ရွှေမြင့်မိုရ်ထွန်း ဟိုတယ်၌ ကျင်းပ နေသည့် CSO ဖိုရမ်၌ တက်ရောက် လာသည့် အရပ်ဖက် လူမှု အဖွဲ့အစည်း များမှ ကိုယ်စားလှယ်များ ဝိုင်းဝန်း ဆွေးနွေး နေစဉ် ဓါတ်ပုံ - (မြတ်မင်း)
ဗုဒ္ဓဟူးနေ့၊ ဂျူလိုင်လ 30 ရက် 2014 ခုနှစ်

မွန်ပြည်နယ် အတွင်း လူထု အခြေပြု လှုပ်ရှားနေသည့် လူမှု အဖွဲ့အစည်းများ၏ လှုပ်ရှားမှု များအား ဒေသ အာဏာပိုင်များမှ ပိတ်ပင် တားဆီးမှု အချို့ ရှိနေဆဲ ဖြစ်ကြောင်း မွန်ပြည်နယ် အရပ်ဖက် လူမှု အဖွဲ့အစည်း ဖိုရမ်၏ ပြောရေးဆိုခွင့် ရှိသူ မင်းအောင်ထူးက ပြောသည်။

“လူမှု အခြေပြု လူ့အဖွဲ့ အစည်းတွေ အနေနဲ့ သင်တန်း တစ်ခုခု လုပ်တော့မယ် ဆိုရင်ပဲ ဖြစ်ဖြစ်၊ အစည်း အဝေး လုပ်တော့မယ် ဆိုရင် ဖြစ်ဖြစ်၊ လှုပ်ရှားမှု အစီအစဉ် လိုမျိုး လုပ်မယ် ဆိုရင်ပဲ ဖြစ်ဖြစ် ရပ်ကျေး အဆင့်နဲ့ မြို့နယ် အဆင့် အာဏာပိုင် တွေက ခွင့်ပြုချက် မပေးချင် ကြဘူး၊ အများအားဖြင့် ကျေးရွာအဆင့် အာဏာပိုင်တွေ အနေနဲ့ ဒီလိုမျိုး လူမှု အဖွဲ့အစည်းတွေ အားကောင်း လာရင် သူတို့ရဲ့ အုပ်ချုပ်ရေး မဏ္ဍိုင်ကို ယှဉ်ပြိုင် လာမှာမျိုး ဖြစ်လာမှာကို စိုးရိမ် နေတာ ရှိနေတယ်” ဟု မင်းအောင်ထူးက ပြောသည်။

မြို့နယ်နှင့် ရပ်/ကျေး အဆင့် အုပ်ချုပ်ရေး အာဏာပိုင် များမှ ဥပေဒပိုင်း ဆိုင်ရာ သိရှိထားမှု အားနည်း နေခြင်းနှင့် တစ်ဖက် အရပ်ဖက် လူမှု အဖွဲ့အစည်း များမှလည်း ကြောက်ရွှံမှု များနေခြင်း ၊ တရားဝင် မှတ်ပုံ တင်ထားခြင်း မရှိ၍ အာဏာပိုင် များအနေနှင့် ပူးပေါင်း လုပ်ဆောင်ရန် အခက် အခဲ ရှိခြင်း စသည့် အခြေအနေ များလည်း ရှိနေကြောင်း မင်းအောင်ထူးမှ ဆက်ပြောသည်။

အရပ်ဖက် လူမှု အဖွဲ့အစည်း များနှင့် ဒေသန္တရ အစိုးရ တို့အကြား ပူးပေါင်း လုပ်ဆောင် ကြရန် အတွက် ပြည်ထောင်စု အစိုးရမှ မူဝါဒ ချမှတ် ထားမှု ရှိသော်လည်း မြို့နယ်နှင့် ရပ်ကျေး အဆင့် အာဏာပိုင် များအနေဖြင့် သိရှိမှု သဘောပေါက် နားလည်မှု နည်းပါး နေသည့် အခြေ အနေ များကြောင့် နှစ်ဖက် အကြား ပူးပေါင်း လုပ်ဆောင်နိုင်မှု အားနည်း နေသည့် အခြေအနေ များလည်းရှိကြောင်း မွန်ပြည်နယ် လွှတ်တော် အမတ် တစ်ဦး ဖြစ်သည့် ဒေါက်တာ အောင်နိုင်ဦးမှ ပြောသည်။

“အောက်ခြေ အဆင့် မှာပေါ့နော် အုပ်ချုပ်ရေး မဏ္ဍိုင်မှာ ရှိတဲ့ သူတွေ ပေါ့နော် ဒါကို သိရှိ ထားမှု အားနည်တယ်၊ ရှင်းရှင်း လင်းလင်း မသိဘူး၊ အုပ်ချုပ်ရေးမှူး တွေက အရပ်ဖက် အဖွဲ့ အစည်းတွေ အပေါ်ကို အစိုးရ အသိအမှတ် ပြုထားတဲ့ အဖွဲ့ မဟုတ်ဘူး၊ တရားဝင် မှတ်ပုံတင် ထားတဲ့ အဖွဲ့ မဟုတ်ဘူး ဆိုပြီး သူတို့ရဲ့လှုပ်ရှားမှုတွေကို ခွင့်မပြု ပေးချင်တဲ့ သဘောမျိုး ရှိနေတယ်” ဟု ဒေါက်တာ အောင်နိုင်ဦးက ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၂၆ ရက်နေ့နှင့် ၂၇ ရက်နေ့ များတွင် မွန်ပြည်နယ် ရွှေမြင့်မိုရ်ထွန်း ဟိုတယ်၌ ပြုလုပ် ခဲ့သည့် မွန်ပြည်နယ် အရပ်ဖက် လူမှုအဖွဲ့ အစည်းများ ဖိုရမ်၌လည်း ဤအချက်ကို ဖိုရမ် တက်ရောက် လာသည့် အရပ်ဖက် လူမှု အဖွဲ့အစည်း များက တင်ပြ ဆွေးနွေး ခဲ့ကြသည်။

အရပ်ဘက် လူမှု အဖွဲ့အစည်း များသည် ရပ်ရွာ ဖွံ့ဖြိုး တိုးတက်ရေး အတွက် ကူညီဆောင်ရွက် နေသည့် အဖွဲ့များ ဖြစ်သော်လည်း အချို့ဒေသ၌ အာဏာပိုင် များ၏ စွက်ဖက်မှု၊ သံသယဖြင့် ရှူ့မြင်ဆက်ဆံမှု၊ လုပ်ငန်း များအပေါ် ကန့်သတ် ချုပ်ချယ်မှုများ ရှိနေ၍ အရပ်ဖက် လူမှု အဖွဲ့အစည်း များ၏ လွတ်လပ်စွာ လှုပ်ရှား ဆောင်ရွက်ခွင့် အဟန့်အတား ဖြစ်နေ ရကြောင်းလည်း ဖိုရမ် အပြီး၌ ထုတ်ပြန် ခဲ့သည့် ကြေငြာချက်၌ ထည့်သွင်း ရေးသား ထားသည်။

၂၆ ရက်နှင့် ၂၇ ရက်နေ့ နှစ်ရက်တာ ကျင်းပခဲ့သည့် မွန်ပြည်နယ် အရပ်ဖက် လူမှု အဖွဲ့အစည်းများ ဖိုရမ်သို့ မွန်ပြည်နယ် တဝှမ်းမှ လူမှုအဖွဲ့ အစည်းပေါင်း (၂၀၃) ဖွဲ့မှ ကိုယ်စား လှယ်ပေါင်း (၂၈၇) ဦး တက်ရောက် ဆွေးနွေး ခဲ့ကြကာ ပြည်နယ် အစိုးရ ဝန်ကြီးများ အပါအဝင် ပြည်နယ် လွှတ်တော် အမတ် များလည်း တက်ရောက် ခဲ့ကြကြောင်း ဖိုရမ် ကျင်းပရေး စီစဉ်သူ တစ်ဦး ဖြစ်သည့် ဦးမင်မင်းနွယ်မှ ဆိုသည်။

 “မွန်ပြည်နယ် အရပ်ဖက် လူမှု အဖွဲ့အစည်းများ ဖိုရမ်” အား ကုလသဂ္ဂ ဖွံ့ဖြိုးရေး အစီအစဉ် (UNDP) ၏ ဘဏ္ဍာရေး ထောက်ပံ့ ပေးမှုဖြင့် မွန်ပြည်နယ် အရပ်ဖက် လူ့အဖွဲ့အစည်းများ ပူးပေါင်း ဆောင်ရွက်ကာ ကျင်းပ နိုင်ခဲ့ခြင်းလည်း ဖြစ်သည်။

 ရွှေဟင်္သာ သတင်းဌာန

http://burmese.phophtawnews.org/index.php/news/internal-news/item/1200-2014-07-29-13-38-45.html

Read More

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သည် လွတ်လပ်၍ တရား မျှတသော ရွေးကောက်ပွဲများ ကျင်းပနိုင်ရေး အတွက် ပြည့်စုံ မှန်ကန်သော မဲစာရင်းများ ပြုစုနိုင်ရန် မဲဆန္ဒရှင်များ စာရင်းပြုစုခြင်း ရှေ့ပြေး စီမံချက်ကို ရန်ကုန် တိုင်းဒေသကြီး အလုံမြို့နယ်၊ ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ် မဲဆန္ဒနယ် အမှတ်(၁)နှင့် ချင်းပြည်နယ် တီးတိန် မြို့နယ်တို့တွင် စမ်းသပ် ဆောင်ရွက်လျက် ရှိသည်။

ထိုသို့ စမ်းသပ် ဆောင်ရွက်ရာတွင် တီးတိန်မြို့နယ် မဲဆန္ဒရှင် စာရင်း ပြုစုခြင်း ရှေ့ပြေးစီမံချက်အရ လွယ်ဘွာလ်း ရပ်ကွက် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးတွင် အများပြည်သူများ လေ့လာ ကြည့်ရှုရန် မဲဆန္ဒရှင် စာရင်းကို ဇူလိုင်(၁၀) ရက်မှ စတင်၍ ကပ်ထားခဲ့သည်။

အဆိုပါ မဲဆန္ဒရှင်စာရင်းကို (၂၂-၇-၂၀၁၄)ရက် နံနက် (၁၁)နာရီခန့်တွင် သက်ဆိုင်ရာ တာဝန်ရှိ ပုဂ္ဂိုလ်များ၏ ခွင့်ပြုချက် ရယူခြင်းမရှိဘဲ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီမှ ဦးမျိုးရန်နောင်သိန်း နိုင်ငံသား စိစစ်ရေး ကတ်ပြားအမှတ် ၁၂/ဗဟန(နိုင်) ၀၈၆၄၉၆ (အတွင်းရေးမှူး၊ NLD ပါတီ ဗဟိုသုတေသန လမ်းညွှန်အဖွဲ့)က ၎င်း၏ သဘောဖြင့် ဖြုတ်ယူ၍ ယူဆောင် သွားခဲ့သည့် အတွက် တီးတိန်မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးဂင့်ခင်းထန်က ဦးမျိုးရန်နောင်သိန်းအား လွှတ်တော် ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၅၉(က) အရ အရေးယူ ပေးပါရန် တီးတိန်မြို့မ ရဲစခန်း၌ တိုင်ကြား အမှုဖွင့်လှစ်ခဲ့သည်။

တီးတိန်မြို့မရဲစခန်းမှ အမှုအမှတ်(ပ) ၇/၂၀၁၄ ဖြင့် အမှုဖွင့်ခဲ့ပြီး ဒုရဲအုပ် ခင်မောင်ကြည်က စစ်ဆေး ဆောင်ရွက်ကာ ဦးမျိုးရန်နောင်သိန်းအား ကလေးမြို့နယ် ၉ မိုင်ရဲစခန်း၌ စစ်ဆေးချက် ရယူပြီး အာမခံပေး ခဲ့ကြောင်းနှင့် အမှုကို လာမည့် ရက်သတ္တပတ် အတွင်း တီးတိန်မြို့နယ် တရားရုံးတွင် တရား စွဲဆိုသွားမည် ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရုံးမှ သတင်းရရှိသည်။

.. www.MyanmarExpress.net

Read More


ကျွန်မကို အတုလားတဲ့ ဘယ်လိုပြောရမှန်းတောင်မသိတော့ပါဘူး
ကာယအလှမယ်ဆု ၈ ဆုတော့ ရခဲ့ဖူးပါတယ် မော်ဒယ်ဆု မဟုတ်ဘူးနော် 
 ကာယအလှမယ်ဆု ကိုယ်လုံးအလှကိုပြိုင်ရတဲ့ ကာယအလှမယ်ဆု မော်ဒယ်တွေပြိုင်သလိုမျိုးပြိုင်ခဲ့ရတာမဟုတ်ဘူးနော် တစ်ကိုယ်လုံးချွတ်ပြီး 
 အနာရွတ်တို့ အကြောပြတ်တာတို့ ရှိမရှိ ဆေးစစ်ရတယ် 

အဲ့ဒါ အမျိုးသမီးဆရာဝန်မ တွေစစ်တာပါ တစ်ယောက်ချင်းဆီ ဝင်စစ်ရတယ် 
အဲ့ဒီ့ ဆေးမှတ်အောင်ရင် ၁၀ မှတ်ရတယ် စင်ပေါ်မှာ ပြိုင်တာက လမ်းလျောက်တာရယ် ရုပ်ရည်ပြေပြစ်မှု့ရယ် ကိုယ်လုံးအနေအထားရယ် ကိုယ်ဟန်ပြတဲ့ 
Post ခုနှစ်မျိုး အဆင်ပြေပြစ်မှု့ရှိမရှိရယ် အသံကောင်းမကောင်းလည်း 
စကားပြောခိုင်းသေးတယ် အရပ်အမောင်းနဲ့ ခံနာကိုယ် 
အချိုးအစားလည်းဘောင်ဝင်ရမယ် အဲ့ဒါတွေအားလုံးပေါင်းပြီး
 ပြိုင်ပွဲဝင်အားလုံးထဲကမှ စကာတင် ၅ ယောက် ရွှေးတယ် ၅
ယောက်ထဲကမှ ပထမ ဒုတိယ တတိယ နဲ့
နှစ်သိမ့်ဆု ဒါတွေကိုပေးသွားတယ် ချက်ချင်း
တက်ပြိုင် ချက်ချင်းရခဲ့တာလည်း မဟုတ်ပါဘူး
နှစ်ရှည်စီမံကိန်းနဲ့ လေ့ကျင့်ခန်းတွေ အသေအလဲ
လုပ် ကိုယ့်ကိုယ်ကို ပိုးမွေးသလိုမွေးပြီး လေ့ကျင့်ခဲ့ရတာပါ 


တင်ပါးကြီးဖို့ ပခုံးပေါ် သံတုတ်ထမ်းပြီး ဟိုဘက်ဒီဘက် ပေါင် ၆၀ စီထည့် 
 နှစ်ဘက်ထည့်ရတော့ ပေါင် ၁၂၀ သံဒုတ်နဲ့ပါပေါင်းလိုက်ရင် 
၁၃၀ လောက်လေးတဲ့ အလေးတွေကို ပခုံးပေါ်တင်
ထမ်းပြီး ထိုင် ထ တွေ လုပ်ခဲ့ရတာ ကျွန်မဆရာ မောင်ဗမာ ဦးစိန်မောင်ကလည်း 

အသေအကြေကို မောင်းခဲ့တာ ဗိုက် မပူအောင် ဗယ်လ်ရီ ရိုက်ရတယ် 
အိပ်ထမတင် ကိုပြောတာနော် တစ်နေ့ကိုအကြိမ် ၁၂၀၀ လောက် ရိုက်ရတယ် 
ဗိုက်အတွက် ဗိုက်အဆီမတက်အောင်လို့လေ ခါးမတုတ်အောင်လည်း 
သံလုံးတွေ သံဒုတ်တွေနဲ့ ကစားနည်းပေါင်းစုံကို အသေအလဲ 
တစ်နေ့ ၃ နာရီ ၃ ရက်ကစားတစ်ရက်နား ဆိုတဲ့နှုန်းနဲ့ ကစား
ခဲ့ရတာပါ လွယ်လွယ်လေးနဲ့ ရခဲ့တဲ့ဆုတွေလည်းမဟုတ်ပါဘူး 


အကြောင်းမသိသူများကတော့ အတုလားလို့ မေးရက်ကြတာပေါ့လေ 
ဒါကြောင့်အကြောင်းသိအောင်လို့ စာတွေအများကြီးရိုက်ပြီး
ရှင်းပြထားတာပါ ဒါတောင် ရှင်းပြဖို့ကျန်သေးတယ်
စာဖတ်တဲ့သူတွေ မဖတ်နိုင်မှာစိုးလို့ချုံ့ပြီးရေးထားတာ 

ဆုတွေရခဲ့တယ် ပြိုင်ပွဲ တွေအများကြီးပြိုင်ခဲ့ဖူးတယ် အသေအလဲ
exercise တွေလုပ်ခဲ့ရတယ် အလေးတွေနဲ့ အသေအကြေ ကစားခဲ့ရတော့

တော်ရုံအဆီမတက်လာတော့ဘူး 
 ခုလည်း နေ့တိုင်း EXERCISE လုပ်ဖြစ်ပါတယ်
 Exercise လုပ်ခြင်းသည် ရုပ်ပိုင်းဆိုင်ရာ
စိတ်ပိုင်းဆိုင်ရာများကိုပြောင်းလဲစေပါသည်။


- ခွန်းဆင့်နေခြည်

Read More

ကောသလမင်း အိမ်မက်(၁၆)ချက် အား မေးလာတဲ့အတွက် ဗဟုတုတ ရစေကြခြင်း အကျိုးငှာ
ရှာဖွေတင်ပြလိုက်ပါသည်။ (ဘုရားဟော နိမိတ်များ ဖြစ်ပါသည်)

(၁) အရပ်လေးမျက်နှာမှ လေးခုသော နွားလား ဥသဘတို့သည် လာလတ်၍ မင်းရင်ပြင်၌ ဝှေ့မည်ဟု တွန်မြည် ကြုံးဝါးလျက် မဝှေ့ပဲသာလျှင် ဖဲလေကုန် သည်ဟု မြင်မက်ပါသည်။

- နောင်အခါ တရားမစောင့်သော မင်းတို့ လက်ထက်၌ အရပ်လေးမျက်နှာမှ မိုးတို့သည် ရွာအံသကဲ့သို့ ထစ်ကြိုးလျက် မရွာပဲသာလျှင် ပျောက်ပျက် ကုန်လတ္တံ့။ ထိုအခါ ...ကောက်ပဲသီးနှံတို့ ပျက်ဆီး၍ လူတို့၌ အစာရေစာ ရှားပါး ငတ်မွတ်ခြင်း ဖြစ်လတ္တံ့။

(၂) နုနယ်သေးငယ်စွာသော အပင်တို့သည် ပွင့်ကြ သီးကြသည်ကို မြင်မက် ပါသည်။

- နောင်အခါ ဆုတ်ယုတ်သောကာလ လူတို့ အသက်တန်း တိုသော ကာလ ၌ ယောင်္ကျား မိန်းမတို့သည် ထက်သန် ပြင်းသော ရာဂ ရှိကုန်သည် ဖြစ်၍ ငယ်ရွယ်စဉ် အခါ၌ပင် အိမ်ထောင်ပြုခြင်း၊ သားမွေးခြင်း တို့ကို ပြုကုန်လတ္တံ့။

(၃) နွားမကြီးတို့သည် မိမိတို့ မွေးစဖြစ်သော နွားမငယ်တို့၏ နို့ကို စို့သည် ဟု မြင်မက်ပါသည်။

- နောင်အခါ ကြီးသောသူတို့အား အရိုအသေပြုခြင်း ပျောက်ကွယ်သော ကာလ၌ အမိအဖ၊ ယောက္ခမ စသူတို့သည် ကိုးကွယ်ရာ မရှိကုန်သည် ဖြစ် သဖြင့် မိမိတို့၏ သားသမီး သားမက် ချွေးမ စသူတို့ထံ၌ ကပ်ရပ်၍ ငြိုငြင် ညှိုးငယ်စွာ အသက်မွေးရကုန်လတ္တံ့။

(၄) လှည်းတို့၌ ဝန်ကို ဆောင်နိုင်သော နွားကြီးတို့ကို မကမူ၍ နွားငယ်တို့ ကိုသာ ကစေကုန်၏။ နွားငယ်တို့လည်း ဝန်ကို မနိုင်၍ လှည်းတို့ကိုလည်း ဆွဲခြင်းငှာ မတတ်နိုင်သည်ကို မြင်မက်ပါသည်။

- နောင် တရားမစောင့်သော မင်းတို့ လက်ထက်၌ အသက်ကြီး ဝါကြီး ပညာရှိကုန်သော သူတို့အား အမတ်၊ တရားသူကြီး စသော ရာထူးစည်း စိမ်တို့၌ မခန့်ထားမူ၍ အသက်၊ ဝါ၊ ပညာ ငယ်ကုန်သော လူငယ်တို့အားသာ ခန့်ထားကြလတ္တံ့။ ထိုအခါ အခွင့်အရေးမသိ၊ မတော် မမှန်ဖြစ်၍ အမှု မပြီး၊ အကျိုးမပြီး ရှိသောအခါ လူငယ်တို့သည် မိမိတို့၏ ရာထူး စည်းစိမ်ကို စွန့်ကြ လတ္တံ့။ လူကြီးတို့သည်လည်း ငါတို့မှာ ပြင်ပကသာ ဖြစ်၏ဟု လျစ်လျှုပြု ၍ နေကြလကုန်လတ္တံ့။ သို့ဖြစ်၍ တရားမစောင့် အမှုမပြီးကြသည်နှင့် မင်းနှင့် တကွ တိုင်းပြည်ပါ ဆုတ်ယုတ် ပျက်ဆီးကြလတ္တံ့။

(၅) ခံတွင်း နှစ်ခုရှိသော မြင်းသည် ကျွေးလာသော မုယောစပါး စသည်တို့ ကို ခံတွင်းနှစ်ခုဖြင့်ပင် စားသည်ဟု မြင်မက်ပါသည်။

- နောင် တရားမစောင့်သော မင်းတို့လက်ထက်၌ တရားမစောင့်သော တရားသူကြီးတို့သည် နှစ်ဖက်သော အမှုသည်တို့မှ ပေးသော တံစိုးလက်ေ ဆာင်တို့ကို စား၍ အမှုတို့ကို မမှန်မကန် ဆုံးဖြတ်ကြကုန်လတ္တံ့။

(၆) အဖိုးတသိန်း ထိုက်သော ရွှေခွက်ကို မြေခွေးဖိုအား ကျင်ငယ်စွန့် ရန် ပေး၏။ မြေခွေးလည်း ထိုရွှေခွက်၌ကျင်ငယ်စွန့်သည်ဟု မြင်မက်ပါသည်။

- နောင် တရားမစောင့်သော မင်းတို့ လက်ထက်၌ အမျိုးမြတ်သော သူတို့ သည် အချီးအမြှောက် မခံရ၊ ဆင်းရဲကြ၍ အမျိုးယုတ်သော သူတို့ အစိုးတ ရ ကြွယ်ဝ ချမ်းသာကြလတ္တံ့။ ထိုအခါ အမျိုးမြတ်တို့ အသက် မွေးခြင်းငှာ မတတ်နိုင်ကုန်သည် ဖြစ်၍ မိမိတို့ သမီးတို့ကို အမျိုးယုတ်တို့အား ပေး၍ အသက်မွေး ကြကုန်လတ္တံ့။

(၇) တယောက်သော ယောင်္ကျားသည် အင်းပျဉ်၌ ထိုင်လျက် လွန်ကို ကျစ်၍ ခြေရင်း၌ ထား၏။ ထို အင်းပျဉ်အောက်၌ရှိသော ဆာလောင်ေ သာ မြေခွေးမသည် ထိုယောင်္ကျား မသိစဉ်လျှင် ထိုလွန်ကို စား၏ ဟု မြင် မက်ပါသည်။

- နောင်အခါ မိန်းမတို့သည် အစားအသောက်၊ အဝတ်၊ အနေအထိုင် စသည်တို့၌ လော်လည်ခြင်း ရှိ၍ မိမိတို့ လင်ယောင်္ကျားသည် ဆင်းရဲငြို ငင်စွာ ရှာဖွေ စုဆောင်းအပ်သော ဥစ္စာ ပစ္စည်းတို့ကို အဝတ်အစား၊ အစား အသောက် တို့၌ လည်းကောင်း၊ သောက်စား ကစားခြင်းတို့၌ လည်းကောင်း၊ အပျော်အပါးတို့၌ လည်းကောင်း၊ သဘောက် လင်ငယ်
ထားခြင်း တို့၌ လည်းကောင်း အရမ်းမဲ့လျှင် ဖြုန်းတီးလေလတ္တံ့။ ခွေးမသည် မသိ စဉ်းစား သကဲ့သို့ အိမ်သူ မိန်းမတို့သည် ဤသို့ တိတ်တဆိတ် ဖြုန်းတီး ခိုးစားကြလတ္တံ့။

(၈) ရေမရှိသော အိုးတို့ဖြင့် ခြံရံအပ်သော ရေပြည့်အိုးကြီး တလုံးကို မြင်ရ ၏။ လူတို့သည် အရပ် ၈ မျက်နှာမှ ရေကို ယူလာကြ၍ ထိုရေပြည့်အိုးကြီး အတွင်းသို့သာလျှင် လောင်းထည့်ကြ၏။ လောင်းထည့်သော ရေတို့သည် ပြည့်လျှံ၍ ကျကုန်၏။ ဤသို့လျှင် အဖန် တလဲလဲ ရေပြည့်အိုးသို့သာ လောင်း လျှက် ရေမရှိသော အခြံအရံ အိုးတို့ အတွင်းသို့ကား မည်သူမျှ မလောင်း မထည့်ပဲ နေသည်ကို မြင်မက်ပါသည်။

- နောင်အခါ မကောင်းသော မင်းတို့ လက်ထက်၌ မင်းနှင့်တကွ လူတို့ တရားပျက်ကွက်၊ သြဇာညံ့ဖျင်း၊ ဆင်းရဲခြင်းသို့ ရောက်ကြကုန်လတ္တံ့။ ထိုအခါ မင်းအစိုးရတို့သည် ဆင်းရဲသားတို့အား မင်း၏ အကျိုးစီးပွား အတွက်ကိုသာ လုပ်ကိုင်စေအံ။ ဆောင်ရွက် စေအံ။ ထမ်းရွက်စေအံ။ သို့ဖြစ်ရကား မင်းတို့၌သာ ပြည့်စုံ အကျိုးခံစားကြရ၍ ဆင်းရဲသားတို့ မှာ ရေမရှိသော အိုးတို့ပမာ တစုံတရာ မရှိ ငတ်မွတ် ခေါင်းပါးခြင်းသို့ ရောက်ကုန်လတ္တံ့။

(၉) နက်ရှိုင်း ကျယ်ဝန်းသော ရေကန်ကြီး တခုတွင် သတ္တဝါတို့ ဆင်း၍ ရေေ သာက်ကြ၏။ ကန်၏ အလယ် ရေနက်ရာ၌ ရေသည် နောက်၍ ကန်နားဝန်း ကျင် ရေတိမ်ရာ သတ္တဝါတို့ နင်းရာ၌ ရေသည် ကြည်လင်၏ဟု မြင်မက်ပါ သည်။

- နောင်အခါ တရားမစောင့်သော မင်းတို့သည် မတရား အုပ်စိုးခြင်း၊ တံစိုးစားခြင်း၊ လော်လည်ခြင်း၊ သနားညှာတာ ဂရုဏာ မဲ့ခြင်း၊ ကြမ်းကြုတ် ရက်စက်ခြင်းတို့ ရှိလျှက် လူတို့အပေါ်၌ အထူးထူး အပြားပြားသော အချင်းအရာဖြင့် အခွန်အတုတ်တို့ကို ခွဲခန့် ကောက်ယူလတ္တံ့။ ထိုအခါ လူတို့မှာ တစ်စုံတစ်ရာ မပေးဆောင်နိုင် ပင်ပန်းဆင်းရဲလျက် မြို့ကြီးရပ် ကြီးတို့၌ မနေနိုင်ပဲ ရပ်စွန် ပြည်နားသို့ သွားရောက်နေကြရသည် ဖြစ်လတ္တံ့။ ကန်အလယ်တွင်နောက်၍ ကန်ဘေးတွင် ကြည်သကဲ့သို့ မြို့လယ်ရွာလယ်၌ တိတ်ဆိတ်၍ ရပ်စွန်ပြည်နား၌ လူစည်ကားလတ္တံ့။

(၁၀) တစ်လုံးတည်းသော အိုးဖြင့် တချိန်တည်းချက်သော ထမင်းသည် အချို့ပျော့၏၊ အချို့ မနပ်၊ အချို့နပ်၏။ ဤသို့ မြင်မက်ပါသည်။

- နောင် တရား မစောင့်သော မင်းတို့ လက်ထက်၌ မိုးကွက်ကြား ရွာလတ္တံ့။ ထိုအခါ အချို့နေရာ၌ မိုးရွာလွန်း၍ ကောက်ပဲသီးနှံ ပျက်အံ။ အချို့နေရာ၌ မရွာ၍ ပျက်အံ။ အချို့နေရာ တွင်ကား မိုးမှန်၍ ကောင်းအံ။ ဤသို့လျှင် ထမင်းအိုးတွင် မြင်သော ထမင်းကဲ့သို့ ကောက်ပဲသီးနှံ သုံးထွေ ပြားလတ္တံ့။

(၁၁) အဖိုးတသိန်းထက်သော စန္ဒကူးနှစ်ကို ယက်တက်ပုပ်ရည်ဖြင့် ရောင်း စားသည်ကို မြင်မက်ပါသည်။

- နောင်အခါ ငါဘုရား၏ သာသနာတော် ဆုတ်ယုတ်သော ကာလ ** တွင် လော်လည်၍ လာဘ်လာဘကို မက်မော ကုန်သော ရဟန်းအလဇ္ဇီ လူအလဇ္ဇီတို့သည် ဆွမ်း၊ ဆေး၊ ကျောင်း၊ သင်္ကန်း ဥစ္စာပစ္စည်း စသည် တို့ကို အလိုရှိကုန်သည် ဖြစ်၍ လမ်းခရီးဆုံ၊ အိမ်ဝ၊ အိမ်ကြို အိမ်ကြားတို့၌ ငါဘုရား၏ တရားတော်ကို ဟောကြားလတ္တံ့။ နိဗ္ဗာန် အလို့ငှာ ဟောတော် မူအပ်သော အလွန် မွန်မြတ်သော တရားတော်ကို တစ်ပဲ၊ တစ်မူး၊ တစ်ကျပ် စသည်တို့ အကျိုးငှာ ရောင်းစား ဟောပြော ကြသည် ဖြစ်၍ တသိန်း ထိုက်သော စန္ဒာကူးနှစ်ကို ယက်တက်ပုပ်ရည်ဖြင့် ရောင်းစား သကဲ့ သို့ ဖြစ်ကုန်လတ္တံ့။

(၁၂) ဘူးတောင်းတို့သည် ရေ၌ နစ်သည်ဟု မြင်မက်ပါသည်။

- နောင်အခါ တရား မစောင့်သော မင်းတို့ လက်ထက်၌ အမျိုးယုတ်သော သူတို့ကိုသာ ရာထူး စည်းစိမ် ပေးသည် ဖြစ်၍ အမျိုးယုတ်တို့ တန်ခိုး အာဏာ ကြီးမား ထင်ပေါ် အရာရာတွင် တွင်ကျယ်လျက် ၄င်းတို့ စကားသာလျှင် ဘုးတောင်း နစ်သကဲသို့ နစ်၍ တည်ကုန်လတ္တံ့။

(၁၃) ကျောက်ဖျာကြီး ရေတွင်ပေါ်သည်ဟု မြင်မက်ပါသည်။

- နောင်အခါ တရား မစောင့်သော မင်းတို့ လက်ထက်၌ တော်မှန် လိမ္မာ ပညာရှိသော သူတို့၏ စကားသည် မည်သည့် အရာ၌ မဆို လေးေ သာ ကျောက်ဖျာ ရေတွင် ပေါ်သကဲ့သို့ နစ်တည် ခြင်းမရှိ၊ မခိုင်မမြဲ ရှိကြကုန် လတ္တံ့။

(၁၄) ဖားငယ်မ တို့သည် ကြီးစွာသော မြွေဟောက်ကြီးများကို စားမြိုသည် ဟု မြင်မက်ပါသည်။

- နောင်အခါ လူတို့သည် ပြင်းသော ရာဂ ရှိကုန်သည် ဖြစ်၍ ကိလေသာ အလိုသို့ လိုက်လျက် ငယ်ရွယ်ကုန်သော မယားတို့၏ အလိုသို့ လုံးဝ လိုက်ကြကုန် လတ္တံ့။ အလုပ်အကိုင်မှု၊ ဥစ္စာ ပစ္စည်းမှု၊ ကျေးကျွန်မှု၊ စီမံခန့်ခွဲမှု စသော အရပ်ရပ်တို့၌ လင်ပေါ်တွင် လွှမ်းမိုး အုပ်စိုးခြင်းကို ပြုကြ မည် ဖြစ် ရကား ဖားငယ်မသည် အဆိပ်လျင်သော မြွေကို စားမျိုသကဲ့သို့ ဖြစ်ကုန် လတ္တံ့။

(၁၅) မည်းနက် ရုပ်သွင်၊ အဆင်း ဆိုးဝါးသော ကျီးတို့ကို ရွှေ၏ အဆင်းနှင့် တူသော ရွှေဟင်္သာ တို့က ခြံရံ နေကြသည်ကို မြင်မက်ပါသည်။

- နောင်အခါ အားနည်းသော မင်းတို့ လက်ထက်၌ ထိုမင်းတို့သည် ဆင်စီး မြင်း စီး စသော အတတ်တို့၌ မလိမ္မာ၍ စစ်ထိုးခြင်း၌ မရဲရင့် ဘဲ ဖြစ်ကြကုန် လတ္တံ့။ ထိုအခါ တိုင်းပြည် နိုင်ငံ ဆုံးရှုံးမည်ကို စိုး၍ တူသော ဇာတ်ရှိသော သူကောင်းသား တို့အား အစိုးရခြင်းကို မပေးမူ၍ မိမိတို့ထံ၌ ခစား ကြကုန် သော အမျိုး ယုတ်သော ကျေးကျွန်တို့အားသာ ပေးကုန်လတ္တံ့။ သို့ဖြစ်၍ အမျိုးကောင်းသားတို့ ကိုးကွယ်ရာ မရှိပဲ အစိုးရခြင်း၌ တည်ကုန်သော အမျိုးယုတ်တို့ထံ၌ ခစားကြကုန် လတ္တံ့။

(၁၆) ဆိတ်တို့သည် သစ်ကို သတ်စားကြသဖြင့် သစ်တို့ သည် ကြောက် လန့်လျက် ဆိတ်တို့ကို အဝေးမှ မြင်လျှင်ပင် တောချုံရှိရာ သို့ ပြေးကြ သည်ကို မြင်မက်ပါသည်။

- နောင်အခါ တရား မစောင့်သော မင်းတို့ လက်ထက်၌ အမျိုးယုတ်သော သူတို့ အစိုးရ ကုန်သည် ဖြစ်၍ အမျိုးမြတ်သူတို့ မထင်ရှား ဖြစ်လတ္တံ့။ အမျိုးယုတ် သူတို့မှာ မင်းကျွမ်းဝင်သည် ဖြစ်၍ တရားရုံးတို့၌ သြဇာအာဏာ လွှမ်းမိုးလျက် အမျိုးမြတ်သူတို့၏ ဘိုးဘပိုင် လယ်မြေ ဥစ္စာ အရပ်ရပ်တို့ကို ငါတို့ လယ်မြေဥစ္စာ ဖြစ်သည်ဟု သိမ်းယူကြ၍ တရားတဘောင် ဖြစ်လျှင် တန်ခိုးမဲ့သူတို့အား ဖိနှိပ်ပုတ်ခတ် ခြိမ်းခြောက် နှင်ထုတ်လျက် အနိုင်ကျင့် ကြကုန်လတ္တံ့။ ထိုအခါ အမျိုးမြတ်သူတို့ ကြောက်လန့် စက်ဆုတ်ကုန် သည် ဖြစ်၍ လယ်ယာ ဥစ္စာတို့ကို ပေးအပ်ကုန်လျက် အိမ်သို့ပြန်၍ အိပ်နေကြ ကုန်အံ။ ထိုမှ တပါးလည်း အကျင့်သီလရှိသော ရဟန်းတို့သည် အကျင့်သီလ မဲ့သော ရဟန်းတို့က ချုပ်ချယ် ဖိနှိပ်ကြလေသဖြင့် တော သို့ ပြေးဝင် ပုန်းအောင်း ကြကုန်လတ္တံ့။ ဤသို့လျှင် အမျိုးကောင်း၊ သူတော်ကောင်း တို့လည်း လွတ်ရာ ကျွတ်ရာ တောတောတောင်တောင် တို့ကို ပြေးပုန်း ကြကုန် လတ္တံ့။

The Express Times

Read More
Posted by Unknown on Tuesday, July 29, 2014

Photo: NLD ပါတီ လိမ်တာ ပေါ်ပြီ  ဇူလှိုင်လ ၈ ရက်နေ့မှစတင်၍ အင်တာနက်တွင် ပုဒ်မ ၄၃၆ ပြင်ဆင်ရေး အခြေအနေမှန်ဟုသော အသံဖိုင်တစ်ခု ပျံ့ နှံနေသည်ကို တွေ့ရှိရသည် ။ ယင်းအသံဖိုင်တွင် ရန်ကုန်မြို့ ၈ မိုင်ရှိ ဘီယာဆိုင်တစ်ဆိုင်တွင် ထိုင်နေဟန် ရှိသည့် NLD ဗဟိုမှ လူငယ်တစ်ဦးပါဝင်သည့် အုပ်စုတစ်ခု၏ စကားပြောနေခြင်းကို အသံဖမ်း၍ တင်ထားဟန် ရှိသည်။ယင်းအသံဖိုင်ကို https://soundcloud.com/nldmyanmar/nldလင့်ခ်တွင်လည်း ယင်း ၇ မိနစ်စာ ဖိုင်အား နားဆင်နိုင်ပြီး facebook အသုံးပြုသူများစွာ ဖြန့်ဝေနေကြသည်။ ၎င်းတို့ပြောကြားမှုများတွင် NLD ပါတီနှင့် ၈၈ မျိုးဆက် ပွင့်လင်း မှ ဦးဆောင်ပြုလုပ်သည့် ပုဒ်မ ၄၃၆ ပြင်ဆင် ရေး လက်မှတ်များကောက်ခံမှုမှာ ၃၃ သိန်းကျော် မဟုတ်ကြောင်း ဆယ်သိန်းပင်မပြည့်ကြောင်း၊ အောက်ခြေ တွင် အဖွဲ့များဖွဲ့၍ ကောက်ခံနေသော်လည်း ဆွေမျိုးများ အသိမိတ်ဆွေများထံမှ သာ ရရှိကြောင်း ၊ ထို့ကြောင့် လက်မှတ်အရေအတွက်များအား ဂဏာန်းတိုး၍ ဖော်ပြနေရကြောင်း ၊ဒေါ်စုမှ ကွမ်းခြံကုန်းသို့ သာလာရောက် ပြီး အဆင်ပြေသည်ဟုသာ မှတ်ထင်နေကြောင်း ၊ မိမိတို့ အောက်ခြေတွင် လုပ်နေရသည်မှာ အခက်အခဲများစွာ ရှိနေကြောင်း ပြောကြားထားသည် ။ NLD ပါတီဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင် ဦးထွန်းထွန်းဟိန်း ကမူ ဇူလှိုင် ၁၉ နေ့အထိ ကောက်ခံထားသော လက်မှတ်စာရင်းကို ဇူလှိုင် ၂၆ နောက်ပိုင်းမှ ကြေငြာနိုင်မည်၊ လက်မှတ် အရေအတွက်ကိုမူ ပြောပြရန် ငြင်းဆိုလိုက်သည်ဟု မြန်မာတိုမ်းဂျာနယ်မှ ဖော်ပြခဲ့သော်လည်း ဇွန်လ ၃၀ ရက် ရက်စွဲဖြင့် NLD မှထုတ်ပြန်ခဲ့သော ကြေငြာချက်တွင် ရက်ပေါင်း ၃၃ ရက်အတွင်း လက်မှတ် ၃၃ သိန်း ကျော် ရရှိထားသည်ဟု ကြေငြာခဲ့သည် ။  ထို့ကြောင့် မဖြစ်နိုင်ကြောင်း ထောက်ပြဝေဖန်မှုများလည်း အင်တာနက်တွင် ရေးသားဖော်ပြမှုများလည်း ရှိနေသည် ။ထိုအခြေအနေတွင် ယခုကဲ့သို့  ဗဟိုအဖွဲ့ဝင် လူငယ်၏ ပြင်ဆင်ရေး လက်မှတ်အရေအတွက်များစွာရရှိရန် အောက်ခြေမှ ဂဏာန်းအရေအတွက်ကို လိမ်လည်ပြီး တိုး၍ တင်ပြခဲ့ရ ခြင်းများ ရှိသည်ဟူသော အသံဖိုင်ထွက်ပေါ်လာခဲ့ရခြင်းဖြစ်ပြီး ဒေါ်စုမှာ အဖြစ်မှန်ကို မသိဟု သူက ထပ်မံပြော ကြားထားသည် ။ ဒေါ်စု အခြေအနေမှန်မသိသေးသည်မှာ လက်မှတ်ကိစ္စတင်မဟုတ်ပဲ ၈၈ မျိုးဆက်ပွင့်လင်း အဖွဲ့နှင့် ပူးပေါင်းပြီး ပြုလုပ်နေသည့် ပြင်ဆင်ရေးပွဲများတွင် မင်းကိုနိုင်တစ်ဦးတည်းသာ တတ်ကြွစွာ ပါဝင်နေကြောင်း ၊ယခင်က ပါဝင်ဖူးသူများမှာလည်း ယခုအခါ လက်ရှောင်နေကြကြောင်း ၊ယင်းသို့ ရှောင်နေရခြင်းမှာ ၎င်းတို့အား NLD မှာ အသုံးချနေသလို ခံစားနေရ၍ဖြစ်ကြောင်း ပြောကြားထားပြန်သည် ။ယခင်က ၈၈ ပွင့်လင်းများနှင့် NLD တို့ စိတ်ဝမ်းကွဲမှုသတင်းများ FACEBOOK တွင် ရေးသားမှုများရှိလာသော်လည်း မဖြစ်နိုင်ကြောင်း တန်ပြန် တုံ့ပြန်မှုများ ရှိခဲ့ပြီး ယခုအသံဖိုင်တွင်မူ ထိုဖြစ်ရပ်များ မှန်ကန်မှုရှိသည်ဟု ဝန်ခံထားသည်ကိုတွေ့ရှိရသည်  အသံဖိုင်မှာ ဘာတွေပြောလဲ  စစချင်း- ဘီယာမှာသံ..စနောက်သံများ.ဖုန်းဆက်သံများ -ဒီတစ်ခေါက်အစည်းအဝေးက ဘာမှာလိုက်လဲ + ဘဘဦးတင်ဦးကတော့ ဘာမှမမှာဘူး..ဦး-- ကတော့ လက်မှတ်ကိစ္စတွေ တင်းတင်းကြပ်ကြပ်လုပ်ဖို့မှာလိုက်တယ် လက်ရှိ အခြေအနေကို သိပ် အားမရဘူးလို့ပြောတယ်... -အားမရဘူး ဆိုတော့ အခြေအနေ သိပ် မကောင်းဘူး ထင်တယ်... + ဘယ်လို ပြောရမလဲ အကိုရာ... ဘွားတော်က ကွမ်းခြံကုန်းပဲ ရောက်တော့ အဆင်ပြေတယ် ထင်နေတာ.. တကယ်တမ်းကျတော့ နယ်တွေမှာက လက်မှတ်ထိုးခိုင်းရ တာ သိပ် အဆင်မပြေဘူးဗျ... ကိုယ်နဲ့ ရင်းနှီးတဲ့ အမျိုးတွေ လောက်သာ အတင်း လက်မှတ်ထိုးခိုင်း နေရတာ... ဂဏန်း တိုးအောင် လုပ်ပေးလိုက်ရတာက ရှိသေးတယ်.... အကိုတို့ဆီမှာရော ဘယ်လိုရှိလဲ - ကိုတို့မကွေးမှာတော့ လေးသောင်းလောက်ပဲရတယ်. ဟိုတစ်လောက ပက္ကူ က သူငယ်ချင်းလာတော့ သူတို့လဲ ငြီးသွားတယ်.. သူတို့လည်း ၄၃၆ ကိစ္စ လိုက်လုပ်ရတာ ကားခတွေနဲ့ စားစရိတ်သောက်စရိတ်တွေ.. ပြီးတော့ ဗီနိုင်းကိစ္စတွေ... အဲဒါတွေကိုလဲ အကုန်လုံး အိတ်စိုက်တွေချည်းပဲ လုပ်ရတာ မင်းတို့ ဗဟိုကလဲ ဘာမှ မချပေးဘူး... အဲဒီလိုပဲ သူကလည်း ငြီးသွားသေးတယ်... + အာ.. အကိုက နောက်ပြီး ကျနော်တို့နဲ့ သိပ်တော့ မဆိုင်ဘူး ဗျ သူ့သက်ဆိုင်ရာ တာဝန်ခံတွေ ရှိတယ်လေ... သူတို့ပဲ လုပ်ကြတာ... - လုပ်ပါဦး ညီလေးတို့ ပါတီက အခြေအနေ ဟိုတစ်နေ့က တော့ ၃၃ သိန်းကျော်သွားပြီတို့ ဘာတို့ ကြေငြာထားတာတော့ တွေ့ တာပဲ... အဲဒါ တစ်ကယ်ကြီးလား... + ဘယ်ကလာ ဗျာ ၃၃ သိန်း မ ပြောနဲ့ အားလုံးပေါင်း ၁၀ သိန်းတောင် မပြည့်ချင်ဘူး... ဒီမှာလဲ ရှုပ်ယှက်ကို ခတ်နေတာပဲဗျာ... ၈၈ အဖွဲ့ကလဲ သိပ်မကူညီချင်တော့ဘူး... - ဘယ်လို ဖြစ်လို့လဲ + ကိုမင်းကိုနိုင်ကြီး တစ်ယောက်ပဲ အားတက်သရော ၀င်လုပ်ပေးနေတယ်... ကျန်တဲ့ သူတွေက တော့ အကုန်လုံး သူ့ဟာသူ ဖါသိဖါသာတွေပဲ နေနေကြတယ်... - ဒီကောင်ကောင်တွေကလဲ ဘာဖြစ်နေတာလဲ မသိပါဘူး.. ဒီအချိန်က အားလုံး စည်းစည်းလုံးလုံး ရှိနေရမယ့် အချိန် + မသိပါဘူး အကိုရာ.. သူတို့က သူတို့ကို သူတို့ လုပ်စားခံနေရတယ် ဆိုပြီး ပွစိပွစိ နဲ့ အဲဒါ ပေါက်ကွဲနေကြတယ်... ဘွားတော်က ဒါတွေ ဘာမှ သိတာ မဟုတ်ဘူး.. (ဘီယာမှာသံ..အမြည်း သူစားကိုယ်စား ပြောသံ.. ဖုန်းဆက်သံ.. )  ME & ကပ္ပတိန်ငှက်ခါး  http://www.oppositeyes.info
ဇူလှိုင်လ ၈ ရက်နေ့မှစတင်၍ အင်တာနက်တွင် ပုဒ်မ ၄၃၆ ပြင်ဆင်ရေး အခြေအနေမှန်ဟုသော အသံဖိုင်တစ်ခု ပျံ့ နှံနေသည်ကို တွေ့ရှိရသည် ။ ယင်းအသံဖိုင်တွင် ရန်ကုန်မြို့ ၈ မိုင်ရှိ ဘီယာဆိုင်တစ်ဆိုင်တွင် ထိုင်နေဟန် ရှိသည့် NLD ဗဟိုမှ လူငယ်တစ်ဦးပါဝင်သည့် အုပ်စုတစ်ခု၏ စကားပြောနေခြင်းကို အသံဖမ်း၍ တင်ထားဟန် ရှိသည်။ယင်းအသံဖိုင်ကို https://soundcloud.com/nldmyanmar/nldလင့်ခ်တွင်လည်း ယင်း ၇ မိနစ်စာ ဖိုင်အား နားဆင်နိုင်ပြီး facebook အသုံးပြုသူများစွာ ဖြန့်ဝေနေကြသည်။ ၎င်းတို့ပြောကြားမှုများတွင် NLD ပါတီနှင့် ၈၈ မျိုးဆက် ပွင့်လင်း မှ ဦးဆောင်ပြုလုပ်သည့် ပုဒ်မ ၄၃၆ ပြင်ဆင် ရေး လက်မှတ်များကောက်ခံမှုမှာ ၃၃ သိန်းကျော် မဟုတ်ကြောင်း ဆယ်သိန်းပင်မပြည့်ကြောင်း၊ အောက်ခြေ တွင် အဖွဲ့များဖွဲ့၍ ကောက်ခံနေသော်လည်း ဆွေမျိုးများ အသိမိတ်ဆွေများထံမှ သာ ရရှိကြောင်း ၊ ထို့ကြောင့် လက်မှတ်အရေအတွက်များအား ဂဏာန်းတိုး၍ ဖော်ပြနေရကြောင်း ၊ဒေါ်စုမှ ကွမ်းခြံကုန်းသို့ သာလာရောက် ပြီး အဆင်ပြေသည်ဟုသာ မှတ်ထင်နေကြောင်း ၊ မိမိတို့ အောက်ခြေတွင် လုပ်နေရသည်မှာ အခက်အခဲများစွာ ရှိနေကြောင်း ပြောကြားထားသည် ။ NLD ပါတီဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင် ဦးထွန်းထွန်းဟိန်း ကမူ ဇူလှိုင် ၁၉ နေ့အထိ ကောက်ခံထားသော လက်မှတ်စာရင်းကို ဇူလှိုင် ၂၆ နောက်ပိုင်းမှ ကြေငြာနိုင်မည်၊ လက်မှတ် အရေအတွက်ကိုမူ ပြောပြရန် ငြင်းဆိုလိုက်သည်ဟု မြန်မာတိုမ်းဂျာနယ်မှ ဖော်ပြခဲ့သော်လည်း ဇွန်လ ၃၀ ရက် ရက်စွဲဖြင့် NLD မှထုတ်ပြန်ခဲ့သော ကြေငြာချက်တွင် ရက်ပေါင်း ၃၃ ရက်အတွင်း လက်မှတ် ၃၃ သိန်း ကျော် ရရှိထားသည်ဟု ကြေငြာခဲ့သည် ။

ထို့ကြောင့် မဖြစ်နိုင်ကြောင်း ထောက်ပြဝေဖန်မှုများလည်း အင်တာနက်တွင် ရေးသားဖော်ပြမှုများလည်း ရှိနေသည် ။ထိုအခြေအနေတွင် ယခုကဲ့သို့  ဗဟိုအဖွဲ့ဝင် လူငယ်၏ ပြင်ဆင်ရေး လက်မှတ်အရေအတွက်များစွာရရှိရန် အောက်ခြေမှ ဂဏာန်းအရေအတွက်ကို လိမ်လည်ပြီး တိုး၍ တင်ပြခဲ့ရ ခြင်းများ ရှိသည်ဟူသော အသံဖိုင်ထွက်ပေါ်လာခဲ့ရခြင်းဖြစ်ပြီး ဒေါ်စုမှာ အဖြစ်မှန်ကို မသိဟု သူက ထပ်မံပြော ကြားထားသည် ။ ဒေါ်စု အခြေအနေမှန်မသိသေးသည်မှာ လက်မှတ်ကိစ္စတင်မဟုတ်ပဲ ၈၈ မျိုးဆက်ပွင့်လင်း အဖွဲ့နှင့် ပူးပေါင်းပြီး ပြုလုပ်နေသည့် ပြင်ဆင်ရေးပွဲများတွင် မင်းကိုနိုင်တစ်ဦးတည်းသာ တတ်ကြွစွာ ပါဝင်နေကြောင်း ၊ယခင်က ပါဝင်ဖူးသူများမှာလည်း ယခုအခါ လက်ရှောင်နေကြကြောင်း ၊ယင်းသို့ ရှောင်နေရခြင်းမှာ ၎င်းတို့အား NLD မှာ အသုံးချနေသလို ခံစားနေရ၍ဖြစ်ကြောင်း ပြောကြားထားပြန်သည် ။ယခင်က ၈၈ ပွင့်လင်းများနှင့် NLD တို့ စိတ်ဝမ်းကွဲမှုသတင်းများ FACEBOOK တွင် ရေးသားမှုများရှိလာသော်လည်း မဖြစ်နိုင်ကြောင်း တန်ပြန် တုံ့ပြန်မှုများ ရှိခဲ့ပြီး ယခုအသံဖိုင်တွင်မူ ထိုဖြစ်ရပ်များ မှန်ကန်မှုရှိသည်ဟု ဝန်ခံထားသည်ကိုတွေ့ရှိရသည်

အသံဖိုင်မှာ ဘာတွေပြောလဲ

စစချင်း-
ဘီယာမှာသံ..စနောက်သံများ.ဖုန်းဆက်သံများ
-ဒီတစ်ခေါက်အစည်းအဝေးက ဘာမှာလိုက်လဲ
+ ဘဘဦးတင်ဦးကတော့ ဘာမှမမှာဘူး..ဦး-- ကတော့ လက်မှတ်ကိစ္စတွေ တင်းတင်းကြပ်ကြပ်လုပ်ဖို့မှာလိုက်တယ်
လက်ရှိ အခြေအနေကို သိပ် အားမရဘူးလို့ပြောတယ်...
-အားမရဘူး ဆိုတော့ အခြေအနေ သိပ် မကောင်းဘူး ထင်တယ်...
+ ဘယ်လို ပြောရမလဲ အကိုရာ... ဘွားတော်က ကွမ်းခြံကုန်းပဲ ရောက်တော့ အဆင်ပြေတယ် ထင်နေတာ.. တကယ်တမ်းကျတော့ နယ်တွေမှာက လက်မှတ်ထိုးခိုင်းရ တာ သိပ် အဆင်မပြေဘူးဗျ... ကိုယ်နဲ့ ရင်းနှီးတဲ့ အမျိုးတွေ လောက်သာ အတင်း လက်မှတ်ထိုးခိုင်း နေရတာ... ဂဏန်း တိုးအောင် လုပ်ပေးလိုက်ရတာက ရှိသေးတယ်.... အကိုတို့ဆီမှာရော ဘယ်လိုရှိလဲ
- ကိုတို့မကွေးမှာတော့ လေးသောင်းလောက်ပဲရတယ်. ဟိုတစ်လောက ပက္ကူ က သူငယ်ချင်းလာတော့ သူတို့လဲ ငြီးသွားတယ်.. သူတို့လည်း ၄၃၆ ကိစ္စ လိုက်လုပ်ရတာ ကားခတွေနဲ့ စားစရိတ်သောက်စရိတ်တွေ.. ပြီးတော့ ဗီနိုင်းကိစ္စတွေ... အဲဒါတွေကိုလဲ အကုန်လုံး အိတ်စိုက်တွေချည်းပဲ လုပ်ရတာ မင်းတို့ ဗဟိုကလဲ ဘာမှ မချပေးဘူး... အဲဒီလိုပဲ သူကလည်း ငြီးသွားသေးတယ်...
+ အာ.. အကိုက နောက်ပြီး ကျနော်တို့နဲ့ သိပ်တော့ မဆိုင်ဘူး ဗျ သူ့သက်ဆိုင်ရာ တာဝန်ခံတွေ ရှိတယ်လေ... သူတို့ပဲ လုပ်ကြတာ...
- လုပ်ပါဦး ညီလေးတို့ ပါတီက အခြေအနေ ဟိုတစ်နေ့က တော့ ၃၃ သိန်းကျော်သွားပြီတို့ ဘာတို့ ကြေငြာထားတာတော့ တွေ့ တာပဲ... အဲဒါ တစ်ကယ်ကြီးလား...
+ ဘယ်ကလာ ဗျာ ၃၃ သိန်း မ ပြောနဲ့ အားလုံးပေါင်း ၁၀ သိန်းတောင် မပြည့်ချင်ဘူး... ဒီမှာလဲ ရှုပ်ယှက်ကို ခတ်နေတာပဲဗျာ... ၈၈ အဖွဲ့ကလဲ သိပ်မကူညီချင်တော့ဘူး...
- ဘယ်လို ဖြစ်လို့လဲ
+ ကိုမင်းကိုနိုင်ကြီး တစ်ယောက်ပဲ အားတက်သရော ၀င်လုပ်ပေးနေတယ်... ကျန်တဲ့ သူတွေက တော့ အကုန်လုံး သူ့ဟာသူ ဖါသိဖါသာတွေပဲ နေနေကြတယ်...
- ဒီကောင်ကောင်တွေကလဲ ဘာဖြစ်နေတာလဲ မသိပါဘူး.. ဒီအချိန်က အားလုံး စည်းစည်းလုံးလုံး ရှိနေရမယ့် အချိန်
+ မသိပါဘူး အကိုရာ.. သူတို့က သူတို့ကို သူတို့ လုပ်စားခံနေရတယ် ဆိုပြီး ပွစိပွစိ နဲ့ အဲဒါ ပေါက်ကွဲနေကြတယ်... ဘွားတော်က ဒါတွေ ဘာမှ သိတာ မဟုတ်ဘူး..
(ဘီယာမှာသံ..အမြည်း သူစားကိုယ်စား ပြောသံ.. ဖုန်းဆက်သံ.. )

ME & ကပ္ပတိန်ငှက်ခါး

http://www.oppositeyes.info/

Read More

Photo: အိုဘယ့်...မီဒီယာ Tuesday, July 29, 2014  Unknown  No comments  လောကတွင် လူအမျိုးမျိုးစိတ်အထွေထွေရှိကြသည်။ လူတိုင်းအကြိုက်တစ်မျိုးစီရှိကြသည်။ ထိုအထဲမှ ကျွန်တော့် အကြိုက်ကတော့ သတင်းပင်ဖြစ်သည်။ မနက်ဆိုလျှင် အမြဲတမ်း သတင်းစာလေးဖတ်မှ နေသာထိုင်သာရှိသည်။ အခုတော့ အင်တာနက်ဆိုတာကြီးပေါ်လာသဖြင့် အဆင်ပြေသည်။ ယခင်ကလို ဂျာနယ်တွေစာစောင်တွေကို တစ်ပါတ်တခါ စောင့်နေစရာမလိုတော့။ နိုင်ငံနှင့်အ၀ှန်း ဖြစ်ပျက်နေသည်များကို အချိန်နှင့်တပြေးညီ သိရှိနိုင်ပေသည်။ သတင်းခေတ်တွင် သတင်းဆာလောင်ကြသူများ ဖြစ်လာကြသည်။  အခုတလော လတ်တလောမှာ ရေပန်းစားခဲ့တာကတော့ အားလုံးသိကြသည့်အတိုင်း ၄၃၆ ဖြစ်သည်။ တစ်နိုင်ငံလုံး မြို့နယ်ကြီးတွေမှာ ၄၃၆ ပြင်ဆင်ရေး  လက်မှတ်ကောက်ခံပွဲတွေလုပ်ကာ ၄၃၆ ပြင်ဆင်ရန် လက်မှတ်စုဆောင်းကြသည်။ လှုံ့ဆော်ကြသည်။ သို့ရာတွင် မနက်ဖြန်ပဲ ကြည့်ရတော့မလိုလို၊  အခုပဲကြည့်ရတော့မလိုလို မစားရ၀မခန်းပြောခဲ့သော ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်ကဲ့သို့ပင် အခြေအနေကားမကောင်း။ ရလာဒ်ကို အားလုံးက စိတ်ဝင်စားကြသည်။  လူထုတစ်ခဲနက်ထောက်ခံသည်ဟု ၄င်းတို့ကိုယ်၎င်းတို့ ကြွေးကြော်ထားသော  ပါတီကြီးတစ်ခုအနေဖြင့် လက်မှတ်အတော်များများ ရရှိမည်ဟု ယုံကြည်ကြသည်။  ဤသို့ဖြင့် ဂျာနယ်များ စာစောင်များတွင် လက်မှတ် မည်၍မည်မျှ ကောက်ခံရရှိသည်ကို  သိရှိလိုကြသဖြင့် စောင့်ဖတ်ကြသည်။အဖြေမှာ အမျိုးမျိုးဖြစ်နေပေသည်။  စာဖတ်သူများ မျက်စိလည်ကုန်ကြသည်။ ဘယ်ဟာ အမှန်လဲမသိကြတော့။  မြစ်မခမီဒီယာတွင် ရေးထားသည်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ တာဝန်ယူကောက်ခံခဲ့သည့်  ၄၃၆ ပြင်ဆင်ရေးပြည်သူ့ထောက်ခံဆန္ဒမဲ လက်မှတ်ပေါင်း တစ်ဆယ့်ခုနှစ်သိန်းကျော်ရရှိပြီးဖြစ်သည်ဟု တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ ဇူလိုင်လ (၂၅)ရက်နေ့အထိ ကောက်ခံရရှိသည့်စာရင်းများအရ သိရှိရသည်။  “ ဒီနေ့အထိ တိုင်းဒေသကြီးနဲ့ပြည်နယ်တွေက ကောက်ယူထားတဲ့လက်မှတ်ပေါင်း  ၁၇၀၂၈၅၄ ရရှိပြီး ဖြစ်ပါတယ်” ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်နှင့် ဖွဲ့စည်းပုံပြင်ဆင်ရေးကော်မတီဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်က ပြောကြားသည် ဆိုပြီး ရေးထားတဲ့သတင်းပါ။ အားလုံးပေါင်း ဇူလိုင်လ ၂၅ ရက်နေ့အထိ တစ်သန်းနဲ့ ခုနှစ်သိန်းပေါ့။  ဒါနဲ့ NLD ရဲ့ ဒီလှိုင်း website ကိုသွားဖတ်တော့ ကောက်ခံရရှိသော လက်မှတ်ပေါင်း ၅ သန်းတဲ့။ ဟ....သောက်ကျိုးနည်း လေးသန်းနီးပါးတောင် ကွာနေပါလားပေါ့။ ခေါင်းတောင်ခြောက်သွားသည်။  ဘယ်လိုမှ စဉ်းစားမရ။ တရုတ်သိုင်းကားထဲကလို မည်သို့မည်ပုံလုပ်လိုက်သည်မသိ။  လက်မှတ် လေးသန်း အော်တိုမက်တစ် တိုးလာသည်ဟုသာ ဆိုရတော့မည်ဖြစ်သည်။ အော်...ဘာပဲဖြစ်ဖြစ် NLD ပါတီရဲ့ website ဆိုတော့လည်း သူတို့ရဲ့အရှုံးကို လူကြားကောင်းအောင် ငါးသန်းလို့ အဖတ်ဆယ်တာလည်း ဖြစ်နိုင်တာပေါ့...နောက်သတင်းဆိုဒ်တစ်ခုမှာ ကြည့်လိုက်မယ်ဆိုပြီး Eleven Media Group မှာသွားကြည့်တော့ ၃၂ သိန်းတဲ့။ စာဖြင့်ပြောရမည်ဆိုလျှင် သုံးသန်းကျော်ပေါ့။အဲဒီမှာတင် မသောက်ပဲခေါင်းမူးတော့သည်။ လေးစားလောက်ဖွယ်ရာ စတုတ်ထမန်ဒိုင်ကြီးများပင်ဖြစ်တော့သည်။  မည်သို့ပင်ဖြစ်စေကာမူ မြန်မာနိုင်ငံ၏ လူဦးရေ သန်း (၆၀) နှင့် ယှဉ်လိုက်လျှင် နဲတာကတော့ နဲသည်သာဖြစ်တော့သည်။  ဤနေရာတွင် ပြောစရာတစ်ခုရှိလာသည်မှာ စတုတ်ထမန်ဒိုင်များ၏ ပြည်သူများသို့ သတင်းတင်ပြပုံနဲ့ မိမိတို့ တင်ပြလောက်သော သတင်း၏ မှန်ကန်မှုအား တာဝန်ခံနိုင်မှုပင်ဖြစ်သည်။ ယခုအခါ အထက်ပါအချက်များ ပျောက်ဆုံးနေသည်။ သတင်းဖြစ်လျှင် ပြီးရော၊ လူကြိုက်များလျှင် ပြီးရော လုပ်နေကြသည်ကိုသာ တွေ့ရှိနေရသည်။ ကွယ်လွန်သွားသော ဆရာကြီးလူထုစိန်ဝင်းတို့သာ ရှိနေလျှင်  မည်သို့ ဝေဖန်မည်နည်း မပြောတတ်။ ယခု ၄၃၆ နှင့်ပါတ်သက်သော လက်မှတ်ထုတ်ပြန်မှုပင်လျှင်သတင်းရင်းမြစ် ၃ ခုမှာ ၃ မျိုးဖြစ်နေသည်။  ဒါတောင် ကျန်တဲ့ ဂျာနယ်တွေ စာစောင်တွေမကြည့်ရသေး။ ပိုဆိုးဖို့သာရှိတော့သည်။  ဒီမိုကရေစီခေတ်သို့အကူးအပြောင်းမှာ မိမိတို့ကိုယ်မိမိတို့ စတုတ်ထမန်ဒိုင်ဟု ကြွေးကြော်လာခဲ့ကြသော သတင်းမီဒီယာသမားများအနေဖြင့် စတုတ်ထမန်ဒိုင် ပီသစွာ ပြည်သူလူထုအား သတင်းအမှန်များကို ဘက်မလိုက်ပဲ ဖြန့်ဝေကြဖို့လိုအပ်ပေသည်။  ထိုသို့မဟုတ်ပဲ စတုတ်ထမန်ဒိုင်ကြီးကိုယ်က တိမ်းစောင်းနေပါက မြန်မာ့မီဒီယာလောက၏ ရှေ့ရေးမှာ ရင်မောဖွယ်ရာ အတိဖြစ်ပါကြောင်း မီဒီယာလောက၏ကိုယ်စား အမုန်းခံ တင်ပြလိုက်ရပါသည်။
လောကတွင် လူအမျိုးမျိုးစိတ်အထွေထွေရှိကြသည်။
လူတိုင်းအကြိုက်တစ်မျိုးစီရှိကြသည်။
ထိုအထဲမှ ကျွန်တော့် အကြိုက်ကတော့ သတင်းပင်ဖြစ်သည်။
မနက်ဆိုလျှင် အမြဲတမ်း သတင်းစာလေးဖတ်မှ နေသာထိုင်သာရှိသည်။
အခုတော့ အင်တာနက်ဆိုတာကြီးပေါ်လာသဖြင့် အဆင်ပြေသည်။
ယခင်ကလို ဂျာနယ်တွေစာစောင်တွေကို တစ်ပါတ်တခါ စောင့်နေစရာမလိုတော့။
နိုင်ငံနှင့်အ၀ှန်း ဖြစ်ပျက်နေသည်များကို အချိန်နှင့်တပြေးညီ သိရှိနိုင်ပေသည်။
သတင်းခေတ်တွင် သတင်းဆာလောင်ကြသူများ ဖြစ်လာကြသည်။

အခုတလော လတ်တလောမှာ ရေပန်းစားခဲ့တာကတော့ အားလုံးသိကြသည့်အတိုင်း
၄၃၆ ဖြစ်သည်။ တစ်နိုင်ငံလုံး မြို့နယ်ကြီးတွေမှာ ၄၃၆ ပြင်ဆင်ရေး
လက်မှတ်ကောက်ခံပွဲတွေလုပ်ကာ ၄၃၆ ပြင်ဆင်ရန် လက်မှတ်စုဆောင်းကြသည်။
လှုံ့ဆော်ကြသည်။ သို့ရာတွင် မနက်ဖြန်ပဲ ကြည့်ရတော့မလိုလို၊
အခုပဲကြည့်ရတော့မလိုလို မစားရ၀မခန်းပြောခဲ့သော ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်ကဲ့သို့ပင်
အခြေအနေကားမကောင်း။ ရလာဒ်ကို အားလုံးက စိတ်ဝင်စားကြသည်။
လူထုတစ်ခဲနက်ထောက်ခံသည်ဟု ၄င်းတို့ကိုယ်၎င်းတို့ ကြွေးကြော်ထားသော
ပါတီကြီးတစ်ခုအနေဖြင့် လက်မှတ်အတော်များများ ရရှိမည်ဟု ယုံကြည်ကြသည်။

ဤသို့ဖြင့် ဂျာနယ်များ စာစောင်များတွင် လက်မှတ် မည်၍မည်မျှ ကောက်ခံရရှိသည်ကို
သိရှိလိုကြသဖြင့် စောင့်ဖတ်ကြသည်။အဖြေမှာ အမျိုးမျိုးဖြစ်နေပေသည်။
စာဖတ်သူများ မျက်စိလည်ကုန်ကြသည်။
ဘယ်ဟာ အမှန်လဲမသိကြတော့။

မြစ်မခမီဒီယာတွင် ရေးထားသည်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ တာဝန်ယူကောက်ခံခဲ့သည့်
၄၃၆ ပြင်ဆင်ရေးပြည်သူ့ထောက်ခံဆန္ဒမဲ လက်မှတ်ပေါင်း တစ်ဆယ့်ခုနှစ်သိန်းကျော်ရရှိပြီးဖြစ်သည်ဟု တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ ဇူလိုင်လ (၂၅)ရက်နေ့အထိ ကောက်ခံရရှိသည့်စာရင်းများအရ သိရှိရသည်။

“ ဒီနေ့အထိ တိုင်းဒေသကြီးနဲ့ပြည်နယ်တွေက ကောက်ယူထားတဲ့လက်မှတ်ပေါင်း

၁၇၀၂၈၅၄ ရရှိပြီး ဖြစ်ပါတယ်” ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်နှင့် ဖွဲ့စည်းပုံပြင်ဆင်ရေးကော်မတီဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်က ပြောကြားသည် ဆိုပြီး ရေးထားတဲ့သတင်းပါ။ အားလုံးပေါင်း ဇူလိုင်လ ၂၅ ရက်နေ့အထိ တစ်သန်းနဲ့ ခုနှစ်သိန်းပေါ့။

ဒါနဲ့ NLD ရဲ့ ဒီလှိုင်း website ကိုသွားဖတ်တော့ ကောက်ခံရရှိသော လက်မှတ်ပေါင်း ၅ သန်းတဲ့။ ဟ....သောက်ကျိုးနည်း လေးသန်းနီးပါးတောင် ကွာနေပါလားပေါ့။ ခေါင်းတောင်ခြောက်သွားသည်။

ဘယ်လိုမှ စဉ်းစားမရ။ တရုတ်သိုင်းကားထဲကလို မည်သို့မည်ပုံလုပ်လိုက်သည်မသိ။
လက်မှတ် လေးသန်း အော်တိုမက်တစ် တိုးလာသည်ဟုသာ ဆိုရတော့မည်ဖြစ်သည်။
အော်...ဘာပဲဖြစ်ဖြစ် NLD ပါတီရဲ့
website ဆိုတော့လည်း သူတို့ရဲ့အရှုံးကို လူကြားကောင်းအောင် ငါးသန်းလို့
အဖတ်ဆယ်တာလည်း ဖြစ်နိုင်တာပေါ့...နောက်သတင်းဆိုဒ်တစ်ခုမှာ ကြည့်လိုက်မယ်ဆိုပြီး
Eleven Media Group မှာသွားကြည့်တော့ ၃၂ သိန်းတဲ့။
စာဖြင့်ပြောရမည်ဆိုလျှင် သုံးသန်းကျော်ပေါ့။အဲဒီမှာတင် မသောက်ပဲခေါင်းမူးတော့သည်။
လေးစားလောက်ဖွယ်ရာ စတုတ်ထမန်ဒိုင်ကြီးများပင်ဖြစ်တော့သည်။

မည်သို့ပင်ဖြစ်စေကာမူ မြန်မာနိုင်ငံ၏ လူဦးရေ သန်း (၆၀) နှင့် ယှဉ်လိုက်လျှင်
နဲတာကတော့ နဲသည်သာဖြစ်တော့သည်။

ဤနေရာတွင် ပြောစရာတစ်ခုရှိလာသည်မှာ စတုတ်ထမန်ဒိုင်များ၏ ပြည်သူများသို့
သတင်းတင်ပြပုံနဲ့ မိမိတို့ တင်ပြလောက်သော သတင်း၏ မှန်ကန်မှုအား တာဝန်ခံနိုင်မှုပင်ဖြစ်သည်။ ယခုအခါ အထက်ပါအချက်များ ပျောက်ဆုံးနေသည်။
သတင်းဖြစ်လျှင် ပြီးရော၊ လူကြိုက်များလျှင် ပြီးရော လုပ်နေကြသည်ကိုသာ တွေ့ရှိနေရသည်။ ကွယ်လွန်သွားသော ဆရာကြီးလူထုစိန်ဝင်းတို့သာ ရှိနေလျှင်
မည်သို့ ဝေဖန်မည်နည်း မပြောတတ်။ ယခု ၄၃၆ နှင့်ပါတ်သက်သော လက်မှတ်ထုတ်ပြန်မှုပင်လျှင်သတင်းရင်းမြစ် ၃ ခုမှာ ၃ မျိုးဖြစ်နေသည်။
ဒါတောင် ကျန်တဲ့ ဂျာနယ်တွေ စာစောင်တွေမကြည့်ရသေး။ ပိုဆိုးဖို့သာရှိတော့သည်။

ဒီမိုကရေစီခေတ်သို့အကူးအပြောင်းမှာ မိမိတို့ကိုယ်မိမိတို့ စတုတ်ထမန်ဒိုင်ဟု ကြွေးကြော်လာခဲ့ကြသော သတင်းမီဒီယာသမားများအနေဖြင့် စတုတ်ထမန်ဒိုင် ပီသစွာ ပြည်သူလူထုအား သတင်းအမှန်များကို ဘက်မလိုက်ပဲ ဖြန့်ဝေကြဖို့လိုအပ်ပေသည်။

ထိုသို့မဟုတ်ပဲ စတုတ်ထမန်ဒိုင်ကြီးကိုယ်က တိမ်းစောင်းနေပါက မြန်မာ့မီဒီယာလောက၏ ရှေ့ရေးမှာ ရင်မောဖွယ်ရာ အတိဖြစ်ပါကြောင်း မီဒီယာလောက၏ကိုယ်စား အမုန်းခံ တင်ပြလိုက်ရပါသည်။

Read More

Photo: ဒေါ်အောင်ဆန်းစုကြည် တောင်းပန်ပါက တပ်မတော်သားများ PR အရေး မဲပြန်ပေးနိုင်  From : .. မင်းဒင်  လက်ရှိပြည်သူ့လွှတ်တော်တွင် ဆွေးနွေးနေသော PR အရေးကိစ္စများတွင် တပ်မတော်သားများ မဲဝင်မပေးခြင်းမှာ ဒေါ်အောင်ဆန်းစုကြည်ကြောင့် ဖြစ်ပြီး ဒေါ်အောင်ဆန်း စုကြည်မှ ပြန်လည်တောင်းပန်ပါက မဲပြန်ပေးနိုင်ကြောင်း လွှတ်တော်အသိုင်းအဝိုင်းမှ သတင်းရရှိပါတယ်။ ဇူလိုင်လ ၂၄ ရက်နေ့ ပြည်သူ့လွှတ်တော်မှာ အချိုးကျကိုယ်စားပြု PR စနစ်ဆွေးနွေးခွင့်နှင့် ပတ်သက်၍ ခွဲဆုံးဖြတ်ချိန်၌ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ ကန့်ကွက်မဲလည်းမထည့်၊ ထောက်ခံမဲလည်းမထည့်ပဲ ကျောက်ချထိုင်နေခဲ့ကြပါတယ်။ ထိုသို့ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ၁၁၀ဦး မှ မဲမပေးဘဲနေခြင်းဟာ ဒေါ်အောင်ဆန်းစုကြည်၏ ဝေဖန်တိုက်ခိုက်မှုကြောင့် ဖြစ်နိုင်ကြောင်း နှင့် ပြည်သူ့ လွှတ်တော်အမတ်များကို PR စနစ်ဖြင့် မရွေးချယ်ဖို့အရေး တပ်မတော်သားများ ရပ်တည်ချက်မှာ အရေးတကြီးလိုအပ်နေပြီဖြစ်တာကြောင့် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ပြန်လည်တောင်းပန် သင့်ကြောင်း ပြောဆိုမှုများရှိနေပါတယ်။  မေလကုန်ပိုင်းမှ စတင်၍ NLD ပါတီမှ ပုဒ်မ ၄၃၆ လက်မှတ်ကောက်ခံမှုများ ပြုလုပ်ချိန် ဟောပြောပွဲများတွင် ဒေါ်အောင်ဆန်းစုကြည်မှ တပ်မတော်ကို ပြင်းပြင်းထန်ထန် ဝေဖန်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပါတယ်။ အရေးပါတဲ့ ကိစ္စများ ဆုံးဖြတ်ချိန်မှာ ပြည်သူမှရွေးကောက်ထားသူများ မဟုတ်တဲ့ တပ်မတော်သားများအနေဖြင့် မဲပေးခွင့်မရှိကြောင်း၊ အခွင့်ထူးခံထားခြင်းကို လျှော့ချဖို့လို၊ နိုင်ငံရေးမှာ ဝင်မပါသင့်ကြောင်း မအူပင်၊ မန္တလေး၊ ရန်ကုန် တွင်သာမက စစ်တပ်ဦးစီးချုပ်ရုံးစိုက်ရာ နေပြည်တော်တွင်ပါ ဒေါ်အောင်ဆန်းစုကြည်မှ အားပါးတရ ပြောဆိုခဲ့ပါတယ်။    ယခုအခါ တပ်မတော်သားများမှ အရေးပါသည့် PR ဆွေးနွေးရေး မဲခွဲမှုတွင် ဝင်မပါတော့ပဲ ကျောက်ချထိုင်နေခဲ့ရာ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ၄၂ ဦးသာ မတ်တက်ရပ်ကန့်ကွက်ခဲ့တာကြောင့် ဝက်ဝက်ကွဲအောင် ရှုံးနိမ့်ခဲ့ရပါတယ်။  ဇူလိုင်လ ၂၈ ရက် လွှတ်တော်အစည်းအဝေးမှာလည်း NLD ပါတီမှ ဒေါက်တာ အောင်မိုးညိုက  တပ်မတော်သားတွေအနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀(စ) တွင်၊ တပ်မတော်အနေဖြင့် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေကို ထိန်သိမ်းကာကွယ်စောင့်လျှောက်ရန် တာဝန်ရှိကြောင်း၊ ထို့ကြောင့် ပြင်ဆင်မည်ကို ကန့်ကွက်ဖို့လိုကြောင်း၊ ကြားနေလို့မရကြောင်း ဆွေးနွေးသွားပါတယ်။   အမျိုးသားလွှတ်တော်မှာ PR အရေးဆုံးဖြတ်ချိန်က တပ်မတော်သားအားလုံးမှ မတ်တက်ရပ် ကန့်ကွက်ခဲ့ပြီး မဲအနည်းအကျဉ်းသာ ရှုံးနိမ့်ခဲ့ရပါတယ်။ ပြည်သူ့လွှတ်တော်မှာ မဲခွဲပါက တပ်မတော်သားများ ကန့်ကွက်လျှင် PR ကန့်ကွက်မှု အတွက် နိုင်ချေအများအပြားရှိကြောင်း တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်များက သုံးသပ်ကြပါတယ်။ ပြည်သူ့လွှတ်တော်မှာ PR အရေး ဆွေးနွေးမှုများ ပြီးပါက မဲခွဲဆုံးဖြတ်မှာဖြစ်ပြီး အမျိုးသားလွှတ်တော်ကဲ့သို့ အတည်ပြုတော့မှာ ဖြစ်တာကြောင့် တပ်မတော်သားတွေရဲ့ ကန့်ကွက်မှုက အလွန်အရေးတကြီး လိုအပ်နေပါတယ်။ ဒေါ်အောင်ဆန်းစုကြည်သာ ရက်ပိုင်းအတွင်း ပြန်လည်တောင်းပန်လိုက်ပါက တပ်မတော်သားလွှတ်တော်အမတ်များ မဲပေးခြင်းကို ပြန်လည် လုပ်ဆောင်သွားနိုင်ပြီး တပ်မတော်သား၊ တိုင်းရင်းသား နှင့် NLD ကိုယ်စားလှယ်များပူးပေါင်းကာ ပြည်ခိုင်ဖြိုးနှင့် NDF ၏ PR အကောင်အထည်ဖော်မှုကို တားဆီးနိုင်မယ်လို့ ကိုယ်စားလှယ်အများအပြားက ယုံကြည်နေကြပါတယ်။   “တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးကြီးဌေးနိုင် တို့ ၂ ယောက် ဆွေးနွေးသွားတာ ကောင်းတယ်.. အချိန်မတန်သေးဘူးပေါ့.. လုံခြုံမှု၊ တိုင်းရင်းသားစည်းလုံးမှု ပြဿနာတွေရှိမယ်ပေါ့.. ဆွေးနွေးတာဆွေးနွေးပြီး ကန့်ကွက်မဲမပေးဘူးဖြစ်နေတယ်.. သတင်းကြားတာက ဒေါ်အောင်ဆန်း စုကြည်ကြောင့်လို့ ပြောနေကြတာပဲ.. တောင်းပန်လိုက်ရင်တော့ ဒီကိစ္စအဆင်ပြေသွားမှာ.. ” လို့ တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ် တစ်ဦးက ပြောပါတယ်။  အကယ်၍သာ ၂၄ ရက်နေ့က လွှတ်တော်မတက်သူ ၆၆ ဦး၊ မတ်တတ်ရပ်ကန့်ကွက်သူ ၄၂ ဦး နှင့် တပ်မတော်သား ၁၁၀ သာ ပူးပေါင်းလိုက်ပါက ၂၁၈ ဦးက တစ်ဖက်၊ ပြည်ခိုင်ဖြိုးပါတီက တစ်ဖက် ဖြစ်သွားကာ ပြည်သူ့လွှတ်တော်မှာ PR စနစ် ကျင့်သုံးရေးအဆို ရှုံးနိမ့်နိုင်ပါတယ်။ ဒါ့အပြင် ပြည်သူ့လွှတ်တော်မှာ လစ်လပ်နေတဲ့ ကိုယ်စားလှယ် ၂၀ ကျော်ရှိပါသေးတယ်။ နိုင်ငံအတွက်နဲ့ လွှတ်တော်ရဲ့ ဂုဏ်သိက္ခာအတွက် သာမက ပြည်သူ့အတွက်ပါ အရေးကြီးတာကြောင့် ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ မာန်မာနများကို အောက်ချက တပ်မတော်အနေနဲ့ အရေးပါတဲ့ ကိစ္စများမှာ မဲမပေးပဲ ငြိမ်မနေဖို့ နဲ့ ယခင်ပြောခဲ့ဖူးတာတွေကို ပြန်ရုတ် သိမ်းကြောင်း ပြောဆိုဖို့ ပြည်သူ့လွှတ်တော်သာမက အမျိုးသားလွှတ်တော်က တိုင်းရင်းသားကိုယ်စားလှယ်အများအပြားက မျှော်လင့်နေကြကြောင်း သတင်းရရှိပါတယ်။  www.MyanmarExpress.net
From : .. မင်းဒင်

လက်ရှိပြည်သူ့လွှတ်တော်တွင် ဆွေးနွေးနေသော PR အရေးကိစ္စများတွင် တပ်မတော်သားများ မဲဝင်မပေးခြင်းမှာ ဒေါ်အောင်ဆန်းစုကြည်ကြောင့် ဖြစ်ပြီး ဒေါ်အောင်ဆန်း စုကြည်မှ ပြန်လည်တောင်းပန်ပါက မဲပြန်ပေးနိုင်ကြောင်း လွှတ်တော်အသိုင်းအဝိုင်းမှ သတင်းရရှိပါတယ်။
ဇူလိုင်လ ၂၄ ရက်နေ့ ပြည်သူ့လွှတ်တော်မှာ အချိုးကျကိုယ်စားပြု PR စနစ်ဆွေးနွေးခွင့်နှင့် ပတ်သက်၍ ခွဲဆုံးဖြတ်ချိန်၌ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ ကန့်ကွက်မဲလည်းမထည့်၊ ထောက်ခံမဲလည်းမထည့်ပဲ ကျောက်ချထိုင်နေခဲ့ကြပါတယ်။ ထိုသို့ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ၁၁၀ဦး မှ မဲမပေးဘဲနေခြင်းဟာ ဒေါ်အောင်ဆန်းစုကြည်၏ ဝေဖန်တိုက်ခိုက်မှုကြောင့် ဖြစ်နိုင်ကြောင်း နှင့် ပြည်သူ့ လွှတ်တော်အမတ်များကို PR စနစ်ဖြင့် မရွေးချယ်ဖို့အရေး တပ်မတော်သားများ ရပ်တည်ချက်မှာ အရေးတကြီးလိုအပ်နေပြီဖြစ်တာကြောင့် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ပြန်လည်တောင်းပန် သင့်ကြောင်း ပြောဆိုမှုများရှိနေပါတယ်။

မေလကုန်ပိုင်းမှ စတင်၍ NLD ပါတီမှ ပုဒ်မ ၄၃၆ လက်မှတ်ကောက်ခံမှုများ ပြုလုပ်ချိန် ဟောပြောပွဲများတွင် ဒေါ်အောင်ဆန်းစုကြည်မှ တပ်မတော်ကို ပြင်းပြင်းထန်ထန် ဝေဖန်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပါတယ်။ အရေးပါတဲ့ ကိစ္စများ ဆုံးဖြတ်ချိန်မှာ ပြည်သူမှရွေးကောက်ထားသူများ မဟုတ်တဲ့ တပ်မတော်သားများအနေဖြင့် မဲပေးခွင့်မရှိကြောင်း၊ အခွင့်ထူးခံထားခြင်းကို လျှော့ချဖို့လို၊ နိုင်ငံရေးမှာ ဝင်မပါသင့်ကြောင်း မအူပင်၊ မန္တလေး၊ ရန်ကုန် တွင်သာမက စစ်တပ်ဦးစီးချုပ်ရုံးစိုက်ရာ နေပြည်တော်တွင်ပါ ဒေါ်အောင်ဆန်းစုကြည်မှ အားပါးတရ ပြောဆိုခဲ့ပါတယ်။

ယခုအခါ တပ်မတော်သားများမှ အရေးပါသည့် PR ဆွေးနွေးရေး မဲခွဲမှုတွင် ဝင်မပါတော့ပဲ ကျောက်ချထိုင်နေခဲ့ရာ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ၄၂ ဦးသာ မတ်တက်ရပ်ကန့်ကွက်ခဲ့တာကြောင့် ဝက်ဝက်ကွဲအောင် ရှုံးနိမ့်ခဲ့ရပါတယ်။

ဇူလိုင်လ ၂၈ ရက် လွှတ်တော်အစည်းအဝေးမှာလည်း NLD ပါတီမှ ဒေါက်တာ အောင်မိုးညိုက တပ်မတော်သားတွေအနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀(စ) တွင်၊ တပ်မတော်အနေဖြင့် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေကို ထိန်သိမ်းကာကွယ်စောင့်လျှောက်ရန် တာဝန်ရှိကြောင်း၊ ထို့ကြောင့် ပြင်ဆင်မည်ကို ကန့်ကွက်ဖို့လိုကြောင်း၊ ကြားနေလို့မရကြောင်း ဆွေးနွေးသွားပါတယ်။

အမျိုးသားလွှတ်တော်မှာ PR အရေးဆုံးဖြတ်ချိန်က တပ်မတော်သားအားလုံးမှ မတ်တက်ရပ် ကန့်ကွက်ခဲ့ပြီး မဲအနည်းအကျဉ်းသာ ရှုံးနိမ့်ခဲ့ရပါတယ်။ ပြည်သူ့လွှတ်တော်မှာ မဲခွဲပါက တပ်မတော်သားများ ကန့်ကွက်လျှင် PR ကန့်ကွက်မှု အတွက် နိုင်ချေအများအပြားရှိကြောင်း တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်များက သုံးသပ်ကြပါတယ်။ ပြည်သူ့လွှတ်တော်မှာ PR အရေး ဆွေးနွေးမှုများ ပြီးပါက မဲခွဲဆုံးဖြတ်မှာဖြစ်ပြီး အမျိုးသားလွှတ်တော်ကဲ့သို့ အတည်ပြုတော့မှာ ဖြစ်တာကြောင့် တပ်မတော်သားတွေရဲ့ ကန့်ကွက်မှုက အလွန်အရေးတကြီး လိုအပ်နေပါတယ်။ ဒေါ်အောင်ဆန်းစုကြည်သာ ရက်ပိုင်းအတွင်း ပြန်လည်တောင်းပန်လိုက်ပါက တပ်မတော်သားလွှတ်တော်အမတ်များ မဲပေးခြင်းကို ပြန်လည် လုပ်ဆောင်သွားနိုင်ပြီး တပ်မတော်သား၊ တိုင်းရင်းသား နှင့် NLD ကိုယ်စားလှယ်များပူးပေါင်းကာ ပြည်ခိုင်ဖြိုးနှင့် NDF ၏ PR အကောင်အထည်ဖော်မှုကို တားဆီးနိုင်မယ်လို့ ကိုယ်စားလှယ်အများအပြားက ယုံကြည်နေကြပါတယ်။

“တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးကြီးဌေးနိုင် တို့ ၂ ယောက် ဆွေးနွေးသွားတာ ကောင်းတယ်.. အချိန်မတန်သေးဘူးပေါ့.. လုံခြုံမှု၊ တိုင်းရင်းသားစည်းလုံးမှု ပြဿနာတွေရှိမယ်ပေါ့.. ဆွေးနွေးတာဆွေးနွေးပြီး ကန့်ကွက်မဲမပေးဘူးဖြစ်နေတယ်.. သတင်းကြားတာက ဒေါ်အောင်ဆန်း စုကြည်ကြောင့်လို့ ပြောနေကြတာပဲ.. တောင်းပန်လိုက်ရင်တော့ ဒီကိစ္စအဆင်ပြေသွားမှာ.. ” လို့ တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ် တစ်ဦးက ပြောပါတယ်။

အကယ်၍သာ ၂၄ ရက်နေ့က လွှတ်တော်မတက်သူ ၆၆ ဦး၊ မတ်တတ်ရပ်ကန့်ကွက်သူ ၄၂ ဦး နှင့် တပ်မတော်သား ၁၁၀ သာ ပူးပေါင်းလိုက်ပါက ၂၁၈ ဦးက တစ်ဖက်၊ ပြည်ခိုင်ဖြိုးပါတီက တစ်ဖက် ဖြစ်သွားကာ ပြည်သူ့လွှတ်တော်မှာ PR စနစ် ကျင့်သုံးရေးအဆို ရှုံးနိမ့်နိုင်ပါတယ်။ ဒါ့အပြင် ပြည်သူ့လွှတ်တော်မှာ လစ်လပ်နေတဲ့ ကိုယ်စားလှယ် ၂၀ ကျော်ရှိပါသေးတယ်။ နိုင်ငံအတွက်နဲ့ လွှတ်တော်ရဲ့ ဂုဏ်သိက္ခာအတွက် သာမက ပြည်သူ့အတွက်ပါ အရေးကြီးတာကြောင့် ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ မာန်မာနများကို အောက်ချက တပ်မတော်အနေနဲ့ အရေးပါတဲ့ ကိစ္စများမှာ မဲမပေးပဲ ငြိမ်မနေဖို့ နဲ့ ယခင်ပြောခဲ့ဖူးတာတွေကို ပြန်ရုတ် သိမ်းကြောင်း ပြောဆိုဖို့ ပြည်သူ့လွှတ်တော်သာမက အမျိုးသားလွှတ်တော်က တိုင်းရင်းသားကိုယ်စားလှယ်အများအပြားက မျှော်လင့်နေကြကြောင်း သတင်းရရှိပါတယ်။

www.MyanmarExpress.net

Read More

ရခိုင်ပြည်သူ/သားမျာသည် မြန်မာနိုင်ငံ၏ အကြမ်းဘက်အခံရဆုံးသူများဖြစ်သည်။ မဟုတ်မမှန် အကြမ်းဘက်ခြင်း၊ ဗိုလ်လုခြင်း၊ ရခိုင်ပြည်ကို မူဆလင်ပြည်လုပ်လိုခြင်း၊ သို့တည်းမဟုတ် လူ့အခွင့်ရေးကိုဘမ်းပြ၍ လိမ်လည်လှည့်စားခြင်းများနှင့် သတင်းဌာနများ၏ဘက်လိုက်ခြင်းစသော ဆိုးကျိုးများကို အမြဲတမ်းခံနေကြရသည်။ ရခိုင်လူမျိုးများ၏ ထီးနန်းပျောက်ဆုံးခြင်းသည် နှစ်ပေါင်း ၂၂၇ ကျော်ပြီးဖြစ်သည်။ ထိုအချိန်မှစ၍ နဝတ၊ နအဖနှင့် လက်ရှိအထိ ရခိုင်လူမျိုး၏ ကံမ္မာသည်ကား ကြောက်စရာကောင်းသော အလားအလာကို ရင်ဆိုင်နေရဆဲဖြစ်သည်။ သို့သော်လည်း မြန်မာနိုင်ငံသား သတင်းဌာနများသည် ရခိုင်လူမျိုးဘက်မှ ငံ့ညာမှုမရှိဘဲ ငွေကိုစုံမက်ကာ နိုင်ငံတကာကို မျက်လှည်းပွဲအဖြစ် (ဘင်္ဂါဘီ မူဆလင်များကို) ရိုဟန်ဂျာဟု သတင်းအမည်တပ်ကာ မဟုတ်မမှန်ရေးသားတင်ပြနေခြင်းသည် ရခိုင်လူမျိုးကို မုန်းတီးနေခြင်းဖြစ်နိုင်သည့်ဟု သုံးသပ်မိသည်။
ဤသည်ပင်လျှင် ရခိုင်လူမျိုးများကို မုန်းတီးနာကျင်အောင် လုပ်နေခြင်းဖြစ်သည်။ မြန်မာနိုင်ငံတွင် ဗမာလူမျိုးများစတင်အုပ်ချုပ်စဉ်မှစ၍ လက်ရှိအချိန်ထိ မည်သည့်ဗမာခေါင်းဆောင်မျှ မကောင်းခဲ့သည်မှာ ထင်ရှားလျက်ရှိသည်။ မြန်မာနိုင်ငံတွင် နေထိုင်ကြသော အဖိနှိပ်ခံတိုင်းရင်းသားများ၏ အခွင့်ရေးကို ကြည့်မယ့်ကိုယ်စား အုပ်ချုပ်သူတိုင်း၏ တကိုယ်တကာယ ဗိုက်ပြည့်မှုကိုသာ ဦးစားပေးမှု့ကြောင်း ရခိုင်လူမျိုး၏ပြဿနာသည် နိုင်ငံတကာတွင် အဆိုးဝါးဆုံးအဖြစ် ကျရောက်ခြင်းဖြစ်သည်။ အစိုးရဝန်ထမ်းများအနေဖြင့် မည်သို့ပင် လာဒ်မစားဟုဆိုစေကာမှု အနောက်ဘက်မှ ဝင်လာသော မူဆလင်ကုလားများကို နိုင်ငံသားအဖြစ်ပေးခြင်း၊ ခိုးဝင်မှုများကို လာဒ်ယူ၍ နေထိုင်ခွင့်ပြုခြင်းများသည် ဒေါ်အောင်ဆန်းစိုးကြည် လုပ်နေသည့် တရားဥပဒေစိုးမိုးရေးကို စိန်ခေါ်နေခြင်းပင်ဖြစ်သည်။ ဒေါ်အောင်ဆန်းစိုးကြည် ကိုယ်တိုင်ကလည်း မူဆလင်များသာ အလေးအနက်အားပေးနေခြင်းကို တွေ့နေရသည်။
သူမအနေဖြင့် မည်မျှပင် တိုင်းရင်းသားများကိုချစ်ပါသည်ဟုဆိုစေ ဤပြယုဒ်သည် တိုင်းရင်သားများကို ဖိနှိပ်ချုပ်ရှည်နိုင်ရန် သို့တည်းမဟုတ် ရခိုင်တိုင်းရင်းသားများ၏ တိုးတက်လာရေးကို ပိတ်ပင်သောအားဖြင့် ရန်တိုက်နေခြင်းသာဖြစ်သည်ဟု သုံးသပ်မိပါသည်။ စာရေးသူသည် ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးတွင် ဒေါ်အောင်ဆန်းစိုးကြည် အိမ်ရှေ့ကိုသွား၍ ဆန္ဒပြပွဲတွင် ပါဝင်ခဲ့ဖူးသည်။ သူမကိုမြင်ရချိန်တွင် မျက်ရည်ကျမိခဲ့သည်။ သို့သော်လည်း သူမကို အားပေးခဲ့သော အားပေးမှုသည် အခုချိန်တွင် နာကြည်းမုန်းတီးစရာတခုအဖြစ်လာသည်။  သူမလုပ်နေသည့် တရားဥပဒေစိုးမိုးရေးသည် ဘာအတွက်လဲ မေးခွန်းများထုပ်စရာဖြစ်လာသည်။ ကျွန်တော်တို့မျှော်လင်းတောင်းတနေသည့် တရားဥပဒေစိုးမိုးရေး လုပ်ရပ်အဆင့်ဆင့်နှင့် တခြားစီ။
အခုချိန်တွင် မြန်မာနိုင်ငံ ၁၀၁၅ ရွေးကောက်ပွဲတွင် ဝင်ရောက်ချိန်ပြိုင်နိုင်ရန်ပါတီက အားတိုက်အားတိုက် ကြိုးစားနေသည်ကို မျက်ဝါထင်ထင်တွေ့မြင်နေရသည်။ သို့သော်လည်း ၂၀၁၅ ရွေးကောက်ပွဲမကျခင် လွတ်တော်မှလုပ်သင့်သော အရားများသည်ကား (၁၉၈၂) ခုနစ် နိင်ငံသားဥပဒေကို လက်တွေ့အကောင်အထည် ဖော်ဆောင်ခြင်းဖြစ်သည်။ (၁၉၈၂) နိင်ငံသားဥပဒေကို အကောင်ထည်ဖော်နိုင်ခဲ့ရင် နောက်လာမည့်ရွေးကောက်ပွဲအပြီးတွင် ယခုဖြစ်နေသည့်ပြဿနာမျိုး ဆက်လက်ဖြစ်နိုင်စရာအကြောင်းမရှိဟု စာရေးသူအနေဖြင့် သုံးသပ်မိသည်။ လွတ်တော်ထဲတွင်လည်း (၁၉၈၂)   ဥပဒေအရ နိုင်ငံသားမဟုတ်သူများလည်း ပါဝင်နေသည်ကို တွေ့မြင်နေရသည်။ သို့ဖြစ်ရပ်သည် အထင်တွင်ဖော်ပြခဲ့သည့်အတိုင်း ဗမာခေါင်း ဆောင်းများ၏ လုပ်နည်းလုပ်ဟန်အတိုင်း မိမိအားသာမှု့၊ အဖိနှိပ်ခံတိုင်းရင်းသားများကို နိုင်လိုမင်းထက်ပြုလိုမှု့၊ မိမိအာဏာရရှိမှု့ကို ဦးစားပေးခဲ့မှု့ကြောင်း မြန်မာနိုင်ငံတွင် ရိုဟန်ဂျာပြဿာကို ရင်ဆိုင်နေရဖြစ်သည်။
ရခိုင်လူမျိုး၏ လူမူရေး၊ ပညာရေး၊ ဘာသာရေးတိုးတက်လာမည့်အစား တရက်ထက်တရက် ဆုတ်ယုတ်ကာ ရုပ်ဆိုးအကျဉ်းတန်လွန်းသည်။ ရခိုင်ပြည်သည် သဘာဝသယံဇာတပေါကြည်ဝသောနေရာဖြစ်သည်။  သို့သော်လည်း ဒုတိယအဆင်းရဲဆုံး ပြည်နယ်ဖြစ်နေသည်မှာ နှစ်ပေါင်းများစွာရှိခဲ့ပြီး။ ထိုဆင်းရဲဒုက္ခသည် ရခိုင်ပြည်သူများကို လမ်းပန်းဆက်သွယ်ရေး မကောင်းခြင်း၊ ဆေးရုံဆေးခန်း မလုံလောက်ခြင်း၊ စီးပွါးရေးဖွံဖြိုးတိုးတက်ရန် စက်ရုံအလုပ်ရုံမရှိခြင်း၊ အစိုးရအဆက်ဆက်မှ ရခိုင်ပြည်သူများ၏ စီးပွါရေး၊ ကျန်မားရေး၊ ပညာရေး၊ လူမူရေးတို့ကို လျှစ်လျူရူထားခြင်း၊ အကျင့်ပျက် အစိုးရ၀န်ထမ်းအများစုတို့၏ ခိုးဝင်ဘင်္ဂလီများအား မတရား လာတ်ယူပြီး နိုင်ငံသားကဒ်ထုပ်ပေးခြင်းနေခြင်းကို တရားဥပဒေစိုးမိုးရေး တာဝန်ယူ လုပ်ဆောင်နေသည့် ဒေါ်အောင်ဆန်းစိုးကြည်ကလည်း မတုန်လှုပ်ထိုင်ကြည့်နေခြင်းဖြစ်သည်။ ဤ့လုပ်ရပ်သည် မြန်မာနိုင်ငံအတွင်း နေထိုင်ကြသော အဖိနှိပ်ခံတိုင်းရင်းသားများကိုဦးတည်ကာ မူဆလင်ပြဿနာများကြီးထွားလအောင် ဖန်တီးနေခြင်းသဘောဖြစ်သည်။ မြန်မာနိုင်ငံအတွင်း တရားမဝင်ခိုးဝင်လာသော အနာဂတ်ဘင်္ဂလီ မြန်မာနိုင်ငံပြဿနာရေးကို တွေးကြည့်မိတိုင်း ကြောက်နေရပြီး မြန်မာနိုင်ငံသည် နောင်နှစ်ပေါင်း (၃၀) လောက်ဆိုရင် မြန်မာနိုင်ငံတွင် ဘင်္ဂလီမူဆလင်များက(ရိုဟင်ဂျာ)အမည်ခံကာ စီးပွားရေး၊ လူမှု့ရေး၊ ပညာရေး၊ ဘာသာရေးများကို ကြီးစိုးလာမည်မှာ သေချာနိုင်သည်။ နိုင်ငံတိုင်းတွင် မိမိနိုင်ငံ၏ နယ်နိမိတ်အတွင်း တရားမ၀င်ခိုးဝင်လာသူများအား ပိတ်ပင်ခွင်ရှိပါသည်။ သို့အတွက်ကြောင်း ယခုလုပ်ဆောင်နေသော လွတ်တော်အတွင်း (၁၉၈၂)  နိင်ငံသားဥပဒေကို အကောင်ထည်ဖော်နိုင်ပြီး ငြိမ်းချမ်းသော ၂၀၁၅ ရွေးကောက်ပွဲကို ဦးတည်လျှောက်လှမ်းသင့်သည်။ ဤသို့ (၁၉၈၂)  နိင်ငံသားဥပဒေကို အကောင်ထည်မဖော်ဆောင်ပါက လာမည့် ၂၀၁၅ ရွေးကောက်ပွဲတွင် ဘင်္ဂါလီမူဆလင်များကို နိုင်ငံသားကာဒ်ပေးကာ နိုင်ငံရေးပါတီများ မေးဆွယ်ခြင်းများပြုလုပ်ပြီး မြန်မာနိုင်ငံတွင် တရားမဝင်ခိုးဝင်လာသော ဘင်္ဂါလီများကို (ရိုဟင်ဂျာ) အမည်ပေးကာ မြန်မာတိုင်းရင်းဖြစ်အောင် လုပ်ဆောင်းပေးမည့် သဘောရှိကြောင်းထင်ရှာသည်။ ယခုအချိန်တွင် မြန်မာနိုင်ငံသားများသည် တညီတညွတ်တည်းဖြင့် (၁၉၈၂)  နိင်ငံသားဥပဒေကို အကောင်ထည်ဖော်နိုင်အောင် တိုက်တွန်းသင့်ကြောင်း တင်းပြအပ်ပါသည်။


သီဟကိုကို

Read More

ဗမာခေါင်းဆောင်အဆက်ဆက် သူရဲကောင်းသတ္တိနှင့် ပြည့်စုံခဲ့သည်ဟု သမိုင်းတခေတ်တွင် ဖတ်ရူးရသည်။ ဗမာခေါင်းဆောင်တွေက အင်္ဂလိပ် ဂျပန်စသော ကိုလိုနီနယ်ချဲ့များကို မြန်မာပြည်မှ တိုက်ထုတ်ခဲ့ကြသည်ကို သမိုင်းတခေတ်တွင် အထင်ကရဖြစ်ခဲ့ကြသည်။ သို့အတွက်ကြောင်း မြန်မာနိုင်ငံဟု ကမ္ဘာ့အလည်တွင် ရှင်သန်နေဆဲပင်ဖြစ်သည်။
သို့သော်လည်း မသမာသော မြန်မာ့ခေါင်းဆောင်များကြောင်း မြန်မာနိုင်ငံတွင် အလေးအမြတ်ထားသော နိုင်ငံရေးဦးတည်ချက်များကို ပေါ်ပေါ်ထင်ထင် ဖျက်စီးနေကြသည်။ ဗမာ့ခေါင်းဆောင်များသည် တကိုယ်တည်းလွတ်မြောက်မှုအတွက် ကြိုးပမ်းလာကြသည်ကို ထင်ထင်မြင်မြင်တွေ့လာရသည်။ စစ်အာဏာအဆင်ဆင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို ရှေ့တမ်းတင်ပြီး တိုင်းရင်းသားအချင်းချင်းရန်တိုက်ပေးခဲ့သည်။ ဦးနုလက်ထက်မှလည်း သူတို့၏ အာဏာရရှိမှုအတွက်ကိုသာ ကြည်ရူးပြီး ရခိုင်ပြည်တွင် ဘင်္ဂါလီကုလားများကို ဦးစားပေးခဲ့သည်။
ဗမာသူခေါင်းအဆက်ဆက်သည် တိုင်းရင်းတို့အပေါ်အဖိနှိပ်ခံလူမျိုးအဖြစ် ကျင့်သုံးလားသည်မှာ လက်ရှိအတိုင်းထိဖြစ်သည်။ ကိုယ့်အသက် ကိုယ့်ခန္ဓာကိုယ်ကို မငဲ့ကွက်ပဲ အသေခံ၊ ထောင်အကျခံပြီး ဒီမိုကရေစီရေးအတွက် ဖိနှိပ်ရက်စက်တဲ့ စစ်အာဏာရှင်တွေကို ရဲရဲတောက် တိုက်ပွဲဝင်ခဲ့ကြတဲ့ရခိုင်ခေါင်းဆောင်းတွေကို အရာရာနှိပ်ကွက်ပြီး ကုလားနှင့်တခြားတိုင်းရင်းသား များကိုသာ ဦးစားပေးစနစ်ကျင့်သုံးလာသည်။
ရခိုင်လူမျိုးတွေဟာ စစ်အာဏာရှင်အဆက်ဆက်တွေရဲ့ ကြမ်းတမ်းဖိနှိပ်မှုများကို ကြံ့ကြံ့ခံ ရင်ဆိုင်ရင်း ဒီမိုကရေစီရရေးအတွက် တိုက်ပွဲဝင်တဲ့နေရာ ရခိုင်ပြည်သူလူထုတွေလည်း အသက်ပေးသွားကြတာ မနည်းတောပြီး။ NLD အတွက်လည်း ဘယ်လောက်များ ရခိုင်ပြည်သူလူထုတွေက ထောင်နားစံခဲ့ကြလည်းမသိတော့ဘူး။ ဒါတွေကိုကြည့်ခြင်းအားဖြင့် ရခိုင်လူမျိုးတွေဟာ မိမိရခိုင်လူမျိုးအတွက်သာမဟုတ်ပဲ မြန်မာတပြည်လုံး ဒီမိုကရေစီရရှိရေးအတွက် လုပ်ဆောင်းခြင်းဖြစ်သည်ကို ကိုယ်ချင်းစာတရားဖြင့် သုံးသပ်စေချင်သည်။
ရခိုင့်နိုင်ငံရေးတွက် ဒီမိုကရေစီရရှိရေး၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး၊ ရခိုင်ပြည်နယ် တည်ငြိမ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ရခိုင်တွေပညာတတ်ရေးကို မျက်ကွယ်ပြုပြီး အရာအားလုံးကို စီးပွားရေးမျက်လုံးပိတ်လိုက်တော့ ရခိုင်တွေကိုယ့်ပြည်ကိုစွန့်ပြီး တခြားဌာနေမဟုတ်သော တိုင်းတပါးမှာ အလုပ်လုပ်နေရတယ်။ ရခိုင်တိုင်းရင်းသားတွေရဲ့ပညာရေးကလည်း အဆင့်ဆင့် နှိမ့်ကျလာတယ်။
ဒီလိုပဲ မြန်မာ့နိုင်ငံရေးအဆင်ဆင့်တိုးတက်ပြောင်းလဲလာသည်နှင့်အမျှ နိုင်ငံတကာဖိအားကြောင်း မလုပ်မဖြစ် ရွေးကောက်ပွဲလုပ်ရလာသည်။ ဗမာလူမျိုးတွေကို ကိုယ့်ထိုင်ခုံကိုယ်ပြန်ရရှိရေးရအတွက် ဦးစားပေးတတ်သူအဖို့ပီပီ “နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ”ပါ White Card ခေါ် ယာယီ သက်သေခံလက်မှတ် ကိုင်ဆောင်သူတွေ နိုင်ငံရေးပါတီ တည်ထောင်နိုင်၊ မဲပေးနိုင်တယ် ဆိုတဲ့ အချက်ကို ကိုင်စွဲပြီး ၁၀ နီပါး အင်အားရှိတဲ့ ဘင်္ဂလီတွေကို စည်းရုံးလိုက်တယ်။ ဘင်္ဂလီ တွေကလည်း ကိုယ့်အမျိုးဖြစ်ထွန်းအတွက် ပြည်ခိုင်ဖြိုးကို ထောက်ခံကြပါတယ်။
ဒီနေရာမှာ နည်းနည်းလောက် သုံးသပ်မိတယ်။ ရခိုင်တိုင်းသားများတိုးတက်ရေးပါတီဟာ ကုလားတွေကို နိုင်ငံသား White Card ကို အကြောင်းပြုပြီး မေးဆွယ်လိုက်တော့ ရခိုင်းသားပါတီက ဘယ်နေရာမျိုးမှာ ဝင်ဆံ့တော့မလဲဆိုတာပါပဲ။ ကုလားနေရာမှာ ဗမာတိုင်းရင်းသားတွေဖြစ်ခဲ့မယ် ဆိုရင်ရော ဘယ်နေရာကို ရွေးချယ်မလဲဆိုတာကို သုံးသပ်စေချင်တယ်။
ဒါပေမယ့် ပါးစပ်နိုင်ငံရေးသမားတွေရဲ့အကျင့်စရိုက်လို့ဆိုရမလားမသိဘူး “စည်သူအောင်မြင့်ဆိုသူ ဧရာဝတီသတင်းဌာနမှာ” ရခိုင်လူမျိုးတွေကို ရစရာမရှိအောင် အပုတ်ချပြီးရေးသွားတယ်။ ဗမာလူမျိုးတွေရဲ့အကျင့်စရိုက်က ဌာနေတိုင်းရင်းသားတွေကို မကြည့်ဘဲ တခြားကုလားကို ဦးစားပေးစနစ်လုပ်သွားတာ တော်တော်ရင်လေးစရာပါ။ ရခိုင်လူမျိုးတွေရဲ့နေရာမှာ ဗမာလူမျိုးဖြစ်ခဲ့မယ်ဆိုရင် ဗမာတွေက ဘာတွေလုပ်မှာလဲဆိုတဲ့မေးခွန်းကို ဧရာဝတီသတင်းဌာနမှာ ရခိုင်သူရဲကောင်း အလိုရှိသည်ဟု ရေးသားတဲ့ဆောင်းပါးရှင် စည်သူအောင်မြင့်ဖြေဆိုရလိမ့်မည်။
ရခိုင်တိုင်းရင်းသားတွေဟာ လူမျိုးစွဲ၊ ဘာသာစွဲ အမုန်းတရားစွဲရှိခဲ့မယ်ဆိုရင် ကုလားတွေရခိုင်မှာမနေနိုင်တာကြာလောက်နေပြီး။ နိုင်ငံရေးအရအကျိုးအဖြတ်ရစေခြင်း၊  မတူကွဲပြားတဲ့အုပ်စုတွေကြား အမုန်းတရားပွားစေခြင်းကိုများကို တိုးသထက်တိုးလာအောင် ဗမာတွေကပဲ ကိုယ်ကျိုအတ္တကိုကြည့်ပြီး စစ်အစိုးရက White Card ၊ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေကို စွဲကိုင်ပြီး ရခိုင်လူမျိုးတွေ နေရာမဝင်အောင် အကျိုးယုတ်အောင်၊ မျက်နှာပန်းမလှအောင် မျက်ကန်မျိုးချစ်ဗမာနိုင်ငံရေးသမားတွေကပဲ အနုနည်းနဲ့ ရန်တိုက်ပေးခဲ့တယ်ဆိုကို ရခိုင်ရက်ရက်စက်စက်ခံလိုက်ရတယ်ဆိုတာပဲ။

 နိုင်ငံတနိုင်ငံရဲ့ဥပဒေကို မလေးစားမလိုက်နာပဲ မထိမဲ့ပြင်နှင့် ရခိုင်သူရဲကောင်းများ အလိုရှိသည်ဆိုပြီး ရခိုင်တွေကို အပုတ်ချရေးသွားတာ တော်တော်မိုက်ရိုင်းတဲ့ အရေးသားတခုပါ။ မြန်မာနိုင်ငံသားမဖြစ်ပဲ နိုင်ငံသားမှတ်ပုံတင်မရှိပဲ တခြားနိုင်ငံသားတစ်ယောက်အနေနဲ့ ဘယ်နိုင်ငံမှာ မြေပိုင်ဆိုင်မှု၊ လယ်ပိုင်ဆိုင်မှုစတဲ့ ပိုင်ဆိုင်မှုတွေရှိလဲ။ ဒါတွေကို ကြည့်ခြင်းအားဖြင့် ဗမာလူမျိုးတွေဟာ အရေးကြုံရင် ကြုံသလိုရခိုင်တွေနဲ့ကုလားတွေကို မျက်လှည်ပြသွားမယ်တဲ့ဆိုတဲ့သဘောပါပဲ။
နောက်ပိုင်း ရခိုင်တိုင်းရင်းသားတွေဟာ လူဆိုးကြီးဖြစ်သွားရတာပါပဲ။ ဒုက္ခသည်တွေကို ကူညီနေတဲ့ “MSF” နိုင်ငံတကာ အကူအညီပေးရေး သွေးခွဲလာတယ်။ ဌာနေတိုင်းရင်းသားကို နေရာပေးမယ့်ကိုယ်စား ကုလားတွေကို နေရာပေးတယ်။ သူတို့က မြန်မာတိုင်းရင်းသားမဟုတ်သလို မြန်မာနိုင်ငံသားလည်းမဟုတ်ဘူးဆိုတာပါပဲ။ ဒါတွေကိုမကြည့်ပဲ ဌာနေတိုင်းရင်းသား နောက်မှာထားပြီး ကုလားတွေကို ဦးစားပေးစနစ်ကျင့်သုံးလာတယ်။ မခံမရပ်နိုင်တဲ့ ရခိုင်လူမျိုးတချို့က  အင်န်ဂျီအိုတွေ ထွက်သွား၊ အင်န်ဂျီအိုတွေကို လက်ခံထားတဲ့ နေရာတွေကိုပါ သပိတ်မှောက်လာကြတယ်။ ဒါပေမယ့် ဗမာအစိုးရရဲ့ မလိမ့်တပါတ်အသုံးတော်ပြန်ခံလိုက်တာပါပဲ။ ဒီနေရာ ဗမာတိုင်းရင်းသားတွေသာ ရခိုင်တွေလိုဖြစ်ခဲ့ရင် စည်သူအောင်မြင့်ဆိုသူဟာ ဧရာဝတီသတင်းဌာနမှာ ဗမာသူရဲကောင်းအလိုရှိသည်လို့ရေးမှာလား။
ရခိုင်တိုင်းရင်းသားရေးရာ ၀န်ကြီး ဒေါက်တာ ဇော်အေးမောင်က “ ရခိုင်တိုင်းရင်းသားများ အနေနဲ့ အရပ်ဘက် အဖွဲ့အစည်းများအား ဆန့်ကျင်နေမည့်အစား ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုးအတွက် အားလုံးနှင့် လက်တွဲပူးပေါင်း ဆောင်ရွက်ရန် လိုကြောင်း” ဆိုပြီးပြောကြားလိုက်တယ်။ ဒီလိုစကားကို မပြောခင်ကတည်းက ရခိုင်တွေဟာ တခြားအရပ်ဘက်အဖွဲ့စည်းတွေနဲ့ ပူပေါင်းနေခိုင်တာကို စာရေးသူ စည်သူအောင်မြင့်သိပုံမပေါ်ဘူးထင်တယ်။ ဒီလိုတခြားတိုင်းရင်းသားတွေနဲ့ မပူးပေါင်းဘူးပဲ စစ်ဆင်ရေးတွေ လုပ်နေမယ်ဆိုရင် ဆိုရင် ရခိုင်တွေဒီလို ရခိုင်လူမျိုးဆိုတဲ့ ဂုဏ်တခုမရှိတာကြာလှပြီးထင်တယ်။
သူရဲကောင်းဆိုတာ အမှန်တရားအတွက် ကိုယ့်လူမျိုး၊ ကိုယ့်တိုင်းပြည်အတွက် ကိုယ်ကျိုးမငဲ့၊ ဝေဖန်ခံရမှာ မကြောက် အသက်စွန့်ရမှာ မကြောက်၊ ရဲရဲတောက် လုပ်ကိုင်ဆောင်ရွက်သူတွေကို ခေါ်တာပါလို့ စည်သူအောင်မြင့်က ဧရာဝတီသတင်းဌာနကြီးတခုမှာ ရခိုင်သူရဲကောင်းများ အလိုရှိသည်လို့ ရေးသားခဲ့တာကို ကျွန်တော်အရမ်းလက်ခံတယ်။
အခုမြန်မာနိုင်ငံမှာ ခေတ်စားနေတဲ့ ဗိုလ်ချုပ်သမီး ဒေါ်အောင်ဆန်းစုကြည့်နှင့် မြန်နိုင်ငံရဲ့ သမတစတဲ့ မြန်မာနိုင်ငံရေးအုပ်ချုပ်နေတဲ့ ဗမာလူမျိုးတွေကတော့ရော တိုင်းပြည်အတွက် ကိုယ်ကျိုးမငဲ့သူ၊ ဝေဖန်ခံရမှာ မကြောက်သူ၊ တိုင်းပြည်နှင့်လူမိုးအတွက် အသက်စွန့်ရဲသူ၊ အမှန်တရားတွက် ရဲရဲတောက်တောက် လုပ်ရဲသူ၊ မြန်မာနိုင်ငံသားတွက် မသထာရေးစာ စားရရေးမှာ ပုံမှန်စားနိုင်အောင် လုပ်သူ၊ ပြည်သူလူထုတိုးတက်ရေး၊ ပညာတတ်ရေး၊ တမျိုးသားလုံးစိတ်ဓါတ်နှင့် အကျင့်စာရိတ္တမြင့်မာရေး၊ အမျိုးဂုဏ် ဇာတိဂုဏ်မြင့်မားရေးစတဲ့၊ ဒိုးတာဝန်ရေသုံးတွေကို ဘေးဖယ်ပြီး တိုင်းရင်းသားလက်နက်ကိုင်အချင် ရန်တိုက်နေတဲ့ ဗမာခေါင်းဆောင်များကို နိုင်ငံရေးပါးစပ်ဟ မျက်ကန်းသတင်းဌာနမှာ ရခိုင်သူရဲကောင်းများအလိုရှိသည်ဆောင်းပါးကို ရေးသားတဲ့ စည်သူအောင်မြင့်အနေနဲ့  သူတို့တွေကိုရော မြန်မာနိုင်ငံရဲ့ သူရဲကောင်းများလို့ ခေါ်ထိုက်ပါသလား။
ခေတ်အဆက်ဆက်အုပ်ချုပ်လာခဲ့တဲ့ဗမာလူမျိုးတွေက ခင်ဗျာပြောခဲ့တဲ့ သူရဲကောင်းစိတ်ဓါတ် ရှိခဲ့မယ်ဆိုရင် မြန်မာနိုင်ငံမှာ လူမျိုးရေးအဓိကရုန်းဖြစ်စရာတွေ၊ ဗမာ၊ ကရင်၊ ကချင်၊ ရှမ်း၊ ရခိုင်၊ ဝ၊ မွန်စတဲ့ တိုင်းရင်းသားစစ်တပ်တွေရှိမယ်မထင်ဘူးနော်။ ဒါပေမယ့် ခင်ဗျာလို့ သူရဲကောင်း တစ်ယောက်ရဲ့ အရည်အသွေးကိုနှင့် သူရဲကောင်းတစ်ယောက်ရဲ့ အရည်အချင်းကို နားမလည်တတ်သေးတာကိုတော့ ကျွန်တော့်အရမ်းဝမ်းနည်းမိတယ်။ ခင်ဗျာရဲ့ မျက်ကန်းမျိုးချစ်စားရေးသူတွေ တို့မြန်မာနိုင်ငံမှာ များလာမယ်ဆိုရင် မြန်မာနိုင်ငံဟာ ဖာနိုင်ငံဖြစ်လာမယ်ဆိုတာ ကျွန်တော်တော်ရဲရဲကြီး အာမခံရဲတယ်။

မြတ်ခိုင် (လခြမ်းမြီ)

Read More
Related Posts Plugin for WordPress, Blogger...

Arakan Media Group

Popular Posts

Blog Archive