မလေးရှားနိုင်ငံ ဆရီကဘန်းဂန် မြို့ မှ တရုတ်လူမျိုး Mr.Ong ဆိုသူသည် ၄င်း၏ လိင်အင်္ဂါကြီးထွားစေရန်အတွက် အထောက်အကူပြု ကိရိယာတစ်ခုအား အွန်လိုင်းမှ တစ်ဆင့် မှာယူခဲ့ရာ အဆိုပါပစ္စည်းအားလက်ခံရရှိချိန်တွင် စာကြည့် " မှန်ဘီလူး " တစ်လက်သာဖြစ်နေခဲ့သည်။


မလေးရှားနိုင်ငံသားတရုတ်လူမျိုးများ၏ လူမှုကိစ္စအဝ ဝ ကို ကူညီဖြေရှင်းပေးလျက်ရှိသော MCA ( Malaysian Chinese Association ) အဖွဲ့ အစည်းမှ ဥက္ကဌဖြစ်သူ မစ္စတာချောင်း က အဆိုပါ အမျိုးသား သည် လိင်အင်္ဂါကြီးထွားစေမည့်ကိရိယာအား မလေးရှား ရင်းဂစ် ၄၅၀ ( မြန်မာငွေ တစ်သိန်းကျော် ခန့် ) ဖြင့် အွန်လိုင်းမှ မှာယူခဲ့သည် ဖြစ်ကြောင်း ၊
ပစ္စည်းအားလက်ခံရရှိချိန်တွင်မူ မှန်ဘီလူး တစ်လက်သာပါရှိပြီး သုံးစွဲရန်အညွှန်းတွင် " သတိ . နေရောင်အောက်တွင် မသုံးရ " ဟူသော စာတန်းပါရှိကြောင်း ထို့ အပြင် အဆိုပါ အွန်လိုင်းဈေးဝယ်စနစ် သည် ယခုနှစ်အတွင်း လူသုံးယောက် ထံမှ မလေးရှားရင်းဂစ် ၈ သောင်း ခန့်  ( မြန်မာငွေ သိန်းနှစ်ရာကျော် ) လိမ်လည်ထား ကြောင်း သတင်းထောက်များအား ရှင်းပြခဲ့သည် ။

အွန်လိုင်းမှ ပစ္စည်းမှာယူခြင်းများမှာ မိမိဝယ်ယူသော ကုန်ပစ္စည်းအားမိမိတို့ စိတ်ကျေနပ်မှု မရှိလျင် မည်သည့်နေရာကို သွား၍ မည်သူ့ ကို တရားစွဲရမည် မသိဖြစ်သောကြောင့် သက်သေအထောက်အထားမရှိသော ရောင်းဝယ်ခြင်းမျိုးအားမပြုမိကြရန်ကိုလည်း MCA အဖွဲ့ အစည်းမှ သတိပေးပြောကြားသွားပါသည် ။

( မူရင်းဆောင်းပါးလင့် http://www.thestar.com.my/News/Nation/2014/06/03/Man-buys-penis-enlarger-gets-magnifying-glass/ ) အား တိုက်ရိုက်ဘာသာပြန်သည် ။
http://www.oppositeyes.info
7913/C

Posted by Unknown on Wednesday, June 4, 2014

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

Arakan Media Group

Popular Posts

Blog Archive