နိုင်ငံတော်အနေဖြင့်  ကြီးစွာသော စေတနာ၊ တိုင်းရင်းသားအားလုံးရဲ့အကျိုး၊ မြန်မာတစ်မျိုးသားလုံးရဲ့ ချစ် ကြည်စည်းလုံးခိုင်မာမှုတို့ကို ရှေးရှုပြီး အကောင်းဆုံးသော နည်းလမ်း၊ အသိမ်မွေ့ဆုံးသော နည်းဗျူ ဟာတို့ကိုသုံးပြီး ပြည်ထောင်စုတစ်ဝှမ်းလုံးမှ ယခင်ကာလများကအကြောင်း အမျိုးမျိုးဖြင့်လက်နက် ကိုင် တိုက်ခိုက် ခဲ့သူများ အားလုံးကို စားပွဲဝိုင်းဆီသို့ ဆွဲခေါ် ခဲ့ပါတယ်။

ပြည်ထောင်စုအကျိုး မိမိတိုင်းရင်းသားများရဲ့အကျိုးကိုရှေးရှုတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ များ ကတော့ အပစ်အခတ်များရပ်စဲပြီး သေနတ်သံ၊ အမြောက်သံ၊ ဗုံးသံတွေနေရာမှာ ဖားစည်သံတွေဝေ ကာငြိမ်းချမ်းရေးဆွေးနွေးပွဲမှသည် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်ဆဲရေးဆွေးနွေးပွဲ ဆီသို့ပင် ဦးတည်နေ ကြပါပြီ။ နောင်တစ်ချိန် ပြည်ထောင်စုကြီးက ဘယ်တော့မှ ခွဲမထွက်ပါဘူးဆိုတဲ့ တူညီတဲ့ ကတိက၀တ် သံတွေ၊ ဖက်ဒရယ်လို့ခေါ်တဲ့ ပြည်ထောင်စုနဲ့ တိုင်းရင်းသားပြည်နယ်တွေအကြား အုပ်ချုပ်ရေး အာဏာ ခွဲဝေမှု၊ အကျိုးစီးပွားခွဲဝေအုပ်ချုပ်အသုံးချမှု အစရှိတဲ့ ပွင့်လင်းမြင်သာတဲ့ ပြည်ထောင်စု ကြီးဖြစ် ထွန်းစေရေး အတွက်လည်း တာစူနေကြပါပြီ။

သို့ ပေမယ့် မြန်မာပြည်မြောက်ပိုင်းတစ်နေရာမှဘာသာရေးကိုအကြောင်းပြ စတင် ဖွဲ့စည်းလာသောသောင်း ကျန်းသူတစ်စုကတော့ ပြည်နယ်ကထွက်ရှိတဲ့ သယံဇာတ၊ ထွက်ရှိလာတော့မယ့် ငြိမ်းချမ်းရေး အိုးစည် သံတွေကို မိမိပြည်နယ်နဲ့ ပြည်ထောင်စုအတွင်းက သန်း ၆၀ အရေးထက် မိမိအဖွဲ့ အစည်းတစ်ခုအတွက် သာ အသုံးချချင်နေတဲ့စိတ်ဓာတ်ကတော့ တစ်နေ့တစ်ခြား မြင်သာလာခဲ့ပါပြီ။ ယခုလက်ရှိ လက်နက် ကိုင်အဖွဲ့ အစည်းအားလုံးတွင် နိုင်ငံ၏သယံဇာတများအရရှိဆုံး လက်နက် ကိုင်အဖွဲ့ အစည်းတစ်ခုဆိုလဲ မမှားနိုင်ပါ။ငြိမ်းချမ်းရေးဖျက်ဆီးချင်နေသော KIA သောင်းကျန်းသူအဖွဲ့  အနေဖြင့် ကနဦးစီမံချက် မှာ မြစ်ဆုံဆည်စီမံကိန်း ကို ဗန်းပြကာပြည်သူလူထုအား လှည်းစားပြီး ပြန်လည်တိုက်ခိုက် ခဲ့ခြင်းဖြစ် ပါသည်။မြစ်ဆုံစီမံကိန်းရပ်ဆိုင်းသွား သည့်အခါ ဘာသာရေး၊ လူမျိုးရေးကို ခုတုန်းလုပ် ကာ ငြိမ်းချမ်းရေး အတွက် ကန့်လန့် လုပ်နေကြ သည်ကိုလဲ တွေ့ ရှိရပါသည်။ထို့ ကြောင့် ၄င်းတို့ ၏ခံယူချက်ကို မည်သို့  မျှနားမလည်နိုင်အောင် ဖြစ်မိပါ သည်။

ငြိမ်းချမ်းရေးဗသုကာကြီးဦးအောင်မင်းခင်ဗျား…

ရွှေလက်နဲ့ခေါ်သော်လည်းမလာ၊ ငွေလက်ဖြင့်ခေါ်သော်လည်း လှည့်မကြည့်သော သူများအား အကောင်းဆုံးနှင့် အသိမ်မွေ့အညင်သာဆုံးသော ဒီမိုကရေစီသွားမယ့် လမ်းခရီးမှာ ဆူးညောင့်အဖြစ် ထင်ရာစိုင်း ခွဲထွက်ချင်သော လက်တစ်ဆုပ်စာ အကြမ်းဖက်သမားများ အတွက် သည်းခံစိတ် ကုန်ဆုံးသင့် ပါပြီ။အပစ်မဲ့တိုင်းရင်းသားအချင်းချင်းသတ်ဖြတ်ခြင်း၊ရက်ရက်စက်စက်ခေါင်းဖြတ်သတ်ဖြတ်ခြင်းများပြုလုပ်သောKIAသောင်းကျန်း သူများအားသည်းခံနိုင်စိတ် ကုန်ဆုံးသင့်ပါပြီ။တပ်မတော်အနေဖြင့် ကချင်ပြည် နယ် အတွင်းရှိ တိုင်းရင်း သားပြည်သူများရဲ့ဘ၀ အေးချမ်းလုံခြုံရေး၊ သာယာဝပြောရေး၊ ငြိမ်းချမ်းရေး တို့အတွက် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေက ပေးအပ်ထားသော တာဝန်နှင့်လုပ်ပိုင်ခွင့် များအတို င်း ပြည် တွင်း စည်းလုံးညီညွတ်မှုနှင့် ပြည်ထောင်စုကြီးပြိုကွဲစေနိုင်သော အန္တရာယ်မှ ကာကွယ်စော င့်ရှောက် ရန် မြန်မာ့ တပ်မတော်ရဲ့ စွမ်းရည်သတ္တိတို့ဖြင့် ရင်ဆိုင်ဆင်နွှဲသင့်သော တရားသောစစ်ကို ပြည်သူ့ အတွက်ဆင်နွှဲဖို့ရန် အချိန်တန်ပြီဖြစ်ပါကြောင်း အကြံပြုရပါသည်။

ကျွန်တော်တို့တိုင်းရင်းသား များရဲ့ သွေးများစွာနှင့်ရင်းရသော ငြိမ်းချမ်းရေးကို မလိုချင်တော့ပါ။ အရင်းနည်း နည်းဖြင့် ငြိမ်းချမ်းနိုင်သောနည်းလမ်းဖြစ်သည့် ကေအိုင်အေသောင်းကျန်းသူကို အမြစ်ပြတ်ချေ မှုန်းခြင်း သည်သာ အကောင်းဆုံးနည်းလမ်းဖြစ်ပါသည်ဟု ထင်မြင်ယူဆမိပါသည်။

စိုင်းသီဟ
From:OPE

www.mmdailystar.com

Posted by Unknown on Thursday, September 19, 2013

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

Arakan Media Group

Popular Posts

Blog Archive