ပွဲလမ်း သဘင်တွေနဲ့ ပျော်ရွှင်စွာ ဆင်နွှဲ
အိန္ဒိယနိုင်ငံရဲ့ ၂၉ ခုမြောက် ပြည်နယ်သစ်ကို မွေးဖွား ပေးလိုက်ပြီ ဖြစ်ပါတယ်။

အိန္ဒိယ တောင်ပိုင်း အန္ဒရာ ပရာဒေ့ရှ် ပြည်နယ် ထဲက ခရိုင် ၁ဝ ခုကို ခွဲထုတ်ပြီး တေလင်္ဂ္ဏ ပြည်နယ် ကို ဖွဲ့စည်းပေးခဲ့တာ ဖြစ်ပါတယ်။

ဒေသ စံတော်ချိန် ည သန်းခေါင် ကျော်တာနဲ့ ပြည်နယ် အသစ် က စတင် ပေါ်ထွန်းလာ ခဲ့ပါတယ်။

ဟိုက်ဒြာဘတ် မြို့ကြီး ကို နောက် ၁ဝ နှစ်ကြာတဲ့ အထိ အန္ဒရာ ပရာဒေ့ရှ် နဲ့ တေလင်္ဂ္ဏ ပြည်နယ် ၂ ခုရဲ့ ပူးတွဲ မြို့တော် လုပ်ဖို့ စီစဉ် ဆုံးဖြတ် ခဲ့ပါတယ်။

တမြို့လုံးလဲ ပန်းရောင် ပူဖောင်းတွေ၊ နဖူးစည်း စာတမ်းတွေ အလံ တွေနဲ့ ပလူပျံ နေပါတယ်။

ပန်းရောင်က ပြည်နယ် ခွဲထွက်ရေး ၁၄ နှစ် ကြာ ကြိုးပမ်း ခဲ့ပြီး အခု ပြည်နယ် ပထမဆုံး အစိုးရသစ်ကို ဖွဲ့တော့မယ့် တေလင်္ဂ္ဏ ရဋ္ဌဌ ပါတီ ရဲ့ အရောင် ဖြစ်ပါတယ်။

မီးရှူးမီးပန်းနဲ့ အဆိုအတီး အက ပွဲလမ်း သဘင်တွေနဲ့ ပျော်ရွှင်စွာ ဆင်နွှဲ ခဲ့ကြပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

Posted by Unknown on Sunday, June 1, 2014

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

Arakan Media Group

Popular Posts

Blog Archive