Photo: ဒေါ်အောင်ဆန်းစုကြည် တောင်းပန်ပါက တပ်မတော်သားများ PR အရေး မဲပြန်ပေးနိုင်  From : .. မင်းဒင်  လက်ရှိပြည်သူ့လွှတ်တော်တွင် ဆွေးနွေးနေသော PR အရေးကိစ္စများတွင် တပ်မတော်သားများ မဲဝင်မပေးခြင်းမှာ ဒေါ်အောင်ဆန်းစုကြည်ကြောင့် ဖြစ်ပြီး ဒေါ်အောင်ဆန်း စုကြည်မှ ပြန်လည်တောင်းပန်ပါက မဲပြန်ပေးနိုင်ကြောင်း လွှတ်တော်အသိုင်းအဝိုင်းမှ သတင်းရရှိပါတယ်။ ဇူလိုင်လ ၂၄ ရက်နေ့ ပြည်သူ့လွှတ်တော်မှာ အချိုးကျကိုယ်စားပြု PR စနစ်ဆွေးနွေးခွင့်နှင့် ပတ်သက်၍ ခွဲဆုံးဖြတ်ချိန်၌ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ ကန့်ကွက်မဲလည်းမထည့်၊ ထောက်ခံမဲလည်းမထည့်ပဲ ကျောက်ချထိုင်နေခဲ့ကြပါတယ်။ ထိုသို့ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ၁၁၀ဦး မှ မဲမပေးဘဲနေခြင်းဟာ ဒေါ်အောင်ဆန်းစုကြည်၏ ဝေဖန်တိုက်ခိုက်မှုကြောင့် ဖြစ်နိုင်ကြောင်း နှင့် ပြည်သူ့ လွှတ်တော်အမတ်များကို PR စနစ်ဖြင့် မရွေးချယ်ဖို့အရေး တပ်မတော်သားများ ရပ်တည်ချက်မှာ အရေးတကြီးလိုအပ်နေပြီဖြစ်တာကြောင့် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ပြန်လည်တောင်းပန် သင့်ကြောင်း ပြောဆိုမှုများရှိနေပါတယ်။  မေလကုန်ပိုင်းမှ စတင်၍ NLD ပါတီမှ ပုဒ်မ ၄၃၆ လက်မှတ်ကောက်ခံမှုများ ပြုလုပ်ချိန် ဟောပြောပွဲများတွင် ဒေါ်အောင်ဆန်းစုကြည်မှ တပ်မတော်ကို ပြင်းပြင်းထန်ထန် ဝေဖန်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပါတယ်။ အရေးပါတဲ့ ကိစ္စများ ဆုံးဖြတ်ချိန်မှာ ပြည်သူမှရွေးကောက်ထားသူများ မဟုတ်တဲ့ တပ်မတော်သားများအနေဖြင့် မဲပေးခွင့်မရှိကြောင်း၊ အခွင့်ထူးခံထားခြင်းကို လျှော့ချဖို့လို၊ နိုင်ငံရေးမှာ ဝင်မပါသင့်ကြောင်း မအူပင်၊ မန္တလေး၊ ရန်ကုန် တွင်သာမက စစ်တပ်ဦးစီးချုပ်ရုံးစိုက်ရာ နေပြည်တော်တွင်ပါ ဒေါ်အောင်ဆန်းစုကြည်မှ အားပါးတရ ပြောဆိုခဲ့ပါတယ်။    ယခုအခါ တပ်မတော်သားများမှ အရေးပါသည့် PR ဆွေးနွေးရေး မဲခွဲမှုတွင် ဝင်မပါတော့ပဲ ကျောက်ချထိုင်နေခဲ့ရာ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ၄၂ ဦးသာ မတ်တက်ရပ်ကန့်ကွက်ခဲ့တာကြောင့် ဝက်ဝက်ကွဲအောင် ရှုံးနိမ့်ခဲ့ရပါတယ်။  ဇူလိုင်လ ၂၈ ရက် လွှတ်တော်အစည်းအဝေးမှာလည်း NLD ပါတီမှ ဒေါက်တာ အောင်မိုးညိုက  တပ်မတော်သားတွေအနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀(စ) တွင်၊ တပ်မတော်အနေဖြင့် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေကို ထိန်သိမ်းကာကွယ်စောင့်လျှောက်ရန် တာဝန်ရှိကြောင်း၊ ထို့ကြောင့် ပြင်ဆင်မည်ကို ကန့်ကွက်ဖို့လိုကြောင်း၊ ကြားနေလို့မရကြောင်း ဆွေးနွေးသွားပါတယ်။   အမျိုးသားလွှတ်တော်မှာ PR အရေးဆုံးဖြတ်ချိန်က တပ်မတော်သားအားလုံးမှ မတ်တက်ရပ် ကန့်ကွက်ခဲ့ပြီး မဲအနည်းအကျဉ်းသာ ရှုံးနိမ့်ခဲ့ရပါတယ်။ ပြည်သူ့လွှတ်တော်မှာ မဲခွဲပါက တပ်မတော်သားများ ကန့်ကွက်လျှင် PR ကန့်ကွက်မှု အတွက် နိုင်ချေအများအပြားရှိကြောင်း တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်များက သုံးသပ်ကြပါတယ်။ ပြည်သူ့လွှတ်တော်မှာ PR အရေး ဆွေးနွေးမှုများ ပြီးပါက မဲခွဲဆုံးဖြတ်မှာဖြစ်ပြီး အမျိုးသားလွှတ်တော်ကဲ့သို့ အတည်ပြုတော့မှာ ဖြစ်တာကြောင့် တပ်မတော်သားတွေရဲ့ ကန့်ကွက်မှုက အလွန်အရေးတကြီး လိုအပ်နေပါတယ်။ ဒေါ်အောင်ဆန်းစုကြည်သာ ရက်ပိုင်းအတွင်း ပြန်လည်တောင်းပန်လိုက်ပါက တပ်မတော်သားလွှတ်တော်အမတ်များ မဲပေးခြင်းကို ပြန်လည် လုပ်ဆောင်သွားနိုင်ပြီး တပ်မတော်သား၊ တိုင်းရင်းသား နှင့် NLD ကိုယ်စားလှယ်များပူးပေါင်းကာ ပြည်ခိုင်ဖြိုးနှင့် NDF ၏ PR အကောင်အထည်ဖော်မှုကို တားဆီးနိုင်မယ်လို့ ကိုယ်စားလှယ်အများအပြားက ယုံကြည်နေကြပါတယ်။   “တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးကြီးဌေးနိုင် တို့ ၂ ယောက် ဆွေးနွေးသွားတာ ကောင်းတယ်.. အချိန်မတန်သေးဘူးပေါ့.. လုံခြုံမှု၊ တိုင်းရင်းသားစည်းလုံးမှု ပြဿနာတွေရှိမယ်ပေါ့.. ဆွေးနွေးတာဆွေးနွေးပြီး ကန့်ကွက်မဲမပေးဘူးဖြစ်နေတယ်.. သတင်းကြားတာက ဒေါ်အောင်ဆန်း စုကြည်ကြောင့်လို့ ပြောနေကြတာပဲ.. တောင်းပန်လိုက်ရင်တော့ ဒီကိစ္စအဆင်ပြေသွားမှာ.. ” လို့ တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ် တစ်ဦးက ပြောပါတယ်။  အကယ်၍သာ ၂၄ ရက်နေ့က လွှတ်တော်မတက်သူ ၆၆ ဦး၊ မတ်တတ်ရပ်ကန့်ကွက်သူ ၄၂ ဦး နှင့် တပ်မတော်သား ၁၁၀ သာ ပူးပေါင်းလိုက်ပါက ၂၁၈ ဦးက တစ်ဖက်၊ ပြည်ခိုင်ဖြိုးပါတီက တစ်ဖက် ဖြစ်သွားကာ ပြည်သူ့လွှတ်တော်မှာ PR စနစ် ကျင့်သုံးရေးအဆို ရှုံးနိမ့်နိုင်ပါတယ်။ ဒါ့အပြင် ပြည်သူ့လွှတ်တော်မှာ လစ်လပ်နေတဲ့ ကိုယ်စားလှယ် ၂၀ ကျော်ရှိပါသေးတယ်။ နိုင်ငံအတွက်နဲ့ လွှတ်တော်ရဲ့ ဂုဏ်သိက္ခာအတွက် သာမက ပြည်သူ့အတွက်ပါ အရေးကြီးတာကြောင့် ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ မာန်မာနများကို အောက်ချက တပ်မတော်အနေနဲ့ အရေးပါတဲ့ ကိစ္စများမှာ မဲမပေးပဲ ငြိမ်မနေဖို့ နဲ့ ယခင်ပြောခဲ့ဖူးတာတွေကို ပြန်ရုတ် သိမ်းကြောင်း ပြောဆိုဖို့ ပြည်သူ့လွှတ်တော်သာမက အမျိုးသားလွှတ်တော်က တိုင်းရင်းသားကိုယ်စားလှယ်အများအပြားက မျှော်လင့်နေကြကြောင်း သတင်းရရှိပါတယ်။  www.MyanmarExpress.net
From : .. မင်းဒင်

လက်ရှိပြည်သူ့လွှတ်တော်တွင် ဆွေးနွေးနေသော PR အရေးကိစ္စများတွင် တပ်မတော်သားများ မဲဝင်မပေးခြင်းမှာ ဒေါ်အောင်ဆန်းစုကြည်ကြောင့် ဖြစ်ပြီး ဒေါ်အောင်ဆန်း စုကြည်မှ ပြန်လည်တောင်းပန်ပါက မဲပြန်ပေးနိုင်ကြောင်း လွှတ်တော်အသိုင်းအဝိုင်းမှ သတင်းရရှိပါတယ်။
ဇူလိုင်လ ၂၄ ရက်နေ့ ပြည်သူ့လွှတ်တော်မှာ အချိုးကျကိုယ်စားပြု PR စနစ်ဆွေးနွေးခွင့်နှင့် ပတ်သက်၍ ခွဲဆုံးဖြတ်ချိန်၌ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ ကန့်ကွက်မဲလည်းမထည့်၊ ထောက်ခံမဲလည်းမထည့်ပဲ ကျောက်ချထိုင်နေခဲ့ကြပါတယ်။ ထိုသို့ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ၁၁၀ဦး မှ မဲမပေးဘဲနေခြင်းဟာ ဒေါ်အောင်ဆန်းစုကြည်၏ ဝေဖန်တိုက်ခိုက်မှုကြောင့် ဖြစ်နိုင်ကြောင်း နှင့် ပြည်သူ့ လွှတ်တော်အမတ်များကို PR စနစ်ဖြင့် မရွေးချယ်ဖို့အရေး တပ်မတော်သားများ ရပ်တည်ချက်မှာ အရေးတကြီးလိုအပ်နေပြီဖြစ်တာကြောင့် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ပြန်လည်တောင်းပန် သင့်ကြောင်း ပြောဆိုမှုများရှိနေပါတယ်။

မေလကုန်ပိုင်းမှ စတင်၍ NLD ပါတီမှ ပုဒ်မ ၄၃၆ လက်မှတ်ကောက်ခံမှုများ ပြုလုပ်ချိန် ဟောပြောပွဲများတွင် ဒေါ်အောင်ဆန်းစုကြည်မှ တပ်မတော်ကို ပြင်းပြင်းထန်ထန် ဝေဖန်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပါတယ်။ အရေးပါတဲ့ ကိစ္စများ ဆုံးဖြတ်ချိန်မှာ ပြည်သူမှရွေးကောက်ထားသူများ မဟုတ်တဲ့ တပ်မတော်သားများအနေဖြင့် မဲပေးခွင့်မရှိကြောင်း၊ အခွင့်ထူးခံထားခြင်းကို လျှော့ချဖို့လို၊ နိုင်ငံရေးမှာ ဝင်မပါသင့်ကြောင်း မအူပင်၊ မန္တလေး၊ ရန်ကုန် တွင်သာမက စစ်တပ်ဦးစီးချုပ်ရုံးစိုက်ရာ နေပြည်တော်တွင်ပါ ဒေါ်အောင်ဆန်းစုကြည်မှ အားပါးတရ ပြောဆိုခဲ့ပါတယ်။

ယခုအခါ တပ်မတော်သားများမှ အရေးပါသည့် PR ဆွေးနွေးရေး မဲခွဲမှုတွင် ဝင်မပါတော့ပဲ ကျောက်ချထိုင်နေခဲ့ရာ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ၄၂ ဦးသာ မတ်တက်ရပ်ကန့်ကွက်ခဲ့တာကြောင့် ဝက်ဝက်ကွဲအောင် ရှုံးနိမ့်ခဲ့ရပါတယ်။

ဇူလိုင်လ ၂၈ ရက် လွှတ်တော်အစည်းအဝေးမှာလည်း NLD ပါတီမှ ဒေါက်တာ အောင်မိုးညိုက တပ်မတော်သားတွေအနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀(စ) တွင်၊ တပ်မတော်အနေဖြင့် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေကို ထိန်သိမ်းကာကွယ်စောင့်လျှောက်ရန် တာဝန်ရှိကြောင်း၊ ထို့ကြောင့် ပြင်ဆင်မည်ကို ကန့်ကွက်ဖို့လိုကြောင်း၊ ကြားနေလို့မရကြောင်း ဆွေးနွေးသွားပါတယ်။

အမျိုးသားလွှတ်တော်မှာ PR အရေးဆုံးဖြတ်ချိန်က တပ်မတော်သားအားလုံးမှ မတ်တက်ရပ် ကန့်ကွက်ခဲ့ပြီး မဲအနည်းအကျဉ်းသာ ရှုံးနိမ့်ခဲ့ရပါတယ်။ ပြည်သူ့လွှတ်တော်မှာ မဲခွဲပါက တပ်မတော်သားများ ကန့်ကွက်လျှင် PR ကန့်ကွက်မှု အတွက် နိုင်ချေအများအပြားရှိကြောင်း တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်များက သုံးသပ်ကြပါတယ်။ ပြည်သူ့လွှတ်တော်မှာ PR အရေး ဆွေးနွေးမှုများ ပြီးပါက မဲခွဲဆုံးဖြတ်မှာဖြစ်ပြီး အမျိုးသားလွှတ်တော်ကဲ့သို့ အတည်ပြုတော့မှာ ဖြစ်တာကြောင့် တပ်မတော်သားတွေရဲ့ ကန့်ကွက်မှုက အလွန်အရေးတကြီး လိုအပ်နေပါတယ်။ ဒေါ်အောင်ဆန်းစုကြည်သာ ရက်ပိုင်းအတွင်း ပြန်လည်တောင်းပန်လိုက်ပါက တပ်မတော်သားလွှတ်တော်အမတ်များ မဲပေးခြင်းကို ပြန်လည် လုပ်ဆောင်သွားနိုင်ပြီး တပ်မတော်သား၊ တိုင်းရင်းသား နှင့် NLD ကိုယ်စားလှယ်များပူးပေါင်းကာ ပြည်ခိုင်ဖြိုးနှင့် NDF ၏ PR အကောင်အထည်ဖော်မှုကို တားဆီးနိုင်မယ်လို့ ကိုယ်စားလှယ်အများအပြားက ယုံကြည်နေကြပါတယ်။

“တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးကြီးဌေးနိုင် တို့ ၂ ယောက် ဆွေးနွေးသွားတာ ကောင်းတယ်.. အချိန်မတန်သေးဘူးပေါ့.. လုံခြုံမှု၊ တိုင်းရင်းသားစည်းလုံးမှု ပြဿနာတွေရှိမယ်ပေါ့.. ဆွေးနွေးတာဆွေးနွေးပြီး ကန့်ကွက်မဲမပေးဘူးဖြစ်နေတယ်.. သတင်းကြားတာက ဒေါ်အောင်ဆန်း စုကြည်ကြောင့်လို့ ပြောနေကြတာပဲ.. တောင်းပန်လိုက်ရင်တော့ ဒီကိစ္စအဆင်ပြေသွားမှာ.. ” လို့ တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ် တစ်ဦးက ပြောပါတယ်။

အကယ်၍သာ ၂၄ ရက်နေ့က လွှတ်တော်မတက်သူ ၆၆ ဦး၊ မတ်တတ်ရပ်ကန့်ကွက်သူ ၄၂ ဦး နှင့် တပ်မတော်သား ၁၁၀ သာ ပူးပေါင်းလိုက်ပါက ၂၁၈ ဦးက တစ်ဖက်၊ ပြည်ခိုင်ဖြိုးပါတီက တစ်ဖက် ဖြစ်သွားကာ ပြည်သူ့လွှတ်တော်မှာ PR စနစ် ကျင့်သုံးရေးအဆို ရှုံးနိမ့်နိုင်ပါတယ်။ ဒါ့အပြင် ပြည်သူ့လွှတ်တော်မှာ လစ်လပ်နေတဲ့ ကိုယ်စားလှယ် ၂၀ ကျော်ရှိပါသေးတယ်။ နိုင်ငံအတွက်နဲ့ လွှတ်တော်ရဲ့ ဂုဏ်သိက္ခာအတွက် သာမက ပြည်သူ့အတွက်ပါ အရေးကြီးတာကြောင့် ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ မာန်မာနများကို အောက်ချက တပ်မတော်အနေနဲ့ အရေးပါတဲ့ ကိစ္စများမှာ မဲမပေးပဲ ငြိမ်မနေဖို့ နဲ့ ယခင်ပြောခဲ့ဖူးတာတွေကို ပြန်ရုတ် သိမ်းကြောင်း ပြောဆိုဖို့ ပြည်သူ့လွှတ်တော်သာမက အမျိုးသားလွှတ်တော်က တိုင်းရင်းသားကိုယ်စားလှယ်အများအပြားက မျှော်လင့်နေကြကြောင်း သတင်းရရှိပါတယ်။

www.MyanmarExpress.net

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

Arakan Media Group

Popular Posts

Blog Archive