ရန်ကုန်၊ မဇ္ဈိမ။ ။ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ရေးရာ ကိစ္စများနှင့် ပတ်သက်၍ အလံတင်အစည်းအဝေးကို ဇွန် ၅ ရက်က ရခိုင်ပြည်နယ် မောင်တောမြို့တွင် ကျင်းပခဲ့ပြီး တစ်ဖက်နှင့် တစ်ဖက် အငြင်းပွားမှုများဖြင့် အဆုံးသတ်ခဲ့သည်ဟု မောင်တော ကုန်စည်အသင်း ဥက္ကဋ္ဌ ဦးအောင်မြင့်သိန်းက မဇ္ဈိမကို ပြောသည်။

ဆွေးနွေးပွဲတွင် ကြေညာချက် ၆ ခုထုတ်ပြန်ခဲ့ပြီး ဆွေးနွေးခဲ့ရာတွင် ၁၉၄၇ ခုနှစ် ဂျီနီဗာ ကွန်ဗင်းရှင်း သဘောတူညီချက်အရ နိုင်ငံတကာ နယ်ခြား သဘောတူ ညီမှုကို မြန်မာဖက်က စတင်ချိုးဖောက်သည်ဟု ဘင်္ဂလားဒေ့ရှ်ဖက်မှ စတင်ပြောဆိုခဲ့သည်ဟု ဆိုသည်။

ထို့ပြင် မေ ၂၈ ရက်က နယ်စပ်ခြံစည်းရိုး မိုင်တိုင် ၅၂ အနီးတွင် မြန်မာ နယ်ခြားစောင့်တပ်က ဘင်္ဂလားနယ်ခြားစောင့်တပ်ဖွဲ့ကို ပစ်ခတ်မှုကြောင့် ဘင်္ဂလားတပ်မှ အရာရှိငယ်တစ်ဦး ကျဆုံးသည်ဟု ပြောဆိုခဲ့ပြီး၊ ၎င်း၏ ရုပ်အလောင်းကို မေ ၃၀ရက်က ပြန်ပေးရန် သဘောတူညီခဲ့မှုကို ဆွေးနွေးခဲ့ကြသည်။

ထို့နောက် စိတ်ကြွဆေးပြားနှင့် မူးယစ်ဆေးဝါး ကုန်သွယ်မှုများကို နှစ်နိုင်ငံနယ်စပ်တွင် ပူးပေါင်းတိုက်ဖျက်ရေးတို့ကို ဘင်္ဂလားဒေ့ရှ်ဘက်က တင်ပြဆွေးနွေးခဲ့သည်ယင်း အစည်းအဝေးခန်းမတွင်ရှိသော ဦးအောင်မြင့်သိန်းက ပြောသည်။

“နှစ်ဖက်ဆွေးနွေးတာတော့ အေးအေးဆေးဆေးပဲ ပြီးသွားတယ် ပထမ ပိုင်းမှာတော့ ဟိုဘက်ကလည်း ဒီဘက်က ပစ်တယ်ပြောတယ်၊ ဒီဘက်ကလည်း ဟိုဘက်က ကျူးကျော်တယ်ပြောတယ်၊ နောက်ဆို ဒီလိုမျိုးမဖြစ်အောင် နှစ်နိုင်ငံနယ်ခြားသဘော တူညီမှုကိုအလေးအနက် လိုက်နာကြဖို့လိုတဲ့ အကြောင်းနဲ့ အဆုံးသတ်တယ်”ဟု ကုန်စည်အသင်းဥက္ကဌ ဦးအောင်မြင့်သိန်းက မဇ္ဈိမကိုပြောသည်။

အဆိုပါဆွေးနွေးပွဲကို မောင်တော နယ်စပ် ကုန်စည်အသင်း ရုံးခန်းတွင် ဆွေးနွေးခဲ့ပြီး နှစ်ဖက် နိုင်ငံမှ နယ်ခြားစောင့်တပ်များသာ သီးခြားတွေ့ဆုံခဲ့သည်ခြင်း ဖြစ်သည်။

မောင်တော နယ်စပ်ခြံစည်းရိုးမိုင်တိုင် ၅၀၊ ၅၂ အနီးတွင် မေလအတွင်းက အမည်မသိ လက်နက်ကိုင်အဖွဲ့တစ်ခုနှင့် မြန်မာ စစ်တပ်တို့ အကြား ပစ်ခတ်မှုသုံးကြိမ်ဖြစ်ပွားခဲ့ပြီး နှစ်ဖက်အဖွဲ့အစည်းမှ တပ်သား ၇ ဦးကျဆုံးခဲ့သည်။

ထိုဖြစ်စဉ်များနှင့်ပတ်သက်ပြီး မြန်မာ အစိုးရဘက်က ဘင်္ဂလားဒေ့ရှ်နိုင်ငံအခြေစိုက် သောင်းကျန်းသူတပ်ဖွဲ့ (RSO)ဟု စွပ်စွဲထားသော်လည်း ဘင်္ဂလားဒေ့ရှ် အစိုးရက ၎င်းတို့၏ တပ်သားသာဖြစ်သည်ဟု ပြန်လည်တုံ့ပြန်ထားသည်။

ကေဇူး
Mizzima - News in Burmese

Posted by Unknown on Thursday, June 5, 2014

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

Arakan Media Group

Popular Posts

Blog Archive