၁၂-၆-၂၀၁၄

၁။ ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် (၁၂-၆-၂၀၁၄) ရက်နေ့၌ NLD ပါတီနှင့် (၈၈) မျိုးဆက်ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ (၄၃၆) အား ပြင်ဆင်ခြင်းဆိုင်ရာဟောပြောပွဲကို ဆန့်ကျင်ဆန္ဒထုတ်ဖော်ခြင်းအား မဟာရက္ခိတအဖွဲ့ ဟူသောနာမည်ဖြင့် လူတစ်စုကပြုလုပ်မည်ဆိုသည့်ကိစ္စရပ်သည် ရခိုင်ပြည်သူတစ်ရပ်လုံး၏ လူမှုရေး၊ သာရေး နာရေး အသင်းအဖွဲ့ပေါင်းစုံပါဝင်သော ရခိုင်လူမှုကွန်ရက် နှင့် သက်ဆိုင်ခြင်း လုံးဝ(လုံးဝ)မရှိပါကြောင်း သိစေအပ်ပါသည်။

၂။ စည်းကမ်းထိန်းသိမ်းရေးနှင့် ကူညီစောင့်ရှောက်ရေး ရဟန်းတော်များအဖွဲ့မှလည်း ရခိုင်လူမှုကွန်ရက်နှင့်အတူ သေချာရှင်းလင်းသော သဘောထားထုတ်ပြန်ချက်ကို ထုတ်ပြန်မည်ဟု သိရှိရပါသည်။

၃။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ (၄၃၆) သည် တိုင်းရင်းသားလူမျိုးတိုင်း၊ ပါတီတိုင်းမှ အသစ်ရေးဆွဲခြင်း (သို့) ပြင်ဆင်ခြင်းပြုလုပ်လိုသည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၏ အဓိကထိန်းကျပ်ထားသည့်အချက်ဖြစ်သည့်အတွက် ရခိုင်ပြည်သူတစ်ရပ်လုံးအနေဖြင့် ဤအချက်အား ပြင်ဆင်လိုခြင်းသည် NLD ပါတီနှင့် (၈၈) မျိုးဆက်ပွင့်လင်းလူ့အဖွဲ့အစည်း၏ လှုပ်ရှားမှု၊ ရပ်တည်မှုလမ်းကြောင်းအား ထောက်ခံခြင်းမဟုတ်ကြောင်းလည်း သေချာစွာသိမြင်စေအပ်ပါသည်။
.......................................................
ရခိုင်လူမှုကွန်ရက် (စစ်တွေ)

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

Arakan Media Group

Popular Posts

Blog Archive