ထိုင်းနိုင်ငံတွင် Facebook နှင့် လူမှုကွန်ရက်များတွင် တပ်မတော်မှ အာဏာသိမ်းမှုနှင့် တပ်မတော် ခေါင်းဆောင်များကို ကိုဝေဖန်ပြောဆိုခြင်း (သို့) ဆန့်ကျင်ခြင်း အစရှိသည့် ဖော်ပြမှုမျိုးရှိပါက မည်သည့်လူမှုကွန်ရက် ကိုမဆို ပိတ်မည်ဖြစ်ကြောင်း အာဏာသိမ်း အဖွဲ့က ယနေ့ သတိပေးသည်။

"လူမှုကွန်ရက်ကို အသုံးပြုသူတွေအနေနဲ့ အာဏာသိမ်းကောင်စီကို ဝေဖန်တာမျိုး ဆန့်ကျင်တာမျိုးလက်ရှိ ဥပဒေကိုချိုးဖောက်တာ မျိုးတွေ ဖြစ်အောင် လှုံ့ဆော် တဲ့စာသားမျိုးတွေ မရေးကြပဲ စစ်တပ်နဲ့ ပူးပေါင်းဆောင်ရွက် ရန် အမိန့်ထုတ်ထားပါတယ်.. အကယ်၍  မလိုက်နာပဲ ဆန့်ကျင်တာ တွေ့ရပါက အဆိုပါ လူမှုကွန်ရက် ၀န်ဆောင်မှုကို ချက်ခြင်းပိတ်ပစ်ပြီး၊ သက်ဆိုင်သူကိုလဲ ချက်ခြင်းဆင့်ခေါ်တရားစွဲမှာပါ" ဟု အာဏာသိမ်းကောင်စီမှ ဆိုသည်။

ထိုင်းနိုင်ငံတွင် ယခင်ကတည်းက နိုင်ငံဦးသျှောင်ကို အင်တာနက်ပေါ်တွင် အပြစ်တင်ဝေဖန်ပါက ထောင်ချလေ့ရှိပြီး ယခုအခါ စစ်တပ်ကိုပါ အပစ်တင်ဝေဖန်တာမျိုး မလုပ်ဖို့ စည်းကမ်းထုတ်လိုက်ခြင်းဖြစ်သည်။ အိမ်နီးချင်းမြန်မာနိုင်ငံတွင်လည်း နိုင်ငံဦးသျှောင် သမ္မတနဲ့ စစ်တပ်အပေါ် အမည်မဖော်ပြရဲသူ အများအပြားသည် Facebook နှင့် အင်တာနက်ပေါ်တွင် အပြစ်တင်ရေးသားမှုများ ရှိနေရာ ထိုင်းနိုင်ငံလိုမျိုး ပြုလုပ်သင့်ကြောင်း ပညာရှင်များက သမ္မတနဲ့ ကာချုပ်ထံ အကြံပေးထားကြောင်း သတင်းရရှိပါသည်။

.. www.MyanmarExpress.net

Posted by Unknown on Saturday, May 24, 2014

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

Arakan Media Group

Popular Posts

Blog Archive