(နိရဉ္စရာ- ၁၀ အောက်တိုဘာ ၂၀၁၃)
ရှာဖွေတွေ့ရှိထားသော အလောင်းကို သံတွဲ ဆေးရုံသို့ မယူမီ တွေ့ရစဉ်။ ( ဓါတ်ပုံ-  Share Arakan News)
ရှာဖွေတွေ့ရှိထားသော အလောင်းကို သံတွဲ ဆေးရုံသို့ မယူမီ တွေ့ရစဉ်။ ( ဓါတ်ပုံ- Share Arakan News)
အောက်တိုဘာလ ၁ ရက်နေ့က တောင်ကုတ်မှ သံတွဲသို့  သုံးဘီး တက္ကစီဖြင့် အသွား အကြမ်းဖက် အုပ်စု တစ်ခု၏ တိုက်ခိုက်ခြင်းကို ခံရ၍ သေဆုံးသွားသူ လူငယ် (၂) ဦး၏ အလောင်းကို မနေ့က ပြန်လည် ရှာဖွေ တွေ့ရှိခဲ့သည်ဟု သံတွဲ လူမူ ကွန်ယက် ဥက္ကဌ ကိုစိန်ချစ်က ပြောသည်။
သေဆုံးသွားသူ လူငယ် (၂) ဦးမှာ ဖိုးတာ (ခေါ်) မောင်မောင်ဝင်း(၂၀) နှစ် နှင့် ရာဇာ (ခေါ်) မင်းခိုင်ရွှေ (၂၉) နှစ်တို့ ဖြစ်ကြပြီး သူတို့မှာ ရခိုင် ဗုဒ္ဓဘာသာများ ဖြစ်ကြသည်ဟု သူက ဆိုသည်။
သူတို့ နှစ်ဦးသည် တခြားသူ ၄ ဦးနှင့် အတူ အောက်တိုဘာလ ၁ ရက်နေ့က ဆိုင်ကယ် တက္ကစီနှင့် တောင်ကုတ်မှ သံတွဲအလာတွင် လင်းသီ မူဆလင်ရွာသားများ၏ ၀ိုင်းဝန်းတိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။ ယင်းနောက်ပိုင်းကတည်းက သူတို့ နှစ်ဦးမှာ ပျောက်ဆုံးသွားခဲ့သည်ဟု သူက ပြောသည်။
ကျန် ၄ ဦးမှာ ဒဏ်ရာဖြင့် ထွက်ပြေး လွှတ်မြှောက်ခဲ့ပြီး ဒဏ်ရာ ပြင်းထန်သဖြင့် သံတွဲဆေးရုံသို့ ပို့ဆောင်ခဲ့ရသည်။
“ သူတို့ အလောင်းကို မနေ့က မူဆလင်သချိုင်္င်းမှာ မြုပ်နှံထားတာကို  ရဲက ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ကျနော်တို့ကတော့ ဥပဒေအတိုင်း ထိရောက်စွာ ဆောင်ရွက်ပေးဖို့ပါဘဲ။ ဒါလောက်ဘဲ ပြောချင်ပါတယ်” ဟု ကိုစိန်ချစ်က ပြောသည်။
ယခုအခါ အဆိုပါ လူသတ် တိုက်ခိုက်မူနှင့် ပတ်သက်သူ လင်းသီ ရွာသား မူဆလင် (၁၀) ယောက်ခန့်ကို သံတွဲရဲက ဖမ်းဆီး ထားပြီး စစ်ဆေး မေးမြန်းနေသည်ဟု သိရသည်။
သံတွဲရဲစခန်းသို့ ဆက်သွယ် မေးမြန်းရာ အဆိုပါ အမူကို ရွှေလှေ ရဲစခန်းက ကိုင်ထားသဖြင့် အဆိုပါ စခန်းသို့ တိုက်ရိုက် မေးမြန်းပါဟု ဆိုကာ ဖုံးချသွားခဲ့သည်။
သံတွဲ ဖြစ်စဉ်တွင် လူ (၇) ဦးသေဆုံးခဲ့ရပြီး ထိုအထဲတွင် ယခု အလောင်းရသူ ကိုဖိုးတာနှင့် ကိုရာဇာတို့ အပါအ၀င် ဖြစ်သည်
- See more at: http://www.narinjara.com/burmese/?p=7321#sthash.iLduYN6g.dpuf

Posted by Unknown on Wednesday, October 9, 2013

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

Arakan Media Group

Popular Posts

Blog Archive