[ ၄ - ၆ - ၂၀၁၄ ] (ဗုဒ္ဓဟူးနေ့)
==================================

၅။ ကြယ်ပွင့်ပြထားသည့် အောက်ပါမေးခွန်းများကို လွှတ်တော်ကိုယ်စားလှယ်များက မေးမြန်းခြင်းနှင့် သက်ဆိုင်ရာ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်များက ဖြေကြားခြင်း-
(က) ဦးသောင်းဟန် ၊ ယင်းမာပင် မဲဆန္ဒနယ်၏ ရွှေ့ပြောင်းတောင်ယာစနစ် လျော့နည်းလာစေရေး၊ အတည်တကျတောင်ယာ စိုက်ပျိုးမြေများ တိုးတက်လာစေရေးနှင့် လယ်ယာမြေ လုပ်ပိုင်ခွင့်လက်မှတ်ထုတ်ပေးနိုင်ရေးကို မည်သို့ အစီအမံများ ချမှတ်ဆောင်ရွက်လျက်ရှိပြီး တောင်ယာမြေများ စိုက်ပျိုးထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထူးစီမံကိန်းတစ်ရပ် အကောင်အထည်ဖော်ရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့်မေးခွန်း၊
(ခ) ဦးဝင်းမြင့်၊ ပုသိမ် မဲဆန္ဒနယ်၏ ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် လူမှုစီးပွားဘဝ မြှင့်တင်ရေး၊ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးတို့အတွက် သမဝါယမ ချေးငွေများကို မည်သည့်မူ၊ မည်သည့် စည်းကမ်းများအပေါ် အခြေခံသည်ကို သိလိုသည် နှင့်စပ်လျဉ်းသည့် မေးခွန်း၊
(ဂ) ဦးစောလှထွန်း၊ ချောင်းဦး မဲဆန္ဒနယ်၏ သမဝါယမဝန်ကြီးဌာနအနေဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို အထောက်အပံဖြစ်စေရန်အတွက် ပြည်သူများအား ထုတ်ချေးပေးထားသည့် ချေးငွေများနှင့်စပ်လျဉ်းပြီး မည်သို့ အကျိုးသက်ရောက်မှုရှိကြောင်းကို သိရှိလိုသည် နှင့်စပ်လျဉ်းသည့် မေးခွန်း၊
(ဃ) ဦးဝင်းဆွေ၊ ညောင်ရွှေ မဲဆန္ဒနယ်၏ ညောင်ရွှေမြို့နယ်၊ စကားဒေသတွင် လျှပ်စစ်ဓာတ်အား အသုံးပြုနိုင်ရေးအတွက် (၆၆/၁၁)ကေဗွီ ဓာတ်အားခွဲရုံျေတည်ဆောက်ပေးရန် ၂၀၁၅-၂၀၁၆ဘဏ္ဍာရေးနှစ်အတွင်း ရန်ပုံငွေထည့်သွင်းရေးဆွဲပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့်မေးခွန်း၊
(င) ဒေါက်တာဒေါ်သန်းငွေ၊ ကလော မဲဆန္ဒနယ်၏ ရှမ်းပြည်နယ် အထက်ပေါင်းလောင်း ရေအားလျှပ်စစ် စီမံကိန်းကြောင့် ပြောင်းရွှေ့ကျေးရွာ(၂၃)ရွာမှ လူဦးရေ တစ်သောင်းခန့်တို့၏ နေထိုင်ရေး၊ အလုပ်အကိုင် ရရှိရေး၊ ဘဝအာမခံချက်ရှိရေး၊ သောက်သုံးရေ ရရှိရေး၊ ပညာရေးနှင့် ကျန်းမာရေးတို့ကို ကူညီဖြည့်ဆည်းပေးရန်၊ လျော်ကြေး၊ နစ်နာကြေးများကို အမှန်တကယ် နစ်နာသူများ ရရှိအောင် စီမံဆောင်ရွက်ပေးရန်နှင့် နစ်နာသူများအပေါ် မမှန်မကန် အခွင့်အရေး ရယူအလွဲသုံးစားပြုသည့် တာဝန်ရှိသူများကို ဖော်ထုတ်အရေးယူရန် အစီအစဉ် ရှိ/မရှိ နှင့်စပ်လျဉ်းသည့် မေးခွန်း၊
(စ) ဦးအောင်စိန်၊ မာန်အောင် မဲဆန္ဒနယ်၏ မာန်အောင်မြို့ပေါ်ရပ်ကွက် (၅)ခှရှိ ကြံ့ခိုင်မှုမရှိသော ဓာတ်တိုင်များအားလုံးကို ကွန်ကရစ်တိုင်နှင့်လျှပ်စစ်မီးကြိုးများ အမြန်ဆုံး လဲလှယ်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့်မေးခွန်း၊

၆။ ဦးစိန်ဝင်း၊ မအူပင် မဲဆန္ဒနယ်က “ မြန်မာနိုင်ငံလယ်ယာကဏ္ဍနှင့် သားငါးကဏ္ဍဖွံ့ဖြိုးတိုးတက် ခေတ်မီလာစေရန် စိုက်ပျိုးမွေးမြူရေး ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီတစ်ရပ် ဖွဲ့စည်း၍ အထူးပြု ဆောင်ရွက်ရန် နိုင်ငံတော်သမ္မတသို့ တိုက်တွန်းကြောင်း “ အဆိုတင်သွင်းခြင်းနှင့် လွှတ်တော်၏ အဆုံးအဖြတ် ရယူခြင်း။

၇။ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာကော်မတီက တင်သွင်းသည့် “လျှပ်စစ်ဥပဒေကြမ်း” နှင့်စပ်လျဉ်း၍ ပြင်ဆင်ချက်အဆို တင်သွင်းထားသည့် တစ်ပိုဒ်ချင်းစီအလိုက် ဆွေးနွေးအတည်ပြုရန် လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်း။
Hluttaw Channel

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

Arakan Media Group

Popular Posts

Blog Archive