★အမေပေးတဲ့အသက်နဲ့
အဖေပေးတဲ့သွေးစက်တွေဟာ
ငါ့အတွက်အလကားမှမဟုတ်တာ

အမျိုးဆိုတာ ခိုကိုးဖို့ဆိုပေမဲ့
လူမျိုးဆိုတာ ရှုပ်ထွေးလွန်းတော့
အမိမြေကြီးအေးချမ်းဖို့
သွေးတန်းတွေ ခင်းရင်ခင်းရလိမ့်မယ်

ဖြောက်ခနဲ့ ခြေသံကြားရင်
ဆတ်ခနဲ့သတိထားပြီး
ရန်သူကိုရှာဖွေရတာ
နေ့မနားညမနားနဲ့
တစ်ခါတစ်ခါဖျားခဲ့ရင်တောင်
အနားမယ်ဖေးကူသူရှားတဲ့ အချိန်ခဏ

ရရှိတဲ့ရေတစ်စက်ကို
လောက်ရှိတဲ့ ရေညစ်ရယ်လား
တွေဝေစဉ်းစားဖို့အချိန်တောင်မရနိုင်ပဲ
လှိုက်လှိုက်လှဲလှဲသောက်ရတဲ့ဒီဘဝ

အခြေအနေကမလှရင်
ကျောတစ်ချမြေကွပ်ကလေးနဲ့
အချင်းချင်း ခြင်ယပ်ပေးရင်
မြန်မာပြည်အတွက်တွေးပူရတယ်
ငှက်ပျောအူတောင်မျိုမကျတဲ့ဘဝရယ်ပါ

အမိမြေအတွက်မို့
ရှိနေတဲ့အသက်ကိုစတေးပြီး မြန်မာလို့ဟစ်ကြွေးချင်တော့
ချစ်စဖွယ်ခင်ကျော့ဇနီးနဲ့
အပြစ်ကင်းတဲ့လူမမယ်ကလေးငယ်ကို
ထွေးလို့ရယ်ပွေးနမ်းရင်း
အကြင်နာလက်လှမ်းပြခဲ့မယ်
ခွင့်လွှတ်တော့မေရယ်………★

မောင်းတောသို့ စစ်ချီတက်ရန်ဟန်ပြင်နေသော
စစ်သည်တော်များရဲ့ မြင်ကွင်း

သူကြီးသမီး ဇီးသီး —

Posted by Unknown on Monday, June 2, 2014
categories: edit post

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

Arakan Media Group

Popular Posts

Blog Archive