ဆော်ဒီအာရေဗျ နိုင်ငံအတွင်းရှိ အမျိုးသမီး ၃ဝ၇ ဦးတို့သည် လွန်ခဲ့သော ခုနစ်လ အတွင်းက ၎င်းတို့၏ လက်ထပ်ခွင့်ကို တားမြစ် ပိတ်ပင်ခဲ့သည့် ဖခင်များကို တရားရုံး၌ တရားစွဲဆို အမှုဖွင့်ခဲ့ကြောင်း အင်တာနက် သတင်း တစ်ရပ်အရ သိရသည်။

အဆိုပါ အမျိုးသမီးများနှင့် လက်ထပ်မည့် ခင်ပွန်းလောင်းများသည် အရည်အချင်း မပြည့်မီသော ခင်ပွန်းလောင်းများ ဖြစ်သည် ဟူသော အကြောင်းပြချက်ဖြင့် ၎င်းတို့ နှစ်သက်သော အမျိုးသားများနှင့် လက်ထပ်ခွင့်ကို ဖခင်များက တားမြစ် ပိတ်ပင်ခဲ့ခြင်း ဖြစ်ကြောင်း ၎င်းအမျိုးသမီး များက တရားရုံးသို့ ပြောကြားခဲ့သည်။


ဆော်ဒီအာရေဗျနိုင်ငံ ရီယက်မြို့တွင် ယခုကဲ့သို့ တရားစွဲဆိုမှုသည် အရေအတွက် အများဆုံးသော တရားစွဲဆိုမှု တစ်ခုအဖြစ် စံချိန် တင်ခဲ့ကြောင်း သိရသည်။
 
http://www.oppositeyes.info

Posted by Unknown on Monday, June 2, 2014

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

Arakan Media Group

Popular Posts

Blog Archive