ပဲပုတ်တခြမ်း တောင်တတန်းနဲ့ ငါစားရလည်း ငါ့လူမျိုးတွေ တန်းတူညီမျှအခွင့် အရေး အမှန်တစ်ကယ် ရရှိဖို့ အတွက်မို့ ငါကျေနပ်တယ် စိုင်းရယ်..

ပန်းကန်မပါဇွန်းမပါ ဖက်ရွက်ပေါ်မှာပုံကာစားလည်းငါ့လူမျိုးတွေ တန်းတူညီမျှအခွင့် အရေး အမှန်တစ်ကယ် ရရှိဖို့ အတွက်မို့ ငါကျေနပ်တယ် စိုင်းရယ်..

ဆီနဲ့မကြော်ရေနဲ့လှော်တဲ့ အသားကြော်ပဲ ငါစားရလည်း ငါ့လူမျိုးတွေ တန်းတူညီမျှအခွင့် အရေး အမှန်တစ်ကယ် ရရှိဖို့ အတွက်မို့ ငါကျေနပ်တယ် စိုင်းရယ်..

မင်းရဲ့ရင်ခွင်ငါရှိချင်လည်း ငါ့လူမျိုးတွေ တန်းတူညီမျှအခွင့် အရေး အမှန်တစ်ကယ် ရရှိဖို့ အတွက်မို့ ငါတို့ဝေးလည်း ငါကျေနပ်တယ် စိုင်းရယ်…

ငါ့လူမျိုးတွေ တန်းတူညီမျှအခွင့် အရေး အမှန်တစ်ကယ် ရရှိဖို့ အတွက်မို့ ငါပေးဆပ်ဖို့ ငါဟာငါမဟုတ်ဘူး စိုင်းရယ်…

By: နန်းဆိုင်နိုင်း
(ဗိုလ်ချုပ်အောင်ဆန်း တည်ထောင်ခဲ့တဲ့ ဖက်ဒရယ်ပြည်ထောင်စု စစ်စစ် အမှန်တစ်ကယ် ဖြစ်ပေါ်လာဖို့ အတွက်နဲ့ ၁၉၄၇ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ချုပ်ဆိုခဲ့တဲ့ တောင်တန်းပြည်မ ပူးပေါင်းရေး စာချုပ် နဲ့ ပင်လုံညီလာခံ စာချုပ်ပါ အချက်၁ ချက်ဖြစ်တဲ့ တန်းတူညီမျှ အခွင့် အရေး ရှိရမည် ဆိုတဲ့ အချက်ကို ရှမ်းလူမျိုးနဲ့ ရှမ်းပြည်နယ် တွက် အမှန်တစ်ကယ် ရရှိနိုင်ဖို့ ဘ၀တစ်ခုလုံး ပုံအောပေးဆပ်ထားရဲတဲ့ ရှမ်းပြည်တပ်မတော် တောင်ပိုင်း RCSS/SSAဋ္ဌာနချုပ် လွယ်တိုင်းလျဲန်း မှ မျိုးချစ် ပြည်ချစ်တဲ့ ရှမ်း စစ်သမီးလေးပါ)


Posted by Unknown on Thursday, June 12, 2014

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

Arakan Media Group

Popular Posts

Blog Archive