၁၄.၆.၂၀၁၄ ရက်နေ့ ၀၀၃၀ အချိန်
သာကေတမြို့နယ်၊ ၇/အရှေ့ရပ်ကွက်၊ အောင်
သပြေ(၅)လမ်းရှိ ဦးအောင်မြင့်(ခ)ဦးအေးမြင့်
၏နေအိမ်တွင် ရေခဲသေတ္တာ safe guard


အပူလွန်ကဲရာမှ ရှော့ဖြစ်ကာ မီးစတင် လောင်ကျွမ်းခဲ့ပြီးပတ်ဝန်းကျင်ရှိနေအိမ်များသို့ကူး
စက်လောင်ကျွမ်းခဲ့ရာ ပြည်သူများနှင့် မီးသတ်ယာဉ်များ ရောက်ရှိငြှိမ်းသတ်ခဲ့သဖြင့် ၀၀း ၄၅ အချိန် မီးငြိမ်းသွားခဲ့ပါသည်။

မီးလောင်မှုကြောင့် နေအိမ်(၆)လုံးမီးလောင်ဆုံးရှုံးခဲ့ပြီး ၀ိုင်းဝန်းမီးငြှိမ်းသတ်သူများဖြစ်သည့် ၎င်းလမ်းနေ ကိုရဲဝင်းအောင်တွင် ၀ဲ၊ယာပါးနှင့် လက်မောင်းတို့၌ မီးလောင်ဒဏ်ရာ၊ ကိုမျိုးမင်းဇော်တွင် ယာလက်မောင်း၌ မီးလောင်ဒဏ်ရာတို့ရရှိခဲ့သဖြင့် ရန်ကုန်ဆေးရုံကြီးတွင် အတွင်းလူနာ(မစိုးရိမ်ရ)များအဖြစ်ကုသခဲ့ရပါသည်။

ယင်းသို့မီးလောင်မှုဖြစ်ပွားခဲ့သည့်အတွက် ဦးအောင်မြင့်(ခ)ဦးအေးမြင့် အား သာကေတနယ်မြေရဲစခန်း (ပ)၃၄၁/၂၀၁၄၊ပြစ်မှုပုဒ်မ ၂၈၅/၃၃၇/၃၃၈ ဖြင့်အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

Posted by Unknown on Saturday, June 14, 2014

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

Arakan Media Group

Popular Posts

Blog Archive