သတင်း၊ ကိုတိုးကြီး
ထီးချိုင့်၊ သြဂုတ် ၂၃
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့
နယ်၊အင်းဒေါင်းကျေးရွာ၊ အခြေခံပညာ
အလယ်တန်း ကျောင်းတွင် ကျောင်းအထွေထွေ
လုပ်သား တာဝန်ထမ်းဆောင်နေသူတစ်ဦးက
ကျောင်းသားနှစ်ယောက် အား ဓမ္မတာ
အတိုင်းမဟုတ်သော ကာမဆက်ယှပ်ခြင်းများ ပြုကျင့်ခဲ့သည်ဟုဆိုကာ ကျောင်းသားဖခင်တစ် ဦးက ရဲစခန်းသို့သွားရောက်၍ သြဂုတ်လ ၂၀ ရက်နေ့ည ၈ နာရီ ၄၅ မိနစ်အချိန်က တိုင်တန်းခဲ့သည်။
အဆိုပါ တိုင်တန်းချက်အား ထီးချိုင့်မြို့မရဲစခန်းက (ပ) ၂၈၆/ ၂၀၁၄ ပြစ်မှုပုဒ်မ ၃၇၇ အရ အမှုရေးဖွင့်၍ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း ကသာခရိုင်ရဲတပ်ဖွဲ့မှူးရုံးရှိ ရဲအရာရှိတစ်ဦးက အတည်ပြုပြောကြား သည်။
အမှုတိုင်တန်းချက်ပါ ဖြစ်စဉ်များနှင့်ပတ်သက်၍ ဖော်ပြထားရာတွင် သြဂုတ်လ ၁၈ ရက်နေ့ ညနေ ၄ နာရီ အချိန်က ထီးချိုင့်မြို့နယ်၊ အင်းဒေါင်းကျေးရွာနေ တောင်သူကြီးတစ်ဦး၏ သားဖြစ်သူ အသက်(၁၀)နှစ်အ ရွယ်ကကျောင်းသားတစ်ဦးသည် အင်းဒေါင်းကျေားရွာ အခြေခံပညာ အလယ်တန်း ကျောင်း၌ ကျောင်း အထွေထွေလုပ်သား တာဝန်ထမ်းဆောင်နေသည့် အသက်(၂၂)နှစ်အရွယ် ပညာရေးဝန်ထမ်းလုပ်သား တစ်ဦးက ၎င်း၏နေအိမ်ပေါ်သို့ ခေါ်ဆောင်၍ ထိုသူ၏ အမျိုးသား လိင်အင်္ဂါကို(၇) ကြိမ်မျှစုတ်ခိုင်းခဲ့သည်။
ထိုမျှမက အခြားကျောင်းသားလေးတစ်ဦးကိုလည်း အိမ်သာအတွင်းသို့ခေါ်ဆောင်ပြီး အဆိုပါ ကျောင်းအ ထွေထွေလုပ်သားက ၎င်း၏ အမျိုးသား လိင်အင်္ဂါကို(၆)ကြိမ်မျှ ထပ်မံ၍ စုတ်ခိုင်းခဲ့ သေးသည်။
အဆိုပါ ကျောင်းအထွေထွေလုပ်သား ပညာရေးဝန်ထမ်းလုပ်သားတစ်ဦးက ကျောင်းသားနှစ်ဦးကို ၎င်း၏ နေအိမ်ပေါ်နှင့် အိမ်သာအတွင်းသို့ ခေါ်ဆောင်၍ ထိုသူ၏ အမျိုးသား လိင်အင်္ဂါအား(၁၃)ကြိမ်မျှ စုတ်ခိုင်း စေခဲ့သည့် ဖြစ်စဉ်နှင့်ပတ်သက်၍ တရားလိုပြုလုပ် တိုင်တန်းခဲ့သူက ၎င်း၏သမီးဖြစ်သူ၏ တဆင့်ပြန်ပြော ချက် စကားများအရ သိရှိရပြီး ရဲစခန်း၌ အမှုဖွင့်တိုင်တန်းခဲ့ခြင်းဖြစ်သည်။
ပြီးခဲ့သည့် ဇူလိုင်လကလည်း စစ်ကိုင်းမြို့နယ် နတ်ခရိုင်ကျောင်းရှိ စတုတ္ထတန်းကျောင်းသူလေးနှစ်ဦးအား အတန်းပိုင်ကျောင်းဆရာတစ်ဦးက ကျောင်းခန်းအတွင်း ခေါ်ယူအနှိပ်ခိုင်းစေခဲ့ပြီး ကျောင်းသူလေးများ၏ လိင်အင်္ဂါကို ကိုင်တွယ်ခြင်းဖြင့် မဖွယ်မရာပြုကျင့်ခဲ့သည့်အတွက် စစ်ကိုင်းမြို့မရဲစခန်းက အမှုဖွင့်အရေးယူ ခဲ့ရကြောင်း သတင်းများဖြစ်ပေါ်ခဲ့သေးသည်။
သတင်း၊ ကိုတိုးကြီး (ချင်းတွင်း)
ထီးချိုင့်၊ သြဂုတ် ၂၃
0 comments