movie ဖိုင်တော့ တင်ပေးထားပါတယ်.. connection မကောင်းသူတွေ

အတွက် ဘာတွေ ပြောသွားသလဲဆိုတာကို သိရအောင် ပြန်ရေးပေးလိုက်တာပါ..

ဒီကနေ့ လယ်ဝေး၊ပျဉ်းမနား၊တပ်ကုန်း ၃ မြို့ နယ်ပေါင်းပြီးပုဒ်မ ၄၃၆ ပြင်ဆင်နိုင်ရေးအတွက် ဒေါ်စု

ဟောပြောစည်းရုံးပွဲလုပ်ပါတယ်...ဟောပြောပွဲကအပြန် တပ်ကုန်းမြို့အထွက်နားမှာ ၄၃၆ မပြင်

ဆင်ဖို့ ဆန္ဒပြ တဲ့ လူတစ်စုနဲ့ တွေ့ပါတယ်... ဒေါ်စုကလာခဲ့ပါဆိုပြီး ဘာကြောင့် မပြင်ချင်တာလဲ

ဆန္ဒပြတာလဲ ဆိုတာကို ခေါ်မေးတော့ အသက် ၇၆ နှစ် အရွယ် အဘိုးကြီးတစ်ယောက် ဆိုင်ဘုတ်

ကိုင်ပြီး ဒေါ်စု ကားနာကို လာပါတယ်၊ အဘိုးအိုနဲ့ ဒေါ်စု အပြန်အလှန်ပြောဆိုချက်တွေကတော့


ဒေါ်စု

လာလာလာ လှမ်းခေါ်လိုက်ပါ၊ ဘာဖြစ်လို့ မပြင်ဆင်ချင်တာလဲ

အဖိုးအို

ဥပဒေနဲ့ အညီ ပြင်လို့ ရရက်သားနဲ့ ဘာလို့ လမ်းပေါ်ကို လူထုတ်တာတုန်း၊

ဒေါ်စု

လမ်းပေါ်ကို လူတွေ မထုတ်ပါဘူး.

အဖိုးအို

အခုလူတွေရောက်လာတာ၊ နင်ထုတ်လို့ ငါတို့ ရောက်လာရတာ၊ ဥပဒေနဲ့အညီလုပ်ပါ၊

၄၃၃ကို ကျေလည်အောင်ဖတ်၊ က ၊ခ ခွေး မကျန်အောင်ဖတ်၊


ဒေါ်စု

ဥပဒေနဲ့ ညီအောင်လုပ်တယ်၊ ဒီဟာတွေ အားလုံးလုပ်တာ ခွင့်ပြုချက်နဲ့လုပ်တာ၊ ဥပဒေနဲ့ အညီလုပ်တာ၊ ကျွန်မတို့လည်းဥပဒေ ဘောင်အတွင်းကလုပ်တယ်၊

အဘိုးအို

လူထုကို လမ်းပေါ်ဆွဲမတင်ပါနဲ့


ဒေါ်စု

လူထုကိုလမ်းပေါ်မတင်ဘူး၊ လာပိုင်ခွင့်ရှိတယ်

အဘိုးအို-

လာပိုင်ခွင့်ရှိရင် ရိုးရိုးသားသားလာပါ၊ကောင်းတဲ့ဟာနဲ့ လုပ်ပေးပါ၊ ဒေါ်စုကြည်အနေနဲ့ ကောင်းတာလုပ်ပြတာလေးကို ကျွန်တော်တို့လိုချင်တယ်၊ ခင်ဗျာ ပြည်သူတွေကို ဒုက္ခ မပေးပါတော့ နဲ့၊ ၈၈ မှာကျွန်တော်တို့ ခံခဲ့ရပြီးပြီ၊ ဗိုလ်ချုပ်အောင်ဆန်းက ကျွန်တော့်အဖေကို သတ်ခဲ့လို့ ကျွန်တော်ခံခဲ့ရပြီးပြီ၊သူဖက်ဆစ်ဂျပန်ကိုခေါ်လာလို့၊ ဖက်ဆစ်ဂျပန်ကြောင့် ကျွန်တော့် အဖေသေခဲ့ရတယ်၊

ဒေါ်စု

ဟုတ်ပြီ အဲဒါကို record လုပ်ထားပါ

အဘိုးအို

လုပ်ထားပါ၊ဒါဟာတင်ပြတာပါ၊ တစ်ပြည်လုံးကိုသိစေချင်တယ်၊ တစ်ယောက်တည်းဘဲ
သိသေးတယ်၊ဘယ်သူမှ မသိသေးဘူး၊


ဒေါ်စု

အဲတော့ ဟုတ်ပြီ၊တပ်မတော်ကိုဘယ်သူက ဘယ်တုန်းက စပြီးတည်ထောင်ခဲ့တာလဲ၊

အဘိုးအို

တပ်မတော်ကို အားလုံကတည်ထောင်ခဲ့တာ ၊တစ်ယောက်တည်းမဟုတ်ဘူး၊ရဲဘော်သုံးကျိတ်ကနေတည်ထောင်ထားတာ၊

ဒေါ်စု

ကောင်းပြီ၊ရဲဘော်သုံးကျိတ်ကထူထောင်ထားတာဆိုတော့၊ ရဲဘော်သုံးကျိတ်ကိုရောဘယ်သူ
ကဦးဆောင်သလဲ၊

အဘိုးအို

ရဲဘော်သုံးကျိတ်ကို ဦးဆောင်တာဘယ်သူလဲဆိုတော့ အုပ်စုလိုက်ကြည့်ရင် သခင်ကိုယ် တော်မှိုင်းကြီးရှိတယ်၊ သခင်ဘစိန်ဦးဆောင်တာရှိတယ်၊

ဒေါ်စု

ရှင့်အဖေကို ဖက်ဆစ်ဂျပန်ကသတ်တယ်ဆိုတော့ ကျန်တဲ့ရဲဘော်သုံးကျိတ်ကရောတာဝန်
မရှိဘူးလား

အဘိုးအို

အဲ သူမှာတာဝန်ရှိတယ်၊

ဒေါ်စု

ဒါဆို ကျန်တဲ့ တပ်မတော်လည်း တာဝန်ရှိတယ်ပေါ့

အဘိုးအို

တပ်မတော်မှာတာဝန်ရှိတာမဟုတ်ဘူး၊ ဗိုလ်ချုပ်အောင်ဆန်းမှာတာဝန်ရှိတာ၊ သူခေါ်လာလို့၊ ဖက်ဆစ်ဂျပန်ကို သူခေါ်လာတာ၊ အခုခင်ဗျားလည်း ပြည်သူတွေကို ဒုက္ခရောက်
အောင်လုပ်နေပြီ၊

ဒေါ်စု

တပ်မတော်နဲ့ မဆိုင်ဘူးဆိုတော့ ဖေဖေကလွဲလို့  ကျန်တဲ့သူတွေက တပ်မတော်နဲ့ မဆိုင်ဘူးလို့ ပြောတာနော်၊ တပ်မတော်ကို ဖေဖေတစ်ယောက်တည်း ထူထောင်ခဲ့တာ၊အဲတော့ ကျန်တဲ့သူတွေက တပ်မတော်နဲ့ ဘာမှ မဆိုင်ဘူး၊ အဲတော့ အခုကျန်တာတွေကို တပ်မတော်က
ဘာမှ ဆက်ပြီးတာဝန်ယူစရာအကြောင်းမရှိဘူး။

အဘိုးအို.

ဟင်းဟင်း ယူရမယ်လေ၊တည်ငြိမ်မှုမရှိတာကို တည်ငြိမ်အောင် တပ်မတော်က တာဝန်ယူရမယ်၊ယနေ့ထိုင်းနိုင်ငံကိုကြည့်၊ ထိုင်းနိုင်ငံကို မြင်ရဲ့လား၊

ဒေါ်စု

အဲတော့ ဘာဖြစ်လဲ

အဘိုးအို

ပြည်သူတွေကနေပေးထားတဲ့ဟာကို အခု ဘယ်သူရှိသေးတုန်း၊ အခုတပ်က အာဏာထိန်းထားရပြီလေ၊ အဲဒါဘာဖြစ်လို့လဲသိလား၊

ဒေါ်စု

ဟုတ်တယ်လေ အဲဒါဘာဖြစ်တုန်း၊

အဘိုးအို

အဲဒါ တိုင်းပြည်မငြိမ်လို့၊အဲတော့ ခင်ဗျားတိုင်းပြည်ငြိမ်အောင်လုပ်ပါ၊

ဒေါ်စု

တိုင်းပြည်ငြိမ်အောင် ဘယ်သူက လုပ်ဖို့တာဝန်ရှိတာလဲ

အဘိုးအို

ခင်ဗျားမှာတာဝန်ရှိတယ်၊ ခင်ဗျားက တိုင်းပြည်ပျက်အောင်လုပ်နေတာလေ၊

ဒေါ်စု

အော် ကျွန်မက အစိုးရလား

အဘိုးအိုး

အစိုးရက တိုင်းပြည်ပျက်အောင်လုပ်နေတာမဟုတ်ဘူးလေ၊ ဟုတ်ပြီး ဒါဆို
သခင်သန်းထွန်းက အစိုးရလား၊တိုင်းပြည်ဖျက်ခဲ့တာ၊ သခင်သန်းထွန်း၊ ခင်ဗျားဦးလေးလေ၊

ဒေါ်စု-
ဟုတ်တယ်

အဘိုးအို

အဲ ...သူတိုင်းပြည်ဖျက်ခဲ့တာ၊( နောက်ကaလူတွေအဘိုးအိုကိုဆွဲသည်) ၊ မဆွဲပါနဲ့ကွ
မင်းတို့ က စကားပြောနေတာကို၊

ဒေါ်စု

ပြောလေ ၊ ဒါဆို အစိုးရကတော့ တာဝန်မရှိဘူးပေါ့၊

အဘိုးအို-

အဲ... သူပုန်ကဖျက်ခဲ့တာလေ၊ သခင်သန်းထွန်း၊ အဲဒါ ခင်ဗျားဦးလေးဘဲ အဲဒါ၊ကွန်မြူ နစ်က ခင်ဗျားဦးလေးဘဲ၊

ဒေါ်စု-
ကျွန်မမေးတာဖြေပါ၊ အစိုးရမှာတာဝန်မရှိဘူးလား၊

အဘိုးအို-

အစိုရမှာရော၊ပြည်သူအားလုံးမှာရော၊ ခင်ဗျားမှာရော၊ ဒါနိုင်ငံသားအားလုံးမှာတာဝန်ရှိ တယ်၊

ဒေါ်စု-

တိုင်းပြည်တည်ငြိမ်အောင်လို့ အစိုးရမှာတာဝန်မရှိဘူးပေါ့၊ အစိုးရမှာသာ တာဝန်ရှိတယ်။

အဘိုးအို-

အားလုံးမှာတာဝန်ရှိတယ်၊ ခင်ဗျားကစပြီးလိုက်နာပါ၊

ဒေါ်စု-
ကျွန်မက ဥပဒေကိုလိုက်နာတယ်၊

အဘိုးအို -
ခင်ဗျားကလိုက်နာတယ်သာ ပြောတာ အခုပြည်သူတွေဒုက္ခရောက်နေကြတယ်၊ ကျွန်တော်ဆို အသက် ၇၆ နှစ်ရှိမှ မတ်တပ်ရပ်စကား ပြောနေရပြီ၊ ခင်ဗျားဇိမ်နဲ့ ထိုင်နေတာ၊ကျုပ်က မတ်တပ်ရပ်စကားပြောနေတာ၊ ခင်ဗျား အသက် ကျုပ်ထက် အများကြီးငယ်တယ်။

ဒေါ်စု-
ဒါပေမဲ့ ကျွန်မကဒေါ်တော့ မလာချင်လဲနေလို့ရပါတယ်၊ ဟိုမှာရပ်နေလဲရတာဘဲ၊

အဘိုးအို-
ဟုတ်တယ် ကျုပ်ပြောချင်လို့လာတာ

ဒေါ်စု -
ပြောချင်တာကို ပြောလို့ရပါတယ်၊ အဲတော့အစိုးရမှာလဲတာဝန်ရှိတယ်၊

အဘိုးအို-

အဲဒီတော့ ၂၀၀၈ ကို ပြင်မယ်၊ ဟောဒီမှာ ဒါကိုပြင်ဖို့ကျုပ်က လက်မခံနိုင်ဘူး ၊ ဟောဒီမှာကြည့်၊ ဒါကို အပြင်မခံနိုင်တာ ( ဘုတ် ဘုတ်ဘုတ် ) ၄၃၆ ပြင်ဆင်ရေးအားကန့်ကွက် သည့် ဟုရေးသားထားသော ဆိုင်ဘုတ် ကို ပုတ်ပြသည်။

ဒေါ်စု-
ကျွန်မတို့ကပြင်မယ်၊ ကျွန်မတို့ကတော့ ပြင်ဖို့လိုတယ်လို့ထင်လို့ပြင်မယ်၊ အဲတော့တိုင်းပြည်ကို ( --------) နောက်စလုံး ၇ လုံးခန့် မသဲကွဲတော့ပါ၊

အဘိုးအို-
ဥပဒေနဲ့ အညီပြင်ရင်လက်ခံမယ်၊ဥပဒေနဲ့မညီရင် လက်မခံဘူး၊

ဒေါ်စု -
ဥပဒေနဲ့ညီအောင်လုပ်နေတယ်၊ ကျွန်မတို့လုပ်တာတွေအားလုံးဥပဒေနဲ့ညီတယ်၊မညီလို့ရှိရင် ကျွန်မတို့ကို ဥပဒေအရ အရေးယူလို့ရတယ်၊ဥပဒေနဲ့ညီလို့အရေးမယူတာ၊

အဘိုးအို-
ဥပဒေမညီရင် အရေးယူရမယ်ပြောတယ်၊ အဲ ခင်ဗျားက ဟိုကပ်ဒီကပ်မလုပ်နဲ့လေ၊

ဒေါ်စု-
အို ဘာမှမကပ်ဖူး၊ကျွန်မတို့ ကပ်စရာအကြောင်းလဲမရှိဘူး၊ဥပဒေနဲ့ မညီရင် ဥပဒေ အရ အရေးယူလို့ရတယ်၊

အဘိုးအို-
ကျုပ်က ဘယ်ပါတီမှ လက်ခံတဲ့ကောင်မဟုတ်ဘူးနော်၊ အမျိုးသားနိုင်ငံရေးစိတ်နဲ့လုပ်နေတာ၊

ဒေါ်စု -
ဥပဒေနဲ့ မညီရင် အရေးယူလို့ရတယ်၊ အဲတော့ ရဲစခန်းမှာသွားပြီးတော့တိုင်လို့ရတယ်၊ ဥပဒေနဲ့ မညီဘူး အရေးယူပါလို့၊

အဘိုးအို-
အခုကျွန်တော်တို့က သတ်မှတ်ချက်အတိုင်း ကိုယ်ဝိုင်း၊ ကိုယ်ခြံထဲမှာလုပ်တာ၊ အခု ခင်ဗျားက ဒီခေါ်လို့သာ ကျုပ်ရောက်လာတာ၊ ဥပဒေ ခင်ဗျားက စချိုးဖောက်တာနော်၊

ဒေါ်စု- ကျွန်မတို့ မချိုးဖောက်ဖူး၊

အဘိုးအို- အေး ခင်ဗျားက လမ်းပေါ်ကို ကျွန်တော်ကို့ ခေါ်ပြီ၊ခင်ဗျားကျွန်တော်ကို လမ်းပေါ်မခေါ်ပါနဲ့ဗျာ၊ ကျွန်တော်အခုလမ်းပေါ်ရောက်လာပါပြီ၊

ဒေါ်စု -
ကျွန်မ အတင်းမခေါ်ဘူးလေ၊ ဘာဖြစ်လို့လားသလဲ၊

အဘိုးအို-
ဘယ်ဟုတ်မလဲ ၊ ခင်ဗျားလုပ်နေတာမဟုတ်လို့ လာတာလေဗျာ၊ ခင်ဗျားမဟုတ်တာလုပ်လို့ ၊ အခုကျွန်တော်နဲ့ ခင်ဗျား စကားပြောနေတာ ၊ ခင်ဗျားအရည်အချင်းကျုပ်သိသွားပြီ၊

ဒေါ်စု-
ကျွန်မက ခေါ်တော့လာချင်လို့လာတာမဟုတ်လား၊

အဘိုးအို-
ဒီလောက်ပြောနေတာ၊ ပြောစရာအဆင့်မဟုတ်တော့ဘူး၊

ဒေါ်စု-
အဲလိုဆိုမပြောနဲ့လေ၊ ဘာဖြစ်လို့ပြောနေတာလဲ၊

အဘိုးအို--
သွားသွား ၊ခင်ဗျား အရည်အချင်းမရှိဘူး၊ အလကားပဲ၊


ဒေါ်စု-
ကျွန်မကနေ လာချင်ရင်လာလို့ရတယ်ဆိုပြီးခေါ်တာ ၊အခုသဘောပေါက်ပြီနော်၊

အဘိုးအို-
သဘောပေါက်တယ်နော်၊ အရည်အချင်းမရှိတဲ့လူကဒီလိုစကားပြောတာ အရည်အချင်းရှိတဲ့လူက ဒီလိုစကားမပြောဘူး၊ ၄၃၃ ကို သေချာ ကျကျနနဖတ် ၊ဘာဆက်လုပ်ရမလဲဆိုတာ၊ စာတော့ကွာ ဥပဒေတောင်မတတ်ဘဲနဲ့ ပြင်ချင်ရာ လျောက်ပြင်လို့ရမလား၊ ဥပဒေနဲ့အညီပြင်ပါ၊

ဒေါ်စု-
ကျွန်မတို့ ၄၃၃ ကို ပြင်ချင်တာလဲမဟုတ်ပါဘူး။

အဘိုးအို-
အဲဒါသိတယ်၊ ၄၃၆ ကိုပြင်မှာ သိတယ်၊ အဲဒါကြောင့် ၄၃၃ ကို နားလည်အောင်လုပ်ခိုင်တာ၊ ၄၃၃ ကို မကိုင်ရင် ၄၃၆ ကို အရင် လာပြီး ကိုင်လို့မရဘူး၊
ခင်ဗျားတို့ ၅၉ (စ) လုပ်တယ်၊ လုပ်မရတော့ ၄၃၆ ကို လာလုပ်တယ်၊ ဥပဒေမတတ်ဘဲနဲ့ ဟိုလျောက် လုပ် ဒိလျောက်လုပ် လုပ်မနေနဲ့ ခင်ဗျားတို့၊

ဒေါ်စု-
တရာဥဒေနဲ့မညီရင် ရဲစခန်းသွားတိုင်ပါ

အဘိုးအို-
ရဲစခန်းက ဥပဒေနဲ့ ဘာမှမပတ်သက်ဖူးနော်၊ ဥပဒေအရာရှိသာဥပဒေနဲ့ပတ်သက်တာ၊ ရဲစခန်းက အဲဒါ သူ့အလုပ်မဟုတ်ဘူး၊

ဒေါ်စု-
မှတ်တမ်းတင်လိုက်ပါ၊ သူပြောတယ် ရဲစခန်းက ဥပဒေနဲ့ ဘာမှ မသိဘူးပါဘူးလို့ သူပြောတယ်၊( ဘေကလူတွေကိုပြောသည်)

အဘိုးအို--
ဟန်အန့် ဟန့်အန် -- ရဲစခန်း သူတို့နဲ့ဘာမှ မဆိုင်ဘူး၊ ပုဒ်မတပ်တာ ရဲစခန်းကတပ်လို့မရဘူး၊ ခင်ဗျားသိလား အဲဒါရော၊ဘယ်အမှုကို တိုင်တိုင် ရဲစခန်းက ဘာမှ ပုဒ်မတပ်လို့မရဘူး၊

ဒေါ်စု-
ဥပဒေနဲ့ ရဲ စခန်းနဲ့ ဘာမှ မဆိုင်ဘူးဆိုတာ ကိုမှတ်တမ်းတင်ထားလိုက်ပါ (ဘေးကလူတွေကို ပြောသည်)

အဘိုးအို-
အေး မဆိုင်ဘူးလေ ၊ ဥပဒေ အရာရှိက ပုဒ်မ ချပေးမှ လုပ်လို့ရတယ်၊

ဒေါ်စု-
ကျွန်မတို့သဘောပေါက်ပြီး၊ ရဲစခန်းက ဥပဒေနဲ့မဆိုင်ဘူးဆိုတာကို(--------) နောက် ၆ လုံးခန့် မသဲကွဲပါ ၊

အဘိုးအို- ဟင်းဟင်း သူနဲ့ မဆိုင် သူပုဒ်မတပ်လို့မရဘူးဗျာ၊ ကဲ တပ်လို့ရလား၊ (ဒေါ်စုကိုလက်ညှိုးထိုး၍ ပြောသည်)

ဒေါ်စု-
ပုဒ်မ တပ်ထား မတပ်တား နောက် (-----------) ၈လုံးခန့်မသဲကွဲပါ၊

အဘိုးအို-
ဘာအမှုတိုင်တိုင် ရဲက ပုဒ်မတပ်လို့ရလား၊

ဒေါ်စု- ရဲကဥပဒေနဲ့မဆိုင်ဘူးလား

အဘိုးအို-
မဆိုင်ဘူးလေ၊ သူကစစ်ဆေးရေးတာဝန် ၊ ဥပဒေပုဒ်မတပ်လို့မရဘူး၊ ဥပဒေအရာရှိကို တင်ရတယ်၊

အဘိုးအို--
အဘိုးအိုအား ကင်မရာများဖြင့်ရိုက်သည် ၊ ရိုက် အဲဒီမှာ ( အဘိုအိုမှ ဓာတ်ပုံရိုက်သူများကို ပြောသံ)

ဟိန်းကောင်းကင်

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

Arakan Media Group

Popular Posts

Blog Archive