၁၉၈၈ခုနှစ်က စလိုက်တဲ့ ဒီမိုကရေစီ အရေးတော်ပုံကြီး ဟာ ရောင်နီသမ်းလိုက်တိမ်ဖုံးလိုက် နဲ့ နီးမလိုလိုနဲ့ ဝေးဝေးသွားတာ မကြာ ခန တွေ့ ခဲ့ရပါတယ်။ ပဲ့ ကိုင်သူမရှိဘဲ စတင်ခဲ့တဲ့လူထုအုံကြွမှု ကနေ ပဲ့ကိုင်သူတွေ ရဲ့ အဆုံးအဖြတ် လွဲချော်မှုအမှားတွေ ကြောင့် ဆိုတဲ့ အချက်ဟာလည်း အခုလို နီးမလိုလိုနဲ့ ဝေးခဲ့ရတဲ့ အကြောင်းရင်းတစ်ချက်ဖြစ်ပါတယ်။

ပထမဆုံးအမှားကတော့ ဒေါက်တာမောင်မောင် အစိုးရလက် ထက် မှာ ရွေးကောက်ပွဲ လုပ်ပေး မယ် ဆိုတဲ့ ကမ်းလှမ်းချက်ကို ငြင်းပယ်ခဲ့တာ ဖြစ်ပါ တယ်။ဒေါက်တာမောင်မောင်ရဲ့ အစွမ်းကုန် လိုက်လျောတောင်းပန်မှုတွေကို ပျက် ရယ်ပြုခဲ့ကြတယ်။ကြားဖြတ်အစိုးရ ဖွဲ့ နိင်တဲ့ အင်အားမရှိဘဲ ကြားဖြတ်အစိုးရ အတင်းတောင်းဆိုခဲ့လို့ ပထမဆုံးဒီမိုကရေစီ ရောင်နီပျောက်ခဲ့ ရတယ်။ ၁၉၉၀ ရွေးကောက်ပွဲမှာ NLD အပြတ်အသတ်နိင်လိုက်တဲ့အခါ န၀တ အစိုးရမှန်းချက်နဲ့  နှမ်းထွက်မကိုက်လို့ ခြေမကိုင်မိ လက်မကိုင်မိ ဘာဆက်လုပ်ရမှန်း မသိဖြစ်နေချိန်မှာ NLD ကပဲ န၀တ ရှာနေတဲ့ထွက်ပေါက်ကိုဖန်တီးပေးလိုက်တယ်။ ဦးကြည်မောင်ရဲ့ “ဗိုလ်ချုပ်ခင်ညွှန့် လို ပုဂ္ဂိုလ် မျိုးကိုတော့ နုရင်ဘတ်ခုံရုံးလိုလုပ်ရမယ်” ဆိုတဲ့စကားဟာ န၀တ အတွက်အ ကြောင်းပြစရာထွက် ပေါက် တစ်ခုဖြစ် ခဲ့တယ်။ ဒီလိုမျိုး အချိန်မတိုင်မီ အပြောအဆို မဆင်ခြင်မှုတွေဟာ အခုထိလည်း NLDခေါင်းဆောင် ပိုင်းတွေ ကျင့်သုံးနေတာတွေ့ နေရပါတယ်။ ဒါ မပြောလည်း န၀တ က တခြား အကြောင်းပြချက်တွေ ရှာမှာပါ လို့ ပြော လို့ ရပေမယ့် ကိုယ့်ဖက်က ဆင်ခြင်ရမှာဖြစ်ပါတယ်။ဗိုလ်ချုပ် အောင်ဆန်း
ပြောခဲ့တဲ့ ပန်းတိုင်မရောက်ခင် တက်မထောင်ပါနဲ့ ဆိုတဲ့စကားနဲ့ ကွက်တိပါပဲ။


နောက်တစ်ချက်ကတော့ ညောင်နှစ်ပင်ညီလာခံက ထွက်ခြင်း ၊၂၀၁၀ရွေးကောက်ပွဲ မ၀င်ခြင်း ဆိုတဲ့ ဆုံးဖြတ်ချက်တွေဟာနည်းဗျုဟာအရမှား တယ်လို့ မပြောနိင်ပေမယ့် အဖွဲ့ စနစ်နဲ့  နည်းဗျုဟာ ရည်မှန်းချက်ရေရှည်မဟာဗျုဟာ ရည်မှန်းချက်တိတိကျကျ သုံးသပ် ဆုံးဖြတ်ခဲ့တာမဟုတ် ဘဲခေါင်းဆောင် တစ်ဦး ထဲ က ကောင်းမယ်ထင်တာ အမိန့် ပေးခဲ့တာမျိုးဖြစ်ခဲ့လို့ တဖက်က တန်ပြန် လာတဲ့ အချိန်မှာ ပြန်တုံ့ ပြန်မယ့် (A plan B plan)တွေမရှိခဲ့လို့ မှားယွင်းတဲ့ ဆုံးဖြတ် ချက်တွေ ဖြစ်ခဲ့ရတယ်ဆိုတာ ၂၀၁၂ကြားဖြတ်မှ မှီရာ ကြားဖြတ်နဲ့ လိုက်ခဲ့ရတဲ့ အဖြစ်က အကောင်းဆုံး သက် သေအဖြစ်ပြနေပါတယ်။

အခုလက်ရှိ အခြေအနေဟာ ဒီမိုကရေစီ လမ်းကြောင်းပေါ် စတက်နေတဲ့ အချိန် ဆိုတာ ကမ္ဘာကပါလက်ခံထားပါတယ်။ လမ်းပေါ်စတက်ချိန်ဖြစ်လို့ ဒီမိုကရေစီ ရပြီလို့ မပြောနိင်ပါဘူး။ရောင်နီ လာချိန်ပဲရှိပါသေးတယ်။ပြည်သူလူထု ဟာ ဒီမိုကရေစီ ရရှိရေး အတွက်တာဝန်ကျေခဲ့ကြပါတယ်။ဒီမို ကရေစီခေါင်းဆောင်တွေ ရဲ့ ဦးဆောင်မှု အတိုင်းအသက်စွန့် လိုက်ပါခဲ့ကြပါတယ်။(၂၆)နှစ်ကြာအထိ ဒီမိုကရေစီ မရနိင်တာ ဘယ်သူ့ အမှားတွေကြောင့် ဆိုတာ သေသေချာချာ ပြန်သုံးသပ်သင့်ပါပြီ။(၂၆) နှစ်ကြာ ခဲ့တဲ့ အမှားတွေ ကို ထပ်မမှားဖို့ တော့သတိပြုရမှာဖြစ်ပါတယ်။
ရွေးကောက်ပွဲ လမ်းကြောင်း ဟာ လက်ရှိ အခြေအနေမှာ အကောင်းဆုံးလမ်းကြောင်းဖြစ်နေ တယ် ဆိုတာ သိရက်နဲ့ ထိပ်တိုက် လမ်းကြောင်း ကို ပြန်စနေတာ အံ့သြစရာကောင်း ပါ တယ်။၂၀၁၅ရွေးကောက်ပွဲမှာ ဒီမိုကရေစီအင်အား စုတွေအများဆုံး လွှတ်တော်ထဲ ၀င်ရောက်နိင်ရေးဟာ လက်ရှိ ဒီမိုကရေစီရရှိရေး အကောင်းဆုံး လမ်း ကြောင်းဖြစ် တယ်ဆိုတာ အထက်က အမှားတွေ ပြန်ကြည့်လိုက်တာနဲ့ သိနိင်ပါတယ်။

ရည်ရွယ်ချက်ကောင်းရုံ စေတနာကောင်းရုံနဲ့ ဒီမိုကရေစီမရနိင်ပါဘူး။ ရအောင်လုပ်နိင် တဲ့ အရည်အချင်း လုပ်နည်းလုပ်ဟန် နည်းဗျုဟာတွေ မှန်မှ ပြည်သူလူထု လိုလားတောင့်တနေတဲ့ ဒီမို ကရေစီပန်းတိုင်ကို ရောက်နိင်မယ်ဆိုတာ အတိတ်က အမှားတွေအပေါ်မှန်မှန်ကန်ကန်သုံးသပ်ပြီး ဒီမိုကရေစီခေါင်းဆောင် လူ ထုခေါင်းဆောင် ဆိုသူတွေ နောက်ထပ် ၊ ထပ်မမှားရအောင် အလေးအနက် သတိပြုလုပ်ဆောင်ကြဖို့ သတိပေးနှိုးဆော်လိုက်ရပါတယ်။ ။


Credit :U Thaung Aye

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

Arakan Media Group

Popular Posts

Blog Archive