ရန်ကုန်၊ မတ် ၃၀

မော်တော်ယာဉ်အို ယာဉ်ဟောင်းများကို မော်တော်ယာဉ်သစ်များဖြင့် အစားထိုး လဲလှယ်ရေး စီမံချက်အရ ထုတ်ပေးနေသော စလစ်စနစ်ကို ဖျက်သိမ်းမည် ဖြစ်ကြောင်း သမ္မတရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ပြောကြားသည်။

ရန်ကုန်မြို့တော် မြန်မာငြိမ်းချမ်းရေး စင်တာ၌ မတ်လ ၂၉ ရက်နေ့က နိုင်ငံရေးပါတီများ တွေ့ဆုံပွဲတွင် ၎င်းက ယင်းသို့ ပြောဆိုခြင်း ဖြစ်သည်။
“ကားဟောင်းက တော်တော်များများ ကုန်သွားပြီ။ အခု Showroom (အရောင်းပြခန်း) တွေ ရောက်လာပြီ။ ကြိုက်တဲ့ အချိန်မှာ ဝယ်လို့ရပြီ” ဟု ဦးအောင်မင်းက ပြောဆိုသည်။

စလစ်စနစ်ကို ထားရှိခြင်းမှာ ယာဉ်အိုယာဉ်ဟောင်း ပိုင်ဆိုင်သူများ အရင်းအနှီး မပျက်စေရန် ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။ သို့သော် စလစ်စနစ် ဖျက်သိမ်းမည့် အချိန်အတိအကျကိုမူ ထုတ်ဖော် ပြောဆိုခြင်းမရှိပေ။

စလစ်ကပ်၍ မော်တော်ယာဉ် တင်သွင်းခြင်းကို ဖျက်သိမ်းမည် ဆိုပါက မော်တော်ယာဉ် ဈေးနှုန်းများ ထပ်မံကျဆင်းဦးမည် ဖြစ်ကြောင်း မော်တော်ယာဉ် ရောင်းဝယ်သူ အချို့က ပြောကြားသည်။

“တကယ်သာ စလစ် ဖျက်သိမ်းမယ်ဆိုရင် ယာဉ်အိုယာဉ်ဟောင်း အပ်နှံပြီး အသစ်ပြန်သွင်းရတဲ့ ကားတွေကို ဘယ်လိုလုပ်မလဲ။ အက္ခရာ နံပါတ်တွေက အများကြီး ကျန်နေပါတယ်။ ဒီလိုသာဆိုရင် ကားတင်သွင်းရတာ ကမောက်ကမ ဖြစ်သွားနိုင်ပါတယ်” ဟု သီရိမင်္ဂလာ ယာဉ်ရောင်းဝယ်ရေး စခန်းမှ မော်တော်ယာဉ် ဝယ်ရောင်း ဦးအောင်ကျော်စိုးက ပြောဆိုသည်။

စလစ် ဖျက်သိမ်းပါက စလစ်ဖြင့် တင်သွင်းရသော မော်တော်ယာဉ် ဈေးနှုန်းများ ကျဆင်းနိုင်သော်လည်း မော်တော်ယာဉ်ဈေးနှုန်း အတက်အကျ ဖြစ်ခြင်းမှာ ဂျပန်လေလံ ဈေးကွက်ပေါ် မူတည်ကြောင်း ၎င်းကဆိုသည်။

“ကားဈေးက နောက်ပိုင်း အကျဘက်ပဲ ဦးတည်နေတာပါ။ ဘယ်ကား အမျိုးအစား၊ ဘယ်မော်ဒယ်လ်ပဲ ဖြစ်ဖြစ် ဒီထက်ဈေးကျဖို့ပဲ ရှိပါတယ်” ဟု ဝါရင့် မော်တော်ယာဉ် ဝယ်ရောင်း ဦးကျော်စိုးက သုံးသပ် ပြောကြားသည်။

လက်ရှိတွင် စလစ်ဈေးနှုန်းများ ကြီးမြင့်နေခြင်းကို ညှိနှိုင်းပေးရန် မြန်မာနိုင်ငံ မော်တော်ယာဉ် လုပ်ငန်းရှင်များ အသင်းက မော်တော်ယာဉ် တင်သွင်းမှုဆိုင်ရာ ကြီးကြပ်ရေး ကော်မတီထံသို့ တောင်းဆိုထားကြောင်း မော်တော်ယာဉ် လုပ်ငန်းရှင်များ အသင်းထံမှ သိရသည်။

The Voice Weekly


Read More
Posted by Unknown on Monday, March 31, 2014

လက်ရှိတွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ မိသားစု ၀င်များကိုပင် လုံခြုံရေး အစောင့်အရှောက် ပေးထားလျက်ရှိပြီး မတ်လအတွင်း ဗိုလ်ချုပ်မှူးကြီး၏ဇနီး ဒေါ်ကြိုင်ကြိုင်မိသားစုများ မန္တလေးမြို့သို့ လာရောက်စဉ် ရှေ့ပြေးရဲတပ်ဖွဲ့ယာဉ်နှင့် အရပ်ဝတ်လုံခြုံရေးများ လိုက်ပါလာ . . .


သမ္မတဦးသိန်းစိန် လက်ထက် ၃-၃-၂၀၁၂ နေ့တွင် အငြိမ်းစားဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏သား ဦးထွန်းနိုင်ရွှေနှင့် ဇနီးတို့ စီးနင်းလာသော မော်တော်ယာဉ်နှင့် ယာဉ်မောင်း အ ရာခံ ဗိုလ်အဆင့် တပ်မတော်သားတစ်ဦးကို ဧရာဝတီတိုင်း ဒေသကြီး၊ လပွတ္တာမြို့နယ်အတွင်း တွေ့ရစဉ်။

ရန်ကုန်၊ မတ် ၂၇

တပ်မတော်တွင် သက်တမ်းအရှည်ဆုံး ကာကွယ်ရေး ဦးစီးချုပ်အဖြစ် နှစ်ပေါင်း(၂၀)ခန့် တာဝန် ယူခဲ့ပြီး နိုင်ငံ့အကြီးအကဲ အဖြစ်လည်း တပ်မတော်အစိုးရ (နယက) ဥက္ကဋ္ဌ တာဝန်ကို အဆုံးတိုင် ဆုပ်ကိုင်နိုင် ခဲ့သည့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် အနားယူသွားသည့် တရားဝင် သတင်းထုတ်ပြန်ချက် တစ်စုံတစ်ရာ အစိုးရသတင်းစာများမှ ကြေညာခဲ့ခြင်း မရှိသည့်အတွက် မြန်မာနိုင်ငံတွင် အင်အားအကြီးမားဆုံး တစ်ခု တည်းသော လက်နက်ကိုင် တပ်မတော်၏ စစ်သေနာပတိ ရာထူးအဆင့်ဖြင့် ရှိနေနိုင်ကြောင်း တပ်မတော် အကြီးအကဲဟောင်းများ အချို့ထံမှ ဝေဖန်သုံးသပ်ချက်များ ထွက်ပေါ်ခဲ့သည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် အငြိမ်းစားယူပြီးနောက် နေပြည်တော် နေအိမ်တွင် အေးချမ်းစွာ နေထိုင်လျက် ရှိကြောင်း၊ နေ့စဉ် တရားထိုင်ကြောင်း၊ သတင်းစာ၊ ဂျာနယ်များနှင့် စာအုပ်စာပေများကို စဉ်ဆက်မပြတ် ဖတ်ရှုနေရုံမျှမက နေ့စဉ် အင်တာနက်သတင်းများကိုပင် ကြည့်ရှု လေ့လာလျက်ရှိကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ အိမ်တော်နေအိမ်သို့ ရောက်ရှိခဲ့သူတစ်ဦးက မြန်မာသံတော်ဆင့်သို့ ပြောကြားသည်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည် အနှစ်(၂၀) အုပ်စိုးစဉ် ကာလတစ်လျှောက် အစိုးရအဖွဲ့ဝင်များနှင့် တပ်မတော် ခေါင်းဆောင်များ၏ အလွန်အမင်း ရိုသေလေးစားခြင်း ခံခဲ့ရသည်။ ၂၀၁၁ ခုနှစ် လွှတ်တော်များနှင့် သမ္မတ ဦးသိန်းစိန် အစိုးရ ပေါ်ပေါက်လာချိန်တွင် ပြည်ထောင်စုလွှတ်တော် အစည်းအဝေး၌ အစိုးရအဖွဲ့ ကျမ်းကျိန် သည့်အခါ အစဉ်အလာအရ တပ်မတော်အစိုးရမှ အာဏာလွှဲအပ်မှု နောက်ဆုံး မိန့်ခွန်းပြောကြားရန် ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို အများမျှော်လင့် ခဲ့ကြသော်လည်း ၎င်းကလွှတ်တော်သို့ လာရောက်ခဲ့ခြင်း မရှိတော့ဘဲ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် အသစ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် (ယခုဗိုလ်ချုပ်မှူးကြီး) သာလျှင် လာရောက်ခဲ့သည်။ သို့ဖြစ်၍ အနှစ်(၂၀)ခန့် အာဏာဆုပ်ကိုင်ခဲ့သော ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် နိုင်ငံရေး နောက်ကွယ်မှ အာဏာရှိ ကြိုးကိုင်ခေါင်းဆောင် အဓိက နေရာတွင် ရှိနေမည် ဖြစ်ကြောင်း ဝေဖန် သုံးသပ်မှုများ ပေါ်ပေါ်ထင်ထင် ထွက်ပေါ်လာခဲ့သည်။



ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့်အတူ လမ်းစဉ်ပါတီ ဗဟိုကော်မတီဝင် ဖြစ်ခဲ့သော အငြိမ်းစား ဒုတိယ ဗိုလ်ချုပ်ကြီး မျိုးညွန့်ကို မြန်မာသံတော်ဆင့်မှ သွားရောက် တွေ့ဆုံခဲ့စဉ်က တပ်မတော်တွင် စစ်သေနာပတိ ရာထူးရှိခဲ့ကြောင်း၊ တာဝန်ယူမည်ဆိုက တပ်မတော်ဖွဲ့စည်းပုံတွင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ စစ်သေနာပတိ ရာထူးတာဝန်ကြီးကို ကာကွယ်ရေး ဦးစီးချုပ်ထက် မြင့်သောနေရာမှ နေနိုင်ကြောင်း၊ တိတိကျကျ ပြော၍ မရကြောင်း အငြိမ်းစား ဒုတိယဗိုလ်ချုပ်ကြီး မျိုးညွန့်က ထင်မြင်ချက် ပေးခဲ့သည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ တပ်မတော်အစိုးရ ကာလတစ်လျှောက် မည်သည့် အကြောင်းနှင့်မျှ တာဝန်မှ အနားပေးခြင်း မခံရဟု (ယခင်သက်တော်ရှည် ၀န်ကြီးများကဲ့သို့) သတ်မှတ် ပြောကြားခြင်း ခံခဲ့ရသည့် အာဏာရ ကြံ့ခိုင်ရေးပါတီ ဗဟိုအတိုင်ပင်ခံ ဦးအောင်သောင်း (ဗိုလ်မှူးကြီး အောင်သောင်း)က ““ စစ်သေနာပတိ ဆိုတာကတော့ အင်္ဂလိပ် လက်ထက်တုန်းကပါ ဗိုလ်ချုပ်အောင်ဆန်းတို့ လက်ထက်တုန်းက။ စစ်သေနာပတိဆိုတာက တကယ်တော့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကို ခေါ်တာပါပဲ။ နောက်ပိုင်းကျမှ စစ်သေနာပတိ ဆိုတာကို ပြောင်းလိုက်တာပါ။

အဲဒါကိုတချို့က ဗိုလ်ချုပ်မှူးကြီးသန်းရွှေက စစ်သေနာပတိလို နေရာမျိုးမှာ ရှိနေတယ်လို့ ပြောနေကြတာ မရှိပါဘူး။ အဲဒါမျိုးက လုံးဝမှားပါတယ်။ ကျွန်တော် ဗိုလ်ချုပ်မှူးကြီးဆီသွားတော့ ထွေထွေထူးထူး မရှိဘူးဗျ။ ဧည့်သည်တွေများနေလို့ ကျွန်တော်တို့က ခဏလေးပဲ။ကျန်းမာချမ်းသာကြောင်းနဲ့ နေကောင်းလား ဒီလောက်လေးပဲ။ ဘာမှ ထွေထွေထူးထူး မရှိပါဘူး။ ကျန်းမာအောင်နေ၊ ညီညီညွတ်ညွတ်လုပ်ကြ၊ အောင်မြင်အောင် လုပ်ကြ။ ဒါပါပဲ””ဟု မြန်မာသံတော်ဆင့်သို့ ပြောကြားခဲ့သည်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ လက်ထက် တပ်မတော် စိတ်ဓာတ် စစ်ဆင်ရေးနှင့် ပြည်သူ့ဆက်ဆံရေး ညွှန်ကြားရေးမှူး ဗိုလ်ချုပ် တာဝန်ယူခဲ့သည့် အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်ကိုမူ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက လာမည့် ၂၀၁၅ ရွေးကောက်ပွဲသို့ ၀င်ရောက်ယှဉ်ပြိုင်ရန် ညွှန်ကြားပြောဆိုခဲ့ကြောင်း ဦးခင်အောင်မြင့်က မြန်မာသံတော်ဆင့်သို့ ပြောကြားခဲ့သည်။

မည်ကဲ့သို့ပင် အငြိမ်းစားယူပြီး အနားယူလျက် ရှိပြီဟု ဆိုကြစေကာမူ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေးတို့၏ တပည့်များ ဖြစ်ခဲ့ကြသော လက်ရှိအစိုးရ သမ္မတ၊ ပြည်ထောင်စုလွှတ်တော် နာယက၊ အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် တရားသူကြီးချုပ် စသည့် နိုင်ငံ့ဦးသျှောင် ရာထူး ယူထားကြသော ယခင်တပ်မတော် အရာရှိကြီးများ တာဝန်ရှိနေသရွေ့ ၎င်းဗိုလ်ချုပ်မှူးကြီး နှစ်ဦး၏ နိုင်ငံရေးသြဇာ တည်တံ့ကြီးမားလျက် ရှိကြောင်း နိုင်ငံရေး လေ့လာသူများနှင့် နိုင်ငံရေး စိတ်ဝင်စားသော ပြည်သူများက ယူဆလျက်ရှိသည်။

ယခုနှစ် ၁၃၇၅ ခုနှစ်တွင် ဒုတိယ ဗိုလ်ချုပ်မှူးကြီး (ငြိမ်း)ဦးမောင်အေး နေအိမ်၌ ကထိန်အလှူ ပြုလုပ် ပြီးနောက် လက်ရှိ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လာရောက်၍ ဦးမောင်အေးကို ဂါရ၀ပြု တွေ့ဆုံခဲ့ကြောင်းလည်း သတင်းရရှိခဲ့သည်။

လက်ရှိတွင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ မိသားစုဝင်များကိုပင် လုံခြုံရေး အစောင့်အရှောက် ပေးထားလျက်ရှိပြီး မတ်လ ၂၅ ရက်နေ့က ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ ဇနီး ဒေါ်ကြိုင်ကြိုင် မိသားစုများ မန္တလေးမြို့သို့ လာရောက်စဉ် ရှေ့ပြေး ရဲတပ်ဖွဲ့ယာဉ်နှင့် အရပ်ဝတ် လုံခြုံရေးများ လိုက်ပါလာကြောင်း မန္တလေးမြို့တော် စည်ပင်အရာထမ်းတစ်ဦးက မြန်မာသံတော်ဆင့်သို့ ပြောကြားခဲ့သည်။

MH-0011

Myanmartandawsint Newspaper
http://www.thithtoolwin.com/2014/03/blog-post_980.html

Read More

မြန်မာပြည်တစ်နံတစ်လျားမှ အများပြည်သူများ စိတ်အဝင်စားဆုံး သတင်းတစ်ပုဒ်ဖြစ်သည့် Mister & Miss University 2014 ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ရန် စခန်းဝင် လေ့ကျင့်နေစဉ် သေဆုံးခဲ့သော ပြိုင်ပွဲဝင် ကျောင်းသားတစ်ဦးဖြစ်သူ မောင်ကျော်ဇောဟိန်း၏ သေဆုံးမှု အမှုမှန်ပေါ်ပေါက်လာရေး အတွက်စုံစမ်း စစ်ဆေးမှုများ ပြုလုပ်နေရာ နောက်ဆုံး စစ်ဆေးချက်များ ထွက်ရှိလာပြီ ဖြစ်ကြောင်း သိရှိရသည်။

သို့ဖြစ်ပါ၍ ၄င်းကိစ္စနှင့် ပတ်သက်ပြီး သေဆုံးသူမောင်ကျော်ဇောဟိန်း၏ အစ်ကိုရင်းဖြစ်သူ ကိုအောင်ကိုကိုအား ဆက်သွယ်မေးမြန်းကြည့်ရာ..

" ပြောချင်တိုင်းတော့ပြောလို့မရဘူး။ အခုလက်ရှိ ရုံးမှာတော့ တစ်ဆင့်ချင်းတစ်ဆင့်ချင်းသွားနေတယ်ဆိုတော့ တချို့စကားတွေပြောလိုက်ရင်ရုံးတော်ကို မထီမဲ့ မြင်ဖြစ်သွားမှာလည်း ဆိုးတယ်။ အစ်ကိုပြောချင်တာလေးတွေလည်း ရှိတယ်။ မနေ့ကဆိုရင် အစ်ကို့မိဘတွေကအစတရားရုံးမှာ ဆေးစာကိုလျှောက်လာခဲ့တယ်။ ရလည်း
ရလာခဲ့တယ်။ ဆေးစာမှာလည်း ပြင်ပဒဏ်ရာလေးတွေ အများကြီးတွေ့ရတယ်။ အနှေးနဲ့ အမြန်ကတော့ တရားခံကိုမိမှာပါ။

အစ်ကိုတို့ဘက်ကတော့တရားရုံးရဲ့ လုပ်ဆောင်ချက်တွေကိုလည်း အနှောင့်အယှက်ဖြစ်မယ့် ကိစ္စမျိုးမပြောချင်ဘူး။ မလုပ်ချင်ပါဘူး။ မပတ်သက်တဲ့သူတွေကိုလည်း မထိခိုက်စေချင်ပါဘူး။
အခုဆေးစစ်ချက်မှာတွေ့ရှိ တာကတော့ ပြင်ပဒဏ်ရာက ငါးချက်၊ ခြောက်ချက်လောက်တော့ ရေးထားတယ်။ တံတောင်ဆစ်နှစ်ဖက်စလုံး ဒူးနှစ်ဖက်စလုံး၊ ကျောကုန်းတို့ အဲဒီလိုမျိုးရေးထားတယ်။

အစ်ကိုတို့က ဥပဒေနဲ့ဆန့်ကျင်ပြီးတော့ မပြောချင်ဘူး။ တရားရုံးက လက်ရှိလုပ်ဆောင်နေတဲ့အတွက် တရားရုံးကို လွှမ်းမိုးပြီးတော့ မပြောချင်ဘူး။ အစ်ကိုတို့ကတော့အဖြစ်မှန်ကို ပေါ်စေချင်တယ်။ ဘယ်သူ့ကိုမှ မနစ်နာစေချင်ပါဘူး။ တရားရုံးက လုပ်ဆောင်စစ်ဆေးနေတာကိုပဲ အစ်ကိုတို့က ကူညီသွားမှာပါ။ အဖြစ်မှန်လည်းပေါ်မယ်လို့ ယုံကြည်ပါတယ်။ အမှန်တရားပဲဖြစ်စေချင်တယ်။ ရုံးချိန်းက မတ်လ ၁၇ ရက်နေ့မှာ ဆိုတော့ ထပ်ပြီးစစ်ဆေးမှုတွေ ပြုလုပ်ဖို့တော့ရှိပါတယ်" ဟု ရှင်းလင်းပြောကြားသွားခဲ့သည်။

Popular Journal

Read More

နေပြည်တော်၊ မတ် ၃၁

၂၀၁၄ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့ ညနေ ၃ နာရီ ၄၀ မိနစ်အချိန် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ မလေးရှားလေကြောင်းလိုင်းခရီးစဉ်အမှတ်စဉ် MH-၇၄၃ ဖြင့် မလေးရှားနိုင်ငံသို့လိုက်ပါမည့် အိနိ္ဒယနိုင်ငံသား Mr.Jaffar Mohamed Shafi (၄၃)နှစ်၏ ခရီးဆောင်အိတ်အား စစ်ဆေးရေးအဖွဲ့မှ X-Rays စက်ဖြင့် ဖြတ်သန်းစစ်ဆေးစဉ် အိတ်အတွင်းမှ တိပ်အနက်ရောင်ဖြင့်ပိတ်၍ ကာဗွန်ခံကာ ပလပ်စတစ်အနက်ဖြင့်ပိတ်ထားသော (၁)တုံးလျှင်(၁၀)ကျပ်သားခန့်စီရှိ ရွှေတုံး(၂၀)တုံး၊ အလေးချိန်(၂၀၀)ကျပ်သားခန့်၊ တန်ဘိုးငွေကျပ်သိန်း(၁၃၀၀)ခန့်အား စစ်ဆေးတွေ့ရှိရသောကြောင့် Mr.Jaffar Mohamed Shafi အား မင်္ဂလာဒုံမြို့မရဲစခန်း(ပ)၁၄၆/၂၀၁၄၊ ပို့ကုန်သွင်းကုန် ဥပဒေပုဒ်မ ၈/၁၀ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်

Read More

ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူ နေပုံ 

ဆိုက်ကျင်၊ သုံးခွ၊ မတ်-၃၀

ရန်ကုန်တိုင်း ဒေသကြီး၊ တောင်ပိုင်းခရိုင် သုံးခွမြို့နယ်အမှတ်(၄)ရပ်ကွက်၌ သန်းခေါင် စာရင်း ကောက်ယူ ရေး အဖွဲ့ဝင်တစ်ဦး သန်းခေါင်စာရင်းစစ် တာဝန် ထမ်းဆောင်စဉ် မတ် ၃၀ ရက် နံနက် ၈ နာရီ ၄၅ မိနစ်ခန့် က အမှတ်(၄)ရပ်ကွက် အောင်ဇေယျလမ်း ဥက္ကံဝတံတား အနောက်ဘက် ခြမ်းလမ်းတွင် ၀ဲဘက်ခြေမျက်စိ၌ မြွေကိုက်ခံခဲ့ရကြောင်း သိရသည်။

မြွေကိုက်ခံရသော ဆရာမ ဒေါ်သီတာခိုင် (၄၉)နှစ်အား သုံးခွမြို့နယ် ပြည်သူ့ဆေးရုံသို့ ချက်ချင်းပို့ဆောင်ပေးခဲ့ပြီး ဆေးကုသမှုခံယူရာ မြို့နယ်ဆရာဝန်၏ ညွှန်ကြားချက်အရ ၂၄ နာရီ စောင့်ကြည့်ရမည် ဖြစ်ကြောင်း လောလောဆယ် အခြေအနေ၌ စိုးရိမ်စရာ မရှိကြောင်း သိရပြီး စာရင်းစစ် ဒေါ်သီတာခိုင်ကိုယ်စား စာရင်းစစ် ဒေါ်ဇာခြည်လွင်က အစားထိုးကောက်ယူလျက်ရှိသည်။

မြွေကိုက်ခံရသော ဆရာမဒေါ်သီတာခိုင်ထံသို့ သုံးခွမြို့နယ် သန်းခေါင် စာရင်းကော်မတီဥက္ကဋ္ဌ ဦးအောင်မြင့်ထွန်းနှင့် အတွင်းရေးမှူး ဦးရှာမွေလတို့က မြို့နယ်ဆေးရုံသို့ သွားရောက်ပြီး လိုအပ်သည်များ မေးမြန်းဖြည့်ဆည်း ဆောင်ရွက် ပေးခဲ့သည်။

စံတော်ချိန် နေ့စဉ်သတင်းစာ

Read More

ကယားပြည်နယ်အစိုးရက ထိုင်း-မြန်မာနယ်စပ် ကရင်နီစစ်ပြေး ဒုက္ခသည်စခန်းတွေမှာ သန်းခေါင်စာရင်း ကောက်ခံနိုင်ဖို့အတွက် ကမ်းလှမ်းခဲ့တာမရှိတဲ့အတွက် အဲဒီ စစ်ပြေးဒုက္ခသည်စခန်းတွေမှာ သန်းခေါင်စာရင်း မကောက်ယူနိုင်ဘူးလို့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ ဒုတိယဥက္ကဌက ပြောပါတယ်။

သန်းခေါင်စာရင်းကောက်ယူမှုနဲ့ ပတ်သက်ပြီး ပူးပေါင်းဆောင်ရွက်ဖို့ ကမ်းလှမ်းခဲ့တာမရှိတဲ့အတွက် ဒုက္ခသည်စခန်းတွေမှာ စာရင်းကောက်ခံဖို့ မဖြစ်နိုင်သေးဘူးလို့ KNPP ဒုတိယဥက္ကဌ ခူးဦးရယ်က ပြောပါတယ်။

"ကျနော်တို့ကို အရင်က တရားဝင်ဆွေးနွေးပွဲတွေမှာ ပူးပေါင်းဆောင်ရွက်ဖို့ အကျေအလည် ဆွေးနွေးတင်ပြတာမျိုးတွေတော့ မရှိဘူး၊ သို့သော် ကျနော်တို့က ဒီလိုလုပ်ငန်းကိစ္စတွေ ဆောင်ရွက်စရာရှိတယ်၊ ပူးပေါင်းဆောင်ရွက်မှု လိုအပ်တယ်ဆိုတာကတော့ အာဏာပိုင်တွေဘက်ကတော့ ပြောတာတွေရှိပါတယ်၊ ဒါပေမဲ့ ကနေ့အထိ ကျနော်တို့ကို တရားဝင်ကမ်းလှမ်းပြီး လုပ်ဆောင်ဖို့အတွက် ဆောင်ရွက်တာမျိုးတွေ ချဉ်းကပ်မှုမျိုးတွေတော့ မရှိဘူး"

ထိုင်း-မြန်မာနယ်စပ်မှာ ကရင်နီစစ်ပြေးဒုက္ခသည်စခန်း ၅ ခုလောက်ရှိပြီး ဒုက္ခသည်အရေအတွက် သုံးသောင်းဝန်းကျင်လောက်ရှိတယ်လို့ သိရပါတယ်။

ကယားပြည်နယ်အတွင်း သွားလာရေးခက်ခဲ့တဲ့နေရာတွေမှာ ပြီးခဲ့တဲ့ နှစ်ရက်လောက်က သန်းခေါင်စာရင်း ကြိုတင်ကောက်ခံခဲ့ပြီး ဒီကနေ့မှာတော့ လွိုင်ကော်၊ ဒီမောဆိုးနဲ့ ဖရူဆိုမြို့တွေမှာ စတင်ကောက်ယူနေပြီလို့ သိရပါတယ်။

RFA Burmese

Read More


Photo: ANP ဆိုင်းဘုတ်တင်ရန်အတွက် RNDP ဗဟိုဌာနချုပ် ဆိုင်းဘုတ်ကို ချသည့် သမိုင်းဝင် အခိုက်အတန့် ===================  စစ်တွေ ၊ ၃၁ မတ်လ ၂၀၁၄ ၊ Coral Arakan News ၊ [ ဓါတ်ပုံသတင်း ]  ဓါတ်ပုံရည်ညွှန်းစာသား - ရခိုင်နှစ်ပါတီ ပေါင်းစည်းပြီး အသစ်ဖြစ်ပေါ်လာသည့် ရခိုင်အမျိုးသားပါတီ (ANP) ၏ ဗဟိုဌာနချုပ် ဖြစ်လာတော့မည့် ယခင် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) ၏ ဗဟိုဌာနချုပ် ဆိုင်းဘုတ်ကို ယနေ့ နေ့လယ် (၁၂)နာရီ (၁၅) မိနစ်က ချနေကြစဉ်။  ဖဆပလခေတ်တွင် ရခိုင်ပြည်နယ်ရရှိရေးအတွက် တောင်းဆိုတိုက်ပွဲဝင်ခဲ့သည့် ရတညပါတီ မှလွဲ ၍ ရခိုင်လူမျိုးတို့၏ သမိုင်းတွင် ဗမာနောက်မြီးဆွဲ မဟုတ်သည့် မြေပေါ် ရခိုင်ပါတီမှာ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) ဖြစ်သည်။  ၂၀၀၈ ဖွဲ့စည်းပုံကို အတည်ပြုအပြီး ၂၀၁၀ ရွေးကောက်ပွဲမတိုင်မီကာလတွင် (ထိုစဉ်က ဖျက်သိမ်းထားခံရသည့်) ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD က ပြည်မပါတီကြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ NO VOTE မူ အား လိုက်နာကာ ပါတီပြန်ထောင်ရွေးကောက်ပွဲဝင်ခြင်းမပြုရန် ဆုံးဖြတ်ထားကြရာ၊ ပြောရေးဆိုခွင့် လုံးဝကင်းမဲ့နေသော ရခိုင်လူမျိုးတို့အတွက် ခွေးတိုးပေါက်နိုင်ငံရေး ဟုပင်ဆိုဆို ဖြစ်ပေါ်လာသည့် နိုင်ငံရေး အခင်းအကျင်းတွင် ပါဝင်မှဖြစ်မည်ဟု ဆရာဦးလှစော ၊ ဦးခင်မောင်ကြီး အစရှိသည့် ရခိုင်နိုင်ငံရေးလှုပ်ရှားသူများက သုံးသပ်ဆုံးဖြတ်ကာ RNDP ပါတီကို တည်ထောင်ခဲ့ကြသည်။  ယခု RNDP နှင့် ALD တို့ နှစ်ပါတီပူးပေါင်းကာ အသစ်ဖြစ်ပေါ်လာသော ရခိုင်အမျိုးသားပါတီ ၏ ဗဟိုအလုပ်အမှုဆောင် ကော်မီတီ တွင် RNDP ပါတီဖက်မှ ပါဝင်ရန် RNDP ဗဟိုကော်မီတီက ရွေးချယ်တင်မြှောက်ပေးခဲ့သဖြင့် ပါဝင် ဦးဆောင်နေသူ (၁၅) ဦး စာရင်းမှာ အောက်ပါအတိုင်း ဖြစ်သည်။   (၁) ဒေါက်တာအေးမောင် (၂) ဦးဦးလှစော (၃) ဦးခိုင်ပြည်စိုး (၄) ဦးဖေသန်း (၅) ဒေါ်အေးနုစိန် (၆) ဦးသာထွန်းလှ (၇) ဦးဇော်အေးမောင် (၈) ဦးကျော်ဇောဦး (၉) ဦးခိုင်ကျော်မိုး (၁၀) ဦးခင်မောင်ကြီး (၁၁) ဦးစံကျော်လှ (၁၂) ဦးဖိုးမင်း (၁၃) ဦးခိုင်ကောင်းစံ (၁၄) ဦးထွန်းအောင်ကျော် (၁၅) ဦးဘရှိန်  လာမည့် ဧပြီလ (၄) ရက်နေ့ နံနက် ကိုးနာရီ လေးဆယ့်ငါးမိနစ်တွင် ANP ပါတီ၏ ဗဟိုဌာနချုပ် ဆိုင်းဘုတ် ကို ယခင် RNDP ဗဟိုဌာနချုပ် ဆိုင်းဘုတ်နေရာတွင် ပြန်လည် တင် ကြမည် ဖြစ်ပါသည်။  မြန်မာပြည်မနိုင်ငံရေးကို ပိုမိုအားသန်သည့် ALD နှင့် မြေပြင်တွင် လူထုနှင့်ထဲထဲဝင်ဝင် ထိတွေ့ကာ အမျိုးသားရေး လူထုနိုင်ငံရေးတွင် ဦးဆောင်လာခဲ့သည့် RNDP တို့ နှစ်ဘက်မှ ပါလာသော အားသာချက်များ ပေါင်းစည်းကာ ရခိုင်လူမျိုးတို့အကျိုးကို ဆထက်ထံပိုး သယ်ပိုးနိုင်ပါစေကြောင်း Coral Arakan News က ဆုမွန်ကောင်း တောင်းအပ်ပါသည်။  Coral Arakan News
စစ်တွေ ၊ ၃၁ မတ်လ ၂၀၁၄ ၊ Coral Arakan News ၊ [ ဓါတ်ပုံသတင်း ]

ဓါတ်ပုံရည်ညွှန်းစာသား - ရခိုင်နှစ်ပါတီ ပေါင်းစည်းပြီး အသစ်ဖြစ်ပေါ်လာသည့် ရခိုင်အမျိုးသားပါတီ (ANP) ၏ ဗဟိုဌာနချုပ် ဖြစ်လာတော့မည့် ယခင် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) ၏ ဗဟိုဌာနချုပ် ဆိုင်းဘုတ်ကို ယနေ့ နေ့လယ် (၁၂)နာရီ (၁၅) မိနစ်က ချနေကြစဉ်။

ဖဆပလခေတ်တွင် ရခိုင်ပြည်နယ်ရရှိရေးအတွက် တောင်းဆိုတိုက်ပွဲဝင်ခဲ့သည့် ရတညပါတီ မှလွဲ ၍ ရခိုင်လူမျိုးတို့၏ သမိုင်းတွင် ဗမာနောက်မြီးဆွဲ မဟုတ်သည့် မြေပေါ် ရခိုင်ပါတီမှာ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) ဖြစ်သည်။

၂၀၀၈ ဖွဲ့စည်းပုံကို အတည်ပြုအပြီး ၂၀၁၀ ရွေးကောက်ပွဲမတိုင်မီကာလတွင် (ထိုစဉ်က ဖျက်သိမ်းထားခံရသည့်) ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD က ပြည်မပါတီကြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ NO VOTE မူ အား လိုက်နာကာ ပါတီပြန်ထောင်ရွေးကောက်ပွဲဝင်ခြင်းမပြုရန် ဆုံးဖြတ်ထားကြရာ၊ ပြောရေးဆိုခွင့် လုံးဝကင်းမဲ့နေသော ရခိုင်လူမျိုးတို့အတွက် ခွေးတိုးပေါက်နိုင်ငံရေး ဟုပင်ဆိုဆို ဖြစ်ပေါ်လာသည့် နိုင်ငံရေး အခင်းအကျင်းတွင် ပါဝင်မှဖြစ်မည်ဟု ဆရာဦးလှစော ၊ ဦးခင်မောင်ကြီး အစရှိသည့် ရခိုင်နိုင်ငံရေးလှုပ်ရှားသူများက သုံးသပ်ဆုံးဖြတ်ကာ RNDP ပါတီကို တည်ထောင်ခဲ့ကြသည်။

ယခု RNDP နှင့် ALD တို့ နှစ်ပါတီပူးပေါင်းကာ အသစ်ဖြစ်ပေါ်လာသော ရခိုင်အမျိုးသားပါတီ ၏ ဗဟိုအလုပ်အမှုဆောင် ကော်မီတီ တွင် RNDP ပါတီဖက်မှ ပါဝင်ရန် RNDP ဗဟိုကော်မီတီက ရွေးချယ်တင်မြှောက်ပေးခဲ့သဖြင့် ပါဝင် ဦးဆောင်နေသူ (၁၅) ဦး စာရင်းမှာ အောက်ပါအတိုင်း ဖြစ်သည်။

(၁) ဒေါက်တာအေးမောင်
(၂) ဦးဦးလှစော
(၃) ဦးခိုင်ပြည်စိုး
(၄) ဦးဖေသန်း
(၅) ဒေါ်အေးနုစိန်
(၆) ဦးသာထွန်းလှ
(၇) ဦးဇော်အေးမောင်
(၈) ဦးကျော်ဇောဦး
(၉) ဦးခိုင်ကျော်မိုး
(၁၀) ဦးခင်မောင်ကြီး
(၁၁) ဦးစံကျော်လှ
(၁၂) ဦးဖိုးမင်း
(၁၃) ဦးခိုင်ကောင်းစံ
(၁၄) ဦးထွန်းအောင်ကျော်
(၁၅) ဦးဘရှိန်

လာမည့် ဧပြီလ (၄) ရက်နေ့ နံနက် ကိုးနာရီ လေးဆယ့်ငါးမိနစ်တွင် ANP ပါတီ၏ ဗဟိုဌာနချုပ် ဆိုင်းဘုတ် ကို ယခင် RNDP ဗဟိုဌာနချုပ် ဆိုင်းဘုတ်နေရာတွင် ပြန်လည် တင် ကြမည် ဖြစ်ပါသည်။

မြန်မာပြည်မနိုင်ငံရေးကို ပိုမိုအားသန်သည့် ALD နှင့် မြေပြင်တွင် လူထုနှင့်ထဲထဲဝင်ဝင် ထိတွေ့ကာ အမျိုးသားရေး လူထုနိုင်ငံရေးတွင် ဦးဆောင်လာခဲ့သည့် RNDP တို့ နှစ်ဘက်မှ ပါလာသော အားသာချက်များ ပေါင်းစည်းကာ ရခိုင်လူမျိုးတို့အကျိုးကို ဆထက်ထံပိုး သယ်ပိုးနိုင်ပါစေကြောင်း Coral Arakan News က ဆုမွန်ကောင်း တောင်းအပ်ပါသည်။

Coral Arakan News

Read More

အကြောင်းအရာ။ ။ သိရှိနိုင်ပါရန်တင်ပြခြင်း

၁။ ကျွန်တော်တို့သည် ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ အမှတ် (၁၃) ရဲတပ်ရင်းမှ ဘူးသီးတောင်မြို့နယ်၊ ဦးဥတ္တမခန်းမတွင် လုံခြုံရေးတာဝန်ထမ်းဆောင်နေကြသော တပ်ဖွဲ့ဝင်များ ဖြစ်ကြပါသည်။

လုံခြုံရေးတာဝန်ထမ်းဆောင်နေကြသော တပ်ဖွဲ့ဝင်စုစုပေါင်းမှာ ရဲအုပ်(၁)ဦးနှင့် အခြားအဆင့် (၂၂)ဦးပေါင်း (၃၃)ဦးရှိပါသည်။ တပ်ဖွဲ့ဝင် (၁)ဦး တစ်နေ့ရိက္ခာငွေ(၈၀၀ိ/)ကျပ်ရရှိပြီး (၃၃)ဦးအတွက် တစ်နေ့တာ ရိက္ခာငွေ စုစုပေါင်းမှာ (၁၈၄၀၀ိ/) ကျပ်တိတိသုံးစွဲရမှာဖြစ်ပါသည်။ နိုင်ငံတော်မှလည်း ဆန်၊ ဆီ၊ ဆား၊ ပဲ (၄)မျိုးထုတ်ပေးပြီးဖြစ်ပါသည်။

ကျွန်တော်တို့ကို ကပအမှတ် လ-၂၁၅၁၄၉ အုပ်ချုပ်နေသော ရဲအုပ်-သောင်းညွှန့်မှာ တပ်ဖွဲ့ဝင်များ၏ ရိက္ခာငွေကို သုံးစွဲရာတွင် တစ်နေ့တာ သုံးစွဲပမာဏ၏ သုံးပုံ နှစ်ပုံခန့်သာ သုံးစွဲပြီး တပ်ဖွဲ့ဝင်များအားနေ့စဉ် ဈေးဝယ်စာရင်းနှင့် ရိက္ခာသုံးစွဲမှုစာအုပ်တွင် ရေးသွင်းသောအခါ နေ့စဉ် (၂၀၀၀၀ိ/) နှစ်သောင်းကျပ်တိတိကိုပြည့်အောင် အမျိုးမျိုးလိမ်ညာပြီး စာရင်းသွင်းထားသည်ကို တွေ့ရှိရပ်သည်။

စာရင်းစာအုပ်တွင်ရေးသွင်းထားသည် မှာ အမှန်တကယ်ဈေးဝယ်ရာတွင်မပါသော အရာများကိုလည်း ရေးသွင်းထားပြီး တစ်နေ့ထင်း (၁)စည်း (၂၀၀၀ိ/) ကျပ်နှုန်းဖြင့် (၂)စည်း၊ (၄၀၀၀ိ/)လေးထောင်ကျပ်တိတိကို လိမ်ညာပြီးရေး သွင်းထားပါသည်။

ကျွန်တော်တို့ စရောက်ကတည်းက ထမင်း၊ ဟင်းချက်ရာတွင် လောင်စာအဖြစ် အသုံးပြုသောအရာမှာ မီးသွေးကိုသာ အသုံးပြုပါသည်။ စရောက်ကတည်းက ထမင်းစားရသည်မှာ လုံးဝအဆင်မပြေပါ။ တန်းစီရာတွင်လည်း အကြိမ်ကြိမ်တင်ပြထားပြီးဖြစ်ပါသည်။

၂၀.၃.၂၀၁၄ ရက်နေ့တပ်ဖွဲ့ဝင်အားလုံး၏ သဘောတူညီချက်အရကျွန်တော်ဈေးဝယ်ရန်သွားရပါသည်။ ကျွန်တော်မှ ရိက္ခာငွေကိုတောင်းသောအခါ ၄င်းနေရာတွင် (၂၂)ဦးရှိသည့်အတွက် ရိက္ခာငွေမှာ (၁၇၆၀၀ိ/) တစ်သောင်းခုနှစ်ထောင်ခြောက်ရာကျပ် သုံးစွဲရမှာဖြစ်ပြီး ကျွန်တော်အား ထုတ်ပေးငွေမှာ မီးသွေး (၁) အိတ် (၁၈၀၀ိ/)ကျပ်နှင့် ရေဖိုး(၂၀၀ိ/)ကျပ် စုစုပေါင်း (၂၀၀၀ိ)ကျပ်နုတ်ထားလိုက်ပြီး (၁၅၆၀၀ိ/)ကျပ် သာပေးသောကြောင့် ၄င်းငွေဖြင့် ကျွန်တော် ဈေးဝယ်ပေးခဲ့ပါသည်။ ဈေးဝယ်စာအုပ်တွင် ရေးသော အခါ ဈေးဝယ်ရာတွင် မပါသော အရာများကိုလည်း ရေးမှတ်သည်များကို တွေ့ရှိရပါသည်။ မီးသွေး (၁)အိတ်ကို အမှန်တကယ်သုံးလျှင် (၂)ရက်ခန့်သုံးရပါသည်။ ဒါကို (၁)အိတ်ကို (၁)ရက်သာသုံးရ သည်ဟု လိမ်ညာပြီးပြောပါသည်။

တန်းစီရာတွင်ပြောသောအခါ တပ်ဖွဲ့ဝင်များ၏ ရိက္ခာငွေကို လုံးဝမစားဟုပြောပါသည်။ ကျွန်တော်ကို အောက်ခြေတပ်ဖွဲ့များမှာ စားရေး၊ သောက်ရေး၊ နေရေး၊ ထိုင်ရေး၊ အိတ်ရေး ဒုက္ခရောက်နေကြပါသည်။ အိပ်ရသည်မှာလည်း တမံတလင်းနှင့်ကပ်ပြီးအိပ်ရ သည့်အတွက် ကျန်းမာရေးကို ထိခိုက်စေနိုင်ပါသည်။ ရဲအုပ်သောင်းညွန့်မှာ အခန်းထဲတွင် ကုတင်နဲ့ အိပ်ပါသည်။ ကျွန်တော်တို့ အိပ်ရာပေါ်သို့ နေ့လည်ဘက်ဆိုရင် ဖုန်မူန့်တွေ အများကြီးတက်ပါသည်။

ထမင်းကျွေးသည့်ကိစ္စနှင့်ပတ်သက်၍ ကျန်သောရက်များကိုတော့ အတိအကျမှတ်မထားတော့ပါ။ ဒါပေမယ့် နေ့လည်စာနှင့် ညနေစာ ကြက်ဥ၊ ဘဲဥတွေပဲစားခဲ့ရတဲ့ ရက်တွေသာများပါသည်။ ကျွန်တော်မှတ်ထားသောရက်များကို အတိအကျဖော်ပြပါမည်။ ၁၇.၃.၂၀၁၄ ရက်နေ့တွင် ကြက်သား နှင့်ဘူးသီးရောပြီးချက်တဲ့ ဟင်းတစ်ခွက်တည်းနဲ့ နေ့လည်စာနှင့် ညနေစာကို ဒီဟင်းတစ်မျိုးတည်းသာ စားခဲ့ရပါသည်။ ၁၈.၃.၂၀၁၄ ရက်နေ့တွင် ကြက်ဥ (၁)လုံးနှင့် ဘူးသီးဟင်းနှစ်မျိုးတည်းနှင့် နေ့လည်စာ၊ ညနေစာ အဲဒီဟင်း(၂) မျိုးနှင့်သာစားခဲ့ရပါသည်။ ၁၉.၂.၂၀၁၄ ရက်နေ့တွင် ၀က်သား(၂) ဖက်နှင့် ပဲဟင်းချက်ကို နေ့လည်စာနှင့် ညနေစာချက်ကျွေးပါသည်။ ပဲဟင်းကို ညနေစာလျှင် အစာမကြေသည့်အတွက် ညနေမချက်နဲ့လို့ တန်းစီရာတွင် တင်ပြထားသော ညနေချက်ကျွေးပါသည်။ အဲဒီနေ့က ပဲဟင်းကိုညနေစာမစားသည့်အတွက် ၀က်သားသေးသေး (၂)ဖက်နဲ့သာ စားခဲ့ရပါသည်။ ၁၈.၃.၂၀၁၄ ရက်နေ့ အမဲသား မကျွေးဘဲနဲ့ အမဲသားကျွေးသည်ဟု စာရင်းတွင်ရေးသွင်းထားပါသည်။ အမဲသား (၁)ပိဿာ (၆၀၀၀ိ/) ဟုရေးသွင်းထားပါသည်။ ပဲဟင်းကို (၁)လတွင် (၁၀)ရက်ခန့်ချက်ပြီး ကျွေးပါသည်။ ဒါကြောင့် ညနေဆိုရင် အစာမကြေဖြစ်ရပါသည်။ နေ့လည်စာနှင့် ညနေစာကိုပေါင်းမ ချက်ပါနဲ့လို့ အတန်တန်ပြောသော်လည်း ချက်ကျွေးပါသည်။

၂။ သို့ဖြစ်ပါ၍ အောက်ခြေတပ်ဖွဲ့ဝင်များမှာ ရိက္ခာငွေကိစ္စနှင့်ပတ်သက်၍ အပြည့်အ၀ခံစားမှုရှိ/မရှိ ကို နိုင်ငံတော်အကြီးအကဲများအနေဖြင့် အောက်ခြေထိ ထိရောက်သော စစ်ဆေးမှုများကို မကြာမကြာ ပြုလုပ်ပေးပါရန်နှင့် နောက်နောင်တွင် ယခုလို အဖြစ်မျိုးတွေမရှိအောင် နိုင်ငံတော်မှပေးသောအရာ တိုင်းကို တပ်ဖွဲ့ဝင်တိုင်း အဆင့်လိုက် အပြည့်အ၀ခံစားနိုင်ရေးအတွက် (ဥပမာ-နိုင်ငံတော်မှ ထုတ်ပေး သော ဖုန်းကဒ်များကို အောက်ခြေတပ်ဖွဲ့ဝင်များမရကြပဲ အရာရှိများသာ မဲနှိပ်ပြီး မဲနှိပ်ရာတွင် အောက်ခြေတပ်ဖွဲ့ဝင်များသိတောင်မသိလိုက်ရပါ) အမြန်ဆုံးထိရောက်သော စစ်ဆေးမှုများပြုလုပ်ပေး ပါရန် ရိုသေလေးစားစွာဖြင့် အစီရင်စာတင်ပြအပ်ပါသည်။

ရက်စွဲ၊ ၂၃. ၃. ၂၀၁၄

အမှတ် (၁၃) ရဲတပ်ရင်းမှ တပ်ဖွဲ့ဝင်များ
ခေတ္တ ဦးဥတ္တမခန်းမ


Coral Arakan News ၊ [ ပြည်သူ့အသံ ]

Read More

ဘူးသီးတောင်မြို့၊ ရခိုင်ပြည်နယ်လွှတ်တော်အမတ်ဖြစ်သူ ကြံခိုင်ရေးပါတီအမတ် ဒေါက်တာဘော်ရှီးအာမတ်၏ အိမ်ကို သန်းခေါင်စာရင်းကောက်ယူရန်လာသောအခါ ၄င်း၏ ဇနီးဖြစ်သူက ရိုဟင်ဂျာအိမ်ဟုဖြေဆိုခဲ့သဖြင့် သန်းခေါင်စာရင်းကောက်ယူခဲ့ခြင်းမပြုခဲ့ရ ကြောင်းသိရသည်။

ယနေ့နေ့လည်က သန်းခေါင်စာရင်းကောက်ယူခဲ့သူများသည် ဘူးသီးတောင်မြို့၊အမှတ် (၄) ရပ်ကွက်တွင်ရှိသော ဒေါက်တာဘော်ရှီ၏ အိမ်ကို သန်းခေါင်စာရင်းကောက်ယူရန် သွားသော အခါ ဖြေကြားခဲ့ခြင်းဖြစ်သည်။

ပြည်ထောင်စုအစိုးရမှ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ၀န်ကြီးချုပ် အားတာဝန်လွှဲအပ်ချက်အရ ရခိုင်ပြည်နယ် သန်းခေါင်စာရင်းကြီးကြပ်မှု ကော်မတီ၏ ထုတ်ပြန်ကြေညာချက်တွင် ရခိုင်ပြည်နယ်တွင် အဖျက်အမှောက် လုပ်လိုသူအချို့မှ နိုင်ငံတော်အစိုးရမှ လက်မခံထားသောလူမျိုးအမည်ဖြစ်သည့် ရိုဟင်ဂျာဟူသော အသုံးအနှန်းကို သုံးစွဲရန် လုပ်ဆောင်နေသည် ဟုဖော်ပြထားပြီး ယင်းအဖျက်သမားများမှ ရိုဟင်ဂျာ အမည်သုံးစွဲခြင်းကို လက်မခံပါကြောင်းထုတ်ပြန်ထားသည်။

ဘူးသီးတောင်မြို့တွင် သန်းခေါင်စာရင်းကောက်ယူသောအခါ များသောအားဖြင့် ဘင်္ဂလီ များက ရိုဟင်ဂျာဟု ပြောဆိုခဲ့ကြသောကြောင့် သန်းခေါင်စာရင်းကောက်ယူမှု မလုပ်ခဲ့ကြသော်လည်း တစ်ချို့မိသားစုများကမူ မိမိတို့သည် ဘင်္ဂလီများသာဖြစ်ကြကြောင်းအမှန်အတိုင်း ပြောဆိုခဲ့ကြသည်ဟုသိရသည်။

ဘူးသီးတောင်မြို့တွင် ဒုတိယသမ္မတ ဦးညာဏ်ထွန်းနှင့် လ၀က ၀န်ကြီး ဦးခင်ရီတို့သန်းခေါင်စာရင်း ကောက်ယူခြင်းကို ကြည့်ရှုအားပေးခဲ့သည်ဟု သိရသည်။

Coral Arakan News

Read More

'နယ်စပ်ဒေသမို့ တပ် မ၀င်ရ ဆိုပေမယ့် ရဲနဲ့ လုံထိန်းကိုတော့ ပေါက်သေနတ်တွေပေးထားသင့်တယ်၊ အရေးကြီးတဲ့ ဒီလိုအချိန်မျိုးမှာတောင် မောင်တောလို ကုလားတွေကြီးစိုးဝါးမျိုထားတဲ့ နေရာမှာ လုံခြုံရေးအားနည်းချက်အများကြီးရှိနေတယ်။ ဒီနေ့ ဆရာကြီးတို့ ဘ၀မှာ ၀န်ထမ်းလုပ်ချင်စိတ်တောင် ကုန်သွားလောက်အောင် ထိပ်လှန့်တုန်လှုပ်ခဲ့ရတာ တကယ့်ကိုဆိုးပါတယ်။ မောင်တော ရပ်ကွက် (၅) ရပ်ကွက်ကို တာဝန်ကျတဲ့အတွက် ဒီနေ့ မနက်မှာ တာဝန်ကျ လုံခြုံရေး ရဲတပ်သား (၁၀)ယောက်ရယ်၊ ဆရာမ တွေရယ်၊ တခြားဌာနဆိုင်ရာရယ် ပေါင်း ၀န်ထမ်း ၃၀ လောက်က စာရင်းကောက်ဖို့ ၀င်ကြတယ်။ အဲဒီရပ်ကွက် အစကိုပဲ ၀င်ရသေးတယ်၊ တစ်အိမ်မှ စာရင်းမကောက်ရသေးဘူး။ တကယ်ဆို အကုန်လုံး စာရင်းအကောက်ခံသည်ဖြစ်စေ မခံသည်ဖြစ်စေ ကိုယ်နေတဲ့အိမ်ကပဲ ကိုယ်စီစောင့်နေကြရမှာဖြစ်ပေမယ့် အခုကျတော့ ရပ်ကွက်အ၀င်အ၀မှာတင် လူတွေကျိတ်ကျိတ်တိုး ၀ိုင်းပတ်ပြီး ပိတ်လိုက်ကြတာ တစ်ထောင် နှစ်ထောင်မကဘူး။ မွေးလည်းမွေးနိုင်တဲ့ကောင်တွေ မြေပဒူအုံကျနေတာပဲ။ ဆရာကြီးတို့မှာ ပါလာတဲ့လုံခြုံရေးက (၁၀)ယောက်၊ ပါလာတဲ့ သေနတ်က (၅)လက်တည်းရယ်၊ တစ်လက်မှ တောက်တောက်ပြောင်ပြောင်မရှိဘူး၊ ကျည်ထွက်မယ့်ရုပ်လည်းမပေါ်ဘူး။ ကျန်တဲ့လုံခြုံရေးတွေက နံပါတ်တုတ်ရယ် လေးဂွရယ်ပဲ။ ဘာလုပ်လို့ရမလဲ။ တကယ့်ကို ဘယ်အိမ်တစ်အိမ်မှ စာရင်းမကောက်နိုင်ခဲ့ဘူး။ သေသွားပြီးမှလာမယ့် လုံခြုံရေးကို ဘာလုပ်ကြရမလဲ။ အလကားနေရင်းထိုင်ရင်း အသေတော့မခံနိုင်ဘူး။ ချက်ချင်းပြန်ဆုတ်လာခဲ့လိုက်ကြရတယ်။ ဒီ မြို့နယ်ပညာရေးမှူးရုံးကို ရောက်ပြီးလို့ နာရီဝက်၊ တစ်နာရီ ကြာပြီးသွားတာတောင်မှ တုန်နေတုန်းပဲ။ ကောက်ချင်ရင် ခင်ဗျားတို့ဘာသာ ခင်ဗျားတို့သွားကောက်ကြပါတော့၊ မနေ့ညက ၄ မိုင်အနီး ကန်သာယာရွာမှာ ကုလားဓားပြတွေနဲ့ ရဲကင်းတည့်တည့်တိုးတယ်။ ည ၈း၀၀ ကျော်လောက်မှာပေါ့။ ရဲကပစ်တယ် သေနတ်မပေါက်ဖူး။ ကုလားဓားပြက လုပ်သေနတ်နဲ့ ပြန်ပစ်တယ်၊ ဒိန်းကနဲပဲ ပေါက်တယ်၊ မထိလို့တော်သေးရဲ့။ အသံကြားလို့ တပ်က ထလိုက်လာတော့ ဟိုကောင်တွေက လစ်ပြီပေါ့။ လုံခြုံရေးကလည်း မပေါက်သေနတ်နဲ့ ဘယ်လိုက်ရဲမှာလဲ '' ဟု တာဝန်ကျ ကျောင်းအုပ်ဆရာကြီးမှပြောဆိုခဲ့သည်။

မောင်တောမြို့ရှိ ရွာတိုင်းလိုလိုမှ စာရင်းကောက်များမှာ ငဂျာ ဟုရေးမှသာ စာရင်းအကောက်ခံမည်ဟု ငြင်းဆန်ကြသဖြင့် စာရင်းမကောက်ဖြစ်တော့ပါကြောင်း သိရှိရပါသည်။

ဘူးသီးတောင်မြို့မှ ၀န်ထမ်းတစ်ဦးကတော့ ''ကျွန်တော်တို့အိမ်ကို ဆရာမနှစ်ယောက် စာရင်းဝင်ကောက်တယ်။ ရဲတပ်သားသုံးဦး လက်နက်ကိုင်ပြီး အနောက်မှာ ရပ်နေတယ်။ အပြင်မလှမ်းမကမ်းမှာ စစ်ကားတစ်စီး လက်နက်အပြည့်အစုံနဲ့ စစ်သား နှစ်ဆယ်ကျော်လောက်ရှိမယ်။ ရခိုင်တွေကိုကောက်ရတာကတော့ ဘာ့မှပြောစရာမရှိပါဘူး။ အေးအေးဆေးဆေးပါပဲ။ ကုလားတွေကသာ စစချင်း အဲဒီ ရိုဟင်ဂျာ ဆိုတာထည့်မှ အကောက်ခံမယ် ဘင်္ဂလီဆိုရင် အကောက်မခံဘူး ဆိုပြီးငြင်းဆန်နေကြတာ။'' ဟု ပြောကြားခဲ့သည်။
......................................................
သန်းခေါင်စာရင်းနှင့်ပါတ်သက်၍ ထူးခြားဖြစ်စဉ်များရှိလာပါက ဆက်သွယ်ရန် -

ဦးခင်မောင်ကြီး 09421736511
ဦးသန်းထွန်း 09421712211
ကိုကျော်ဇောဦး 095413856
ကိုစိုးနိုင် 09421745038
ကိုမျိုးဝင်း 09421715635
ကိုထွန်းလင်း 09450543019
ကိုသူရိန် 0941000392
ဒေါ်မညိုအေး 09250332786


ရခိုင်လူမှုကွန်ရက် - စစ်တွေ

Read More

teak_log_export_305_z.png
နိုင်ငံခြားသို့ တင်ပို့မည့် ကျွန်းသစ်လုံးများကို ရန်ကုန် ဆိပ်ကမ်းတွင် တွေ့ရပုံ ဖြစ်ပါသည်။ မြန်မာနိုင်ငံမှ သစ်မျိုးစုံကို ပြည်ပသို့ တရားဝင် နည်းလမ်းအပြင် မှောင်ခိုလမ်းကြောင်းများမှလည်း ပို့ဆောင်နေသည်။
Photo: RFA
ရခိုင်ပြည်နယ် ဌာနေတိုင်းရင်းသား အခွင့်အရေးနဲ့ ထိခိုက်နစ်နာမှုတွေကို ဖြေရှင်းဆောင်ရွက်ပေးမယ့် ရည်ရွယ်ချက်နဲ့ ဌာနေတိုင်းရင်းသားများအခွင့်အရေး ကာကွယ်စောင့်ရှောက်မှုကော်မတီ ( ယာယီ ) ကို သံတွဲမြို့နယ် ပုဇွန်ဖြေကျေးရွာမှာ မနေ့က ဖွဲ့စည်း လိုက်ပါတယ်။
ရခိုင်ရိုးမက သစ်တောတွေကို စီးပွားရေးလုပ်ငန်းရှင် ကြီးတွေက ခုတ်ထွင်ရှင်းလင်းနေတာကို တားဆီး ကာကွယ်မယ်လို့လည်း ဒီကော်မတီဝင်တစ်ဦးဖြစ်တဲ့ ဦးသုလင်းဝေ ကပြောပါတယ်။
"ရခိုင်ရိုးမကို အပြောင်ရှင်းနေတာဟာ ရခိုင် တိုင်းရင်းသားတွေရဲ့ဘဝကို သတ်နေတာနဲ့ အတူတူပဲ ကျနော်တို့က ယူဆ တယ်၊ရခိုင်တော အပြောင်ရှင်းခြင်းကိစ္စကိုလည်း ကျနော်တို့က မရ၊ရတဲ့နည်းနဲ့ ဟန့်တားဖို့ကြိုးစားရမှာပဲ"
ကော်မတီဝင် ၄၈ ဦးနဲ့ဖွဲ့စည်းတာဖြစ်ပြီး  ဌာနေ တိုင်းရင်းသားအခွင့်အရေး တွေကိုကာကွယ် စောင့်ရှောက်တဲ့ ပြည်တွင်းက တခြားအဖွဲ့အစည်းတွေနဲ့ရော  အာဆီယံ-  အရှေ့တောင်အာရှ နိုင်ငံများအသင်းဝင် ဒေသတွင်းဌာနေတိုင်းရင်းသား အခွင့်အရေးကို ကာကွယ်စောင့်ရှောက်ပေးတဲ့  အဖွဲ့အစည်းတွေနဲ့ပါ ချိတ်ဆက်ဆောင်ရွက်မယ်လို့ ကော်မတီက ထုတ်ပြန် တဲ့ကြေငြာချက်မှာ ပါရှိပါတယ်။
ဒါ့အပြင် ပင်လယ်ပြင် သယံဇာတတွေကို  ဥပဒေမဲ့ ဖမ်းဆီးထုတ်ယူသုံးစွဲ နေတာတွေကိုလည်း စောင့်ကြည့် တားဆီးသွားမယ် လို့ ကြေငြာချက် မှာ ရေးသားထားပါတယ်။

http://www.rfa.org

Read More





မိုးကောင်းမြို့နယ် ဆားမှော် ကျေးရွာ အုပ်စု NLD ပါတီဥက္ကဌ ဒေါ်နွေနွေဦး နှင့် ပါတီဝင်များဖြစ်သည့် မစမ်းပို ၊ ဒေါ်စမ်းရီ တို့သည် ၂၀၁၄ သန်းခေါင် စာရင်း ကောက်ခံရာတွင် ရှမ်းနီအမျိုးသားထု ကိုယ်စားလှယ်များ အစည်းဝေးဆုံးဖြတ်ထားသည့် ရှမ်းနီဟု ထည့်သွင်းရမည့်အစား အစည်းဝေး ဆုံးဖြတ်ချက် အစည်းဝေးဆုံးဖြတ်ချက်အတိုင်း မဟုတ်သည့် တိုင်းလျမ်ဟု ထည့်ရမည် လိုက်လံ စည်းရုံးနေကြောင်းသိရသည်။

ထို့ပြင် မိုးညှင်းမြို့နယ် NLD ခရိုင်ဗဟို အလုပ်အမူဆောင်တစ်ဦးဖြစ်သည့် ဗမာလူမျိုး ဦးကြည်နှင့် အဖွဲ့ သည်လည်း မြန်မာနိုင်ငံတွင်နေသဖြင့် ဗမာဟုသာထည့်ရမည်ဟု မိုးညှင်းမြို့ပေါ်နှင့် ကျွန်းကုန်း ကျေးရွာ တို့တွင် လိုက်လံစည်းရုံးခဲ့ကြောင်းသိရသည်။

မကြာသေးခင်ရက်ပိုင်းကလည်း စစ်ကိုင်းတိုင်းဒေသကြီး ဗန်းမောက်မြို့နယ်အတွင်းရှိ အဆိုပါပါတီဝင် တစ်ဦးသည် ရှမ်းမျိုးနွယ်စု အဖွဲ့ကဟူ၍ ပြောဆိုလျှက် တိုင်းလျမ်သာထည့်ရန်စည်းရုံးနေသည်ကို ရှမ်းနီ ပါတီက သိရှိသဖြင့် လိုက်လံစုံစမ်းရာ NLD ပါတီ ၀င်တစ်ဦးဖြစ်နေကြောင်း ရှမ်းနီ ပါတီ တာဝန်ရှိသူ တစ်ဦးကဆိုသည်။
http://myanmarnewslocal.blogspot.com
ရှမ်းနီ သတင်းဌာန

Read More



ပါတီတစ်ခုဖွဲ့ စည်းရင်ဘဏ္ဍရေးစည်းမျဉ်းဟာအရေးကြီးပါတယ်။NLDပါတီဗဟိုကနေရပ်စည်းအထိခေါင်းစဉ်
အမျိုမျိးတပ်ရန်ပုံငွေရှာနေကြတယ်။NLDခေါင်းစည်းတပ်လဘက်ရည်ဆိုင်လှည့်သီချင်းဆိုရံပုံငွေရှာနေကြတာ
လဲရှိတယ်။ကိုရဲလွင်ကိုစော်ကားတယ်မထင်ပါနဲ့ ။မူသဘောအခြေခံပြောနေခြင်းဖြစ်ပါတယ်။ပါတီဆိုတာရံပုံငွေ
မရှာလို့ မရဘူး။ရှာချင်တဲ့လူကခေါင်းစဉ်တပ်ရှာနေတယ်။ဘယ်သူကခွင့်ြုပုလို ခွင့်ပြုမှန်းမသိ
။ပြောတဲ့လူကိုဘွားတော်နဲ့ ကိုင်ဖြဲတယ်။ရံပုံငွေရှာမယ်ဆိုရင်ရံပုံငွေရှာဆိုင်ရာနည်းလမ်းများရံပုံငွေထိမ်းသိမ်း
ရေးဆိုင်ရာညွှန်ကြားချက်တွေကိုအောက်ခြေအထိအသိပေးရှင်းလင်းရမယ်။ပုံမှန်စစ်ဆေးရမယ်။စည်းကမ်း
မညီတွေ့ ရင်အရေးယူရမယ်။

    ဒီလှိုင်းဂျာနယ်ကိစ္စလည်းငွေကြေးပြသာနာပေါါ်ပြီးနောက်ဘာသံမှမကြားရတေားဘူး။NLDရံပုံငွေပွဲပြီးတိုင်း
နောက်မှာပွစိပွစိအသံအမြဲထွက်တယ်။NLDဗဟိုကအလွန်ညံ့ပါတယ်Forshowကောင်းဘို့ အတွက်ပဲ
လုပ်နေကြတယ်။အောက်ခြေမှာပြဲနေတယ်။NLDကိုပြည်သူတွေကယုံကြည်ပြီးငွေတွေ
ထည့်ကြတယ်ပြည်သူ့ ငွေတွေဆိုတာသတိပြုကြပါ။ကရင်ထန်းညက်အိုးတွေ့ သလိုကိုယ့်ပထွေးပိုက်ဆံလို့ 
မှတ်ပါနဲ့ ။ပြောလိုက်ရင်ပွင့်လင်းမြင်သာမှုပွင့်လင်းမြင်သာမှုရံပုံငွေနဲ့ ပါတ်သတ်ရင်ဘယ်ပါတီမှမပွင့်လင်းကြပါ။
နိုင်ငံရေးသမားပီပီနိုင်ငံရေးပေါ်ပင်စကားကိုပြည်သူကြားကောင်းအောင်ပြောနေကြတာပါ။မိုးကုတ်ကိစ္စကို
ပွင်းလင်းတယ်ဆိုရင်သူရှင်းပေးရမယ်။

သို့ ပေမယ့်ဒေါ်စုလေ ဒီလိုမျိုးလက်ခံရင်ဘုရားပွင့်သွားမယ်။မှန်သလားမမှန်သလားသိခြင်ရင်ဟိုးအရင်
လူဟောင်းတွေသာမေးကြည့်လိုက်စမ်းပါ။အဖြေမှန်သိမယ်။ပါတီတွင်းမှာပါတီအာဏာရှင်ဖြစ်နေတာ
ကြာပြီးဖြစ်ပါတယ်။နိုင်ငံအာဏာရရင်ဘာဖြစ်မလဲစဉ်းစားကြ။

နောက်နေတာမဟုတ်ဘူး။သူ့ လူတွေကပြောသေးတယ်ကျန်လူတွေကအမေစုလောက်အမြင်မကျယ်ဘူး။
မတော်ဘူး။နိုင်င်ငံခြာသားဧည်သည်တွေလာရင် တော်ပါတော့ပြောယူရတယ်။အမေစုအမြင်ကျယ်မကျယ်
တော့မသိဘူးအခြေအနေကအမေစုကိုချုပ်နေရပြီး။မိုးကုတ်ကမေးခွန်းထုတ်တဲ့ပုဂ္ဂိုလ်လည်းဦးတင်ထွန်းမောင်
တို့ အုပ်စုနောက်လိုက်ဘို့ အထုပ်သာပြင်ထားပေတော့။

http://www.oppositeyes.info
Soe Min

Read More

ကျမတို့ လင်မယားနှစ်ယောက်မှာ ပြဿနာတစ်ခု တက်နေပါတယ်ရှင့်။ ကျမက အခုအသက် ၂၃ နှစ်ရှိပါပြီရှင့်။ ကျမတို့ မိန်းကလေး သဘာဝအရ ယောက်ျားလေးနဲ့ စပြီး နေတဲ့နေ့မှာ သွေးကျရမယ်လို့ ကျမအမျိုးသားက ပြောပါတယ်။ ကျမ အဲလိုသွေးမကျဘူးတဲ့။ အဲဒါကြောင့် ကျမကို အပျို မစစ်ဘူးလို့ ပြောပါတယ်။ ပြီးတော့ ဘယ်သူနဲ့ ဘာလုပ်ခဲ့လဲဆိုပြီး နေ့စဉ် အဲဒါကိုပဲ ပြဿနာလုပ်နေပါတယ်။ အမှန်တကယ်ကို ကျမသူနဲ့မရခင် ဘယ်သူနဲ့မှ ဘာမှမဖြစ်ခဲ့ပါဘူး။ သူ့ကို ပြောပြတော့လဲ သူကကျမကို မယုံပေးပါဘူး။ ဘာကြောင့်များ ကျမ သူများတွေနဲ့ မတူပဲ ခုလိုမျိုး ဖြစ်နေရသလဲ ဆိုတာကို ကျမအမျိုးသား ယုံအောင်ကျမမှာ ဆေးပညာ ဗဟုသုတ မရှိတဲ့အတွက် ကျမတို့ကို ကူညီပေးပါလို့ တောင်းခံပါရစေရှင့်။
“Medico-legal cases ဆေးပညာနဲ့ မှုခင်းဆိုင်ရာ အငြင်းပွါးမှု” တွေမှာ သုံးနိုင်တဲ့ Virginity of female မိန်းကလေး အပျိုစစ်ပါတယ်လို့ သက်သေပြဘို့ရာ အသုံးပြုနိုင်တဲ့အချက် (၈) ချက်ရှိတယ်။

1. Breasts of virgin အပျိုစစ်တယောက်ရဲ့ ရင်သားတွေဟာ လုံးဝန်းပြီး တင်းနေမယ်။ အလုံးတခုကို ထက်ခြမ်း ခြမ်းထားလိုရှိတယ်။ နို့သီးထိပ်ဖျားကလဲ ဖွံ့ထွားမှု မပြည့်စုံသေးဘူး။ နို့ထိပ်အရောင်ရင့် အဝိုင်းအရောင်က အသားဖြူသူတွေမှာ ပန်းရောင်၊ အသားရောင် သိပ်မဖြူရင် ညိုတိုတို၊ ဒါမှမဟုတ် အသားနက်ရင် မဲနေမယ်။

2. Labia majora မ-အင်္ဂါနှုတ်ခမ်းသား အကြီးဟာ ထူမယ်၊ တင်းတင်းရင်းရင်း ရှိတယ်၊ ဆန့်နိုင်-ကျုံ့နိုင်စွမ်း ရှိမယ်။ ဘေးအနားသတ်က လုံးဝန်းတယ်။ ဘယ်နဲ့ညာ နှုတ်ခမ်းသားတွေက (ဗဂျိုင်းနား) အဝကို လုံးဝ ဖုံးထားနေမယ်။

3. Labia minora မ-အင်္ဂါနှုတ်ခမ်းသား အသေးဟာ သေးငယ်တယ်၊ ပါးလျပြီး ပျော့ပြောင်းမယ်။ ထိကိုင်ရင် အာရုံခံအသိ သိပ်များတယ်။ အရောင်နုမယ်။ သူ့ကို မ-အင်္ဂါနှုတ်ခမ်းသား အကြီးကဖုံးထားမယ်။ (အရောင် ပိုရင့်သူတွေလဲ ရှိတယ်။ လိုတာထက် ပိုရှည်-ပိုကြီးနေသူတွေလဲ ရှိတယ်။ “Labia မ-အင်္ဂါ နှုတ်ခမ်းသား လှဘို့လိုသလား” ကို ဖတ်နိုင်ပါတယ်။)

4. Clitoris မ-အစိဟာ သေးငယ်ပြီး ပန်းရောင်ရှိမယ်။ သူ့ကို မ-အင်္ဂါနှုတ်ခမ်းသား အကြီးကနေ ဖုံးအုပ်နေမယ်။ (အရောင်က တသမတ်တည်း မဟုတ်ပါ။ အရွယ်အစားကလဲ သိသာသူရှိသလို သေးငယ်သူလဲ ရှိတယ်။ တယောက်တည်းမှာ ဆက်ဆံမှုအကြိမ် များရင်များသလို၊ အသက်ရရင်ရသလို ပိုကြီးလာမယ်။ ဟော်မုန်း ရောဂါ ရှိရင် ကျားအင်္ဂါလို ဖြစ်နေမယ်။)

5. Vaginal opening ဗဂျိုင်းနား အပေါက်ဝအကျယ်ဟာ ၁ဝ နှစ်သမီးအရွယ်မှာ လက်သန်းထိပ် လောက်သာ ဝင်လိုရမယ်။ အရွယ်ရောက် အမျိုးသမီးဆိုရင် လက်တချောင်းစာလို့ ပြောနိုင်တယ်။ ရာသီသွေးဆင်းတဲ့ အလုပ်ကိုသာ တာဝန်ထမ်းရဘူးသေးတယ်။

6. Vagina ဗဂျိုင်းနား-လှိုင်ခေါင်းဟာ တင်းကြပ်နေမယ်။ ကျဉ်းတယ်။ မျက်နှာပြင် ကြမ်းတမ်းနေမယ်။ အပေါက်ဝနဲ့ သားအိမ်အဝကြား အကွာအဝေးက တိုတိုလေးဘဲ ရှိမယ်။ ကြွက်သားနဲ့ အရွတ်တွေနဲ့ တည်ဆောက်ထားတာမို့ ဆန့်နိုင်-ကျုံ့နိုင်၊ ကျဉ်းနိုင်-ကျယ်နိုင်တယ်။ ဒါပေမဲ့ ဒီလို တခါမှ မလုပ်ဘူးသေးဘဲ အရိုင်းသက်သက် ဖြစ်နေမယ်။ သွေးမဆုံးခင်အထိ အရည်ရှိနေလို့ အမြဲတန်းလို စိုစွပ်နေတယ်။ စိုစွပ်မှု များနေချိန်မှာ ထိုးသွင်းမှုကို ပိုပြီး ခံနိုင်ရည် ရှိစေမယ်။)

7. Hymen အပျိုမှေးဟာ အရေပြား-အနုစား ဖြစ်တယ်။ ဗဂျိုင်းနားအဝကို ဖုံးနေတယ်။ ၁ မီလီမီတာ ထူတယ်။ အလည်နေရာက ပိုပါးတယ်။ ပုံမှန်ဆိုရင် အပေါက်ငယ်ငယ်လေးသာ ရှိမယ်။ အပေါက်ပုံစံက မတူကြဘူး။ ဒေါင်လိုက်၊ အဝိုင်း၊ လခြမ်းပုံ၊ အနားမညီမညာ ရှိမယ်။ ဒီပုံစံအားလုံးက ပုံမှန်ဖြစ်ပါတယ်။ (တကယ်လို့ ထိခိုက်မှု၊ ထိုးသွင်းမှု၊ ဆက်ဆံမှု တခုခုရှိရင် စုပ်ပြဲသွားမယ်။ စုပ်ပြဲမှုကလဲ ဒဏ်အပေါ်မှာ မူတည်တယ်။ ဒဏ်ပြင်းတာ၊ ထိုးသွင်းတဲ့အရာ ကြီးတာ၊ ထိုးသွင်းမှု အရှိန်-အကြိမ်တွေ အပေါ် မူတည်တယ်။ စုတ်ပြဲချိန်မှာ နာမယ်။ ဒဏ်တူတာဖြစ်ပေမဲ့ အနာခံနိုင်စွမ်း မတူကြဘူး။ အတော်များများ အပျိုလေးတွေ ပဌမအကြိမ်ဆက်ဆံရင် မျက်ရည်ကျတဲ့အထိ နာတယ်။ သွေးထွက်မယ်။ တကယ်လို့ သေးတာ၊ နည်းတာနဲ့ ကြုံဘူးထားရင် စပြီး ဆက်ဆံတဲ့အခါ နဲနဲသာနာမယ်၊ နဲနဲသာ သွေးထွက်မယ်၊ သွေးမထွက်တာလဲ ဖြစ်နိုင်တယ်။)

8. Fourchette commissure မ-အင်္ဂါနှုတ်ခမ်းသား အကြီးနှစ်ခု အောက်ဖက်မှာ ဆုံတဲ့နေရာကို ခေါ်တယ်။ ဒီ အရေပြား-အနုစားလေးက စုပ်ပြဲမသွားသေးဘဲ မိမွေတိုင်း ရှိနေရတယ်။ (ဒီအချက်က Hymen အပျိုမှေးလို အရေးပါပေမဲ့ လူပြော သိပ်မများဘူး။ မွေးလမ်းကနေ ကလေး မမွေးဘူးသူတိုင်း တင်းတင်းရင်းရင်း ရှိနေတယ်။)

အပျိုစစ်ပါတယ်လို့ သက်သေပြဘို့ရာ “အသုံးပြုနိုင်တယ်” လို့ ပြောတာဟာ ဒါနဲ့ မကိုက်ရင်တော့ မဟုတ်ပါဘူးလို့ ဘယ်သူက အဆုံးအဖြတ်ကို ပေးမှာလဲ။
မြန်မာပြည် တရားခွင်မှာ ဆရာဝန်တွေက (သိရသလောက်တော့) ထွက်ချက် မပေးရပါ။ ခင်ပွန်းလောင်းက ထည့်စဉ်းစားနိုင်ပေမဲ့ ကံသေကမ္မ ပြောမရလို့ ချွင်းချက် ထားသင့်တယ်။ ဒီလို အဆုံးအဖြတ်မျိုးဟာ မိန်းကလေးတယောက်ရဲ့ တကယ့် ကိုယ်ပိုင် ပိုင်ဆိုင်မှု အစစ်ဖြစ်တယ်။ ကံဆိုးသူတွေမှာ ဒီဝိသေသဟာ (မေးတဲ့သူလို) တကယ့်ပြဿနာ ဖြစ်လာနိုင်တယ်။

Definitions of virginity loss အပျိုရည်ပျက်ခြင်း အဓိပ္ပါယ်ဖွင့်ဆိုချက်များ
"Virginity (ဗာဂျင်နတီ) အပျိုစစ်" ဆိုတာ Sexual intercourse လိင်ဆက်ဆံမှု တခါမှမရှိသေးတာကို ခေါ်တယ်။ လိင်ဆက်ဆံမှုဆိုတာ အစဉ်အလာ လက်ခံထားတဲ့ အချက်ကတော့ Vaginal penetration with penis (ဗဂျိုင်းနား) ထဲကို ကျား-လိင်အဂ်ါ ထိုးသွင်းနည်းနဲ့ ဆက်ဆံတာကို အလိုတူဖြစ်ဖြစ်၊ အလိုမတူဖြစ်ဖြစ် အနည်းဆုံးတကြိမ် ရှိဘူးတာကို ခေါ်တယ်။ “Vagina-virginity (ဗဂျိုင်းနား) က (ဗားဂျင်း) ဖြစ်တယ်” လို့ အတိအကျခေါ်တယ်။

မေးဘို့ လိုသေးတာက ပါးစပ် သုံးနည်း တခုထဲသာ ရှိဘူးတာလား၊ စအိုနည်းတခုတည်းဆိုလဲ ထည့်ရမှာဘဲ။ ယောက်ျားနဲ့ဖြစ်ဖြစ် Lesbians မိန်းကလေးချင်း ဖြစ်ဖြစ် (မာစတာဘေးရှင်း) လုပ်ဘူးတာလား။ ဒီအမျိုးအစားတွေသာ ရှိတာကို “Physiological virginity ဇီဝကမ္မ-အပျိုစစ်” လို့ ခေါ်တယ်။

(မာစတာဘေးရှင်း) မှာလဲ ဗဂျိုင်းနားထဲကို ထိုးသွင်းဘူးတာက ဘာနဲ့လဲ။ ဥပမာ Dildo ခေါ်တဲ့ ကျား-လိင်အင်္ဂါအတုကို ထည့်သွင်းဘူးတာ၊ လက်နဲ့သာ (မာစတာဘေးရှင်း) လုပ်တာလား။ ၂ မျိုးလုံးကိုလဲ အပျိုရည်ပျက်စာရင်းထဲ ထည့်သွင်းလေ့ မရှိပါ။

အမေရိကားမှာ ၁၉၉ဝ နောက်ပိုင်း “Technically virgin နည်းလမ်းအရ ပြောရရင် အပျိုပါဘဲ” ဆိုတဲ့ ဖွင့်ဆိုချက်က ခေတ်စားလာတယ်။ သမားရိုးကျ လိင်ဆက်ဆံမှုတော့ မပြုဘူး၊ တခြားနည်းနဲ့သာ သာယာမှု ရှာတာပါလို့ လျှောက်လဲချက်ဖြစ်တယ်။ အဲဒါလောက်သာ လုပ်တာမို့ ကျမလဲ အပျိုစာရင်း ဝင်ပါတယ်လို့ ပြောတာကို Virginity pledges ခေါ်တယ်။ (ယေးလ်) တက္ကသိုလ်က ပညာရှင် Peter Bearman နဲ့ Hannah Brueckner တို့က အဲလို အပျိုစာရင်း ဝင်ပါတယ်လို့ ပြောထားသူတွေကို နောက် ၅ နှစ်နေတော့ ဆန်းစစ်တဲ့အခါ (STDs) လိင်ကတဆင့် ကူးစက်ရောဂါ ဖြစ်နှုန်းက အဲလို မပြောသူတွေနဲ့ အတူတူဘဲရှိကြတာ တွေ့ရတယ်။

လိင်ဆက်ဆံမှု မရှိဘဲလဲ အထက်ကရေးခဲ့တဲ့ အချက်တချို့ ပျက်ယွင်း နေနိုင်တယ်။ ဥပမာ စက်ဘီးစီးတာ၊ မြင်းစီးတာ၊ အားကစား ပြင်းပြင်းထံထံ လုပ်တာ၊ ဂျွမ်းဘားကစားတာတွေ ပါတယ်။ ဒီလိုကြောင့် အပျိုမှေး ပေါက်ပြဲမယ်ဆိုရင် မိန်းကလေး ကိုယ်တိုင်တောင်မှ စုပ်ပြဲသွားခဲ့တာကို သိချင်မှသိမယ်။ ဒီမိန်းကလေးမျိုးဟာ တကယ်တန်း ယောက်ျားနဲ့ ဆက်ဆံတဲ့ ပဌမဆုံး အကြိမ်မှာ သွေးထွက်ချင်မှ ထွက်မယ်။ ဒါမျိုးကို အပျိုရည်ပျက်ယွင်းတယ်လို့ သတ်မှတ်တာ တရားပါသလား။

ထင်မြင်ချက်တခုက မိန်းကလေး မွေးကတည်းက အပျိုမှေး ပါမလာကော မဖြစ်နိုင်ဘူးလား။ ဒီထောက်ပြချက်ဟာ မမှန်ပါ၊ မိန်းကလေးတိုင်းမှာ မွေးကတည်းက အပျိုမှေးဟာ လုံလောက်အောင် ရှိနေနိုင်တဲ့ အကျန်အကြွင်းတခု ဖြစ်ပါတယ်။ Imperforate hymen အပျိုမှေး ပေါက်မနေတာသာ ဖြစ်နိုင်တယ်။ ဒီလိုဖြစ်နေသူတိုင်းကိုတော့ Hymenotomy လုပ်ပေးရမယ်။ တချို့ အမျိုးသမီးတွေက ဘယ်နည်းနဲ့ ပေါက်သွားသွား Hymenorrhaphy or Hymenoplasty ခွဲစိတ်နည်းနဲ့ ပြုပြင်ကြပြီးသကာလ "Born again virginity ပြန်လည်ရှင်လာသော အပျိုဖြစ်ခြင်း" လို့ ခေါ်ကြတယ်။

မိန်းကလေးတယောက်မှာ ယောက်ျားနဲ့ ပဌမဆုံး လိင်ဆက်ဆံမှုရှိသွားပြီဆိုတဲ့ အချက်ကို ယဉ်ကျေးမှု အများစုမှာ "ပုဂ္ဂိုလ်ရေး သမိုင်းမှတ်တိုင်တရပ်" လို့ အလေးအနက် သဘောထားကြတယ်။ ဘာအဓိပ္ပါယ် ဆောင်ပါသလဲ။ Saving oneself ကိုယ့်အပျိုရည်ကို ထိန်းထားနိုင်စွမ်းရှိသူ။ Losing one's virginity ကိုယ့်အပျိုဘဝကို ပေးအပ်လိုက်သူ။ Taking someone's virginity အပျိုရည်ဘဝတခုကို ရယူလိုက်သူ။ Deflowering ပန်းကောင်း အညွန့်ချိုးခြင်း စသဖြင့် သုံးစွဲကြတယ်။ ဒီလိုဖြစ်သွားသူတယောက်ဟာ “ဖြူစင်မှု၊ တည်ကြည်မှု၊ သန့်စဉ်မှု ကုန်ဆုံးသွားပြီ” လို့ တချို့က ဆိုကြတယ်။ ဘာသာရေးတချို့ကလဲ အဲလိုယူတာဘဲ။

တချို့အသိုင်းအဝိုင်းတွေမှာ အပျိုစစ်ဖြစ်ခြင်းကို "ဂုဏ်တရပ်၊ ဖြစ်နိုင်ရင် အသက်နဲ့လဲပြီး ထိန်းသိမ်းကာကွယ်ရမဲ့ ကိုယ်ပိုင်တန်ဘိုးတရပ်" လို့ ယူဆကြတယ်။ မိန်းမအင်္ဂါထဲကို Tampon, Menstrual cup လို ရာသီလာတဲ့အခါ သုံးတဲ့ပစ္စည်း ထည့်သွင်းတာအပြင် Medical examinations မျိုးပွါးလမ်းကြောင်းထဲ လက်-ကရိယာ ထည့်ပြီး ဆေးစစ်တာကိုပါ တချို့က လက်သင့်မခံချင်ကြဘူး။ ဒီအချက်ကိုတော့ သဘောမတူပါ။

၂ နှစ်အတွင်း မွေးကာစ မိန်းကလေး ၂ ယောက်ထက်မနည်း မွေးကတည်းက (ဗဂျိုင်းနား) ပိတ်နေတာကို မိဘတွေကသိလို့ လာပြတယ်။ ထုံဆေးလေးနဲ့ အပေါက်ငယ်လေး လုပ်ပေးလိုက်တယ်။ ဒီမိန်းကလေးတွေကို ဘယ်သူ ဘယ်ဝါ ဖြစ်တယ်လို့ ဆရာဝန်က သူများမပြောပါ။ မိဘတွေကလဲ သူတို့သမီးလေးတွေ ဒီလို လုပ်ထားတယ်လို့ ပြောမယ် မထင်ပါ။ ဒီတော့ မိန်းကလေးတွေ ကိုယ်တိုင်လဲ သိနိုင်ကြမယ် မဟုတ်ပါ။ တခြားမှာလဲ ဒီလို လုပ်ထားသူတွေ ရှိပါမယ်။ ဖေါက်ပေးလိုက်တာက လိုတာထက် ကျယ်သွားရင် ဒီမိန်းကလေးမျိုး မင်္ဂလာဦးမှာ နာတာ၊ သွေးထွက်တာ မဖြစ်နိုင်ပါ။ အချိန်တန်ပေမဲ့ ရာသီမလာနိုင်လို့ အပျိုမှေး အပေါက်ပိတ်တာကို ခွဲစိတ်ပေးရင်လဲ ဒီလိုဘဲရှိမယ်။

အပျိုဖြစ်ခြင်းရဲ့ တန်ဘိုးကို ငွေကြေးနဲ့ဖြတ်တာဟာ ကိုယ်ခန္ဓာကိုရင်းပြီး စီးပွါးရှာတဲ့နေရာမှာ သိသာတယ်။
အပျိုမဟုတ်သူ တယောက်ရဲ့ တညတာ သတ်မှတ်ချက်ထက် အပျိုတယောက်ကို အနည်းဆုံး (၁ဝ) ဆ ထားလေ့ရှိတယ်။ တကယ်တော့ တညဟာ တဘဝတာ ပြီးဆုံးခြင်းသာ ဖြစ်ပါတယ်။ ဂျပန်မှာ (ဂေးရှား) မယ်လေးတွေရဲ့ အပျိုဘဝကို Mizuage ခေါ်တဲ့ ပွဲလမ်းသဘင်မှာ (လော့ဒ်) တွေက ရယူခွင့်ရှိတယ်။ ပိုက်ဆံပေးရင်တော့ ချမ်းသာခွင့် ပေးတာလဲရှိသတဲ့။ ပုဂံခေတ်ဦး အရည်းကြီးတွေလဲ ဒီသဘော လုပ်ခဲ့ကြတယ်။ စေတနာနဲ့ ပညာပေးတာလို့ ဆိုပါတယ်။ ထေရဝါဒ ဗုဒ္ဓဘာသာနဲ့ ဘုရင်အနော်ရထာ ကျေးဇူးနဲ့ ပန်းဦးလွှတ်တဲ့ အကျင့်ပျောက်ကွယ်စေခဲ့တယ်။

Proof of virginity အပျိုစစ် သက်သေခံချက်
တချို့အသိုင်းအဝိုင်းတွေမှာ သတို့သမီးဘက်က အပျိုစစ်ပါတယ်ဆိုတာ သက်သေပြနိုင်ဘို့ လိုတယ်။ Intact hymen အပျိုမှေးရှိနေတယ်ဆိုတဲ့ Certificate of virginity ဆရာဝန် ထောက်ခံချက် လိုတယ်။ ဒါမှမဟုတ် အပျိုမှေးပေါက်သွားလို့ ထွက်တဲ့သွေး Nuptial blood-spotted bed sheet အိပ်ယာခင်းမှာ သွေးစွန်းတာ ပြရတယ်။

Virginity test ဆိုတာလဲ ရှိပါတယ်။ အပျိုမှေးကို စစ်ဆေးတာပါဘဲ။ မတိကျဘူးလို့ အငြင်းပွါးကြပါတယ်။
၂၃-၁၁-၂ဝ၁၁ နေ့က AI လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ကြီးက လူ့အခွင့်အရေး ချိုးဖေါက်တာလို့ ထောက်ပြဘူးတယ်။ ၂ဝ၁၁ အီဂျစ်တော်လှန်ရေးကာလမှာ စစ်တပ်ကနေ အဓမ္မပြုကျင့်ခံရတယ်လို့ဆိုသူ အမျိုးသမီးတွေကို ထိန်းသိမ်း ထားတုံးမှာ Virginity test လုပ်ခဲ့တာကို ဝန်ခံပြီး ၂၇-၁၂၂ဝ၁၁ မှာ ဒီလိုလုပ်တာကို အစိုးရက တားမြစ်လိုက်ပါတယ်။ ဗြိတိန်မှာလဲ လုပ်ဘူးသေးတယ်။ Fiancee visa သတို့သမီးလောင်း (ဗီဇာ) လို့ ခေါ်တယ်။ ၁၉၇၉ ဇန္နဝါရီလထဲမှာ မင်္ဂလာဆောင်ဘို့ ဝင်လာသူ အမျိုးသမီးတယောက်ကို Virginity test လုပ်စေခဲ့တယ်။ နောက်တော့ ပြင်လိုက်ပါတယ်။ အိန္ဒိယမှာလဲ အဓမ္မ ကျင့်ခံရပါတယ်လို့ ပြောသူတိုင်းကို ဒီလိုဆေးစစ်တာမျိုး ၂၉-၁-၂ဝ၁၂ နေ့အထိ လုပ်ခဲ့တယ်။

အပျိုမှေးစစ်တာအပြင် Laxity of vaginal muscles ဗဂျိုင်းနား ကြွက်သားတွေ တင်းမာမှုအခြေအနေကို လက် ၂ ချောင်းစမ်းသပ်နည်းနဲ့ လုပ်တယ်။ ရုပ်ရှင်တကားမှာ ပါတယ်။
ဒီနည်းက တိကျမှုမရှိတာကိုလဲ ငြင်းကြပါတယ်။ အာဖရိက နိုင်ငံတချို့မှာ ငယ်ငယ်ကလေးကတည်းက မ-အင်္ဂါ နှုတ်ခမ်းသား အကြီးနှစ်ခုကို ဆွဲချုပ်ပေးတာကို Infibulation ခေါ်တယ်။ မင်္ဂလာမဆောင်ခင် ချုပ်ကြိုး အစစ်ခံကြရတယ်။ ဒီအလေ့အကျင့်မျိုးတွေကို ခေတ်မီသူတွေက ရှုတ်ချကြတယ်။ ဒါပေမဲ့ ၂ဝဝ၄ မှာ (ဇင်ဘာဘွေ) ခေါင်းဆောင်တဦးက ဒီလိုလုပ်တာကြောင့် HIV ကူးစက်တာကို သက်သာစေတယ်လို့ ပြောတော့ မငြင်းနိုင်ကြဘူး။

အမျိုးသမီး အများစုဟာ ယောက်ျားနဲ့ ပဌမဆုံး လိင်ဆက်ဆံရင်
- အပျိုမှေးပေါက်သွားလို့ သွေးထွက်မယ်၊ ၁-၃ ရက်အထိ နည်းနည်းထွက်မယ်။
- မ-အင်္ဂါ ဖူးရောင်နေမယ်၊ ၁-၃ ရက်ကြာ နာနေမယ်။
- ၃ ရက်ထက် ပိုကြာနေရင်၊ သွေးဆင်းတာလဲ များမယ်ဆိုရင် ဆရာဝန်ပြပါ။

"Romantic love စိတ်လှုတ်ရှားမှုက ရတဲ့အချစ် နဲ့ Sexual jealousy လိင်ပိုင်းဆိုင်ရာ သဝန်တိုမှုဟာ Universal features of human relationships နေရာတကာမှာ မှန်ကန်တဲ့ လူမှုဆက်ဆံရေး ဖြစ်တယ်" လို့ ဆိုရှယ်-စိတ္တဗေဒ ပညာရှင်တွေက ဆိုကြပါတယ်။
Dr. တင့်ဆွေ
http://shwenaingan.blogspot.com/2013/11/virginity-2.html

Read More
Posted by Unknown on
Related Posts Plugin for WordPress, Blogger...

Arakan Media Group

Popular Posts

Blog Archive