စစ်တွေ ၊ ၃၁ မတ်လ ၂၀၁၄ ၊ Coral Arakan News ၊ [ ဓါတ်ပုံသတင်း ]
ဓါတ်ပုံရည်ညွှန်းစာသား - ရခိုင်နှစ်ပါတီ ပေါင်းစည်းပြီး အသစ်ဖြစ်ပေါ်လာသည့် ရခိုင်အမျိုးသားပါတီ (ANP) ၏ ဗဟိုဌာနချုပ် ဖြစ်လာတော့မည့် ယခင် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) ၏ ဗဟိုဌာနချုပ် ဆိုင်းဘုတ်ကို ယနေ့ နေ့လယ် (၁၂)နာရီ (၁၅) မိနစ်က ချနေကြစဉ်။
ဖဆပလခေတ်တွင် ရခိုင်ပြည်နယ်ရရှိရေးအတွက် တောင်းဆိုတိုက်ပွဲဝင်ခဲ့သည့် ရတညပါတီ မှလွဲ ၍ ရခိုင်လူမျိုးတို့၏ သမိုင်းတွင် ဗမာနောက်မြီးဆွဲ မဟုတ်သည့် မြေပေါ် ရခိုင်ပါတီမှာ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) ဖြစ်သည်။
၂၀၀၈ ဖွဲ့စည်းပုံကို အတည်ပြုအပြီး ၂၀၁၀ ရွေးကောက်ပွဲမတိုင်မီကာလတွင် (ထိုစဉ်က ဖျက်သိမ်းထားခံရသည့်) ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD က ပြည်မပါတီကြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ NO VOTE မူ အား လိုက်နာကာ ပါတီပြန်ထောင်ရွေးကောက်ပွဲဝင်ခြင်းမပြုရန် ဆုံးဖြတ်ထားကြရာ၊ ပြောရေးဆိုခွင့် လုံးဝကင်းမဲ့နေသော ရခိုင်လူမျိုးတို့အတွက် ခွေးတိုးပေါက်နိုင်ငံရေး ဟုပင်ဆိုဆို ဖြစ်ပေါ်လာသည့် နိုင်ငံရေး အခင်းအကျင်းတွင် ပါဝင်မှဖြစ်မည်ဟု ဆရာဦးလှစော ၊ ဦးခင်မောင်ကြီး အစရှိသည့် ရခိုင်နိုင်ငံရေးလှုပ်ရှားသူများက သုံးသပ်ဆုံးဖြတ်ကာ RNDP ပါတီကို တည်ထောင်ခဲ့ကြသည်။
ယခု RNDP နှင့် ALD တို့ နှစ်ပါတီပူးပေါင်းကာ အသစ်ဖြစ်ပေါ်လာသော ရခိုင်အမျိုးသားပါတီ ၏ ဗဟိုအလုပ်အမှုဆောင် ကော်မီတီ တွင် RNDP ပါတီဖက်မှ ပါဝင်ရန် RNDP ဗဟိုကော်မီတီက ရွေးချယ်တင်မြှောက်ပေးခဲ့သဖြင့် ပါဝင် ဦးဆောင်နေသူ (၁၅) ဦး စာရင်းမှာ အောက်ပါအတိုင်း ဖြစ်သည်။
(၁) ဒေါက်တာအေးမောင်
(၂) ဦးဦးလှစော
(၃) ဦးခိုင်ပြည်စိုး
(၄) ဦးဖေသန်း
(၅) ဒေါ်အေးနုစိန်
(၆) ဦးသာထွန်းလှ
(၇) ဦးဇော်အေးမောင်
(၈) ဦးကျော်ဇောဦး
(၉) ဦးခိုင်ကျော်မိုး
(၁၀) ဦးခင်မောင်ကြီး
(၁၁) ဦးစံကျော်လှ
(၁၂) ဦးဖိုးမင်း
(၁၃) ဦးခိုင်ကောင်းစံ
(၁၄) ဦးထွန်းအောင်ကျော်
(၁၅) ဦးဘရှိန်
လာမည့် ဧပြီလ (၄) ရက်နေ့ နံနက် ကိုးနာရီ လေးဆယ့်ငါးမိနစ်တွင် ANP ပါတီ၏ ဗဟိုဌာနချုပ် ဆိုင်းဘုတ် ကို ယခင် RNDP ဗဟိုဌာနချုပ် ဆိုင်းဘုတ်နေရာတွင် ပြန်လည် တင် ကြမည် ဖြစ်ပါသည်။
မြန်မာပြည်မနိုင်ငံရေးကို ပိုမိုအားသန်သည့် ALD နှင့် မြေပြင်တွင် လူထုနှင့်ထဲထဲဝင်ဝင် ထိတွေ့ကာ အမျိုးသားရေး လူထုနိုင်ငံရေးတွင် ဦးဆောင်လာခဲ့သည့် RNDP တို့ နှစ်ဘက်မှ ပါလာသော အားသာချက်များ ပေါင်းစည်းကာ ရခိုင်လူမျိုးတို့အကျိုးကို ဆထက်ထံပိုး သယ်ပိုးနိုင်ပါစေကြောင်း Coral Arakan News က ဆုမွန်ကောင်း တောင်းအပ်ပါသည်။
Coral Arakan News

![Photo: ANP ဆိုင်းဘုတ်တင်ရန်အတွက် RNDP ဗဟိုဌာနချုပ် ဆိုင်းဘုတ်ကို ချသည့် သမိုင်းဝင် အခိုက်အတန့် =================== စစ်တွေ ၊ ၃၁ မတ်လ ၂၀၁၄ ၊ Coral Arakan News ၊ [ ဓါတ်ပုံသတင်း ] ဓါတ်ပုံရည်ညွှန်းစာသား - ရခိုင်နှစ်ပါတီ ပေါင်းစည်းပြီး အသစ်ဖြစ်ပေါ်လာသည့် ရခိုင်အမျိုးသားပါတီ (ANP) ၏ ဗဟိုဌာနချုပ် ဖြစ်လာတော့မည့် ယခင် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) ၏ ဗဟိုဌာနချုပ် ဆိုင်းဘုတ်ကို ယနေ့ နေ့လယ် (၁၂)နာရီ (၁၅) မိနစ်က ချနေကြစဉ်။ ဖဆပလခေတ်တွင် ရခိုင်ပြည်နယ်ရရှိရေးအတွက် တောင်းဆိုတိုက်ပွဲဝင်ခဲ့သည့် ရတညပါတီ မှလွဲ ၍ ရခိုင်လူမျိုးတို့၏ သမိုင်းတွင် ဗမာနောက်မြီးဆွဲ မဟုတ်သည့် မြေပေါ် ရခိုင်ပါတီမှာ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) ဖြစ်သည်။ ၂၀၀၈ ဖွဲ့စည်းပုံကို အတည်ပြုအပြီး ၂၀၁၀ ရွေးကောက်ပွဲမတိုင်မီကာလတွင် (ထိုစဉ်က ဖျက်သိမ်းထားခံရသည့်) ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD က ပြည်မပါတီကြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ NO VOTE မူ အား လိုက်နာကာ ပါတီပြန်ထောင်ရွေးကောက်ပွဲဝင်ခြင်းမပြုရန် ဆုံးဖြတ်ထားကြရာ၊ ပြောရေးဆိုခွင့် လုံးဝကင်းမဲ့နေသော ရခိုင်လူမျိုးတို့အတွက် ခွေးတိုးပေါက်နိုင်ငံရေး ဟုပင်ဆိုဆို ဖြစ်ပေါ်လာသည့် နိုင်ငံရေး အခင်းအကျင်းတွင် ပါဝင်မှဖြစ်မည်ဟု ဆရာဦးလှစော ၊ ဦးခင်မောင်ကြီး အစရှိသည့် ရခိုင်နိုင်ငံရေးလှုပ်ရှားသူများက သုံးသပ်ဆုံးဖြတ်ကာ RNDP ပါတီကို တည်ထောင်ခဲ့ကြသည်။ ယခု RNDP နှင့် ALD တို့ နှစ်ပါတီပူးပေါင်းကာ အသစ်ဖြစ်ပေါ်လာသော ရခိုင်အမျိုးသားပါတီ ၏ ဗဟိုအလုပ်အမှုဆောင် ကော်မီတီ တွင် RNDP ပါတီဖက်မှ ပါဝင်ရန် RNDP ဗဟိုကော်မီတီက ရွေးချယ်တင်မြှောက်ပေးခဲ့သဖြင့် ပါဝင် ဦးဆောင်နေသူ (၁၅) ဦး စာရင်းမှာ အောက်ပါအတိုင်း ဖြစ်သည်။ (၁) ဒေါက်တာအေးမောင် (၂) ဦးဦးလှစော (၃) ဦးခိုင်ပြည်စိုး (၄) ဦးဖေသန်း (၅) ဒေါ်အေးနုစိန် (၆) ဦးသာထွန်းလှ (၇) ဦးဇော်အေးမောင် (၈) ဦးကျော်ဇောဦး (၉) ဦးခိုင်ကျော်မိုး (၁၀) ဦးခင်မောင်ကြီး (၁၁) ဦးစံကျော်လှ (၁၂) ဦးဖိုးမင်း (၁၃) ဦးခိုင်ကောင်းစံ (၁၄) ဦးထွန်းအောင်ကျော် (၁၅) ဦးဘရှိန် လာမည့် ဧပြီလ (၄) ရက်နေ့ နံနက် ကိုးနာရီ လေးဆယ့်ငါးမိနစ်တွင် ANP ပါတီ၏ ဗဟိုဌာနချုပ် ဆိုင်းဘုတ် ကို ယခင် RNDP ဗဟိုဌာနချုပ် ဆိုင်းဘုတ်နေရာတွင် ပြန်လည် တင် ကြမည် ဖြစ်ပါသည်။ မြန်မာပြည်မနိုင်ငံရေးကို ပိုမိုအားသန်သည့် ALD နှင့် မြေပြင်တွင် လူထုနှင့်ထဲထဲဝင်ဝင် ထိတွေ့ကာ အမျိုးသားရေး လူထုနိုင်ငံရေးတွင် ဦးဆောင်လာခဲ့သည့် RNDP တို့ နှစ်ဘက်မှ ပါလာသော အားသာချက်များ ပေါင်းစည်းကာ ရခိုင်လူမျိုးတို့အကျိုးကို ဆထက်ထံပိုး သယ်ပိုးနိုင်ပါစေကြောင်း Coral Arakan News က ဆုမွန်ကောင်း တောင်းအပ်ပါသည်။ Coral Arakan News](https://fbcdn-sphotos-d-a.akamaihd.net/hphotos-ak-ash3/t31.0-8/p600x600/1504405_764475256905384_680120770_o.jpg)
0 comments