Kumudra


ထိုင်းနိုင်ငံရဲ့ သွေးမြေမကျစစ်အာဏာသိမ်းမှုမှာ ဦးဆောင်ခဲ့သူ ဗိုလ်ချုပ်ကြီး ပရာယွတ်ချန်အိုချာ ဟာ ထိုင်းနိုင်ငံရဲ့ ၀န်ကြီးချုပ်အသစ် အဖြစ်ရွေးကောက်တင်မြှောက်ခံခဲ့ရပါတယ်။ အာဏာသိမ်းစစ်အစိုးရက ရွေးချယ်ဖွဲ့စည်းထားတဲ့ အမတ် ၁၉၇ဦး ပါ အမျိုးသားလွှတ်တော် မှာ အမတ် ၁၉၁ဦးရဲ့ ထောက်ခံမဲရခဲ့တာဖြစ်ပါတယ်။ ကျန်အမတ် ၆ဦးမှာ ၃ဦးက ပျက်ကွက်ဖြစ်ပြီး ၃မဲက မဲမပေးဘဲနေခဲ့ကြတာဖြစ်ပါ တယ်။ ဒါကြောင့် သူ့ကို ကန့်ကွက်တဲ့သူမရှိဘဲ ရွေးကောက်ခဲ့တာဖြစ်ပြီး ယင်းရာထူးအတွက် ယှဉ်ပြိုင်အရွေးခံမယ့်သူလည်း တစ်ဦးမှ မရှိခဲ့ပါဘူး။
သူ့ရဲ့ရာထူးအတွက် ဘုရင်ဘူမီဘော ရဲ့ အတည်ပြုထောက်ခံမှုရယူရဦးမှာဖြစ်ပါတယ်။
စစ်ယူနီဖောင်းချွတ်ပြီးအရပ်ဝတ်လဲတဲ့ ဒီလုပ်ရပ်ဟာ ထိုင်းနိုင်ငံရေး ကို ပိုမိုခိုင်မာအားကောင်းစေဖို့ဖြစ်တယ် လို့ အများက ရှုမြင်သုံးသပ်နေကြပါတယ်။

Posted by Unknown on Thursday, August 21, 2014

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

Arakan Media Group

Popular Posts

Blog Archive