ကျွန်မသာ အစိုးရအဖွဲ့ဝင် တယောက်ယောက်ဖြစ်ခဲ့လျင် ၄င်း documentary အား ပိတ်ပင်သွားပါမည်. မြန်မာပြည်သားမြောက်မြားစွာ မလေးရှားတွင် လူသိရှင်ကြား အလုအယက် ၊ အတိုက်အခိုက် ခံနေရတာတောင် အမှုမှန် ဘယ်တုန်းကမှမပေါ်ပေါက်ခဲ့ပါ. မြန်မာမိန်းကလေးများ အဓမ္မပြုကျင့်ခံရခြင်း ( ရည်ညွန်း ဂျိုဟိုးမြို့)၊အကျဉ်းထောင်ထဲတွင် ထောင်ဝန်ထမ်းရဲများ၏ အနိုင်ကျင့်ခံရခြင်း( လတ်တလော သံရုံးတိုင်ထားသောအမှု) စသည် စသည်ဖြစ်ရပ်များတွင် လူ့အခွင့်အရေး တဖွဖွအော်နေသော အဖွဲ့အစည်းသည် မည်သည့်စကားတခွန်း ဟခဲ့ပါသနည်း. ပြည်တွင်းတွင်ဘာမဟုတ်သော လုပ်ကြံခြိမ်းခြောက်မှုအား ကာကွယ်ပေးနိုင်ရန်အတွက် အစည်းအဝေးထိုင် ၊ ဟိုကို အကူအညီတောင်း ဒီကို အကူအညီတောင်းရန် စိတ်ကူးမိလျင် ယခုကဲ့သို့ တဖက်သပ်ဆန်သော documentary အား ဖြစ်မြောက်ရန်ပံ့ပိုးကူညီမှုကိုလုပ်ကိုင်ပေးကြသော အနှီအဖွဲ့၏ လူ့အခွင့်အရေးဆိုသည်အား ချေးစားပြောတောင် ကြိုက်တတ်လို့ ဟု ယူဆပါ၏ ။ ပြည်ပတွင် တစုံတခု ပေါ်ပေါက်ခဲ့သော သင်တို့၏ တာဝန်သာတည်း ။


" သင့်ကြောင့် မလေးရှားတွင် အလုပ်လုပ်နေသော မြန်မာများ မထိခိုက်ပါစေနဲ့ "


ခင်ငြိမ်းချမ်း
http://www.oppositeyes.info

Posted by Unknown on Monday, June 16, 2014

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

Arakan Media Group

Popular Posts

Blog Archive