ဖွဲ့စည်းပုံပြင်ရေးကို အစိုးရ တပ်မတော် ပြည်သူ လွှတ်တော် အတိုက်အခံ 
အားလုံးက လက်ခံပြီးသားပါ၊ တိုင်းရင်းသား နိုင်ငံရေးပါတီတွေ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ အပါအ၀င် ပြင်မယ်ရမယ်ဆိုတာလဲ ပြောနေကြပါပြီးသားပါ။

ပုဒ်မ ၄၃၆ ကို ၂၀၁၅ မတိုင်ခင် ပြင်နိုင်ဖို့ ဖြစ်နိုင်ခြေနည်း တယ်ဆိုတာ
ကျတော်တို့လို သာမာန် လူတောင် သိရင် ဒေါ်အောင်ဆန်းစုကြည် လို NLD လို
အဖွဲ့အစည်းကလဲ မသိပဲမနေဖူး သိမှာပါပဲ ၊ ဒီအခြေအနေဟာ ပြင်ဖို့မလွယ်သေးဖူး
မပြင်လဲမပြင်သင့်သေးဖူး ဆိုတာ လက်ခံမှာပါ။ ဒါပေမယ့် NLD အနေနဲ့ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးနဲ့ ကို ဇောင်းပေးပြီးလုပ်နေကြတယ်ဆိုတော့ ဒါဟာ နိုင်ငံရေးကို
ကစားနေကြတယ်လို့မြင်ပါတယ်၊ ဆိုလိုတာက ၂၀၁၅ မတိုင်ခင် ဒေါ်အောင်ဆန်းစုကြည် နဲ့ လက်ရှိအစိုးရ တို့ကြား အခြင်းခြင်း နိုင်ငံရေး ကစားနေကြတာပါ။

ပုဒ်မ ၄၃၆ ကို လက်မှတ်ထိုး Campaing လုပ်ခြင်းအားဖြင့် NLD အတွက် တစ်ချက်ခုတ်
သုံးချက်ပြတ် လုပ်ခြင်းဖြစ်ပါတယ်၊ ၄င်းထက်လဲ ပိုပြီး ပြတ်နိုင်ပါတယ် တချို့အချက်တွေ 
ဟာ သာမာန်ပြည်သူတွေ ဖြစ်တဲ့ ကျတော်တို့ အတွက် ခန့်မှန်းဖို့ ခဲယဉ်းပါတယ်။

လက်မှတ်ထိုး Campaing က နေရလာမယ့် NLD အတွက် အကျိုးကျေးဇူးတွေက တော့ 

၁၊ အစိုးရကို ဖွဲ့စည်းပုံကိုပြင်ဖို့ ဖိအားပိုပေးနိုင်တယ် (ဒူးလောက်တင်မှာ ရင်လောက်ကျတဲ့ မြန်မာစကားပုံလို ပေါ့) လက်ရှိအစိုးရအနေနဲ့ ပြင်တော့ပြင်တယ် မစို့မပို့ ပြင်တာမျိုး မဖြစ်ရအောင်ပါ၊ 

၂၊ ၂၀၁၅ အတွက် ပါတီစည်းရုံးရေးကို မသိမသာ နဲ့ အခုကတည်းက ကြိုလုပ်ထားတဲ့
သဘောလဲပါ ပါလိမ့်မယ်

၃၊ NLD ပါတီကို ထောက်ခံတဲ့လူ ဘယ်နှစ်ယောက်ရှိလဲဆိုတာ ၂၀၁၅ ရွေးကောက်ပွဲမတိုင်ခင် ကြိုတင် လူစားရင်းယူ ထားခြင်းလို့ မြင်ပါတယ်။ (အစိုးရရဲ့ နိုင်ငံတော် သန်းခေါင်းစားရင် ကောက်တာကို တုန့်ပြန်တဲ့အနေနဲ့ပါ)

ပုဒ်မ ၄၃၆ ကို ပြင်မပေးပဲ တခြားဟာတွေကိုပဲ ပြင်လို့ရခဲ့တယ်ဆိုရင်တောင်
လူထုတွေ လမ်ပေါ်ထွက်စေလိမ့်ဟုမထင်ပါ။ တစ်ကယ်လို့ ပုဒ်မ ၄၃၆ ကြောင့် လူထုတွေ လမ်းပေါ်ထွက်စေခဲ့မယ်ဆိုရင် NLD နဲ့ ၈၈ တို့ အတွက် လုံးဝ ပြင်မရတဲ့ အမှားကြီးတစ်ခုကို ကျူးလွန်မိသလို ဖြစ်သွားပါလိမ့်မည်။ မည်သူမှလဲ တိုင်းပြည်ကို အစကနေ ပြန်စ စေချင်လိမ့်မည်ဟုမထင်ပါ။

နိုင်ငံရေးကစားပွဲဟာ ဦးနှောက်တွေ အချင်းချင်းပြိုင်ကြရတာပါ၊ 
မိမိတို့ ယှဉ်ပြိုင်ခြင်းဟာ တိုင်းပြည်ကို မထိခိုက်ဖူးဆိုရင် ပြိုင်သင့်ပါတယ်။
ဦးနှောက်ကစားပွဲက ကြည့်လို့ အလွန်ကောင်းမှာပါ။ ပြည်သူတွေအနေနဲ့
သွေးမဆူဖို့ ဥာဏ်အမြှော်အမြင် ရှိဖို့လိုပါတယ်။

အမေ့သားပဲ ဖြစ်ဖြစ် စစ်သားပဲ ဖြစ်ဖြစ် တိုင်းပြည်ကို ချစ်ကြတဲ့သူတွေကြီးပါပဲ။

တိုင်းပြည် ကို ခြောက်ထဲတွန်းချတဲ့လူဖြစ်ဖြစ် ၊ ဆွဲချတဲ့လူဖြစ်ဖြစ် ၊ မည်သူ
မဆို သမိုင်းရဲ့ တရားခံဖြစ်သွားပါလိမ့်မည်။

ရေးသာသူ - စစ်ခွေးမဟုတ် ဖွတ်မဟုတ် ဒေါင်းမဟုတ်တဲ့ Eduk July.
 
http://www.oppositeyes.info

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

Arakan Media Group

Popular Posts

Blog Archive