ယနေ့(ဇွန်၁ရက်) နံနက် ၁၂ နာရီ ၅ မိနစ်ခန့်က ရန်ကုန်မြို့အပါအ၀င် မြစ်ဝကျွန်းပေါ်ဒေသအများစု၌ ငလျင်တစ်ခု လှုပ်ရှားသွားခဲ့သည်။ အဆိုပါ ငလျင်သည် ကနဦးတိုင်းတာချက်များအရ ဧရာဝတီတိုင်းဒေသကြီး ကျိုက်လတ်မြို့ကို ဗဟိုပြု၍ မာကယ်လီစကေး ၅ အဆင့်ခန့်(လူခံစားသိရှိရသည့် ပမာဏ)ဖြင့် လှုပ်သွားခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံ မြေငလျင်ကော်မတီမှ ဦးစိုးသူရထွန်းက ပြောသည်။

 ရန်ကုန်မြို့တွင် မြို့နယ်အများစုမှ အဆိုပါ ငလျင်ကို ခံစားသိရှိလိုက်ရပြီး ဆယ်စက္ကန့်ခန့်သာ ကြာသော်လည်း သိသိသာသာ လှုပ်သွားခြင်းဖြစ်ကြောင်း တာမွေမြို့နယ်တွင် နေထိုင်သူတစ်ဦးကပြောသည်။

 ဦးစိုးသူရထွန်းက ရန်ကုန်မြို့တွင် မာကယ်လီစကေး ၂ နှင့် ၃ အဆင့်ခန့် လှုပ်ရှားသွားခြင်းဖြစ်ပြီး မြစ်ဝကျွန်းပေါ်ဒေသရှိ ဒေဒရဲ ပြတ်ရွေ့ကြော လှုပ်သွားခြင်းဖြစ်ကြောင်း ပြောသည်။ ၎င်းပြတ်ရွေ့ကြောသည် အင်္ဂလိပ်အစိုးရလက်ထက် ၁၈၉၂ခုနှစ်က ရစ်ခ်ျတာစကေး ၆ဒသမ၅ခန့်ဖြင့် နောက်ဆုံးလှုပ်ခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

ကမ္ဘာအေးမြေငလျင်စခန်းမှ အနောက်တောင်ဘက် ၂၇မိုင်အကွာ တွံတေးမြို့၏ အနောက်တောင်ဘက် ၁၀မိုင်ခန့်အကွာကို ဗဟိုပြု၍ ရစ်ခ်ျတာစကေး ၄ဒသမ၇ အဆင့်ရှိ အင်အားအနည်းငယ်ငလျင်တစ်ခု လှုပ်သွားခြင်းဖြစ်ကြောင်း မိုး/ဇလမှ နံနက် ၁၂နာရီ၄၅မိနစ်တွင် သတင်းထုတ်ပြန်ခဲ့သည်။

Author: အောင်သစ်လွင်
7DAY DAILY

Posted by Unknown on Saturday, May 31, 2014

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

Arakan Media Group

Popular Posts

Blog Archive