ဒီနေ့ ကတော့ ကျွန်မသိသောရခိုင်လူမျိုးဆိုတာ’’ အပိုင်း( ၂ )ကို စပြီရေးတာဖြစ်ပါတယ်။ ရခိုင်တောရွာတွေ ဖယောင်းတိုင်းထွန်း ၊ထင်းခုတ်၊ ရေထမ်း၊ မီးမွှေးဘ၀တွင်ရုန်း မထွက်နိုင်ကြသေးပါဘူး။အဆက်…. ယမန် နေ့ မှ…………

ရခိုင်လူမျိုးတွေဟာ BC - 3325 မှာ မာရယုမင်းထူးထောင်သောဓည၀တီခေက်မှ အစချီကာ ထင်ရှားတဲ့  သမိုင်းနိဒါန်းကို ကျောက်ထက်အက္ခရာတင် မှတ်တမ်းရေးထိုးလာခဲ့ပါတယ်။ ရခိုင်ပြည်ရဲ သမိုင်းမှတ်တမ်းများရုပ်ကြွင်းများ ရာဇ၀င်ကျမ်းဂန်းဗုဒ္ဓ၀င်အစရှိတဲ့ ရခိုင်လူမျိုးတို့ ဟာ ထင် ရှားတဲ့ ဘုရင့် နိုင်ငံတော်များကို ခေက်အဆက်ဆက်ထူးထောင် ခဲ့ကြပါတယ်။

နယ်ပယ်အမျိုးမျိုး လူမျိုးအသီးသီးဖြင့် ပုံမှန်အားဖြင့် ကူးသန်းဆက်ဆံရေး ရောင်းဝယ်ရေးများ ၊ နိုင်ငံရေး၊ စီပွားရေ။ လူမူရေး၊ ဘာသာရေး၊ ယဉ်ကျေး
မူအရာတို့ မှာသီးသန့် ကိုယ်ပိုင်စရိက်လက္ခဏာ ကိုယ်ပိုင်များအာဏာတို့ ဖြင့် နေထိုင်လာခဲ့ကြပါတယ်။

ရခိုင်သမိုင်းကိုပြန်ကြည့်မယ်ဆိုရင် အကြမ်းအားဖြင့် ခေတ်( ၄)ခေတ်သက်မှတ်ပြီးရေတွက်နိုင်ပါတယ်။ဓည၀တီ၊ ဝေသာလီ၊ လေးမြို့ ၊ မြောက်ဦးစတဲ့ခေက်တို့ ဖြင့် သမိုင်းထင်ရှားပါတယ်။

ဓည၀တီခေတ်ကိုအကြမ်းအားဖြင့် ပထမ၊ ဒုတိယ၊ တတိယ၊ စတဲ့ အပိုင်း( ၃) ပိုင်းခွဲပြီးမှတ်တမ်းတင်ကြပါတယ်။ ပထမ ဓည၀တီကို BC - 3325 မှာမာရယုမင်းကြီးမှ လေးကောင်း ဒုတိယ၊ ဓည၀တီကို BC- 1507 မှာ ဘုရင်ကံရာဇာကြီးမှ လေးကောင်း၊ တတိယဓည၀တီကို BC – 580 မှာဘုရင်ကြီးစန္ဒာသူရိယ { ဗုဒ္ဓဘုရားရှင်နှင့်ခေတ်ပြိုင်} တို့ မှ အသီးသီးတည်ထောင်ခဲ့ကြပါ တယ်လို့ သမိုင်းအထာက် အထားအရသိရပါတယ်ရှင့်။

ဘုရင်စန္ဒာသူရိယလက်ထက်မှာ ဗုဒ္ဓဘုရားရှင်ကိုယ်တော်ဟာ ဘုရင်စန္ဒသူရိယ နန်းစံသက် (၂၅) နှစ်မြောက်မှာ ရခိုင်ပြည်ဓည၀တီကို ကြွရောက်ခဲ့ပါတယ်။ အဲ့ဒီအချိန်အခါက ရခိုင်ဘုရင်စန္ဒသူရိယဟာ ဗုဒ္ဓရဲပုံတူတော် မဟာမုနိ ရုပ်ပွားတော်မြတ်ကိုသွန်းလုပ်ခဲ့ကြောင်း ရခိုင်ရာဇ၀င်များနှင့်တကွ သမိုင်မှတ်တမ်းများအရတညီတညွတ်တည်ဖော်ပြ ကြပါတယ်။ ရခိုင်လူမျိုးတို့ ဟာ အဲ့ဒီအချိန်က ဓညတီခေတ် ဘုရားရှင်သက်တော်ထင်ရှားရှိစဉ်ပင် ထေရ၀ါဒဗုဒ္ဓအယူကို သက်ဝင်ယုံကြည်ကိုးကွယ်ကြသူများဖြစ်ကြပါတယ်ရှင့်။

ဓည၀တီခေတ်အလွန်မှာ ဝေသာလီခေတ်ကိုရောက်ရှိလို့ လာပါတယ်။ ဝေသာလီခေတ်ကို AD- ၃၂၇ ဒွန်းစန္ဒြားမင်းခေါ်တိုင်းစန္ဒြားမင်းကြီးထူးထောင်ပါတယ်။ ဝေသာလီကျောက်လှေကားခေတ်မှာ သမိုင်းထင်ရှားပြီး ဘာသာရေးလည်းအလွန်ထွန်းကားခဲ့သောခေတ်ဖြစ်ပါတယ်။

ယေဓမ္မာအစချီသော ထေရ၀ါဒဗုဒ္ဓဘာသာကို အထွဋ်အမြတ် ဦးထိုက်ထားတဲ့ ကျောက်စာများစွာကိုတွေ့ရပါတယ်။ AD- ၈၁၈ မှာ လေးမြို့ခေတ်ကိုရောက်ပြီး ဘုရင် ငတုန်းမင်း ခေါ် ဘုရင် စောရွှေလူမှ တည်ထောင်ပါတယ်။အဲ့ဒီခေတ်မှ AD- ၁၄၃၀ မှာအဆုံးသက်ကာမြောက်ဦးရွှေခေတ်ကို ရောက်ရှိလာပါတယ်။

မြောက်ဦးခေတ်ကိုလည်း ပထမ၊ ဒုတိယ၊ တတိယဟု ခေတ်(၃)ခေတ်သတ်မှတ်ပါတယ်။ ပထမမြောက်ဦးခေတ်ကို AD-၁၄၃၀ မှာ ဒုတိယလောင်းကြက်မြို့ကို စိုးစံခဲ့သူ ဘုရင် မင်းစောမွန်မှစတင်ထူထောင်ခဲ့ပါတယ်။ မင်းစောမွန်ရဲ့ ညီတော် နရနု လက်ထက်မှာ ပိုမိုစည်ပင်ဝဖြိုး ခဲ့ပါတယ်။ ဒုတိယမြောက်ဦးခေတ်ကို AD- ၁၅၃၁ ဘုရင် မင်းဘာကြီးတည်ထောင်ခဲ့ပြီး မင်းဘာကြီးလက်ထက်တော်မှာ အားလုံးသိကြသည့်အတိုင်း နိုင်ငံတော်ရဲ့ ဘုန်းတန်ခိုးအချိန် အ၀ါမှာ အလွန်တရာမှကြီး မာထွန်းတောက်ခဲ့ပါတယ်။

ဗုဒ္ဓဘာသာမှာလည်း နေရောင်အလားထွန်းပြောင်ခဲ့ပါတယ်။ သျှစ်သောင်းဘုရားအပါအ၀င် သမိုင်းဝင်စေတီပုထိုးများစွာကိုတည်ထားကိုး ကွယ်ခဲ့ပါတယ်။ နိုင်ငံရေး၊ စီးပွားရေး၊စစ်ရေးအရာတို့မှာသြဇာကြီးမားခဲ့ပြီး အာရှတစ်ဝှန်းသို့ ကျယ်ပျံ့ ကာ လူမှုရေး စီးပွားရေး ကူးသင်ရောင်းဝယ် မှုများရှိခဲ့ပါတယ်။

တတိယမြောက်ဦးခေတ်ကိုလည်းဘုရင် နရပတိကြီးမှ AD- ၁၆၃၈ မှာ စိုးစံခဲ့ပါတယ်။ ရခိုင်တို့ရဲ့ မြောက်ဦးခေတ်နောက်ဆုံးမင်းဆက်မှာဘုရင်ကြီး မဟာသမ္မတရာဇာဖြစ်ပြီး သမ္မတရာဇာမင်း လက်ထက်တော်တွင် မြောက်ဦးနန်းတော်ကြီး ကျရှုံ့ကာမင်းဆက်ဖြုတ်ခံခဲ့ရလေပါတယ်။

ထိုသို့ဖြင့် ရခိုင်လူမျိုးများတို့ ဟာ ခေတ်အဆက်ဆက်လှပသော သမိုင်း၊ ထင်ရှားသော အမှတ်အသားများဖြင့်ခိုင်ခိုင်ခံ့ခံ့ ရပ်တည်လာခဲ့ကြတာကို လေးစားဖွယ်အတိကောင်းလှပါတယ်။

ဒါတွေကကျွန်မသိသော ရခိုင်သမိုင်းတွေအစပဲရှိပါသေးတယ်။ဒီသမိုင်းတွေကိုထောက် ကြည့်သောအားဖြင့် ရခိုင်လူမျိုးတွေမျိုးရိုးကြီးကြောင်းပြသနေပါတယ်။

ရခိုင်ပြည်ကျောက်ဖြူမြို့ မဒေးရဲ့ အကျဉ်းတန် အရုပ်ဆိုးချက်ကတော့ ရခိုင်ပြည်သူတွေကို ၀ါးမျိုးခဲ့ပါတယ်။ ရေနံသဘာဝဓါက်ငွေ့ များနှစ်စဉ်သန်းချီ ၀င်ငွေတွေရရှိလာခဲ့ပေမယ့် ဒီအခွင့်အခွင့်အရေးအောက်မှာရခိုင်ပြည်သူတွေဆုံးရှူံးခံနေရပါတယ်

ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီးကျွန်မရခိုင်ပြည် မင်းပြားမြို့  ရောက်တုန်းကြေး ကွဲဖွေရာအဖြစ်အပျက်တစ်ခုကိုပြောပြချင်ပါတယ်။ အပိုင်း( ၃) ကို ဆက်လက်ပြီးအားပေးကြပါအုံး…

..
ကျေးဇူးတင်ပါတယ်။

သူ ဇာ

Posted by Unknown on Thursday, June 12, 2014

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

Arakan Media Group

Popular Posts

Blog Archive