Showing posts with label ကူညီရေး. Show all posts
Showing posts with label ကူညီရေး. Show all posts

ရန်ကုန်၊ ဇွန် ၇- ရခိုင်ပြည်နယ်၊ မောင်တောမြို့
နယ်ရောက် တပ်မတော် သားသုံးထောင်ကျော်
အတွက် ပစ္စည်း နှင့်ငွေသား စုစုပေါင်း
 ၂၉သိန်း ကို မြန်မာ့ အမျိုးသားကွန်ရက်မှ


ဇွန် ၇ ရက်က သွားရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။

ရှေ့တန်းတွင် ရောက်နေသည့် တပ်မတော်သားများအတွက် ပြည် သူများမှ နွေးထွေးမှုပေးသည့် ရည် ရွယ်ချက်ဖြင့် သွားရောက် လှူဒါန်း ခြင်းဖြစ်ကြောင်း အဆိုပါကွန်ရက်မှ ဥက္ကဋ္ဌ ကိုသီရိက ပြောသည်။

''ရှေ့တန်းရောက်နေတဲ့ တပ် မတော်သားတွေကို လှူချင်တဲ့အ တွက် ကျွန်တော်တို့ရော အခြားသူ တွေရော အားလုံးပေါင်းပြီး လှူဒါန်း တာပါ'' ဟု ယင်းက ဆက်လက်ပြော သည်။

ယင်းကဲ့သို့လှူဒါန်းရာတွင် အ စားအသောက်များနှင့် ပစ္စည်းများ အတွက် ငွေကျပ် ၁၉သိန်းဖိုးနှင့် ငွေသား ၁ဝသိန်းကို ပြည်သူလူထု နှင့် ပူးပေါင်း၍ စုပေါင်းလှူဒါန်းခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာ့အမျိုးသားကွန်ရက်အဖွဲ့ ကို ၂၀၁၄ခုနှစ် ဇန်နဝါရီလက စတင်ဖွဲ့စည်း ခဲ့ခြင်းဖြစ်ပြီး ဘင်္ဂလား ဒေ့ရှ်မှ ပြန်လည်ရောက်ရှိ လာသော ရခိုင်ပြည်သူ များအတွက်လည်း ငွေ ကျပ်သိန်း ၂ဝနှင့် အဝတ်အစား များကိုလှူဒါန်း ခဲ့ကြောင်းနှင့် ပရဟိတ အလှူများ ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

Photo Caption :: မြန်မာ့အမျိုးသားကွန်ရက်မှ မောင်တောမြို့နယ်ရောက် တပ်မတော်သားများနှင့်အတူ အမှတ်တရဓာတ်ပုံရိုက်စဉ်။

Democracy today Daily Newspaper

Read More

အောင်ဟိဏ်း(ကျိုက်ထော်)http://drlunswe.blogspot.com

Read More
Posted by Unknown on Saturday, June 7, 2014

ပခုက္ကူ၊ မေ ၃၀

မကွေးတိုင်းဒေသကြီး ရေစကြို မြို့နယ် ညောင်တောအုပ်စု ရှစ်အိမ်တန်း ကျေးရွာတွင် ချင်းတွင်းမြစ်ရေ တိုက်စားမှုကြောင့် ကမ်းပြိုဒုက္ခသည် အိမ်ထောင်စု ၂၇၃ စု၊ အိမ်ခြေ ၁၅၀ အတွက် လူနေ အိမ်မြေနေရာ ရရှိရန် ခက်ခဲလျက် ရှိကြောင်း ယင်းဒေသခံများထံမှ စုံစမ်းသိရှိရသည်။

ချင်းတွင်းမြစ်ရေ တိုက်စားမှုကြောင့် ၂၀၁၂ ခုနှစ်တွင် ကမ်းပြိုခဲ့သဖြင့် အိမ်ခြေ ၁၅၀ အတွက် သက်ဆိုင်ရာက ရွာတည်နိုင်သော မြေနေရာမပေးခဲ့ဘဲ ကမ်းနှင့်နီးသော ၉ ဒသမ ၀၉ ဧကရှိသော မြေကို ကွက်စိပ်ရိုက်ကာ ပေးခဲ့ကြောင်း၊ ရှစ်အိမ်တန်းကျေးရွာရှိ ကမ်းပြို အိမ်ထောင်စုများ နေထိုင်ရန် ညောင်တော အုပ်စုရှိ အောင်မြင့်မိုရ် သမဝါယမ လီမိတက်ပိုင် မြေ ၃၂ ဒသမ ၇၆ ဧကကို တောင်းဆို ခဲ့သော်လည်း ယနေ့အထိ မရသေးသဖြင့် အိမ်ထောင်စု အားလုံးအတွက် မြေနေရာ အခက်အခဲများ ဖြစ်နေခြင်း ဖြစ်ကြောင်း ရှစ်အိမ်တန်းရွာမှ မြေရရှိရေးဦးဆောင် လှုပ်ရှားသူ ဦးနီတွတ်က ပြောကြားသည်။

“အိမ်ထောင်စုတွေအတွက် မြေနေရာရဖို့ တောင်းခဲ့တာကြာပြီ။ အတော်များများက နီးစပ်ရာ ယာရှင်တွေဆီမှာ မိသားစုတစ်စုနေဖို့ တစ်နှစ်ကို ပိုက်ဆံနှစ်သောင်း၊ ငါးသောင်းလောက်ထိ ပေးပြီး နေရတယ်” ဟု ၎င်းကဆိုသည်။

ညောင်တောရှိ ရွာတည်နိုင်သည့် မြေအတွက် ရှစ်အိမ်တန်းရွာမှ မြေနုကျွန်းနှင့် လဲလှယ်ခဲ့ကြောင်း၊ ဆက်လက်၍ မြို့နယ် အုပ်ချုပ်ရေးမှူးက တစ်ဧကလျှင် ကျပ်သိန်း ၃၀ တောင်းသဖြင့် အိမ်ထောင် စုများဘက်မှ ဒေသပေါက်ဈေး ကျပ် ၁၆ သိန်း ပေးခဲ့သော်လည်း အိမ် ၉၂ အိမ်သာ ဆောက်လုပ် နေထိုင်ရန် ရွာတောင်ဘက်ရှိ ကမ်းနှင့်နီးသော မြေကိုသာ ပေးခဲ့ကြောင်း အောင်မြင့်မိုရ် သမဝါယလီမိတက် မြေတွင် လာရောက် နေထိုင်သူ ရှစ်အိမ်တန်း ရွာဦးကျောင်း ဆရာတော် ဦးခေမိန္ဒက မိန့်ဆိုသည်။

“၂၀၁၂ တည်းက ရွာလုံးကျွတ် နီးစပ်ရာ ယာရှင်တွေဆီမှာ ကျပ်နှစ်သောင်းကနေ ကျပ်ငါးသောင်းအထိ ပေးပြီး နေရပေမယ့် ယာတွေပေါ်မှာ ရေတွင်းတူးတာ၊ အိမ်သာဖော်တာ လုပ်လို့မရခဲ့ဘူး၊ အခုဆို ပုံစံ ၇ ထုတ်ပေးနေလို့ ယာရှင်တွေက ယာခင်းမှာ နေထိုင်ခွင့် မပြုတော့ဘူး။ ဒါကြောင့် ရှစ်အိမ်တန်းတောင်ဘက် ညောင်တောအုပ်စု အများပိုင် တောင်သူ ၂၂ ဦး လုပ်ကိုင်စားနေတဲ့ အောင်မြင့်မိုရ် သမဝါယမ လီမိတက်မြေမှာ ဝင်နေထိုင်ရတာပါ” ဟု ဒေသခံများက ရှင်းပြသည်။

၂၀၁၂ ခုနှစ်က ချင်းတွင်းမြစ်ရေ တိုက်စားမှုကြောင့် အိမ် ၉၅ လုံးကို ၉ ဒသမ ၀၉ ကွင်းတွင် ပေ ၆၀၊ ၈၀ ကွက်စိပ် ရိုက်ပေးထားသော်လည်း နေထိုင်ခြင်း မရှိကြောင်း၊ ကမ်းပြို ဒုက္ခသည်များဘက်မှ ညောင်တော အုပ်စုက အောင်မြင့်မိုရ် သမဝါယမ လီမိတက် မြေပေါ်တွင် နေထိုင်လိုကြောင်း ပြောလာသဖြင့် သက်ဆိုင်ရာ ဝန်ကြီးဌာနသို့ တင်ပြခဲ့ရာ လုပ်စားကွင်းဖြစ်၍ ခွင့်မပြုသဖြင့် သမအသင်းသား ၂၂ ဦး သဘောတူသည့် ၉ ဒသမ ၀၉ ဧကမြေတွင် နေထိုင်ရန် လက်ရှိတွင် အိမ်ထောင်စု ၁၁ စုကို ပြောင်းရွှေ့ပေးပြီး ဖြစ်ကြောင်း၊ ရေစကြိုမြို့နယ် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခိုင်ထွန်းက ပြောကြားသည်။

ချင်းတွင်းမြစ်ရေသည် ၁၉၉၇ ခုနှစ်မှ စတင်ကာ ရှစ်အိမ်တန်းရွာကို တိုက်စားခဲ့ပြီး လုပ်စားမြေ ဧက ၃၀ ကျော်နှင့် မြေလွတ်မြေရိုင်းများ ဆုံးရှုံးခဲ့ကြောင်း၊ ၂၀၁၂ ခုနှစ်မှစ၍ နီးစပ်ရာ ယာရှင်များထံတွင် အိမ်ထောင်စု တစ်စုအတွက် တစ်နှစ် ကျပ်နှစ်သောင်းမှ ကျပ်ငါးသောင်းထိပေးကာ နေထိုင်ရကြောင်း အဆိုပါ ဒေသခံများထံမှ သိရသည်။

The Voice Weekly

Read More

(နိရဉ္စရာ- ၂၂ မေလ ၂၀၁၄)
ARMY-MADICAL
နယ်လှည့် တပ်မတော် ဆေးကုသရေးအဖွဲ့က ဒေသခံများကို ဆေးကုသနေစဉ် (ဓါတ်ပုံ- နိရဉ္စရာ)
ရခိုင်ပြည်နယ် ပုဏ္ဍားကျွန်းမြို့နယ် ပိုးရီပြင် ( ပိုးရွှီပြင်) ဒေသမှ ရခိုင်တိုင်းရင်းသား လူပေါင်း (၁၀၀၀) ကျော်ကို တပ်မတော် နယ်လှည့်ဆေးကုသရေးအဖွဲ့ တစ်ခုမှ  အခမဲ့ ဆေးကုသ ပေးခဲ့သည်ဟု သိရသည်။
မေလ ၁၉ ရက်နေ့က ၂၁ ရက်နေ့ထိ (၃) ရက်တိုင်တိုင် ပိုးရီပြင် အထက ကျောင်းခွဲတွင် စခန်းချဖွင့်လှစ် ကုသခဲ့သော ၎င်းအခမဲ့ဆေးကုသပွဲသို့ ပိုးရီပြင်နှင့် ယင်းဒေသ အနီးတ၀ိုက်ရှိ ကျေးရွာများမှ ရခိုင်နှင့် ခမီးတိုင်းရင်းသားများ လာရောက်ကုသခဲ့ကြသည်။
“ ရခိုင်နဲ့ ခမီးတိုင်းရင်းသားတွေ လာကြတယ်။ ပထမနေ့ မေလ ၁၉ ရက်မှာ လာရောက်ပြသတဲ့ လူနာ အရေအတွက်က ၄၄၂ ယောက် လာတယ်။ ဒုတိယနေ့မှာလည်း ၄၀၀ ကျော်လာပါတယ်။ သုံးရက်ဆိုရင်တော့ တစ်ထောင်ကျော်ပါတယ်” ဟု တာဝန်ရှိသူ တစ်ဦးက ပြောသည်။
ယင်းသို့ လာရောက်ပြသသူများအထဲတွင် မျက်စိရောဂါဝေဒနာရှင်များလည်း ပါဝင်ပြီး အများစုမှာ အထွေထွေရောဂါသည်များ ဖြစ်ကြသည်ဟု ဆိုသည်။ ယင်းအထဲတွင် အချို့ရောဂါသည်များမှ စစ်တွေ ဆေးရုံကြီး အထိ တက်ရောက်ပြသမှ ကျန်းမာရေး ကောင်းမွန်လာမည့်သူများလည်း ပါဝင်သည်ဟု သိရသည်။
ယခု တပ်မတော် နယ်လှည့် ဆေးကုသရေးအဖွဲ့မှ လာရောက်ဆေးကုသပေးသော ပိုးရီပြင်ကျေးရွာမှာ အိမ်ခြေ တစ်ထောင်ခန့်ရှိပြီး ပုဏ္ဍားကျွန်းမြို့နှင့် ၁၈ မိုင်ခန့်ဝေးကြောင်း၊ အနီးအနားတွင် ရွာပေါင်း (၃၀) ကျော်ခန့်ရှိကြောင်း၊ ယင်းဒေသတွင် တိုက်နယ်ဆေးရုံ တစ်ရုံတောင် ယခုအချိန်ထိ မရှိသေးကြောင်း၊ သက်ဆိုင်ရာ အာဏာပိုင်များမှ ပညာရေး၊ ကျန်းမာရေးအရ ပစ်ပယ်ခံနေကြရသော ဒေသတစ်ခု ဖြစ်ကြောင်း၊ ဆေးရုံ မရှိ၍ မသေသင့်ဘဲ လူများသေနေကြရကြောင်း ပိုးရီပြင်ကျေးရွာ လူကြီး တစ်ဦးဖြစ်သူ ဦးမောင်လူက ပြောသည်။
ယင်းပြင် ပိုးရီပြင် တစ်နာရီကျော် လမ်းလျှောက်လာမှ ရောက်သော မင်းဓမ္မ ခမီးကျေးရွာမှ လူကြီး တစ်ဦးဖြစ်သူု ဦးဝေဇံကလည်း သူတို့ လာရောက်ရသည့် အကြောင်းကို ယခုလို ပြောသည်။
ARMY Medical
ဆေးကုသရန် စောင့်ဆိုင်းနေသော ဒေသခံပြည်သူများ (နိရဉ္စရာ)
“ ကျွန်တော်တို့ ရွာက လူပေါင်း ၂၀ ကျော်လာပါတယ်။ တပ်မတော်က အခမဲ့ ဆေးကုသပေးမယ်ဆိုတဲ့ အတွက် ပြသဖို့ လာတာပါ။  ခုလို အခမဲ့ဆေးကုပေးမယ်ဆိုတော့ ပျော်ပါတယ်။ ကျွန်တော်တို့ဆီမှာ ဆေးရုံလည်း မရှိတော့ လူတွေက ခုလို ဆေးကုရတဲ့ အတွက် ၀မ်းသာတယ်။ ပျော်ကြပါတယ်။ ဒီမှာလည်း ဆေးရုံလည်း မရှိ၊ ဆရာဝန်လည်း မရှိတဲ့ အတွက် ပိုးရီပြင်မှာ တိုက်နယ် ဆေးရုံး တစ်ခုကို အမြန်ဆုံး တည်ဆောက်ပေးဖို့ ကျွန်တော်တို့က လိုလားပါတယ်” ဟု ဆိုသည်။
ယခု လာရောက်ဆေးကုသပေးသော အဖွဲ့မှာ အနောက်ပိုင်းတိုင်း လက်အောက်ခံ အမှတ် (၈) စစ်မြေပြင် ဆေးတပ်ရင်း၊ နယ်လှည့် ဆေးကုသရေး အဖွဲ့ဖြစ်ပြီး ပါရဂူအဆင့်ရှိ ဒုဗိုလ်မှူးကြီး တစ်ဦးက ဦးဆောင်သည်ဟု သိရသည်။
ယခုကဲ့သို့ တပ်မတော် နယ်လှည့်ဆေးကုသရေးအဖွဲ့မှ ဆေးရုံမရှိသော ဒေသများသို့ သွားရောက် ဆေးကုသပေးသည်မှာ ရခိုင်ပြည်နယ်အတွင် (၄) ကြိမ်အထက် ရှိသွားပြီ ဖြစ်ကြောင်း၊ ပိုးရီပြင်တွင် ပြီးဆုံးပါက ခြေတော်ရာနှင့် မြောက်ဦးမြို့နယ်တို့ သွားရောက်ပြီး ဆက်လက် ကုသပေးအုံးမည်ဟု သိရသည်။
ယင်းဆေးကုသပွဲသို့ ပြည်တွင်းပြည်ပ သာသနာပြု အလိုတော်ပြည့် ဆရာတော်ကြီးလည်း တက်ရောက်ခဲ့ပြီး ဆရာတော်ကြီးအား အမှူးထားပြီး အနောက်ပိုင်းတိုင်း တိုင်းမှူး ဗိုလ်ချုပ် ကိုကိုနိုင်မှလည်း စစ်မြေပြင် ဆေးတပ်ရင်းမှူးမှ တဆင့် ဒေသခံ ပြည်သူများသို့ ဆေးခြင်ထောင်များနှင့် အိမ်သာသုံး ပစ္စည်းများအား ပေးပို့ လှူဒါန်းခဲ့ကြောင်း သတင်း ရရှိသည်။

Read More

ရခိုင်ပြည်နယ်အတွင်း တိုက်ခိုက်ခံရမှုများကြောင့် ရုံးများပိတ်ထားခဲ့ရသည့် ကုလသမဂ္ဂ အကူအညီပေး ရေးအဖွဲ့အစည်းများ အပါအ၀င် နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့အစည်းများ၏ ရုံးများကို ယခုလ နောက်ဆုံးပတ်တွင် ပြန်လည် ဖွင့်လှစ်ကာ အကူအညီပေးရေးလုပ်ငန်းများ ပြန်လည် စတင်တော့မည်ဖြစ်သည်။
EPA
စစ်တွေမြို့တွင် ရုံးဖွင့်လှစ်ထားသည့် ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့ရုံး တိုက်ခိုက်ခံရအပြီး မတ်လ ၂၈ ရက်က တွေ့ရစဉ်။ စစ်တွေမြို့ပေါ်ရှိ နိုင်ငံတကာအကူအညီပေးရေး အဖွဲ့များ၏ ရုံးခန်း ၁၀ ခုခန့် မတ်လ ၂၇ ရက်က ဖျက်ဆီးခံခဲ့ရပြီး ရုံးဝန်ထမ်းများကိုလည်း ရန်ကုန်သို့ ခေတ္တ ပို့ဆောင်ထားခဲ့ရပြီး အကူအညီပေးရေးလုပ်ငန်းစဉ်များ ရပ်နားထားခဲ့ရသည်။ ဓာတ်ပုံ - အီးပီအေ
မတ် ၂၆ နှင့် ၂၇ ရက်တို့တွင် တိုက်ခိုက်ခံခဲ့ရမှုများကြောင့် ရုံများပိတ်သိမ်းကာ စစ်တွေမြို့မှ ထွက်ခွာခဲ့ရ သည့် အကူအညီပေးရေးအဖွဲ့များကို ဧပြီ ၂၁ ရက်ဝန်းကျင်တွင် ပြန်လည် ရုံးထိုင်ခွင့်ပြုမည်ဟု ရခိုင်အစိုး ရပြန်ကြားရေးအဖွဲ့ဝင် ဦးဝင်းမြိုင်က ဧပြီ ၂ ရက်တွင် ပြောသည်။
“ပြန်ဝင်လာတဲ့အခါ ကုလသမဂ္ဂအပါအ၀င် တခြားအဖွဲ့တွေ အားလုံး ပါလာမယ်”ဟု ဦးဝင်းမြိုင်က ပြောသည်။ ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် UN အပါအ၀င် နိုင်ငံတကာ အဖွဲ့အစည်းများ၏ ရုံးအားလုံးကို သော့ခတ်ပိတ်သိမ်းထားပြီး ၀န်ထမ်းအချို့ကိုမူ စစ်တွေဟိုတယ်နှင့် ရဲရိပ်သာတွင် လုံခြုံရေးများနှင့် ထားရှိကာ အများစုကိုမူ ရန်ကုန်သို့ ပို့ထားပြီးဖြစ်သည်။
တိုက်ခိုက်မှုကြောင့် ထွက်ခွာသွားသည့်အဖွဲ့များတွင် နားလည်မှုစာချွန်လွှာ၌ပါရှိသည့် အချိန်ကာလ မပြီးဆုံးသေးသည့် အဖွဲ့အစည်းများ ရှိနေသေးပြီး စစ်တွေမြို့ပေါ်တွင်လည်း ၀န်ထမ်း ၂၀ ကျော် ရှိနေသည်။
အဆိုပါအဖွဲ့အစည်းများ ပြန်လည်ဝင်ရောက်လာပါက အစိုးရကဖွဲ့စည်းထားသည့် အရေးပေါ်ညှိနှိုင်းရေး ဗဟိုဌာန ECC (Emergency Coordinate Center) ထံ ၎င်းတို့၏ လုပ်ငန်း အစီအစဉ်များကို ချပြရမည်ဖြစ် ပြီး ECC က လက်ခံမှ ရုံးထိုင်ခွင့်ရှိမည်ဖြစ်သည်။
“အရင်တုန်းက ပြည်ထောင်စုအစိုးရနဲ့ လက်မှတ်ထိုးထားတယ်ဆိုပြီး ၀င်လာတယ်။ ဘယ်အဖွဲ့အစည်းနဲ့ ဘယ်လိုထိုးထားတယ်။ အဲ့လိုတွေ အများကြီးပဲ။ ဒါပေမဲ့ အဖွဲ့တွေသာ ၀င်လာတယ်။ ပြည်နယ်အစိုးရက ဘာမှမသိဘူး။ ဒါကြောင့် ပြဿနာတွေဖြစ်လာတာ”ဟု ဦးဝင်းမြိုင်က ပြောသည်။
အရေးပေါ်ညှိနှိုင်းရေးဗဟိုဌာနကို ယခင်က အစိုးရ၀န်ထမ်းများနှင့် ဖွဲ့စည်းထားခဲ့သော်လည်း နယ်စည်းမထားဆရာဝန်များအဖွဲ့ MSF ကို ဒေသခံများက ဆန္ဒထုတ်ဖော်မှုများ ပြုလုပ်ပြီးနောက်ပိုင်း ရခိုင်ဒေသခံ ရပ်မိရပ်ဖများကို ECC တွင် ပါဝင်ရန် အစိုးရက ကမ်းလှမ်းခဲ့သည်။
“သူတို့ ဘာတွေလုပ်မှာလဲဆိုတာ ကွဲကွဲပြားပြားသိရဖို့လိုတယ်။ ဒီလိုမှမဟုတ်ရင် MSF လို ပြဿနာတွေ ပြန် ဖြစ်လာနိုင်တယ်”ဟု ECC တွင်ပါဝင်သူ စစ်တွေမြို့ ရပ်မိရပ်ဖ ဦးသန်းထွန်းက မဇ္ဈိမကို ပြောသည်။
လက်ရှိတွင် WFP (ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့) ကဲ့သို့ ထောက်ပံ့ရေးအဖွဲ့များ မရှိတော့သည့်အတွက် ဘင်္ဂါ လီဒုက္ခသည်စခန်းများတွင် ယခင် ဆန်တစ်ပြည် ၅၀၀ ခန့်မှ ယခု ကိုးရာအထိ ဈေးတက်သွားပြီး စစ်တွေ မြို့အနီး ဒါးပိုင်နှင့် သဲချောင်းတို့မှ ဒုက္ခသည်အချို့ကို ရန်ကုန်အခြေစိုက် လူမှုကွန်ရက်အချို့က ထောက်ပံ့ လျက်ရှိသည်။
မတ်လ ၂၆ ရက်ညက အင်န်ဂျီအိုရုံးများနှင့် ယူအင်န်အဖွဲ့အစည်းများငှားရမ်းထားသည့် စစ်တွေရှိနေအိမ် အဆောက်အအုံများကို တိုက်ခိုက်ခံခဲ့ရခြင်းအတွက် အချိန်မီမထိန်းချုပ်နိုင်ခြင်းသည် လုံခြုံရေးအဖွဲ့များ၏ အားနည်းချက်ဖြစ်သည်ဟု ထိုအချိန်က စစ်တွေမြို့တွင်ရှိနေသော ရခိုင်အမျိုးသားပါတီ (ANP) ၏ ပထမ ခေါင်းဆောင် ဦးအေးသာအောင်က ဝေဖန်ပြောဆိုသည်။
ပဋိပက္ခတွင် ကလေးငယ်တစ်ဦး သေဆုံးသွားပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ လိုအပ်ချက်ကြောင့် ဖြစ်ခဲ့ရ သည်ဟု ဦးအေးသာအောင်က ထောက်ပြသည်။
“ပြဿနာဖြစ်တဲ့အချိန်မှာ ဆယ်ဂဏန်းလောက်ပဲရှိတဲ့ လူစုလူဝေးကို ခွဲလိုက်မယ်၊ အရေးယူမယ်ဆိုရင် ကလေးမတစ်ဦးလည်း သေစရာမလိုပါဘူး၊ အဆောက်အအုံတွေလည်း ပျက်စီးမှာမဟုတ်ပါဘူး။ လုံခြုံ ရေးတာဝန်ယူတဲ့အဖွဲ့ရဲ့ လိုအပ်ချက်သာ ဖြစ်ပါတယ်”ဟု ဦးအေးသာအောင်က ပြောသည်။
ပဋိပက္ခများနှင့်ဆက်စပ်ကာ ဧပြီ ၁ ရက်တွင် စစ်တွေမြို့ခံ အမျိုးသမီးခြောက်ဦးနှင့် အမျိုးသားခြောက်ဦးကို ရဲအင်အား ၅၀ ခန့် ဖမ်းဆီးခဲ့သည်။ ဧပြီ ၂ ရက်တွင် အသက် ၇၀ ကျော် အဘွားအိုတစ်ဦးဖြစ်သူ ဒေါ်မာ အေးကို ပြန်လည်လွှတ်ပေးခဲ့သည်။
“ဖမ်းတာကတော့ ဘယ်ပါတီကမို့၊ ဘယ်သူမို့ဆိုတာ မရှိပါဘူး။ အစိုးရ၀န်ထမ်းဆိုရင်လည်း ဥပဒေနဲ့မညီ ရင် ဖမ်းဆီးခံရမှာပဲ”ဟု စစ်တွေပြည်နယ်အစိုးရ ပြန်ကြားရေးအရာရှိ ဦးဝင်းမြိုင်က ဆိုပြီး ၁၂ ဦး ဖမ်းဆီး သွားသည်ကိုလည်း ၎င်းက အတည်ပြုသည်။

ရိက္ခာ ပြတ်လပ်
ပဋိပက္ခဒဏ်ခံခဲ့ရသော ရခိုင်ပြည်နယ်ရှိ ဒုက္ခသည်စခန်းများတွင်ရှိသည့် ထောင်နှင့်ချီကာ အရေအတွက် ရှိသော ဒုက္ခသည်များအတွက် စားနပ်ရိက္ခာနှင့် သန့်ရှင်းသောရေများ ပြတ်လပ်လုနီးပါးဖြစ်နေကြောင်း၊ လူအုပ်စုဖြင့် အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့ပြီးနောက် ဒေသအတွင်းမှထွက်ခွာခဲ့ရသော အကူအညီပေးရေး အဖွဲ့များ၏ ထွက်ဆိုချက်ကို ကိုးကားလျက် အေအက်ဖ်ပီသတင်းတစ်ရပ်က ရေးသားသည်။
ရခိုင်ပြည်နယ်အတွင်းရှိ ဒုက္ခသည်စခန်းများတွင် နေထိုင်ကြရသူများသည် လူသားချင်းစာနာမှုအကူအညီ များကိုသာ လုံးလုံးလျားလျား မှီခိုနေခဲ့ကြရာ၊ အကူအညီပေးရေးအဖွဲ့အစည်းများ တိုက်ခိုက်ခြင်းခံရပြီး နောက်ပိုင်းတွင် အကူအညီများ မရရှိနိုင်တော့ဘဲ ဖြစ်နေသည်ဟု အေအက်ဖ်ပီက ရေးသားသည်။
“လူသားချင်းစာနာမှု အကူအညီပေးရေးလုပ်ငန်းတွေအပေါ် သက်ရောက်လာတဲ့ အကျိုးဆက်တွေကို ကျွန်တော်တို့ အရမ်းစိုးရိမ်မိပါတယ်”ဟု ကုလသမဂ္ဂလူသားချင်းစာနာမှုကိစ္စရပ်များဆိုင်ရာ ညှိနှိုင်းဆောင် ရွက်ရေးရုံး UNOCHA မှ ပြောရေးဆိုခွင့်ရှိသူ ပီယာပီရွန် (Pierre Peron)က ဆိုသည်။
“လူတွေအတွက် စားနပ်ရိက္ခာနဲ့ ရေ ပြတ်လပ်သွားမယ့် အခြေအနေမျိုးဖြစ်မလာအောင် ကာကွယ်နိုင်ဖို့ အတွက် ရေတိုဖြေရှင်းနည်းတွေကို ရှာဖွေဖို့ ကျွန်တော်တို့ နေ့ရောညပါ အလုပ်လုပ်နေကြပါတယ်”ဟု ပီယာပီရွန်က ဆိုသည်။
ပေါက်တောမြို့နယ်မှ ဒုက္ခသည်စခန်း နှစ်ခုရှိ လူပေါင်း ၁၈,၀၀၀ ခန့်အတွက် သောက်သုံးရေ လက်ကျန် အနေအထားမှာ အကျပ်အတည်းဆိုက်နေသော အခြေအနေတွင် ရှိနေကြောင်း ပီယာပီရွန်က ပြောခဲ့ သော်လည်း၊ အစိုးရလှေများ အသုံးပြုကာ အကူအညီများ ပေးပို့နိုင်ရေးအတွက် ကြိုးပမ်းအားထုတ်နေကြ ကြောင်းလည်း ဆိုခဲ့သည်။
ဒုက္ခသည်စခန်းများနှင့် ရခိုင်ပြည်နယ်၏မြို့တော် စစ်တွေပတ်ဝန်းကျင်ရှိ ကျေးရွာများရှိ လူပေါင်း ၁၇၀, ၀၀၀ ကျော်အတွက် မရှိမဖြစ်လိုအပ်သော အကူအညီများနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ ပေးခွင့်မရ အောင် တားဆီးခြင်းခံရမည်ကို လူသားချင်းစာနာမှု အကူအညီပေးရေးဝန်ထမ်းများ စိုးရိမ်နေသည်ဟု လည်း အေအက်ဖ်ပီက ရေးသားထားသည်။


News: mizzimaburmese

Read More

လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေး ကွန်ယက်၊ ပွင့်လင်းလူ့အဖွဲ့အစည်း၊ NGO များ၊  NLD ကွန်ယက် များမှ လူထုကို ကူညီရန်ဟု အကြောင်းပြကာ ဈေးရောင်းပွဲများ၊ ရှိုးပွဲများ ဆက်တိုက်ကျင်းပကာ ပိုက်ဆံ သန်းချီရယူနေသော်လည်း အင်္ဂလိပ်ကို တိုက်ထုတ်ကာ လွတ်လပ်ရေးရယူပေးခဲ့သည့် သခင်လှကြိုင်အား စစ်တပ်အသိုင်းအဝိုင်းမှသာ ကူညီစောင့်လျှောက်ထားရကြောင်း သိရသည်။

From : .. Yaung Ni Oo

အဘ သခင် ဦးလှကြိုင်ကိုကျွန်တော် တို့ရဲ့ တပ်မတော်သား၊
တပ်မတော် အငြိမ်းစားများ မိသားစုဝင် များ ပါရမီဖြည့်ဘက်
အဖွဲ့က ကူညီစောင့်ရှောက်ရေး ဆောင်ရွက်လျှက်ရှိပါသည်။

ထောက်ပံ့ငွေပေးအပ်ပွဲ ကို ဒီဇင်ဘာလ ဆန်းတွင် ပဲခူးမြို့နယ်
စစ်မှူ့ထမ်းဟောင်းအဖွဲ့နှင့်ပူးပေါင်း ကျင်းပနိုင်ရေးဆောင်ရွက်
သွားလျှက်ရှိပါသည် ။

အဘ သခင် ဦးလှကြိုင် ၏ စာရွက်စာတန်းများ ကို စိစစ်ပြီး
မြန်မာနိုင်ငံ စစ်မူ့ထမ်းဟောင်း ဗဟိုသို့တင်ပြကာ မိသားစု
အတွက်လိုအပ်သော ထောက်ပံ့မူ့ရရှိရေးဆက်လက်ဆောင်
ရွက်သွားပါမည် ။

သို့ဖြစ်ပါ၍ အဘ အတွက် လူသားခြင်း စာနာထောက်ထားမူ့
ဖြင့် ကူညီပံ့ပိုးပေးလိုသူများ ကျွန်တော့ထံ၃၀- ၁၁- ၂၀၁၃ရက်
နောက်ဆုံးထား ဆက်သွယ်လှူဒါန်းနိုင်ပါကြောင်းတင်ပြအပ်ပါ
သည် ။

မောင်မောင်အောင် @ ဦးယောင်
မြန်မာ့သင်္ဘောကျင်းလုပ်ငန်း(ဆင်မလိုက်)
၀၉-၅၀၆၄၀၄၈
၀၁-၅၁၂၇၄၉(ရုံး)


 

Read More
Posted by Unknown on Sunday, November 10, 2013

ရခိုင်အသင်း စင်္ကာပူမှ၊ ဘင်္ဂလီအကြမ်းဖက်မှုရန်မှ ကာကွယ်ရင်း ဒါဏ်ရာရ၊ သီဆုံး၊ မီးရှို့ဖျက်ဆီးခံ ရ၍ အိုးမဲ့အိမ်မဲ့ ဖြစ်ရသောသံတွဲမြို့နယ်မှ ရခိုင်မိသားစုများ အတွက်ယခင် နှစ်လက်ကျန် ငွေမှအလှူငွေ (၁၅)သိန်း(၆)သောင်းကျပ်တိတိကို သဗြုချိုင်ဆရာတော်မှတဆင့်ပထမ အကြိမ်ကူညီလှူဒါန်းသွားခဲ့ပါသည်

လှူဒါန်း ငွေများကို
(၁) သီဆုံးသူ ၂ဦး အတွက် အလှူငွေ ၂ သိန်းကျပ်တိတိ၊
(၂) သဗြုချိုင် ကျေးရွာမှ မီးရှို့ဖျက်ဆီးခံရ၍ အိုးအိမ်မဲ့ သူ၁၁ဦးအတွက် အလှူငွေ ၁၁သိန်းကျပ်တိတိ၊
(၃) ဒဏ်ရာရသူ၉ ဦးအတွက် အလှူငွေ ၂ သိန်း ၆ သောင်းကျပ်တိတိ၊
စုစုပေါင်း(၁၅)သိန်း(၆)သောင်းကျပ်တိတိကိုလှူဒါန်းခဲ့ ပါသည်။

ကျန်ရှိသူများအားဒုတိယအကြိမ်အလှူငွေများပေးအပ်နိုင်ရန်အောက်ပါ
မြို့ နယ်ကိုယ်စားလှယ်များထံတွင် ၁၉-၁၀-၂၀၁၃ တနင်္ဂနွေနေ့နောက်ဆုံးထားပေးပို. ကူညီလှူဒါန်းနိုင်ပါသည်။
တတ်အားသမျှကူညီနိုင် စေရန် ထပ်လောင်းနှိုးဆော်လိုက်ရပါသည်။

၁။ ကိုကောင်းမြတ်စံ - ကျောက်ဖြူ - ၈၃၉၉ ၁၄၆၇
၂။ ကိုစိုးမြင့် - မြောက်ဦး - ၈၂၈၁ ၇၀၃၁
၃။ ကိုအောင်နိုင်လင်း - ပုဏ္ဏားကျွန်း - ၉၄၄၉ ၅၇၂၁
၎။ ကိုအောင်ကျော်မြင့် - ကျောက်တော် - ၈၅၂၂ ၀၁၀၉
၅။ ကိုစံကျော်လင်း - မာန်အောင် - ၉၃၈၅ ၃၁၇၀
၆။ ကိုမြတ်ထူးအောင် - မြေပုံ - ၉၁၆၅ ၁၇၃၈
၇။ ကိုသန်းထွန်းနိုင်(Bolly) - မောင်တော - ၉၁၀၆ ၇၄၃၆
၈။ ကိုအောင်မြဟန် - စစ်တွေ - ၉၁၀၈ ၀၅၄၇
၉။ ကိုဇော်ဝင်း - ရမ်းဗြဲ - ၉၂၃၀ ၃၀၀၇
၁၀။ ကိုဝင်းဘို - တောင်ကုတ် - ၈၅၇၁ ၃၁၄၃
၁၁။ ကိုထွန်းထွန်းဦး - မင်းပြား - ၈၁၈၀ ၁၅၄၃
၁၂။ ကိုစောသိန်း - ပေါက်တော - ၉၆၂၂ ၂၅၉၈
၁၃။ ကိုဇော်လွင်ဦး - ရသေ့တောင် - ၈၅၀၄ ၃၉၉၆
၁၄။ ကိုဇေယျာထွန်း - ဂွ - ၈၂၉၈ ၆၉၁၇
၁၅။ ကိုဋ္ဌေးဝင်း - သံတွဲ - ၉၂၃၇ ၄၉၁၇
Credit- Ko Myo

Read More
Posted by Unknown on Sunday, October 13, 2013


တက္ကသိုလ်များချန်ပီလံလိဂ် (UCL) ပြိုင်ပွဲဝင်အသင်းများမှ ရရှိသော ပြိုင်ပွဲဝင်အသင်းဝင်ကြေး ငွေကျပ် ၃၂ သိန်းကို UCL ဥက္ကဌ\ နေရွှေသွေးအောင် (ခေါ်) ဖိုးလပြည့်က ဘုရားကျောင်းကန်၊ မိဘမဲ့ဂေဟာနှင့် ဆေးရုံများကို လှူဒါန်းမည်ဟု UCL ၏ ဖေ့စ်ဘုတ်စာမျက်နှာတွင် ရေးသားထားသည်။
UCL ဥက္ကဌ နေရွှေသွေးအောင်က ထိုငွေများကို သူ၏နာမည်ဖြင့် လှူမည်မဟုတ်ဘဲ "UCL ပြိုင်ပွဲဝင် တက္ကသိုလ်များမှ ကျောင်းသူ၊ ကျောင်းသားများ၏ ကောင်းမှု" ဟုဆိုကာ ဘုရားကျောင်းကန်၊ မိဘမဲ့ဂေဟာ၊ ဆေးရုံစသည့် ဘာသာရေးအသင်းအဖွဲ့များသို့ လှူဒါန်းစေမည်ဟု ရေးသားထားသည်။
ထိုငွေများသည် ပြိုင်ပွဲဝင်အသင်းများမှ ပြိုင်ပွဲဝင်ကြေးအဖြစ် တစ်သင်းလျှင် ကျပ်နှစ်သိန်းနှုန်းကောက်ခံကာ ၁၆သင်းအတွက် ၃၂ သိန်းရရှိထားကာ ထိုငွေများကို ပြိုင်ပွဲကုန်ကျစရိတ်တွင် အသုံမပြုဘဲ လှူဒါန်းမည်ဟု သိရသည်။
တက္ကသိုလ်များ ချန်ပီလံလိဂ်(UCL) တက္ကသိုလ်ကျောင်းပေါင်းစုံဘောလုံးပြိုင်ပွဲကို အောက်တိုဘာလ ၅ ရက်က ရန်ကုန်ယူနိုက်တက်အသင်းပိုင် ဘောလုံးကွင်းတွင် စတင် ကျင်းပခဲ့ပြီး Miss Universe Myanmar 2013 ဆုရှင် မိုးစက်ဝိုင်က ဖွင့်လှစ်ပေးခဲ့သည်။
ထိုသို့ယှဉ်ပြိုင်စဉ် အောက်တိုဘာလ ၉ရက်က ဆေးတက္ကသိုလ်(၁)အသင်းနှင့် သန်လျင်(ပါဒ)အသင်းတို့ ယှဉ်ပြိုင်ကစားရာတွင် ပရိတ်သတ်များက အားပေးရာတွင် စကားလုံးကြမ်းတမ်းရာမှ အစပြုကာ ဆေးတက္ကသိုလ်(၁)မှ ယှဉ်ပြိုင်သည့် အသင်းနှစ်သင်းနှုတ်ထွက်ရန်အထိ ဖြစ်ပွားခဲ့သည်။ ထိုသို့ဖြစ်ပွားမှုကို UCL ဥက္ကဌနှင့်ဆေးတက္ကသိုလ်(၁) ပါမောက္ခချုပ်တို့မှ ပြန်လည်ရှင်းလင်း၍ ပြေလည်မှုရရှိပြီး ပြိုင်ပွဲကို ဆက်လက်ကစားလျှက်ရှိသည်။
Mizzima - News in Burmese

Read More

From : ..narajia



ရန်ကုန်မြို့ အလိုတော်ပြည့်ကျောင်းတိုက်တွင် ဖွင့်လှစ်ထားသော
ရခိုင်အမျိုးသား လူမှု ကယ်ဆယ်ရေး အဖွဲ့သို့ Myanmar Miss Universe
မိုးစက်ဝိုင် ကိုယ်တိုင် လာရောက်ပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခဲ့သည်ဟု
သတင်းရရှိသည်။

ဂုဏ်ပြု မှတ်တမ်းလွှာကို ယမန်နေ့ နေ့လည် ၂နာရီခွဲအချိန်တွင် Myanmar Miss
 Universe မိုးစက်ဝိုင်နှင့် မနောအလှတေးဂီတအဖွဲ့မှ ဒေါ်အယ်ခွန်းရီတို့က
လာရောက်ပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခဲ့ခြင်း ဖြစ်သည်။
ဂုဏ်ပြုမှတ်တမ်းလွှာ ပေးရသည့်အကြောင်းနှင့်ပတ်သက်ပြီ ဂုဏ်ပြုမှတ်တမ်းလွှာကို ကိုယ်တိုင် လက်ခံယူခဲ့သည့် အရှင်ကုမာရက နိရဉ္စရာသို့ ပြောသည်။

“ ဦးဇင်းတို့ ရခိုင်အမျိုးသား လူမှုကယ်ဆယ်ရေးအဖွဲ့ကို
မိုးစက်ဝိုင်ကိုယ်တိုင် လာပြီးတော့ ဂုဏ်ပြု မှတ်တမ်း လွှာပေးတာပါ။
ဘာကြောင့်လဲဆိုတော့ ဦးဇင်းတို့ ရခိုင်အမျိုးသား လူမှု ကယ်ဆယ်ရေး အဖွဲ့က
ကချင်ပြည်နယ် က အကူအညီလိုအပ်နေတဲ့ ဒေသခံ တိုင်းရင်းသား တွေကို လူမျိုးဘာသာ
မခွဲခြားဘဲ သိန်း (၂၀) တန်ဖိုးရှိတဲ့ ပစ္စည်းတွေကို လှူဒါန်းလိုက်တဲ့အတွက်
အဲဒါကို သူတို့က လာရောက်ပြီးတော့ ဂုဏ်ပြုမှတ်တမ်းလွှာ ပေးတာ ဖြစ်ပါတယ်။”

ကချင်ပြည်နယ်အတွင်း ဒေသခံ တိုင်းရင်းသားများကို မြန်မာကျပ်ငွေ သိန်း
(၂၀) တန်ဖိုးရှိသည့် အ၀တ်အထည် (၄၀၀)နှင့် ဗလာစအုပ် ဒါဇင် (၁၀၀)၊
ခဲတံချောင်း ၁၀၀၀ ကို ရခိုင်အမျိုးသား လူမှုကယ်ဆယ်ရေးအဖွဲ့ (ရန် ကုန်)မှ
အောက်တိုဘာလ ၅ ရက်နေ့က လှူဒါန်းခဲ့သည်။

“ပြီးခဲ့တဲ့ စနေနေ့က အယ်လ်ခွန်းရီတို့ အဖွဲ့ကို သိန်း ၂၀ တန်ဖိုးရှိတဲ့
ပစ္စည်းတွေ လှူဒါန်း လိုက်ပါတယ်။ အဲဒီ နေ့က ဖိုးလပြည့်နဲ့ ဘောလုံးအဖွဲ့က
အစည်းအဝေးရှိတယ်။ မိုးစက်ဝိုင်လည်း ပါတယ်။ အဲဒီနေ့က ဂုဏ်ပြု
မှတ်တမ်းလွှာပေးဖို့  သူတို့ မရလိုက်ဘူး။ ဒီနေ့အားတဲ့အချိန်မှာ မိုးစက်ဝိုင်
 ကိုယ်တိုင်လာပြီးတော့ ဂုဏ်ပြုမှတ်တမ်း လွှာပေးအပ်တာဖြစ်ပါတယ်” ဟု ဆိုသည်။

ရခိုင်အမျိုးသား လူမှုကယ်ဆယ်ရေးအဖွဲ့သည် မြန်မာနိုင်ငံအတွင်းရှိ
တိုင်းရင်းသားဒေသများတွင် လိုအပ်နေ သော လူမှုကယ်ဆယ်ရေးလုပ်ငန်းများကို
ကူညီဆောင်ရွက်ပေးနေသည့်အပြင် ဘင်္ဂလာဒေ့ခ်ျမှ မြန်မာနိုင်ငံ အတွင်း
ဝင်ရောက်လာသော ရခိုင်များနှင့် ရခိုင်မျိုးနွယ်ဝင်များအားလည်း
ကယ်ဆယ်ရေးဌာနများ ဖွင့်လှစ်ကာ ကူညီ လှူဒါန်းလျှက်ရှိကြောင်း သိရှိရသည်။
miss-myanmar

- See more at: http://www.narinjara.com/burmese/?p=7291#sthash.hSyTNMA9.hZhXiKN9.dpuf
.

Read More

From : ..popular



နေရပ်သို့ ပြန်ရန် အခက်အခဲဖြစ်နေသော မလေးရှား ပြန်လုပ်သား
( ၄၁ )ဦးကို အမျိုးသားလွှတ်တော် ကယ်ဆယ်ရေးနှင့် ဒုက္ခသည် ကူညီထောက်ပံ့ရေး ကော်မတီမှ ဒေါက်တာ ခင်ရွှေက သူ၏ ကိုယ်ပိုင် ငွေကြေးဖြင့် စားရိတ်ငြိမ်း ကူညီဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း သိရသည်။

"အဆိုပါလုပ်သား ( ၄၁ )ဦးကို နေရပ်သို့ ပြန်လည်ပို့ဆောင်ရန်အတွက် ၈၈ မျိုးဆက်ငြိမ်းချမ်းရေး နှင့် ပွင့်လင်းလူ့အဖွဲ့အစည်း နှင့်ပူးပေါင်း၍ လိုအပ် သည့်ငွေကြေး အထောက်အပံ့များ ပေးသွားမည်ဖြစ်သည်။

နေရပ်သို့ပြန်ရန်အခက်အခဲ ဖြစ်နေသူ ( ၄၆ )ဦး တွင် ၃ ဦးမှာ
ရန်ကုန်တိုင်းဒေသကြီးမှ ဖြစ်ပြီး ၊ ၂ ဦးမှာ ၄င်းတို့ အစီအစဉ်ဖြင့် ထွက်ခွာသွားခြင်းဖြစ်ပြီး ကျန် ( ၄၁ )ဦးမှာ မန္တလေးတိုင်းဒေသကြီး ၊ ရှမ်းပြည်နယ် ၊ ကချင်ပြည်နယ် ၊ မွန်ပြည်နယ် နှင့် ရခိုင်ပြည်နယ် မှ တိုင်းရင်းသားများ ဖြစ်ကြောင်း ၈၈ မျိုးဆက်ငြိမ်းချမ်းရေး နှင့် ပွင့်လင်းလူ့အဖွဲ့အစည်း မှ မမာမာဦးကပြောသည်။

"သူတို့တွေ ရဲ့လုံခြုံရေးက ရှိသေးတော့ ပြည်ထဲရေး ဌာနကိုတော့ စာတွေပို့ထားပြီးပြီ တချို့က မှတ်ပုံတင် လည်းမရှိတော့ အခက်အခဲရှိတာပေါ့ အားလုံးအဆင်ပြေအောင်ဆောင်ရွက်သွားမယ်" ဟု ၄င်းကဆက်ပြောသည်။

အဆိုပါ လုပ်သား ( ၄၁ )ဦးအား နေရပ်သို့မပြန်မီ နေထိုင်ရန်အတွက် သင်္ဃန်းကျွန်းမြို့နယ် အလိုတော်ပြည့်ကျောင်းတိုက်တွင် ထားရှိသွားမည်ဖြစ်သည်။



Photo: "ေ

.. www.MyanmarExpress.net

Read More
Posted by Unknown on Thursday, October 10, 2013

From : ..the voice



မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင် မြို့နယ်ရှိ နည်းပညာတက္ကသိုလ် (ရတနာပုံ ဆိုက်ဘာစီးတီး) တွင် အသုံးပြုရန်အတွက် အမေရိကန်ဒေါ်လာ လေးသောင်းကျော် တန်ဖိုးရှိ စက်မှု အီလက်ထရွန်နစ် သင်ကြားရေး အထောက်အကူပြု ပစ္စည်းများကို ဂျာမနီနိုင်ငံ အခြေစိုက် Festo Didactic ကုမ္ပဏီနှင့် ၎င်း၏ မြန်မာနိုင်ငံ တစ်ဦးတည်း ကိုယ်စားလှယ်ဖြစ်သော Sea Lion ကုမ္ပဏီတို့ ပူးပေါင်း၍ ၂၀၁၃ ခုနှစ် စက်တင်ဘာလ ၂၉ ရက်နေ့က နေပြည်တော်ရှိ မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာ (MICC) ၌ ပေးအပ်လှူဒါန်းခဲ့သည်။

မြန်မာနိုင်ငံရှိ လူငယ်များ ကုန်ထုတ်စနစ်ဆိုင်ရာ နည်းပညာများ လေ့ကျင့် သင်ကြားမှု ကျယ်ပြန့်လာစေရန် ရည်ရွယ်၍ Festo Didactic ကုမ္ပဏီနှင့် သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာနတို့ ပူးပေါင်းပြီး အနာဂတ်ကို ရည်မျှော်သည့် ပညာရေးနှင့် လေ့ကျင့် သင်ကြားရေးဆိုင်ရာ နှီးနှော ဖလှယ်ပွဲ (Symposium on Education and Training for the Future) ကို စက်တင်ဘာလ ၂၇ ရက်နေ့တွင်လည်း ကောင်း၊ အလိုအလျောက် စက်မှုကုန်ထုတ် စနစ်ဆိုင်ရာ လက်တွေ့အသုံးချ အလုပ်ရုံ ဆွေးနွေးပွဲ (Workshop on Industrial Automotion) ကို စက်တင်ဘာလ ၂၈ ရက်နှင့် ၂၉ ရက်နေ့တို့တွင် လည်းကောင်း နေပြည်တော် MICC ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပြီး ယင်းသို့ ပေးအပ် လှူဒါန်းခဲ့ခြင်း ဖြစ်သည်။

ယင်းနောက် သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာန လက်အောက်ရှိ နည်းပညာ တက္ကသိုလ်များနှင့် စက်မှုလက်မှု သိပ္ပံများမှ ပါမောက္ခ၊ ဆရာ၊ ဆရာမ ၁၄ ဦးတို့သည် Festo Didactic ကုမ္ပဏီမှ အင်ဂျင်နီယာ Mr. Wolfgang Eckart နှင့်အတူ အလိုအလျောက် စက်မှုကုန်ထုတ်စနစ် ((Industrial Automation) နှင့် သက်ဆိုင်သော သင်ထောက်ကူ စက်ပစ္စည်းများနှင့် ပရိုဂရမ်များကို လက်တွေ့လေ့လာခဲ့ကြကြောင်း Sea Lion ကုမ္ပဏီ၏ သတင်း ထုတ်ပြန်ချက်အရ သိရသည်။

ကမ္ဘာပေါ်ရှိ မည်သည့် နိုင်ငံတွင်မဆို စက်မှုဖွံ့ဖြိုး တိုးတက်ရေးအတွက် စက်မှုကဏ္ဍ သင်ကြားရေးနှင့် လေ့ကျင့်ရေးတို့မှာ အရေးကြီးကြောင်း၊ မြန်မာနိုင်ငံမှ လူငယ်များ အိမ်နီးချင်း နိုင်ငံများနှင့် စက်မှုကဏ္ဍ ကျွမ်းကျင်မှုနှင့် ဖွံ့ဖြိုးတိုးတက်ရေး ရင်ပေါင်တန်း နိုင်အောင် သင်ထောက်ကူ ပစ္စည်းများသာမက နည်းပညာများကိုပါ မျှဝေပေးသွားမည် ဖြစ်ကြောင်း Festo Didactic ကုမ္ပဏီမှ နိုင်ငံတကာ ပညာရေး ဌာန အကြီးအကဲ Dr. Nader Imani က ပြောကြားသည်။

Festo Didactic ကုမ္ပဏီသည် စက်မှုပညာရေးဆိုင်ရာ သင်ထောက်ကူ ပစ္စည်းများနှင့် လိုအပ်သော နည်းပညာများကို ထုတ်လုပ်ရောင်းချ လေ့ကျင့်သင်ကြား ဝန်ဆောင်မှု ပေးနေသော ဂျာမနီနိုင်ငံ အခြေစိုက် ကမ္ဘာ့ထိပ်တန်းစက်မှု ကုမ္ပဏီတစ်ခုဖြစ်ပြီး ယမန်နှစ်က ကုမ္ပဏီ၏ ရောင်းအားမှာ ယူရို ၂ ဒသမ ၂ ဘီလီယံကျော် ရှိကြောင်း ယင်းကုမ္ပဏီထံမှ စုံစမ်းသိရှိရသည်။

နည်းပညာ တက္ကသိုလ် (ရတနာပုံ ဆိုက်ဘာစီးတီး) ကို ၂၀၁၀ ပြည့်နှစ် အောက်ဆိုဘာလ ၁၇ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပြီး သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာ (Information and Communication Technology)၊ အီလက်ထရွန်နစ် အင်ဂျင်နီယာ (Electronic Engineering)၊ အဆင့်မြင့် ဒြပ်ပစ္စည်း အင်ဂျင်နီယာ (Advanced Materials Engineering)၊ တိကျ စက်ပစ္စည်း ထုတ်လုပ်မှု အင်ဂျင်နီယာ (Precision Engineering) အင်ဂျင်နီယာ ဘွဲ့သင်တန်း လေးမျိုးကို သင်ကြား ပို့ချပေးလျက် ရှိသည်။


Photo:ည်။


Read More

From : .. YMG


ရန်ကုန် ၊ အောက်တိုဘာ ၄။ ။ Redlink မှ အများပြည်သူနှင့်ဆိုင်သော အဆောက်အအုံနှင့် နေရာများ တွင် Wi-Fi ကြိုးမဲ့အင်တာနက် စနစ်ဝန်ဆောင်မှုများ ပေးဆောင် ရန် အကောင်အထည်ဖော်စီစဉ် လျက်ရှိကြောင်း သိရသည်။

လာမည့် ဒီဇင်ဘာလတွင် ကျင်းပမည့် ဆီးဂိမ်းအားကစား ပြိုင်ပွဲပြီးဆုံးပါက အများပြည်သူ နှင့် ဆိုင်သော ဘုရား၊ ဟိုတယ်၊ ဈေးများ၊ တက္ကသိုလ်များ အစရှိ သည့် နေရာများတွင် အင်တာ နက်ဝန်ဆောင်မှုများ ပေးဆောင် ရန် စီစဉ်သွားမည်ဖြစ်ကြောင်း Redlink Communications ကုမ္ပဏီ ၏ ဒုဥက္ကဋ္ဌဖြစ်သူ ဦးသိန်းသန်းတိုး က အောက်တိုဘာ ၄ရက်တွင် Redlink ကုမ္ပဏီ၌ ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် ပြော သည်။

ယင်းက ''ကျွန်တော်တို့ အခု ဆီးဂိမ်းပြိုင်ပွဲအတွက် Wi-Fi အင် တာနက်ဝန်ဆောင်မှုအတွက် လုပ် ဆောင်နေတာတွေရှိတယ်။ အ များပြည်သူသုံးနိုင်တဲ့ နေရာတွေ မှာ Wi-Fi သုံးနိုင်အောင် လုပ်တဲ့ တွေတော့ ရှိကြ တယ်။ ဒါပေမဲ့ ကျယ်ကျယ်ပြန့်ပြန့်မလုပ်ကြဘူး။

လက်ရှိဆက်သွယ်ရေးဥပဒေအရ နည်းနည်းမကွဲပြားတာလေးတွေ ရှိတော့ တအားကြီးကျယ်ကျယ် ပြန့်ပြန့်မလုပ်တာ။ ရှေ့လျှောက်ဒီလို လုပ်ခွင့်ကို တိတိကျကျ ကျွန်တော် တို့သိရမယ်ဆိုရင် ပိုပြီးတော့ ကျယ် ကျယ်ပြန့်ပြန့်လုပ်လို့ရတာပေါ့။ ကျွန်တော်တို့ အခုချက်ချင်းလုပ် ရင် တရားမဝင်ဖြစ်သွားမှာစိုးလို့ ဆက်သွယ်ရေးဥပဒေအသစ်တွေ နည်းဥပဒေတွေကို စောင့်နေတာ ပေါ့''ဟု ပြောသည်။

အများပြည်သူနှင့်ဆိုင်သော နေရာများဖြစ်သည့် ရွှေတိဂုံဘုရား၊ ဗိုလ်ချုပ်ဈေး၊ တက္ကသိုလ်များနှင့် ဟိုတယ်များ စသောနေရာများ တွင် Wi-Fi သုံးစွဲနိုင်ရန် ဝန်ဆောင် မှုပေးခြင်းဖြစ်ပြီး ယင်းအတွက် ဝန် ဆောင်ခကျသင့် မည်ဖြစ်ကြောင်း သိရသည်။

ယင်းအတွက် သုံးစွဲမည့် သူ သည် Redlink ၏ အင်တာနက် ဝန်ဆောင်မှုကို သုံးစွဲနေသူမည်သူ မဆို အဆိုပါ Wi-Fi ရှိသောနေရာ တိုင်းတွင် ဝန်ဆောင်ခထပ်မံပေး ဆောင်စရာမလိုဘဲ အခမဲ့အသုံးပြု နိုင်မည်ဖြစ်ပြီး Redlink ၏ အင် တာနက်ဆားဗစ်အစီအစဉ်များ ကို ဝယ်ယူသုံးစွဲခြင်း မရှိသူများ အနေဖြင့် အဆိုပါ Wi-Fi ထားရှိ ရာနေရာများတွင် Wi-Fi အသုံး ပြုခပေးဆောင်ကာ သုံးစွဲနိုင်မည် ဖြစ်ကြောင်း သိရသည်။

ယင်းသို့ အများပြည်သူနှင့် ဆိုင်သောနေရာများတွင် Redlink Wi-Fi အသုံးပြုနိုင်ရန် အသင့်ဖြစ် နေပြီး Redlink ၏ customer များအနေဖြင့် နိုင်ငံတကာအထိ အင်တာနက် အခမဲ့သုံးစွဲနိုင်မည် ဖြစ်ကြောင်း သိရသည်။



Read More

From : ..abc



သြစတြေးလျနိုင်ငံကနေ ​နိုင်ငံတကာက ​ဒုက္ခသည်တွေကို ​လက်ခံခေါ်ယူမယ့် ​အစီအစဉ်မှာ ​ဆီးရီးယား ​ဒုက္ခသည် ​အယောက်ငါးရာအတွက် ​နေရာချန်ပြီး ​ခေါ်ယူသွားမယ်လို့ ​သိရပါတယ်။
ဆီးရီးယားနိုင်ငံပြည်တွင်းစစ်ကြောင့် ​စစ်ပြေးဒုက္ခသည် ​အယောက် ​၆ ​သန်းလောက်ရှိတဲ့ ​အဲဒီထဲက ​အယောက် ​၂ ​သန်း ​ကျော် ​ဟာ ​ပြည် ​ပ ​နိုင် ​ငံ ​မှာ ​ရောက်ရှိ ​နေတာ ​ဖြစ်ပါတယ်။
ဆီးရီးယားနိုင်ငံက ​ဒုက္ခသည်တွေကို ​လူသားချင်း ​စာနာတဲ့အနေနဲ့ ​ခေါ်ယူကြဖို့ ​ကုလသမဂ္ဂက ​အကူအညီတောင်းဆိုပြီးနောက် ​သြစတြေးလျအစိုးရက ​ဆီးရီးယား ​ဒုက္ခသည် ​အယောက် ​ငါးရာအတွက် ​နေရာ ​ရာထား ​လိုက်တာ ​ဖြစ်ပါတယ်။
တစ်နှစ်ကို ​အယောက်ငါးရာ ​ခေါ်ယူပြီး ​ဆီးရီးယားဒုက္ခသည် ​အယောက် ​၁၃၇၀၀ ​အထိ ​လက်ခံသွားမယ်လို့ ​သြစတြေးလျအစိုးရက ​ပြောပါတယ်။
ဒီနှစ်အတွက် ​ရာထားတဲ့ ​နေရာတွေအတွက် ​ဘယ်သူ့ကို ​ခေါ်ယူမလဲဆိုတာကို ​ကုလသမဂ္ဂနဲ့ ​တိုင်ပင်ပြီး ​ဆုံးဖြတ်သွားမယ်လို့ ​လူဝင်မှု ​ကြီးကြပ်ရေးဝန်ကြီး ​Scott ​Morrison ​က ​ပြောပါတယ်။
ဆီးရီးယားနိုင်ငံ ​ပြည်တွင်းစစ်ကြောင့် ​လူပေါင်း ​တစ်သိန်းကျော် ​သေဆုံးပြီး ​စစ်ဘေးဒုက္ခသည်တွေဟာ ​တူရကီ၊ ​လက်ဘနွန်၊ ​ဂျော်ဒန်အစရှိတဲ့ ​နိုင်ငံတွေကို ​ထွက်ပြေးနေကြတဲ့အတွက် ​အိမ်နီးချင်း ​နိုင်ငံတွေကလည်း ​မနိုင်မနင်းဖြစ်နေပြီး ​အဲဒီ ​ဝန်ထုတ်ဝန်ပိုးကို ​ကမ္ဘာ့နိုင်ငံတွေ ​မျှဝေကြဖို့ ​ကုလသမဂ္ဂက ​တိုက်တွန်းပြီးနောက် ​သြစတြေးလျအစိုးရက ​ခုလို ​တုန့်ပြန်လိုက်တာ ​ဖြစ်ပါတယ်။
 
 

Read More

ကရင်နီပြည်နယ်ဒေသတွင်း အပစ်အခတ်ရပ်အဖွဲ့ ၆ ဖွဲ့ဖြင့် ဖွဲ့စည်းထားသော လူထုကျန်းမာရေး နှင့်ဖွံ့ဖြိုးရေးကွန်ယက် Civil Health and Development Network-CHDN အဖွဲ့နှင့် ပြည်နယ်ကျန်း မာရေးဦးစီးဌာနရှိ တာဝန်ရှိသူများ ပူးပေါင်းပြီး  ဒေသတွင်း ကျန်းမာရေးစောင့်ရှောက်မှု အဆင့်မြင့်တင်ရေး လုပ်ငန်းများကို စတင်ဆောင်ရွက်နိုင်ရန် အစီအစဉ်များ ရှိနေသည်ဟု CHDN မှ ဒါရိုက်တာ ဖိလစ်က ပြောသည်။
“လူထုကျန်းမာရေး လုပ်ငန်းဆိုင်ရာတွေကို ဆွေးနွေးခဲ့ကြတယ်။ မကြာခင် သင်တန်းတွေ စလုပ်တော့မယ်။ ကုသမှု တမျိုးတည်းဖြစ်အောင်ပေါ့။ အရင်ဆုံး TB နဲ့ ငှက်ဖျားကို လုပ်မယ်။ ဝန်ထမ်းတွေကို သင်တန်းလုပ်ပြီးတော့ ကွင်းဆင်းမယ်” ဟု CHDN မှ ဒါရိုက်တာ ဖိလစ်က ပြောသည်။
ကျန်းမာရေးဦးစီးဌာနနှင့် နည်းပညာဆိုင်ရာများ အကူအညီပေးရေးလုပ်ငန်းများ စတင်ဝင်ရောက်လုပ် ကိုင်နေသည့် IRC-International Rescue Committee  အဖွဲ့၏ ပံ့ပိုးကူညီမှုဖြင့် ပြီးခဲ့သည့် စက်တာဘာလ ၂၅ ရက်နေ့တွင် လွိုင်ကော်မြို့၌ CHDN အဖွဲ့ကိုယ်စားလှယ်များနှင့် ပြည်နယ်ကျန်းမာရေးဦးဌာနမှ တာဝန်ရှိသူများက ဒေသတွင်း ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများနှင့် ဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။
CHDN အဖွဲ့နှင့် ပြည်နယ်ကျန်းမာရေးဦးစီးဌာနတို့ အဓိကထားဆွေးနွေးထားကြရာတွင် AIDS ၊ TB ၊ငှက်ဖျားရောဂါ ၊ ငါးနှစ်အောက်ကလေးငယ်များနှင့် မိခင်များ သေနှုန်းလျှော့ချရေး ကိစ္စများပူးပေါင်း ဆောင်ရွက်သွားကြမည်ဟု ပြည်နယ်ကျန်းမာရေးဦးစီးမှူး ဒေါက်တာမောင်မောင်ဦးက ပြောသည်။
“CHDN နဲ့ ကျနော်တို့နဲ့ IRC ရယ် သုံးခုပေါင်းပြီးတော့ ပူးပေါင်းဖို့ပါ။ တကယ်လုပ်မှာက သူတို့ပါ၊ ကျနော်တို့က နည်းပညာဆိုင်ရာပံ့ပိုးပါတယ်။ ကျနော်တို့ဌာနက လုပ်တာနဲ့ သူတို့ဌာနက လုပ်တာနဲ့ ထပ်တူထပ်မျှပေါ့ ဘက်ညီသွားအောင်လို့ပါ”  ဟု ဒေါက်တာမောင်မောင်ဦးက ပြောသည်။
ကျန်းမာရေးဦးစီးဌာနမှ အခြေခံကျန်းမာရေးဝန်ထမ်းများ ၊ ကျန်းမာရေးဝန်ထမ်းများကို မွမ်းမံသင်တန်းများ ပို့ချပေးခြင်း ၊ နည်းပညာဆိုင်ရာ အကြံအဥာဏ်များပေးခြင်းတို့ ပြုလုပ်ပေးသွားမည်ဟု သိရသည်။
CHDN အဖွဲ့သည် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP ၊ ကရင်နီပြည်လူမျိုးပေါင်းစုံ ပြည်သူ့ လွတ်မြောက်ရေးတပ်ဦး KNPLF ၊ ကယန်းပြည်သစ်ပါတီ KNLP၊ ကရင်နီအမျိုးသား စည်းလုံးညီညွတ် ရေးအဖွဲ့ KNSO၊ ကရင်နီအမျိုးသား ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးရေးပါတီ KNPDP၊ ကယန်းအမျိုးသားကာကွယ် ရေးတပ် KNG တို့ ပူးပေါင်းဖွဲ့စည်းထားသည့် အဖွဲ့ဖြစ်သည်။


  ကန္တာရ၀တီတိုင်း(မ်)

Read More

အမျိုးသား အိမ်ထောင်ဦးစီးသေဆုံးသွားပြီးနောက် မိသားစုကို ဦးဆောင်နေရသော အမျိုးသမီးများကို သမ္မတ ဦးသိန်းစိန်က ထောက်ပံကြေးပေးသွားရန် စီစဉ်နေသည်ဟု လူမှုဝန်ထမ်းဦးစီးဌာနမှက မဇ္ဈိမကို ပြောသည်။
နေပြည်တော်တွင် ပြုလုပ်သည့် အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာ စီမံကိန်းအား တရားဝင်ကြေညာခဲ့သည့် ပွဲအပြီးတွင် လူမှုဝန်ထမ်းဦးစီးဌာန၊ လူမူဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ယခုကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။
“ဒါကိုလုပ်ဖို့ မူဝါဒကို တင်ထားပြီးပါပြီ၊ လူဦးရေ စစ်တမ်းတွေ ကောက်ယူဖို့လိုနေသေးလို့ တရားဝင် မပြောခဲ့တာပါ။ သမ္မတကြီးကလည်း တစ်ဦးတည်းရုန်းကန်နေရတဲ့ မုဆိုးမတွေကို သနားတာကြောင့် ထောက်ပံ့ ပေးဖို့လုပ်တာပါ” ဟု ဒုတိယညွန်ကြားရေးမှူးချူပ် ဦးအောင်ထွန်းခိုင်က ပြောသည်။
ထောက်ပံ့ကြေးများအား နှစ်စဉ်ပေးသွားမည်ဖြစ်ပြီး လူဦးရေ စာရင်းများကို ၂၀၁၄ခုနှစ် ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူရာမှ ရရှိသောအချက်များမှ အသုံးပြုမည်ဖြစ်သည်။
ထို့အတူ ၂၀၀၉ ခုနှစ်မှ စတင်ပြီး လူမှုဝန်ထမ်းဦးစီးဌာနနှင့် နိုင်ငံတကာ အဖွဲ့အစည်းများ ပူးပေါင်းပြီး အမျိုးသမီး အိမ်ထောင် ဦးစီးများကို အနိမ့်ဆုံး ကျပ်ငွေတစ်သိန်းနှစ်သောင်းခန့်မှစ၍ ထောက်ပံ့ကြေး ပေးနေသော စီမံကိန်း လည်း ရှိနေသည်။
အမျိုးသမီးများ၏ အသက်မွေးဝမ်းကျောင်းမှုနှင့် စီးပွားရေးမြှင့်တင်ရန်အတွက် ယနေ့ကြေညာခဲ့သည့် အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာ စီမံကိန်းနှင့်အတူ ပူးပေါင်းလုပ် ဆောင်ကြမည်ဖြစ်သည်။
ထိုမဟာဗျူဟာ စီမံကိန်းသည် ၂၀၁၃ မှ ၂၀၂၂ ခုနှစ်အထိ ၁၀ နှစ်တာ ပြုလုပ်မည့် စီမံကိန်းတခုဖြစ်ပြီး၊ ၂၀၁၀ ခုနှစ်မှ စတင်ပြီး လူမှုဝန်ထမ်းဦးစီးဌာနမှ ကျား၊မတန်းတူညီမျှရေး ကွန်ရက်တို့မှ နည်းပညာပိုင်းဆိုင်ရာ ကူညီမှု များဖြင့် ပြည်တွင်းပြည်ပမှ အင်ဂျီအိုများ၊ အရပ်ဘက် အဖွဲ့အစည်းများ၊ အမျိုးသမီးအဖွဲ့ ကွန်ရက်များ၊ ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းအပါဝင် အဖွဲ့အစည်းပေါင်း ၅၀ ကျော်တို့က ပူးပေါင်း ရေးဆွဲခဲ့ကြသည်။
မဟာဗျူဟာသည် အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံမှုပပျောက်ရေး သဘောတူစာချုပ် (စီဒေါ) ပါ အခြေခံမူများ နှင့် ဘေဂျင်းလုပ်ငန်းစီမံချက်များပါ အဓိကလုပ်ငန်းနယ်ပယ် ၁၂ ချက်ကို အဓိက ရေးဆွဲထားသည်။
မြန်မာနိုင်ငံသည် အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံမှုပပျောက်ရေး ဆိုင်ရာ ကုလသမဂ္ဂ သဘောတူ စာချုပ်ကို ၁၉၉၇ ခုနှစ်မှာ သဘောတူလတ်မှတ်ရေးထိုးထားသော အဖွဲ့ဝင်နိုင်ငံဖြစ်သည်။
မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးရေးရာ ကော်မတီဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချ ထားရေး ၀န်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြတ်မြတ်အုန်းခင်ကလည်း အမျိုးသမီးရေး ရာ ကိစ္စရပ်များ အတွက် မူဝါဒများနှင့် လမ်းညွှန်ချက်များအား ထိုကော်မတီမှ ချမှတ်ပေးလေ့ရှိပြီး ယခု မဟာဗျူဟာကိုလည်း အမျိုးသမီး ရေးရာကော်မတီ၏ အဓိကဦးဆောင်မှုဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ အဖွဲ့စည်းများက ပြုလုပ်ခဲ့ခြင်းကြောင့်ဟု အဆိုပါပွဲတွင် ထည့်သွင်းပြောဆိုခဲ့သည်။
“ဒီစီမံကိန်းကို ရေးဆွဲပြဋ္ဌာန်းတဲ့အတွက် စီဒေါစာချုပ်ရဲ့ အဓိကမူဝါဒ သုံးခုဖြစ်တဲ့ တန်းတူညီမျှမှုရှိခြင်း၊ ခွဲခြားဆက်ခံမှု မရှိခြင်းနဲ့ နိုင်ငံတော်ရဲ့ တာဝန်ဝတ္တရားနဲ့ ဘေဂျင်းကြေညာစာတမ်းက ချမှတ်ထားတဲ့ လုပ်ငန်းဧရိယာ ၁၂ ရပ်ကို အမျိုးသမီး ရေးရာက အလေးထားဆောင်ရွက်ခြင်းရဲ့ သက်သေပါ” ဟု ၎င်း ကဆိုသည်။
ထို့အတူ လူမှုဝန်ထမ်းဦးစီးဌာနမှ ညွန်ကြားရေးမှူးချုပ်ကလည်း စာချုပ်ပါအဖွဲ့ဝင် နိုင်ငံဖြစ်သည့်အတွက် အမျိုးသမီး များ အားအပြည့်အ၀ ကာကွယ်ပေးနိုင်ရန် စာချုပ်စံနှုန်းများနှင့် လိုက်လျောညီထွေဖြစ်သော ဥပဒေ တစ်ရပ် ပေါ်ပေါက် လာရန်လိုအပ်နေခြင်းကြောင့် လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးဆောင်ပြီး အမျိုးသမီးများအား အကြမ်းဖက်မှုမှ ကာကွယ်ဆောင့်ရှောက်ရေး ဥပဒေမူကြမ်း (Anti Violence Against Women Law)  ကို စတင်ရေးဆွဲနေပြီဟု အသိပေး ပြောကြားခဲ့သည်။


  မဇ္ဈိမသတင်းဌာန

Read More

ယမန်နေ့အောက်တိုဘာ၂ရက်က မြို့တော်ခန်းမ ရှေ့တွင် သပိတ်စခန်းဖွင့်လှစ်ခဲ့သော မိကျောင်းကန်အရေး ဆန္ဒပြသူများကို ရန်ကုန်တိုင်း အစိုးရအဖွဲ့နှင့် တိုင်းဒေသကြီး ရဲတို့က ယနေ့ မနက်တွင်ကျန်းမာရေး စောင့်ရှောက်မှု စင်တာတစ်ခုကို ဖွင့်လှစ် ပေးလိုက်ရပြီဟု သိရသည်၊၊

ဆန္ဒပြမှုတွင် ပါဝင်ခဲ့သောအသက် ၆၄အရွယ်ရှိသူ ဦးစိုးဝင်းမှာ ယနေ့မနက်က ရုတ်တရက် လေဖြတ်မှုရောဂါ ခံစားလိုက်ရသည့်အတွက် ကျန်ဆန္ဒပြသူများ အတွက်ဖွင့်လှစ် ပေးလိုက်ရခြင်း ဖြစ်သည်ဟု တာဝန်ရှိသူတို့ကဆိုသည်၊

မြို့တော်ခန်းမအတွင်းတွင်ကျန်းမာရေး စောင့်ရှောက်မှုစင်တာအား ဖွင့်လှစ်ကာ ကျောက်တံတားမြို့နယ် ကျန်းမာရေး ဦးစီးဌာနမှ ၀န်ထမ်းများက ကုသမှုပြုပေးနေသည့်အပြင် သပိတ်စခန်း အနီးတွင်ပါ ကြက်ခြေနီအဖွဲ့များက အနီးကပ်စောင့်ရှောက် ပေးနေကြသည်ဟု ၄င်းတို့ကပြောသည်။

မနက်ပိုင်းက ဆေးစစ်မှုလာရောက်ခံယူသူများရှိခဲ့ရာ ထိုထဲမှ အမျိုးသမီး ၄ဦးမှာသွေးချိုရောဂါအခံရှိပြီးသွေးပေါင်တိုးနေသဖြင့် အချိန်မရွေး လေဖြတ်နိုင်သည်ဟု ဆရာဝန်က အသိပေးထားကြောင်းလည်း ဆေးမှတ်တမ်းများအရ သိရသည်။

ဆန္ဒပြသူများ၏ နေရာက သမံတလင်းဖြစ်နေသည့်အပြင် ရာသီဥတု မှာလည်း နေပူလိုက်၊မိုးရွာလိုက်ဖစ်နေရာ ဆေးစစ်မှု လာရောက်ခံယူသူများ ကိုနွေးထွေးစွာနေ ရန် ဆရာဝန်က ညွန်ကြားထားသည်။
ယခုအချိန်အထိ ရဲတပ်ဖွဲ့မှ မိကျောင်းကန်အရေး ဆန္ဒပြသူများကို အရေးယူမှု မပြုသေးပေ။

Popular Myanmar News Journal

Read More
Posted by Unknown on Thursday, October 3, 2013

Miss Supranational 2013 ပြိုင်ပွဲမှာ Title ဆု ၄ ဆု ရခဲ့တဲ့ ခင်ဝင့်ဝါ (ဓာတ်ပုံ – ခင်ဝင့်ဝါ facebook မှ)
Miss Supranational 2013 ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး Title ဆု ၄ ဆု ရရှိခဲ့တဲ့ ခင်ဝင့်ဝါဟာ မြန်မာပြည်သူတွေကို သူကတိပေးခဲ့တဲ့အတိုင်း မြန်မာပြည်က လိုအပ်ချက်ရှိနေတဲ့ နေရာဒေသတွေမှာ သွားရောက်လှူဒါန်းမှုတွေ ပြုလုပ်မယ်လို့ သိရပါတယ်။

“ဒီပြိုင်ပွဲကို ဝင်ပြိုင် ပြီးကတည်းက သမီးမှာ တခါမှ မကြုံဘူးတဲ့ အတွေ့အကြုံ အသစ်တွေလည်း ရခဲ့ပါတယ်။ မြန်မာ ပရိသတ်တွေ ပေးတဲ့ ဆုကိုလည်း တန်ဖိုး အရမ်းထားပါတယ်။ ဒါကြောင့် မြန်မာ နိုင်ငံတွင်းမှာ တကယ်လိုအပ်နေတဲ့ ဒေသတွေ၊ တကယ်လိုအပ်နေတဲ့ လိုအပ်ချက်တွေဆီကို ကိုယ်တိုင်သွားပြီး လှူမှာပါ။ နေရာတွေကိုတော့ အခု အချိန်မှာ အတိအကျ မပြောနိုင်သေးတာ ခွင့်လွှတ်ပါ” လို့ အသက် ၁၉ နှစ်အရွယ် Miss Myanmar ခင်ဝင့်ဝါက ပြောပါတယ်။

ဒီနှစ် ထဲမှာ တခြား Miss ပြိုင်ပွဲတွေ ယှဉ်ပြိုင်ဖို့ မရှိသေးတဲ့ ခင်ဝင့်ဝါဟာ ဘီလာရုစ် မှာကျင်းပတဲ့ Miss Supranational 2013 ပြိုင်ပွဲမှာMiss Internet၊ Most Beautiful Girl in the World၊ People Choice Award နဲ့ Face of Miss Supranational စတဲ့ ဆုလေးဆု ဆွတ်ခူးခဲ့တာ ဖြစ်ပါတယ်။ သူ့အနေနဲ့ အနုပညာ အလုပ်တွေကို ဇောက်ချ လုပ်သွားမှာ ဖြစ်သလို၊ ဒုတိယနှစ် ရုက္ခဗေဒ တက်နေတာ ဖြစ်တဲ့အတွက် ပညာရေး ဘက်ကိုလည်း အားမလျှော့ဘဲ ဆက်ကြိုးစားသွားမယ်လို့ သိရပါတယ်။

နိုင်ငံတကာနဲ့ ပတ်သက်တဲ့ အတွေ့အကြုံ၊ ပညာရပ်တွေကိုလည်း ဆက်လက် ဆည်းပူးမှာဖြစ်သလို၊ လူမှုရေး လုပ်ငန်းတွေ၊ ပရဟိတ လုပ်ငန်းတွေမှာလည်း အချိန်ပေး ဆောင်ရွက်မှာဖြစ်တယ်လို့ ဧရာဝတီ သတင်းကနေ တဆင့် သူ့ ပရိသတ်ကို ပြောလာပါတယ်။

ကြမ်းတမ်းတဲ့ ဘဝခရီးကို သူ့အနေနဲ့ အေးအေးချမ်းချမ်းပဲ ဖြတ်သန်းပြီး နိုင်ငံ အတွက် ဂုဏ်ယူနိုင်တဲ့ သူဖြစ်အောင် ကြိုးစားမယ်လို့ ခင်ဝင့်ဝါက ဆိုပါတယ်။

“သမီးကတော့ ဘဝမှာ ရိုးရိုးသားသားနဲ့ အေးအေးချမ်းချမ်းပဲ ဖြတ်သန်းချင်ပါတယ်။ ညီမ ဝါသနာပါတဲ့ အနုပညာနဲ့ လူမှုရေးတွေကို တွဲပြီးလုပ်သွားချင်တယ်။ အားလုံးကိုလည်း ငြိမ်းချမ်းစေချင်ပါတယ်” လို့ သူက ပြောပါတယ်။

နိုင်ငံကိုယ်စားပြု Miss တယောက်အနေနဲ့ ကိုယ်စွမ်းဉာဏ်စွမ်း ရှိသလောက် ကြိုးစားပြီး နိုင်ငံကို အကျိုးပြုပေးသွားမှာ ဖြစ်တယ်လို့ ခင်ဝင့်ဝါက ဆက်ပြောပါတယ်။

လက်ရှိမှာတော့ ခင်ဝင့်ဝါဟာ ဂျာနယ်တွေ၊ မဂ္ဂဇင်းတွေ အတွက် အလှဓာတ်ပုံတွေ ရိုက်ကူးပေးနေရတဲ့ ကိစ္စတွေနဲ့ မအားလပ်အောင် ဖြစ်နေတယ်လို့ သိရပါတယ်။

From:Myanmar CNN

www.mmdailystar.com

Read More
Posted by Unknown on Wednesday, September 18, 2013


Photo: မြန်မာနိုင်ငံ အလယ်ပိုင်းတွင် ရေကြီးရေလျှံမှုကြောင့် ရေဘေးဒုက္ခ ခံစားနေရသူများ သောက်သုံးရေ အခက်အခဲနှင့် ကူညီထောက်ပံ့မှုများ လိုအပ်နေ  စက်တင်ဘာ လဆန်းမှ စတင်ပြီး မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ဧရာဝတီမြစ်ရေ ရုတ်တရက် မြင့်တက်လာပြီး ရေဘေးဒုက္ခ ခံစားနေရသော မြန်မာနိုင်ငံ အလယ်ပိုင်း ဒေသများတွင် သောက်သုံးရေ အခက်အခဲနှင့် အခြားကူညီ ထောက်ပံ့မှုများ လိုအပ်နေကြောင်း သတင်းရရှိပါသည်။  ဧရာဝတီမြစ်ရေသည် မန္တလေးမြို့တွင် စက်တင်ဘာ ၁၇ ရက်၌ စိုးရိမ်ရေ အမှတ်အောက်သို့ ကျဆင်းနေပြီဖြစ်ပြီး ၁၂၅၁ စင်တီမီတာတွင် ရှိနေကြောင်း၊ သို့သော်လည်း စစ်ကိုင်းမြို့တွင် စိုးရိမ်ရေ အမှတ်အထက် ၃၈ စင်တီမီတာတွင် ဆက်လက်တည်ရှိနေကြောင်း သိရသည်။ ထို့အတူ ဒုဋ္ဌ၀တီမြစ်ရေသည် အနည်းငယ် ကျဆင်းနေပြီ ဖြစ်သော်လည်း ၉၂၃ စင်တီမီတာဖြင့် မြစ်ငယ်မြို့၏ စိုးရိမ်ရေမှတ် ၈၇၀ စင်တီမီတာ အထက်တွင် ရှိနေကြောင်း သိရသည်။  "ခုချိန်မှာတော့ ရေသန့်ဘူးတွေနဲ့ ခေါက်ဆွဲခြောက်၊ ဆန်စသဖြင့် စားသောက်ကုန်ပစ္စည်းတွေ လိုက်လံလှူဒါန်းပါတယ်။ ၀မ်းလျှောဝမ်းပျက်တာမျိုးတွေ့ရင် ဓာတ်ဆားလောက်ပဲ ပေးပါတယ်။ ရေ၀င်ရက် ကြာလာရင်တော့ ၀မ်းရောဂါလို နောက်ဆက်တွဲ ပြဿနာတွေ ဖြစ်လာနိုင်ပြီး ကျန်းမာရေး စောင့်ရှောက်မှု ပေးနိုင်ဖို့ စီစဉ်နေပါတယ်" ဟု ဗြဟ္မစိုရ် လူမှုကူညီရေး အသင်းမှ အလုပ်မှုဆောင် ဦးဝင်းဆွေက ပြောကြားသည်။  အမရပူရ၊ ရွှေကြက်ယက် ကြက်ခြေနီစခန်းမှ တာဝန်ရှိသူ တစ်ဦးကလည်း "၀မ်းရောဂါ နောက်ဆက်တွဲ မဖြစ်ဖို့ ရွေ့လျားသန့်စင်ခန်းတွေ လိုအပ်သလို သန့်ရှင်းတဲ့ သောက်သုံးရေရဖို့ အဓိက လိုအပ်ပါတယ်။ ရေ၀င်ရက်က ကြာမြင့်နိုင်ပါသေးတယ်" ဟု ပြောကြားသည်။  ပခုက္ကူမြို့တွင် ဧရာဝတီမြစ်ရေသည် စက်တင်ဘာ ၁၇ ရက်၌ စိုးရိမ်ရေအမှတ်အောက် ၇ စင်တီမီတာခန့် ပြန်လည်ကျဆင်း သွားသော်လည်း ရေကြီးရေနစ်မြုပ်မှုနှင့် ကြုံတွေ့နေရသည့် မြစ်ကမ်းဘေးရှိ ကျေးရွာပေါင်း ၃၀ ခန့်နှင့် မြို့ပေါ်ရပ်ကွက် အချို့မှ အိမ်ထောင်စုများမှာ ရွှေ့ပြောင်းခဲ့သော နေရာများတွင် နေထိုင်နေရဆဲဖြစ်ကြောင်း သိရသည်။  "ရေက တစ်လက်မလောက်ပဲ ပြန်ကျသွားတော့ အများစုက ရေလွတ်တဲ့ နေရာတွေမှာ နေရတုန်းပဲ။ နောက် ၁၅ ရက်လောက်မှ ကိုယ့်အိမ်ကိုယ် ပြန်နိုင်မယ်။ မိုးကလည်း ရွာထားတာရော ရွာထဲမှာ ရေကလည်း ကျန်နေသေးတာရောကြောင့် မပြန်နိုင်သေးဘူး။ ရေကျသွားတယ် ဆိုပေမဲ့ နည်းနည်းပဲ ကျသေးတယ်။ နွားတွေဝက်တွေလည်း ဖြစ်သလို ထားရတုန်းပဲ။ အကူအညီတွေကတော့ လိုတယ်" ဟု ရေကြီးနစ်မြုပ်မှုနှင့် ကြုံတွေ့နေရသည့် ကျွန်းဦးကျေးရွာမှ ဦးထွန်းကြည်က ပြောကြားသည်။  ပခုက္ကူမြို့နယ် အုပ်ချုပ်ရေးမှုး ဦးအောင်နိုင်ဦးက "ရေလယ်ကျွန်း ကျေးရွာတွေကို အခုသွားကြည့်ပြီး စစ်ဆေးနေပါတယ်။ ဒေသခံတွေကတော့ သူတို့အိမ်တွေမှာပဲ နေတုန်းပါ။ ရေထပ်တက်လာရင်တော့ ပြောင်းခိုင်းမှာပါ။ ကျန်းမာရေးနဲ့ ပတ်သက်ပြီးတော့လည်း ချက်ခြင်းအကူအညီ ပေးနိုင်ဖို့ ပခုက္ကူ ဆေးရုံအုပ်ကြီး ခေါင်းဆောင်ပြီး အဖွဲ့ဖွဲ့ထားတယ်" ဟု ပြောကြားသည်။  ပခုက္ကူမြို့တွင် ဧရာဝတီမြစ်ရေသည် စက်တင်ဘာ ၁၆ ရက် နံနက်ပိုင်းက စိုးရိမ်ရေအမှတ် ၂၁၅၀ စင်တီမီတာသို့ ရောက်ရှိခဲ့သော်လည်း ၁၇ ရက်တွင်မူ စိုးရိမ်ရေ အမှတ်အောက် ၇ စင်တီမီတာခန့် ပြန်လည်ကျဆင်းခဲ့ကြောင်း ပခုက္ကူမြို့ရှိ မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။  ညောင်ဦးမြို့တွင် ဧရာဝတီမြစ် ရေလျှံမှုကြောင့် မြို့ပေါ်ရပ်ကွက်နှင့် ကျွန်းရွာများမှ အိမ်ထောင်စုပေါင်း ရာနှင့်ချီ၍ ရေလွတ်ရာသို့ ပြောင်းရွှေ့ခဲ့ပြီးနောက် စက်တင်ဘာ ၁၇ ရက်တွင် မြစ်ရေအနည်းငယ် ကျဆင်းသွားကြောင်း သတင်းရရှိပါသည်။  "ဗမာလို ၁၀ ရက်နေ့က အကုန်လုံး ပြောင်းရွှေ့လာခဲ့ ကြပါတယ်။ အိမ်စောင့်ယောက်ျားသား တစ်ယောက်လောက် ကျန်ခဲ့တာပေါ့။ ထောက်ပံ့အကူအညီပေးတဲ့ အဖွဲ့တွေ လာကြပါတယ်။ တစ်သက်မှာ ခုလိုပြောင်းရွှေ့နေရတာ သုံးကြိမ်ပဲ ကြုံဖူးပါတယ်။ အခုလို မပြောင်းရွှေ့ရတာ နှစ်နှစ်သုံးနှစ် ရှိပါပြီ" ဟု တောင်ဘီကမ္မ ဘုန်းတော်ကြီးကျောင်းအတွင်း ရေဘေးတိမ်းရှောင်နေသော အသက် ၅၇ နှစ်အရွယ် အရှေ့ဆယ်လံကျွန်းသူ ဒေါ်တင်ညွှန့်က ပြောကြားသည်။  ကယ်ဆယ်ရေး စခန်းများတွင် သက်ဆိုင်ရာ ဌာနများ၊ နိုင်ငံရေးပါတီနှင့် လူမှုရေး အသင်းအဖွဲ့များ၊ အလှူရှင်များက ကူညီထောက်ပံ့ လှူဒါန်းမှုများ ရှိနေသည့်အတွက် ရေဘေးတိမ်းရှောင် လာသူများအဖို့ အခက်အခဲ ထွေထွေထူးထူး မရှိသည့်တိုင် ရေကျသွားသည့် အချိန်တွင်မူ ရေ၀င်ရောက်ခဲ့သော ကျွန်းရွာများ ရပ်ကွက်များရှိ ဒေသခံများနှင့် တိရစ္ဆာန်များအား ကျန်းမာရေးဆိုင်ရာ စောင့်ရှောက်မှုနှင့် အခြားလိုအပ်ချက်များ ရှိနေနိုင်ကြောင်း သိရသည်။  "ရေကျသွားရင် ရွှံ့နွံတွေ၊ ဗွက်တွေနဲ့ နေရတာဆိုတော့ ကလေးတွေ ကျန်းမာရေးတော့ ဂရုစိုက်ရတာပေါ့။ ဒီရေက စိုက်ရေးပျိုးရေးလည်း နောက်ကျသွားပါတယ်။ ကျွန်းရေ၀င်ရင် ရေအောင်တယ် ဆိုပေမယ့် ၀ါဆိုဝါခေါင် ၀င်မှပါ။ ခုဟာ စိုက်ချိန်ပျိုးချိန် တော်သလင်းလထဲ ဖြစ်နေတယ်။ ရေကျသွားတော့လဲ တော်တော်နဲ့ လုပ်ငန်းက ၀င်မရဘူး" ဟု တောင်ဘီရပ်၊ ရွှေကျောင်းအတွင်း ခိုလှုံနေသော အရှေ့ဆယ်လံကျွန်းရွာမှ တောင်သူတစ်ဦးက ပြောကြားသည်။  အောင်လံမြို့တွင်လည်း စက်တင်ဘာ ၁၆ ရက်က မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဧရာဝတီမြစ်ရေ မြင့်တက်လာပြီး လယ်ပြင်၊ သရက်တော၊ ကန်ကြီးစသော အနိမ့်ပိုင်း ရပ်ကွက်များတွင် ရေ၀င်ရောက်ခဲ့၍ လူနေအိမ်များ ရေနစ်မြုစ်ခဲ့ရာ အိမ်ထောင်စု ၁၂ စု ကုသိနာရုံဘုရား စောင်တန်းသို့ ပြောင်းရွှေ့ခဲ့ရကြောင်း သိရပါသည်။  ဧရာဝတီမြစ်ရေသည် လက်ရှိအချိန်တွင် ၂၄၆၀ စင်တီမီတာသို့ ရောက်ရှိနေပြီး အောင်လံမြို့၏ စိုးရိမ်ရေအမှတ်မှာ ၂၅၅၀ စင်တီမီတာဖြစ်ကြောင်း ရေအရင်းအမြစ် ဌာနမှတာ ၀န်ရှိသူတစ်ဦးက ပြောကြားသည်။  "မနေ့ညနေပိုင်း ကတည်းက အိမ်မှာနေမရတော့လို့ ပြောင်းလာခဲ့ရတယ်။ မိုးရွာပြီး လမ်းပေါ်မှာရေက ရင်စို့လောက်အထိ တက်လာတယ်။ အိမ်လည်းမြုပ်သွားပါတယ်။ အိမ်ထောင်စု ၁၂ စုလောက်က နေမရလို့ ပြောင်းခဲ့ရတယ်။ မြို့နယ်ကတော့ မနေ့က ဆန်လှူပါတယ်။ အဲဒါလေးနဲ့ပဲ စားနေရတယ်။ ဘာတွေလုပ်ပေးမယ် ဆိုတာကို စီမံဆဲပါပဲ" ဟု ရေဘေးဒုက္ခသည် တစ်ဦးက ပြောကြားသည်။  ရေဘေးသင့် ဒုက္ခသည်များ စားသောက်ရေးအတွက် မြို့ခံများက ထမင်းထုပ်များ လှူတန်းလျက်ရှိပြီး အောင်လံတွင် ၁၉၇၆ ခုနှစ်က တစ်ကြိမ်၊ ၂၀၀၄ ခုနှစ်က တစ်ကြိမ် ဧရာဝတီမြစ်ရေကြီးမှု ဖြစ်ပွားခဲ့သည်။  မင်းဘူးမြို့တွင် ဧရာဝတီမြစ်ရေ ဆက်လက်မြင့်တက်နေမှုကြောင့် မင်းဘူးခရိုင်အတွင်း ကျေးရွာ ၁၀ ရွာကျော်မှ နေအိမ်များ ရေနစ်မြုပ်ခဲ့ကာ မင်းဘူးမြို့ပေါ်ရှိ ဒုက္ခသည်စခန်း လေးခုတွင် ခိုလှုံသူ ပိုမိုများပြားလာကြောင်း ဒေသခံများထံမှ သိရသည်။  စက်တင်ဘာ ၁၆ ရက်က မင်းဘူးမြို့ ဓာတ်တော်ကုန်း ဓမ္မာရုံနှင့် မှန်ကင်းကျောင်းတိုက် နှစ်ခုသာ ဒုက္ခသည်စခန်းအဖြစ် ရှိခဲ့ရာမှ စက်တင်ဘာ ၁၇ ရက်တွင် ပုဂံမျှော် ဘုရားနှင့် သာစည်ရိပ်သာတို့တွင်ပါ ဒုက္ခသည်စခန်း တိုးချဲ့ခဲ့ကာ မိသားစု ၉၀ ခန့်မှ ဒုက္ခသည် ၃၀၀ ကျော် လာရောက်ခိုလှုံလျက်ရှိကြောင်း သိရသည်။  မင်းဘူးမြို့နယ်အတွင်း ရေနစ်မြုပ်ခဲ့သည့် ကျေးရွာငါးရွာသို့ ဆန်၊ ဆီ၊ ခေါက်ဆွဲခြောက်နှင့် အခြားလိုအပ်သည်များ ထောက်ပံ့ခဲ့သော်လည်း မင်းဘူးခရိုင် ပွင်ြ့ဖူမြို့နယ် အတွင်းမှ ရေနစ်ခဲ့သည့် ကျေးရွာခုနစ်ရွာခန့်တွင် အကူအညီများ လိုအပ်နေကြောင်း သိရသည်။  "မနေ့က အိမ်အောက်ထဲ ရေ၀င်ရုံပဲ ရှိခဲ့ပြီး ညပိုင်းမှာ ရေထပ်တက်လာလို့ အိမ်ပေါ်ထပ်အထိ ရေရောက်လာတယ်။ ပစ္စည်းတွေကို ၀ါးလုံးတွေနဲ့ချည်ပြီး ရေလွတ်အောင် ထောင်ထားရတယ်။ တစ်ရွာလုံး ရေထဲမှာပါ။ ကမ်းပြိုလို့ ရွှေ့ခဲ့ရတဲ့ အိမ်တွေက ထရံနဲ့ အမိုးတွေလည်း ရေမျောကုန်ပါတယ်။ ကျွန်တော်တို့ ဒုက္ခကြုံနေရတာကို တာဝန်ရှိသူတွေ လာကြည့်လှည့်ပါလို့ ပြောချင်ပါတယ်" ဟု နိဗ္ဗာန်ကျွန်းကျေးရွာမှ နေအိမ်ရေနစ်ခံခဲ့ရသူ တစ်ဦးက ပြောကြားသည်။  ရေနစ်မြုပ်ခဲ့သည့် ကျေးရွာများမှ ကျွဲနွားဝက် စသည့်တိရစ္ဆာန်များအား ကုန်းမြင့်ပိုင်းကျေးရွာများရှိ ဆွေမျိုးနီးစပ်များထံ ပြောင်းရွှေ့အပ်နှံ ထားရကြောင်း နေ့စဉ်စားသောက်ရေးတွင် သောက်ရေအခက်အခဲနှင့် မီးဖိုရန် အခက်အခဲများ ကြုံတွေ့နေရကြောင်း ငွေကြေးမပြည့်စုံ သူများအတွက် ဆန်၊ ဆီမှအစ အခက်အခဲများ ကြုံတွေ့နေရကြောင်း သိရသည်။ မင်းဘူးမြို့ပေါ်ရှိ ဒုက္ခသည် စခန်းများအတွက် မိလ္လာစနစ် သောက်သုံးရေနှင့် စားသောက်ကုန်များအား သက်ဆိုင်ရာ ဋ္ဌာနများမှ လှူဒါန်းထားကြောင်း သိရသည်။ မကွေးတိုင်း ရေနံချောင်းမြို့နယ်အတွင်း ကျေးရွာအချို့နှင့် မကွေးမြို့နယ်အတွင်း ကျေးရွာများလည်း ရေနစ်မြုပ်လျက်ရှိကြောင်း သိရသည်။   (ညောင်ဦးမြို့ပေါ် ရပ်ကွက်တစ်ခုတွင် ရေလွှမ်းမိုးနေမှုအား စက်တင်ဘာ ၁၇ ရက်က တွေ့ရစဉ်)
စက်တင်ဘာ လဆန်းမှ စတင်ပြီး မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ဧရာဝတီမြစ်ရေ ရုတ်တရက် မြင့်တက်လာပြီး ရေဘေးဒုက္ခ ခံစားနေရသော မြန်မာနိုင်ငံ အလယ်ပိုင်း ဒေသများတွင် သောက်သုံးရေ အခက်အခဲနှင့် အခြားကူညီ ထောက်ပံ့မှုများ လိုအပ်နေကြောင်း သတင်းရရှိပါသည်။

ဧရာဝတီမြစ်ရေသည် မန္တလေးမြို့တွင် စက်တင်ဘာ ၁၇ ရက်၌ စိုးရိမ်ရေ အမှတ်အောက်သို့ ကျဆင်းနေပြီဖြစ်ပြီး ၁၂၅၁ စင်တီမီတာတွင် ရှိနေကြောင်း၊ သို့သော်လည်း စစ်ကိုင်းမြို့တွင် စိုးရိမ်ရေ အမှတ်အထက် ၃၈ စင်တီမီတာတွင် ဆက်လက်တည်ရှိနေကြောင်း သိရသည်။ ထို့အတူ ဒုဋ္ဌ၀တီမြစ်ရေသည် အနည်းငယ် ကျဆင်းနေပြီ ဖြစ်သော်လည်း ၉၂၃ စင်တီမီတာဖြင့် မြစ်ငယ်မြို့၏ စိုးရိမ်ရေမှတ် ၈၇၀ စင်တီမီတာ အထက်တွင် ရှိနေကြောင်း သိရသည်။

"ခုချိန်မှာတော့ ရေသန့်ဘူးတွေနဲ့ ခေါက်ဆွဲခြောက်၊ ဆန်စသဖြင့် စားသောက်ကုန်ပစ္စည်းတွေ လိုက်လံလှူဒါန်းပါတယ်။ ၀မ်းလျှောဝမ်းပျက်တာမျိုးတွေ့ရင် ဓာတ်ဆားလောက်ပဲ ပေးပါတယ်။ ရေ၀င်ရက် ကြာလာရင်တော့ ၀မ်းရောဂါလို နောက်ဆက်တွဲ ပြဿနာတွေ ဖြစ်လာနိုင်ပြီး ကျန်းမာရေး စောင့်ရှောက်မှု ပေးနိုင်ဖို့ စီစဉ်နေပါတယ်" ဟု ဗြဟ္မစိုရ် လူမှုကူညီရေး အသင်းမှ အလုပ်မှုဆောင် ဦးဝင်းဆွေက ပြောကြားသည်။

အမရပူရ၊ ရွှေကြက်ယက် ကြက်ခြေနီစခန်းမှ တာဝန်ရှိသူ တစ်ဦးကလည်း "၀မ်းရောဂါ နောက်ဆက်တွဲ မဖြစ်ဖို့ ရွေ့လျားသန့်စင်ခန်းတွေ လိုအပ်သလို သန့်ရှင်းတဲ့ သောက်သုံးရေရဖို့ အဓိက လိုအပ်ပါတယ်။ ရေ၀င်ရက်က ကြာမြင့်နိုင်ပါသေးတယ်" ဟု ပြောကြားသည်။

ပခုက္ကူမြို့တွင် ဧရာဝတီမြစ်ရေသည် စက်တင်ဘာ ၁၇ ရက်၌ စိုးရိမ်ရေအမှတ်အောက် ၇ စင်တီမီတာခန့် ပြန်လည်ကျဆင်း သွားသော်လည်း ရေကြီးရေနစ်မြုပ်မှုနှင့် ကြုံတွေ့နေရသည့် မြစ်ကမ်းဘေးရှိ ကျေးရွာပေါင်း ၃၀ ခန့်နှင့် မြို့ပေါ်ရပ်ကွက် အချို့မှ အိမ်ထောင်စုများမှာ ရွှေ့ပြောင်းခဲ့သော နေရာများတွင် နေထိုင်နေရဆဲဖြစ်ကြောင်း သိရသည်။

"ရေက တစ်လက်မလောက်ပဲ ပြန်ကျသွားတော့ အများစုက ရေလွတ်တဲ့ နေရာတွေမှာ နေရတုန်းပဲ။ နောက် ၁၅ ရက်လောက်မှ ကိုယ့်အိမ်ကိုယ် ပြန်နိုင်မယ်။ မိုးကလည်း ရွာထားတာရော ရွာထဲမှာ ရေကလည်း ကျန်နေသေးတာရောကြောင့် မပြန်နိုင်သေးဘူး။ ရေကျသွားတယ် ဆိုပေမဲ့ နည်းနည်းပဲ ကျသေးတယ်။ နွားတွေဝက်တွေလည်း ဖြစ်သလို ထားရတုန်းပဲ။ အကူအညီတွေကတော့ လိုတယ်" ဟု ရေကြီးနစ်မြုပ်မှုနှင့် ကြုံတွေ့နေရသည့် ကျွန်းဦးကျေးရွာမှ ဦးထွန်းကြည်က ပြောကြားသည်။

ပခုက္ကူမြို့နယ် အုပ်ချုပ်ရေးမှုး ဦးအောင်နိုင်ဦးက "ရေလယ်ကျွန်း ကျေးရွာတွေကို အခုသွားကြည့်ပြီး စစ်ဆေးနေပါတယ်။ ဒေသခံတွေကတော့ သူတို့အိမ်တွေမှာပဲ နေတုန်းပါ။ ရေထပ်တက်လာရင်တော့ ပြောင်းခိုင်းမှာပါ။ ကျန်းမာရေးနဲ့ ပတ်သက်ပြီးတော့လည်း ချက်ခြင်းအကူအညီ ပေးနိုင်ဖို့ ပခုက္ကူ ဆေးရုံအုပ်ကြီး ခေါင်းဆောင်ပြီး အဖွဲ့ဖွဲ့ထားတယ်" ဟု ပြောကြားသည်။

ပခုက္ကူမြို့တွင် ဧရာဝတီမြစ်ရေသည် စက်တင်ဘာ ၁၆ ရက် နံနက်ပိုင်းက စိုးရိမ်ရေအမှတ် ၂၁၅၀ စင်တီမီတာသို့ ရောက်ရှိခဲ့သော်လည်း ၁၇ ရက်တွင်မူ စိုးရိမ်ရေ အမှတ်အောက် ၇ စင်တီမီတာခန့် ပြန်လည်ကျဆင်းခဲ့ကြောင်း ပခုက္ကူမြို့ရှိ မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။

ညောင်ဦးမြို့တွင် ဧရာဝတီမြစ် ရေလျှံမှုကြောင့် မြို့ပေါ်ရပ်ကွက်နှင့် ကျွန်းရွာများမှ အိမ်ထောင်စုပေါင်း ရာနှင့်ချီ၍ ရေလွတ်ရာသို့ ပြောင်းရွှေ့ခဲ့ပြီးနောက် စက်တင်ဘာ ၁၇ ရက်တွင် မြစ်ရေအနည်းငယ် ကျဆင်းသွားကြောင်း သတင်းရရှိပါသည်။

"ဗမာလို ၁၀ ရက်နေ့က အကုန်လုံး ပြောင်းရွှေ့လာခဲ့ ကြပါတယ်။ အိမ်စောင့်ယောက်ျားသား တစ်ယောက်လောက် ကျန်ခဲ့တာပေါ့။ ထောက်ပံ့အကူအညီပေးတဲ့ အဖွဲ့တွေ လာကြပါတယ်။ တစ်သက်မှာ ခုလိုပြောင်းရွှေ့နေရတာ သုံးကြိမ်ပဲ ကြုံဖူးပါတယ်။ အခုလို မပြောင်းရွှေ့ရတာ နှစ်နှစ်သုံးနှစ် ရှိပါပြီ" ဟု တောင်ဘီကမ္မ ဘုန်းတော်ကြီးကျောင်းအတွင်း ရေဘေးတိမ်းရှောင်နေသော အသက် ၅၇ နှစ်အရွယ် အရှေ့ဆယ်လံကျွန်းသူ ဒေါ်တင်ညွှန့်က ပြောကြားသည်။

ကယ်ဆယ်ရေး စခန်းများတွင် သက်ဆိုင်ရာ ဌာနများ၊ နိုင်ငံရေးပါတီနှင့် လူမှုရေး အသင်းအဖွဲ့များ၊ အလှူရှင်များက ကူညီထောက်ပံ့ လှူဒါန်းမှုများ ရှိနေသည့်အတွက် ရေဘေးတိမ်းရှောင် လာသူများအဖို့ အခက်အခဲ ထွေထွေထူးထူး မရှိသည့်တိုင် ရေကျသွားသည့် အချိန်တွင်မူ ရေ၀င်ရောက်ခဲ့သော ကျွန်းရွာများ ရပ်ကွက်များရှိ ဒေသခံများနှင့် တိရစ္ဆာန်များအား ကျန်းမာရေးဆိုင်ရာ စောင့်ရှောက်မှုနှင့် အခြားလိုအပ်ချက်များ ရှိနေနိုင်ကြောင်း သိရသည်။

"ရေကျသွားရင် ရွှံ့နွံတွေ၊ ဗွက်တွေနဲ့ နေရတာဆိုတော့ ကလေးတွေ ကျန်းမာရေးတော့ ဂရုစိုက်ရတာပေါ့။ ဒီရေက စိုက်ရေးပျိုးရေးလည်း နောက်ကျသွားပါတယ်။ ကျွန်းရေ၀င်ရင် ရေအောင်တယ် ဆိုပေမယ့် ၀ါဆိုဝါခေါင် ၀င်မှပါ။ ခုဟာ စိုက်ချိန်ပျိုးချိန် တော်သလင်းလထဲ ဖြစ်နေတယ်။ ရေကျသွားတော့လဲ တော်တော်နဲ့ လုပ်ငန်းက ၀င်မရဘူး" ဟု တောင်ဘီရပ်၊ ရွှေကျောင်းအတွင်း ခိုလှုံနေသော အရှေ့ဆယ်လံကျွန်းရွာမှ တောင်သူတစ်ဦးက ပြောကြားသည်။

အောင်လံမြို့တွင်လည်း စက်တင်ဘာ ၁၆ ရက်က မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဧရာဝတီမြစ်ရေ မြင့်တက်လာပြီး လယ်ပြင်၊ သရက်တော၊ ကန်ကြီးစသော အနိမ့်ပိုင်း ရပ်ကွက်များတွင် ရေ၀င်ရောက်ခဲ့၍ လူနေအိမ်များ ရေနစ်မြုစ်ခဲ့ရာ အိမ်ထောင်စု ၁၂ စု ကုသိနာရုံဘုရား စောင်တန်းသို့ ပြောင်းရွှေ့ခဲ့ရကြောင်း သိရပါသည်။

ဧရာဝတီမြစ်ရေသည် လက်ရှိအချိန်တွင် ၂၄၆၀ စင်တီမီတာသို့ ရောက်ရှိနေပြီး အောင်လံမြို့၏ စိုးရိမ်ရေအမှတ်မှာ ၂၅၅၀ စင်တီမီတာဖြစ်ကြောင်း ရေအရင်းအမြစ် ဌာနမှတာ ၀န်ရှိသူတစ်ဦးက ပြောကြားသည်။

"မနေ့ညနေပိုင်း ကတည်းက အိမ်မှာနေမရတော့လို့ ပြောင်းလာခဲ့ရတယ်။ မိုးရွာပြီး လမ်းပေါ်မှာရေက ရင်စို့လောက်အထိ တက်လာတယ်။ အိမ်လည်းမြုပ်သွားပါတယ်။ အိမ်ထောင်စု ၁၂ စုလောက်က နေမရလို့ ပြောင်းခဲ့ရတယ်။ မြို့နယ်ကတော့ မနေ့က ဆန်လှူပါတယ်။ အဲဒါလေးနဲ့ပဲ စားနေရတယ်။ ဘာတွေလုပ်ပေးမယ် ဆိုတာကို စီမံဆဲပါပဲ" ဟု ရေဘေးဒုက္ခသည် တစ်ဦးက ပြောကြားသည်။

ရေဘေးသင့် ဒုက္ခသည်များ စားသောက်ရေးအတွက် မြို့ခံများက ထမင်းထုပ်များ လှူတန်းလျက်ရှိပြီး အောင်လံတွင် ၁၉၇၆ ခုနှစ်က တစ်ကြိမ်၊ ၂၀၀၄ ခုနှစ်က တစ်ကြိမ် ဧရာဝတီမြစ်ရေကြီးမှု ဖြစ်ပွားခဲ့သည်။

မင်းဘူးမြို့တွင် ဧရာဝတီမြစ်ရေ ဆက်လက်မြင့်တက်နေမှုကြောင့် မင်းဘူးခရိုင်အတွင်း ကျေးရွာ ၁၀ ရွာကျော်မှ နေအိမ်များ ရေနစ်မြုပ်ခဲ့ကာ မင်းဘူးမြို့ပေါ်ရှိ ဒုက္ခသည်စခန်း လေးခုတွင် ခိုလှုံသူ ပိုမိုများပြားလာကြောင်း ဒေသခံများထံမှ သိရသည်။

စက်တင်ဘာ ၁၆ ရက်က မင်းဘူးမြို့ ဓာတ်တော်ကုန်း ဓမ္မာရုံနှင့် မှန်ကင်းကျောင်းတိုက် နှစ်ခုသာ ဒုက္ခသည်စခန်းအဖြစ် ရှိခဲ့ရာမှ စက်တင်ဘာ ၁၇ ရက်တွင် ပုဂံမျှော် ဘုရားနှင့် သာစည်ရိပ်သာတို့တွင်ပါ ဒုက္ခသည်စခန်း တိုးချဲ့ခဲ့ကာ မိသားစု ၉၀ ခန့်မှ ဒုက္ခသည် ၃၀၀ ကျော် လာရောက်ခိုလှုံလျက်ရှိကြောင်း သိရသည်။

မင်းဘူးမြို့နယ်အတွင်း ရေနစ်မြုပ်ခဲ့သည့် ကျေးရွာငါးရွာသို့ ဆန်၊ ဆီ၊ ခေါက်ဆွဲခြောက်နှင့် အခြားလိုအပ်သည်များ ထောက်ပံ့ခဲ့သော်လည်း မင်းဘူးခရိုင် ပွင်ြ့ဖူမြို့နယ် အတွင်းမှ ရေနစ်ခဲ့သည့် ကျေးရွာခုနစ်ရွာခန့်တွင် အကူအညီများ လိုအပ်နေကြောင်း သိရသည်။

"မနေ့က အိမ်အောက်ထဲ ရေ၀င်ရုံပဲ ရှိခဲ့ပြီး ညပိုင်းမှာ ရေထပ်တက်လာလို့ အိမ်ပေါ်ထပ်အထိ ရေရောက်လာတယ်။ ပစ္စည်းတွေကို ၀ါးလုံးတွေနဲ့ချည်ပြီး ရေလွတ်အောင် ထောင်ထားရတယ်။ တစ်ရွာလုံး ရေထဲမှာပါ။ ကမ်းပြိုလို့ ရွှေ့ခဲ့ရတဲ့ အိမ်တွေက ထရံနဲ့ အမိုးတွေလည်း ရေမျောကုန်ပါတယ်။ ကျွန်တော်တို့ ဒုက္ခကြုံနေရတာကို တာဝန်ရှိသူတွေ လာကြည့်လှည့်ပါလို့ ပြောချင်ပါတယ်" ဟု နိဗ္ဗာန်ကျွန်းကျေးရွာမှ နေအိမ်ရေနစ်ခံခဲ့ရသူ တစ်ဦးက ပြောကြားသည်။

ရေနစ်မြုပ်ခဲ့သည့် ကျေးရွာများမှ ကျွဲနွားဝက် စသည့်တိရစ္ဆာန်များအား ကုန်းမြင့်ပိုင်းကျေးရွာများရှိ ဆွေမျိုးနီးစပ်များထံ ပြောင်းရွှေ့အပ်နှံ ထားရကြောင်း နေ့စဉ်စားသောက်ရေးတွင် သောက်ရေအခက်အခဲနှင့် မီးဖိုရန် အခက်အခဲများ ကြုံတွေ့နေရကြောင်း ငွေကြေးမပြည့်စုံ သူများအတွက် ဆန်၊ ဆီမှအစ အခက်အခဲများ ကြုံတွေ့နေရကြောင်း သိရသည်။ မင်းဘူးမြို့ပေါ်ရှိ ဒုက္ခသည် စခန်းများအတွက် မိလ္လာစနစ် သောက်သုံးရေနှင့် စားသောက်ကုန်များအား သက်ဆိုင်ရာ ဋ္ဌာနများမှ လှူဒါန်းထားကြောင်း သိရသည်။ မကွေးတိုင်း ရေနံချောင်းမြို့နယ်အတွင်း ကျေးရွာအချို့နှင့် မကွေးမြို့နယ်အတွင်း ကျေးရွာများလည်း ရေနစ်မြုပ်လျက်ရှိကြောင်း သိရသည်။
 
 

Read More

ANN မှ မြင့်မြတ်ကိစ္စသတိပေး
Arakan Times  မြင့်မြတ် “ဂျောင်း” ဗွီဒီယို ဇာတ်ကား ANN သတိပေး .........................................................   "ဂျောင်း" ဇာတ်ကား၏ ဒါရိုက်တာ၊ သရုပ်ဆောင်နှင့် တာဝန်ရှိသူတို့အား ကျွနုပ်တို့ ရခိုင်အမျိုးသားကွန် ရက်မှပြင်းထန်စွာ သတိပေးခြင်း။  ဂျောင်း - ဇာတ်ကား၏ ဇာတ်ဝင်ခန်း။ --------------------------------------- ကျေးရွာလေးတစ်ရွာမှာ မိသားစုတွေ အေးချမ်းစွာ နေကြသည်။ ရွာ၏စရိုက်က အလှူဆို စုပေါင်းအလှူ - သာရေးနာရေး ဆိုးတိုင်ပင်ကောင်းတိုင် ပင်နှင့်ရွာဦးဘုန်းကြီးကျောင်းမှာ ဆိုလျှင် ကာလသားတွေက စုပေါင်းပြီး ဆရာတော်၏ ဝေယျဝိစ္စ-ကျောင်းကိစ္စတွေကို လုပ်ပေးကြသည်။ ရွာမှာ အပေါင်ခံ ငွေတိုးချေးစားသော ဦးယဉ်ကျေးတို့  မိသားစုက ငွေကြေးချောင် လည်ကြသည်။ ………..   ယနေ့ လည်း ဘုန်းကြီးကျောင်းသားတွေက ဦးယဉ်ကျေးဆီမှာဆွမ်းအတွက် ရောက်ရှိပြီး စကားပြောနေသည်။ ဘုန်းကြီးကျောင်းသား နှစ်ယောက်သည် ဦးယဉ်ကျေး၏ လူရိုးလူအ စိတ်ကို အခွင့်ကောင်းယူကာ ဤသို့ပြောလိုက်သည် ။  “ ဦးယဉ်ကျေး မိန်းမက ရခိုင်မဆိုတော့ ဘင်္ဂလီနဲ့ ဆော်နေပြီပေါ့- “ ဤစကားက ဘုန်းကြီးကျောင်းသားက ဦးယဉ်ကျေးအား အားမနာ ပြောဆိုလိုက်သော စကားဖြစ်သည်။ စင်စစ်အားဖြင့် ဦးယဉ်ကျေး၏ မိန်းမသည် ဘင်္ဂလီကုလားနှင့် နောက်မီးလင်းနေသည် ဆိုသော စကားကို ပြောဆိုခြင်းဖြစ်သည်။  သို့ဖြစ်ပါ၍ ကျွန်ုပ်တို့ အနေဖြင့် သုံးသပ်သည်မှာ အဆိုပါဇာတ်ကားသည် မတော်တဆမှားယွင်းသည်ဖြစ်စေ၊ မသိနားမလည်၍ မှားယွင်းသည်ဖြစ်စေ ဌာနေတိုင်းရင်းသား လူမျိုးတစ်မျိုး၏ ဂုဏ်သိက္ခာကိုသော်လည်းကောင်း၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှုကို သော်လည်းကောင်း ထိခိုက်ပျက်ပြား စေသော စကားလုံးနှင့် စကားရပ်များဖြစ်၍ အမြန်ဆုံးလူသိရှင်ကြား ဝန်ချတောင်းပန်မှုကို ဇာတ်ကားနှင့် ပတ်သက်သော သက်ဆိုင်ရာ တာဝန်ရှိသူများမှ ပြုလုပ်ပေးကြပါရန် ကျွန်ုပ်တို့မှ အလေးအနက် အသိပေးအပ်ပါသည်။  မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး အနေဖြင့်လည်း သက်ဆိုင်ရာ တာဝန်ရှိသူများကို အမြန်ဆုံးခေါ်ယူ သတိပေးပါရန် ကျွန်ုပ်တို့မှ အလေးအနက်တောင်းဆို အပ်ပါသည်။ ဟိုးယခင်ကလည်း "နှလုံးသားမှာကြွက်ဝင်နေတယ်" ဇာတ်ကား၌ အလားတူဖြစ်ရပ်မျိုးဖြစ်၍ ကျွန်ုပ်တို့ ရခိုင်အမျိုးသား ကွန်ရက်အနေဖြင့်ရှပ်ရှင်အစည်းရုံးနှင့် ပူးပေါင်း၍သက်ဆိုင်ရာ တာဝန်ရှိသူများအား ခေါ်ယူသတိပေးဝန်ချ တောင်းပန်မှုများ ပြုလုပ်ခဲ့ပြီးဖြစ်ပါသည်။ ယခုတစ်ဖန် ထပ်မံ ဖြစ်ပွားလာသည်ကို ထောက်ရှုခြင်းအားဖြင့် ခေါ်ယူသတိပေး ဝန်ချတောင်းပန်မှုမျိုး လုပ်ရုံမျှဖြင့်မလုံလောက်တော့ဟု ကျွန်ုပ်တို့ယုံကြည်ယူဆ ပေသည်။ သို့ဖြစ်ပါ၍ ခံဝန်ကတိနှင့် နောက်နောင်ဖြစ်ပွားပါက ဥပဒေအရ မည်သို့မည်ပုံ အရေးယူဆောင်ရွက်မည်ကိုပါ ထည့်သွင်းပေးပါရန် ကျွန်ုပ်တို့အနေဖြင့် ထပ်မံအရေး ဆိုအပ်ပါသည်။  သက်ဆိုင်ရာလူကြီမင်းတို့ အနေဖြင့် ကျွန်ုပ်တို့၏ တောင်းဆိုမှုများအား အရေးယူဆောင်ရွက်ခြင်းမရှိပါက နိုင်ငံရေးနည်းလမ်း အရသော်လည်းကောင်း၊ ဥပဒေကြောင်း အရသော်လည်းကောင်း လှုပ်ရှားဆောင်ရွက်သွားမည် ဖြစ်ကြောင်း အသိပေးအပ်ပါသည်။  အားလုံးကိုလေးစားလျက်  တင်ထူးအောင် ဥက္ကဌ  ရခိုင်အမျိုးသားကွန်ရက်(ANN)   Ref: တင်ထူးအောင် ဖေ့စ်ဘုတ်
Arakan Times

မြင့်မြတ် “ဂျောင်း” ဗွီဒီယို ဇာတ်ကား ANN သတိပေး
..............................
...........................


"ဂျောင်း" ဇာတ်ကား၏ ဒါရိုက်တာ၊ သရုပ်ဆောင်နှင့် တာဝန်ရှိသူတို့အား ကျွနုပ်တို့ ရခိုင်အမျိုးသားကွန် ရက်မှပြင်းထန်စွာ သတိပေးခြင်း။

ဂျောင်း - ဇာတ်ကား၏ ဇာတ်ဝင်ခန်း။
---------------------------------------
ကျေးရွာလေးတစ်ရွာမှာ မိသားစုတွေ အေးချမ်းစွာ နေကြသည်။ ရွာ၏စရိုက်က အလှူဆို စုပေါင်းအလှူ - သာရေးနာရေး ဆိုးတိုင်ပင်ကောင်းတိုင်
ပင်နှင့်ရွာဦးဘုန်းကြီးကျောင်းမှာ ဆိုလျှင် ကာလသားတွေက စုပေါင်းပြီး ဆရာတော်၏ ဝေယျဝိစ္စ-ကျောင်းကိစ္စတွေကို လုပ်ပေးကြသည်။ ရွာမှာ အပေါင်ခံ ငွေတိုးချေးစားသော ဦးယဉ်ကျေးတို့  မိသားစုက ငွေကြေးချောင် လည်ကြသည်။ ………..

ယနေ့ လည်း ဘုန်းကြီးကျောင်းသားတွေက ဦးယဉ်ကျေးဆီမှာဆွမ်းအတွက် ရောက်ရှိပြီး စကားပြောနေသည်။ ဘုန်းကြီးကျောင်းသား နှစ်ယောက်သည် ဦးယဉ်ကျေး၏ လူရိုးလူအ စိတ်ကို အခွင့်ကောင်းယူကာ ဤသို့ပြောလိုက်သည် ။

“ ဦးယဉ်ကျေး မိန်းမက ရခိုင်မဆိုတော့ ဘင်္ဂလီနဲ့ ဆော်နေပြီပေါ့- “ ဤစကားက ဘုန်းကြီးကျောင်းသားက ဦးယဉ်ကျေးအား အားမနာ ပြောဆိုလိုက်သော စကားဖြစ်သည်။ စင်စစ်အားဖြင့် ဦးယဉ်ကျေး၏ မိန်းမသည် ဘင်္ဂလီကုလားနှင့် နောက်မီးလင်းနေသည် ဆိုသော စကားကို ပြောဆိုခြင်းဖြစ်သည်။

သို့ဖြစ်ပါ၍ ကျွန်ုပ်တို့ အနေဖြင့် သုံးသပ်သည်မှာ အဆိုပါဇာတ်ကားသည် မတော်တဆမှားယွင်းသည်ဖြစ်စေ၊ မသိနားမလည်၍ မှားယွင်းသည်ဖြစ်စေ ဌာနေတိုင်းရင်းသား လူမျိုးတစ်မျိုး၏ ဂုဏ်သိက္ခာကိုသော်လည်းကောင်း၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှုကို သော်လည်းကောင်း ထိခိုက်ပျက်ပြား စေသော စကားလုံးနှင့် စကားရပ်များဖြစ်၍ အမြန်ဆုံးလူသိရှင်ကြား ဝန်ချတောင်းပန်မှုကို ဇာတ်ကားနှင့် ပတ်သက်သော သက်ဆိုင်ရာ တာဝန်ရှိသူများမှ ပြုလုပ်ပေးကြပါရန် ကျွန်ုပ်တို့မှ အလေးအနက် အသိပေးအပ်ပါသည်။

မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး အနေဖြင့်လည်း သက်ဆိုင်ရာ တာဝန်ရှိသူများကို အမြန်ဆုံးခေါ်ယူ သတိပေးပါရန် ကျွန်ုပ်တို့မှ အလေးအနက်တောင်းဆို အပ်ပါသည်။ ဟိုးယခင်ကလည်း "နှလုံးသားမှာကြွက်ဝင်နေတယ်" ဇာတ်ကား၌ အလားတူဖြစ်ရပ်မျိုးဖြစ်၍ ကျွန်ုပ်တို့ ရခိုင်အမျိုးသား ကွန်ရက်အနေဖြင့်ရှပ်ရှင်အစည်းရုံးနှင့် ပူးပေါင်း၍သက်ဆိုင်ရာ တာဝန်ရှိသူများအား ခေါ်ယူသတိပေးဝန်ချ တောင်းပန်မှုများ ပြုလုပ်ခဲ့ပြီးဖြစ်ပါသည်။ ယခုတစ်ဖန် ထပ်မံ ဖြစ်ပွားလာသည်ကို ထောက်ရှုခြင်းအားဖြင့် ခေါ်ယူသတိပေး ဝန်ချတောင်းပန်မှုမျိုး လုပ်ရုံမျှဖြင့်မလုံလောက်တော့ဟု ကျွန်ုပ်တို့ယုံကြည်ယူဆ ပေသည်။ သို့ဖြစ်ပါ၍ ခံဝန်ကတိနှင့် နောက်နောင်ဖြစ်ပွားပါက ဥပဒေအရ မည်သို့မည်ပုံ အရေးယူဆောင်ရွက်မည်ကိုပါ ထည့်သွင်းပေးပါရန် ကျွန်ုပ်တို့အနေဖြင့် ထပ်မံအရေး ဆိုအပ်ပါသည်။

သက်ဆိုင်ရာလူကြီမင်းတို့ အနေဖြင့် ကျွန်ုပ်တို့၏ တောင်းဆိုမှုများအား အရေးယူဆောင်ရွက်ခြင်းမရှိပါက နိုင်ငံရေးနည်းလမ်း အရသော်လည်းကောင်း၊ ဥပဒေကြောင်း အရသော်လည်းကောင်း လှုပ်ရှားဆောင်ရွက်သွားမည် ဖြစ်ကြောင်း အသိပေးအပ်ပါသည်။

အားလုံးကိုလေးစားလျက်
တင်ထူးအောင်
ဥက္ကဌ
ရခိုင်အမျိုးသားကွန်ရက်(ANN)


Ref: တင်ထူးအောင် ဖေ့စ်ဘုတ်

Read More
Posted by Unknown on Friday, September 13, 2013

အဆင်သင့် ဆောက်လုပ်နိုင်သည့် လုံးချင်းအိမ်များကို တင်ဆောင်လာသော ၁၀ ဘီး ကားကြီး အစီး (၃၀) သည် ယနေ့ စစ်တွေမြို့သို့ ရောက်ရှိလာသည်ဟု သတင်းရရှိသည်။
ပစ္စည်းသယ်ယူလာသော ကားကြီးများ ရပ်နားထားသည်ကို စစ်တွေတွင် တွေ့ရစဉ်။ ( ဓါတ်ပုံ- နိရဉ္စရာ)
ပစ္စည်းသယ်ယူလာသော ကားကြီးများ ရပ်နားထားသည်ကို စစ်တွေတွင် တွေ့ရစဉ်။ ( ဓါတ်ပုံ- နိရဉ္စရာ)
Ready made ခေါ် အဆင်သင့် လုံးချင်းအိမ်များ စစ်တွေမြို့သို့ ရောက်ရှိလာသည့်အပေါ် စစ်တွေမြို့ခံ များက သတိထားပြီး စောင့်ကြည့်နေသည်ဟု ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ အတွင်းရေးမှူး အဖွဲ့ဝင် ဦးခိုင်ပြည်စိုးက နိရဉ္စရာသို့ ပြောသည်။
“ ကျွန်တော်တို့ကြားတာကတော့ခါ တရုတ်ပြည်က ယူလာတဲ့ Ready made အိမ်တွေလို့ ကြားရတယ်။ အခု စစ်တွေကို ရောက်နေပါပြီ။ ဘယ်နေရာမှာ ဆောက်မယ်လို့တော့ မသိသေးဘူး။ ဘယ်သူ့ အတွက်လဲ?
ရခိုင်အတွက်လား၊ ဘင်္ဂလီတွေအတွက်လားဆိုတာ မသိသေးဘူး။  စစ်တွေမြို့က လူတွေက ဒီကိစ္စနဲ့ပတ်သက်လို့ စိတ်ဝင်တစား စောင့်ကြည့်နေကြပါတယ်” ဟု၎င်းက ပြောသည်။
အစိုးရ တာဝန်ရှိသူများမှ ယခုအချိန်ထိ သယ်ယူလာသော လုံးချင်း အိမ်များမှာ မည်သည့် နိုင်ငံက ဖြစ်ကြောင်း  တရားဝင် ကျေညာခြင်း မရှိသေးသော်လည်း တရုတ်နိုင်ငံမှ လှူဒါန်းလိုက်သော လုံးချင်း အိမ်များ ဖြစ်ကြောင်း
စစ်တွေတွင် သတင်းများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေသည်ဟု ဆိုသည်။
ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ပြန်ကြားရေး တာဝန်ခံ ဦးဝင်းမြိုင်အား ယနေ့ နေ့လည်ပိုင်းက ဆက်သွယ် မေးမြန်းရာ ၎င်းပစ္စည်းများ ရောက်ရှိနေသည်ကို သူ့အနေနှင့် မသိသေးကြောင်း ပြောသည်။
“ ဘယ်မှာရောက်လို့တုန်း။ ဒီမှာရုံးအဖွဲ့ကလည်း ဘာမှရောက်တယ်လို့မကြားသေးဘူး။ ဘာတွေရောက် မှန်းလည်း ကျွန်တော်လည်းမသိဘူး။ လုံးချင်းအိမ်ရာတွေက ဆတ်ရိုးကျဘက်မှာ အလုံး ၆၀ ဆောက်ပြီးသွား ပြီး အခု ရခိုင်တိုင်းရင်းသားတွေတောင် တက်နေကြပြီ” ဟု ဆိုသည်။
၎င်း လုံးချင်း အိမ်များကို တစ်စစီဖြုတ်ပြီး ယူဆောင်လာခြင်း ဖြစ်ကြောင်း၊ အများစု ပစ္စည်းများမှာ သံဘောင် များ နှင့် သံထည် ပစ္စည်း အမျိုးအမျိုး ဖြစ်ကြောင်း၊ ယခုကဲ့သို့ ပစ္စည်းမျိုးကို ယခင်က မမြင်ဖူးခဲ့ကြောင်း ဒေသခံများက ပြောဆိုသည်။
အဆင်သင့် လုံးချင်းအိမ်များမှာ ဘင်္ဂလီ ဒုက္ခသည်များ အတွက်ဖြစ်ကြောင်း  စစ်တွေမြို့ စည်းကမ်း ထိန်းသိမ်း ရေး ရဟန်းပျိုအဖွဲ့ ဥက္ကဌ ဦးဓမ္မတဇက နိရဉ္စရာသို့ အတည်ပြု ပြောကြားသည်။
“ ဘောဒူရ မှာ ဘင်္ဂလီတွေနဲ့ဖြစ်တဲ့အခါ ဘင်္ဂလီတွေက သူတို့ကို လုံးချင်းအိမ်တွေ ဆောက်ပေးပါ ဆိုပြီး တောင်းဆိုခဲ့တယ်။ အဲဒီအတွက်ကြောင့် နိုင်ငံတကာက အခုလို ပို့ပေးတာ ဖြစ်နိုင်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက် လို့ ဇေယျာသီရိ ဆရာတော်ကြီးက ရခိုင် ပြည်နယ် ၀န်ကြီးချုပ်ကို လှမ်းပြီး ဖုန်းဆက်တဲ့ခါ ဟုတ်တယ်။ ဘင်္ဂလီတွေကို ပေးဖို့ အတွက်  ဖြစ်တယ်လို့ ပြောပါတယ်” ဟုဆိုသည်။
ကားကြီးများဖြင့် သယ်ဆောင်လာသော  အဆင်သင့် လုံးချင်းအိမ်များကို ဆောက်လုပ်နိုင်သည့်  ပစ္စည်းများကို ဝေသာလီကွင်း ဘေးရှိ အဆောင်တွင် ဘင်္ဂလီ အလုပ်သမား ၃၀ ခန့်ကို အသုံးပြုကာ လုံခြုံရေးများဖြင့်  တာဝန်ယူပြီး ယာယီ စုပုံထားသည်ဟု မျက်မြင်များက ပြောသည်။
အဆင်သင့် လုံးချင်းအိမ်များဆောက်လုပ်ရန် ပစ္စည်းများကို နောက်ထပ် ကားအစီး ၅၀ ခန့် ဖြင့်  ဆက်လက် သယ်ဆောင်လာကြသည်ဟု ခိုင်လုံသောသတင်းရပ်ကွက်အရ သိရှိရသည်။
နောက်ဆုံး ရရှိသော သတင်းအရ ယခု ရောက်ရှိလာသော အဆင်သင့် လုံချင်း အိမ်များ အရေအတွက်မှာ (၁၅၀) လုံး ဖြစ်ပြီး  တရုတ်က ပေးပို့ လှူဒါန်းခြင်း ဖြစ်ကာ စုစုပေါင်း တန်ဖိုး ဒေါ်လာ (၁) သန်းဖိုး ရှိကြောင်း သိရသည်။


နိရဉ္စရာ သတင်းဌာန 

Read More
Posted by Unknown on Thursday, September 5, 2013
Related Posts Plugin for WordPress, Blogger...

Arakan Media Group

Popular Posts

Blog Archive