၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၄၃၆ ပြင်ဆင်ရန်အတွက် ရုပ်ရှင်ဂီတ အနုပညာရှင်များ စုပေါင်းလက်မှတ် ရေးထိုးပွဲကို မေ ၂၃ ရက် ညပိုင်းတွင် ရန်ကုန်မြို့ ရွှေဂုံတိုင်ရှိ တော်ဝင်နှင်းဆီ စားသောက်ဆိုင်တွင် ပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံတွင် အနုပညာရှင်ပေါင်း ထောင်ချီရှိသော်လည်း ၁၅ ဦးသာ လက်မှတ်ထိုးခဲ့ကြောင်း သတင်းရရှိ သည်။

အဆိုပါလက်မှတ်ရေးထိုးပွဲသို့ ဝါရင့်သက်ကြီးအနုပညာရှင်များ မပါဝင်သလို ယနေ့ လူငယ်ကြိုက် အဆိုတော်များလည်း မပါဝင်ကြောင်း သိရသည်။ ရုပ်ရှင်အစည်းအရုံး စစ်တမ်းအရ မြန်မာနိုင်ငံတွင် မင်းသား/မင်းသမီး၊ ဒါရိုက်တာ၊ အဆိုတော်၊ တေးရေးဆရာ မှ တက်သစ်စ မော်ဒယ်များအထိ စုစုပေါင်း ၂၃၀၀ ကျော် ရှိကြောင်း သိရပြီး လူ ၁၅ ဦးသာ ၄၃၆ ကို ထောက်ခံခြင်းမှာ အလွန်နည်းနေကြောင်း နဲ့ ၄၃၆ ကို ထောက်ခံသူများတွင် တိုင်းရင်းသား အနုပညာရှင်များ မပါဝင်ကြောင်း ရုပ်ရှင်အစည်းအရုံးမှ သိရသည်။
ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်နေရး ပုဒ်မ ၅၉ (စ) ပြင်ဆင်ရေး အတွက် အတားအဆီးဖြစ်နေသည့် ၄၃၆ ပြင်ဆင်ရေးနှင့် ပတ်သက်၍ အမျိုးသားဒီမိုကရေစီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းတို့ ပူုးပေါင်း၍ ရန်ကုန်၊ မန္တလေးနှင့် မအူပင်မြို့များတွင် လူထုဟောပြောပွဲများ ပြုလုပ်ခဲ့သည်။


0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

Arakan Media Group

Popular Posts

Blog Archive