Photo: ကျောင်းထွက်လက်မှတ်ခ ၅၀၀၀ ကျပ် ပေးဆောင်ရမှု သက်ဆိုင်ရာမှ စစ်ဆေးစေလို --------------- ဇွန် ၁ ---------------- စစ်တွေမြို့နယ် မကျည်းမြိုင်ရပ်ကွက်တွင် အခြေခံပညာ အလယ်တန်း ကျောင်းထွက်လက်မှတ်များအတွက် ကျောင်းအုပ်ဆရာမကြီးမှ ငွေတောင်းခံမှုများရှိနေကြောင်း သိရသည်။   “ကျောင်းထွက်လက်မှတ်သွားတောင်းတာ။ တောင်းတာကလည်း ကိုးတန်းကို ဆက်တက်နိုင်ဖို့အတွက်ပဲ။ အဲဒီမှာ ကျောင်းထွက် လက်မှတ်ခ ငွေ ၅၀၀၀ တောင်းတယ်” ဟု မကျည်းမြိုင် ရပ်ကွက်တွင်နေထိုင်သူ အမည်မဖော်လိုသော ကျောင်းသားမိခင် တစ်ဦးက ပြောသည်။  ထိုသို့ ကျောင်းထွက်လက်မှတ် ထုတ်ပေးရာတွင် သက်ဆိုင်ရာ စာသင်ကျောင်းများတွင် ထုတ်ပေးခြင်းမျိုးမဟုတ်ဘဲ ထိုဆရာမ၏ နေအိမ်တွင် သွားရောက်ထုတ်ယူရခြင်းဖြစ်ကြောင်းကိုလည်း သူမက ယခုလို ဆက်ပြောသည်။  “ကျောင်းမှာ ဆိုရင် လူရှုပ်တယ်ဆိုပြီး သူ့အိမ်မှာ ကျောင်းထွက်လက်မှတ် ထုတ်ပေးတယ်တဲ့။ တကယ်ရော အဲလိုမျိုး အိမ်မှာ ထုတ်ပေးခွင့်ရှိလို့လား။ ကလေးတွေကတော့ ဆရာ၊ ဆရာမနဲ့ မျက်နှာပျက်မှာ စိုးတယ်။ ဒါ့ကြောင့် ပေးခဲ့လိုက်ရတာပါပဲ။ မပေးပြန်ရင်လည်း ကိုယ့်သားသမီးကိုပဲ အမြင်ကပ်မှာ”  ကျောင်းထွက်လက်မှတ်များကို ထုတ်ယူရာတွင် ယင်းသို့ ငွေကြေးတောင်းခံပိုင်ခွင့် မရှိကြောင်း ရခိုင်ပြည်နယ် လက်ထောက်ပညာရေးမှူး ဦးလှစိန်ထွန်း က ပြောသည်။  “ကျောင်းထွက်လက်မှတ်အတွက် ပိုက်ဆံ ပေးစရာမလိုပါဘူး။ ဆရာ၊ ဆရာမတွေအနေနဲ့လည်း တောင်းခံပိုင်ခွင့်မရှိဘူး။ တကယ်လို့ အဲဒီလို တောင်းခံတယ်ဆိုရင်လည်း ဒါကို အရေးယူလို့လည်း ရပါတယ်ဗျာ”  မကျည်းမြိုင်ရပ်ကွက် အလယ်တန်းကျောင်းတွင် အလယ်တန်း အောင်မြင်သူ ကျောင်းသား/သူ ၉၀ ကျော် ရှိပြီး ကျောင်းထွက်လက်မှတ်အတွက် တစ်ဦးစီမှ ငွေကျပ် ၅၀၀၀ စီ တောင်းခံခဲ့ခြင်းဖြစ်ကြောင်း သိရသည်။  မိဘများအနေဖြင့် ၎င်းတို့၏ သားသမီးများနှင့် ဆရာ၊ ဆရာမများကြားမှ ဆက်ဆံရေး ပျက်ပြား မည်ကို စိုးရိမ်ကြောက်ရွံ့သဖြင့် တိုင်ကြားမှု တစုံတရာ မပြုလုပ်ခဲ့ကြသော်လည်း ယင်းသို့ အကျင့်ပျက် ၀န်ထမ်းများကို ပြည်နယ်ပညာရေးဌာနများမှ စီစစ် အရေးယူ ဆောင်ရွက်ပေးစေလိုကြောင်းလည်း သိရသည်။စစ်တွေမြို့နယ် မကျည်းမြိုင်ရပ်ကွက်တွင် အခြေခံပညာ အလယ်တန်း ကျောင်းထွက်လက်မှတ်များအတွက် ကျောင်းအုပ်ဆရာမကြီးမှ ငွေတောင်းခံမှုများရှိနေကြောင်း သိရသည်။

“ကျောင်းထွက်လက်မှတ်သွားတောင်းတာ။ တောင်းတာကလည်း ကိုးတန်းကို ဆက်တက်နိုင်ဖို့အတွက်ပဲ။ အဲဒီမှာ ကျောင်းထွက် လက်မှတ်ခ ငွေ ၅၀၀၀ တောင်းတယ်” ဟု မကျည်းမြိုင် ရပ်ကွက်တွင်နေထိုင်သူ အမည်မဖော်လိုသော ကျောင်းသားမိခင် တစ်ဦးက ပြောသည်။

ထိုသို့ ကျောင်းထွက်လက်မှတ် ထုတ်ပေးရာတွင် သက်ဆိုင်ရာ စာသင်ကျောင်းများတွင် ထုတ်ပေးခြင်းမျိုးမဟုတ်ဘဲ ထိုဆရာမ၏ နေအိမ်တွင် သွားရောက်ထုတ်ယူရခြင်းဖြစ်ကြောင်းကိုလည်း သူမက ယခုလို ဆက်ပြောသည်။

“ကျောင်းမှာ ဆိုရင် လူရှုပ်တယ်ဆိုပြီး သူ့အိမ်မှာ ကျောင်းထွက်လက်မှတ် ထုတ်ပေးတယ်တဲ့။ တကယ်ရော အဲလိုမျိုး အိမ်မှာ ထုတ်ပေးခွင့်ရှိလို့လား။ ကလေးတွေကတော့ ဆရာ၊ ဆရာမနဲ့ မျက်နှာပျက်မှာ စိုးတယ်။ ဒါ့ကြောင့် ပေးခဲ့လိုက်ရတာပါပဲ။ မပေးပြန်ရင်လည်း ကိုယ့်သားသမီးကိုပဲ အမြင်ကပ်မှာ”

ကျောင်းထွက်လက်မှတ်များကို ထုတ်ယူရာတွင် ယင်းသို့ ငွေကြေးတောင်းခံပိုင်ခွင့် မရှိကြောင်း ရခိုင်ပြည်နယ် လက်ထောက်ပညာရေးမှူး ဦးလှစိန်ထွန်း က ပြောသည်။

“ကျောင်းထွက်လက်မှတ်အတွက် ပိုက်ဆံ ပေးစရာမလိုပါဘူး။ ဆရာ၊ ဆရာမတွေအနေနဲ့လည်း တောင်းခံပိုင်ခွင့်မရှိဘူး။ တကယ်လို့ အဲဒီလို တောင်းခံတယ်ဆိုရင်လည်း ဒါကို အရေးယူလို့လည်း ရပါတယ်ဗျာ”

မကျည်းမြိုင်ရပ်ကွက် အလယ်တန်းကျောင်းတွင် အလယ်တန်း အောင်မြင်သူ ကျောင်းသား/သူ ၉၀ ကျော် ရှိပြီး ကျောင်းထွက်လက်မှတ်အတွက် တစ်ဦးစီမှ ငွေကျပ် ၅၀၀၀ စီ တောင်းခံခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မိဘများအနေဖြင့် ၎င်းတို့၏ သားသမီးများနှင့် ဆရာ၊ ဆရာမများကြားမှ ဆက်ဆံရေး ပျက်ပြား မည်ကို စိုးရိမ်ကြောက်ရွံ့သဖြင့် တိုင်ကြားမှု တစုံတရာ မပြုလုပ်ခဲ့ကြသော်လည်း ယင်းသို့ အကျင့်ပျက် ၀န်ထမ်းများကို ပြည်နယ်ပညာရေးဌာနများမှ စီစစ် အရေးယူ ဆောင်ရွက်ပေးစေလိုကြောင်းလည်း သိရသည်။

Posted by Unknown on Thursday, June 5, 2014

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

Arakan Media Group

Popular Posts

Blog Archive