခြေပြုတဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးအတွက် မဖြစ်မနေ ပြုလုပ်ရမယ့် နိုင်ငံရေး ဆွေးနွေးပွဲများမှ ပေါ်ပေါက်လာသော သဘောတူညီချက်များကို မူတည်ပြီး လိုအပ်သလို ပြင်ဆင်ခြင်း၊ ပယ်ဖျက်ခြင်း၊ ဖြည့်စွက် ရေးသားခြင်းများ ပြုလုပ်သင့်ပါတယ်။”

ဒုတိယအချက်အနေနဲ့ နိုင်ငံရေးတွင် ပါဝင်ပတ်သက်သူ အားလုံးရဲ့ အမျှော်အမြင်ကြီးမှု၊ ဉာဏ်ပညာကြွယ်ဝမှုနှင့် စိတ်ရင်း စေတနာ မှန်ကန်မှုတို့နဲ့သာ ပြင်ဆင်သင့်တယ်။

တတိယအချက်အနေနဲ့ မည်သည့်နိုင်ငံသား၊ တိုင်းရင်းသား တဦးကိုမျှ မြန်မာနိုင်ငံကို နိုင်ငံရေးအရ ဦးဆောင်နိုင်ခွင့်အား ကန့်သတ်တားမြစ်ထားခြင်းမျိုး မဖြစ်စေလိုတဲ့ နိုင်ငံရေး စေတနာရှိသလို တဖက်တွင်လည်း မိမိတို့ အမျိုးသားအကျိုးစီးပွားနှင့် နိုင်ငံရဲ့ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးကို မထိပါးစေမည့် သင့်တင့်လျောက်ပတ်သော အကာအကွယ်ပေးနိုင်တဲ့ အခြေခံများရှိရန် လိုအပ်တယ်လို့ ထည့်သွင်း ပြောကြားခဲ့တာပါ။


သမ္မတရဲ့ ဒီတကြိမ်ရေဒီယိုမိန့်ခွန်းထဲမှာ မြန်မာအာဆီယံဥက္ကဋ္ဌကိစ္စ၊ ပြည်တွင်းငြိမ်းချမ်းရေးကိစ္စနဲ့ ရန်ကုန်-မန္တလေး အမြန်လမ်းမှာ လူသေဆုံးမှုတွေအတွက် ၀မ်းနည်းမိကြောင်းတွေ ပါဝင်ပါတယ်။
 
http://www.oppositeyes.info 

Read More

ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့ဝင်တစ်ဦး၏ ရုပ်အလောင်းအား ပြန်လည်လွှဲပြောင်းပြီးနောက် နှစ်နိုင်ငံလုံခြုံရေး တာဝန်ရှိသူများအား တွေ့ရစဉ်


မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်စပ်တွင် RSO သောင်းကျန်းသူအဖွဲ့ ဝင်ရောက်လှုပ်ရှားလျက်ရှိကြောင်း သတင်းရရှိသည့်အတွက် မိမိနယ်မြေခံလုံခြုံရေးတပ်ဖွဲ့များက နယ်မြေရှင်းလင်းရေးဆောင်ရွက်လျက်ရှိရာ မေ ၂၈ ရက် နံနက် ၉ နာရီ ၅ မိနစ်တွင် RSO သောင်းကျန်းသူအဖွဲ့မှဟုယူဆရသော လက်နက် ကိုင် ဆောင်ထားသူ နှစ်ဦးသည် မိမိနိုင်ငံနယ်နိမိတ်အတွင်းသို့ ဝင်ရောက်လာခဲ့သဖြင့် လုံခြုံရေး ဆောင်ရွက် နေသော နယ်မြေခံလုံခြုံရေးတပ်ဖွဲ့နှင့် ထိတွေ့မှုဖြစ်ပွားခဲ့ရာ အဝါရောင်ပြောက်ကျား ယူနီ ဖောင်းဝတ် အလောင်းတစ်လောင်း၊ ၄င်းကိုင်ဆောင်သောသေနတ်တစ်လက်နှင့် ခဲယမ်းအချို့တို့ကို သိမ်းဆည်း ရမိခဲ့ကြောင်းသိရသည်။

မေ ၂၉ ရက်တွင် ဘင်္ဂလားဒေ့ရှ် စစ်သံရုံး (ရန်ကုန်)မှ အကြောင်းကြားချက်အရ ၄င်းတို့နယ်ခြားစောင့် တပ်ဖွဲ့မှ အဖွဲ့တစ်ဖွဲ့သည် လှည့်ကင်းတာဝန်ထမ်းဆောင်နေစဉ် ၄င်းတို့တပ်ဖွဲ့ဝင်တစ်ဦး ပျောက်ဆုံး လျက်ရှိကြောင်း၊ မြန်မာနိုင်ငံဘက်မှ ထိန်းသိမ်းထားရှိပါက ပြန်လည်လွှဲပြောင်းပေးစေလိုကြောင်း၊ သေဆုံး ပါကလည်း အလောင်းကို ပြန်လည်ပေးအပ်စေလိုကြောင်း ညှိနှိုင်းအကြောင်းကြားလာခဲ့သည်။ မိမိဘက်မှ လည်း အဝါရောင်ပြောက်ကျား ယူနီဖောင်းဝတ်အလောင်းတစ်လောင်းကို နယ်စပ်မှတ်တိုင်(၅၂)အနီး၊ မိမိနိုင်ငံနယ်မြေအတွင်းတွင် တွေ့ရှိထားကြောင်းနှင့် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့မှ တပ်ဖွဲ့ဝင် အလောင်း မှန်ကန်ပါက ဖြစ်စဉ်ဖြစ်ပွားခဲ့သည့် နယ်စပ်မှတ်တိုင်(၅၂)အနီးတွင် ပြန်လည်လွှဲပြောင်းပေး အပ်မည်ဖြစ်ကြောင်း အကြောင်းပြန်ကြားခဲ့သည်။

မေ ၃၁ ရက် ညနေ ၅ နာရီ ၅ မိနစ်တွင် အမှတ်(၃၁)ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်မှ ဒုတိယတပ်ရင်း မှူး ဗိုလ်မှူးကာရပ်ဖ်ဦးစီးအဖွဲ့ နယ်စပ်မှတ်တိုင်(၅၂)အနီးသို့ ရောက်ရှိလာခဲ့ရာ မိမိလုံခြုံရေးတပ်ဖွဲ့ တာဝန် ရှိသူ များက ဖြစ်စဉ်နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီးသေဆုံးသူအလောင်းကို စိစစ်ခဲ့ရာ အမှတ်(၃၁) ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်မှ ၄င်းတို့တပ်ဖွဲ့ဝင်ဖြစ်သည်မှာ မှန်ကန်ကြောင်း၊ တပ်ကြပ်အဆင့်ရှိ မာဇမ်ဆိုသူဖြစ်ကြောင်း၊ ၄င်းသည် နယ်မြေရှင်းလင်းဆောင်ရွက်စဉ် လူစုကွဲ ပျောက်ဆုံး သွားခဲ့သူဖြစ်ကြောင်း၊ နှစ်နိုင်ငံနယ်နိမိတ်နယ်စပ်ဒေသတွင် လိုက်နာလုပ်ဆောင်ရမည့် အချက်များကို ဆောင်ရွက်ခဲ့ခြင်းမရှိသဖြင့် မြန်မာနိုင်ငံ နယ်နိမိတ်အတွင်းဝင်ရောက်သွားစဉ် လုံခြုံရေး အဖွဲ့များနှင့်ထိတွေ့ပြီး ယခုကဲ့သို့ဖြစ်စဉ်ဖြစ်ပွားရခြင်းဖြစ်ကြောင်း၊ ယခုဖြစ်စဉ်နှင့်ပတ်သက်၍ ပြဿနာ မရှိပါကြောင်း၊ ၄င်းတို့အနေဖြင့်ဘယ်လိုမှစိတ်ထဲမှာ မထားကြောင်း၊ မြန်မာဘက်အနေဖြင့်လည်း စိတ်ထဲ တွင် မည်သို့မျှ မထားရန်နှင့် ယခုကဲ့သို့ အပြည့်အဝ ကူညီပေးသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ ၄င်းတို့အထက်ဌာနမှလည်း ကျေးဇူးတင်နေပါကြောင်း၊ ၄င်းတို့ဘက်တွင်အခြားပြဿနာများရှိပါက ပြောကြား ရန်နှင့် လိုအပ်ပါက ကူညီပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် မိမိလုံခြုံရေးတပ်ဖွဲ့တာဝန်ရှိသူကလည်း ဖြစ်စဉ်နေရာကို လိုက်လံပြသခြင်း၊ ဖြစ်စဉ်ဖြစ်ပွားပုံကို ရှင်းလင်းပြောကြားခြင်း၊ နယ်စပ်လုံခြုံရေး ဆောင်ရွက်ခြင်းနှင့်ပတ်သက်၍ စောင့်ထိန်းလိုက်နာရမည့် အချက်များကို အလေးထားဆောင်ရွက်ပေးစေလိုကြောင်း ပြန်လည်ပြောကြားခဲ့ပြီး ရုပ်အလောင်းကို စနစ်တကျ လက်မှတ်ရေးထိုးလွှဲပြောင်းပေးအပ်ခဲ့သည်။

ညနေ ၅နာရီခွဲတွင် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့များသည် ရုပ်အလောင်းကို လက်ခံယူပြီး နောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းသို့ပြန်လည်ထွက်ခွာသွားခဲ့သည်။ အထက်ပါ နယ်စပ်ဒေသတွင် ဖြစ်ပွားခဲ့ သည့် ဖြစ်စဉ်နှင့်ပတ်သက်၍နှစ်နိုင်ငံအကြားဆက်ဆံရေး၊ ယုံကြည်မှုနှင့် ချစ်ကြည်ရင်းနှီးမှုတို့ကို ဆက် လက်ထိန်းသိမ်းဆောင်ရွက်နိုင်ရေး၊ နှစ်နိုင်ငံနယ်စပ်ဒေသတွင် RSO သောင်းကျန်းသူများ အခြေမခံ နိုင်ရေး၊ မလိုလားအပ်သော နယ်စပ်ပြဿနာ များ မပေါ်ပေါက်စေရေးတို့အတွက် လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်နိုင်ရန်နှစ်နိုင်ငံအလံတင်အစည်းအဝေးကို မကြာမီရက်ပိုင်းအတွင်း ကျင်းပ သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

Read More

အမေရိကန်သမ္မတ နဲ့ မြန်မာသမ္မတ အိမ်ဖြူတော် တွင် တွေ့ဆုံစဉ်။ (မေ ၂၀၊ ၂၀၁၃)
အာရှပစိဖိတ်ဒေသတွင်းက သြဇာကြီးမားလာနေတဲ့နိုင်ငံတွေထဲမှာ တနေ့နေ့ တချိန်ချိန်ကျရင် မြန်မာနိုင်ငံလည်း ပါဝင်လာနိုင်ဖို့ မျှော်လင့်တယ်လို့ အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီးက ပြောကြားလိုက်ပါတယ်။ အမေရိကန် အစိုးရရဲ့ အာရှပစိဖိတ်ဒေသ ဆိုင်ရာ မူဝါဒတွေနဲ့ ပတ်သက်ပြီး Baltimore နိုင်ငံခြားရေးကောင်စီမှာ မေလ ၂၉ ရက်နေ့က အခုလို ပြောလိုက်တာပါ။

ဒေသတွင်းက သြဇာကြီးမားလာနေတဲ့နိုင်ငံတွေနဲ့ထိတွေ့ဆက်ဆံတဲ့နေရာမှာ အစဉ်အလာအားဖြင့် အင်ဒိုနီးရှား၊ အိန္ဒိယနဲ့ တရုတ်နိုင်ငံတွေကို ထိတွေ့ဆက်ဆံခဲ့ပြီး ၊ အခုအခါမှာတော့ အဲဒီနိုင်ငံတွေထဲမှာ မလေးရှား နဲ့ ဗီယက်နမ်နိုင်ငံတွေကိုလည်း ထည့်သွင်းရမှာဖြစ်သလို၊ တချိန်ချိန်မှာ မြန်မာနိုင်ငံလည်း ပါလာဖို့မျှော်လင့်တယ်လို့ အရှေ့အာရှ နဲ့ ပစိဖိတ်ဒေသ ဆိုင်ရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Daniel Russel က ပြောပါတယ်။

အမေရိကန်အစိုးရက အာရှပစိဖိတ်ဒေသကို အာရုံစိုက်လာနေတာနဲ့ အမျှ ဒေသတွင်းမှာ အင်အားချိန်ခွင်လျှာညှိတဲ့အနေနနဲ့ မဟာမိတ် ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်တာ၊ ဒေသတွင်း အဖွဲ့အစည်းတွေ တည်ဆောက်တာ နဲ့ သြဇာကြီးမား လာနေတဲ့နိုင်ငံတွေနဲ့ ထိတွေ့ ဆက်စပ်တာတွေ လုပ်လာနေတာဖြစ်ပါတယ်။

ဒါ့အပြင် မဲခေါင်မြစ်ဝှမ်းအောက်ပိုင်းဒေသဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်လို ဒေသတွင်းမှာ အကူအညီပေးနေတဲ့ အစီအစဉ်တွေက မြန်မာ အပါအ၀င် ကမ္ဘောဒီးယား၊ လာအို၊ ထိုင်း နဲ့ ဗီယက်နမ်နိုင်ငံတွေ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေကို ဖြေရှင်းတဲ့နေရာမှာ အတူလက်တွဲလုပ်နိုင်ဖို့အတွက် အထောက်အကူဖြစ်စေတယ်လို့ သူကပြောပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)

Read More

ကလေး၊ မေ ၂၁

ချင်းပြည်နယ် အစိုးရနှင့် လွှတ်တော်ပိုင်းဆိုင်ရာ သတင်းများ ရေးသားဖော်ပြရာတွင် မီဒီယာအချို့က ဘက်လိုက် ရေးသားခြင်း၊ လိုရာဆွဲ၍ ရေးသားမှုများ ရှိကြောင်း ချင်းပြည်နယ် လွှတ်တော် ဥက္ကဋ္ဌ ဦးဟောက်ခင်းခမ်က ပြောကြားသည်။

ချင်းပြည်နယ် ဟားခါးမြို့ ချင်းခရစ်ယာန် ကောလိပ်တွင် မေလ ၂၁ ရက်နေ့က ကျင်းပသည့် တတိယအကြိမ်မြောက် ချင်းလူမျိုး သတင်းထောက်များ တွေ့ဆုံပွဲတွင် ၎င်းကပြောကြားခြင်း ဖြစ်သည်။ ပြည်နယ် လွှတ်တော်သက်တမ်း သုံးနှစ်ကျော် ကာလအတွင်း မီဒီယာများနှင့် တွေ့ဆုံမှု အားနည်းခဲ့သည်ကို အခွင့်အရေးယူ၍ သတင်းထောက်များ အနေနှင့် ဘက်လိုက် ရေးသားခြင်းမျိုး မလုပ်သင့်ကြောင်း ၎င်းကပြောဆိုသည်။

ချင်းပြည်နယ် လွှတ်တော်အနေနှင့် မီဒီယာသမားများအား ကြိုဆိုကြောင်း၊ ချင်းပြည်နယ် အစိုးရနှင့် ချင်းပြည်နယ် လွှတ်တော်၏ လုပ်ငန်းဆောင်တာများအား ပြည်သူများ မှန်မှန်ကန်ကန်သိရန် တင်ပြဖို့ လိုကြောင်း ဦးဟောက်ခင်းခမ်က ဆက်လက်ပြောဆိုသည်။

အစိုးရပိုင်းဆိုင်ရာ မေးမြန်းခွင့် မရခင် အချိန်က သတင်းထောက်များ အနေနှင့် ပြည်သူများ၏ ပြောစကားများကိုသာ ရေးသားခဲ့ရခြင်း ဖြစ်နိုင်ကြောင်း၊ လွှတ်တော်ဥက္ကဋ္ဌ အနေနှင့် မီဒီယာများ၏ ရေးသားဖေါ်ပြမှုနှင့် ပတ်သက်၍ မကျေလည်မှုများ ရှိခဲ့သောကြောင့် ယခုကဲ့သို့ ပြောဆိုခြင်း ဖြစ်နိုင်ကြောင်း မြန်မာ ဂျာနယ်လစ် ကွန်ရက် အတွင်းရေးမှူး ဦးမြင့်ကျော်က မှတ်ချက်ပြုသည်။

“သူ့အနေနဲ့ မီဒီယာတွေလို့ မပြောဘဲ ဘယ်မီဒီယာက ဘယ်တုန်းက ဘယ်လိုရေးခဲ့၊ မှားခဲ့တယ် ဆိုတာကို ထောက်ပြသင့်တယ်” ဟု ၎င်းကပြောဆိုသည်။

တိုင်းရင်းသား သတင်းထောက်များ ရေးသားသော သတင်းများ အရည်အသွေး မညံ့စေရန်၊ လွဲမှား ရေးသားမှုများ မရှိစေရန် သတင်းစာပညာ သင်တန်းများ ပေးနေကြောင်း Burma News International (BNI) အတွင်းရေးမှူး ဦးခင်မောင်ရွှေက ပြောကြားသည်။

အစိုးရဌာန တာဝန်ရှိသူများ အနေနှင့် သတင်းနှင့် ပတ်သက်၍ အချိန်မရွေး မေးမြန်းနိုင်ပါသည်ဟု ဆိုသော်လည်း ချင်းပြည်နယ်တွင် အမြဲမနေနိုင်ဘဲ ရန်ကုန်မှတစ်ဆင့် ဖုန်းဖြင့် ဆက်သွယ် မေးမြန်းရသည် ဖြစ်၍ မေးမြန်းချိန်တွင် အစည်းအဝေး လုပ်နေသဖြင့် ဆက်သွယ် မရသည်များ ရှိကြောင်း၊ သတင်းတစ်ပုဒ်အတွက် သုံးလေးရက်မျှ စောင့်ရသည်လည်း ရှိကြောင်း ရန်ကုန်အခြေစိုက် Chin World ဂျာနယ်မှ သတင်းထောက် ဦးကျော်မိုးက ပြောဆိုသည်။

တတိယအကြိမ်မြောက် ချင်းလူမျိုး သတင်းထောက်များ တွေ့ဆုံပွဲကို မေလ ၂၇ ထိ ဟားခါးမြို့ ချင်းခရစ်ယာန် ကောလိပ်တွင် ကျင်းပမည် ဖြစ်သည်။

Read More

From : ..DT
ရန်ကုန်၊ မေ ၂၅- ၂၀၀၈ဖွဲ့စည်းပုံ အခြေခံဥပဒေသည် ပြည်သူများ၏ ဆန္ဒနှင့် အညီ ပြည်သူများအတွက် သာပြောင်းလဲရ မည်ဖြစ်ပြီး ကိုယ် သမ္မတဖြစ်ရန် တစ်ခု တည်းဖြင့် ပြောင်း လဲရမည်မဟုတ်ဟုအမျိုးသား ဒီမိုကရေစီပါတီသစ် ဥက္ကဋ္ဌပြည် သူ့လွှတ် တော်ကိုယ်စားလှယ်ဦးသိန်းညွန့်က ပြောသည်။
မေ၂၄ရက်တွင် အမျိုးသား ဒီမိုကရေစီပါတီသစ်ရုံးတွင်ပြုလုပ်သည့် ၂၀၀၈ဖွဲ့စည်း ပုံ အခြေခံဥပဒေ ပြင်ဆင်ရေး အခြေအနေများ အပေါ် ဦးသိန်းညွန့်မှ သုံးသပ်ပြီး မီဒီယာရှင်းလင်းပွဲတွင် ပြောကြားခဲ့ခြင်း ဖြစ်ကာ ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ-၄၃၆ ပြင်ဆင်ရေးပူးပေါင်းလှုပ် ရှားနေသည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နှင့် ၈၈မျိုးဆက်ငြိမ်းချမ်းရေး နှင့် ပွင့်လင်းလူ့အဖွဲ့အစည်း) တို့၏ဆောင်ရွက်နေမှုများအပေါ် ယင်း၏ အမြင်များ အား အထက်ပါအတိုင်း ပြောဆိုခဲ့ခြင်း ဖြစ်သည်။

''ကျွန်တော်တို့တိုင်းပြည်မှာ သွေးချောင်းစီးမှုအနည်းဆုံး၊ အဖိတ် အစင် အနည်း ဆုံး၊ အထိအခိုက်အနည်း ဆုံးနဲ့ ဒီမိုကရေစီပြုပြင်ပြောင်း လဲရေး လုပ်ဖို့ အတွက် အမျိုးသားပြန်လည် သင့်မြတ်ရေးကို မရမနေကြိုးစားမှ ရမယ်''ဟု အမျိုးသားဒီမိုကရေစီပါတီ သစ်ဥက္ကဋ္ဌနှင့်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဦးသိန်းညွန့်က ပြော သည်။
ယင်းကဲ့သို့ကြိုးစားဆောင်ရွက် ရာတွင် ဖက်ဆစ်တော်လှန်ရေးအတွင်း အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ် အောင်ဆန်း၏ ဦးဆောင်မှုအောက် တွင် နိုင်ငံရေးပါတီ၊ တိုင်းရင်းသား ခေါင်းဆောင်များနှင့် တပ်မတော် အင်အားသုံး ခုပေါင်းပြီး အမျိုးသား အင်အားစုနဲ့ဖက်ဆစ်တော်လှန်ရေး ကိုဆင်နွှဲခဲ့ခြင်း၊ လွတ်လပ်ရေးတိုက် ပွဲအားဆင်နွှဲပြီး လွတ်လပ်ရေး ရရှိ အောင်စွမ်းဆောင် ခဲ့သလို ကြိုးစား ရမည်ဖြစ်ကြောင်းလည်း ဦးသိန်းညွန့် ကပြောသည်။

အမျိုးသားပြန်လည်သင့်မြတ် ရေး၊ ရင်ကြားစေ့ရေးကြိုးစားမည် ဟုဆိုသော် လည်း ဖွဲ့စည်းပုံပြင်ဆင် ရေးအတွက် တပ်မတော် အားစိန် ခေါ်သည့် စကားလုံးများသုံးစွဲခြင်း သည် အမျိုးသားရင်ကြားစေ့ရေး အား ထိခိုက်စေ နိုင်ကြောင်း ဦးသိန်းညွန့် က ပြောသည်။
ယင်းကဆက်လက်၍''တပ်မ တော်မပါရင်၊ တပ်မတော်ကို ကျွန်တော်တို့က မသိမ်းသွင်းနိုင်ရင်၊ သို့မဟုတ်တပ်မတော်နဲ့ နားလည်မှု မယူနိုင်ရင် ဒီမိုကရေစီပြုပြင်ပြောင်း လဲရေးရှေ့တိုးတဲ့အခါမှာ အခက်အခဲ တွေ အများကြီးတွေ့ရ ပါလိမ့်မယ်''ဟု ပြောသည်။
မြန်မာနိုင်ငံရေးလေ့လာသူ ဦးကျော်လင်းဦးက မြန်မာ့နိုင်ငံရေးတွင် တပ်မတော်၏ပါဝင်မှုနှင့် ပတ်သက်၍ ''အတိုက်အခံတွေက လက်ရှိမြန်မာ့ နိုင်ငံရေးမှာစစ်တပ်ရဲ့ ပါဝင်မှုအခန်း ကဏ္ဍကို လျှော့ချချင်တယ်။ စစ်တပ် ပါဝင်မှုမရှိရင် ပြည်သူတွေအတွက် ပိုကောင်းမယ်လို့စဉ်းစားတယ်။ စစ် တပ်ကိုနိုင်ငံရေးထဲက ဖယ်ထုတ်ဖို့ စဉ်းစားတယ်။ ဒါကနေ့ချင်းညချင်း လုပ်လို့မရ ဘူး။ စစ်တပ်ဘက်မှာလဲ စိုးရိမ်မှုတွေရှိတယ်။ အရင်ကအမှား တွေ ကိုပြန်ပြီးတော့ အရေးယူမှာလား။ စစ်တပ်ရဲ့အကျိုးစီးပွား ကို ထိန်းချုပ် သွားမှာလားဆိုတာ စိုးရိမ်ပုံရတယ်။ ဒါကိုနှစ်ဘက်စလုံးက နားလည်တဲ့ အဖြေကိုရှာမှရမယ်''ဟုပြောသည်။

တပ်မတော်နှင့်နားလည်မှု မရ နိုင်ပါက မြန်မာ့နိုင်ငံရေးသည် ထိုင်း နိုင်ငံကဲ့သို့ စစ်တပ်မှအာဏာသိမ်းယူ သကဲ့သို့ မြန်မာ့ နိုင်ငံရေးနောက် ကြောင်း ပြန်လှည့်မည်ကိုစိုးရိမ်ရ ကြောင်း ဦးကျော်လင်းဦးကပြောသည်။
အမျိုးသားဒီမိုကရေစီအင်အား စုပါတီဥက္ကဋ္ဌဦးခင်မောင်ဆွေ က''နိုင်ငံ ရေးတည်ငြိမ် မှု ကင်းမဲ့သွားအောင်၊ ၂၀၁၄ရွေးကောက်ပွဲ ပျက်စီးသွား အောင်၊ ၂၀၁၅ရွေးကောက်ပွဲလုပ် လို့မရအောင်ဆိုတဲ့ ထင်မြင်ယူဆချက် တွေရှိလာရင် အာဏာသိမ်းမှု ဆိုတာ ဖြစ်လာမှာပဲ။ တပ်ကိုအာဏာသိမ်း ပါလို့သိမ်းနိုင်အောင် လုပ်ကိုင်ပေးတဲ့ အဆင့်တွေပေါ် လာရင်ပေါ်လာအောင် လုပ်တဲ့သူကတရားခံပဲလေ''ဟုဒီမို ကရေစီတူဒေး သတင်းစာ အားပြော သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင် ရေးအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ၏လုပ်ဆောင် မှု များနှင့် ပတ်သက်၍ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ၏ပြောရေး ဆိုခွင့် ရှိသူ ဦးဉာဏ်ဝင်းက ''တိုင်းပြည်ဆူဆူပူပူဖြစ်မယ့်ကိစ္စကို ဘယ်သူမှမနှစ်သက်ပါဘူး။ ဒါကြောင့် မို့အမြဲတမ်းအမျိုးသားရင်ကြားစေ့ ရေး လို့ ကျွန်တော်တို့ပြောနေတာပေါ့။ တိုင်းပြည်ဆူဆူပူပူမဖြစ်ဘူးလို့တော့ ဘယ်သူမှ အာမမခံနိုင်ဘူး။ ကျွန်တော် တို့လုပ်နေတာလဲ ဆူဖို့ပူဖို့အတွက် လုပ်နေတာမဟုတ်ဘူး။ ဥပဒေနဲ့ အညီလုပ်နေတာ။ ဒါပဲပြောနိုင်တယ်။ ဆူတာပူတာကျွန်တော်တို့လုပ်မှာ မဟုတ်တဲ့အတွက် တခြား တစ်ယောက် ယောက် ကလုပ်သွားရင် ကျွန်တော် တို့တာဝန်မခံနိုင်ဘူး။ တာဝန်မယူ နိုင်ဘူး''ဟုပြောသည်။

.. www.MyanmarExpress.net

Read More

ရန်ကုန်၊ ဇူလိုင်
”ကစ္ဆပနဒီလှိုင်းသံ” သီချင်းရေးသူမှာ မိမိသာဖြစ်ကြာင်း ရခိုင် အမျိုးသား တေးရေးဆရာ မောင်မောင်ဈန်က ပေါ်ပြူလာနယူးစ်သို့ ပြောသည်။  ဇွန်လ ၂၉ ရက်နှင့် ၃ဝ ရက် တွင် အမျိုးသား ကဇာတ်ရုံ၌ ပြုလုပ်သော ရခိုင်ပြည်နယ် ပြန်လည်ဖွံ့ ဖြိုးရေး ညီညွတ်ခြင်းနှင်းဆီ အငြိမ့် ဖျော်ဖြေပွဲ ဒုတိယနေ့တွင် တေးသံ ရှင် ကိုင်ဇာ မိသားစု မှ ငွေကျပ် သုံးသိန်းလှူဒါန်းရာ ကစ္ဆပနဒီ သီချင်းပိုင်ရှင်ဟု သုံးနှုန်းခဲ့ကြောင်း ရခိုင်အမျိုးသား တစ်ယောက်ဖြစ်သော မိမိမှာ ထိုကဲ့သို့ ရခိုင်လူမျိုးများ၏ ပွဲတွင် ယခုကဲ့သို့ သုံးနှုန်း ခံရခြင်းအaပါ် များစွာ စိတ်မကောင်း ဖြစ်မိကြောင်း၊ ယခုကိစ္စသည် ငွေကြေးကြောင့် မဟုတ်ဘဲ အနုပညာကို ခုတုံးလုပ်ခံ ရသကဲ့သို့ ဖြစ်သည့်အတွက် စိတ်မ   ကောင်းဖြစ်မိကြောင်း ၄င်းက ပြောသည်။ ”ကိုယ့်လူမျိုးတွေရဲ့ သီချင်းလည်းဖြစ်တော့ ရေးခဲ့တာ၊ ဒီသီချင်းဟာ ကျွန်တော့်ရဲ့ မူပိုင်ဖြစ်ပါတယ်၊ အဲ့ဒီအတွက် အနည်း ဆုံးတော့ ကျွန်တော့ ကို အသိပေးရပါမယ်” ဟု၎င်းက ပြောသည်။  ဖျော်ဖြေပွဲ ပထမနေ့တွင်လည်း အဆိုပါ သီချင်းကို တေးသံရှင်များ သီဆိုခဲ့ကြပြီး မောင်မောင်ဈန်၏ သူငယ်ချင်းက မောင်မောင်ဈန် ကိုယ်စား ငွေကျပ်တစ်သိန်း လှူဒါန်းခဲ့ကြောင်း သိရသည်။\

http://www.popularmyanmar.com

Read More

မျိုးစောင့်ဥပဒေ မပေါ်ထွက်သေးဘဲ တစ်
 ယောက်နှင့်တစ်ယောက် ရန်ဖြစ်နေမည်
 ဆိုပါက အကျိုးမရှိ နိုင်ကြောင်း သမ္မတ၏
ပြောခွင့်ရ ပုဂ္ဂိုလ် ဦးရဲထွဋ်က The Messenger သတင်းစာသို့ ပြောသည်။
““အခုဟာက ဥပဒေကြမ်းက ဘယ်လို ပေါ်မယ်ဆိုတာ မသိသေးဘူးလေ။ ကန့်ကွက်တယ် ဆိုတဲ့ လူတွေကလည်း နာမည်ကိုကြည့်ပြီး ကန့်ကွက်တာကို။တကယ်တော့ ကျွန်တော်တို့ ရေးဆွဲမယ်ဆိုတာ လေ့လာ သုံးသပ်နေတုန်း ပဲရှိသေးတယ်။ နဂိုကတည်းက ဗုဒ္ဓဘာသာ လက်ထပ်ထိမ်းမြားခြင်း ဥပဒေ ဆိုတာရှိခဲ့ပြီးသားပဲ၊ အဲဒီ ဥပဒေကို ပြင်မှာလား၊ အဲဒီ ဥပဒေမှာ အချက်အလက် ထပ်တိုးမှာလား၊ အဲဒီ ဥပဒေနဲ့ လုံလောက်ပြီလား ဆိုတာ အဖွဲ့အစည်းတွေက စဉ်းစားနေတုန်း ပဲရှိသေးတယ်”” ဟု ဦးရဲထွဋ် က ပြောသည်။

လက်ရှိ မြန်မာနိုင်ငံတွင် မျိုးစောင့်ဥပဒေနှင့် ပတ်သက်၍ ကန့်ကွက်သူနှင့် ထောက်ခံသူ များကြား အငြင်းပွားလျက်ရှိပြီး၊ အမျိုးဘာသာ ထိန်းသိမ်း စောင့်ရှောက်ရေး အဖွဲ့ (မ.ဘ. သ) မှ မျိုးစောင့် ဥပဒေကို ကန့်ကွက်သူ တချို့အား အမျိုးသား သစ္စာဖောက် အဖြစ် ကြေညာချက် ထုတ်ပြန် ထားသည်။ အခြား တစ်ဖက်တွင်လည်း မျိုးစောင့်ဥပဒေသည် အမျိုးသမီးများ ကိုချုပ်ချယ်ရာ ရောက်ကြောင်းလည်း ဝေဖန် ပြောဆိုမှုများ ရှိနေသည်။

ထိုကဲ့သို့ တစ်ယောက်နှင့် တစ်ယောက် ရန်ဖြစ်နေမည် အစား ဥပဒေကြမ်း တစ်ခုလုပ်မည် ဆိုပါက မည်သည့် အချက်အလက်များ ပါဝင် သင့်သည်ကို အကြံပေးခြင်း၊ ဆွေးနွေးခြင်း များလုပ်သင့်ကြောင်း ဦးရဲထွဋ်က ဆိုသည်။ အချို့ ဥပဒေများသည် ဘာသာ တစ်ခုတည်းကို ရည်ညွှန်းခြင်း မဟုတ်ဘဲ တခြားဘာသာများ ကိုကာကွယ်၍ ရသကဲ့သို့ အမျိုးသမီးများ အခွင့်အရေး ကာကွယ်ခြင်းများ ပါဝင်ကြောင်း၊ ဥပဒေအား စောင့်ကြည့်ပြီးမှ ပြောဆိုခြင်းသည် ပို၍ ကောင်းကြောင်းလည်း ဦးရဲထွဋ်ကဆို သည်။

““မျိုးစောင့် ဥပဒေကို ဘယ်လိုရေးဆွဲပြီးမှ တင်လာမလဲဆိုတာ စိတ်ဝင်စားပါတယ်။ ဥပဒေဆိုတာ ပြည်သူ့ အတွက် အကျိုးရှိတဲ့ ဥပဒေဆိုရင် တကယ် ကောင်းပါတယ်။ ထိရောက်တဲ့ ဥပဒေဖြစ်ဖို့ အားလုံး လက်ခံပြီးသုံး နိုင်တဲ့ ဥပဒေ ဖြစ်မဖြစ်ဆိုတာ ဥပဒေကြမ်းတင်း ပြီးမှသိမှာ၊ ဟိုပြောဒီပြော အကျိုးမရှိ ဘူး””ဟု ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဒွဲဘူ က The Messenger သတင်းစာသို့ ပြောသည်။

မျိုးစောင့် ဥပဒေ ရေးဆွဲနိုင်ရန် အတွက် အမျိုးဘာသာ၊ သာသနာ ထိန်းသိမ်းစောင့် ရှောက်ရေးအဖွဲ့မှ သမ္မတထံ တင်ပြခဲ့ပြီး၊ သမ္မတက ယင်းဥပဒေ ရေးဆွဲနိုင်ရန် လွှတ်တော်သို့ ပြန်လည် တင်ပြခဲ့သည်။ လွှတ်တော်မှ တစ်ဆင့် သက်ဆိုင်ရာ ၀န်ကြီးဌာန များကို ပြန်လည် ပေးပို့ထားသည်။

““ဒီအချက်ကို မကြိုက်ဘူးဆိုတာလည်း လက်ခံနိုင်တယ်။ ဘယ်အချက်ကို မကြိုက်ဆိုတာလည်း လက်ခံနိုင်တယ်။ ဘယ်ဥပဒေမှာမှ လုံးဝမှန်တာ လုံးဝမှားတာ မရှိဘူး။ အဲဒီထဲမှာ အားနည်းချက် ရှိတယ်၊ အားသာချက် ရှိတယ်။ အပြည်အစုံ မသိသေးဘဲနဲ့ ကန့်ကွက်တယ် ဆိုတာ ရည်ရွယ်ချက် ရှိလိမ့်မယ် ထင်တယ်”” ဟု အမျိုးသား လွှတ်တော်ကိုယ် စားလှယ် ဒေါ် ခင်ဝိုင်းကြည်က The Messenger သတင်းစာသို့ပြောသည်။

အဆိုပါ မျိုးစောင့် ဥပဒေသည် နိုင်ငံရေး အမြတ်ထုတ်ရန် အတွက် လုပ်နေခြင်းဖြစ်ပြီး သံဃာတော် များက အသုံးချ ခံနေခြင်းဖြစ် ကြောင်း ရွှေည၀ါ ဆရာတော် ဦးပညာသီဟက The Messenger သို့မိန့်ကြား ထားသည်။ အဆိုပါ ဥပဒေအား အမျိုးသမီး အဖွဲ့များ အပါအ၀င် လူမှုအဖွဲ့အစည်း (၉၀) ကျော်ကန့်ကွက် ထားသည်။

'ရွှေမြန်မာမီဒီယာ

Read More
Posted by Unknown on Tuesday, May 20, 2014

uyehtut-305.JPG
ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲထွဋ်ပုံ
photo: RFA/ Myo Thant Khaing
အမေရိကန်သမ္မတ အိုဘားမားက စီးပွားရေးပိတ်ဆို့မှု သက်တမ်းတိုးမြှင့်လိုက်တယ်ဆိုတာဟာ အမေရိကန် လွှတ်တော်ဖက်က ပြဌာန်းထားတဲ့ ဥပဒေကို သက်တမ်း တိုးတာသာဖြစ်ပြီး အိမ်ဖြူတော်ဖက်က ချမှတ်ခဲ့တဲ့ ပိတ်ဆို့အရေးယူမှုတွေ ဖယ်ရှားပြီးဖြစ်ကြောင်း နဲ့ မြန်မာအစိုးရအနေနဲ့ အမေရိကန်တွေဖက်က ယုံကြည်မှုရအောင် အလုပ်နဲ့သက်သေပြသွား မှာဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ရဲ့ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေး ဒုတိယ၀န်ကြီး ဦးရဲထွဋ်က ဒီနေ့ ပြောကြားလိုက်ပါတယ်။
ဒီနေ့ ရန်ကုန်မြို့ သိမ်ဖြူလမ်း ပြန်ကြားရေးဝန်ကြီး ဌာနရုံးမှာ ပြုလုပ်တဲ့ ပုံနှိပ်ထုတ်ဝေရေးနည်း ဥပဒေ ပြဌာန်းရေးဆွေးနွေးပွဲမှာ သတင်းထောက် တစ်ဦး အမေရိကန်က ပိတ်ဆို့မှု တစ်နှစ်သက်တမ်းတိုး လိုက်တာနဲ့ပတ်သက်ပြီး မေးမြန်းရာမှာ ဒုတိယ၀န်ကြီး ဦးရဲထွဋ်က အခုလို ဖြေကြားခဲ့တာပါ။
"အဓိကကတော့ ကျနော်တို့က ဒီပိတ်ဆို့မှုကို တတ်နိုင်သမျှ အကုန်လုံး ဖယ်ပေးစေချင်တယ်ဆိုတာက ဒါကျမှ ပြည်သူတွေရဲ့ လူမှုစီပွား ဖွံ့ဖြိုးတိုးတက်ရေးကို မြန်မြန်လုပ်လို့ရမှာ သို့သော် အခုအကုန်တော်တော် များများ ဖယ်ထားပြီးပြီ ဥရောပသမဂ္ဂဆိုရင် အားလုံးနီးပါး ဖယ်လိုက်တယ်၊ ကျနော်တို့ကတော့ လက်ရှိရှိတဲ့ အတိုင်းအတာနဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် လုပ်လို့ရနေပြီ၊ တစ်ကတော့ သူတို့သက်တမ်းတိုးပေမယ့်လည်း ကျနော်တို့လုပ်စရာရှိတဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို ရအောင်ဆက်လုပ်သွားမယ်၊ နှစ်ကတော့ ကျနော်တို့ရဲ့ လုပ်ဆောင်ချက်တွေကို သူတို့ပိုပြီးတော့ ယုံကြည်လာအောင် အလုပ်နဲ့သက်သေပြသွားမယ်"
မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲမှုတွေ ရှိပေမယ့်လည်း အမေရိကန်ပြည်ထောင်စုရဲ့ နိုင်ငံခြားရေးမူဝါဒနဲ့ အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်နေဆဲဖြစ်ကြောင်း၊ နိုင်ငံရေးလုပ်ကိုင်ဆောင်ရွက်ခွင့်တွေ လမ်းပွင့်ကာစ အခြေအနေမှာပဲရှိသေးသလို၊ ရခိုင်ပြည်နယ် အပါအဝင် တိုင်းရင်းသားဒေသတွေမှာ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေ၊ ပဋိပက္ခတွေ ဆက်လက်ပေါ်ပေါက်နေ ပြီး၊ နိုင်ငံရေးနဲ့  စီးပွါးရေးကဏ္ဍမှာ စစ်တပ်ရဲ့ အခန်း ကဏ္ဍ ဆက်လက်တည်ရှိနေဆဲဖြစ်တဲ့အတွက် အမျိုးသားအရေးပေါ်အက်ဥပဒေနဲ့ ဆက်လက်အရေးယူရန် လိုအပ်တယ်လို့ မိမိအနေနဲ့ ဆုံးဖြတ်ကြောင်း စတဲ့အချက်တွေနဲ့ အမေရိကန်သမ္မတ အိုဘားမားက မေလ ၁၅ ရက်နေ့က လက်မှတ်ရေးထိုးခဲ့တာလို့ သိရပါတယ်။
တပြိုင်နက်တည်းမှာပဲ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီပြုပြင်ပြောင်းလဲမှု ရှင်သန်ထွန်းကားပြီး နောက်ကြောင်းပြန် လှည့်မသွားအောင် အမေရိကန် ပြည်ထောင်စုအနေနဲ့ ဆက်လက်ကူညီသွားမှာဖြစ်တယ်လို့လည်း သမ္မတ အိုးဘားမားက ပြောပါတယ်။


RFA News

Read More

ပြည်ထောင် စုအစိုးရ၏ခွင့်ပြုချက်
အရ သန်းခေါင် စာရင်းတွင်
ရိုဟင် ဂျာ နာမည်လိမ် မထည့် ဟု
တရားဝင် ကြေငြာပါသည်။
ထို့ကြောင့်ရခိုင် တစ်ပြည်လုးံသပိတ်
မောက်ခြင်းကို ရပ် ဆိုင်း လိုက်သည်
Photo: ပြည်ထောင် စုအစိုးရ၏ခွင့်ပြုချက် အရ သန်းခေါင် စာရင်းတွင်  ရိုဟင် ဂျာ နာမည်လိမ် မထည့် ဟု တရားဝင် ကြေငြာပါသည်။ ထို့ကြောင့်ရခိုင် တစ်ပြည်လုးံသပိတ် မောက်ခြင်းကို ရပ် ဆိုင်း လိုက်သည်

Read More


မကြာမီရက်ပိုင်းအတွင်းက ဖြစ်ပွားခဲ့သော ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်၊ ကမ်းနားလမ်းရှိ Western Park Ruby စားသောက်ဆိုင် စားပွဲအမှတ် (၁၉)အောက်တွင် ချိန်ကိုက်ဗုံးတွေ့ရှိခဲ့မှု၊ကျောက် တံတားမြို့နယ်၊ ဆူးလေဘုရားလမ်းရှိ TRADERS HOTEL အခန်းအမှတ်(၉၂၁) တွင် ပေါက်ကွဲမှု များဖြစ်ပွားခဲ့မှုနှင့် စပ်လျဉ်း၍ဖေါက်ခွဲခဲ့သူ တရားခံ စောမြင့်လွင်(ခ)မောထ ကို ဆက်စပ်ပါဝင်သူများ၊ သက်သေခံအထောက်အထားများအရ ဖေါ်ထုတ်ရရှိထားပြီး ဖြစ်ပါသည်။

ပေါက်ကွဲမှုဖြစ်စဉ်များနှင့် စပ်လျဉ်း၍ မိဘပြည်သူများ စိုးရိမ်ကြောင့်ကြမှုမရှိစေရေးအတွက် မြန်မာ့ ရုပ်မြင်သံကြားအစီအစဉ်မှ အထူးသတင်းတစ်ရပ်အနေဖြင့် တရားခံဖေါ်ထုတ်ရရှိထားကြောင်း ကိုလည်း ထုတ်ပြန်ထားရှိပြီးဖြစ်ပါသည်။

မြန်မာနိုင်ငံအတွင်း စစ်ကိုင်း၊ မန္တလေး၊ တောင်ငူ၊ ဖြူးနှင့် ရန်ကုန်မြို့များတွင် ဖြစ်ပွားခဲ့သော ချိန်ကိုက် ဗုံးတွေ့ရှိမှုများ၊ အချို့နေရာများတွင်ပေါက်ကွဲမှုဖြစ်စဉ်များဖြစ်ပွားခဲ့မှုများနှင့် စပ်လျဉ်း၍ ရရှိထားသည့် သက်သေခံအထောက်အထားများဖြင့် ဆက်စပ်ဖေါ်ထုတ်ပြီး ပါဝင်ပတ်သက်သူ များအား စစ်ဆေးဆောင်ရွက်လျက်ရှိပါသည်။

ထိုသို့ဆောင်ရွက်နေစဉ်အတွင်းတွင် မီဒီယာများအနေဖြင့် ပြည်သူများထံ အမြန်သတင်းချပြလိုမှုဖြင့် အတည်ပြုမှုမရရှိသေးသော လက်အောက်ရှိတပ်ဖွဲ့ဝင်အချို့၏ သတင်းများကိုရယူ၍ ဖေါ်ပြလျက်ရှိနေရာ အဆိုပါဖေါ်ပြချက်များသည် တိကျခိုင်လုံမှုမရှိသည့်အပြင်ရဲတပ်ဖွဲ့ကဖြစ်စဉ် မှန်ဖေါ်ထုတ် ဆောင်ရွက်နေ မှုနှင့် ကျန်ရှိဆက်စပ်တရားခံများ ဖမ်းဆီးရမိရေးတို့အတွက် အခက်အခဲဖြစ်ပေါ်နိုင်ပါသည်။

မြန်မာ့ရုပ်မြင်သံကြားအစီအစဉ်ကလည်း ပေါက်ကွဲမှုနှင့်ပတ်သက်သည့် တရားခံအား ဖမ်းဆီး ရမိထားမှုသတင်းကို သတင်းဦးအဖြစ်နိုင်ငံတော်အဆင့်အနေဖြင့် ထုတ်ပြန်ထားပြီးဖြစ်ပါ၍ မကြာမီတွင် စစ်ဆေးဖေါ်ထုတ်ရေးလုပ်ငန်းများပြီးဆုံးပါကဖေါ်ထုတ်ရရှိမှုဖြစ်စဉ်မှန်ကို မိဘပြည်သူများ ထံသို့ မီဒီယာများမှတစ်ဆင့် ထုတ်ပြန်ပေးသွားမည်ဖြစ်ပါသည်။

သို့ဖြစ်ပါ၍ မီဒီယာများအနေဖြင့် အောက်ခြေရဲတပ်ဖွဲ့ဝင်များထံတွင်မေးမြန်း၍ရရှိခဲ့သော အတည်ပြုချက် မရရှိသေးသည့် ဖြေဆိုမှုများကိုရေးသားဖေါ်ပြခြင်းမပြုလုပ်ကြပါရန်နှင့် အောက်ခြေမှရရှိသည့် သတင်းများသည် တိကျသည့် သတင်းများမဟုတ်သည့်အတွက် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ၀င်းနိုင်ကမေတ္တာရပ်ခံထားပါကြောင်း၊ သတင်းထုတ်ပြန်သည့် မီဒီယာများ၏လွတ်လပ်ခွင့်ကို ဟန့်တားလိုခြင်းမဟုတ်ပါကြောင်းနှင့် အမှုများအားတိကျစွာ တည်ဆောက်နေခြင်းအပေါ်နားလည်မှုပြုပေးနိုင်ပါရန်မေတ္တာရပ်ခံခြင်းဖြစ်ပါကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ သတင်းထုတ်ပြန်ရေးအဖွဲ့မှ သတင်းထုတ်ပြန်ထားကြောင်း သတင်းရရှိပါသည်။
 
From: Yangon Police

www.mmdailystar.com

Read More

Photo: ရခိုင်ပြည်ဖွံ့  ဖြိုးတိုးတက်ရေးအတွက် ရခိုင်မိသားစုများနဲ့ လွတ်တော်ဥက္ကဌ သူရဦးရွေမန်းတို့ တွေ့ ======================== ရခိုင်ပြည်နယ်ဖွံဖြိုးတိုးတက်ရေးအတွက် ရခိုင်မိသားစုများနဲ့ လွတ်တော်ဥက္ကဌ သူရဦးရွေမန်းတို့ တွေဆုံပွဲကို ရန်ကုန်မြို့  IBCမှာ ဒီကနေ့မနက် ၉နာရီမှစတင်ပီးတော့ ကျင်းပခဲ့ပါတယ်  ခုလို မိသားစု ပုံမျိုးနဲ့ တွေဆုံရတာဟာ အရမ်းကောင်းပါကြောင်းနဲ့ ရခိုင်ပြည်နယ်သည် ပထ၀ီအနေအထားအရ အချုပ်အခြာ အာဏာကာကွယ်မှုတွင် တခြားပြည်နယ်တိုင်းများထက် ပိုမိုပီးကာကွယ်နေကြရပီး တိုင်းရင်းသားတို့၏ ရိုးရာအစဉ်များကို ကာကွယ်ရာတွင်လည်း များစွာ ခက်ခက်ခဲခဲကာကွယ်နေရသည်ကို နာလည်းပါကြောင်းနှင့် ကျန်ပြည်နယ်နှင့်တိုင်းရှိ တိုင်းရင်းသားများမှ ရခိုင်တိုင်းရင်းသားများကို ကျေးဇူးတင်းဂုဏ်ပြုရန်လိုအပ်ကြောင်းကို သူရ ဦးရွေမန်းမှ အဖွင့်အမှာစကားပြောကြားခဲ့ပါတယ်။  ရခိုင်တိုင်းရင်းသားရေးရာ ၀န်ကြီး ဦးဇော်အေးမောင်မှ နိုင်ငံတော်အနေဖြင့် ရခိုင်တိုင်းရင်းသားများကို ယုံကြည်စွာဖြင့် ရခိုင်ပြည်နယ်နှင့် နိုင်ငံတော်၏ အချုပ်အခြာ အာဏာကို ကာကွယ်ရန် တာဝန်ပေးစေလိုကြောင့်နှင့် ရခိုင်တိုင်းရင်းသားများအနေဖြင့်လည်း Emotion ဖြင့် ပြောဆိုမှုကို လျော့စေလိုကြောင်း၊ ရခိုင်တိုင်းရင်းသားများသည် ပြည်ထောင်စုမပြိုကွဲရေးနှင့် အချုပ်အခြာတည်တံခိုင်မြဲရေးကို အထူးကာကွယ်ထားကြသည့် လူမျိုးများဖြစ်ပါကြောင်း နှင့် အပြောအဆိုမတတ်မှုကို နားလည်ပေးစေလိုကြောင်း ပြောကြားခဲ့ပါတယ်။  ဆက်လက်ပီး ရခိုင်ပြည်နယ်လုံခြုံရေး၊တရားဥပဒေစိုးမိုးရေးကို တရားလွတ်တော်ရှေ့နေ ဦးဘိုမင်းဖြူမှ တင်ခဲ့ပါတယ် ရခိုင်ပြည်နယ်၏ တရားဥပဒေစိုးမိုးရေးသည် မီးများမီးနိုင်ကဲ့သို့ဖြစ်နေပီး မောင်တောဒေသရှိ နယ်စပ်ဂိတ်များသည် ယခုအချိန်ထိ ၀င်ချင်တိုင်းဝင် ထွက်ချင်တိုင်းထွက် ဖြစ်နေပါကြောင်းနှင့် နယ်စပ်ဂိတ်များမှ ငွေ ၁ ထောင်ကျပ်ပေးလျှင် ဘင်္ဂလားဒေရှ်မှ ဘင်္ဂလီများ ယခုအချိန်ထိနေစဉ်ဝင်ထွက်လျှက်ရှိပါကြောင်း ထိုအတွက်ကြောင့်မောင်တော ဒေသတွင် ရခိုင်တိုင်းရင်းသား ပြည်သူစစ်နှင့် နယ်ခြားစောင့်တပ်များချထားပေးစေလိုကြောင်း ပြောကြားတင်ပြခဲ့ပါတယ်။  ရခိုင်တိုင်းရင်းသားဥပဒေပညာရှင် ဦးသာပွင့်(စစ်တွေ) မှလည်း ရခိုင်ပြည်နယ်ဒေသတည်ငြိမ်အေးချမ်းရေးနှင့် ပထ၀ီနိုင်ငံရေးဆိုင်ရာ အရေးပါပုံများကို တင်ပြဆွေးနွေးခဲ့ပီး လမ်းပန်းဆက်သွယ်ရေး၊လျှပ်စစ်မီးရရှိရေးနှင့် လူငယ်ဖွံဖြိုးရေး၊အလုပ်အကိုင် အခွင့်အလှမ်းများကို ဦးသိန်းရွေနှင့်ဦးလှမောင်သိန်း(ရခိုင် သဟာယ အသင်း)တို့မှ တင်ပြခဲ့ကြပါတယ်။  အဲနောက်မှာတော့ ရန်ကုန်ပညာရေးတက္ကသိုလ်မှာ တက်ရောက်နေတဲ့ ရခိုင်ကျောင်းသား မောင်ဇော်မျိုးနိုင်မှ ရခိုင်ပြည်နယ်အတွင်း ပညာသင်ကြားမှုခက်ခဲနေမှုများနှင့် စစ်တွေ တက္ကသိုလ်နှင့် နည်းပညာတက္ကသိုလ်လမ်းတလျှောက်တွင် ဘင်္ဂလီကုလားရွာများရှိနေသည့်အတွက် လုံခြုံမှုမရှိသည့်အတွက် ဖယ်ရှားပေးစေလိုကြောင်း၊ရခိုင်ပြည်နယ်သည် ဆင်ရဲပီးဖွံဖြိုးမှုအားနည်းသည့် ပြည်နယ်တခုဖြစ်သည့်အတွက် ဘ၀မွေးဝမ်းကျောင်းတက္ကသိုလ်များခေါ်ယူရာတွင် အမှတ်စာရင်းများမှာ မြင့်မားလွန်းသည့်အတွက် ပြည်မကဲ့သို. တက်ရောက်ပညာသင်ကြားနိုင်သူခက်ခဲ့ပါကြောင်းနှင့် ရခိုင်ပြည်နယ်ရှိ ကျောင်းသားလူငယ် မျိုးဆက်သစ်အများစုမှာ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများကိုသာ အားကိုးနေရသည့် အတွက် ယင်းဘုန်းတော်ကြီးသင်ကျောင်းများရှိ ဆရာ၊ဆရာမ လစာများကို နိုင်ငံတော်မှ ပေးနိုင်ပါရန် စသည်ဖြင့် ရခိုင်ပြည်နယ် ပညာရေး၏ လက်ရှိဖြစ်ပျက်နေသော အဖြစ်အပျက်များကို တင်ပြခဲ့ပါတယ်။  ရခိုင်စာပေနှင့်ယဉ်ကျေးမှုအဖွဲ့ ဥက္ကဌ ဒေါ်စောခင်တင့်နှင့် ရခိုင်ပြည်နယ် ၁၇မြို့နယ်ရှိ ကိုယ်စားလှယ်၁၇ ဦးတို့မှ လတ်တလော လိုအပ်ချက်များကို တင်ပြခဲ့ကြပါတယ် ရခိုင်ပြည်နယ်သည် သယံဇာတ ပေါကြွယ်ဝသော်လည်း လမ်းပန်းဆက်သွယ်ရေး ခက်ခဲနေမှုများ၊ လျှပ်စစ်မီးမရရှိမှု၊ မြောက်ဦးမြို့ ကို နိုင်ငံခြားသားဧည်သည် အလာများသော်လည်း လေယျဉ်ကွင်းမရှိမှု စသည့် လတ်တလောလိုအပ်ချက်များကို တင်ပြခဲ့ကြပါတယ်။  အဲဒီနောက် သူရဦးရွေမန်းအား ရခိုင်တိုင်းရင်းသားရေရာ ၀န်ကြီး ဦးဇော်အေးမောင် မှ ရခိုင်အမျိုးသားရိုးရာ ခေါင်းပေါင်းနှင့် ရခိုင်အမျိုးသားအထိမ်းအမှတ် န၀ရူပ ဗျာလ ရုပ်ထုတို.ကို လက်ဆောင်ပေးအပ်ခဲ့ပါတယ်။အဲဒီနောက် သူရဦးရွေမန်းမှ တောင်းဆို တင်ပြချက်များသည် အလွန်ကောင်းမွန်ကြောင်းနှင့် အကောင်အထည်ဖော်ပေးနိုင်ရန် အမြန်ဆုံးတင်ပြပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။  ဒီနေ့တွေဆုံပွဲနှင့် ပတ်သက်ပီးတော့ တက်ရောက်ခဲ့သူအများစုက နိုင်ငံတော်အနေဖြင့် ဆောင်ရွက်ပေးလိမ့်မည်ဟု မျော်လင့်ပါကြောင်းနှင့် ရခိုင်ပြည်နယ် မောင်တောနယ်စပ်တွင် နယ်ခြားစောင့်တပ်နှင့်ပြည်သူ့စစ် များဖွဲ့စည်းပေးမည်ဟုလည်း ယုံကြည်ကြောင်းပြောကြားခဲ့ကြပါတယ်။ ရခိုင်ပြည်နယ် ဖွံဖြိုးတိုးတက်ရေး မိသားစုတွေဆုံပွဲကို ၈၈မျိုးဆက်ကျောင်းသားများအဖွဲ့မှ ကိုမင်းကိုနိုင်နှင့် ကိုကိုကြီး(စမ်းချောင်း)တို့တက်ရောက်ခဲ့ကြပီး ဒေါ်အောင်ဆန်းစုကြည်ကို ဖိတ်ကြားခဲ့သော်လည်း လာရောက်မှုမရှိခဲ့ကြောင်းသိရသည်။  ဓါတ်ပုံ .. ဖိုးသီဟ  Khaing Linn
ရခိုင်ပြည်နယ်ဖွံဖြိုးတိုးတက်ရေးအတွက် ရခိုင်မိသားစုများနဲ့ လွတ်တော်ဥက္ကဌ သူရဦးရွေမန်းတို့ တွေဆုံပွဲကို ရန်ကုန်မြို့  IBCမှာ ဒီကနေ့မနက် ၉နာရီမှစတင်ပီးတော့ ကျင်းပခဲ့ပါတယ်

ခုလို မိသားစု ပုံမျိုးနဲ့ တွေဆုံရတာဟာ အရမ်းကောင်းပါကြောင်းနဲ့ ရခိုင်ပြည်နယ်သည် ပထ၀ီအနေအထားအရ အချုပ်အခြာ အာဏာကာကွယ်မှုတွင် တခြားပြည်နယ်တိုင်းများထက် ပိုမိုပီးကာကွယ်နေကြရပီး တိုင်းရင်းသားတို့၏ ရိုးရာအစဉ်များကို ကာကွယ်ရာတွင်လည်း များစွာ ခက်ခက်ခဲခဲကာကွယ်နေရသည်ကို နာလည်းပါကြောင်းနှင့် ကျန်ပြည်နယ်နှင့်တိုင်းရှိ တိုင်းရင်းသားများမှ ရခိုင်တိုင်းရင်းသားများကို ကျေးဇူးတင်းဂုဏ်ပြုရန်လိုအပ်ကြောင်းကို သူရ ဦးရွေမန်းမှ အဖွင့်အမှာစကားပြောကြားခဲ့ပါတယ်။

ရခိုင်တိုင်းရင်းသားရေးရာ ၀န်ကြီး ဦးဇော်အေးမောင်မှ နိုင်ငံတော်အနေဖြင့် ရခိုင်တိုင်းရင်းသားများကို ယုံကြည်စွာဖြင့် ရခိုင်ပြည်နယ်နှင့် နိုင်ငံတော်၏ အချုပ်အခြာ အာဏာကို ကာကွယ်ရန် တာဝန်ပေးစေလိုကြောင့်နှင့် ရခိုင်တိုင်းရင်းသားများအနေဖြင့်လည်း Emotion ဖြင့် ပြောဆိုမှုကို လျော့စေလိုကြောင်း၊ ရခိုင်တိုင်းရင်းသားများသည် ပြည်ထောင်စုမပြိုကွဲရေးနှင့် အချုပ်အခြာတည်တံခိုင်မြဲရေးကို အထူးကာကွယ်ထားကြသည့် လူမျိုးများဖြစ်ပါကြောင်း နှင့် အပြောအဆိုမတတ်မှုကို နားလည်ပေးစေလိုကြောင်း ပြောကြားခဲ့ပါတယ်။

ဆက်လက်ပီး ရခိုင်ပြည်နယ်လုံခြုံရေး၊တရားဥပဒေစိုးမိုးရေးကို တရားလွတ်တော်ရှေ့နေ ဦးဘိုမင်းဖြူမှ တင်ခဲ့ပါတယ် ရခိုင်ပြည်နယ်၏ တရားဥပဒေစိုးမိုးရေးသည် မီးများမီးနိုင်ကဲ့သို့ဖြစ်နေပီး မောင်တောဒေသရှိ နယ်စပ်ဂိတ်များသည် ယခုအချိန်ထိ ၀င်ချင်တိုင်းဝင် ထွက်ချင်တိုင်းထွက် ဖြစ်နေပါကြောင်းနှင့် နယ်စပ်ဂိတ်များမှ ငွေ ၁ ထောင်ကျပ်ပေးလျှင် ဘင်္ဂလားဒေရှ်မှ ဘင်္ဂလီများ ယခုအချိန်ထိနေစဉ်ဝင်ထွက်လျှက်ရှိပါကြောင်း ထိုအတွက်ကြောင့်မောင်တော ဒေသတွင် ရခိုင်တိုင်းရင်းသား ပြည်သူစစ်နှင့် နယ်ခြားစောင့်တပ်များချထားပေးစေလိုကြောင်း ပြောကြားတင်ပြခဲ့ပါတယ်။

ရခိုင်တိုင်းရင်းသားဥပဒေပညာရှင် ဦးသာပွင့်(စစ်တွေ) မှလည်း ရခိုင်ပြည်နယ်ဒေသတည်ငြိမ်အေးချမ်းရေးနှင့် ပထ၀ီနိုင်ငံရေးဆိုင်ရာ အရေးပါပုံများကို တင်ပြဆွေးနွေးခဲ့ပီး လမ်းပန်းဆက်သွယ်ရေး၊လျှပ်စစ်မီးရရှိရေးနှင့် လူငယ်ဖွံဖြိုးရေး၊အလုပ်အကိုင် အခွင့်အလှမ်းများကို ဦးသိန်းရွေနှင့်ဦးလှမောင်သိန်း(ရခိုင် သဟာယ အသင်း)တို့မှ တင်ပြခဲ့ကြပါတယ်။

အဲနောက်မှာတော့ ရန်ကုန်ပညာရေးတက္ကသိုလ်မှာ တက်ရောက်နေတဲ့ ရခိုင်ကျောင်းသား မောင်ဇော်မျိုးနိုင်မှ ရခိုင်ပြည်နယ်အတွင်း ပညာသင်ကြားမှုခက်ခဲနေမှုများနှင့် စစ်တွေ တက္ကသိုလ်နှင့် နည်းပညာတက္ကသိုလ်လမ်းတလျှောက်တွင် ဘင်္ဂလီကုလားရွာများရှိနေသည့်အတွက် လုံခြုံမှုမရှိသည့်အတွက် ဖယ်ရှားပေးစေလိုကြောင်း၊ရခိုင်ပြည်နယ်သည် ဆင်ရဲပီးဖွံဖြိုးမှုအားနည်းသည့် ပြည်နယ်တခုဖြစ်သည့်အတွက် ဘ၀မွေးဝမ်းကျောင်းတက္ကသိုလ်များခေါ်ယူရာတွင် အမှတ်စာရင်းများမှာ မြင့်မားလွန်းသည့်အတွက် ပြည်မကဲ့သို. တက်ရောက်ပညာသင်ကြားနိုင်သူခက်ခဲ့ပါကြောင်းနှင့် ရခိုင်ပြည်နယ်ရှိ ကျောင်းသားလူငယ် မျိုးဆက်သစ်အများစုမှာ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများကိုသာ အားကိုးနေရသည့် အတွက် ယင်းဘုန်းတော်ကြီးသင်ကျောင်းများရှိ ဆရာ၊ဆရာမ လစာများကို နိုင်ငံတော်မှ ပေးနိုင်ပါရန် စသည်ဖြင့် ရခိုင်ပြည်နယ် ပညာရေး၏ လက်ရှိဖြစ်ပျက်နေသော အဖြစ်အပျက်များကို တင်ပြခဲ့ပါတယ်။

ရခိုင်စာပေနှင့်ယဉ်ကျေးမှုအဖွဲ့ ဥက္ကဌ ဒေါ်စောခင်တင့်နှင့် ရခိုင်ပြည်နယ် ၁၇မြို့နယ်ရှိ ကိုယ်စားလှယ်၁၇ ဦးတို့မှ လတ်တလော လိုအပ်ချက်များကို တင်ပြခဲ့ကြပါတယ် ရခိုင်ပြည်နယ်သည် သယံဇာတ ပေါကြွယ်ဝသော်လည်း လမ်းပန်းဆက်သွယ်ရေး ခက်ခဲနေမှုများ၊ လျှပ်စစ်မီးမရရှိမှု၊ မြောက်ဦးမြို့ ကို နိုင်ငံခြားသားဧည်သည် အလာများသော်လည်း လေယျဉ်ကွင်းမရှိမှု စသည့် လတ်တလောလိုအပ်ချက်များကို တင်ပြခဲ့ကြပါတယ်။

အဲဒီနောက် သူရဦးရွေမန်းအား ရခိုင်တိုင်းရင်းသားရေရာ ၀န်ကြီး ဦးဇော်အေးမောင် မှ ရခိုင်အမျိုးသားရိုးရာ ခေါင်းပေါင်းနှင့် ရခိုင်အမျိုးသားအထိမ်းအမှတ် န၀ရူပ ဗျာလ ရုပ်ထုတို.ကို လက်ဆောင်ပေးအပ်ခဲ့ပါတယ်။အဲဒီနောက် သူရဦးရွေမန်းမှ တောင်းဆို တင်ပြချက်များသည် အလွန်ကောင်းမွန်ကြောင်းနှင့် အကောင်အထည်ဖော်ပေးနိုင်ရန် အမြန်ဆုံးတင်ပြပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

ဒီနေ့တွေဆုံပွဲနှင့် ပတ်သက်ပီးတော့ တက်ရောက်ခဲ့သူအများစုက နိုင်ငံတော်အနေဖြင့် ဆောင်ရွက်ပေးလိမ့်မည်ဟု မျော်လင့်ပါကြောင်းနှင့် ရခိုင်ပြည်နယ် မောင်တောနယ်စပ်တွင် နယ်ခြားစောင့်တပ်နှင့်ပြည်သူ့စစ် များဖွဲ့စည်းပေးမည်ဟုလည်း ယုံကြည်ကြောင်းပြောကြားခဲ့ကြပါတယ်။
ရခိုင်ပြည်နယ် ဖွံဖြိုးတိုးတက်ရေး မိသားစုတွေဆုံပွဲကို ၈၈မျိုးဆက်ကျောင်းသားများအဖွဲ့မှ ကိုမင်းကိုနိုင်နှင့် ကိုကိုကြီး(စမ်းချောင်း)တို့တက်ရောက်ခဲ့ကြပီး ဒေါ်အောင်ဆန်းစုကြည်ကို ဖိတ်ကြားခဲ့သော်လည်း လာရောက်မှုမရှိခဲ့ကြောင်းသိရသည်။

ဓါတ်ပုံ .. ဖိုးသီဟ

Khaing Linn

Read More

ယခင် အပါတ်ထုတ် The Daily Eleven သတင်းစာတွင် " ပြည်သူတွေ ပြင်ချင်တယ်ဆိုတာ ကျွန်တော်တော့်မယုံကြည်ဘူး၊ ဘာလို့လဲဆိုတော့ ဖွဲ့စည်းပုံကို လေ့လာတဲ့ ပြည်သူတွေဆိုတာရှားပါတယ်။ ကျွန်တော်တောင်အခုမှလေ့လာပြီး ပြန်ပြုစုနေရတာ။ ပြင်ချင်တဲ့သူတွေက ပြည်သူတွေဆီသွားရှင်းပြပြီး ပြည်သူတွေကပြင်ချင်တာ ဖြစ်နေတယ်လို့ ကျွန်တော်ကထင်ပါတယ်။ လူတွေကရူးပြီးဖြစ်နေကြတာပါဟု" ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဌ ဦးဌေးဦး ပြောကြားခဲ့သယောင် လုပ်ကြံရေးသားခဲ့ခြင်းဖြစ်ပြီး ဦးဌေးဦးမှ အဆိုပါကိစ္စနှင့်ပါတ်သက်၍ ၄င်းထံတွင် အဆိုပါ အင်တာဗျူး အတွင်း ပြောကြားခဲ့သည့် အသံဖိုင်အပြည့်အစုံရှိသည်ဟု ပြောကြားခဲ့ပြီးနောက် Eleven မှ ယခုကဲ့သို့ လူသိရှင်ကြား တောင်းပန်ခဲ့ခြင်းဖြစ်သည်
 www.MyanmarExpress.net

Read More

From : .. irrawaddy

စစ်ဘေးဒဏ်ကြောင့် ဒုက္ခရောက်နေတဲ့ ကချင်လူမျိုးတွေကို ပြည်သူ့လွှတ်တော် တရားဥပဒေ စိုးမိုးရေးဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် အကူအညီ မပေးနိုင်ခဲ့ဘူး လို့ ကချင်အဖွဲ့အစည်း (စင်ကာပူ)က မနေ့ကရက်စွဲနဲ့ ကြေညာချက် ထုတ်ပါတယ်။

ဒါကြောင့် မနက်ဖြန် ဒေါ်အောင်ဆန်းစုကြည် စင်္ကာပူလာပြီး မြန်မာပြည်သားတို့နဲ့ တွေ့တဲ့အခမ်းအနားမှာ သူတို့အဖွဲ့ "ပါဝင်တက်ရောက်မည် မဟုတ်ကြောင်း" ကြေညာချက်မှာ ရေးထားပါတယ်။

တက်ရောက်တဲ့ ကချင်လူမျိုးတွေက အဖွဲ့ကို ကိုယ်စားပြုတက်ရောက်ခြင်း မဟုတ်ဘူးလို့ ကြေညာချက်မှာ ဆက်ရေးထားပါတယ်။

အင်္ဂလိပ် မြန်မာ နှစ်ဘာသာနဲ့ ထုတ်ပြန်တဲ့ ကြေညာချက်ကို ကူးယူ ဖော်ပြပေးလိုက်ပါတယ်။

ပြည်ပခရီးစဉ်အများအပြားထွက်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ စင်္ကာပူခရီးစဉ်ကျမှပဲ ဒီလို ကြေညာချက်ထုတ် ကန့်ကွက်ခံရမှုနဲ့ ကြုံရတာလို့ ယူဆရပါတယ်။

အထက်မှာ တွေ့ရတာကတော့ ကချင်ပြည်နယ် လိုင်ဇာမြို့ရောက် စစ်ပြေးဒုက္ခသည်တချို့ရဲ့ပုံ ဖြစ်ပါတယ်။

 

.. www.MyanmarExpress.net

Read More


မိသားစု လုံခြုံရေးကို အာမခံမည် ဆိုလျှင် ဒီပဲယင်း အရေးအခင်းနှင့် ပတ် သက်သမျှအားလုံး ဖွင့်ချမည်ဟု အင် တာနက်လူမှု ကွန်ရက်စာမျက်နှာအချို့၌ ပျံ့နှံ့နေမှုမှာ ၄င်းပြောဆိုထားခြင်း မဟုတ်ကြောင်း ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်က ငြင်းဆိုလိုက်သည်။

ယခုရက်ပိုင်းအတွင်း အင်တာ နက် လူမှုကွန်ရက်စာမျက်နှာအချို့တွင် ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်က အနောက်နိုင်ငံတစ်ခုမှ သံရုံးကိုယ်စား လှယ်တစ်ဦးနှင့် လျှို့ဝှက်တွေ့ဆုံစဉ် မိ သားစု လုံခြုံရေး အာမခံ ချက်ရှိက ဒီပဲ ယင်းအရေးအခင်းကိုဖွင့်ချမည်ဟု ပြော ခဲ့ကြောင်း ပျံ့နှံနေမှုနှင့် ပတ်သက် ၍ ပေါ်ပြူလာ နယူးစ်က သွားရောက် တွေ့ ဆုံမေးမြန်းရာ ယင်းသို့ ငြင်းဆိုလိုက် ခြင်းဖြစ်သည်။

”ဘယ်သူ့မှလည်း မပြောဖူးဘူး။ အဲဒီလို ပုဂ္ဂိုလ်လာတယ်ဆိုတာလည်း မရှိဘူး။ နောက်ပြီးတော့ အဲဒီ Subject (အကြောင်းအရာ)ကို ပြောစရာအ ကြောင်းလဲမရှိဘူး”ဟု ဗိုလ်ချုပ်ကြီး ဟောင်း ဦးခင်ညွန့် က ပြောသည်။

ထို့အပြင် ၄င်းက တိုင်းပြည်ရှုပ် ထွေးမှုဖြစ်လာနိုင်သည့် ယင်းအကြောင်း အရာကို မဆွေးနွေးလိုကြောင်းနှင့် တိုင်းပြည်အေးအေးချမ်းချမ်းနှင့် တည် တည်ငြိမ်ငြိမ်ဖြစ်ရန် သာ မြင်လိုကြောင်း ထပ်မံဖြည့်စွက် ပြောသည်။


From:Thway Thit Sar

www.mmdailystar.com

Read More
Posted by Unknown on Thursday, September 19, 2013

ဂျောင်း ဗီဒီယိုဇာတ်ကားနှင့်ပတ်သက်ပြီး ရခိုင်အမျိုးသားများ ကွန်ရက်က ပြင်းထန်စွာသတိပေးခြင်းထုတ်ပြန်
ကြေညာခဲ့သလို အွန်လိုင်းစာမျက်နှာများထက်တွင်လည်း ရခိုင်တိုင်းရင်သားများအပါအ၀င်
တိုင်းရင်းလူမျိုးတစ်မျိုး၏ ဂုဏ်သိက္ခာနှင့် တိုင်းရင်းသားစည်းလုံးညီညွတ်မှုကို အလေးအနက်ရှေ့ ရှုကာဝေဖန်ပြောကြားရေးသားမှုများ ကိုလည်း တွေ့မြင်ရသည့်အတွက် ပေါ်ပြူလာစာပေအနုပညာဂျာနယ်က
အဆိုပါ ဂျောင်းဇာတ်ကားတွင်အဓိကပါဝင်တာဝန်ရှိသူတို့အား မေးမြန်းမှုများ ပြုခဲ့ရာ သရုပ်ဆောင် မင်းသားဖြစ်သူ မြင့်မြတ်ကလည်း စိတ်မကောင်းဖြစ်ရကြောင်းနှင့် ကျေနပ်အောင် တောင်းပန်လိုကြောင်း
ဖွင့်ဟပြောကြားသလိုဇာတ်ကားထုတ်လုပ်ရိုက်ကူးသည့် ဂျော်လီဆွေနှင့်သားများဗီဒီယိုထုတ်လုပ်ရေးကလည်းနားလည်ခွင့်လွှတ်ပေးပါရန်နှင့် နောက်နောင် ဇာတ်ကားများတွင် အလားတူ အဖြစ်မျိုး မဖြစ်စေရန် ကတိပြုကြောင်း
တောင်းပန်စာကို အောက်ပါအတိုင်း ထုတ်ပြန်ပေးပါသည်။

-----------------------------------------------------------------------------
ရခိုင်အမျိုးသားများအား ဂျော်လီဆွေနှင့်သားများ ဗီဒီယိုထုတ်လုပ်ရေးမှ
ဂျောင်း ဗီဒီယိုဇာတ်ကားနဲ့ပတ်သက်၍ အနူးအညွတ်တောင်းပန်ခြင်း
-----------------------------------------------------------------------------
ကျွန်တော်များ ဂျော်လီဆွေနှင့်သားများ ဗီဒီယိုထုတ်လုပ်ရေးမှာ
အရင်ကတည်းက ရခိုင်အမျိုးသားများကို ချစ်ခင်စွာဖြင့် ရခိုင်အမျိုးသား
တစ်ဦးဖြစ်သူ ဒီကနေ့ ထိပ်တန်းသရုပ်ဆောင်
နေတိုးကို လက်တွဲရ်ျ ရိုက်ကူးခဲ့သော ထုတ်လုပ်ရေးဖြစ်ပါသည်။ ဒါတင်မက
ရခိုင်အမျိုးသားများဖြစ်သည့် ဘုန်းလျှံ၊ သာထက်စသော
အနုပညာရှင်လေးများကို မြေတောင်မြောက်ကာ ရိုက်ကူးပေး
ခဲ့သော ကုမ္ပဏီလည်းဖြစ်ပါသည်။ ရခိုင်အမျိုးသားများအား
ထိခိုက်နစ်နာစေလိုခြင်းအလျဉ်းမရှိပါ။ ဂျောင်း ဗီဒီယိုဇာတ်ဝင်
ခန်းတွင်ပါသော စကားလုံးအချို့နှင့်ပတ်သက်ရ်ျ ဇာတ်ညွှန်း၊
ဒါရိုက်တာ၊ သရုပ်ဆောင်များက သဘာဝထက် ဟာသကို
ဦးစားပေးပြီး ရိုက်ကူးတင်ဆက်မိခဲ့ခြင်းအပေါ် နားလည်သည်း
ခံခွင့်လွှတ်ပါရန်နှင့် နောက်နောင်ဇာတ်ကားများတွင်လည်း
”ွှဤသို့ အဖြစ်မျိုး မဖြစ်ရန် တာဝန်ယူကတိပြုပါကြောင်း
အနူးအညွတ်တောင်းပန်အပ်ပါသည်ခင်ဗျာ။


ဂျော်လီဆွေနှင့်သားများ ဗီဒီယိုထုတ်လုပ်ရေး

Read More
Posted by Unknown on Friday, September 13, 2013
Related Posts Plugin for WordPress, Blogger...

Arakan Media Group

Popular Posts

Blog Archive