မနက်က ကျောင်းစာအတွက် သီအိုရီတွေ ရှာဖတ်ရင်း သီအိုရီဖော်ထုတ်သူရဲ့ ဘိုင်အိုဂရပ်ဖီကို လိုက်ဖတ်မိတယ် ။ အဲဒီ ကနေ တဆင့် Nobel Prize Winner list တွေ ဆက်ကြည့်မိပြန်တယ်။
ထူးထူးခြား ၁၉၀၁ ခုနှစ် ကနေ ပေးခဲ့တဲ့ နိုဗယ်ဆုရ ပုဂ္ဂိုလ်တွေ ထဲမှာ ဆုလက်ခံရယူဖို့ ငြင်းပယ် ခဲ့သူ ၂ ယောက်ရှိတယ် ။ ဆု မယူဖို့ ဖိအားပေးခံရ သူ တစ်ယောက်ရှိခဲ့တယ် ။
ဆူမယူချင်လို့ ငြင်းပယ်ခဲ့သူ ၂ ယောက်ကတော့ ပြင်သစ် က စာရေးဆရာ နှင့် ကိုလိုနီစနစ်ဆန့်ကျင်ရေးသမား Jean-Paul Sartre နှင့် ဗီယက်နာမ် ကွန်ြူ နစ်ခေါင်းဆောင် ၊ လယ်ဒက်ခ်ထော် Lê Đức Thọ တို့ပါပဲ ။ နိုဗယ်ဆု ရွေးချယ်ရေးအဖွဲ့ က Jean-Paul Sartre ကို စာပေဆိုင်ရာ နိုဗယ်ဆု ပေးဖို့ နာမည်စာရင်းတင်သွင်းတည်းက သူက နိုဗယ်ဆုရွေးချယ်ရေးအဖွဲ့ကို သူ့ကို စကာတင်စာရင်း က ဖျက်ပေးဖို့ ၊ ဆုပေးခဲ့ လျှင်လည်းသူလက်ခံ မှာ မဟုတ်ကြောင်း အကြောင်းကြားခဲ့တယ် ။ ဒါပေမဲ့ ဆုပေးရွေးအဖွဲ့ က သူ့ကို ၁၉၆၄ ခုနှစ်မှာ စာပေဆိုင်ရာနိုဗယ်ဆုပေးခဲ့ တယ် ။ သူက ငြင်းပယ်ခဲ့တယ် ။ သူပြောတဲ့ စကားလေး က သိပ်ကောင်းတယ် ။ " a writer should not allow himself to be turned into an institution " တဲ့ ။ သူက နိုဗယ်ဆု ကိုတင်ငြင်းတာ မဟုတ်ဘူး ...သူ့နိုင်ငံ ကနေ နိုင်ငံသူရဲကောင်းဆု ကိုလည်း ငြင်းတယ် ။
နောက်တစ်ယောက်ကတော့ ဗီယက်နာမ်နိုင်ငံ က ကွန်မြူနစ်ပါတီခေါင်းဆောင် ...လယ်ဒက်ခ်ထော် Lê Đức Thọ တဲ့ ။ အမေရိကန်-ဗီယက်နာမ် စစ်ပွဲ အတွင်းမှာ ၂ နိုင်ငံ ငြိမ်းချမ်းရေး ဆွေး နိုင်ခဲ့ လို့ ဆိုပြီး နိုဗယ်ဆုရွေးချယ်ရွေး အဖွဲ့ ကနေ Henry Kissinger နဲ့ သူကို ပူတွဲပြီး တော့ ၁၉၇၃ ခုနှစ်အတွက် ငြိမ်းချမ်းရေးနိုင်ဗယ် ဆု ပေးခဲ့တယ် ။ ဒါပေမဲ့ လယ်ဒက်ခ်ထော် က နိုဗယ်ဆု လက်ခံရယူ ဖို့ ငြင်းဆိုခဲ့ ပါတယ် ။ ဘာလို့ လဲဆိုတော့ အမေရိကန် နဲ့ ငြိမ်းချမ်းရေး ဆွေးနွေး နိုင်ပေမဲ့ သူ့ နိုင်ငံ အမှန်တကယ် ငြိမ်းချမ်းရေး မရရှိသေးလို့ ပါတဲ့ ။ အမှန်တကယ်လည်း ၁၉၇၅ မှ သာ ဗီယက်နာမ်စစ်ပွဲ က အဆုံးသတ်နိုင်ခဲ့ပါတယ် ။
နောက်တစ်ယောက်ဖြစ်တဲ့ နိုဗယ်ဆုမယူ ဖို့ ဖိအားပေးခံရသူကတော့ ရုရှားစာရေးဆရာ နှင့် ကဗျာ ဆရာ ။ Бори́с Леони́дович Пастерна́к (ဘာရိစ် လီယွန်ညီဒါဗိခ်ျ ပါစတဲနက်ခ်) ဖြစ်ပါတယ် ။ သူ နိုဗယ်ဆု လက်မခံ ဖို့ ဖိအားပေးခံရတာကတော့ စိတ်ဝင်စားဖို့ အင်မတန်ကောင်းပါတယ် ။ ၁၉၅၀ ပတ်ဝန်းကျင် ဆိုတော့ အမေရိကန် - ဆိုဗီယက် စစ်အေးတိုက်ပွဲ ကာလ ပြင်းထန် နေချိန် ..အနောက်နိုင်ငံ နဲ့ ယူအက်စ် က ထောက်လှမ်းရေးတွေကလည်း ဆိုဗီယက်ကြီးမှာ ခြေချင်းလိမ်နေကြချိန်ပေါ့ ။ အန်တီဆိုရှယ်လစ်ဇင်- အန်တီကွန်မြူ နစ်ဇင် သဘောတရားတွေ ဖြစ်နေတဲ့ ဒီဝထ္ထု ကြီး ကို ရုရှားမှာရှိတဲ့ ဂျာနယ်တိုက်တွေကလည်း ထုတ်ဝေဖို့ ငြင်းပယ်ခဲ့ တယ် ။ ရုရှားနိုင်ငံရဲ့ အဲဒီချိန်က တည်ဆဲဥပဒေ အရ အနောက်နိုင်ငံတွေမှာလည်း publish လုပ်ခွင့် မရှိခဲ့ ဘူး ။ အဲဒီ အချိန်မှာ ဂျူးလူမျိုး ၊ အန်တီ ဆိုရှယ်လစ်ဇင် ဖြစ်နေတဲ့ ပါစတဲနက်ခ် ရဲ့ စာအုပ်ကြီးကို CIA နဲ့ အင်္ဂလိပ် MI တွေ ကနေ ဓာတ်ပုံခိုးရိုက်ပြီး နိုဗယ်ဆု ရွေးချယ်ရေးကော်မတီ ဆီပို့ပေးခဲ့ကြတယ် ။ ဝထ္ထုကြီး Published မလုပ်ခင်တည်း က ၃ ကြိမ်တိုင်တိုင် စာပေ ဆိုင်ရာ နိုဗယ်ဆု အတွက် အမည်စာရင်းတင်သွင်းခံ ခဲ့ရတယ် ။ ၁၉၅၇ မှာ တော့ ပြသနာတွေ အများကြီး နဲ့ ကမ္ဘာကျော် Doctor Zhivago (ဒေါက်တာ ဇျီ ဗိုး ဗာ) စာအုပ်ကြီး ကို အီတလီ လူမျိုးထုတ်ဝေသူ က US မှာ ထုတ်ဝေ ခဲ့ တယ် ။ ၁၉၅၈ မှာ ပဲ နိုဗယ်ဆု ပေးအပ်ရေး ကော်မတီ ကနေ ပါစတဲနက်ခ် ကို စာပေဆိုင်ရာ နိုဗယ်ဆု ပေးအပ်ခဲ့တယ် ။
ရုရှား နိုင်ငံ စာရေးဆရာများ အသင်း ကနေပြီးတော့ ဒီစာအုပ်ဟာ ရုရှားဘာသာ နဲ့ထုတ်ဝေထားတဲ့ တခြားစာရေးဆရာတစ်ယောက် ရှိနေပြီးဖြစ်လို့ ပါစတဲနက်ခ် ကို နိုဗယ်ဆု ပေးအပ်ခြင်းကို ကန့်ကွက်ခဲ့တယ် ။ ရုရှားကျောင်းသားတွေ ၊ လူမှု အဖွဲ့စည်းတွေကနေ ကန့် ကွက်စာတွေ ပို့ ခဲ့ကြတယ် ။ ဆိုဗီယက်သံတမန် တွေကလည်း သံတမန်ဖိအားတွေပေးခဲ့ကြတယ် ။ ဒီဖြစ်စဉ် ကို ကြည့်ရင် ဆုပေးအပ်ခြင်းမှာ manipulate လုပ်တာတွေ ၊ လူမျိုးရေးတွေ ၊ အင်အားကြီး နိုင်ငံ ၂ ခုရဲ့ နိုင်ငံရေးအားပြိုင်မှု တွေ ကို တွေ့ နိုင်တယ် ။ ကြားထဲက ခါးနာ သွားတဲ့ ငထွား ကတော့ စာရေးဆရာ ပါစတဲနက်ခ် ပဲ ဖြစ်ပါတယ် ။
(ရုပ်ဆိုး)

0 comments