ဒေါ်အောင်ဆန်းစုကြည် ဘဝ မှ ပြန်မစဉ်းစားချင်လောက်အောင် အရှက်ရခဲ့တဲ့ ဖြစ်စဉ် ၅ ခုရှိပါတယ်။ ဒီ ဗွီဒီယို တွေကြောင့် မြန်မာလူထု တစ်ရပ်လုံးက ၎င်းကို မထောက်ခံဘူးဆိုတာ သိသာစေခဲ့တဲ့အပြင် ကမ္ဘာကလည်း ၎င်းကို စိတ်ပျက်နေကြောင်း သိသာစေပါတယ်။
၁။ ဒေါ်စုထက် ဦးနောက်ပြေးတဲ့ လူထုက ရွေးကောက်ပွဲဝင်ဖို့ ဒေါ်စုကို တိုက်တွန်းပါတယ်။ အသိဥာဏ်နောက်ကျတဲ့ ဒေါ်စုက ရွေးကောက်ပွဲဝင်ဖို့နဲ့ ပါတီမှတ်ပုံတင်ဖို့ ငြင်းခဲ့ပါတယ်။ (ယခုအချိန်ထိ သူမရဲ့ မှားယွင်းစွာ ဆုံးဖြတ်ခဲ့ဖူးတဲ့ ဖြစ်စဉ်အတွက် ပြန်လည်တောင်းပန်ခဲ့ခြင်းမရှိပါဘူး။

https://www.youtube.com/watch?v=ixDgjiNzx_k

https://www.facebook.com/photo.php?v=646567618770697


၂။ လက်ပံတောင်းတောင်က မြန်မာပြည်သူများ နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ အချေအတင် စကားများခဲ့တာဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်မှ ဒေါသအလိတ်လိုက်ထွက်နေပြီး လက်ညှိးထိုးရန်တွေ့နေသလို မြန်မာပြည်သူများကလည်း ဒုတိယ ဘုရားသခင်ကြီးကို လက်ညှိုးထိုး ရန်တွေ့နေခြင်းဖြစ်ပါတယ်။ အဲဒီနောက် ပြည်သူအများက "လူထုခေါင်းဆောင် ကျွန်မတို့ခေါင်းဆောင်မဟုတ်" ဆိုပြီး ပြောဆိုခဲ့ကြပါတယ်။ လူထုထဲက ပြည်သူအချို့က ခေါင်းဆောင်မဟုတ်ဘူးလို့ ပြောနေမှတော့ လူထုခေါင်းဆောင် ဖြစ်ပါအုံးမလား...

https://www.youtube.com/watch?v=czTxZp3c0pE

https://www.facebook.com/photo.php?v=646566345437491


၃။ ၂၀၁၃ ခုနှစ်အတွင်း ကိုရီးယားနဲ့ ဂျပန်ခရီးစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဆင်မခြင်ပြောဆိုခဲ့တဲ့ စကားတွေအတွက် ဂျပန်လူငယ် တစ်ဦးမှ မေးခွန်းထုတ်ခဲ့တာဖြစ်ပါတယ်။ ထုံစံအတိုင်း ဒေါ်စုကတော့ သူမဖက်က မဟုတ်တဲ့လူ မေးတဲ့ မေးခွန်းဆိုရင် ပြန်ဖြေရှင်းလေ့မရှိပါဘူး။ Myanmar Express မှာ မေးခွန်း ၅၅ ခု မေးခဲ့ဖူးပါတယ်။ အခုထိ မဖြေနိုင်သေးပါဘူး။


၎။ ပြည်ပရောက် မြန်မာပြည်သူတစ်ဦးမှ ပြင်းပြင်းထန်ထန် ဝေဖန်လိုက်ခြင်းဖြစ်ပါတယ်။ လွတ်လပ်စွာပြောဆိုခွင့်အရပါ။ စွပ်စွဲခံနေရတဲ့ စစ်တပ်၊ ကြံ့ခိုင်ရေး၊ NDF နဲ့ NNDP သာမက အခြားပညာတတ်  မြန်မာပြည်သူများထဲတွင် ဒေါ်အောင်ဆန်းစုကြည်ကို ခါးခါးသီးသီး မုန်းနေသူများ ရှိကြောင်းကို သိသာစေပါတယ်။
၅။ ရဲက ဥပဒေ ပြဌာန်းလို့ မရဘူးဆိုတာတောင် မသိတဲ့ တရားဥပဒေ စိုးမိုးရေး ကော်မတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ကို တပ်ကုန်းမြို့မှ အသက် ၇၀ ကျော် အဘိုးအိုတစ်ဦးမှ ဆုံးမခဲ့တာဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်မှ ပြည်သူရဲ့ စကားကို အဆုံးထိ နားမထောင်ပဲ တစ်ခွန်းမကျန် ပြန်ပြော အကျအန ကောက်နေတာကြောင့် ရှက်ဖွယ်လိလိဖြစ်ခဲ့ရပါတယ်။ 
. www.MyanmarExpress.net

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

Arakan Media Group

Popular Posts

Blog Archive