၁။ ၁၉၃၂ ခုနှစ်၊ ဇွန် ၂၄ ရက်
၂။ ၁၉၃၃ ခုနှစ်၊ ဇွန် ၂၀ ရက်
၃။ ၁၉၃၉ ခုနှစ်
၎။ ၁၉၄၇ ခုနှစ်၊ နိုဝင်ဘာ ၈ ရက်
၅။ ၁၉၄၈ ခုနှစ်(အာဏာသိမ်းရန် ကြိုးပမ်းမှု)
၆။ ၁၉၄၉ ခုနှစ်၊ ဖေဖော်ဝါရီ ၂၆ ရက် (အာဏာသိမ်းရန် ကြိုးပမ်းမှု)
၇။ ၁၉၅၁ ခုနှစ်၊ ဇွန် ၂၉ ရက် (အာဏာသိမ်းရန် ကြိုးပမ်းမှု)
၈။ ၁၉၅၁ ခုနှစ်၊ နိုဝင်ဘာ ၂၉ ရက်
၉။ ၁၉၅၇ ခုနှစ်၊ စက်တင်ဘာ ၁၇ ရက်
၁၀။ ၁၉၅၈ ခုနှစ်၊အောက်တိုဘာ ၂၀ရက်
၁၁။ ၁၉၇၁ ခုနှစ်၊ နိုဝင်ဘာ ၁၇ ရက်
၁၂။ ၁၉၇၆ ခုနှစ်၊အောက်တိုဘာ ၆ ရက်
၁၃။ ၁၉၇၇ ခုနှစ်၊ မတ် ၂၆ ရက် (အာဏာသိမ်းရန် ကြိုးပမ်းမှု)
၁၄။ ၁၉၇၇ ခုနှစ်၊ အောက်တိုဘာ ၂၀ရက်
၁၅။ ၁၉၈၁ ခုနှစ်၊ ဧပြီ ၁ ရက် (အာဏာသိမ်းရန် ကြိုးပမ်းမှု)
၁၆။ ၁၉၈၅ ခုနှစ်၊ စက်တင်ဘာ ၉ ရက် (အာဏာသိမ်းရန် ကြိုးပမ်းမှု)
၁၇။ ၁၉၉၁ ခုနှစ်၊ ဖေဖော်ဝါရီ ၂၃ ရက်
၁၈။ ၂၀၀၆ ခုနှစ်၊ စက်တင်ဘာ ၁၉ ရက်
၁၉။ ၂၀၁၄ ခုနှစ်၊ မေလ ၂၂ ရက်

ထိုင်းနိုင်ငံ အာဏာသိမ်းမှုနှင့်ပတ်သက်၍ ထင်ရှားသော ဖြစ်ရပ်များ
၂၀၀၆ ခုနှစ် အာဏာသိမ်းမှု

နိုင်ငံရေး မငြိမ်သက်မှုများနှင့် ခြစားမှုစွဲချက်များ ဖြစ်ပေါ်နေခဲ့သည်မှာ တစ်နှစ်ကြာခဲ့ပြီးနောက် ထိုင်းစစ်တပ်သည် သက်ဆင်နှင့် ၀န်ကြီးများစွာတို့ နယူးယောက်မြို့ ကုလသမဂ္ဂအထွေထွေ ညီလာခံဖွင့်ပွဲသို့ ရောက်ရှိနေချိန်တွင် အောင်မြင်စွာ အာဏာသိမ်းခဲ့သည်။
၁၉၉၁ ခုနှစ် အာဏာသိမ်းမှု

ဝန်ကြီးချုပ် ချာတီချိုင်းချွန်ဟာဝမ်ကို ဘုရင်နှင့် တွေ့ဆုံရန်သွားစဉ် ဖမ်းဆီးလိုက်ပြီး ဗိုလ်ချုပ်ကြီး ဆန်သွန်ကောင်ဆန်ပွန်က အာဏာသိမ်းလိုက်သည်။
၁၉၇၇ ခုနှစ် အာဏာသိမ်းမှု

သာနင်ခရေ၀ီချီယန်ကို ဖိနှိပ်ချုပ်ချယ်သော အစိုးရအဖွဲ့ကို ဦးဆောင်နေသည်ဟု စွပ်စွဲပြီး သွေးထွက်သံယိုမှု မရှိသည့် စစ်အာဏာသိမ်းမှု ဖြစ်ပွားခဲ့သည်။ အာဏာသိမ်းသည့် အဖွဲ့ခေါင်းဆောင်မှာ သူ့အားအာဏာ ရစေခဲ့သည့် ရေတပ်ဗိုလ်ချုပ်ကြီး ဆာနက်ချာလော်ယုဖြစ်သည်။

၁၉၇၆ ခုနှစ် အာဏာသိမ်းမှု (သမ်မာဆက် လူသတ်ပွဲ)

အာဏာသိမ်းမှုများအနက် အထင်ရှားဆုံးဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ၁၉၇၆ ခုနှစ် အောက်တိုဘာ ၆ ရက်တွင် ဘန်ကောက်မြို့ သမ်မာဆက်တက္ကသိုလ်၌ တက္ကသိုလ်ကျောင်းသားများ အစုလိုက်အပြုံလိုက် အသတ်ခံခဲ့ရသောကြောင့် ဖြစ်သည်။ ထိုင်းနိုင်ငံ တက္ကသိုလ်ပေါင်းစုံမှ ကျောင်းသားများသည် ယခင် စစ်အာဏာရှင်ဟောင်း သာနွန်ကစ်တီကာချွန်း အာဏာပြန်ယူမည်ကို ဆန့်ကျင်လျက် သမ်မာဆက်တက္ကသိုလ်နှင့် ဘန်ကောက်မြို့ ဆာနန်လွမ်ရင်ပြင်တို့၌ ဆန္ဒပြခဲ့ခြင်းဖြစ်သည်။

တရားဝင်ထုတ်ပြန်သော စာရင်းများအရ ပစ်ခတ်တိုက်ခိုက် ရိုက်နှက်ခံရမှုကြောင့် ကျောင်းသား ၄၆ ဦး သေဆုံးကြောင်း သိရသည်။ သို့သော် အလောင်းများကို သယ်ယူမီးသင်္ဂြိုဟ်မှုကို ဆောင်ရွက်ပေးခဲ့သော တရုတ်ဖောင်ဒေးရှင်းက သူတို့သည် အလောင်း ၁၀၀ ကျော်ကို ကိုင်တွယ်ခဲ့ရသည်ဟု ထုတ်ဖော်ပြောကြားခဲ့သည်။

ဗိုလ်ချုပ်ကြီး သာနွန်၏နေရာတွင် ၁၉၇၃ ခုနှစ် အောက်တိုဘာလအတွင်း အရပ်ဘက် ၀န်ကြီးချုပ်တစ်ဦးကို အစားထိုးခဲ့ပြီးနောက် ဗိုလ်ချုပ်ပရာမန် အဒီရက်ဆန်ခေါင်းဆောင်သော စစ်အုပ်စုတစ်ခုသည် စစ်အုပ်ချုပ်ရေးသို့ ပြန်သွားရန် စီစဉ်ခဲ့သည်။ လက်ယာယိမ်း ပြည်သူ့စစ်အုပ်စုများကို လက်နက်တပ်ဆင် လေ့ကျင့်ပေးပြီး လက်ဝဲယိမ်း တက်ကြွလှုပ်ရှားသူများကို နှိမ်နင်းရန် ပြင်ဆင်ခဲ့သည်။ ၁၉၇၅ ခုနှစ်တွင် ဗီယက်နမ် စစ်ပွဲပြီးနောက် ကွန်မြူနစ်စနစ်သည် အင်ဒိုချိုင်းနား ကျွန်းဆွယ်၌ နေရာယူလာသည်။ ထိုင်းနိုင်ငံသည် ကွန်မြူနစ်တို့၏ နောက်ထပ်ပစ်မှတ်တစ်ခု ဖြစ်လာနိုင်ပြီး ဆူပူသောင်းကျန်းသော လက်ဝဲယိမ်း ကျောင်းသားများသည် ရန်သူများကို ကူညီနေသည်ဟု ယူဆသူများ ထွက်ပေါ်လာသည်။

၁၉၇၆ ခုနှစ် အောက်တိုဘာ ၅ ရက်တွင် သမ်မာဆက်တက္ကသိုလ်၌ ဆန္ဒပြနေသူများသည် အိမ်ရှေ့မင်းသား ၀ါဇီရလောင်ကွမ်း၏ ပုံတူရုပ်တုကို ဆွဲကြိုးချထားသည့် သရုပ်ပြမှု ပြုလုပ်ခဲ့ရာ ယင်းကို ဘန်ကောက်စာနယ်ဇင်း တစ်ခု၌ ဖော်ပြခဲ့ရာ အလွန်ဒေါသထွက်နေသော ပြည်သူ့စစ်များက ညနေပိုင်း၌ သမ်မာဆက်တက္ကသိုလ်ကို ၀ိုင်းထားခဲ့သည်။

ထိုင်းရဲတပ်ဖွဲ့ ဒုတိယအကြီးအကဲ ဒုတိယ ဗိုလ်ချုပ်ကြီး ချွမ်ဖွန်လိုဟာချာလာက အောက်တိုဘာ ၆ ရက် နံနက်ပိုင်းတွင် ပစ်ခတ်တိုက်ခိုက်ရန် အမိန့်ပေးခဲ့ပြီး တက္ကသိုလ်ဝင်း အတွင်း၌ သေနတ်များကို တည့်တည့်ပစ်ကာ တိုက်ခိုက်ခဲ့သည်။ ယင်းတိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် ကာကွယ်ရေးဝန်ကြီး ရေတပ်ဗိုလ်ချုပ်ကြီး ဆာနက်ချာလော်ယု ဦးဆောင်သော စစ်တပ်က ချက်ချင်းအာဏာသိမ်းခဲ့သည်။


Posted by Unknown on Saturday, May 24, 2014

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

Arakan Media Group

Popular Posts

Blog Archive