၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးချိန်မှစပြီး နှစ်ပေါင်း ၆၆ နှစ်အတွင်း မြန်မာနိုင်ငံတွင် အရောင်းရဆုံး စာစောင်မှာ ဒေါ်အောင်ဆန်းစုကြည် နှင့် ပြည်သူဦးဆန်းလွင် တို့ ရန်ပွဲ စာစောင်ဖြစ်ကြောင်း သတင်းရရှိပါတယ်။ အဆိုပါ စာစောင်အား ဇွန်လ ၁ ရက်နေ့ ညနေတွင် အစောင် ၃ သောင်း စတင်ပုံနှိပ် ဖြန့်ချီခဲ့ရာ တမဟုတ်ချင်း ကုန်သွားသဖြင့် ဆက်တိုက် ပြန်လည် ရိုက်နိုပ်ခဲ့ရပြီး ဇွန်လ ၅ ရက်နေ့ထိ မနားတမ်းထုတ်နေရကြောင်း သိရပါတယ်။ အရေအတွက် အတိအကျကို ထုတ်ဖော်ပြောဆိုခြင်း မရှိသော်လည်း လွတ်လပ်ရေး ရပြီးနောက်ပိုင်းတွင် အရောင်းရဆုံး စာစောင်ဖြစ်ကြောင်း စာစောင် ဦးဆောင်ထုတ်ဝေသူ ဝါရင့်သတင်းစာ ဆရာတစ်ဦးမှ ဆိုပါတယ်။ 
 
ဇွန်လ ၁ ရက်နေ့က တပ်ကုန်းမြို့တွင် ဒေါ်အောင်ဆန်းစုကြည် နှင့် အသက် ၇၆ နှစ်အရွယ် ဦးဆန်းလွင် တို့ အပြန်အလှန် စကားများခဲ့ကြရာ ကားပေါ်တွင် ထိုင်နေသော  ဒေါ်အောင်ဆန်းစုကြည်မှ ၎င်းထက် အသက်ကြီးသော ကားအောက်မှ အဖိုးအိုကို ကပ်သီးကပ်သပ် စကားများဖြင့် စကားလုပြောခဲ့သဖြင့် လူအများမှ ရှုံ့ချခဲ့ကြပါတယ်။ စာသားအပြည့်အစုံကို http://www.myanmarexpress.net/2014/06/blog-post_5579.html မှာ ဖတ်ရှုနိုင်ပါတယ်။

Posted by Unknown on Thursday, June 5, 2014

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

Arakan Media Group

Popular Posts

Blog Archive