... ခိုင်မြဲ


ရှမ်းပြည်နယ်၊ မိုင်းဆတ်မြို့နယ်၊ မိုင်းတွမ်းမြေပြန့်အုပ်စု၊ နားယောင်းကျေးရွာတွင် လာရောက်နေထိုင်သော မွတ်စလင်လူမျိုးများနှင့် ပတ်သက်၍ ဒေသခံများမှ UWSA `၀´ အဖွဲ့အား ကန့်ကွက်ခဲ့ကြောင်း ယင်းဒေသခံ များထံမှ သတင်းရရှိသည်။

အဆိုပါ ကျေးရွာတွင် မွတ်စလင်လူမျိုး(၄၀)ဦးခန့် ရောက်ရှိနေထိုင်လျက်ရှိပြီး တာချီလိတ်မြို့၊ ပုန်းထွန် ရပ်ကွက်ရှိ ဒေါင်းမင်းရာဇာ တည်းခိုခန်းပိုင်ရှင် ဦးမာလစ်မှ ပို့ဆောင်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

နားယောင်းဒေသခံတစ်ဦးက “ ဦးမာလစ်က ခရီးစရိတ် အကုန်အကျခံပြီးတော့ မွတ်စလင်တွေကို ပို့ပေးနေတာ၊ မြို့နယ်အနှံ့အပြားက မွတ်စလင်တွေကို တာချီလိတ်မှာ စုတယ်၊ တာချီလိတ်ကနေတစ်ဆင့် ဒီနားယောင်းကို ပို့တာ၊ ဦးမာလစ်က UWSA`၀´ အဖွဲ့ကို ငွေပုံပေးထားတယ်လို့လည်းကြားတယ် ” ဟု ဆိုသည်။

နားယောင်းဈေးအနီးတွင် ယာယီဗလီအဖြစ် တဲအိမ်(၂)လုံး ဆောက်လုပ်ကာ အပတ်စဉ် သောကြာနေ့တိုင်း ၀တ်ပြုဆုတောင်းများ ပြုလုပ်လျက်ရှိရာ ဒေသခံများမှ မကျေမနပ်ဖြစ်နေကြကြောင်း သိရသည်။

“ အခုလောလောဆယ် မွတ်စလင် ၄၀ ပဲ ရှိတယ်၊ နောက်တဖြည်းဖြည်းများလာတော့မှာ၊ ဒီဒေသမှာ မွတ်စလင် တွေ လူဦးရေ တိုးပွားလာရင် ဒေသခံတွေအတွက် အန္တရာယ် အရမ်းများတယ်၊ ဒါ့ကြောင့် UWSA `၀´ အဖွဲ့ ခေါင်းဆောင်ပိုင်းကို ကန့်ကွက်စာပို့ထားပါတယ်၊ သူတို့ကို အမြန်ဆုံး ထွက်သွားခိုင်းဖို့နဲ့ နေခွင့်မပြုဖို့ပါ ” ဟု နားယောင်းဈေးတွင် ဈေးရောင်းနေသော ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

UWSA `၀´ အဖွဲ့မှ နားယောင်းဒေသတွင် လမ်းခင်းကျောက်ခွဲခြင်း လုပ်ငန်း လုပ်ကိုင်ရန် မွတ်စလင်များအား ခေါ်ယူထားခြင်းဖြစ်ကြောင်း၊ နောက်ထပ် မွတ်စလင်(၁၀၀)ဦးခန့်အား ထပ်မံခေါ်ဆောင်မည်ဖြစ်ကြောင်း သတင်းများ ထွက်ပေါ်လျက်ရှိရာ တာချီလိတ်အခြေစိုက် စစ်ဗျူဟာမှူးမှ ဟုန်းပန်းစီးပွားရေးတာဝန်ခံ အိုက်ရွှေစံ အား ခေါ်ယူတွေ့ဆုံသတိပေးခဲ့ကြောင်း `၀´ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးထံမှ သိရသည်။

“ အဓိက ပြောတာကတော့ မွတ်စလင်တွေကို နားယောင်းမှာ နေထိုင်ခွင့် မပြုဖို့ကိစ္စပါ၊ သူတို့လာတဲ့ မူလ နေရာတွေကို ပြန်လည်စေလွှတ်ဖို့ ပြောတယ်၊ ဒီဒေသမှာ နောက်ထပ် မွတ်စလင်တွေ မ၀င်လာစေရေး UWSA `၀´ အဖွဲ့က တာဝန်ယူဖို့လည်းပါ ပါတယ် ” ဟု ယင်းလုပ်ငန်းရှင်က ပြောကြားသွားသည်။

oppositeyes

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

Arakan Media Group

Popular Posts

Blog Archive