သန္တိသုခ ကျောင်း အငြင်းပွားမှုဖြစ်နေစဉ် ညအချိန်မတော် အင်အားသုံးပြီး ကျောင်းကိုစီးနင်းချိတ်ပိတ်ရုံမက လန်ဒန် ဆရာတော် ဦးဥတ္တရ နဲ့ ဦးပညာ အပါအ၀င် သံဃာတော်တချို့ကို အတင်းအကြပ်ဖမ်းဆီး လူဝတ်လဲ ထောင်ထဲထည့်ထားလိုက်တဲ့ အဓမ္မကြံစည်မှုတွေကို ကန့်ကွက်ရှုံ့ချတဲ့အနေနဲ့ လန်ဒန်မှာရှိတဲ့ မြန်မာတွေနဲ့ သံဃာတွေ အားလုံး
လာမယ့် တနင်္လာနေ့ မြန်မာသံရုံးရှေ့မှာ ဆန္ဒပြကြလိမ့်မယ်။

ဆရာတော်ဦးဥတ္တရနဲ့ သံဃာတော်တွေကို စစ်ဝါဒီ အကြမ်းဖက်လူရိုင်းတွေက အခုလို ညအခါ လူခြေတိတ်တဲ့အချိန် သူခိုးအကျင့် ဓားပြအကြံနဲ့ ဗုဒ္ဒသာသနာညှိုးရော်စေတဲ့အထိ မတော်မတရားလုပ်ဆောင်မှုကို မြန်မာပြည်တွင်းက ပြည်သူတွေသာမက ပြည်ပနေထိုင်သူ သန်းနဲ့ချီတဲ့ မြန်မာနိုင်ငံသားတွေအားလုံး စိတ်မချမ်းမသာ ဖြစ်နေကြတယ်။

စစ်အာဏာရှင်ခေတ် သာသနာရေးဝန်ကြီးပြုတ် ဒီကနေ့ သမတရုံး သာသနာရေးအကြံပေး ဦးအံ့မောင် ရဲ့ ကောက်ကျစ်စင်းလဲတဲ့ ဖျားယောင်းသွေးဆောင်မှု၊ ခြိမ်းခြောက် ဘိုကျမှုတွေကို မဟန အဖွဲ့ကြီးက သိရက်နဲ့ အကြောက်လွန်ပြီး လည်စင်းခံနေတယ်။ နောက်ဆုံးရလဒ်က မြန်မာ့ပြည်က ဗုဒ္ဓဘာသာ၊ သာသနာကို နိုင်ငံတကာ ပြည်သူတွေက မေးခွန်းထုတ်လာတာပဲဖြစ်တယ်။ တခြားဘာာဝင်တွေမဆိုထားနဲ့ ဗုဒ္ဓဘာသာကိုးကွယ်တဲ့ အာရှ နိုင်ငံတွေနဲ့ ပြည်သူတွေကပါ အထင်အမြင်သေးတာခံနေရတယ်။

တကယ်တော့ စစ်အာဏာရှင်အမွေဆက်ခံတဲ့ လက်ရှိ အစိုးရခေါင်းဆောင်တွေကိုယ်တိုင်က ဆင့်ခေါင်းခွေးမချီနိုင်ပဲ နိုင်ငံတော် အာဏာနဲ့ တာဝန်တွေယူထားလို့ဖြစ်တယ်။ သူတို့ဟာ တိုင်းပြည်ဂုဏ်သိက္ခာညှိုးရော်အောင်လုပ်နေတဲ့ တရားခံအစစ်တွေပါ။

-အခုဖမ်းဆီးပြီး လူဝတ်လဲထားတဲ့ ရဟန်းတွေကို အမြန်ဆုံးလွှတ်ပြီး သိက္ခာပြန်တင်ပေးသင့်တယ်။ မိမိတို့ ကျူးလွန်တဲ့ အမှားအတွက်လူသိရှင်ကြား တောင်းပန်ဝန်ချသင့်တယ်။
-ဘာသာသာသနာညှိုးနွမ်းစေပြီး သူခိုးဓားပြအကျင့်လို ကျူးလွန်နေတဲ့ ဦးအံ့မောင်နဲ့ အပေါင်းအပါတွေကို ရာထူးဖြုတ်ပြီး အရေးယူစစ်ဆေးသင့်တယ်။
-သူပိုင်ကိုယ်ပိုင် အငြင်းပွားနေတဲ့ သန္တိသုခ ကျောင်းကိစ္စ သမာသမတ်ကျကျ တရားတဘောင်နဲ့ စီရင် ဆုံးဖြတ်သင့်တယ်။

လန်ဒန်မှာ လာမယ့် တနင်္လာနေ့ ဒေသစံတော်ချိန် နေ့လည် ၁၂ နာရီကနေ ၂ နာရီထိ မြန်မာသံရုံးရှေ့ စုဝေးဆန္ဒပြကြလိမ့်မယ်။ တိုင်းချစ်ပြည်ချစ် မြန်မာနိုင်ငံသားတွေအားလုံး ပူးပေါင်းပါဝင်ဖို့ လန်ဒန်ရောက် မြန်မာတွေက နိုးဆော်ထားတယ်။

Urgent Action Needed.
Dear all friends in the UK,

We are writing to appeal you to join demonstration outside Burmese Embassy in London on Monday.

You may already aware of the recent brutal assault to the respectable monks including Venerable U Uttara and U Pyin Nya in Yangon.

All arrested monks were forcibly disrobed and sent to notorious Insein Prison. This is tragic news for everyone in the Burmese community in UK.

Please join and stand up for the monks who were illegally arrested by Burmese authorities in
Yangon, Burma/Myanmar.

In Solidarity,

Date: 16 June 2014
Time: 12:00 - 02:00
Place: 19A Charles Street London.
Nearest station: Green park station
 
http://www.dawnmanhon.com

Posted by Unknown on Saturday, June 14, 2014

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

Arakan Media Group

Popular Posts

Blog Archive