စစ်တကောင်း ဘာသာရေး ကျောင်းတစ်ခုတွင် ဗုံးကွဲ၍ ကျောင်းသား ၇ ဦး ဒဏ်ရာရ

(နိရဉ္စရာ- ၈ အောက်တိုဘာ ၂၀၁၃)
ဗုံးကွဲပြီးနောက် တွေ့ရစဉ်။ (ဓါတ်ပုံ- Star)
ဗုံးကွဲပြီးနောက် တွေ့ရစဉ်။ (ဓါတ်ပုံ- Star)
ရခိုင်ပြည်နယ်နဲ့ ကပ်ရပ် တည်ရှိတဲ့ ဘင်္ဂလာဒေခ်ျ့နိုင်ငံ စစ်တကောင်းမြို့က အစ္စလာမ်မစ် ဘာသာရေး ကျောင်း တစ်ခုမှာ ဗုံးပေါက်ကွဲခဲ့တဲ့ အတွက် အနည်းဆုံး ကျောင်းသား (၇) ဦး ဒဏ်ရာ ရရှိသွားတယ်လို့ ဒီကနေ့ထုတ် The Daily Star သတင်းစာမှာ ဖေါ်ပြပါတယ်။
ဗုံးပေါက်ကွဲတဲ့ စာသင်ကျောင်းဟာ အစ္စလာမ်မစ် အဖွဲ့တစ်ခု ဖြစ်တဲ့ Hefajat ခေါင်းဆောင် တစ်ဦးရဲ့ ကျောင်းဖြစ်တယ်လို့ ပြောပါတယ်။
ဘင်္ဂလာဒေခ်ျ့ ရဲတပ်ဖွဲ့က ဗုံးပေါက်ကွဲပြီးတဲ့ နောက်ပိုင်း မနေ့ နေ့လယ်က အဲဒီကျောင်းကို ၀င်ရောက် စီးနှင်းရာမှာ ပေါက်ကွဲစေတတ်တဲ့ ဗုံးနဲ့ ဆက်စပ်တဲ့ ပစ္စည်းတွေ အပါအ၀င် သဲလွန်စတွေ အများကြီး သိမ်းဆည်းရမိတယ်လို့ သတင်းစာက ဖေါ်ပြပါတယ်။
ဒါ့အပြင် လက်လုပ်ဗုံး အလုံး (၃၀) ကိုလည်း စတိုအခန်း တစ်ခုထဲမှာ တွေ့ရပြီး အဲဒီအခန်းထဲမှာဘဲ ပေါက်ကွဲမူ ဖြစ်ပွားခဲ့တာ ဖြစ်တယ်လို့ ရဲတပ်ဖွဲ့ကို ကိုးကားပြီး သတင်းစာက ပြောပါတယ်။
ဘာသာရေး ကျောင်းအတွင်း ဗုံးကွဲမူနဲ့ ပတ်သက်ပြီး ဆရာအချို့နဲ့ ကျောင်းသား အချို့ကိုလည်း ရဲတပ်ဖွဲ့က ထိန်းသိမ်းလိုက်ပြီး အနည်းဆုံး လူ (၄) ဦး ဖမ်းဆီးခံခဲ့ရတယ်လို့ ပြောပါတယ်။
နေ့လယ်က ၀င်ရောက်စီးနှင်းပြီး ရှာဖွေမူ ပြုလုပ်တာဟာ ညဥ့်  ၁၀ နာရီမှာမှ ပြီးဆုံးခဲ့တယ်လို့ ဆိုပါတယ်။
ပေါက်ကွဲမူဟာ ယမန်နေ့ နံနက် ၁၁ နာရီ ခွဲခန့်မှာ ဖြစ်ပွားခဲ့တာ ဖြစ်ပြီး ဘေးပတ်ဝန်းကျင်က လူတွေ ပေါက်ကွဲမူကို ကြားခဲ့ရတယ်လို့ ပြောပါတယ်။ ပတ်ဝန်းကျင်က လူတွေ ပေါက်ကွဲသံကြောင့် ကျောင်းအနီး စုရုံး ရောက်ရှိလာရာမှာ ၀င်ရောက်ခွင့် မပေးခဲ့ဘူးလို့ သိရပါတယ်။
နောက်ဖြစ်စဉ် တစ်ခုမှာတော့ တရားမ၀င် အဖွဲ့လို ကျေညာထားတဲ့ အစ္စလာမ်မစ် စစ်သွေးကြွ အဖွဲ့ တစ်ခုက အဖွဲ့ဝင် ၄ ဦးကို ပစ္စတို တစ်လက်၊ ၎င်းကျည်ဆံ ၃၁ တောင့် အပါအ၀င် အခြား အမျိုးအစား ကျည်ဆံ ၁၁၃၅ နဲ့ အတူ ဖမ်းဆီးးရမိခဲ့တယ်လို့ အဲဒီ သတင်းစာမှာဘဲ ဖေါ်ပြထားပါတယ်။

Posted by Unknown on Wednesday, October 9, 2013

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

Arakan Media Group

Popular Posts

Blog Archive