အမြန်လမ်းတွင် သတ်မှတ်မိုင်နှုန်းထက် ကျော်လွန်မောင်းနှင်သော ယာဉ်များကို စစ်ဆေး  ဆောင်ရွက်လျက်ရှိရာ ၂၀၁၄ ဇန်န၀ါရီမှ မေလကုန်အ ထိ ယာဉ်စီးရေ ငါးရာကျော်အား အရေးယူမှုများ ပြုလုပ်ခဲ့ကြောင်း အမြန်လမ်းရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။

 ရဲတပ်ဖွဲ့မှူးရုံး၏ စစ်ဆေး တွေ့ရှိချက်များအရ ငါးလအ တွင်း သတ်မှတ်ချက်ထက်ကျော် လွန်မောင်းနှင်သော ယာဉ် ၅၈၆ စီးကို စစ်ဆေးအရေးယူမှုများ ကို ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

  ‘‘သတ်မှတ်နှုန်းထက် မမောင်းဖို့ကို ယာဉ်မောင်းတွေရော ယာဉ်ပိုင်ရှင်တွေကိုပါ ပညာပေးတာတွေကို လက်ကမ်းစာစောင်တွေကတစ်ဆင့် ဆောင်ရွက်ပါတယ်။ ဒါတောင် မောင်းနေတဲ့သူတွေ ရှိနေလို့ အခုလို ဖမ်းဆီးစစ်ဆေးတာတွေကို လုပ်နေတာပါ။ အရှိန်တိုင်းကိရိယာနဲ့ ဖမ်းဆီးနေတဲ့အတွက် အခုနောက်ပိုင်း ပြစ်မှုတွေ လျော့ကျ လာတာတွေ့ရတယ်။ အရင်ကထက် တစ်ဝက်ကျော် ပြစ်မှုတွေကျဆင်းလာတာဖြစ်ပါတယ်’’ ဟု အမြန်လမ်းရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူးကြီးနေ၀င်းက ပြောသည်။

 ယခုနှစ်ဇန်န၀ါရီမှ မေလ အတွင်း အမြန်လမ်းပေါ်တွင် ယာဉ်တိုက်မှုများမှာ ယာဉ်မောင်း အိပ်ငိုက်၍ ဖြစ်ပွားမှုမှာ ၁၁ မှု၊ လမ်းဖြတ်ကူးသူ ပေါ့ဆမှုကြောင့်  သုံးမှု၊ တိရစ္ဆာန်များကြောင့် သုံး မှု၊ ဆိုင်ကယ်များနှင့် တိုက်မှု ၁၈ မှု၊ အနှေးယာဉ်ပေါ့ဆမှု တစ်မှု၊ ယာဉ်မောင်းမကျွမ်းကျင်မှု ၁၂ မှု မဆင်မခြင် မောင်းနှင်မှု ၃၄ မှု၊ ကားဘီးပေါက်မှု ၆၁ မှု၊ စက် ချို့ယွင်းမှု ၁၁ မှု၊ လမ်းချော်မှု တစ်မှုနှင့် ရာသီဥတုကြောင့် ဖြစ် ပွားခဲ့ရသော ယာဉ်တိုက်မှု နှစ်မှု ဖြစ်ပွားခဲ့ကြောင်း အမြန်လမ်းရဲ တပ်ဖွဲ့မှူးရုံး၏ စာရင်းများတွင် ဖော်ပြထားသည်။

‘‘ယာဉ်ပိုင်ရှင်တွေကလည်း ငွေကြေးသိန်းပေါင်းများစွာ ရင်းထားရတဲ့အတွက် ကိုယ့် မောင်းကဘာလိုင်စင်ရထားသလဲဆိုတာကိုစိစစ်တာတွေကို အဓိကလုပ်သင့်တာပေါ့။  ခရီးသည်တွေ အန္တရာယ်ကို ကာကွယ်ဖို့ ယာဉ်ပေါ်မှာ တာဝန်ရှိသူက ဘယ်နေရာမှာတူရှိတယ်။ ဘယ်နေရာမှာ အသက်ကယ်အိတ်ရှိတယ်ဆိုတာ ကြိုလုပ်ပေးသင့်တယ်။ ခရီးသည်တွေအတွက် မိုးပြိုခဲ့သည်ရှိသောကာကွယ်မှုကို ကြိုလုပ်ထားသင့်တယ်’’ ဟု ရဲမှူးကြီးနေ၀င်းက ပြောသည်။

မေလအတွင်း ယာဉ်မောင်း များ သတ်မှတ်လိုင်စင်မဟုတ်ဘဲ မောင်းနှင်မှုကြောင့် ယာဉ်မောင်း ၁၀၆ ဦးကို ပြစ်မှုထင်ရှား၍ ယာဉ်မမောင်းနှင်ရန်အထိကို အရေးယူမှုများ ရှိနေကြောင်း၊ တိုးချဲ့စစ်ဆေးမှုများကိုပါ ဆောင်ရွက်သွားရန် စီစဉ်ထားကြောင်း သိရသည်။

Author: သူရကျော်
7DAY DAILY

Read More

ဓါတ်ပုံ - MOI Webportal Myanmar
  မိတ္ထီလာမြို့  ပြည်သာ ယာရပ်ကွက်ရှိ ဗိုလ်မှူးဟောင်း တစ်ဦးနေအိမ်တွင် အကြောင်း ရင်းမသိရသော အလိုအလျောက် မီးထတောက်မှုများ (၁၃)ကြိမ်ဖြစ်ပွားခဲ့ပြီး ပုဏ္ဏကတိုက်သည်ဟု မြို့ခံများအကြား ကောလာဟလ ထွက်နေကြောင်း သတင်းရရှိ သည်။

မေလ ၃၀ ရက်က စတင် ဖြစ်ပွားပြီး ဆရာတော်များဖြင့် ပရိတ်ရွတ်သော်လည်း ဆက် လက်ဖြစ်ပွားနေကာ နှစ်ရက်အ  တွင်း နေအိမ်ရှိ ပစ္စည်းများ အလို အလျောက် မီးလောင်မှု (၁၃)ကြိမ်ရှိပြီဖြစ်ကြောင်း သတင်းရရှိ သည်။

‘‘ဒီနေ့ နေ့ခင်းနှစ်နာရီအထိ တော့ လေးကြိမ်မီးလောင်တယ်။ အဝတ်အစားတွေ အများဆုံး လောင်တာပါ။ တန်ဖိုးကြီးပစ္စည်း တော့ မလောင်ပါဘူး။ ဖြစ်တဲ့အိမ် က လမ်းမကြီးဘေးမှာရှိနေတဲ့အ ပြင် လာကြည့်တဲ့လူတွေက များ တော့ လုံခြုံရေးစောင့်ပေးနေပါ တယ်။ အခုလည်း ကျွန်တော်တို့ အဲဒီအိမ်မှာပါ’’ဟု မိတ္ထီလာမြို့ အမှတ်(၃)ရဲစခန်းမှ တပ်ကြပ် ညီ ဝင်းထွန်းက မေလ ၃၁ ရက် ည ၁၀ နာရီခန့်တွင် ပြောသည်။

‘‘ဘာမှန်းတော့ ဂဃနဏ မသိဘူး။ အိမ်အထဲမှာပဲ နေရာအ စုံ ထတောက်တာ။ မျက်နှာကြက် ကလောင်လို့ မျက်နှာကြက်ပြားကိုဖြုတ်ပြီး အုတ်ကန်ထဲ ထည့်ထား တာ။ ခဏနေတော့ အဲဒီက ထ လောင်ပြန်တယ်။ အခုချက်ချင်း ကို လောင်နေတုန်း။ ကောက်ရိုး မီးလို ဖြစ်နေတယ်။ တချို့က အောက်လမ်းလို့ ပြောတယ်။ တချို့က ပုဏ္ဏကတိုက်တာလို့ ပြောတယ်။ အထဲမှာ ဘုန်းကြီး တစ်ပါးရောက်နေတယ်။ ပရိတ် ရွတ်နေတာလားမသိဘူး’’ ဟု အ ဆိုပါအိမ်ရှေ့သို့ သွားရောက် ကြည့်ရှုနေသည့် ဒေသခံတစ်ဦး က ဖုန်းဖြင့်ပြောသည်။

 အိမ်ခြံတံခါးနှင့် ပြတင်း ပေါက်များကို ပိတ်ထားသဖြင့် မြို့ခံများမှာ အိမ်ရှေ့တွင် စောင့် ကြည့်နေကြပြီး လူစည်ကားနေ သော ခြံတံခါးဝတွင် ရဲတစ်ဦး စောင့်နေသည်ဟုလည်း သိရ သည်။

‘‘ဗိုလ်မှူးဟောင်းရဲ့ အိမ်ပါ။ သူတော့ မနေဘူး။ သူ့အမေနဲ့ ညီ မတွေနေတယ်။ အခန်းထဲမှာရှိတဲ့ စောင်တွေ၊ ခြင်ထောင်တွေက မီး ထတောက်တယ်လို့ ပြောတယ်။ အကုန်လောင်သွားတာတော့ မဟုတ်ဘူး။ သွားကြည့်တဲ့သူတွေ အများကြီးနဲ့ စည်ကားနေတာ’’ ဟု ပြည်သာယာ (၃) လမ်းတွင် နေထိုင်သူတစ်ဦးက ပြောသည်။

           အဆိုပါ နေအိမ်သို့ ရဲမှူးကိုယ်တိုင် ရောက်ရှိနေပြီး ဖြေဆိုခွင့် မရှိသောကြောင့် အခြားအရာများ ကို မဖြေဆိုနိုင်ကြောင်း မိတ္တီလာ ရဲစခန်းမှ ရဲအုပ်တစ်ဦးက ဆက် သွယ်မေးမြန်းမှုကို ပြန်လည်ဖြေ ကြားသည်။

‘‘အခြေအနေက မီးလောင် နေတာမဟုတ်ဘဲ ဟိုတစ်ကွက် ဒီတစ်ကွက် ထလောင်နေတော့ လိုအပ်မှ မီးသတ်ကို ဖုန်းဆက် မယ်ပြောတယ်။ လူတွေကတော့ အများကြီးပဲ။ တစ်ခုခု အမှားလုပ် မိလားဆိုပြီးတော့ လူတွေက ပြောနေကြတယ်။ ငြိမ်းလိုက်၊ ထလောင်လိုက်ဖြစ်နေတာ’’ ဟု သွားရောက်ကြည့်ရှုခဲ့သည့် ကိုဝေ လွင်က ဆိုသည်။

တစ်နေ့လုံး မီးထတောက်မှု များ ခဏခဏဖြစ်ပွားနေသည့် အဆိုပါနေအိမ်ကို အကြောင်းရင်း သေချာစွာ မသိရှိရသေးသော် လည်း မီးမငြိမ်းသဖြင့် ည ၇ နာရီခွဲခန့်တွင်တော့ မီးသတ်ကားများ ရောက်ရှိလာကြောင်း သိရသည်။

‘‘ကျွန်တော်ကတော့ ဒါတွေ ကို အယုံအကြည်မရှိဘူး။ ယုံ လည်းမယုံဘူး။ ဒါကြောင့် သွား ကိုမကြည့်ဘူး’’ ဟု မိတ္ထီလာမြို့ နယ် ပြည်သူ့လွှတ်တော်ကိုယ်စား လှယ် ဦးဝင်းထိန်က ပြောသည်။

Author: ဥက္ကာကိုကို၊ အိဖြူမွန်

7DAY DAILY

Read More

မိတ္ထီလာမြို့၊ ပြည်သာယာ(တောင်) ရပ်ကွက်၊ (၃) လမ်းရှိ ဒေါ်မြင့်မြင့်စိုး၏ အိမ်အမှတ် (157) တွင် မေလ (၃၀) ရက်နေ့ နံနက်က အိမ်အတွင်းရှိ ဖက်လုံး၊ ခေါင်းအုံးနှင့် မွေ့ယာများ ထူးဆန်းစွာအလိုအလျှောက် မီးလောင်မှုဖြစ်ပွားနေသဖြင့် ဒေါ်မြင့်မြင့်စိုးအဖြစ် လူအများလာရောက် ၀ိုင်းအုံကြည့်ရှုနေကြသည်။

ဖြစ်ပွားပုံမှာ ဒေါ်မြင့်မြင့်စိုး၏(၂)ထပ်တိုက်၏ အောက်ထပ်ရှိ ၄င်း၏မိခင်ဒေါ်စောလှ အိပ်သည့် အခန်းအတွင်းရှိ ခေါင်းအုံးနှင့် စောင်မှာ လူမအိပ်သည့်အခန်းအတွင်းမှ ဖက်လုံးနှင့် လိုက်ကာ အလိုအလျောက်လောင်ကျွမ်းသဖြင့် အိမ်နီးချင်း ဦးထွန်းငြိမ်းနှင့် အိမ်ရှင် ဒေါ်မြင့်မြင့်စိုးက ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးသိန်းဝင်းထံ အကြောင်းကြား၍ ရပ်ကွက်အုပ်ချုပ်ရေးမှူး ရောက်ရှိနေစဉ် ၁၂း၃၀ နာရီခွဲအချိန်တွင် အိမ်အပေါ်ထပ်ရှိ ဖက်လုံးနှင့် ခေါင်းအုံးမီးလောင်ရာ အိမ်ရှင်နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့က ၀ိုင်းဝန်းငြိမ်းသက်လိုက်ကြရသည်။ အိမ်ပိုင်ရှင် ဒေါ်မြင့်မြင့်စိုး၏ ထွက်ဆိုချက်အရ မီးလောင်ကျွမ်းခဲ့သည့်ပစ္စည်းများသည် မည်သူတစ်ဦးတစ်ယောက်မှ မီးရှို့ခြင်းမဟုတ်ဘဲ အလိုအလျောက် မီးစွဲတောက်လောင်ခဲ့ခြင်းဖြစ်သည်ဆို၏။

မီးလောင်သည့်အကြောင်းအရင်းအဖြစ်အမှန်အား သိရှိရန် မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်ဆန်းနှင့် မီးသတ်တပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေးနေစဉ် (၃း၂၀)အချိန်တွင် အပေါ်ထပ်ကုတင်ပေါ်ရှိ စောင်နှစ်ထည်မှာ အလိုအလောက်မီးအနည်းငယ်လောင်ကျွမ်းခဲ့သည်။ (၃း၃၀)အချိန်တွင် ခုံတန်းလျားပေါ်တွင် တင်ထားသည့် ဖက်လုံးမှာ အလိုအလျောက်မီးအနည်းငယ် ထပ်မံလောင်ကျွမ်းခဲ့သည်။ (၄း၄၀)နာရီတွင် အောက်ထပ်လူမနေသော အိပ်ခန်း၌ အ၀တ်ထားသည့် စင်ပေါ်ရှိ လုံချည်မှာ အလိုအလျောက်မီးအနည်းငယ်ထပ်မံလောင်ကျွမ်းခဲ့သည်။ (၆း ၄၅)နာရီအချိန်တွင် အုတ်ရေကန်အနီး မီးဖိုမျက်နှာကျက်မှ ဖြုတ်ချထားသော ပလပ်စတစ်ပီနံစ အနည်းငယ်မီးထပ်မံလောင်ကျွမ်းသဖြင့် မီးသတ်ဆေးဘူးဖြင့် ငြိမ်းသတ်းခဲ့ရသည်။

မေလ (၃၀)ရက်နေ့က အလိုအလျောက် မီးကိုးကြိမ်လောင်ကျွမ်းခဲ့သဖြင့် အိမ်ရှင်ဒေါ်မြင့်မြင့်စိုးက တောင်ပုလုလမ်း သစ္စာပြုဆရာတော် အမှူးပြုသော ပင့်သံဃာငါးပါးအား ပင့်ဖိတ်၍ နေအိမ်တွင် ပဋ္ဌာန်းရွတ်ဖတ်ပူဇော်ရာ ဆရာတော်များ ပဋ္ဌာန်းရွတ်ဖတ်ချိန်မှစ၍ နောက်ပိုင်းတွင် အလိုအလျောက်မီးလောင်ကျွမ်းမှုများ ဖြစ်ပွားခြင်းမရှိတော့ချေ။
မီးလောင်မှုဖြစ်ပွားကြောင်းသတင်းအရ မီးလောင်မှုဖြစ်ပွားသောနေရာသို့ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမောင်ရွှေ၊ ဒုမြို့အုပ်ချုပ်ရေးမှူးဦးမျိုးမင်း၊ အမှတ်(၃)စခန်းမှူး ရဲအုပ်လေးအောင်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးသိန်းဝင်းနှင့်အဖွဲ့က သွားရောက်စစ်ဆေးခဲ့သည်။ မီးလောင်ကျွမ်းသည့် အိမ်တွင် မေလ (၃၀)ရက်နေ့က မီးငြိမ်းသတ်ရေးလုပ်ငန်းများ လုပ်ကိုင်ရန် သန္ဓေမီးသတ် ၂ ဦး၊ အရန်မီးသတ် ၈ ဦး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် ၂ ဦးတို့ ညလုံခြုံရေးအတွက် ကူညီစောင့်ရှောက်ပေးခဲ့သည်။

မေလ (၃၁)ရက်နေ့ နံနက်တွင် အလိုအလျောက်မီးလောင်မှု သုံးကြိမ်ဖြစ်ပွားခဲ့သည်။ မီးလောင်ရာအိမ်သို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးလှိုင်၊ မြို့နယ်ဖွဲ့ဖြိုးတိုးတက်ရေးအထောက်အကူအဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝင်များ လာရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။
မီးလောင်သည့်တိုက်အိမ်မှာ အမွေဆိုင်တိုက်ဖြစ်ပြီး ပုဏ္ဏကအတိုက် အခံဖြစ်ဖြစ်ကြောင်း ပြောဆိုနေကြသည်။ ထို့အပြင် ယခင်သုံးလခန့်ကလည်း သိန်း(၅၀)ပေးရန် ခြိမ်းခြောက် ခံရသော အိမ်ဖြစ်သည်ဆို၏။ ယခုမီးမလောင်ခင် အိမ်ရှိ ခွေးငယ်ကလေးမှာ ထူးဆန်းစွာဟောင်ပြီး မကြာမီ မီးလောင်ခဲ့ခြင်းဖြစ်သည်ဆို၏။

ဤကဲ့သို့ ထူးဆန်းအံ့သြဖွယ်မီးလောင်မှုကို တစ်မြို့လုံးက ကားများ၊ ဆိုင်ကယ်များဖြင့် စိတ်ဝင်တစား လာရောက်ကြည့်ရှုနေကြသည်။

ဦးတင်လှိုင်(မိတ္ထီလာ)

News Watch(စောင့်ကြည့်သတင်းဂျာနယ်)

Read More

နေပြည်တော်၊ မေ ၃၁

နိုင်ငံတော်နှင့် နိုင်ငံသားများ၏ ရေရှည် အကျိုးစီးပွားကို ဖော်ဆောင်နိုင်ရန် နိုင်ငံသား အမည်ခံ နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှုများကို မြန်မာ့ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်က ဖော်ထုတ် အရေးယူသွားမည် ဖြစ်ကြောင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဝင်းရှိန်က ပြောကြားသည်။

မေလ ၃၀ ရက်နေ့က ပြုလုပ်သော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ကန်ပက်လက် မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် သူရဦးအောင်ကိုက နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံမှု စီးပွားရေး လုပ်ငန်းများတွင် မြန်မာနိုင်ငံသား အမည်ခံ နိုင်ငံခြားသားများကို ဖော်ထုတ် အရေးယူပေးရန် ပါဝင် ပတ်သက်သော တာဝန်ရှိသူများကို အရေးယူပေးရန် မေးမြန်းခြင်းနှင့် ပတ်သက်ပြီး ပြည်ထောင်စုဝန်ကြီးက အထက်ပါအတိုင်း ပြန်လည် ဖြေကြားခဲ့ခြင်း ဖြစ်သည်။

၂၀၁၁ ခုနှစ်တွင် ထုတ်ပြန်ခဲ့သော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေအရ နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံသူများကို အစိုးရထံမှဖြစ်စေ၊ ပုဂ္ဂလိကထံမှဖြစ်စေ မြေငှားရမ်းကာ ရင်းနှီးမြှုပ်နှံမှု ပြုခဲ့ခြင်းကြောင့် နိုင်ငံသားအမည်ခံ ရင်းနှီးမြှုပ်နံမှု ၂၉ ခုမှာ နိုင်ငံခြားရင်းနှီးမြှုပ်မှု အဖြစ် ကူးပြောင်းခဲ့ကြောင်း၊ အထည်ချုပ်လုပ်ငန်းများတွင် နိုင်ငံသားအမည်ခံ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ရှိသည်ဟု သံသယ ရှိသည့်အတွက် အဆိုပြုလွှာ လျှောက်ထားသော အထည်ချုပ်လုပ်ငန်းများကို ပေးပို့ စိစစ်ခြင်း၊ အထည်ချုပ်လုပ်ငန်းရှင်များ အသင်းနှင့် တစ်နိုင်ငံလုံးရှိ စက်မှုဇုန်ကြီးကြပ်ရေး ကော်မတီများထံမှ သံသယဖြစ်ဖွယ် ရှိသည့် လုပ်ငန်းများစာရင်းကို တောင်းယူပြီး ကွင်းဆင်း စစ်ဆေးခြင်းကို ပြုလုပ်လျက် ရှိကြောင်း ပြည်ထောင်စုဝန်ကြီးက ဆိုသည်။

“ဌာနဆိုင်ရာပိုင်းက တာဝန်ရှိသူများ ပါဝင်ပတ်သက်မှုတွေကို သတင်းရရှိခြင်း၊ သိရှိရခြင်းတွေကို တိတိကျကျ ဖော်ထုတ် အကြောင်းကြား ပေးစေလိုပါတယ်၊ မေတ္တာရပ်ခံပါတယ်” ဟု ဦးဝင်းရှိန်က ပြောကြားသည်။

နိုင်ငံသားအမည်ခံ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကြောင့် ရသင့်ရထိုက်သော အခွန်မရရှိခြင်း၊ ငွေကြေးခဝါချခြင်း၊ မြန်မာလုပ်သားများ အခွင့်အရေး အပြည့်အဝ မရခြင်း၊ လုပ်ငန်းတူ နိုင်ငံသား လုပ်ငန်းများ ထိခိုက်ခြင်း၏ အဂတိလိုက်စားခြင်း စသော ဆိုးကျိုးများ ဖြစ်စေကြောင်း ကန်ပက်လက် မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် သူရဦးအောင်ကိုက ပြောကြားသည်။

The Voice Weekly

Read More

 မြန်မာ-ဘင်္ဂလား ဒေ့ရှ်နယ်စပ်တစ်လျှောက် RSO သောင်းကျန်းသူ လက်နက်ကိုင် များနှင့် မြန်မာနယ်စပ်လုံခြုံရေး တပ်ဖွဲ့ဝင်များအကြား တိုက်ပွဲ များဖြစ်ပွားနေ၍ ဘင်္ဂလားဒေ့ရှ်နယ်စပ်အနီးရှိ ကျေးရွာများမှ ရွာခံများမှာ မောင်တောမြို့ပေါ်သို့ ပြောင်းရွှေ့လာကြကြောင်း သတင်းရရှိသည်။

ပြောင်းရွှေ့လာသည့် ကျေး ရွာမှာ မောင်တောမြို့နယ်မြောက် ပိုင်း ဘင်္ဂလားဒေ့ရှ်နယ်စပ်အနီး ရချင်းချောင်းကျေးရွာမှ အိမ် ထောင်စုများဖြစ်ပြီး မေလ ၂၉ ရက်က အိမ်ထောင်စုလေးစု၊ လူဦးရေ ၁၈ ဦးမှာ ဝေသာလီ၊ ကန်ပြင်သာစည်နှင့် သရေကုန် ဘောင်ကျေးရွာများရှိ ဆွေမျိုးများ နေအိမ်တွင် ယာယီနေထိုင်နေကြကြောင်း သိရသည်။

‘‘အဓိက ကတော့ အသက် အန္တရာယ်  စိုးရိမ်တဲ့အတွက် ပြောင်းလာကြတာဖြစ်ပါတယ်။ ရွာမှာ အိမ်ထောင်စုက ၁၅ စုပဲရှိ ပါတယ်။  အဲဒီအထဲမှာ အိမ် ထောင်စုလေးစု  ပြောင်းရွှေ့လာ ကြတာဖြစ်ပါတယ်။ ဝေဘာလီမှာ နှစ်စု၊ ကန်ပြင်သာစည်မှာ တစ်စု၊ သရေကုန်ဘောင်မှာတစ်စု ဆွေ မျိုးအိမ်တွေမှာ ယာယီနေထိုင်နေ တာဖြစ်ပါတယ်’’ဟု ပြောင်းရွှေ့ လာသူတစ်ဦးက ပြောသည်။

မောင်တောမြို့နယ် မြောက် ပိုင်း မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ် စပ်တစ်လျှောက်တွင် RSOသောင်းကျန်းသူလက်နက်ကိုင်များနှင့် မြန်မာနယ်စပ်လုံခြုံရေး တပ်ဖွဲ့ဝင်များအကြား တိုက်ပွဲဖြစ်ပွားမှုမှာပိုမိုများပြားလာပြီး တိုက်ပွဲဖြစ်ပွားရာ နေရာအနီးရှိ ကျေးရွာများမှာ လမ်းပန်းဆက်သွယ်ရေးခက်ခဲသည့် ကျေးရွာများဖြစ်သည်။

Author: မောင်ကံ
7DAY DAILY

Read More

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်ခြားမျဉ်းကို ကာကွယ်စောင့်ရှောက်နေသည့် မြန်မာ နယ်ခြားစောင့်ရဲတပ်ဖွဲ့၏ နောက် တွင် တပ်မတော်က အသင့်ရှိနေ ပြီး မည်သည့်ကျူးကျော်လာသော ရန်ကိုမဆို ပြန်လည်တုံ့ပြန်နိုင် သည့် အင်အားအပြည့်အ၀ရှိ ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန မှ တာဝန်ရှိသူတစ်ဦးက ပြော ကြားသည်။

‘‘အင်အားကို နာရီပိုင်းအ တွင်း တိုးမြှင့်နိုင်တဲ့အနေအထား ရှိပါတယ်။ အခြေအနေကတော့ သူတို့အပေါ်မှာပဲ မူတည်ပါတယ်။ သူတို့ ရိုးသားလို့ရှိရင်တော့ အဆင်ပြေမှာပါ။ သူတို့ဘက်က နိုင်ငံရေးအမြတ်ထုတ်ရင်တော့ တစ်မျိုးပေါ့’’ဟု ကာကွယ်ရေးဝန်ကြီးဌာနမှ ဗိုလ်မှူးကြီး အဆင့်တာဝန်ရှိသူအရာရှိကြီး တစ်ဦးက7 Day Daily အား ပြောကြားသည်။

ယခုလတတိယပတ် နံနက် ၉ နာရီ ၇၀ မိနစ်က ရိုဟင်ဂျာ သွေးစည်းညီညွတ်ရေးအဖွဲ့ (RSO)အင်အား ခြောက်ဆယ်ခန့်သည် မောင်တောမြို့နယ် နယ်စပ် မိုင်တိုင်အမှတ် (၅၂) အနီး ကင်း စခန်းကို ၀င်ရောက်ပစ်ခတ်တိုက် ခိုက်မှုကြောင့် မြန်မာနယ်ခြား စောင့်ရဲတပ်ဖွဲ့မှ ရဲတပ်သား လေးဦးကျဆုံးကာ အရာရှိတစ်ဦးဒဏ်ရာရ၍ လက်နက်နှစ်လက်ပျောက်ဆုံးခဲ့သည့်ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့သည်။

အဆိုပါဖြစ်စဉ်နှင့် ပတ် သက်၍ မေလ ၂၁ ရက်က နယ် စပ်မှတ်တိုင် (၅၁) အနီး ရဲကင်း တစ်ခုတွင် နယ်ခြားစစ်တပ်နှစ် ဖက်တွေ့ဆုံဆွေးနွေးရာ ဘင်္ဂ လားဒေ့ရှ်မှ တာဝန်ခံမှုမရှိသောကြောင့် နှစ်ဖက်တင်းမာမှု ဖြစ်ပွားပြီး တစ်ဖက်နှင့် တစ်ဖက် ခြောက်လှန့်ပစ်ခတ်သည်အထိ ဖြစ်ခဲ့သည်။

မေလ ၂၈ ရက်တွင် မြန်မာ ပိုင်နက်နယ်စပ် ပေ ၈၀ ခန့် အ ကွာအဝေးအထိ အ၀ါရောင် ပြောက်ကျားဝတ်စုံဝတ်ဆင်ထား သည့် လက်နက်ကိုင်တပ်ဖွဲ့ဝင် နှစ်ဦး ခိုးဝင်လာသောကြောင့် ကင်းပုန်းဝပ်ကာ လုံခြုံရေးယူနေ သည့် တပ်ဖွဲ့က ပစ်ခတ်ခဲ့၍ ခိုးဝင်လာသည့် လက်နက်ကိုင်တစ်ဦး ကျဆုံးခဲ့သည်။

ထိုအခါမှ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့က ကျဆုံး သွားသည့် လက်နက်ကိုင်မှာ ၎င်း တို့တပ်ဖွဲ့ဝင်ဖြစ်ကြောင်း အ ကြောင်းကြား၍ လက်နက်နှင့် အတူ ပြန်လည်အပ်နှံရန် တောင်း ဆိုခဲ့ရာ မေလ ၃၁ ရက် နံနက်တွင် အလောင်းနှင့် သေနတ်ကို ပြန်လည်လွှဲပြောင်းပေးခဲ့ကြောင်းနယ်ခြားစောင့်ရဲတပ်ဖွဲ့အမှတ် (၁) မှ သတင်းရရှိသည်။

‘‘ဟိုဘက်က အဖွဲ့ကတော့ RSO ဆိုတာ သေချာတယ်။ ဟို ဘက်က အားပေးထောက်ခံမှုပါ လားဆိုတာတော့ ပြောရခက် တယ်။ သူတို့ကတော့ သူတို့နိုင်ငံ ထဲမှာ မရှိပါဘူးငြင်းထားတာပဲ။ သူတို့ခွင့်မပြုဘဲ RSO က သူတို့ နိုင်ငံထဲမှာ နေလို့မရပါဘူး။ ခြံ စည်းရိုးနားကပ်လာတယ်ဆိုက တည်းက ကိုယ့်ပိုင်နက်ထဲကပ် လာတာပါပဲ’’ဟု ကာကွယ်ရေး ၀န်ကြီးဌာနမှ အရာရှိကြီးတစ်ဦး ကပြောသည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာန ချုပ်မှ ဒုတိယရဲမှူးကြီးမင်းအောင် ကလည်း ‘‘သဘောရိုးမှန်ရင် သောင်းကျန်းသူရှိတဲ့ နေရာကို ၀င်လာစရာအကြောင်းမရှိဘူး လေ။ မတည်မငြိမ်ဖြစ်နေတဲ့ နေ ရာကို ၀င်လာတာကြောင့် နယ်စပ်လုံခြုံရေးအရပစ်ခဲ့ပြီး သေဆုံး တော့မှသာ သူတို့လူလို့ ပြောတာ ပါ’’ဟု မှတ်ချက်ပေးထားသည်။

လွန်ခဲ့သည့် ရခိုင်ပဋိပက္ခ ဖြစ်စဉ်များကတည်းက စစ်တပ် ကို ရခိုင်ပြည်နယ်တွင် တိုးမြှင့် ချထားပေးပြီး ပင်လယ်ပြင်ရှိ ရေ တပ်စခန်းဌာနချုပ်တွင်လည်း ဒုံး ပျံတင်သင်္ဘောများ အသင့်အနေ အထားဖြင့် အမြဲရှိနေကာ မြန်မာ့ တပ်မတော်(ရေ)ကလည်း ရေပြင်ပစ်သင်္ဘောဖျက် ပဲ့ထိန်းဒုံးကျည်တစ်လုံးကို ဘင်္ဂလားပင်လယ်အော်တွင် ပထမဆုံးအကြိမ် စမ်းသပ်ပစ်ခတ်ပြခဲ့သည်။

‘‘ပိုင်နက်ကိစ္စနဲ့ ပတ်သက် လာရင် မြန်မာ့ရေထု၊ မြေထုကို တစ်လက်မမှ အထိမခံဘူးလို့ တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်က သဘောထားရှိပါတယ်။ အဲဒီအတွက် တပ်ချုပ်က အ ကောင်းဆုံးစီစဉ်သွားမှာပါ’’ဟု ကာကွယ်ရေးဝန်ကြီးဌာနမှ ဗိုလ် မှူးကြီးတစ်ဦးကပြောသည်။

နိုင်ငံတော်သမ္မတရုံး ညွှန် ကြားရေးမှူး ဦးဇော်ဌေးကလည်းဖြစ်ပွားခဲ့သော ဖြစ်စဉ်တွင် မိမိနိုင်ငံ လုံခြုံရေးတပ်ဖွဲ့များ အမှားအယွင်း တစ်စုံတစ်ရာ မရှိခဲ့ ကြောင်း၊ မိမိနိုင်ငံပိုင်နက်နယ်မြေ သို့ ၀င်ရောက်လာသည့် RSO ဟု ယူဆရသော လက်နက်ကိုင်များ သာဖြစ်ကြောင်း၊ မိမိတပ်ဖွဲ့များ အမှားမရှိပါဘဲ လက်မောင်းတံ ဆိပ်မပါ ပြောက်ကျားဝတ်စုံ အ၀ါဝတ်လက်နက်ကိုင်များ မိမိနယ် မြေသို့ ၀င်ရောက်လာ၍ ဖြစ်ပွား ရခြင်းသာဖြစ်ကြောင်း၊ နှစ်နိုင်ငံ အထင်လွဲမှားမှုမရှိစေရန် သံတ မန်နည်းလမ်းဖြင့် ဖြေရှင်းနိုင်မည် ဟု မျှော်လင့်ထားကာ စိုးရိမ်ပူပန် မှုများမရှိစေလိုကြောင်း ၎င်း၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ရေး သားထုတ်ပြန်ခဲ့သည်။

ဘူးသီးတောင်-မောင်တောဒေသကို ယခင်မူဂျာဟစ် သူပုန်အဖွဲ့မှ နာမည်ပြောင်းခဲ့သည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ RSO အဖွဲ့က လက်နက်အပြည့်အစုံဖြင့် ခြေကုပ်ယူထားမှုကြောင့် ၁၉၉၄ ခုနှစ်တွင် ဒုတိယဗိုလ်မှူးကြီးမောင်ကို ဦးဆောင်၍ ခြေမြန်တပ်ရင်း (၃၄၆) က မောင်တောမြို့နယ် အလယ်သံကျော်ကျေးရွာအနီးတစ်ဝိုက်နှိမ်နင်းချေမှုန်းမှုများပြုလုပ် ခဲ့ရသည့် သမိုင်းကြောင်းရှိခဲ့ဖူးသည်။

‘‘အဲဒီတုန်းက ရခိုင်ရိုးမမှာ တောတောင်တွေ ထူထပ်တယ်။ ကျွန်တော်တို့က ပုတ်ပြတ်စစ်ဆင် ရေးနဲ့ချခဲ့တာ။ တစ်လခွဲလောက် ကြာခဲ့တယ်။ နောက်ဆုံးနတ်မြစ် ကို လက်ပစ်ကူးပြီး ထွက်ပြေးတဲ့ သူတွေလည်းရှိတယ်။ အဓိကက တော့ ဘူးသီးတောင် - မောင် တောကို သူတို့ခြေကုပ်ယူချင် တာ’’ဟု ယင်းစစ်ဆင်ရေးတွင် ပါဝင်ခဲ့သည့် တပ်မတော်အရာ ရှိတစ်ဦးကပြောပြသည်။

ယင်းအချိန်က RSO အဖွဲ့ ၀င်တစ်ရာနီးပါးနှင့် တင့်ကား ဖျက်၊ လေယာဉ်ဖျက်လက်နက် များအပါအ၀င် လက်နက်ခဲယမ်း အမြောက်အမြားကို အလယ်သံ ကျော်ကျေးရွာအနီး လျှိုမြောင် များအတွင် မြန်မာ့တပ်မတော်က သိမ်းဆည်းရမိခဲ့သည်။ ထိုစဉ်ကလည်း ဘင်္ဂလား ဒေ့ရှ်အစိုးရသည် ယင်းဖြစ်စဉ်နှင့်  ပတ်သက်၍ မှတ်ချက်တစ်စုံတစ် ရာမပေးခဲ့ပေ။

ယခုလတ်တလောတွင် မြန် မာ-ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံအရေး ကို လူအများစိတ်ဝင်စားမှုမြင့် တက်နေပြီး လူမှုကွန်ရက်အွန် လိုင်းစာမျက်နှာများတွင် တက်ကြွသည့် စာသားများကို ရေးသား လျက်ရှိသည့်အပြင် ကောလာဟ လသတင်းမှား လွှင့်ထုတ်မှုများ လည်းရှိနေခဲ့သည်။

မေလ ၃၀ ရက်က ဘင်္ဂလား ဒေ့ရှ်ပိုင်နက် နတ်ချောင်းစရီရဲစ ခန်းတွင် သေဆုံးသူရုပ်အလောင်းနှင့် လက်နက်ကို မြန်မာနယ်ခြားစောင့်ရဲက ပြန်အပ်စဉ် ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်က တင့်ကား ခြောက်စီးဖြင့် အင်အားပြသည့် ပုံစံမျိုးပြုလုပ်ခဲ့ကြောင်း အမှတ် (၁) နယ်ခြား စောင့်လုံခြုံရေးရဲအရာရှိတစ်ဦးကပြောသည်။ ယင်းညနေက ၄၅ မိနစ်ကြာမျှ ပစ်ခတ်မှု အမှန်တကယ်ဖြစ်ပွားခဲ့ပြီး တစ်ဖက်နှင့် တစ်ဖက်စကားပြောစက်နှင့် ချိတ်ဆက်၍ တိုက်ပွဲကို ရပ်တန့်ခဲ့ရကြောင်း သိရသည်။

‘‘အလောင်းအပ်ဖို့လုပ်နေ တုန်း ဘယ်အဖွဲ့မှန်းမသိရတဲ့ လက်နက်ကိုင်အဖွဲ့ကနေ သေ နတ်နဲ့စပစ်တယ်။ ဒီဘက်က လည်း ပြန်ပစ်တော့ BGB ဒုတိယ ဗိုလ်မှူးကြီးတစ်ယောက်က တိုက် ပွဲရပ်ဖို့ စက်နဲ့ လှမ်းပေါက်တယ်။ ထိခိုက်ဒဏ်ရာရတာတော့ မရှိခဲ့ ဘူး။ ပစ်ခတ်မှုမဖြစ်ခင်မှာ အ လောင်းရော၊ သေနတ်ရော ပေး ထားပြီးလို့ နောက်ထပ်ဇယား မရှုပ်တော့တာ။ ဒီနေ့ကတော့ ငြိမ်နေတယ်’’ဟု အဆိုပါရဲအရာရှိ ကပြောသည်။

 ထို့အပြင် နယ်စပ်တစ် လျှောက် ဘင်္ဂလားဒေ့ရှ်နယ်ခြား စောင့်ရဲတပ်ဖွဲ့က အင်အားတိုးချဲ့ ထားသည့် သတင်းများအခိုင်အ မာရရှိထားကြောင်း အနောက် ပိုင်းတိုင်း စစ်ဌာနချုပ်နှင့် နီးစပ် သည့် တပ်မတော်အရာရှိတစ်ဦး ကပြောသည်။ ထို့အပြင် မောင် တောနယ်စပ်တစ်လျှောက် ဘင်္ဂ လားဒေ့ရှ်ဘက်ခြမ်းတွင် ပုံမှန် ထက်ပိုသော လှုပ်ရှားမှုများတွေ့ နေရပြီး မောင်တောဒေသလုံခြုံ ရေးအတွက် အသင့်အနေအထား ရှိနေရန် ညွှန်ကြားထားသည်ကို သိရကြောင်း ကာကွယ်ရေးဝန် ကြီးဌာနမှ အရာရှိတစ်ဦးက ပြော ပါသည်။

Author: ဥက္ကာကိုကို / အောင်သစ်လွင်
7DAY DAILY

Read More

ထိုင်းစစ်တပ် အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်ကြီး Prayuth Chan-ocha
ထိုင်းစစ်တပ် အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်ကြီး Prayuth Chan-ocha
ထိုင်းနိုင်ငံမှာ အရပ်သားအုပ်ချုပ်ရေးပြန်ရဖို့အတွက် ရွေးကောက်ပွဲတွေ ပြန်ကျင်းပနိုင်ဖို့က အနည်းဆုံး အချိန်တနှစ်လောက် လိုဦးမယ်လို့ ထိုင်းစစ်တပ် ခေါင်းဆောင်က ပြောသွားခဲ့ပါတယ်။ ရွေးကောက်ပွဲ မကျင်းပခင်မှာ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှု ဖြစ်ပေါ်ရမယ်လို့ ဗိုလ်ချုပ်ကြီး Prayuth Chan-Ocha က သောကြာနေ့ညကပဲ ရုပ်မြင်သံကြားနေ မိန့်ခွန်းပြောသွားတာပါ။

သူ့ရဲ့မိန့်ခွန်းတခုလုံးနီးပါးမှာတော့ ထိုင်းနိုင်ငံစီးပွားရေးက အားကောင်းခိုင်မာပါတယ်၊ ရင်းနှီးမြှုပ်နှံသူတွေအနေနဲ့ ဆက်ပြီး ယုံကြည်စိတ်ချထားလို့ ရပါတယ်လို့ ပြောသွားတာပါ။ ဒါပေမယ့် သူ့အဆို နိုင်ငံရေးပဋိပက္ခဟာ အရပ်သားအုပ်ချုပ်မှုကို ပြန်သွားဖို့ လုပ်ငန်းစဉ်ကို နှောင့်နှေးစေမှာ ဖြစ်တယ်လို့ဆိုပြီး သူအရင်တပတ်က ဦးဆောင်ခဲ့တဲ့ စစ်အာဏာသိမ်းတာကို ဆန့်ကျင်ဆန္ဒပြနေ ကြတာတွေ ရပ်လိုက်ဖို့ ဗိုလ်ချုပ်ကြီး Praayuth က သတိပေးသွားပါတယ်။

ဒီအတောအတွင်းမှာပဲ ထိုင်းနိုင်ငံမှာ ဖမ်းဆီးထားသူတွေကို ပြန်လွှတ်ပေးပြီး အထွေထွေရွေးကောက်ပွဲတွေ ချက်ခြင်း ကျင်းပပေးဖို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Chuck Hagel က အာဏာသိမ်း စစ်ခေါင်းဆောင်တွေကို တောင်းဆိုလိုက်ပါတယ်။

နိုင်ငံရေးကိစ္စ လူငါးယောက်ထက်ပိုပြီး မစုဝေးဖို့ ပိတ်ပင်ထားတာနဲ့ သတင်းမီဒီယာအပေါ် တင်းတင်းကျပ်ကျပ် ထိန်းချုပ်ထားတာတွေအပါအဝင် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို ကန့်သတ်ထားတာ အဆုံးသတ်ဖို့လည်း စင်္ကာပူနိုင်ငံမှာ ကျင်းပနေတဲ့ အာရှ ဒေသလံခြုံရေးဆိုင်ရာ Shangari La ဆွေးနွေးပွဲအတွင်း မစ္စတာဟေဂဲလ်က တောင်းဆိုခဲ့ပါတယ်။ 
 
ဗွီအိုအေ (မြန်မာဌာန) 

Read More

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် တာဝန်က အနားယူသွားပြီဖြစ်တဲ့ မစ္စတာ Quintanaမြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် တာဝန်က အနားယူသွားပြီဖြစ်တဲ့ မစ္စတာ Quintana
မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်အဖြစ် ၆ နှစ် တာဝန်ယူခဲ့သူ သောမတ်စ် အိုဟေး ကင်တားနားဟာ မေလ ၃၀ ရက်နေ့က သူ့ရဲ့သက်တမ်း ကုန်ဆုံးသွားပြီဖြစ်ပြီး သူ့နေရာကိုတော့ တောင်ကိုရီးယား နိုင်ငံသူ မစ္စ် ယန်ဟီးလီ က စတင် တာဝန်ယူလိုက်ပြီ ဖြစ်ပါတယ်။ မစ္စတာ ကင်တားနားအနေနဲ့ သူတာဝန်ယူခဲ့စဉ် ကာလအတွင်း မြန်မာနိုင်ငံမှာ တိုးတက်ပြောင်းလဲမှုတွေကို မျက်မြင် တွေ့ခဲ့ရသလို လူ့အခွင့်အရေးအရ စိုးရိမ်စရာတွေ ကျန်နေသေးတဲ့အပေါ်မှာ ကျေနပ်အားရမှု မရှိသေးဘူးလို့ ဗွီအိုအေကို ပြောကြားပါတယ်။ မစ္စတာ ကင်တားနားရဲ့ အခုလို ပြောဆိုချက်တွေအပေါ်မှာ မစ္စတာ ကင်တားနားနဲ့ ထိတွေ့ ဆက်ဆံခဲ့ဖူးသူနဲ့ နယ်ပယ်အသီးသီးက ပုဂ္ဂိုလ်တွေရဲ့ အမြင်အမျိုးမျိုးကို မဆုမွန်က စုစည်းတင်ပြထားပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေးအထူးကိုယ်စားလှယ် သောမတ်စ်အိုဟေးကင်တာနားအနေနဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်နဲ့ ပူးပေါင်းလုပ်ဆောင်မှုတွေမှာ လက်ကမ်းကြိုဆိုစရာ ဆောင်ရွက်ချက်ကောင်းတွေရှိပေမယ့်လို့ တချို့ဖြစ်စဉ်တွေမှာ ပကတိ အခြေအနေတွေနဲ့ ကင်းကွာမှုရှိတယ်လို့ မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင် အတွင်းရေးမှူးဦးစစ်မြိုင်က သုံးသပ်ပါတယ်။

“လူ့အခွင့်အရေးဆိုင်ရာ အထူးအစီရင်ခံစာ ရေးသားသူ မစ္စတာကင်တားနားနဲ့ ကျနော်တို့နဲ့တော့ ကျနော်တို့ ကော်မရှင်ဖွဲ့ပြီးတဲ့နောက်မှာ ၃ ကြိမ်ခန့်ပေါ့- သူ မြန်မာနိုင်ငံကိုလာရောက်တိုင်း ကျနော်တို့နဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ တချို့က သူ့ရဲ့အကြံပြုတိုက်တွန်းချက်တွေနဲ့ ကျနော်တို့ ကော်မရှင်အတွက် မြန်မာနိုင်ငံရဲ့လူ့အခွင့်အရေးနဲ့ ပတ်သက်တဲ့ သူ့ရဲ့ အထူးသဖြင့်တော့ - လူ့အခွင့်အရေး ကာကွယ်ရေးနဲ့ပတ်သက်တဲ့ ဆောင်ရွက်ချက်တွေ အနေနဲ့လည်း ကျနော်တို့အနေနဲ့တော့ လက်ကမ်းကြိုဆိုတာတွေလည်း ရှိပါတယ်။ တဖက်ကတော့လည်း တခါတရံမှာတော့ ကျနော်တို့အမြင်တော့လည်း ဒိထက်ပိုပြီးတော့ မှန်ကန်တဲ့ အမြင်သဘောထားလေးတွေ၊ မြေပြင်အခြေအနေရဲ့ တကယ့် ပကတိအရှိတရားလေးတွေနဲ့များ အနည်းငယ် ကွာဟမှု ရှိသလား ဆိုတာလေးတော့ ရှိပါတယ်။  ဒါပေမယ့်လည်း ကျနော့်အနေနဲ့ပြောရရင်တော့ ကျနော်တို့ ကော်မရှင်နဲ့ မစ္စတာ ကင်တာနားနဲ့ထိတွေ့တဲ့အပိုင်းမှာတော့ တော်တော်လေး အပြုသဘောဆောင်တဲ့သဘောမျိုး ကျနော်တို့ တွေ့ရှိရပါတယ်ဗျ။”

လူ့အခွင့်အရေးအထူးကိုယ်စားလှယ်အဖြစ် တာဝန်ယူခဲ့ချိန်အတွင်း ကုလသမဂ္ဂက စေလွှတ်ခဲ့တဲ့ သူအဖြစ် နိုင်ငံရေးအင်အားစုတွေနဲ့ ပြည်သူအများက အားကိုးယုံကြည်မှုတွေရှိခဲ့ပေမဲ့ မစ္စတာကင်တာနားရဲ့ လုပ်ဆောင်ချက်တွေဟာ သိပ်ခရီးမရောက်ခဲ့ဘူးလို့ သုံးသပ်သူကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လွှတ်တော်ကိုယ်စားလှယ် ဗိုလ်ကြီးဟောင်းဦးဝင်းထိန်ပါ။

“ကုလသမဂ္ဂကို ကိုယ်စားပြုပြီးရောက်တဲ့ပုဂ္ဂိုလ်ဆိုတော့ အန်ကယ်လ်တို့က အများကြီးအားကိုးတာပေါ့။ ဒါပေမယ့် ခရီးရောက်မှုက သိပ်တော့ မရှိဘူးလို့ ယူဆတယ်။ သံတမန်ရေးကို ဦးစားပေးပြီးတော့ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီးတော့ ရပ်တည်မှု နည်းတာပေါ့။ စစ်အစိုးရကို လိုက်လျောပြီး ပေါင်းသင်းနေရတယ်၊ ရည်မှန်းထားတဲ့အောင်မြင်မှု နည်းတယ်လို့ သုံးသပ်ချင်တယ်။ မြန်မာပြည်ရဲ့ ထူးခြားတဲ့ အခြေအနေကိုတော့ သေချာလေ့လာဖို့လိုတယ်။ စစ်အစိုးရကနေပြီးတော့မှ အရပ်သားအစိုးရကို လိမ္မာပါးနပ်စွာနဲ့လှည့်ဖျားပြီးတော့ ဖြစ်လာတဲ့ အနေအထားတွေ၊ နောက်တစ်ခု - လူ့အခွင့်အရေးကို ပိုပြီးတော့ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာအောင် ကြိုးစားဖို့လိုတယ်လို့ အန်ကယ်လ် အကြံပြုချင်တယ်။”

မစ္စတာကင်တာနားက တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ အစိုးရကြား အပစ်အခတ်ရပ်စဲရေးနဲ့ နှစ်ရှည်ကြာပြည်တွင်းစစ်ကြား မြေစာပင်ဖြစ်ရတဲ့ ဒုက္ခသည်တွေအရေး စိုးရိမ်မကင်းဖြစ်ကြောင်း ပြောဆိုခဲ့တဲ့အပေါ် တိုင်းရင်းသားခေါင်းဆောင်တစ်ဦးဖြစ်တဲ့ နိုင်ဟံသာကလည်း သူ့အမြင်ကို အခုလိုပြောပါတယ်။

“ရခိုင်ပြည်ဘက်မှာတော့ သူ တော်တော်လေးကို လှုပ်ရှားပါတယ်။ သူ့အတွက်တော့ တတ်နိုင် သလောက်တော့ လုပ်ခဲ့တယ်၊ တာဝန်ကျေတယ်လို့တော့ ပြောလို့ရပါတယ်။”

မစ္စတာကင်တာနားရဲ့နေရာမှာ တာဝန်ဆက်ခံယူမယ့် တောင်ကိုရီးယားနိုင်ငံသူ Ms.Yanghee Lee အနေနဲ့ လက်ရှိမြန်မာနိုင်ငံရဲ့ အရှိတရားတွေအပေါ် အခြေခံပြီး လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်မှုတွေကို လူ့အခွင့်အရေးကော်မရှင်နဲ့ ပူးပေါင်း ဆောင်ရွက်စေလိုတယ်လို့လည်း လူ့အခွင့် အရေးကော်မရှင်အတွင်းရေးမှူးဦးစစ်မြိုင်က ဆိုပါတယ်။

“မစ္စ် ယန်ဟီးလီကတော့ သူ ဂျနီဗာမှာ UNCIC မှာ ကျနော်တို့ သွားဆွေးနွေးတဲ့အခါမှာလည်း ကျနော်တို့နဲ့ ထိတွေ့ရတဲ့ အပိုင်းလေးတွေ ရှိပါတယ်။ အထူးသဖြင့်တော့ ကလေးသူငယ်အခွင့်အရေးဆိုင်ရာမှာ တော်တော်လေးကို နှံ့စပ်ပြီးတော့ အတွေ့အကြုံရှိတဲ့ အမျိုးသမီးဖြစ်တဲ့အတွက် မြန်မာနိုင်ငံအတွက် အထောက်အကူပြုမယ်လို့ ယူဆပါတယ်။ ကျနော့်အနေနဲ့ အကြံပြုတိုက်တွန်းလိုတာကတော့ မြန်မာနိုင်ငံရဲ့ တကယ့် ပကတိအခြေအနေမှန်တွေပေါ်မှာ အရှိကို အရှိအတိုင်း ရှုမြင်ပြီးတော့ မြန်မာနိုင်ငံ ပြည်သူတွေရဲ့ လူ့အခွင့်အရေးဆိုင်ရာ ကာကွယ်စောင့်ရှောက်မှုတွေကို ထိရောက်တဲ့အကြံဉာဏ်တွေ ပေးနိုင်မယ်လို့ ကျနော့်အနေနဲ့ မျှော်လင့်ပါတယ်ဗျာ။”

မေလ ၃၀ ရက်နေ့က သက်တမ်း ကုန်သွားပြီဖြစ်တဲ့ မစ္စတာကင်တာနားရဲ့ နေရာမှာတော့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အခြေအနေတွေကို စောင့်ကြည့်လေ့လာဖို့ ကုလသမဂ္ဂမြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူးကိုယ်စားလှယ်အဖြစ် တောင်ကိုရီးယားနိုင်ငံသူ Ms.Yanghee Lee က စတင် တာဝန်ယူလိုက်ပြီဖြစ်ပါတယ်။
လူ့အခွင့်အရေးကိုယ်စားလှယ်ဟောင်း ကင်တားနားနဲ့ ဆက်သွယ်မေးမြန်းချက်
http://burmese.voanews.com 

Read More


ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့ဝင်များ မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင် မေလ ၃၀ ရက်က ကင်းလှည့်နေသည်ကို တွေ့ရစဉ် (THEDAILYSTAR)

ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့်နယ်စပ်၌ဖြစ်ပွားနေသော ပြဿနာနှင့်ပတ်သက်၍ မြန်မာအစိုးရက ပထမဆုံးအကြိမ်သတင်းထုတ်ပြန်ချက်ကို ဇွန်လ ၁ ရက်တွင်ထုတ်ပြန်လိုက်သည်။
နယ်စပ်၌ဖြစ်ပွားခဲ့သောပြဿနာများနှင့်ပတ်သက်၍ ဘင်္ဂလားဒေ့ရှ်ဘက်မှ ပြောကြားချက်များ မမှန်ကန်ဘဲ၊ မြန်မာနိုင်ငံက မိမိ၏အချုပ်အခြာအာဏာနှင့် နယ်မြေပိုင်ဆိုင်မှုကိုထိပါးလျှင် လုံးဝလက်ခံမည်မဟုတ်သလို နှစ်နိုင်ငံအကြားရှိရင်းစွဲချစ်ကြည်ရေး၊ အိမ်နီးချင်းကောင်းဆက်ဆံရေးတို့ကို အခြေခံ၍ သံတမန်နည်းလမ်းအရ ငြိမ်းချမ်းစွာညှိနှိုင်းဆောင်ရွက်သွားမည်ဟုဖော်ပြထားသည်။
 
 မေလ ၂၈ ရက်နံနက်ပိုင်းတွင် ရခိုင်ပြည်နယ်မောင်တောမြို့နယ် မိုင်တိုင်အမှတ် ၅၁ နှင့် ၅၂ အကြား မြန်မာပိုင်နက်အတွင်း နယ်စပ်ခြံစည်းရိုးဘက် ပေ ၈၀ ခန့်အကွာသို့ အဝါရောင်ပြောက်ကျားယူနီဖောင်းဝတ်ဘင်္ဂါလီ နှစ်ဦး ချဉ်းကပ်လာသဖြင့် လုံခြုံရေးတပ်ဖွဲ့က လက်နက်ငယ်ဖြင့် ပစ်ခတ်ရာမှ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့သည်။ ဘင်္ဂါလီတစ်ဦးသေဆုံးပြီး သေနတ်တစ်လက်နှင့် ခဲယမ်းများဖမ်းမိခဲ့သည်။ ကျန်တစ်ဦးမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဝင်ပြေးသွားခဲ့သည်။

ဘင်္ဂလားဒေ့ရှ်ဘက်မှ နယ်ခြားစောင့်တပ်ဖွဲ့ကင်းလှည့်စဉ် မြန်မာဘက်က စတင်ပစ်ခတ်ခဲ့ကြောင်း ၎င်းတို့တပ်ဖွဲ့မှ တပ်ကြပ်မိုဟာမက်မီဇာနူရာမန်အား ဖမ်းဆီးခေါ်ဆောင်သွားကြောင်း စွပ်စွဲသည်။ အမှန်တွင် ပိုင်နက်ကျော်ဝင်ရောက်လာ၍ပစ်ခတ်ခြင်းဖြစ်ပြီး ၎င်းတို့က နယ်ခြားစောင့်တပ်ဖွဲ့ဟုပြောသော်လည်း ပိုင်နက်ကျူးကျော်လာသူနှစ်ဦး၏ယူနီဖောင်းမှာ ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ဖွဲ့၏ ယူနီဖောင်း မဟုတ်ကြောင်း စိစစ်တွေ့ရှိရသည်ဟု သတင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ဘင်္ဂလားဒေ့ရှ်အစိုးရက အဆိုပါဖြစ်ရပ်အပေါ် မေလ ၂၈ ရက်တွင် သံတမန်စာပေးပို့ခဲ့သည်။

ထို့အပြင် မေလ ၃၀ ရက်ညနေတွင် နယ်နိမိတ်မှတ်တိုင် ၅၀ အနီး၌ နှစ်နိုင်ငံနယ်ခြားစောင့်တပ်ဖွဲ့များကြား မိနစ် ၂၀ခန့်ကြာ ဖြစ်ပွားသည်။ ဘင်္ဂလားဒေ့ရှ်က ဘင်္ဂါလီအလောင်းအား ပြန်လည်လက်ခံရယူရန် နယ်နိမိတ်မှတ်တိုင်အမှတ် ၅၀ တွင်စောင့်ဆိုင်းစဉ် မြန်မာဘက်မှ စတင်ပစ်ခတ်ခဲ့သည်ဟု စွပ်စွဲသည်။

အသေဖမ်းဆီးရမိသောအလောင်းကို မေလ ၃၀ ရက်တွင်အခင်းဖြစ်ပွားသည့်နယ်နိမိတ်မှတ်တိုင်အမှတ် ၅၂ အနီး လာရောက်ထုတ်ယူရန် အကြောင်းကြားခဲ့ခြင်းသာဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့် တပ်ဖွဲ့က မိုင်တိုင်အမှတ် ၅၀ အနီး၌စောင့်ဆိုင်းသည်ဆိုခြင်းမှာ ဆီလျော်မှုမရှိဘဲ မြန်မာဘက်မှစတင်ပစ်ခတ်ခဲ့ခြင်းမရှိပါ။

ထို့ကြောင့် ဘင်္ဂလားဒေ့ရှ်သံတမန်စာများတွင်ဖော်ပြထားသည့်အချက်အလက်များသည် လက်တွေ့ဖြစ်ပွားခဲ့သည်နှင့် လုံးဝကွဲလွဲနေသောကြောင့် မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက မေလ ၃၁ ရက် နံနက် ၁၀ နာရီခွဲတွင် မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်သံအမတ်ကြီးကိုခေါ်ယူ၍ ဘင်္ဂလားဒေ့ရှ်မှပြောကြားချက်များမမှန်ကန်ကြောင်း ငြင်းဆိုဖော်ပြထားသည်။ သတိထောက်လွှာကိုပေးအပ်ခဲ့သည်ဟု ထုတ်ပြန်ထားသည်။

7Day Daily

Read More

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့မှာ ကျင်းပနေတဲ့ Miss Asia Pacific Wolrd 2014 ပြိုင်ပွဲမှာ မြန်မာနိုင်ငံ ကိုယ်စားပြု အလှမယ် မေမြတ်နိုးက Popularity Award ( လူကြိုက်အများဆုံး အလှမယ်ဆု ) ကို ဆွတ်ခူး ရရှိသွားပါတယ်။ 


 မေမြတ်နိုး ဆုလက်ခံယူစဉ်၊ ဓာတ်ပုံ- မစ်ဆိုလောဂျီ

Miss Asia Pacific Wolrd 2014 ပြိုင်ပွဲမှာ ဆုအမျိုးအစားအလိုက် ဆုရသူတွေကတော့ Best Costume Design Award ဆုကို Slovakia နိုင်ငံက အလှမယ်၊ Korea Wave Star Award ဆုကိုတော့ Bulgaria 
နိုင်ငံက အလှမယ်၊ Popularity Award ဆုကို Myanmar နိုင်ငံက အလှမယ် မေမြတ်နိုး ဖြစ်ပါတယ်။ 

World Star Award ဆုကိုတော့ Ecuador အလှမယ်က ရရှိပြီး Best Personal Talent Award ဆုကို
တော့ Armenia နိုင်ငံက အလှမယ်တို့က အသီးသီး ရရှိသွားပါတယ်။ 

အာဆီယံ ကွန်မြူနတီကလည်း မေမြတ်နိုး အခုလို ဆုရတဲ့အတွက် ဖေ့စ်ဘုတ်ကတဆင့် အခုလို ဂုဏ်ပြု စကားပြောဆိုထားပါတယ်။ 



Miss Asia Pacific World Myanmar 2014 won Popularity award!
Congratulation Miss Myanmar
ASEAN Community - Myanmar

ရိုးရာအမျိုးသား ဝတ်စုံ ပြိုင်ပွဲဝင်ခဲ့စဉ်က မေမြတ်နိုးရဲ့ ပြိုင်ပွဲဝင်ဟန်ကိုလည်း ဧရာဝတီက ရုပ်/သံ နဲ့တကွ ဖော်ပြခဲ့ပါသေးတယ်။ 

အိမ့်သံစဉ် ~ 
http://blog.irrawaddy.org

Read More
Posted by Unknown on

မြန်မာနိုင်ငံ ကိုယ်စားပြု အလှမယ် မေမြတ်နိုးဟာ Miss Asai Pascific World 2014 ပြိုင်ပွဲရဲ့ သက်ဆိုင် ရာ နိုင်ငံအလိုက် အမျိုးသား ဝတ်စုံပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်တဲ့ မြင်ကွင်းပါ။ 


 ဓာတ်ပုံ- မစ်စိုလိုဂျီ
၂၀၁၄ ခုနှစ်အတွက် ကိုရီးယားနိုင်ငံမှာ ဆိုးလ်မြို့မှာ အခု မေလမှာ ကျင်းပနေတဲ့  Asia-Pacific ကမ္ဘာ့ အလှမယ်ပြိုင်ပွဲမှာ မြန်မာနိုင်ငံက အလှမယ် မေမြတ်နိုးရဲ့ ယှဉ်ပြိုင်မှု တခုပါ။  အလှမယ်မေမြတ်နိုးရဲ့ အလှနဲ့ ယှဉ်ပြိုင်မှုမှတ်တမ်းဓာတ်ပုံတချို့နဲ့ ယှဉ်ပြိုင်မှု ဗွီဒီယိုကို ဧရာဝတီ က ပြန်လည် ဖော်ပြပေးလိုက်ပါတယ်။ 

 

အိမ့်သံစဉ် ~
http://blog.irrawaddy.org

Read More
Posted by Unknown on

တောင်ကိုရီးယားနိုင်ငံမှာ ကျင်းပခဲ့တဲ့ Miss Asia Pacific World 2014 အလှမယ်ပြိုင်ပွဲမှာ မြန်မာနိုင်ငံ ကိုယ်စားပြု အလှမယ် မေမြတ်နိုး နဲ့ ပတ်သက်တဲ့ ဒိုင်လူကြီးတွေရဲ့ မှတ်ချက်ပါ။ အဲဒီလို မှတ်ချက်က
တော့ မေလ ၂၆ ရက်နေ့ကတည်းက အင်တာနက် အွန်လိုင်းတွေမှာ ပျံ့နှံ့ခဲ့ပြီးသားဖြစ်ပါတယ်။ 





 မေလ ၃၁ ရက်နေ့မှာတော့  နောက်ဆုံး အလှမယ် သရဖူကိုလည်း ဒိုင်တွေ မှတ်ချက်ပေးထားခဲ့သလို တမူထူးခြားတဲ့ စွယ်စုံရ မြန်မာအလှမယ် မေမြတ်နိုးက မယ်သရဖူဆွတ်ခူး ရသွားခဲ့ပါပြီ။ 

ဒိုင်လူကြီးတွေက မေမြတ်နိုးကို ဘယ်လို မှတ်ချက်ပေးခဲ့သလဲဆိုတာကို အင်္ဂလိပ်ဘာသာနဲ့ အွန်လိုင်း မှာ 
ဖော်ပြ ထားတဲ့ အတိုင်း ပြန်လည် ကူးယူဖော်ပြပေးလိုက်ပါတယ်။ 

How the judge talk about our miss May Myat Noe. MISS ASIA PACIFIC WORLD 2014
Myanmar - May Myat Noe

Judge A: "Great surprise from Myanmar. Sweet and fresh looking."
Judge C: "I think she will snatch a high placement for sure,she is beautiful and has the potential"

Judge D: "This Latina looking girl is leading the strong Asian batch, fresh and very international looking"

Judge F: "She is the star of the pageant she is a total backage and she will be a great MAPW"

Judge G: "She was the first girl that caught my eye! I haven't seen a bad photo of her! A porcelain princess, I'd love to see her at some major international pageant!"

Judge H: "This girl is so fresh and vibrant. She is always well dressed and very lively. What i love about her most is the consistency she has maintained with her looks. I won’t mind if she wins it all."

Judge I: "Think this girl has a perfect combination of everything. Exotic enough to keep eyes on her without being bored. Nice slender frame and height and also she knows how to present herself with good styling. Also how she poses for photos is commendable. Her national costume photos was one of the best. She seems to have done her homework quite well."

Judge J: "She won the very first award and it proves that she is in it to win it. I love the fire in her and I am confident that she might give her country a first international crown. Her beauty is a stand out. Kudos to her and her trainor. Myanmar is a breathe of fresh air in the world of pageantry."

Judge L: "She is physically remarkable in every single aspect. Having met her personally, I can really say she can be a front-runner to any beauty pageants she joins in. One of the finest beauties Asia has to offer in the world of international beauty pageants."

Judge N: "She is THE clear winner. No doubt. She is clearly standout."

Judge O: "Beautiful face and statuesque. A Rachel Smith look alike from some angles. She easily stands out among the rest and this is why she is my winner."

Judge P: "Amazing, she could be an amazing winner! Gorgeous, gorgeous, gorgeous!!"

Judge R: "When I first saw a group photo of all the girls, my eyes went straight to her! Her facial beaut has to be....has to be? What am I kidding...IS one of the best in this competition. She has a queen aura all over her; she's cute, sexy, and simply looks like the WINNER!"

Judge S: "An angelic smile, a beautiful face, a gorgeous body... This girl has all what it needs to win this competition... and even more! I hope she will represent her country in a Big 4 pageant in the future."

Judge T: "May is my sentimental favorite this year and I'd be ecstatic if she wins. She is also one of the best beauty queens Myanmar has ever produced. Her beauty is such that the more you see her, the more you love her. She also has a very toned body and excellent stage skills. Cherry on top, she has a very strong command of the English language. May also won an award earlier in the pageant, which means she is being noticed."



အိမ့်သံစဉ် ~ 
http://blog.irrawaddy.org 

Read More
Posted by Unknown on


ဒေးဗစ်လှမြင့်နှင့်ဒေါ်စုကြည်တို့၏ သမီးအရင်း ခင်ရွှန်းလဲ့ဝေ



ခင်ရွှန်းလဲ့ဝေမှ သမီးရင်းဖြစ်ကြောင်း ရေးသားထားသော Profile

From : Khin Shon Lelt Wai


အခုတလောအတွင်း အင်တာနက်စာမျက်နှာများတွင် ခင်ရွှန်းလဲ့ဝေဆိုတာ ဒေါ်အောင်ဆန်းစုကြည် သမီးအရင်း ဟုတ်/မဟုတ်၊ယုံရခက် မယုံရခက် များဖြစ်နေကြသည်။အဆိုပါကောလဟာလများနှင့်ပတ်သတ်၍ ခင်ရွှန်းလဲ့ဝေက Facebook စာမျက်နှာတွင် မိမိကိုယ်ရေး Profile ကို တင်ကာ အများပြည်သူများ သိရှိစေရန် တင်ပြလိုက်ခြင်းဖြစ်သည်။


Myanmar Express

Read More


White Card မဲပေးခွင့် မရှိစေရေး တပ်မတော်သား ၂၅% မှ ညီညွတ်စွာ ကန့်ကွတ်ခဲ့ကြစဉ်



ယနေ့တပ်မတော်သည် အခက်အခဲ များ ရင်ဆိုင်နေရသည်။ လွှတ်တော်များ တွင် ရောက်ရှိနေသော ၂၅ ရာခိုင်နှုန်း သော တပ်မတော်သားကိုယ်စားလှယ်များ ကို လွှတ်တော်များအတွင်းမှမောင်းထုတ်သူ များနှင့် ရင်ဆိုင်နေရသည်။ တပ်ရင်းတပ် ဖွဲ့များမှ သိမ်းပိုက်ထားသောမြေများကို ပြန်ပေးရန်တောင်းဆိုသူများနှင့် ရင်ဆိုင် နေရသည်။ ကာကွယ်ရေးအသုံးစရိတ် များနေသည်ဟုဆိုကာ ဖြတ်တောက်နေသူ များနှင့်ရင်ဆိုင်နေရသည်။ အစိုးရဌာန များသို့ တပ်မတော်အရာရှိများဝင်ရောက် တာဝန်ထမ်းဆောင်နေခြင်းကိုကန့်ကွက် သူများက ကန့်ကွက်နေကြသည်။
ဆန့်ကျင်ကန့်ကွက်ခံနေရသော မြန်မာ့တပ်မတော်သည် ဘယ်ကဘယ်လို ပေါ်ပေါက်လာပါလိမ့်။
ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်သော ရဲဘော်သုံးကျိပ်သည် တပ်မတော်ကို စတင်ဖွဲ့စည်းထူထောင်ခဲ့သည်။ တပ်မ တော်အင်အားကြီးထွားလာမည်ကိုမလိုလား သဖြင့် ဂျပန်များကလည်းတပ်မတော်ကို ဖျက်သိမ်းပြီး လူအင်အားနည်းနည်းဖြင့် ပြန်ဖွဲ့ခဲ့ဖူးသည်။ အင်္ဂလိပ်များကလည်း တပ်မတော်ကိုအင်အားကြီးမလာစေရန် ဖျက်သိမ်းပြီးအင်အားလျှော့ကာပြန်လည် ဖွဲ့စည်းခဲ့ဖူးသည်။ ဂျပန်နှင့် အင်္ဂလိပ်တို့က မည်သို့ပင်တပ်မတော်ကိုအင်အားချိနဲ့ အောင်လုပ်ခဲ့ကြစေကာမူ မြန်မာ့တပ်မ တော်သည် လွတ်လပ်ရေးရပြီးစ မြန်မာ နိုင်ငံကိုတစ်စစီဆုတ်ဖြဲရန်လုပ်ကြံခဲ့ကြသည့် လက်နက်ကိုင်သောင်းကျန်းသူများ အား အနိုင်တိုက်ခဲ့သည်။ အကယ်၍ တပ်မတော်ရှုံးခဲ့သော် တရုတ်ပြည်မကြီး တွင် စစ်ရှုံးထွက်ပြေးလာသော တရုတ်ဖြူ ကေအမ်တီများသည် ရှမ်းပြည်နယ်အရှေ့ ပိုင်းသို့ထွက်ပြေးဝင်လာကာအခြေချခဲ့ သည်။ သူတို့သည်ရှမ်းပြည်သူများအထူး သဖြင့် ရှမ်းပျိုဖြူများကိုအကြီးအကျယ် စော်ကားဒုက္ခပေးခဲ့သည်။ ဘိန်းစိုက်ပျိုး ခြင်းဖြင့် ရှမ်းပြည်နယ်နေသူများကို ဘိန်း စားများဖြစ်အောင်လုပ်ခဲ့သည်။ အင်းစိန် တိုက်ပွဲ၊ ပြည်တိုက်ပွဲ၊ တောင်ငူတိုက်ပွဲ၊ မိတီ်္ထလာတိုက်ပွဲ၊ မန္တလေးတိုက်ပွဲကြီးများ နွှဲပြီးစ စစ်ပမ်းနေသောတပ်မတော်သည် ရှိသမျှအင်အားကိုစုစည်းကာ တရုတ်ဖြူ အနှိပ်စက်ခံရှမ်းပြည်နယ်နေပြည်သူများကို ကယ်တင်ရန် ရှမ်းပြည်နယ်သို့အဟုန်ပြင်း စွာချီတက်ပြီး ဘုရင့်နောင်စစ်ဆင်ရေး ကြီးကို ခက်ခက်ခဲခဲအကျအဆုံးများစွာ ဖြင့် ဆင်နွှဲခဲ့သည်။

စစ်အင်အားကြီးနိုင်ငံတစ်နိုင်ငံ၏ စစ်ရေးအကူအညီကိုရယူထားသော တရုတ်ဖြူကေအမ်တီများသည် လက်နက်အင်အား၊ လူအင်အားနည်းလွန်းလှ သော မြန်မာ့တပ်မတော်သားများ၏ စွမ်းရည်သတိ္တကိုရင်မဆိုင်နိုင်တော့ဘဲ မြန်မာနိုင်ငံနယ်နမိတ်အတွင်းမှထွက်ပြေး သွားကြရသည်။ အကယ်၍မြန်မာ့ တပ်မတော်သည်ကေအမ်တီများကိုရှုံးနိမ့် ခဲ့လျှင် ရှမ်းပြည်နေလူထု၏ဘ၀သည် မည်သို့သက်ဆင်းသွားမည်နည်း။တစ်ခေတ်တစ်ချိန်ကဧရာဝတီတိုင်း ဒေသကြီးသည်သောင်းကျန်းသူများလွှမ်း မိုးမှုအောက်သို့ရောက်ခဲ့ဖူးသည်။ တစ်ရွာ နှင့်တစ်ရွာ၊ တစ်မြို့မှတစ်မြို့သို့ အသက်ကို ဖက်နှင့်ထုပ်ဆိုသလို
သွားလာနေထိုင်ခဲ့ရ ဖူးသည်။ ဆက်ကြေးမျိုးစုံသောင်းကျန်း သူများကို အငတ်ခံပေးခဲ့ကြရသည်။ ပုသိမ်မြို့ပင်လျှင်မကြာခဏခြိမ်းခြောက် ခံရဖူးသည်။ တပ်မတော်ကရွှေလင်းယုန်၊ မိုးဟိန်းစစ်ဆင်ရေးများဆင်နွှဲကာ ဧရာဝတီ တိုင်းမှ ပြည်သူများ၏ဘ၀မကြောင့်မကျ တည်ငြိမ်အေးချမ်းအောင်ကယ်တင်ပေး ခဲ့ဖူးသည်။ အကယ်၍တပ်မတော်သည် ရွှေလင်းယုန်၊ မိုးဟိန်းစစ်ဆင်ရေးတွင် အရေးနိမ့်ခဲ့ပါက ယနေ့ဧရာဝတီတိုင်းနေ ပြည်သူများ၏ဘ၀ မည်သို့ဖြစ်နေမည် နည်း။အင်အားကြီးမားသောလက်နက်ကိုင် အင်အားစုတစ်စုသည် ရှမ်းပြည်နယ် မြောက်ပိုင်းရှိ ကွန်းလုံမြို့ကိုသိမ်းပိုက်ပြီး ထိုမှတဆင့် လားရှိုးမြို့ကိုပါသိမ်းပိုက်ကာ လွတ်မြောက်နယ်မြေ
ထူထောင်ရန်ကြိုးပမ်း လာဖူးသည်။ လူအင်အား၊ လက်နက် အင်အားအသာစီးရထားသောလက်နက် ကိုင်သောင်းကျန်းသူများကို တပ်မတော် သားများသည် အသက်၊ သွေး၊ ချွေး၊ ကိုယ်လက်အင်္ဂါအစိပ်အပိုင်းများကိုစွန့် လွှတ်ကာ အစာရေစာအပြတ်ခံကာ သောင်းကျန်းသူများ
ကိုအနိုင်တိုက်ခြင်းဖြင့် ရှမ်းပြည်နယ်မြောက်ပိုင်းနေ တိုင်းရင်းသား ညီအစ်ကိုမောင်နှမများကိုကယ်တင်ခဲ့ဖူး သည်။ (စာရေးဆရာကြီး ဦးသိန်းဖေမြင့် သည် ““အရှေ့မြောက်ပိုင်းတစ်ခွင်””အမည် ဖြင့် ၀တ္တုဟန်ဆောင်းပါးရှည်ကြီးကိုဗိုလ်တထောင်သတင်းစာတွင်အခန်းဆက် ရေးသားကာတပ်မတော်သားများ
ကို ဂုဏ်ပြုဖူးသည်) အကယ်၍သာတပ်မ တော်သည် ရက် ၄၀ကြာ ကွန်းလုံတိုက် ပွဲကြီးတွင် ရှုံးနိမ့်ခဲ့ပါက ရှမ်းပြည်နယ် မြောက်ပိုင်းမှ ပြည်သူများ၏ဘ၀မည်သို့ ရှိချေမည်နည်း။

၁၉၈၈ ခုနှစ်ပတ်ဝန်းကျင်၌ အမြို့ မြို့အနယ်နယ်တွင် ဆန္ဒပြပွဲများဆင်နွှဲ နေကြသဖြင့် အစိုးရအကြပ်ဆိုက်နေချိန် ကို အခွင့်ကောင်းယူပြီး မိုင်းယန်းနှင့် မဲ သဝေါဘက်၌ သောင်းကျန်းသူများက တိုက်ပွဲကြီးများဖန်တီးခဲ့ကြသည်။ တပ် မတော်သားများသည်အပြေးအလွှားသွား ကာ သောင်းကျန်းသူများ
ကိုထိန်းချုပ် အနိုင်ယူခဲ့သည်။ အကယ်၍ မိုင်းယန်း တိုက်ပွဲနှင့် မဲသဝေါတိုက်ပွဲ၌ တပ်မတော် ရှုံးနိမ့်ခဲ့လျှင် ရှမ်းပြည်နယ်နှင့် ကရင် ပြည်နယ်မှ ပြည်သူတို့၏ဘ၀ နွံနစ်ပေ တော့မည်။

တောင်ပေါ်မြေပြန့်နေရာမရွေး သွားရောက်ကာ အသက်၊ သွေး၊ ချွေး၊ အင်္ဂါအစိတ်
အပိုင်းများကိုစွန့်လွှတ်ကာ တိုင်းရင်းသားညီအစ်ကိုမောင်နှမများ၏ အသက်၊ အရှက်၊ စည်းစိမ်ဥစ္စာကိုကယ် တင်ကာကွယ်စောင့်ရှောက်ပေးခဲ့သော တပ်မတော်သားများကိုလွှတ်တော်အတွင်းမှ
မောင်းထုတ်သူများကမောင်းထုတ်နေပြီ။ ကာကွယ်ရေးအသုံးစရိတ်ဖြတ်တောက်ခြင်း ဖြင့် တပ်မတော်သား၏စွမ်းရည်ကိုချိနဲ့ စေသူများလည်းပေါ်ပေါက်လာနေချေပြီ။ တပ်ရင်းများက
သိမ်းယူထားသောမြေကြီး များကိုလည်း ပြန်တောင်းကြသူများက တောင်းနေကြပြီ။
လွန်ခဲ့သော ဆယ်နှစ်လောက်က သက်ပြည့်အငြိမ်းစားယူခဲ့သောတပ်ရင်းမှူး တစ်ဦးနှင့် မန္တလေး-ရန်ကုန်အမြန်ရထား ပေါ်၌ ဆုံခဲ့ဖူးသည်။ သူက ““တပ်ရင်း တွေက မြေသိမ်းတယ်ဆိုတာကလဲ ရည် ရွယ်ချက်ရှိပါတယ်။ ကာကွယ်ရေးအသုံး စရိတ်ဖြတ်တာကို တပ်မတော်ကဘယ်လိုမှ မတတ်နိုင်တော့ တပ်မတော်သားတွေဟာ တပ်ရင်းဧရိယာတွေထဲမှာပဲ စိုက်ပျိုးမွေး မြူရေးတွေလုပ်ကြမယ်။ တစ်နိုင်တစ်ပိုင် ကုန်ထုတ်လုပ်ငန်းလေးတွေလုပ်ကြမယ်။ ဒီနည်းနဲ့ ၀င်ငွေရှာကြမယ်ပေါ့ဗျာ။ တပ် ရင်းတစ်ရင်းမှာ လေ့ကျင့်ရေးကွင်း၊ တပ် တွင်း ဆေးရုံ၊ အားကစားကွင်း၊ ဒါတွေလဲ လုပ်ရမှာပေါ့။ အခုတော့ တပ်တွေထံက လယ်မြေတွေကိုပြန်တောင်းကြတော့လဲ ပြန်ပေးကြရမှာပေါ့။ အင်း ကာကွယ်ရေး အသုံးစရိတ်လဲအဖြတ်ခံရ၊ မြေကြီးတွေလဲ ပြန်ပေးရဆိုတော့ တပ်မတော်သားတွေ ဟာ ရှေ့လျှောက်ဆင်းဆင်းရဲရဲနဲ့တိုင်းပြည် ကို ကာကွယ်ရတော့မှာပေါ့လေ”” ဟု ပြောသည်။

ပြည်သူဗဟိုပြုလုပ်နည်းလုပ်ဟန်ကို အစိုးရကလက်တွေ့ကျင့်သုံးနေရာ တပ် မတော်သည်လည်း
ပြည်သူတို့၏ဆန္ဒ အတိုင်းသာ စခန်းသွားရတော့မည်ဖြစ် သည်။ပြည်သူ့ဗဟိုပြုလုပ်နည်း လုပ်ဟန်
သည် အထူးကောင်းမွန်သောလုပ်နည်း လုပ်ဟန်ဖြစ်သည်ကို လူတိုင်းကလက်ခံ ကြရမည်သာဖြစ်သည်။ အဆုံးအဖြတ် ပေးကြမည့် ပြည်သူတစ်ဦးချင်းစီ၏ အတွေးအခေါ်အယူအဆသည်သာ မှန်ကန်ရန်လိုအပ်သည်။ အတွေးအခေါ် အယူအဆမှန်ကန်ရန် ပညာရည်ဗဟုသုတ ပြည့်ဝရန်လိုသည်။
တပ်မတော်သည် ပြည်သူတို့၏ ဆန္ဒအတိုင်းသာနေထိုင်သွားရမည်သာ ဖြစ်သည်။ တိုင်းပြည်နှင့် လူမျိုးကိုကာ ကွယ်စောင့်ရှောက်ရန် အင်အားတောင့် တင်းသော တပ်မတော်ဖြစ်လာဖို့၊ ဖြစ် မလာဖို့ဆိုသည်ကို ပြည်သူတို့၏ဆန္ဒ ကသာ ဆုံးဖြတ်ပေတော့မည်။

မိုးအောင်ရီ
http://www.oppositeyes.info

Read More




“အကယ်၍ရခိုင်လူမျိုးတို့သည် ဤကုလားများဝင်ရောက်မှုကို မဟန့်တားနိုင်ပါက ရခိုင်ဒေသ၊ စစ်တွေခရိုင် တစ်ခုလုံးသည် စစ်တကောင်းသား၊ ဘင်္ဂါလီကုလားများ၏ လက်အောက်သို့ ကျရောက်သွားပေလိမ့်မည်” ဟူ၍ အင်္ဂလိပ်လူမျိုး ကော်မရှင်းနာမင်းကြီး အာဘီစမတ်(R.B Smart) ၏ စစ်တွေခရိုင် (၁၉၁၇) ဟူသော စာအုပ်တွင်ဖော်ပြခဲ့သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် မြန်မာနိုင်ငံ၏ အနောက်မြောက်ဘက် နယ်နမိတ်ချင်း ထိစပ်နေသော နိုင်ငံတစ်နိုင်ငံဖြစ်ပြီး မြောက်လတ်္တီတွဒ် (၂၄ )ဒီဂရီ (၀၀)မိနစ်နှင့် အရှေ့လောင်ဂျီတွဒ် (၉၀)ဒီဂရီ (၀၀)မိနစ် အကြား တည်ရှိသော နိုင်ငံတစ်နိုင်ငံဖြစ်သည်။ ၁၉၇၁ခုနှစ်၊ မတ်လ (၂၆)ရက်နေ့တွင် ပါကစ္စတန်နိုင်ငံ အောက်မှ ခွဲထွက်ခဲ့ပြီးဖြစ်သော လွတ်လပ်သည့် နိုင်ငံတစ်နိုင်ငံအဖြစ် ကြေငြာခဲ့သည်။ ၁၉၇၄ ခုနှစ် စက်တင်ဘာလ ၁၇ ရက်နေ့တွင် ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံအဖြစ် ရောက်ရှိခဲ့သည်။ နယ်နိမိတ်အားဖြင့် မြောက်ဘက်၊ အရှေ့ဘက်နှင့် အနောက်ဘက်တို့တွင် အိနိ္ဒယနှင့် လည်းကောင်း၊ အရှေ့တောင်ဘက်တွင် မြန်မာနိုင်ငံနှင့် လည်းကောင်း၊ ထိစပ်နေပြီး တောင်ဘက်တွင် ဘင်္ဂလား ပင်လယ်အော် တည်ရှိသည်။ အိမ်နီးချင်းနိုင်ငံများနှင့် နယ်နိမိတ်ထိစပ်မှု အနေဖြင့် စုစုပေါင်း (၄,၂၄၆) ကီလိုမီတာ ရှိပြီး မြန်မာနိုင်ငံနှင့် ထိစပ်မှု (၁၉၃)ကီလိုမီတာ ရှည်လျားကာ၊ အိန်္ဒိယနိုင်ငံနှင့် ထိစပ်မှု (၄,၀၅၃) ကီလိုမီတာ ရှည်လျားသည်။

မြို့တော်မှာ ဒါကာဖြစ်ပြီး ပြည်နယ်(၆)ခုနှင့် ခရိုင်(၆၄) ခရိုင် ရှိသည်။ ဧရိယာ (၁၄၀,၀၀၀) စတုရန်း ကီလိုမီတာကျော်ရှိသော နိုင်ငံတစ်နိုင်ငံ ဖြစ်သော်လည်း လူဦးရေမှာသန်း (၁၅၀) ခန့်ရှိသည်။ ကိုးကွယ်မှုအနေဖြင့် အစ္စလာာမ်ဘာသာဝင် (၈၃) ရာခိုင်နှုန်း၊ ဟိန္ဒူဘာသာဝင် (၁၆)ရာခိုင်နှုန်း၊ ဗုဒ္ဓဘာသာနှင့် ဆစ်ခ် (၁)ရာခိုင်နှုန်း ကိုးကွယ်ကြသည်။ ဘာသာစကားမှာ ရုံးသုံးအဖြစ် ဘင်္ဂါလီဘာသာစကား အပြင် အင်္ဂလိပ် ဘာသာစကား ကိုပါ သတ်မှတ်ထားသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ရာသီဥတုများကို အောက်တိုဘာမှ မတ်လ အထိ အေးမြခြောက်သွေ့သော ရာသီ၊ မတ်လမှ ဇွန်လ အထိ ပူပြင်းစွတ်စိုသော ရာသီ၊ ဇူလိုင်လမှ အောက်တိုဘာလ အထိ မိုးရာသီဟူ၍ သတ်မှတ်နိုင်သည်။ ဧပြီလနှင့် မေလ အတွင်း၌လည်းကောင်း၊ စက်တင်ဘာလနှင့် နိုဝင်ဘာလ အတွင်း၌ လည်းကောင်း မုန်တိုင်းများ ကျရောက်လေ့ရှိပြီး ကမ္ဘာတွင်မိုးအများဆုံး ရွာသွန်းသော ဒေသတစ်ခု ဖြစ်သည်။ ဇူလိုင်လနှင့် အောက်တိုဘာလတွင် မိုးရေချိန်လက်မ (၁၀၀) ကျော်ရွာသွန်းပြီး ဇွန်လနှင့် စက်တင်ဘာလတွင် မိုးရေချိန်လက်မ (၇၄) ကျော်အထိ ရွာသွန်းလေ့ရှိသည်။ ဇန်န၀ါရီလသည် အအေးဆုံးဖြစ်ကာ မေလသည် အပူဆုံးဖြစ်သည်။ တောင်အာရှ ဒေသအတွင်း ရာသီဥတုဖောက်ပြန်မှု ရှိရာတွင် ဘင်္ဂလားဒေ့ရှ်၊ ပါကစ္စတန်နှင့် အိနိ္ဒယနိုင်ငံများသည် မိုးခေါင်ခြင်း၊ ရေလွှမ်းမိုးခြင်း စသည်တို့ကို အများဆုံး ခံစားရပြီး အထူးသဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် နှစ်စဉ် မုန်တိုင်း နှစ်ကြိမ်ခန့် ကျရောက်လေ့ရှိပြီး ပျက်ဆီးဆုံးရှုံးမှု၊ သေကြေဒဏ်ရာရရှိမှုများ ရှိသည်။

လူဦးရေ များပြားမှုကြောင့် စီးပွားရေး အကြပ်အတည်းရှိသော နိုင်ငံ တစ်နိုင်ငံဖြစ်ကာ နိုင်ငံရေး မတည်ငြိမ်မှုများ မကြာခဏ ဖြစ်ပေါ်လျက်ရှိပြီး အစိုးရ အပြောင်းအလဲ များသော နိုင်ငံ တစ်နိုင်ငံလည်း ဖြစ်သည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် အခြားသဘာဝအရင်းအမြစ် များထက် ပင်လယ်ပြင်မှ ဓာတ်ငွေ့တစ်ခုတည်းသာ အားထားရသဖြင့် ရေနက်ပိုင်း ရေနံနှင့်သဘာဝဓာတ်ငွေ့ ရှာဖွေတူးဖော်ရေးကို ဦးစားပေးဆောင်ရွက်ရလျက် ရှိသည်။ Maritime Boundary သတ်မှတ်ရေး ကိစ္စရပ် တို့တွင် အိမ်နီးချင်းနိုင်ငံ များနှင့် မကြာခဏ အငြင်းပွားခဲ့ပြီး ၁၉၇၀ နှစ်များတွင် သတ်မှတ်ခဲ့သော Maritime Boundary များတွင် အိနိ္ဒယနှင့် မြန်မာနိုင်ငံတို့၏ ကန့်ကွက်မှုများကို ကြုံခဲ့ရသည်။ အိနိ္ဒယနှင့် မြန်မာနိုင်ငံတို့သည် ၁၉၇၄ ခုနှစ် ဘင်္ဂလားဒေ့ရှ်၏ Maritime Boundary နှင့် EEZ(Exclusive Economic Zone) တို့အပေါ် လစ်လျူရှုကာ ပိုမို တောင်းဆိုလျက်ရှိကြောင်း ဘင်္ဂလားဒေ့ရှ်ဘက်မှ ပြောဆိုခဲ့သည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ အနေဖြင့် အပြည်ပြည်ဆိုင်ရာ ရေနံကုမ္ပဏီများသို့ ကမ်းလွန်ရေနက်ပိုင်းနှင့် ကမ်းနီးရေတိမ်ပိုင်းတွင် ရေနံကွက် (၂၈)ကွက် လေလံပစ်ခဲ့ရာ အိမ်နီးချင်းနိုင်ငံများမှ ကန့်ကွက်မှုမရှိသော လေလံကွက် (၂၀) ခန့် ကိုသာ ကုမ္ပဏီများက လျှောက်လွှာတင်သွင်း ခဲ့သည်။ ပင်လယ်ထွက်ပေါက် ရရှိရေးအတွက် သော်လည်းကောင်း၊ ကြပ်တည်းသည့် စီးပွားရေးအခြေ အနေများကြောင့် သယံဇာတများ ထုတ်ယူ ရောင်းချနိုင်ရေးအတွက် သော်လည်းကောင်း ရေပိုင်နက်သတ်မှတ်နိုင်မှုသည် ဘင်္ဂလားဒေရှ့်နိုင်ငံအတွက် အရေးကြီးကြောင်း တွေ့ရသည်။ ရေပိုင်နက်ပြဿနာ အငြင်းပွားနေမှု များကြောင့် နိုင်ငံ၏ အမျိုးသားအကျိုးစီးပွားကို ထိခိုက်စေသည်ဟု ဘင်္ဂလားဒေ့ရှ် တို့က ယုံကြည်ထားသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ပါကစ္စတန်နိုင်ငံနှင့် ဆက်ဆံရေးကောင်းမွန်ပြီး၊ အိနိ္ဒယနိုင်ငံ၏ လွှမ်းမိုးမှု ကိုလည်း ခံနေရသော နိုင်ငံတစ်နိုင်ငံ ဖြစ်သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် အနောက်နိုင်ငံများနှင့် ဆက်ဆံရေး အသင့်အတင့် ကောင်းမွန်ပြီး၊ အနောက်ဘက် အင်အားကြီး အမေရိကန်နိုင်ငံမှ အထောက်အပံ့ အကူအညီများ ရယူကာ၊ စစ်ရေး ပူးပေါင်းလေ့ကျင့်မှုများ ပြုလုပ်လေ့ ရှိသည်။ ၁၉၉၁ ခုနှစ်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ မုန်တိုင်းဒဏ် ခံခဲ့ရမှု၌ ပထမ ပင်လယ်ကွေ့စစ်ပွဲမှ ပြန်လာခဲ့သည့် အမေရိကန် (Joint Task Force) မှ အင်အား (၇၅၀၀) တို့သည် အရေးပေါ် ကယ်ဆယ်ရေး လုပ်ငန်းများကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ တွင် ဆောင်ရွက်ပေးခဲ့သည်။ သဘာဝဘေးအန္တရာယ် ကယ်ဆယ်ထောက်ပံ့ရေး၊ အကြမ်းဖက်သမားများ နှိမ်နင်းရေးအတွက် ကြားခံစခန်းအဖြစ် အသုံးချခွင့်စသည့် အကြောင်းပြချက်များဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံပိုင် အုန်းကျွန်းကဲ့သို့ နေရာများတွင် အမေရိကန်ရေတပ် အခြေစိုက်စခန်းများ ထားရှိမှုနှင့် ဘော်လီပဇား၌ စစ်ဘက်လေယာဉ်များ အသုံးပြုနေမှုကိုလည်း တွေ့မြင်ရသည်။ တစ်နည်းအားဖြင့် တရုတ်နိုင်ငံအားထိန်းချုပ်ရေး (China Containment Policy ) မူဝါဒနှင့် အိနိ္ဒယနိုင်ငံ၏ ကြီးထွားလာမည့် စစ်ရေးအင်အားနှင့် မဟာဗျူဟာ လက်နက်များကို ထိန်းချုပ်နိုင်ရေးအတွက် ပထ၀ီအနေအထားအရ ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် အမေရိကန်နိုင်ငံ အတွက် အသုံးဝင်သော ခြေကုပ်စခန်း တစ်ခုအဖြစ် သတ်မှတ်နိုင်ရေး ကြိုးပမ်းနေမှုအဖြစ် ရှုမြင်နိုင်သည်။

တရုတ်နိုင်ငံမှလည်း အမေရိကန်၏ ထောက်ပံ့မှုအပေါ် တုံ့ပြန်ရန်နှင့် မြန်မာ၊ ဘင်္ဂလားဒေ့ရှ် မှတဆင့် တရုတ်၏ အနောက်ဖက် ထွက်ပေါက်အဖြစ် အိနိ္ဒယသမုဒ္ဒရာသို့ ၀င်ရောက်ရေး အပါအ၀င် အိနိ္ဒယနှင့်ဒေသတွင်း အင်အားထိန်းညှိမှု ရရှိနိုင်ရန် ကြိုးပမ်းလျက်ရှိသည်။ ၂၀ရာစု နှောင်းပိုင်းတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် တရုတ်နိုင်ငံနှင့် ဆက်ဆံရေးတိုးတက်လာပြီး တရုတ်နိုင်ငံမှ စစ်လက်နက်များကို ၀ယ်ယူအသုံးပြုလျက် ရှိသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် အာရှတွင် ပဉ္စမမြောက် ကမ္ဘာပေါ်တွင် န၀မမြောက် လူဦးရေ အများဆုံး နိုင်ငံဖြစ်ခြင်း၊ မြေနေရာကျဉ်းမြောင်းပြီး လူဦးရေမွေးဖွားနှုန်းမြင်ခြင်း၊ လူဦးရေသိပ်သည်းမှုနှုန်းမြင့်ခြင်း၊ ဖွံ့ဖြိုးတိုးတက်မှု အနည်းဆုံး တိုင်းပြည်စာရင်းတွင် ပါဝင်ခြင်း၊ စာတတ်မြောက်မှု အနည်းဆုံးနှင့် ကလေးမွေးဖွားပြီး သေဆုံးမှုနှုန်း များပြားခြင်း၊ တောင်အာရှဒေသအတွင်း မွတ်စလင်လူဦးရေ အများဆုံးနိုင်ငံ စာရင်းတွင်ပါဝင်နေခြင်း၊ နှစ်စဉ်သဘာဝ ဘေးအန္တရာယ်ခံရခြင်း၊ အိမ်နီးချင်းနိုင်ငံများနှင့် ဘာသာရေးအရ ကွဲပြားခြားနားခြင်းနှင့် လူဦးရေပေါက်ကွဲမှု မှတဆင့် အိမ်နီးချင်းနိုင်ငံများသို့ စိမ့်ဝင်မှုများပြားခြင်း စသည်တို့ကြောင့် ဒေသအတွင်း တည်ငြိမ်ရေးနှင့်လုံခြုံရေးအား ခြိမ်းခြောက်နိုင်သော နိုင်ငံတစ်နိုင်ငံအဖြစ် တည်ရှိနေကြောင်း တွေ့မြင်ရသည်။


Reference
http://data.un.org/CountryProfile.aspx?crName=Bangladesh 

www.oppositeyes.inf

Read More
Posted by Unknown on

ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လူထုဟောပြောပွဲများ အရှိန်တင်လာပြီးနောက် NLD ပါတီနှင့် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းအကြား အက်ကြောင်းများ စတင်ဖြစ်ပေါ်လာနေကြောင်း ၈၈ မျိုးဆက်ကျောင်းသားများ အသိုင်းအ၀ိုင်းမှ သိရသည်။

NLD ပါတီ၏ လုပ်ကိုင်ဆောင်ရွက်နိုင်စွမ်း အားနည်းချက်အား ၈၈ မျိုးဆက်များက ၀င်ရောက် ကူညီပေးခဲ့သော်လည်း NLD ပါတီ ထိပ်ပိုင်းခေါင်းဆောင်များက မလိုမုန်းထား ရှိနေသောကြောင့် တဖြည်းဖြည်းချင်း နေရာလုပွဲများ ဖြစ်လာမည်လား စိုးရိမ်ပူပန်နေရကြောင်း သိရသည်။

“အင်း၊ NLD ပါတီက တကယ်တမ်းကျတော့ နိုင်ငံရေးကို လုပ်နိုင်ကိုင်နိုင် မရှိတော့ဘူး။ အဘဦးဝင်းတင် ကွယ်လွန်သွားတာက တစ်ကြောင်းပေါ့။ အန်တီစု အနေနဲ့ ၅၉(စ)ကို သွားပြီး ထိပ်တင်တယ်။ ဟိုက ဘုန်းကြီးတွေ၊ ၉၆၉ တွေက ဆန့်ကျင်တယ်။ ဒီမှာ ဗျူဟာပြောင်းဖို့ လိုတယ် ဆိုတာ ကျွန်တော်တို့က စပြောတာ။ ဦးကိုနီက ကြားက၀င်ပြီး နာမည်ယူတယ်။ NLD က EC တွေပေါ့။ သူတို့ ဘာလုပ်ရမှန်းမသိဘဲ ငိုင်နေကြတာကို ကျွန်တော်တို့က ၀င်လုပ်ပေးလို့ ဒီလောက် ဖြစ်လာတာ။ ဒါကို ကျေးဇူးမသိဘူး။ အောင်ပင်လယ်ပွဲမှာ ပရိသတ်တွေကို အမိုးမိုးပေးဖို့ ကျွန်တော်တို့က ပြောတယ်။. မန္တလေးမှာ ရှိတဲ့ ငြိမ်းပွင့်တွေက အမိုးမိုးတာ ညတွင်းချင်းပဲ။ တ၀က်လောက်မိုးပြီးတော့ NLD အဖွဲ့တွေက လာပြီး ဖျက်ပစ်တယ်။ စဉ်းစားကြည့်ဗျာ။ ကျွန်တော်တို့ အဖွဲ့တွေက ညတွင်းချင်း လုပ်ရတာ။ နေက သိပ်ပူတယ်လေ။ လူထုလည်း နေပူကြီးထဲမှာ ဒုက္ခရောက်မှာ သိတယ်။ ဒါကြောင့် အမိုးမိုးပေးတာ။ NLD က လာဖျက်တော့ ဘာဖြစ်လို့လဲ မေးတယ်။ အန်တီစုက အမိုးမိုးဖို့ ညွှန်ကြားမထားဘူး တဲ့။ အမိုး မမိုးဖို့ရော ညွှန်ကြားထားသလား ဆိုတော့ မရှိဘူး။ ဦးနှောက် မရှိတဲ့သူတွေပါဗျာ။ စဉ်းစားကြည့်လေ။ အမိုးမိုးတော့ လူထု ဘယ်လောက် သက်သာသွားမလဲ။ ဒါကို အန်တီစုကလည်း လူတွေ ပိုကောင်းမယ့်ဟာ ဘယ်ပိတ်ပင်မလဲ။ ဒါပေမယ့် ကျွန်တော်တို့အဖွဲ့တွေ ညကြီးမင်းကြီး လုပ်ထားတာ တ၀က်လောက်ပြီးနေမှ လာဖျက်တာဆိုတော့ NLD ပါတီက တော်ရုံတန်ရုံ မဟုတ်တဲ့ ခေါင်းဆောင် အမိန့် ပေးလို့ လုပ်တာ ဆိုတာကတော့ ထင်ရှားပါတယ်” ဟု ၈၈ မျိုးဆက်မှ ပြန်ကြားရေးတာဝန်ခံ တစ်ဦးက ပြောဆိုသည်။

NLD ပါတီအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်တစ်ဦးတည်းသာ ရုန်းကန်နေရပြီး အခြား လောက်လောက်လားလား ခေါင်းဆောင်မရှိဖြစ်နေကြောင်း၊ သို့သော် ၈၈ အဖွဲ့က ၀န်းရံရေးမူကိုသာ လက်ကိုင်ထားပြီး NLD ပါတီသို့ ၀င်မည် မဟုတ်ကြောင်း၊ NLD ထိပ်ပိုင်းခေါင်းဆောင်များက မိမိတို့ ၀င်လာမည်ကို မနှစ်သက်ဟန် ပြသည့်သဘောဖြစ်ကြောင်း၊ မိမိတို့ ၈၈ အဖွဲ့ကို CEC ထိပ်ပိုင်း (၁၅)နေရာ ပေးရန် အချို့က တိုက်တွန်းနေသော်လည်း NLD ပါတီဝင် အတော် များများက မလိုလားသည့် သဘော တွေ့ရကြောင်း ၄င်းက ပြောသည်။

“ကျွန်တော့်အမြင် ပြောရရင်တော့ NLD ဘာမှ မလုပ်နိုင်မကိုင်နိုင် မလုပ်တတ် မကိုင်တတ် ဖြစ်နေတဲ့အချိန်မှာ ၈၈ တွေက ၀င်ကယ်ပေးလိုက်တာပဲ။ သူတို့ဘာသာသူတို့ ဘာဖို့ စဉ်းစားထားတာမှ မရှိတာ။ နိုင်ငံရေးပါတီဆိုတာ ဗျူဟာ အဆင့်ဆင့် ရှိရတယ်။ ဒါမဖြစ်ရင် ဒါလုပ်မယ်။ အဲဒါ မဖြစ်ရင် ဘာဆက်လုပ်မယ် ဆိုတာ အစကတည်းက စဉ်းစားထားရမယ်။ NLD ပါတီကို ကြည့် ဘယ်သူတွေက ဒေါ်စုအတွက် အထောက်အကူရမလဲ၊ ပေးနိုင်သလဲ ဘယ်သူမှ မရှိဘူး။ ၈၈ က လုပ်နေတဲ့ လွှတ်တော်စောင့်ကြည့်လေ့လာရေး သုတေသနမှာ NLD ပါတီဝင် အမတ်တွေ ဘာမှ ဖြစ်ဖြစ်မြောက်မြောက် မလုပ်နိုင်တာ တွေ့ရတယ်။ ဒါကို ဒေါ်စုကို တင်ပြထားပြီးသား။ NLD အမတ်တွေ လွှတ်တော်ထဲသွား ဘာလုပ်နေလဲ။ စည်းရုံးနိုင်ပြီလား။ ဥပဒေပြုတတ်ပြီလား။ ဘာမှ ဖြစ်ဖြစ်မြောက်မြောက် မရှိဘူး။ ခြံခုန်ကူးတဲ့ မြတ်ဥာဏစိုး ဆိုတာ NLD အမတ်။ ဒါပေမယ့် သူက ကြံ့ခိုင်ရေးကလူတွေကို ဆရာတင်ထားပြီး ဟိုပါတီက ခိုင်းသမျှ လုပ်နေတာ။ ဆိုလိုချင်တာက NLD ပါတီ လူရင်း လူယုံ မဟုတ်ဘူး” ဟု ၈၈ မျိုးဆက်များနှင့် နီးစပ်သူတစ်ဦးက ဆိုသည်။

ယင်းတို့၏ ပြောကြားချက်များကို NLD ပါတီဘက်က လက်မခံဘဲ နိုင်ငံရေး ဟူသည်မှာ မိုက်ရူးရဲ လုပ်ဆောင်ရသည်မျိုး မဟုတ်ကြောင်း တုံ့ပြန်သည်။

“နိုင်ငံရေးသမားဆိုတာ ပါးနပ်ရတယ်။ အခြေအနေကို ဖတ်တတ်ရတယ်။ ၁၉၈၈ ကစလို့ ၁၉၉၀ မှာရော တိုက်ခဲ့တာပဲ။ လမ်းပေါ်ထွက်ခဲ့ကြတာပဲ။ ဘာတွေ ရလာသလဲ။ ၈၈ တွေက တစ်ဆိတ်ရှိ လမ်းပေါ်ထွက်ဖို့ပဲ သိတယ်။ သူတို့က လမ်းပေါ် ထွက်တာကလွဲလို့ ကျန်တာ ဘာသိမှာလဲ။ မင်းကိုနိုင်က ဒေါ်စု မပြောခင်မှာ လမ်းပေါ်မှာ လူတွေပြည့်သွားမယ်၊ ဘာမှသလဲ ဆိုတာမျိုး ပြောတယ်။ အောက်က လူထုက လက်ခုပ်တွေတီး။ ဒီမှာပဲ ဒေါ်စုက အီမိုးရှင်းများပြီး သူပြောတဲ့အချိန်မှာ အရှိန်ပိုတင်ပစ်လိုက်တယ်။ ဒါက မင်းကိုနိုင် ရှေ့က ခင်းသွားတာကို နင်းရတာကြောင့် ဖြစ်တာ။ ဒီတော့ အီမိုးရှင်း များပြီး စိန်ခေါ်တယ် ဆိုတာတွေ ဖြစ်လာတယ်။ ပြီးတော့ အပြောခံရတော့ ဒေါ်စု နဲ့ NLD ပါတီ။ လူမိုက်ပါတီလား၊ ဦးနှောက် မရှိဘူးလား၊ ပြည်သူတွေကို သေစေချင်နေတာလား ဆိုပြီး ဆဲဆိုတာလည်း မနည်းဘူး။ ဒါတွေက ၈၈ အုပ်စုက သွေးထိုးလို့ ဖြစ်လာတာ။ ကျွန်တော်တို့ ဥက္ကဌ က ပြေလည်ရေးလမ်းကြောင်း သွားနေတာ။ ၈၈ တွေနဲ့ တွေ့ပြီးတော့ သဘောထား ပြောင်းသွားတယ်။ ၈၈ တွေတောင် လုပ်ရဲ ပြောရဲရင် သူလည်း ဘာဖြစ်လို့ မလုပ်ရဲ မပြောရဲရမှာလဲ ဆိုတာမျိုး ၀င်သွားတယ်” ဟု NLD ပါတီ ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးက ပြောသည်။

”အစည်းအဝေးတွေမှာ ထိုင်ခုံ စီတာကအစ ၈၈ တွေက ထိပ်ဆုံးမှာ နေရာယူတယ်။ လူကြီးသူမကို ရိုသေရမှန်းမသိဘူး။ နိုင်ငံရေး ၀ါစဉ်အရ ဆိုတာလဲ နားမလည်ဘူး။ NLD က နိုင်ငံရေးဆိုတာကို နားလည်နေပြီ။ ၈၈ ဆိုတာက ဒီကနေ့အထိ လမ်းပေါ်ထွက်တာဟာ နိုင်ငံရေးလုပ်တာ ဆိုပြီး နားလည်နေကြတာက များတယ်။ သူတို့ထဲမှာ နိုင်ငံရေးကို တကယ် နားလည်တာ လက်ချိုးရေလို့ ရတယ်။ တကယ်တမ်း လူထုကို လမ်းပေါ်ခေါ်တာနဲ့ လူထု အကုန် လိုက်လာမယ် ထင်နေကြတာ။ လူထုက ၈၈ လို မဟုတ်ဘူး။ ၈၈ တွေ ဘယ်လို ရပ်တည်နေသလဲ ပြောရရင် မကောင်း ဖြစ်လိမ့်မယ်” ဟု အဆိုပါ ခေါင်းဆောင်က ပြောဆိုသည်။

“ပြောရရင် ဒေါ်စုက အစ၊ နိုင်ငံရေးကို ဘယ်လို ကစားရမလဲ ဆိုတာ မသိဘူး။ တစ်နိုင်ငံလုံး စီးပွားရေး ရှိသမျှ အကုန်လုံး လက်ဝါးကြီးအုပ်ထားတဲ့ ဦးရွှေမန်းလို လူမျိုးကို သွားပေါင်းတယ်။ ခရိုနီတွေကို ကောင်းကောင်းကန်းကန်း သွားလုပ်တယ်။ ဘယ်လာ ကောင်းတော့မလဲ။ ကျွန်တော်တို့ ၈၈ တွေက ဒါတွေကို ကြည့်နေတာ၊ သိနေတာ။ ခွပ်ဒေါင်းကို သူတို့ ယူထားလို့ ကျွန်တော်တို့ ငြိမ်းပွင့်တံဆိပ်ကို ကဒေါင်းပုံ လုပ်လိုက်ရတယ်။ အမှန်က ခွပ်ဒေါင်းက ကျောင်းသားတွေနဲ့ ဆိုင်တာ။ ဒါကိုလည်း သူတို့ပါတီက ကျေးဇူးတင်ရကောင်းမှန်းမသိဘူး။ ပြောရရင် ဒေါ်စုကအစ ဘာဗျူဟာ ရှိသလဲ။ ဘာလုပ်နိုင်ခဲ့သလဲ။ ကျွန်တော်တို့အဖွဲ့တွေ ၀ိုင်းလုပ်ပေးလိုက်မှ စစ်တပ်ကိုရော အစိုးရကိုရော လွှတ်တော်ကိုရော ရင်ကော့ပြီး ရင်ဆိုင်နိုင်တဲ့အနေအထားကိုရောက်လာတာ။ နိုင်ငံရေးပါတီ ဆိုတာ ဒီလိုမျိုး ခေါင်းဆောင်တစ်ဦးတည်း ပြောတာ လိုက်လုပ်ကြ၊ စိတ်ထင်ရာ မြင်ရာတွေ လိုက်လုပ်ကြ ဒါမျိုး ဘယ်တော့မှ မရဘူး။ ရေရှည် မခံဘူး။ ၅၉(စ) ပြင်ဖို့ မလုပ်နဲ့ ကျွန်တော်တို့ အစကတည်းက ပြောတယ်။ ကျွန်တော်တို့အဖွဲ့ရဲ့ အခြေခံဥပဒေပြင်ဆင်ရေးအကြံပြုချက်မှာလဲ ဒီတစ်ခုတည်းကိုပဲ တောင်းဆိုထားတာ။ ဘာဖြစ်လို့လဲ ၄၃၆ ပြင်ပြီးသွားရင် ပြင်ဆင်ခွင့်က ကိုယ့်လက်ထဲ ရောက်လာပြီလေ။ ၅၉(စ) မကလို့ ၅၉(စ)အဖေပဲ လာလာ ပြင်လို့ လွယ်သွားပြီ။ ပြင်နိုင်သွားပြီ။ ရှင်းရှင်း ပြောရရင် ၄၃၆ ပြင်နိုင်ရင် အခြေခံဥပဒေတစ်အုပ်လုံး ကြိုက်သလို ရသွားပြီ။ ဒါကိုတောင် NLD က နိုင်ငံရေးသမားတွေ မသိတာ၊ သတိမထားမိတာ အံ့သြစရာပေါ့” ဟု ၄င်းက ပြောသည်။

NLD ပါတီနှင့် ၈၈ အုပ်စု၏ တင်းမာမှုသည် ဖြစ်တတ်သော သဘာဝ ဖြစ်ကြောင်း၊ ဤပြဿနာကို ပြေပြေလည်လည် ကိုင်တွယ်ဖြေရှင်းနိုင်မည် ဟု မျှော်လင့်ကြောင်း နိုင်ငံရေးဆောင်းပါးရှင်တစ်ဦးက သုံးသပ်သည်။

PP™
http://www.oppositeyes.info

Read More

ယနေ့(ဇွန်၁ရက်) နံနက် ၁၂ နာရီ ၅ မိနစ်ခန့်က ရန်ကုန်မြို့အပါအ၀င် မြစ်ဝကျွန်းပေါ်ဒေသအများစု၌ ငလျင်တစ်ခု လှုပ်ရှားသွားခဲ့သည်။ အဆိုပါ ငလျင်သည် ကနဦးတိုင်းတာချက်များအရ ဧရာဝတီတိုင်းဒေသကြီး ကျိုက်လတ်မြို့ကို ဗဟိုပြု၍ မာကယ်လီစကေး ၅ အဆင့်ခန့်(လူခံစားသိရှိရသည့် ပမာဏ)ဖြင့် လှုပ်သွားခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံ မြေငလျင်ကော်မတီမှ ဦးစိုးသူရထွန်းက ပြောသည်။

 ရန်ကုန်မြို့တွင် မြို့နယ်အများစုမှ အဆိုပါ ငလျင်ကို ခံစားသိရှိလိုက်ရပြီး ဆယ်စက္ကန့်ခန့်သာ ကြာသော်လည်း သိသိသာသာ လှုပ်သွားခြင်းဖြစ်ကြောင်း တာမွေမြို့နယ်တွင် နေထိုင်သူတစ်ဦးကပြောသည်။

 ဦးစိုးသူရထွန်းက ရန်ကုန်မြို့တွင် မာကယ်လီစကေး ၂ နှင့် ၃ အဆင့်ခန့် လှုပ်ရှားသွားခြင်းဖြစ်ပြီး မြစ်ဝကျွန်းပေါ်ဒေသရှိ ဒေဒရဲ ပြတ်ရွေ့ကြော လှုပ်သွားခြင်းဖြစ်ကြောင်း ပြောသည်။ ၎င်းပြတ်ရွေ့ကြောသည် အင်္ဂလိပ်အစိုးရလက်ထက် ၁၈၉၂ခုနှစ်က ရစ်ခ်ျတာစကေး ၆ဒသမ၅ခန့်ဖြင့် နောက်ဆုံးလှုပ်ခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

ကမ္ဘာအေးမြေငလျင်စခန်းမှ အနောက်တောင်ဘက် ၂၇မိုင်အကွာ တွံတေးမြို့၏ အနောက်တောင်ဘက် ၁၀မိုင်ခန့်အကွာကို ဗဟိုပြု၍ ရစ်ခ်ျတာစကေး ၄ဒသမ၇ အဆင့်ရှိ အင်အားအနည်းငယ်ငလျင်တစ်ခု လှုပ်သွားခြင်းဖြစ်ကြောင်း မိုး/ဇလမှ နံနက် ၁၂နာရီ၄၅မိနစ်တွင် သတင်းထုတ်ပြန်ခဲ့သည်။

Author: အောင်သစ်လွင်
7DAY DAILY

Read More

 အာဏာသိမ်း ကန့်ကွက်ပွဲတွေ ဖြစ်ပေါ်
ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာတော့ စစ်တပ်က အာဏာသိမ်းတာကို ကန့်ကွက်တဲ့ ဆန္ဒပြပွဲတွေ ဒီကနေ့ ပြုလုပ် တော့မှာပါ။

ဒီကိစ္စကြောင့် ဘန်ကောက်မြို့လယ်က အဓိက နေရာတွေကို ပိတ်ဆို့ပြီး စစ်တပ်တွေ ချထားပါတယ်။ ဒါဟာ မေလ ၂၂ ရက်နေ့မှာ စစ်တပ် အာဏာသိမ်းပြီး ပထမဆုံးအကြိမ် လူထုက ဆန့်ကျင် အုံကြွတာလဲ ဖြစ်ပါတယ်။

ဆန္ဒပြသူတွေ စုဝေးမှာ ဖြစ်တဲ့အတွက် လုံးဝ ပိတ်ထားတဲ့ အဓိက နေရာတွေက ရှစ်ခု ရှိပါတယ်။ အဲဒိထဲမှာ မြို့လယ်ခေါင်က Victory Monument တို့ Democracy Monument တို့လို ဘန်ကောက် မှာ လူအစည်ဆုံး နေရာတွေ ပါပါတယ်။ ဒါ့ကြောင့်မို့ ဖြစ်လာ နိုင်ခြေ ရှိတဲ့ ဆန္ဒပြပွဲ တွေက လွဲလို့ ဒီကနေ့ ဘန်ကောက်မှာ တခြား လှုပ်ရှားမှု တော်တော် နည်းနေပါလိမ့်မယ်။

ဘန်ကောက်က ဘီဘီစီ ရုံးခန်း၊ ထိုင်းနိုင်ငံခြား သတင်းထောက်များ ကလပ်နဲ့ သံရုံးတွေ ဖွင့်ထားတဲ့ Chitlon ၊ Siam ၊ Rachadamri စတဲ့ မိုးပျံရထား ဘူတာရုံတွေ နားက နိုင်ငံခြားသားတွေ အဓိက ဈေးဝယ်တဲ့ Central World ၊ Siam Paragon ၊ Mabonkrong အရောင်းစင်တာ ကြီးတွေ၊ သံရုံးတွေ ဘဏ်တွေ နိုင်ငံတကာ ကုမ္ပဏီကြီး တွေလဲ ရှိတဲ့ ဒီလို နေရာကို ပိတ်ထား တဲ့အတွက် လုံခြုံရေး တော်တော် တင်းကျပ် ထားတယ်လို့ ပြောလို့ ရပါတယ်။

ဘန်ကောက်မြို့ မိုးပျံ ရထားလမ်းရဲ့ မြို့တွင်း ဘူတာရုံတွေနဲ့ မြို့ထဲက အဓိက ကား လမ်းဆုံတွေကိုလဲ ပိတ်ထားပါတယ်။ မြို့လယ်ခေါင် အဲဒိလောက် အခြေအနေ မဆိုးဘူး လို့ သိရပါတယ်။

အဲဒိလို အခြေအနေမျိုးတွေ ဖြစ်နေတဲ့အတွက် ဘန်ကောက်မြို့မှာ စီးပွားရေး လုပ်ငန်းတွေ နှေးကွေးနေပါတယ်။

ရဲဗိုလ်ချုပ်ကြီး ဆွမ်ရွတ်တ် ကတော့ ဒီနေ့ ပြုလုပ်မယ့် ဆန္ဒပြပွဲတွေမှာ ပါဝင်တဲ့သူတိုင်းဟာ စစ်အုပ်ချုပ်ရေး ကြေညာ ထားတာကို ဆန့်ကျင် ချိုးဖောက်တယ်လို့ သတ်မှတ်မယ့်အကြောင်း မနေ့က ကြေညာ ထားပါတယ် ။

ဘီဘီစီ (မြန်မာပိုင်း)

Read More

 မေလ ၃၁ ရက် ၂၀၁၄

 သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် နောင်ခန်ဒေသခံလင်မယားအား မြန်မာစစ်တပ် တပ်မ ၈၈ လက်အောက်ခံစစ်ကြောင်းတကြောင်းက လက်နက်ကြီးငယ်ဖြင့်ပစ်ခတ်သောကြောင့် ဇနီးဖြစ်သူ သေဆုံးခဲ့ရကြောင်း ရွှေလီချိုင့်ဝှမ်းသတင်းရပ်ကွက်ကပြောသည်။

မေလ ၂၉ ရက် မွန်းလွဲ ၂ နာရီခန့်က နမ့်ခမ်းမြို့နယ် နမ့်ဇန့်ရွာမှ ရွာသားလင်မယား ဦးအားရှင် နှင့် နန်းထေး တို့ဆိုင်ကယ်ဖြင့် နမ့်ခမ်းမြို့သို့သွားစဉ် ကောင်းဝိန်းရွာအနီး၌ ၎င်းတို့နှစ်ဦး အား မြန်မာအစိုးရ တပ်မ ၈၈ လက်အောက်ခံ ခလရ ၁၀ မှ အင်အား ၂၇ ယောက်ရှိ စစ်ကြောင်း တကြောင်းက လက်ပစ်ဗုံးတလုံး နှင့် သေနတ် ၁၀ ချက်ကျော် ပစ်ခတ်ခဲ့သည်ဟု နောင်ခန်ဒေသခံ များကပြော သည်။

“ကျနော်တို့ရွာမှာ တပ်မ ၈၈ လက်အောက်ခံ တပ်ရင်း ခလရ ၁၀ တို့ဘဲရှိတယ်။ ကျနော်တို့ရွာနားမှာ အဲဒီစစ်ကြောင်းနဲ့ သူတို့လင်မယားတိုးမိတာလေ။ သူတို့လင်မယားကို ဆိုင်ကယ်ရပ်ခိုင်းတာ မရပ်လို့ ပစ်လိုက်တာတဲ့” - ဟု မြန်မာစစ်တပ်နှင့် နီးစပ်သည့် နောင်ခံရွာသားတဦးက ပြောသည်။

မြန်မာ စစ်တပ်ပစ်ခတ်မှုကြောင့် ယောက်ျားဖြစ်သူ ဦးအားရှင်း၏ ခြေထောက်၊ ဝမ်းဗိုက် တွင် သေနတ် ဒဏ်ရာ ၄ ချက် နှင့် ဗုံးစများထိမှန်ကြောင်း၊ နန်းထေးတွင်လည်း သေနတ်ဒဏ်ရာ ၆ ချက် နှင့်အတူဗုံးစ များထိမှန်ကြောင်း၊ ၎င်းတို့ လင်မယား စီးလာသည့် ဆိုင်ကယ်အားလည်း အဆိုပါ တပ်က သိမ်းဆည်း ထားကြောင်း၊ နန်းထေးမှာ ဒဏ်ရာပြင်းထန်သဖြင့် တရုတ် ဘက်ကမ်းဆေးရုံကြီးသို့ ပို့ဆောင်ကုသစဉ် မေလ ၃၀ ရက်မနက်ပိုင်းက သေ ဆုံးသွားကြောင်း မိသားစုဝင် တဦးက ကပြောသည်။

လက်ရှိတွင် မူစယ်မြို့နယ် စယ်လန့်ကျေးရွာအုပ်စု နမ့်စန့်ကျေးရွာရှိ ကျန်ရှိသူမိသားစုများက နန်းထေး အတွက် အသုဘ အခမ်းအနား ပြုလုပ်ပေးနေကြောင်း၊ ရပ်ရွာအကြီးအကဲများက လာရောက်အား ပေးသော်လည်း အစိုးရ စစ်တပ်ကမူ ဒေသဆုံးသူ မိသားစုအတွက် တစုံတရာ ထောက်ပံ့ပေးခြင်း၊ လာရောက်ကြည့်ရှုအားပေးခြင်းမရှိကြောင်း ဆွေမျိုးများ အသိုင်းအဝိုင်းက ပြောသည်။

သျှမ်းသံတော်ဆင့်

Read More

မုံရွာ မေ ၃၁

စစ်ကိုင်းတိုင်း ဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦး မြို့နယ်၊ ချောင်းဦး ရွာမတွင် မေလ(၃၁)ရက်နေ့ ညနေ(၀၂း၄၅) နာရီတွင် မီးလောင်ကျွမ်းမှု ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့သည်။ အဆိုပါ မီးလောင်မှု ဖြစ်ပွားသည့် နေရာသို့ တိုင်းဒေသကြီး မီးသတ်ဦးစီး ဌာနနှင့် မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များမှ မီးသတ်ယာဉ်များဖြင့် သွားရောက်ပြီး မီးငြှိမ်း သတ်မှုကြောင့် ညနေ(၀၃း၄၅)နာရီအချိန်တွင် မီးညွန့် ကျိုးသွား ကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ ချောင်းဦးမြို့၊ အနောက်ရပ်ကွက်နေ ဒေါ်ခင်သင်းဦး(ဘ) ဦးပေါစ အသက်(၄၇)နှစ်မှ နေအိမ်တွင် ထမင်းအိုး တည်ရာမှာ မီးစတင် လောင်ကျွမ်းခဲ့ပါသည်။ အဆိုပါ မီးလောင်ကျွမ်းမှုကြောင့် အိမ်ခြေ(၅၇)လုံး၊ စပါးကျီ(၈)လုံးမီးလောင်ဆုံးရှုံးခဲ့ရပြီး အိမ်ထောင်စု(၄၅)စုမှ ကျား(၇၂)ဦး၊ မ(၈၈)ဦး ပေါင်း(၁၆၀)ဦး အိုးမဲ့ အိမ်မဲ့ ဖြစ်ခဲ့ရသည်။

မီးလောင်မှုဖြစ်ပွားရာသို့ စစ်ကိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးသာအေးနှင့် တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်မှ တာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ သွားရောက်ပြီး လိုအပ်သည်မှားကို ကူညီဆောင်ရွက်ပေးလျက်ရှိပါသည်။

မီးဘေးသင့်သူများအတွက် ချောင်းဦးမြို့၊ မဟာအောင်မြေသာဇံ ဘုန်းတော်ကြီးကျောင်းတွင် ကယ်ဆယ်ရေး စခန်းဖွင့်လှစ်ကာ တာဝန်ရှိသူများက ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်း ရရှိပါသည်။

MOI Webportal Myanmar

Read More

အမေရိကန် အဖမ်းခံ ဆာဂျင် ကို ကယ်ထုတ်လာ
၂၀ဝ၉ ခုနှစ် ကတည်းက အာဖဂန်နစ္စတန် နိုင်ငံ အရှေ့ဘက် မှာ စစ်မှုထမ်းဖို့ ရောက်လာခဲ့ တဲ့ အမေရိကန် စစ်သား ဘိုဘာဒါလ် ဟာ တာလီဘန် တွေ ဖမ်းဆီးမှု ခံလိုက်ရ အပြီး မနေ့ကမှ လွှတ်ပေး လိုက်ပါတယ်။အကျဉ်းသား လဲလှယ်ရေး အစီအစဉ် အရပါ။

သူ လွတ်မြောက်လာတာ အလွယ်တော့ မဟုတ်ပါဘူး။ ကာတာ အစိုးရ ရဲ့ ကြားဝင်စေ့စပ်မှု နဲ့ ဂွမ်တာနာမို ဘေး အကျဉ်းစခန်းမှာ အဖမ်းခံထားတဲ့ ထိတ်တန်း တာလီဘန် တိုက်ခိုက်ရေး သမား ၅ ယောက် နဲ့ လဲလှယ်ပြီး လွှတ်ပေးလိုက်တာပါ။ တာလီဘန်တွေ ဘက် က ဒီအကျဉ်းသား လဲလှယ်ရေး အစီအစဉ် ကို အကောင်အထည် ဖော်ချင်တာ ကြာပါပြီ။ ဒါပေမဲ့ ကာတာ မှာ တာလီဘန် ရုံးဖွင့်ခွင့် အစီအစဉ် မနှစ် က ပျက်သွားတဲ့ အတွက် ဘိုဘာဒါလ် လွတ်မြောက်ရေး ကြန့်ကြာ ခဲ့တာပါ။ အာဖဂန် အစိုးရ က ကန့်ကွက်လို့ ဖြစ်ပါတယ်။

အဲဒီ နောက်ပိုင်းမှာ တော့ ညှိနှိုင်းမှု ကို တိတ်တဆိတ် ပြုလုပ်ခဲ့တာပါ။ တာလီဘန် တွေ နဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်း အဆိုအရ သူတို့ဟာ အမေရိကန် စစ်သား ကို ဒိပြင် လက်နက်ကိုင် အဖွဲ့တွေ က သတ်ပစ် မှာ စိုးတဲ့ အတွက် မကြာခန နေရာ ပြောင်းပြီး ထားတဲ့ အကြောင်း၊ အမေရိကန် အဆင့်မြင့် အရာရှိ တွေ ရဲ့ သတင်းရပ်ကွက် ကတော့ ဘိုဘာဒါလ် ကို ပါကစ္စတန် မှာ ဖမ်းထားတာ ဖြစ်ကြောင်း ပြောပါတယ်။

သူ့ ကို အမေရိကန် တပ် လက်ထဲ ပြန်အပ်ချိန် မှာတော့ အဆင်ချောပါတယ်။ သူ ကို လာခေါ်တဲ့ ရဟတ်ယာဉ် ပေါ် ရောက်တဲ့ အခါမှာ သူကိုယ်တိုင် မယုံကြည် နိုင်အောင် ဖြစ်နေတာ ကို အာဖဂန် မှ ဘီဘီစီ သတင်းထောက် ဒေးဗစ် လွိုင်း က ပြောပါတယ်။ သူက စက္ကူပန်းကန်ပြား ပေါ် မှာ SF လို့ ရေးပြီး special forces အထူးတပ်ဖွဲ့ လားလို့ မေးတဲ့ အကြောင်း၊ ဒီအခါမှာ ဟုတ်ပါတယ် လို့ အမေရိကန် တပ် ရဲ့ လက်ထဲ ပြန်ရောက်ပါပြီ လို့ အဖြေ သေချာတဲ့ အခါမှာ ချုန်းပွဲချ ငို တာ ကို ရှင်းပြပါတယ်။

အမေရိကန် ခေါင်းဆောင် တွေ ဘက်ကလည်း သူတို့တပ်ဖွဲ့ဝင်တွေ ကို ဘယ်တော့ မှ ရန်သူ့ လက်ထဲမှာ ချန်မထားခဲ့ ဘူး ဆိုတာ ကို ပြသနိုင်တဲ့ သဘော သက်ရောက် စေခဲ့ပါတယ် ဆိုတာကို ဘိုဘာဒါလ် လွတ်မြောက် လာစေရေး နဲ့ ပြသခဲ့ပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

Read More

 ထောင်ထဲမှာ သမီး တယောက်ကို မီးဖွား
အစ္စလာမ် အယူကို စွန့်ပယ်မှုနဲ့ သေဒဏ် ကျနေတဲ့ ဆူဒန် အမျိုးသမီး Meriam Ibrahim ကို ရက်ပိုင်း အတွင်း ပြန်လွှတ် ပေးတော့ မယ်လို့ ဆူဒန် နိုင်ငံခြားရေး ဌာန အဆင့်မြင့် အရာရှိကြီး တဦး က ပြောကြား လိုက်ပါပြီ။

သေဒဏ်ချခဲ့တာ တရားရုံး ဆုံးဖြတ်ချက် ဖြစ်လို့ ဒါကို ပြင်ဆင် ချမှတ်ဖို့ ဥပဒေ လုပ်ထုံး လုပ်နည်းတွေနဲ့ အညီ ဆောင်ရွက်စရာတွေ ရှိသေးတယ်လို့ ဆူဒန် နိုင်ငံခြားရေး ရုံးက Abdullahi Alzareg က ပြောကြား ခဲ့ပါတယ်။

ဆူဒန် အစိုးရ အနေနဲ့ ဘာသာရေး လွတ်လပ်ခွင့် ကို အာမခံ ပေးထားတာမို့ ဒီအမျိုးသမီးကို ကာကွယ် စောင့်ရှောက် သွားမယ် လို့လဲ Alzareg က ဆိုပါတယ်။

သူ့ကို သေဒဏ် ပေးမှု အပေါ် နိုင်ငံတကာ ပြစ်တင် ရှုတ်ချမှု တွေ ကြီးထွား နေပါတယ်။

Meriam Ibrahim ဟာ ဒီအပတ် ထဲမှာပဲ ထောင်ထဲမှာ သမီး တယောက်ကို မီးဖွား ခဲ့ရတာ ဖြစ်ပါတယ်။

ခရစ်ယာန် နဲ့ ယူလို့ ဆိုပြီး အိမ်ထောင်ရေး စည်းဖောက်မှုနဲ့ သူ့ကို ကြိမ်ဒဏ် တရာရိုက်ဖို့လဲ ပြစ်ဒဏ် ချမှတ် ထားပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

Read More

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်က ဆောက်လက်စ ရတနာသိင်္ဃတံတား ပြင်းအား ၆.၈ ငလျင်ကြောင့် ပြိုကျခဲ့တဲ့ မြင်ကွင်း။ (၁၁၊ ၁၃၊ ၂၀၁၂)
စနေနေ့ည သန်းခေါင်ကျော် တနင်္ဂနွေနေ့မနက် ၁ နာရီကျော်လောက်မှာ ပြင်းအား ၄.၇ ရှိတဲ့ ငလျင်တခု ရန်ကုန်မြို့နဲ့ ၂၅ မိုင်လောက်အကွာ တွံတေးမြို့ရဲ့ အနောက်မြောက်ဖက် ၁၀ မိုင်လောက်အကွာမှာ လှုပ်သွားခဲ့တယ်လို့ မိုးလေ၀သနဲ့ ဇလဗေဒပညာရှင် ဦးထွန်းလွင်က သူ့ရဲ့ အင်တာနက် စာမျက်နှာမှာ ဖော်ပြထားပါတယ်။ ငလျင်ကြောင့် ထိခိုက်ဒဏ်ရာရမှုနဲ့ ပျက်စီး ဆုံးရှုံးမှု ရှိမရှိဆိုတာတော့ မသိရသေးပါဘူး။

အလားတူပဲ တရုတ် - မြန်မာနယ်က တရုတ်နိုင်ငံအတွင်း အင်အားအတန်အသင့် ပြင်းထန်တဲ့ ငလျင်တခု လှုပ်သွားခဲ့တဲ့အတွက် ၄၅ ဦး ထိခိုက် ဒဏ်ရာရပြီး ထောင်နဲ့ချီတဲ့ ဒေသခံတွေလည်း ဘေးလွတ်ရာကို ရှောင်တိမ်းခဲ့ကြရတယ်လို့ တရုတ်အာဏာပိုင်တွေက စနေနေ့မှာ ပြောပါတယ်။

တရုတ်နိုင်ငံ ယူနန်ပြည်နယ်အတွင်း မနှစ်က ငလျင်လှုပ်ခဲ့တဲ့နေရာမှာပဲ သောကြာနေ့က ငလျင် ပြန်လှုပ်ခဲ့တာ ဖြစ်ပြီး ဒေသခံတွေ အဆောက်အဦးတွေထဲက ဘေးလွတ်ရာကို ထွက်ပြေးခဲ့ကြသလို ကျောင်းသားတွေကိုလည်း ကျောင်းထဲကနေ ဘေးကင်းရာကို ခေါ်ဆောင်သွားခဲ့ရတယ်လို့ ဆိုပါတယ်။

ဒဏ်ရာ ရသူတွေထဲက ၈ ဦးကတော့ စိုးရိမ်ရတဲ့အနေအထားမှာရှိပြီး လူပေါင်း ၂ သိန်းနီးပါးကို ယာယီခိုလှုံရေး စခန်း ၅၀ လောက်ကို ရွေ့ပြောင်းပေးခဲ့ရတယ်လို့ ယူနန်ပြည်နယ်၊ Dehong စီရင်စု အစိုးရက စနေနေ့မှာ သတင်းထုတ်ပြန်ပါတယ်။

အခုလှုပ်သွားတဲ့ ငလျင် ပြင်းအားဟာ ၆.၁ ရှိတယ်လို့ Yingjiang ခရိုင်၊ Dehong စီရင်စုက သတင်းထုတ်ပြန်ပြီး အမေရိကန် ဘူမိဗေဒ တိုင်းထွာရေးဌာနကတော့ ပြင်းအား ၅.၉ ရှိတယ်လို့ ဆိုပါတယ်။

ဗွီအိုအေ (မြန်မာဌာန)

Read More

(နိရဉ္စရာ- ၃၁ မေလ ၂၀၁၄) / မျိုးချစ်နိုင်
ဓါတ်ငွေ့သန့်စင်စက်ရုံ ( ဓါတ်ပုံ- နိရဉ္စရာ)
ဓါတ်ငွေ့သန့်စင်စက်ရုံ ( ဓါတ်ပုံ- နိရဉ္စရာ)
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ မလကျွန်းကျေးရွာမှ ကိုယ်ဝန်ဆောင် မိခင် (၄) ဦး လွန်ခဲ့သော လအနည်းငယ်က ကလေးအသေမွေးဖွားခဲ့သဖြင့် ယင်းသို့ ဖြစ်ရခြင်းမှာ ရွှေသဘာဝဓါတ်ငွ့စီမံကိန်း OGT ဓါတ်ငွေ့သန့်စင်စက်ရုံမှ စွန့်ပစ်သော ဓါတုပစ္စည်းများးကြောင့်ဟု ကျေးရွာသားများက သံသယ ဖြစ်နေကြသည်ဟု သိရသည်။
“ ကျွန်တော်ကို ဒီကိစ္စတိုင်ကြားတဲ့ အတွက် မနေ့က ကျွန်တော်သွားရောက် စစ်ဆေးခဲ့ပါတယ်။ အဲဒီမှာ ကိုယ်ဝန်ဆောင် အမျိုးသမီး သုံးလေဦးခန့်ဟာ လွန်ခဲ့တဲ့နှစ် နိုဝင်္ဘာလမှာ ကလေးတွေ အသေ မွေးဖွားခဲ့တယ်လို့ ရွာသားတွေက ပြောတယ်။ ခုလို ဖြစ်ရတာဟာ သူတို့ရွာမှာ တည်ဆောက်ထားတဲ့ ဓါတ်ငွေ့သန့်စင်စက်ရုံက စွန့်ပစ်တဲ့ ဓါတုပစ္စည်းတွေကြောင့်လို့ ကျေးရွာသားတွေက သံသယ ဖြစ်နေကြပါတယ်” ဟု မလကျွန်းကျေးရွာသို့ မေလ ၃၀ ရက်နေ့က ကိုယ်တိုင်သွားရောက်စစ်ဆေးခဲ့သူ ကျောက်ဖြူမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဘရှင်က ပြောသည်။
သို့သော်လည်း သူ့မှာ ပညာရှင် တစ်ဦး မဟုတ်သဖြင့် ယခုကိစ္စကို သက်ဆိုင်ရာ အာဏာပိုင်များသို့ စစ်ဆေးနိုင်ရန် တင်ပြသွားမည်ဟု သူက ဆိုသည်။
“ ကျွန်တော်သွားရောက်စစ်ဆေးတော့ ဘာတွေ့ရသလဲဆိုတော့ စက်ရုံက စွန့်ပစ်တဲ့ ပစ္စည်းတွေကို မြောင်းတူးပြီး ပင်လယ်ထဲကို ပစ်ချတယ်။ သာမန် ရေဆိုးရေညစ်တွေကိုတော့ နေ့ခင်းဘက်မှာ မြောင်းထဲက တဆင့် စွန့်ပစ်ပြီး ဓါတု ပစ္စည်းလို အရောင်အဆင်းတွေနဲ့ စွန့်ပစ် ပစ္စည်းတွေကျတော့ ညဥ့်မှာ ပို့လွှတ်တယ်လို့ ပြောတယ်။ အဲသလို လွှတ်တဲ့ အခါ အနံ့အသက်တွေ ဆိုးဆိုးရွားရွားနံတယ်လို့ ပြောတယ်။ ပင်လယ်ထဲက ငါးတွေသေဆုံးမူတွေရှိတယ်လို့လည်း ရွာသားတွေက ပြောပါတယ်” ဟု သူက ပြောသည်။
၎င်းကိုယ်ဝန်ဆောင် အမျိုးသမီး (၄) ဦးသည် စွန့်ပစ္စည်းများကို ပင်လယ်ထဲသို့ ပို့ဆောင်သည့် မြောင်းအနီးရှိ လယ်ကွင်းများတွင် အလုပ် လုပ်ကိုင်သူများ ဖြစ်ကြပြီး ယင်းအနီးရှိ ရေတွင်းများမှ ရေကို သောက်သုံးရာမှ ယခုလို ကိုယ်ဝန်မွေးဖွားစဉ် ကလေး အသေမွေးဖွားခြင်း ဖြစ်ကြောင်း သံသယ ဖြစ်နေကြသည်ဟု ဆိုသည်။
ကိုယ်ဝန်ဆောင်စဉ် ကလေးအသေမွေးဖွားသူ အမျိုးသမီးများမှာ (၁)နုနုချေ (၂) စန္ဒာဝင်း(၃) သန်းသန်းနွယ်(၄) သိန်းယဉ်နုတို့ဖြစ်ကြသည်ဟု ရွာသား တစ်ဦးဖြစ်သူမောင်ဝေခင်က ပြောသည်။
_MG_0714ယင်းသဘာဝဓတ်ငွေ့သန့်စင် စက်ရုံမှ  စွန့်ပစ်ပစ္စည်း အညစ်ကြေးများ ပင်လယ်ထဲသို့ စွန့်ပစ်ရာမှ အနီးနားနေထိုင်သူဒေသခံများ အနံ့သက်များကြောင့် ခေါင်းကိုက်ခြင်း သီးပင်စားပင်များ ပျက်ဆီးခြင်း ပင်လယ်တွင် ငါးရှားပါးလာခြင်းတို့ဖြစ်ပေါ်နေသည်ဟု ဒေသခံ တစ်ဦးကလည်း ပြောသည်။
“ အဲဒီ ဆိုးရွားတဲ့ အနံ့အသက်က OGT စက်ရုံဝင်းထဲက အညစ်ကြေးထုတ်တဲ့ ရေမြောင်းထဲက ထွက်တာ။ သူတို့စက်ရုံဝင်းထဲမှာ ရေကန်ကြီးရှိပါတယ်။ အဲဒီရေကန်ကြီးထဲမှာအညစ်ကြေးတွေစုထားပြီးတော့ အဲဒီ ကန်ထဲကနေတဆင့် လွှတ်တာ။ အဘတို့မသိတဲ့ သာမန်အညစ်ကြေးနံ့မဟုတ်တဲ့ အနံ့တွေလဲပါတယ်။ အက်စစ်နံ့လိုလို ဂတ်စ်နံ့လိုလိုတွေပါတယ်။ ပုံမှန် မနက်အစောကြီး ၄နာရီကနေ ၇နာရီထိ သူတို့ ပင်လယ်ထဲစွန့်ထုတ်တယ်” ဟု ပြောသည်။
မလကျွန်းရွာအုပ်ချုပ်ရေးမှုး ဦးတင့်ရီမှလည်း နံနက် ၅နာရီကနေ ၇နာရီထိ အနံ့များ တအားထွက်ကြောင်း  သူတို့ကန်ထဲကနေ တဆင့်ရေမြောင်းကစွန့်ပစ်ချိန်တွင် အင်္န့အသက်မှာ ဆိုးဆိုးရွားရွားထွက်ကြောင်း အတည်ပြု ပြောဆိုသည်။
မလကျွန်းကျေးရွာမှာ အိမ်ခြေ ၁၅၀ ကျော်ရှိပြီး ယခင်က ကလေးအသေမွေးဖွားခြင်းမျိုး လုံးဝ မရှိဟု သိရသည်။

Read More

(နိရဉ္စရာ- ၁ ဇွန်လ ၂၀၁၄)
ဘင်္ဂလာဒေခ်ျ့ဘက်က စစ်ရေးလူပ်ရှားနေမူများ (ဓါတ်ပုံ- ဘင်္ဂလာဒေခ်ျ့ သတင်းစာများမှ)
ဘင်္ဂလာဒေခ်ျ့ဘက်က စစ်ရေးလူပ်ရှားနေမူများ (ဓါတ်ပုံ- ဘင်္ဂလာဒေခ်ျ့ သတင်းစာများမှ)
မြန်မာ-ဘင်္ဂလာဒေခ်ျ့နယ်စပ်တွင် နှစ်ဘက်တပ်များ တိုးချသော်လည်း နယ်စပ် အခြေအနေမှာ တည်ငြိမ်နေကြောင်း သိရသည်။
သို့သော် နယ်စပ်အခြေအနေမှာတင်းမာနေကြောင်း ဘင်္ဂလာဒေခ်ျ့ စစ်ဘက်သတင်းရပ်ကွက်များကို ကိုးကားပြီး ဘင်္ဂလာဒေခ်ျ့ သတင်းစာများတွင် ဖေါ်ပြသည်။
သေဆုံးသွားသူ ဘင်္ဂလာဒေခ်ျ့ နယ်ခြားစောင့်တပ်သား နာယတ် မီဇနူရ် ရာဟာမန် (Nayek Mizanur Rahman – ၄၃ နှစ်) အလောင်းအား ယမန်နေ့ (မေလ ၃၁ ရက်နေ့) နံနက်က မြန်မာဘက်က လွှဲပြောင်းပေးပြီးနောက် ပစ်ခတ်သံများဆက်မကြားရတော့ဟု နယ်စပ်နေ ဒေသခံများက ပြောသည်။
still-tensed-border
သို့သော်လည်း နှစ်ဘက်နယ်စပ် ပြည်သူများမှာ တပ်အင်အားများ ဖြည့်တင်းနေကြသဖြင့် အထူးစိုးရိမ် ပူပန်နေကြပြီး ညဥ့်အချိန်တွင် အိမ်များကို စွန့်ခွာပြီး ဘေးလွှတ်ရာသို့ သွားအိပ်ကြသည်ဟု ဆိုသည်။
မြန်မာနှင့် ဘင်္ဂလာဒေခ်ျ့ နယ်စပ် တပ်ဖွဲ့အကြား လွန်ခဲ့သော ဗုဒ္ဓဟူးနေ့က နယ်စပ်မိုင်တိုင်အမှတ် (၅၂) အနီး အပြန်အလှန် ပစ်ခတ်မူ ဖြစ်ပွားစဉ် ဘင်္ဂလာဒေခ်ျ့ ဘီဂျီဘီတပ်မှ နာယတ် မီဇနူရ် ရာဟာမန် ကျဆုံးခဲ့သည်။
မြန်မာဘက်မှ ဘင်္ဂလာဒေခ်ျ့နိုင်ငံတွင်းသို့ ၀င်ရောက်လာပြီး ၎င်းနာယတ် မီဇနူရ် ရာဟာမန်အား မြန်မာဘက်သို့ ဆွဲယူသွားခဲ့သည်ဟု ဘင်္ဂလာဒေခ်ျ့က စွပ်စွဲသည်။
still-tensed-border
လွန်ခဲ့သော သောကြာနေ့က နယ်စပ်တွင် ပျောက်ဆုံးသွားသော နာယတ် မီဇနူရ် ရာဟာမန်အား ဘင်္ဂလာဒေခ်ျ့ ဘီဂျီဘီ (Border Guard Bangladesh) တပ်ဖွဲ့မှ နယ်စပ်တွင် ရှာဖွေစဉ် မြန်မာဘက်က ပစ်ခတ်သဖြင့် အပြန်အလှန် ပစ်ခတ်မူများ ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။
ယင်းသို့ ဖြစ်ပွားပြီးနောက် ယမန်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်က ဘင်္ဂလာဒေခ်ျ့ ဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးမျိုးမြင့်သန်းအား ဘင်္ဂလာဒေခ်ျ့ နိုင်ငံခြားရေး ၀န်ကြီးဌာနသို့ ဒုတိယ အကြိမ်မြောက်ဆင့်ခေါ်ခဲ့ပြီး နယ်စပ်တွင် ပစ်ခတ်မူပြုလုပ်ခြင်းနှင့် နာယတ် မီဇနူရ် ရာဟာမန် သေဆုံးရခြင်းနှင့် ပတ်သက်ပြီး ရှင်းလင်းပေးရန် တောင်းဆိုခဲ့သည်။
မြန်မာဘက်မှ ယခုကဲ့သို့ ဖြစ်ရခြင်းမှာ အာရ်အက်ဆို အကြမ်းဖက်အဖွဲ့ဟု ထင်မှတ်သဖြင့် ပစ်ခတ်ရာမှ သေဆုံးသွားခြင်း ဖြစ်ကြောင်း၊ နောက်ပိုင်းမှ သေဆုံးသူမှာ ဘင်္ဂလာဒေခ်ျ့ ဘီဂျီဘီ တပ်ဖွဲ့ဝင် ဖြစ်သည်ဟု သိရကြောင်း ပြန်လည် ရှင်းလင်းချက်ပေး ပြောဆိုသည်ဟု သိရသည်။
BGB_Naikkhangchari
သို့သော်လည်း ဘင်္ဂလာဒေခ်ျ့ဘက်မှ ဘင်္ဂလာဒေခ်ျ့ ပိုင်နက်နယ်မြေတွင် အာရ်အက်ဆို အကြမ်းဖက်အဖွဲ့ ခိုအောင်း၍ မရှိကြောင်း ငြင်းဆိုသည်ဟု ဆိုသည်။
ဘင်္ဂလာဒေခ်ျ့ နိုင်ငံခြားရေး ၀န်ကြီးဌာနမှ သတင်းကျေညာချက် တစ်စောင် ယမန်နေ့က ထုတ်ပြန်ပြီး ယခု နယ်စပ်တွင် ဖြစ်ပွားခဲ့မူနှင့် ပတ်သက်ပြီး စစ်ဆေးရန်နှင့် နယ်စပ်တွင် စုရုံးရောက်ရှိနေသော မြန်မာတပ်များကို အမြန်ဆုံး ရုတ်သိမ်းရန် မြန်မာ အစိုးရအား တောင်းဆိုခဲ့သည်ဟု သိရသည်။
မြန်မာနှင့် ဘင်္ဂလာဒေခ်ျ့တို့သည် ၂၀၀၈ ခုနှစ် နိုဝင်္ဘာလကလည်း ရေပြင်ပိုင်နက် အငြင်းပွားမူကြောင့် စစ်ပွဲ ဖြစ်လုနီးပါးထိ ပြသနာ ပေါ်ပေါက်ခဲ့ပြီး နောက်ပိုင်းတွင် သံတမန်နည်းလမ်းဖြင့် ဖြေရှင်းကာ ပြေငြိမ်းခဲ့ကြောင်း သိရသည်။

Read More

၂၀၁၂ ခုနှစ်တွင် တက္ကသိုလ်ဝင်တန်းအထိ ဒေါ်အောင်ဆန်းစုကြည်၏ တိတ်တဆိတ်ထောက်ပံ့မှုဖြင့် တက်ရောက်အောင်မြင်ခဲ့သော ခင်ရွှန်းလဲ့ဝေမှ ဖခင်ဖြစ်သူ ဦးလှမြင့် ရှိရာ ကိုရီးယားနိုင်ငံ သို့ သွားမည့်သတင်းထွက်ခဲ့ပြီး ၂ လ အကြာတွင်  ဒေါ်အောင်ဆန်းစုကြည်လည်း ကိုရီးယားလိုက်သွားမည့်သတင်း အား NLD မှ အတည်ပြု ပြောကြားလိုက်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ဒီဇင်ဘာလအတွင်း ပြည်တွင်းခရီး နှစ်ခုထွက်မည်ဖြစ်ကာ ဇန်န၀ါရီတွင် ကိုရီးယားနိုင်ငံသို့ သွားရောက်မည်ဖြစ်ကြောင်းသတင်းရရှိသည်။

ဖခင် ဗိုလ်ချုပ်အောင်ဆန်း၏ ဇာတိဖြစ်သော နတ်မောက်မြို့၊ တရားဝင် လင်ယောင်္ကျား မိုက်ကယ်အဲရစ် နှင့် သားအငယ် ကင်မ်အဲရစ်ရှိရာ ဗြိတိန်နိုင်ငံ၊ သားအကြီး အလက်စန္ဒားအဲရစ် ရှိရာ အမေရိကန်နိုင်ငံ၊ ပါကစ္စတန်သား
Tariq Hyder  နေထိုင်ရာ အိန္ဒိယနိုင်ငံ များသို့ သွားရောက်အပြီးတွင် နောက်ဆုံးဖြစ်သည့် ဒေဗစ်လှမြင့် ခေါ် ဦးလှမြင့် ရှိရာ ကိုရီးယားနိုင်ငံသို့ သွားရောက်မည်ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ကြားဖြတ်ရွေးကောက်ပွဲပြီးနောက် ပြည်တွင်းခရီးစဉ်များ ရပ်နားထားခဲ့ပြီး ၎င်း၏ပထမဆုံး ပြည်ပခရီးစဉ်အဖြစ် ထိုင်းနိုင်ငံသို့ သွားရောက်ခဲ့ရာ VIP တံခါးမှ ထွက်ခွင့်မရပဲ သာမန်ခရီးသည် များအတိုင်း ဝင်ခွင့် ထွက်ခဲ့ရခဲ့သဖြင့် ဒေါ်အောင်ဆန်းစုကြည်၏ ဦးစီးမှု ညံ့ဖြင်းကြောင်းကို အမေရိကန်သတင်းစာ မှ ဝေဖန်ခံခဲ့ရသည်။ 

မြန်မာအစိုးရနှင့် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့အကြား ကာလအတန်ကြာ တင်းမာမှုတွေ ရှိခဲ့ပြီး ဦးသိန်းစိန်အစိုးရလက်ထက်တွင် ဂျွန်ယက်တော အား Black list စာရင်းမှ ပယ်ဖျက်ပေးခဲ့ပြီးနောက် အစိုးရနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ အကြား ဆက်ဆံရေးမှာ သိသိသာသာတိုးတက်လာခဲ့သည်။


ဒေးဗစ်လှမြင့် နှင့် ဒေါ်အောင်ဆန်းစုကြည်၏ သမီးဖြစ်ကြောင်း ဝန်ခံထားသူ ခင်ရွှန်းလဲ့ဝေ မှ ၎င်း ၏ Facebook တွင် ကိုရီးယားနိုင်ငံသို့ သွားမည့်အကြောင်း ဖော်ပြထားခြင်းအား လွန်ခဲ့သည့် အောက်တိုဘာ ၂၉ ရက်မှ Myanmarexpress မှ ဖော်ပြခဲ့သည့် သတင်းအား http://www.myanmarexpress.net/2012/10/facebook_28.html တွင် ကြည့်ရှုနိုင်သည်။


 
အသက် ၆၈ နှစ်အရွယ် ဒေါ်အောင်ဆန်းစုကြည်သည် သူမ၏ သတ်တမ်းအတွက် အမျိုးသား (၄) ဦး နှင့် သတင်းထွက်ခဲ့ပြီး ၃ ဦးနေထိုင်ရာ နိုင်ငံများသို့ သွားရောက်ခဲ့ပြီးဖြစ်ကာ ယခု နောက်ဆုံး တစ်ဦးနေထိုင်ရာ နိုင်ငံသို့ မကြာခင်သွားရောက်မည်ဖြစ်သည်။
  
 Myanmar Express

Read More


လူသန်းပေါင်းများစွာ စိတ်ဝင်စားနေတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒေးဗစ်လှမြင့် တို့ရဲ့ သမီး ခင်ရွှန်းလဲ့ဝေ အကြောင်း နှင့် အသက် ၄၃ နှစ် မတိုင်မှီ မြန်မာနိုင်ငံကို မေ့ကာ နိုင်ငံခြားမှာ မိသားစုနှင့် နေထိုင်ပျော်ပါးနေသည့်အကြောင်းများကို မမေးရန်အတွက် အယ်န်အယ်လ်ဒီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က သူမ၏ ပုဂ္ဂိုလ်ရေး အကြောင်းများကို မေးမြန်းခြင်း မပြုကြရန် မီဒီယာများ ကို သတိပေးလိုက်ပါတယ်။

လန်ဒန်မှ သားမြေးများထံ ၅ ရက်ခရီးအပါအဝင် ဥရောပခရီးစဉ်မှအပြန် ဇူလိုင် ၃ ရက်တွင်အယ်န်အယ်ဒီ ရုံးချုပ်တွင်ကျင်းပသည့် သတင်းစာရှင်း လင်းပွဲတွင် ဒေါ်အောင်ဆန်းစုကြည် က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

''ပုဂ္ဂိုလ်ရေးမေးခွန်းမမေးပါနဲ့။ ကျွန်မပုဂ္ဂိုလ်ရေးမေး ခွန်းတွေဖြေလေ့ ဖြေထမရှိပါဘူး'' ဟု ၎င်း က ဆိုပါတယ်။

အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် ဥရောပခရီးစဉ်နှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲ တွင်ပြည်တွင်း ပြည်ပမှ မီဒီယာ ၄၀ ကျော်ခန့်တက်ရောက် ခဲ့ပြီး မေးခွန်းများ မေးမြန်းခြင်းတွင် ဥရောပခရီးစဉ်နှင့် မသက် ဆိုင် သည့် မေးခွန်းများကိုပါ ဖြေကြားပေးခဲ့သော်လည်း ပုဂ္ဂိုလ်ရေး နှင့် ပတ်သက်သည့် မေးခွန်း အချို့အား ဖြေဆိုခြင်းမရှိခဲ့ပေ။

၈၈ ကျောင်းသားများနှင့် တွေ့ဆုံခဲ့မှုနှင့် ပတ်သက်ပြီး သတင်း ထောက်တစ်ဦး၏ မေးမြန်းချက်အား ဒေါ်အောင်ဆန်းစုကြည်က ''၈၈ မျိုးဆက်ကျောင်းသား တွေ ကလာတွေ့ ချင်တယ်ဆို လို့ တွေ့တာပါ။ ဆွေးနွေး တဲ့ ကိစ္စတွေကလည်း ကိုမင်းကိုနိုင်တို့၊ကို ကိုကြီးတို့၊ကိုပြုံးချိုတို့ဆွေးနွေးချင်တဲ့ ကိစ္စတွေဖြစ် ပါတယ်။ အဲဒီဟာတော့ ကာယကံရှင် ကိုမေးပါ။ ကျွန်မတို့ကတော့စည်းကမ်းအရ၊ မူအရ ကျွန်မတို့ လာတွေ့တဲ့ ဧည့်သည်တွေကဘာပြော တယ်ဆိုတာ ထုတ်ဖော်ပြောလေ့ မရှိပါဘူး။ ဘာမှထူးထူး ထွေထွေ တော့ မဟုတ်ပါ ဘူး။ မူအရပြောတာပါ။'' ဟု ပြန်လည် ဖြေကြားခဲ့ပါတယ်။

ထို့အတူဥရောပခရီးစဉ် အတွင်းနော်ဝေနိုင်ငံအော်စလိုမြို့တွင် စက်မှုဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း နှင့် တွေ့ဆုံစဉ်မည်သည့် အရေးကိစ္စများ ဆွေးနွေးဖြစ်ခဲ့ကြောင်း သတင်းထောက် တစ်ဦး၏မေးမြန်း ချက်ကိုလည်းဒေါ်အောင်ဆန်းစုကြည် ကမူအရဖြေကြား ဖို့မရှိကြောင်းပြော ကြားပြန်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ လက်သုံးစကားကတော့ "ပွင့်လင်း မြင်သာရမယ်" ဆိုတဲ့ စကားဖြစ်ပြီး အနှစ် ၂၀ လုံးလုံး အစိုးရကို ပွင့်လင်းဖို့နဲ့ လုပ်ဆောင်မှုများကို ပွင့်လင်းမြင်သာ စွာ ချပြဖို့ ဝေဖန်နေခဲ့သူဖြစ်ပါတယ်။

မေးခွန်းအချို့ကို ပါးစပ်ပိတ်ကာ မဖြေကြားမှု၊ မမေးရန် သတိပေးမှုနဲ့ အပြောနဲ့အလုပ် မညီမျှ မှုတို့ကြောင့် သတင်းစာရှင်းလင်းပွဲအပြီးမှာ
သတင်းထောက် အများအပြားက ကျေနပ်မှုမရှိကြကြောင်း သတင်းရရှိပါတယ်။

Myanmar Express

Read More
Related Posts Plugin for WordPress, Blogger...

Arakan Media Group

Popular Posts

Blog Archive