From : .. mizzima



ဆီးရီးယားနှင့် အီရတ်နိုင်ငံများတွင် လှုပ်ရှားနေသည့် အစ္စလာမ္မစ်စစ်သွေးကြွ IS အဖွဲ့တွင် ပါဝင်နေသော ပြည်ပတပ်ဖွဲ့ဝင် ၂၀၀၀ အနက် ၅၀၀ သည် ဗြိတိန် နိုင်ငံ တွင်းမှဖြစ်ကြောင်း အစိုးရက ထုတ်ပြန်ကြေညာလိုက်သည်။

IS အဖွဲ့တွင် ဗြိတိန်နိုင်ငံသား ၅၀၀ ခန့် ရောက်ရှိနေပြီး ၂၅၀ သည် နိုင်ငံတွင်းသို့ ပြန်လည်ရောက်ရှိနေ သောကြောင့် ရဲတပ်ဖွဲ့နှင့် လုံခြုံရေးအဖွဲ့များက ၎င်းတို့ အား စောင့်ကြည့်လျက်ရှိကြောင်း ဗြိတိန်အစိုးရ က ပြောကြားသည်။

ဘာမင်ဟန် ပါရီဘာ မဲဆန္ဒနယ် အမတ် ခါလစ်မာမွတ်က IS အဖွဲ့သို့ ဗြိတိန်နယ်စပ်များမှ ထွက်ခွာ သွားသူများလည်း ရှိနေသောကြောင့် အစိုးရခန့်မှန်းထားသည့် အရေအတွက် ၅၀၀ ထက် ပိုမိုများ ပြားပြီး ၂၀၀၀ ခန့်ရှိနိုင်သောကြောင့်  ဗြိတိန်စစ်တပ်တွင် တာဝန်ထမ်းဆောင်နေသည့် မွတ်စလင်အရေအ တွက်ထက် IS အဖွဲ့တွင် ရောက်ရှိနေသည့် အရေအတွက်က သုံးဆခန့် ပိုများနေကြောင်း ပြောကြား သည်။

ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ  ကြည်းတပ်ဖွဲ့တွင် မွတ်စလင် တပ်ဖွဲ့ဝင် ၆၀၀ ခန့်ရှိနေသောကြောင့် တပ်ဖွဲ့ဝင် စုစုပေါင်း၏ ၀ ဒသမ ၄ ရာခိုင်နှုန်းရှိကြောင်း သိရသည်။

ထို့ပြင် နိုင်ငံတွင်းမှ ထွက်ခွာပြီး IS အဖွဲ့သို့ ပြန်သွားမည့်သူ ၂၃ ဦးကိုလည်း လေဆိပ်တွင် ဖမ်းဆီးနိုင်ခဲ့ ကြောင်း အစိုးရ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။


.. www.MyanmarExpress.net

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

Arakan Media Group

Popular Posts

Blog Archive