Monday, June 2, 2014

အီရန်နိုင်ငံတွင် ဆိုရှယ်မီဒီယာ Website တစ်ခုဖြစ်သည့် Facebook ကို အသုံးပြုပြီး အစိုးရဆန့်ကျင်ရေး ဝါဒဖြန့်မှုများ ပြုလုပ်သည် ဆိုကာ လူရှစ်ဦးကို စုစုပေါင်း ထောင်ဒဏ် ၁၂၃ နှစ် ချမှတ်လိုက်ကြောင်း AFP သတင်းတွင် ဖော်ပြထားသည်။

ယင်းသို့ Facebook ကို အသုံးပြုပြီး အစိုးရဆန့်ကျင်သူများဟု စွပ်စွဲခြင်း ခံထားရသူ ရှစ်ဦးသည် တစ်ဦးလျှင် ထောင်ဒဏ် ၇ နှစ်မှ နှစ်ပေါင်း ၂၀ အထိ ချမှတ်ခြင်း ခံခဲ့ရပြီး နိုင်ငံတော်အကြီးအကဲ အယာတိုလာ အလီခါမေနီကို စော်ကားပြောဆိုခြင်း၊ အစိုးရအဖွဲ့ လုပ်ဆောင်ချက်များကို လွဲမှားစွာ ဝေဖန် ရေးသားခြင်းများကြောင့် ယင်းသို့ ထောင်ဒဏ်များ ချမှတ်ရခြင်း ဖြစ်ကြောင်း ယင်းသတင်းက ဆိုသည်။

အီရန်နိုင်ငံတွင် နာမည်ကြီး ဆိုရှယ်မီဒီယာ Website များကို အသုံးပြုခြင်းသည် အစ္စလာမ် မပီသခြင်း၊ ကိုယ်ကျင့်တရား ဖောက်ပြန်ခြင်း၊ အစ္စလာမ်ဘာသာရေးက ပြဋ္ဌာန်းထားချက်များကို ဖောက်ဖျက် ကျူးလွန်ခြင်းဟု သတ်မှတ်ပြီး ယင်းဆိုရှယ်မီဒီယာ လိုင်းများကို ရယူသုံးစွဲခြင်း မပြုနိုင်စေရန် ပိတ်ပင်ခဲ့သော်လည်း ယခု ထောင်ဒဏ် အမိန့်ချမှတ်ခြင်း ခံရသူများသည် ပိတ်ဆို့မှုများကို ဖောက်ထွက်နိုင်သည့် ဆော့ဖ်ဝဲများ အသုံးပြုပြီး အစိုးရ ဆန့်ကျင်ရေးစာများ ရေးသားခဲ့ကြခြင်း ဖြစ်သည်။

အီရန်တွင် ပြစ်ဒဏ်သတ်မှတ်ခြင်း ခံရသူများအနက် အီရန်နိုင်ငံတွင် မွေးဖွားသည့် ဗြိတိန်နိုင်ငံသား အမျိုးသမီးတစ်ဦးလည်း ပါဝင်ကြောင်း AFP တွင် ရေးသားထားသည်။

ရိုယာ ဆာဘရီနီယက်နိုဘတ် အမည်ရှိ ဗြိတိန်သူသည် ယမန်နှစ် ဆောင်းရာသီကတည်းက Facebook ကို အသုံးပြုပြီး ဝေဖန် ရေးသားခဲ့မှုများကြောင့် ထောင်ဒဏ် နှစ် ၂၀ ပြစ်ဒဏ်ချမှတ်ခြင်း ခံခဲ့ရသည်။

the voic

Posted by Unknown on Monday, June 2, 2014

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

Arakan Media Group

Popular Posts

Blog Archive