နေပြည်တော်ကောင်စီနယ်မြေတွင် အဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်ကိုယ်တိုင် အခြေခံဥပဒေပုဒ်မ (၄၃၆)ပြင်ဆင်ပေးရေးအတွက် ဦးဆောင် လက်မှတ်ရေးထိုးမှု များပြုလုပ်နေသော်လည်း တစ်ဖက်တွင် ဒေသခံတစ်ချို့က ဆန့်ကျင်ကာ ၄င်းပုဒ်မ (၄၃၆) ကို ကန့်ကွက်ဆန္ဒပြလျှက်ရှိရာ ထိုကဲ့သို့ ကန့်ကွက်ဆန္ဒပြသူများသည် ပြန့်ကပြေးကျေးရွာမှဖြစ်ကြပြီး ရွာလုံးကျွတ် ဒေါ်အောင်ဆန်းစုကြည်ကို မုန်းတီးလျှက်ရှိကြောင်း သတင်းရရှိသည်။ 

ပြန့်ကပြေးကျေးရွာသည် နေပြည်တော် ဇမ္ဗူသီရိမြို့နယ်တွင် တည်ရှိပြီး ဘာသာ သာသနာ ထွန်းကားသော ဒေသတစ်ခုဖြစ်သည်။ လယ်ယာအလုပ်ဖြင့် အေးချမ်းစွာ အသက်မွေးကြပြီး ဒေါ်အောင်ဆန်းစုကြည်ကို တစ်ရွာလုံးက ခါးခါးသီးသီး မုန်းတီးလျှက်ရှိပြီး ၎င်းဦးဆောင်သည့် NLD ကိုလည်း လုံးဝ ဆန့်ကျင်ထားကြောင်း သိရသည်။ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ စည်းရုံးရေးကာလအတွင်း NLD ပါတီဝင်များကို လေဂွဖြင့် ပစ်ခတ်ခဲ့ဖူးသဖြင့် အများအပြား ဒဏ်ရာရခဲ့ဖူးသည်။ ပြန့်ကပြေးကျေးရွာသည် ဒုတိယမြောက် ဒေါ်အောင်ဆန်းစုကြည်ကို ရွာလုံးကျွတ် မုန်းတီးသည့် ဒေသဖြစ်ပြီး ပထမ ဒေသမှာ ဒီပဲယင်း ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်၏  ခရီးစဉ်များတွင် ပြန့်ကပြေးကျေးရွာနေထိုင်သူများကို သတိထား ဂရုစိုက်ရနေရပြီး ဒီပဲယင်းဖြစ်စဉ် ကဲ့သို့ ပြဿနာများ ရှာလာနိုင်သူများဖြစ်လာနိုင်သည့် အတွက် အဖွဲ့ချုပ်ဥက္ကဌ အသက်ကို  အန္တရာယ် ပြုလာနိုင်ကြောင်း ဇမ္ဗူသီရြိ NLD မှ ဒေါ်အောင်ဆန်းစုကြည်ကို တင်ပြထားကြောင်း သတင်းရရှိသည်။
.
. www.MyanmarExpress.net

Posted by Unknown on Thursday, June 5, 2014

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

Arakan Media Group

Popular Posts

Blog Archive