ရန်ကုန်၊ ဇွန် ၅

၎.၆.၂၀၁၄ ရက်နေ့ ၂၀၀၀ အချိန်တွင် တွံတေးမြို့နယ်၊ ကင်းရွာကျေးရွာတွင် မြက်ခုတ်ရာမှပြန်လာသော အမျိုးသား(၂)ဦး မိုးကြိုးပစ်ခံရ၍ တစ်ဦးသေဆုံးသွားခဲ့ကြောင်း သိရှိရပါသည်။

ဖြစ်စဉ်မှာ တွံတေးမြို့နယ်၊ ကင်းရွာကျေးရွာနေသူများဖြစ်သည့် ဦးသောင်းတင်၊ (၆၆)နှစ်နှင့် ဦးနို့ဆီ၊ (၅၀)နှစ် တို့(၂)ဦးသည် လယ်ကွင်းအတွင်းမှ မြက်ခုတ်ပြီးပြန်လာစဉ် မိုးကြိုးပစ်ခဲ့သဖြင့် ဦးသောင်းတင်မှာ ဦးခေါင်းနောက်စေ့ဆံပင်များကျွတ်ပြီး ညိုမဲ ဒဏ်ရာဖြင့် အခင်းဖြစ်နေရာတွင်သေဆုံးသွားကြောင်း၊ ဦးနို့ဆီမှာ သတိလစ်မေ့မျောသွားရာမှ ပြန်လည်သတိရလာခဲ့ကြောင်း သိရှိရပါသည်။

ဦးသောင်းတင်သေဆုံးမှုနှင့်ပတ်သက်၍ တွံတေးမြို့နယ်၊ ခလောက်ချိုက်နယ်မြေရဲစခန်းသေမှုသေခင်း အမှတ်စဉ် (၃/၂၀၁၄) ဖြင့် အမှုရေးဖွင့်ကာ စစ်ဆေးဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

http://www.thithtoolwin.com

Posted by Unknown on Thursday, June 5, 2014

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

Arakan Media Group

Popular Posts

Blog Archive