စက်တင်ဘာလတွင် ၁၅၀၀ ဖြန့်ဝေမည့် တယ်လီနော ဆင်းမ်ကတ်များကို နိုင်ငံသား စိစစ်ရေးကဒ် ရှိသူများကိုသာ ဝယ်ယူခွင့်ပေးမည်ဖြစ်သည့်အတွက် စိစစ်ရေးကဒ်မရှိသည့် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ကိုင်ဆောင်ခွင့်ရမည်မဟုတ်ကြောင်း သတင်းရရှိသည်။ Telenor ဆင်းမ်ကတ်များကို အသက်အရွယ် အကန့်အသတ်မရှိဘဲ နိုင်ငံသားစိစစ်ရေးကဒ် ကိုင်ဆောင်ထားသူ များသာ  ရောင်းချပေးသွားမည်ဖြစ်ကြောင်း တယ်လီနောမြန်မာ၏ စီအီးအိုဖြစ်သူ Petter Furberg က ဇွန် ၂ ရက်တွင် ထပ်မံအတည်ပြု ပြောကြားလိုက်သည်။ Telenor အနေဖြင့် ဆင်းမ်ကတ်များကို ၂၀၁၄ စက်တင်ဘာလမှ စတင်ကာ ရောင်းချပေးသွားမည်ဖြစ်ပြီး ဆင်းမ်ကတ်ဝယ်ယူရန် ကြိုတင်စာရင်းများ ပေးသွင်းရန် လိုအပ်မည် မဟုတ်ကြောင်းကိုလည်း ယင်းက ထပ်လောင်းပြောကြားသည်။ ယင်းက “ဆင်းမ်ကတ်တွေကို ကျပ် ၁၅၀၀ တိတိနဲ့ စက်တင်ဘာလ စတာနဲ့ ရောင်းပေးသွားမှာပါ။

 ဆင်းမ်ကတ် ဝယ်ပြီးသွားတဲ့သူဟာ အဲ့ဒီဆင်းမ်ကတ်ကို ပိုင်ဆိုင်သွားပါပြီ... ဒါပေမယ့် စိစစ်ရေးကဒ်တော့ ရှိရမည်” ဟု ယင်းက ပြောသည်။ ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံတော် သမ္မတလုပ်မည်ဟု ပြောသော်လည်း နိုင်ငံသား စိစစ်ရေးကဒ်မရှိသဖြင့် ဝေဖန်ခံနေရသူဖြစ်သည်။




Telenor ဆင်းမ်ကတ်များကို 2G, 3G ကွန်ရက်နှစ်မျိုးဖြင့် ရောင်းချသွားမည်ဖြစ်ပြီး အင်တာနက် မြန်နှုန်းများကိုလည်း အများပြည်သူ မျှော်လင့်ထားသည့်အတိုင်း ဖြစ်လာစေရမည်ဖြစ်ကြောင်း သိရသည်။ ယင်းက ထပ်မံပြီး “တယ်လီနောရဲ့ ဆက်သွယ်ရေး နည်းပညာက 4G ကွန်ရက် နည်းပညာကို အဆင်သင့် အသုံးပြုထားပါတယ်။ မြန်မာနိုင်ငံမှာ 4G ကို အသုံးပြုနိုင်တဲ့ LTE စနစ်ပါ မိုဘိုင်းတွေကို ကိုင်ဆောင်သူ များပြားလာမယ်ဆိုရင် နောက်ပိုင်းမှာ 4G ကွန်ရက်ကိုပါ အသုံးပြုသွားမှာပါ” ဟု ပြောကြားခဲ့သည်။ တယ်လီနောအနေဖြင့် ကိုယ်ပိုင် Gateway တစ်ခုကိုလည်း တည်ဆောက်သွားမည်ဖြစ်ပြီး ငါးနှစ်အတွင်း မြန်မာနိုင်ငံ လူဦးရေ၏ ၉၀ ရာခိုင်နှုန်း အထိ မိုဘိုင်းကွန်ရက် ဖြန့်ကြက် သွားမည်ဖြစ်ကြောင်းသတင်းရရှိသည်။

 .. www.MyanmarExpress.net

Posted by Unknown on Thursday, June 5, 2014

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

Arakan Media Group

Popular Posts

Blog Archive