ဒေါ်စုဟာ သူ့ကို ဆန့်ကျင်ကန့်ကွက်နေသူတွေကိုပင် သဘောထားကြီးစွာ လက်ခံစကားပြောတယ်ဆိုတဲ့ ပုံရိပ်ကို လိုချင်ဟန်ရှိတယ်။ ပြီးတော့ အကျိုးသင့်အကြောင်းသင့် စိစစ်မေးခွန်းထုတ် ဆင်ခြင်ပြလိုက်တဲ့အခါ ဗိုလ်ချုပ်သမီးနာမည်နဲ့ လုပ်စားရင်း တဖက်က ဆန့်ကျင်သူတွေကို တထိုင်တည်းနဲ့ သူ့ဖက်ပါအောင် စည်းရုံးနိုင်လိုက်လေသတည်း ဆိုတာမျိုး ဖြစ်ချင်နေပုံ ရတယ်။

ဒါပေမယ့် လောကကြီးက ဒေါ်စုထင်သလောက် မရိုးရှင်းဘူး။ ပိုဆိုးတာက ဒေါ်စုကိုယ်တိုင်ကလည်း (သူ့ကိုယ်သူ ထင်ထားသလောက်) သဘောထားမကြီးနိုင်တဲ့အခါ အရုပ်ဆိုးတဲ့ သူတပြန် ငါတပြန် အော်ဟစ်ငြင်းခုန်တာတွေ ဖြစ်လာတယ်။

ဦးစန်းလွင်နဲ့ ဗီဒီယိုမှာ ဦးစန်းလွင်ဟာ ဒေါ်စုလုပ်တာတွေ မကြိုက်လို့ ဒေါသကြီးနေတယ်။ စကားလည်း ဒေါ်စုလို စီကာပတ်ကုံး မပြောတတ်ဘူး။ ရိုးရိုးသားသား ပွင့်ပွင့်လင်းလင်း လို့ ဆိုနိုင်ပါတယ်။ ဒါပေမယ့် ဒေါ်စုကိုယ်တိုင်လည်း သဘောထား မကြီးနိုင်တဲ့အတွက် စကားနိုင် လုပွဲကြီးလို ဖြစ်နေတယ်။ အဆိုဆုံးက ပြည်သူ့စကားမဆုံးခင် ဖြတ်ပြောတာနဲ့ စကားကို အကျအန ကောက်ပြီး သူ့ကို ထောက်ခံတဲ့ မီဒီယာတွေကို မှတ်ထားနော် လို့ ပြောတာပါပဲ။ ဒေါ်စုဖက်က ခေါင်းဆောင် တယောက်အနေနဲ့ မမှားသင့်တဲ့ အမှားတွေကိုလည်း တွေ့ရတယ်။ ဥပမာတခုပြောရရင် ဗိုလ်ချုပ် ပင့်လာတဲ့ ဖက်ဆစ်တွေကြောင့် ဦးစန်းလွင်အဖေ သေရတာ ဆိုတဲ့အချက်ရယ်၊ ရှစ်ဆယ့်ရှစ်တုန်းကလည်း ကျုပ် ခံခဲ့ရပြီးပြီ လို့ ဦးစန်းလွင်ပြောတဲ့ အချိန်မှာ ဒေါ်စုဟာ ပြည်သူတယောက်ဖြစ်တဲ့ ဦးစန်းလွင်ရဲ့ဘဝကို မျှဝေစာနာခံစားပြီး နားထောင်တာမျိုးထက် သူ့ဖေဖေကို ကာကွယ်ချင်ဇောတွေ၊ ၈၈ အရေးအခင်းကို ကာကွယ်ချင်တဲ့ ဇောတွေက များနေတာကို တွေ့ရပါတယ်။ (သခင်ကိုယ်တော်မှိုင်းကြီးလည်း အောင်ဆန်း .. မင်းပင့်လာတဲ့ ဖက်ဆစ်တွေကို မင်းပြန်မောင်းထုတ် လို့ ပြောခဲ့ဖူးပါတယ်။) ဒေါ်စုဟာ သူတရားချနေတဲ့ လူတွေရဲ့ ဘဝကို စာနာနားလည်ဖို့ကြိုးစားတာထက် သူ့ရဲ့ ၅၉(စ) နဲ့ ၄၃၆ ပြင်ဆင်ရေး ဆုံးဖြတ်ချက်တွေကိုသာ ကာကွယ်ချင်ဇောကြီးနေတာ၊ သူ့ဆုံးဖြတ်ချက်သာ မှန်ကန်ကြောင်း သက်သေထူနေတာကို ဝမ်းနည်းစဖွယ် မြင်တွေ့ရပါတယ်။ ဒါကြောင့်လည်း နှစ်ဖက်စလုံးက စိတ်ခံစားချက်တွေ မြင့်တက်လာပြီး အပြန်အလှန် အော်ဟစ်တာမျိုး အရုပ်ဆိုးတဲ့ မြင်ကွင်းတွေ မြင်ရတာပါ။


နားထောင်ခြင်း အလေ့ဟာကောင်းတယ်၊ ခေါင်းဆောင်တယောက်အနေနဲ့ ပြည်သူ့အသံကို၊ တဖက်သားအသံကို နားထောင်ရမယ် ဆိုတာကို ဒေါ်စုအနေနဲ့ စာပဲဖတ်ဖူးတယ်ထင်ပါတယ်။ စာဖတ်ထားတော့ အပြောပဲကောင်းပေမယ့် အလုပ်ကျတော့ လက်တွေ့မှာ အံဝင်ဂွင်ကျမရှိတော့တာ တွေ့ရတယ်။ "ပြည်သူ့အသံ နားထောင်ချင်တယ်" လို့ ပါးစပ်က ပြောပေမယ့် နားထောင်ခဲ့သမျှက သူ့ကို ထောက်ခံသူတွေရဲ့ အသံတွေချည်းဖြစ်နေတာကြောင့် အသံနားထောင်တိုင်း အဆင်ပြေခဲ့တယ်။ NLD က သေချာ စီစဉ်ခဲ့တာတွေလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ပြင်ဦးလွင်သွားချိန်က အမျိုးသမီးတစ်ဦး က တွေ့ခွင့်တောင်းတာ မရခဲ့ဘူး။ ၂၀၁၀ တုန်းက ဦးမင်းဆွေ တွေ့ခွင့်တောင်းတာ မရခဲ့ဘူး။ အခုလည်း ပြည်သူက အောက်က ပြောတာကို ကားပေါ်က နားထောင်တယ်။ ပြောတော့ ပြည်သူ့အသံနားထောင်တဲ့ လူထုခေါင်းဆောင်တဲ့။ အခွင့်ထူးမခံဖို့၊ လူ့အခွင့်အရေးတန်းတူရဖို့ နဲ့ မျှတမှုရှိဖို့ အပြောဆုံးကလည်း သူပါပဲ။ အပြောနဲ့အလုပ်က တခြားဆီဖြစ်နေပါတယ်။ 


ဇန်လ ၁ ရက်နေ့ တပ်ကုန်းတွင် ဖြစ်ပွားခဲ့သော ဒေါ်အောင်ဆန်းစုကြည်၏ ရန်ပွဲကို Myanmar Express မှ သုံးသပ်ရမယ်ဆိုရင်

  1. လူထုခေါင်းဆောင်ကို လူထုတစ်ရပ်လုံးက မထောက်ခံပါဘူး။
  2. ပြည်သူတိုင်းက ဒေါ်အောင်ဆန်းစုကြည်ကို မချစ်ပါဘူး။ 
  3. ဒေါ်စုပြောသမျှကို NLD ကလွဲရင် သာမန်ပြည်သူတွေက လက်ခုပ်တီးပြီး နားထောင်တာ မရှိဘူး။
  4. ဒေါ်စုက ပြည်သူ့အသံနားထောင်ဖို့ထက် ပြည်သူကို စကားများများပြောဖို့ပဲသိတယ်။
  5. ဒေါ်စု နားထောင်ချင်တဲ့ ပြည်သူ့အသံ ဆိုတာ သူ့ကို ထောက်ခံသူတွေရဲ့ အသံသာဖြစ်တယ်။
  6. ဒေါ်စုဟာ ကိုယ့်ကိုယ်ကို လူတိုင်းကို သူ့ဖက်ပါအောင် စည်းရုံးနိုင်မယ်လို့ အထင်ကြီးနေတယ်။
  7. ဒေါ်စုဟာ လူထုနဲ့ တသားတည်းမရှိဘူး။
  8. ဒေါ်စုဟာ အသက်အရွယ်နဲ့ မလျှော်ညီစွာ တဖက်သားစကားမဆုံးခင် ဖြတ်ပြောတတ်တယ်။
  9. ဒေါ်စုဟာ ကိုယ်တိုင်က စကားမှားဖူးတာတွေရှိခဲ့ပေမယ့် သူများစကားကို အကျအန ကောက်တတ်တယ်။
  10. ဒေါ်စုဟာ ပြည်သူကို လမ်းဘေးမှာထားပြီး ကိုယ်တိုင်က ကားပေါ်က မဆင်းပဲ စကားပြောတဲ့ခေါင်းဆောင်။ 
  11. လူ့အခွင့်အရေး နဲ့ တန်းတူညီမျှမှုကို အပြောပဲရှိပေမယ့် ကိုယ်တိုင်မကျင့်သုံးဘူး။
  12. ဒေါ်စုဟာ ဒေါသထွက်လွယ်ပြီး တရားသိမှုအားနည်းတယ်။
  13. ဒေါ်စုဟာ နာယကဂုဏ် (၆) ပါးနဲ့ မညီဘူး။ 
  14. တရားဥပဒေစိုးမိုးရေးဥက္ကဌက ရဲတွေ ပုဒ်မ တပ်လို့ရလား မရလားဆိုတာ မသိဘူး။
  15. ဆုတွေ သောက်သောက်လဲ ရနေပေမယ့် ဒေါ်စုကို ပြည်သူအချို့ အထင်မကြီးကြဘူး။
  16. ၈၈ အရေးအခင်းကို လူတိုင်း မထောက်ခံဘူး။
  17. ၄၃၆ နဲ့ ၅၉(စ) ကို မပြင်ချင်တဲ့ပြည်သူတွေအများကြီးရှိတယ်။
  18. ဒေါ်စု ဟာ မြန်မာလူထု တစ်ရပ်လုံးရဲ့ ခေါင်းဆောင်မဟုတ်။
  19. စာဖတ်ပြီး အပြောကောင်းတဲ့ ခေါင်းဆောင်သည့် လက်တွေ့လုပ်ဆောင်ချိန်တွင် ဒုက္ခရောက်၏။
  20. အတွေ့အကြုံ အရည်အချင်း မရှိတဲ့ ဒေါ်စု သမ္မတဖြစ်သွားပါက ဒီထက် ဆိုးရွားတဲ့ ပဋိပက္ခများစွာ ဆက်တိုက်ဖြစ်လာနိုင်ကြောင်း ME မှ သုံးသပ်လိုက်ရပါသည်။
.. www.MyanmarExpress.net

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

Arakan Media Group

Popular Posts

Blog Archive