16/9/2013

မြန်မာ-အိန္ဒိယနှစ်နိုင်ငံ ပူးပေါင်းအကောင်အထည်ဖော်နေတဲ့ စစ်တွေဆိပ်ကမ်း ကုလားတန် ဘက်စုံစီမံကိန်းနဲ့ ပတ်သက်ပြီး ချင်း၊ ရခိုင်တိုင်းရင်းသားပါတီများနဲ့ အရပ်ဖက်လူမှုအဖွဲ့အစည်း ခေါင်းဆောင်တွေဟာ အိန္ဒိယအစိုးရနဲ့ နယူးဒေလီမြို့မှာ တွေ့ဆုံဆွေးနွေးမယ်လို့ သိရပါတယ်။

အိန္ဒိယအစိုးရနဲ့ ပါလီမန်က စီမံကိန်းတဝိုက်က ဒေသခံတွေရဲ့အမြင်နဲ့ အခက်အခဲတွေကို သိလိုတာကြောင့် အခုလို ဖိတ်ကြားခဲ့တာဖြစ်ပြီး လာမယ့်စက်တင်ဘာလ ၁၈ရက်နေ့မှာ အိန္ဒိယနိုင်ငံကို သွားရောက်ဆွေးနွေးမယ်လို့ ချင်းအမျိုးသားပါတီ ဥက္ကဌ ဦးဇိုဇမ်က အခုလို ပြောပါတယ်။

“အဓိကကတော့ ချင်းပြည်နယ်မှာ ကုလားတန်မြစ် ဖွံ့ဖြိုးရေးကိစ္စရှိတယ်၊ နောက်ကျန်းမာရေးကိစ္စ၊ ပညာရေးကိစ္စတွေကို အိန္ဒိယအစိုးရအနေနဲ့ ကူညီထားတာရှိတယ်၊ ကမ္ဘာ့စံချိန်စံညွှန်းနဲ့ ညီတဲ့ဟာမျိုးဆို လက်မခံနိုင်စရာမရှိပါဘူး၊ အထူးသဖြင့် ချင်းဒေသတွေမှာ လူတွေက ဘာမှသိတဲ့လူတွေ မဟုတ်ဘူးဆိုပြီးတော့ လုပ်လို့တော့မရဘူးပေါ့ဗျာ၊ အခုတော့ တစ်ယောက်စ၊ နှစ်ယောက်စ သိတဲ့လူပေါ်လာတဲ့အခါကျတော့ အဲဒါတွေသူတို့က အများကြီးသတိထားရမယ့်ဟာပါ”

အိန္ဒိယအစိုးရနဲ့ ဆွေးနွေးဖို့အတွက် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP နဲ့ ချင်းအမျိုးသားပါတီ CNP ပါတီကဥက္ကဌတွေ လိုက်ပါသွားမှာဖြစ်ပါတယ်။ ကုလားတန်ဘက်စုံ စီမံကိန်းမှာ ချင်းပြည်နယ် ပလက်ဝမြို့နယ်ကနေ ရခိုင်ပြည်နယ် စစ်တွေမြို့အထိ ဖေါက်လုပ်မယ့် ကားလမ်း၊ စစ်တွေရေနက်ဆိပ်ကမ်း၊ စက်ရုံအလုပ်ရုံတွေလည်း ပါဝင်ပါတယ်။ ဒီစီမံကိန်းကို ၂ဝဝ၈ ခုနှစ်မှာ နှစ်နိုင်ငံသဘောတူစာချုပ်ချုပ်ဆိုခဲ့ပြီး ဒီနှစ်ထဲမှာ အပြီးသတ်မယ်လို့ လျာထားခဲ့ပေမယ့် လက်ရှိအခြေအနေအရ အခုနှစ်ထဲမှာ မပြီးနိုင်သေးကြောင်းလည်း သိရပါတယ်။

RFA Burmese

Photo: ကုလားတန် ဘက်စုံစီမံကိန်း အိန္ဒိယအစိုးရနဲ့ ဆွေးနွေးမည်  16/9/2013  မြန်မာ-အိန္ဒိယနှစ်နိုင်ငံ ပူးပေါင်းအကောင်အထည်ဖော်နေတဲ့ စစ်တွေဆိပ်ကမ်း ကုလားတန် ဘက်စုံစီမံကိန်းနဲ့ ပတ်သက်ပြီး ချင်း၊ ရခိုင်တိုင်းရင်းသားပါတီများနဲ့ အရပ်ဖက်လူမှုအဖွဲ့အစည်း ခေါင်းဆောင်တွေဟာ အိန္ဒိယအစိုးရနဲ့ နယူးဒေလီမြို့မှာ တွေ့ဆုံဆွေးနွေးမယ်လို့ သိရပါတယ်။  အိန္ဒိယအစိုးရနဲ့ ပါလီမန်က စီမံကိန်းတဝိုက်က ဒေသခံတွေရဲ့အမြင်နဲ့ အခက်အခဲတွေကို သိလိုတာကြောင့် အခုလို ဖိတ်ကြားခဲ့တာဖြစ်ပြီး လာမယ့်စက်တင်ဘာလ ၁၈ရက်နေ့မှာ အိန္ဒိယနိုင်ငံကို သွားရောက်ဆွေးနွေးမယ်လို့ ချင်းအမျိုးသားပါတီ ဥက္ကဌ ဦးဇိုဇမ်က အခုလို ပြောပါတယ်။  “အဓိကကတော့ ချင်းပြည်နယ်မှာ ကုလားတန်မြစ် ဖွံ့ဖြိုးရေးကိစ္စရှိတယ်၊ နောက်ကျန်းမာရေးကိစ္စ၊ ပညာရေးကိစ္စတွေကို အိန္ဒိယအစိုးရအနေနဲ့ ကူညီထားတာရှိတယ်၊ ကမ္ဘာ့စံချိန်စံညွှန်းနဲ့ ညီတဲ့ဟာမျိုးဆို လက်မခံနိုင်စရာမရှိပါဘူး၊ အထူးသဖြင့် ချင်းဒေသတွေမှာ လူတွေက ဘာမှသိတဲ့လူတွေ မဟုတ်ဘူးဆိုပြီးတော့ လုပ်လို့တော့မရဘူးပေါ့ဗျာ၊ အခုတော့ တစ်ယောက်စ၊ နှစ်ယောက်စ သိတဲ့လူပေါ်လာတဲ့အခါကျတော့ အဲဒါတွေသူတို့က အများကြီးသတိထားရမယ့်ဟာပါ”  အိန္ဒိယအစိုးရနဲ့ ဆွေးနွေးဖို့အတွက် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP နဲ့ ချင်းအမျိုးသားပါတီ CNP ပါတီကဥက္ကဌတွေ လိုက်ပါသွားမှာဖြစ်ပါတယ်။ ကုလားတန်ဘက်စုံ စီမံကိန်းမှာ ချင်းပြည်နယ် ပလက်ဝမြို့နယ်ကနေ ရခိုင်ပြည်နယ် စစ်တွေမြို့အထိ ဖေါက်လုပ်မယ့် ကားလမ်း၊ စစ်တွေရေနက်ဆိပ်ကမ်း၊ စက်ရုံအလုပ်ရုံတွေလည်း ပါဝင်ပါတယ်။ ဒီစီမံကိန်းကို ၂ဝဝ၈ ခုနှစ်မှာ နှစ်နိုင်ငံသဘောတူစာချုပ်ချုပ်ဆိုခဲ့ပြီး ဒီနှစ်ထဲမှာ အပြီးသတ်မယ်လို့ လျာထားခဲ့ပေမယ့် လက်ရှိအခြေအနေအရ အခုနှစ်ထဲမှာ မပြီးနိုင်သေးကြောင်းလည်း သိရပါတယ်။  RFA Burmese

Posted by Unknown on Wednesday, September 18, 2013

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

Arakan Media Group

Popular Posts

Blog Archive